Chapter (17) Volume 7
လျှို့ဝှက်ချက်ထဲ မောင်းဝင်လာပြီ
ဒါပေမဲ့ ဝူရှဲကတော့ သူ့ရပ်တည်ချက်ကို ချက်ချင်း ထုတ်မပြပါဘူး။ ဆိုလိုတာက သူ ချက်ချင်း မယုံပစ်ချင်ပေ။ စိတ်ထဲမှာတော့ သူ ယုံမိနေပြီ ဆိုတာကို သိပါသည်။
"ရိုးရိုးသားသား ပြောရရင် အစ်ကို အဘွားကို ပြောခဲ့တဲ့ စကားတွေကို ကြားတော့ အစ်ကို့ကို ဖက်နမ်းချင်စိတ်ကို တကယ် ဖြစ်လာစေတယ် သိလား... ညီမကိုယ်တိုင် လိုက်ရှာတုန်းကဆိုရင် ပိုရှာလေ ငါပိုရှုပ်လာသလို ခံစားရလေပဲ... အစ်ကို ပြောတာကိုကြားတော့ ညီမနဲ့တူတဲ့ လူမိုက်တွေ ရှိတယ်ဆိုတာ သိလိုက်ရတာ..."
ဒီကလေးမလေးက လူကြီးတစ်ယောက်လို စကားပြောနေတာပဲ။ သူမနဲ့ရောပြီး ဝင်သောက်သင့်လား။
ဖက်တီး: "မင်းဘာလို့ ဒီကိစ္စကို စိတ်ဝင်စားနေတာလဲ... တိပ်ခွေအကြောင်း အဖြေရှာမလို့လား?"
ဖက်တီးက တစ်ဖက်မိန်းကလေး ပြောတာကို သိပ်မယုံချင်သေးတဲ့ပုံပါပဲ။
ဟော့ရှို့ရှို့က ခေါင်းညိတ်ပြီး "မိန်းကလေးတစ်ယောက်အတွက် ဒီလို ဗီဒီယိုတိပ်ခွေကို မြင်လိုက်ရတာက သူ့ကမ္ဘာမြင်ကွင်းက လုံးဝကို မှောက်သွားတဲ့ အတိုင်းပဲလေ"
ဖက်တီးက မျက်ခုံးပင့်ပြီး ဝူရှဲဘက်သို့ တစ်ချက် လှမ်းကြည့်လာသည်။
"အိုကေ... ကားမောင်းမှတော့ ဒီလိုခါးပတ်မျိုးကို ဝတ်ထားရမှာပေါ့.. မဟုတ်ရင် ကလေးတွေမြင်ရရင် အနာဂတ် လူငယ်တွေကို အဆိပ်ခတ်မိလိမ့်မယ်"
ဟော့ရှို့ရှို့: "ဖက်တီးက တပ်မက်ပြီး ကြုံသလို တွေးတတ်တာ ညီမ သိပါတယ်... ထင်သလောက် မညစ်ပတ်ပါဘူး"
ဖက်တီး: "ဒီလိုပြောရင် မိန်းမမြတ်ကြီး စိတ်မချမ်းသာတော့ဘူး ဖြစ်သွားမှာပေါ့"
ဝူရှဲလည်း သူတို့နှစ်ယောက် ရိုင်းရိုင်းစိုင်းစိုင်း ပြောနေတာကို ကြားဖြတ်ပြီး လက်ပြလိုက်သည်။ ဝူရှဲ သူမပြောခဲ့တာကို သဘောပေါက်တာကြောင့် ဝင်ရောက် ဆွေးနွေးလိုက်သည်။
"တကယ်... မင်းက သူတို့ကိစ္စတွေကို တကယ်စုံစမ်းခဲ့တာလား ဒီဗီဒီယိုတိတ်ခွေ အတွက်ပဲလား"
သူမက ခေါင်းညိတ်ပြသည်။
"တကယ်တော့ အကျိုးကျေးဇူးတွေ ရှိတယ်... ညီမ တွေ့တဲ့ အရာတွေက အစ်ကိုသိထားတာထက် အများကြီး တိမ်မြုပ်တယ်... အစ်ကိုတို့လို သေရေးရှင်ရေး ကိစ္စမျိုး မကြုံဖူးပေမယ့် အစ်ကိုမှာ မရှိတဲ့ အားသာချက်တွေ ညီမမှာ ရှိတယ်... ပထမအချက် အဖွား မသေသေးဘူး ဒုတိယက သာမန်လူတွေ မဝင်နိုင်တဲ့ နေရာတွေ အများကြီးကို ဝင်လို့ရတယ်... ဖိုင်ဟောင်းတွေ ရအောင် လုပ်ပေးနိုင်တဲ့ သူတွေ အများကြီးရှိတယ်... ဆိုတော့ အစ်ကို့ထက် ပိုတွေ့ထားတယ်လို့ မပြောရဲပေမယ့် အစ်ကို မသိတာတွေကိုတော့ သိတယ်"
ဝူရှဲ စိတ်ဝင်စားလာသည်။
"သြော် ဒါဆို မင်းက ငါနဲ့ သတင်းအချက်အလက် ဖလှယ်မှာလား"
"ဒါက ညီမအတွက် အရေးမကြီးပါဘူး ဒါပေမဲ့ အစ်ကိုအတွက်တော့.... အစ်ကို ပြောသမျှကို နားထောင်ဖို့က အရမ်းအရေးကြီးတယ် ဒါကြောင့် အစ်ကို့မှာလည်း ငြင်းစရာအကြောင်း မရှိဘူးလို့ ညီမ ထင်တယ်"
သူမက ပြုံးပြီး ဖြူစင်တဲ့ သွားလေးတွေကို ပြလိုက်သည်။
"အစ်ကိုပြောပြတဲ့ အချက်အလက်က ညီမအတွက် အန္တရာယ်ဖြစ်စေပေမယ့် အရမ်းလည်း အရေးကြီးတယ် ပြီးတော့ အစ်ကို့ကို ချိုမြိန်တဲ့အနမ်းလေးပါ ပေးလိုက်မယ်"
သူမ စကားပြောနေစဉ်တွင် သူမနှုတ်ခမ်းတွေက ပြုံးကာ မျက်ဝန်းများက အံ့အားသင့်စွာ ရေစိုနေသည်။ ဝူရှဲ သူမကို ကြည့်ရင်း ဒီမိန်းကလေးက ရူးနေတာလားလို့ပင် တွေးမိ၏။ သူမစကားတွေက ထူးဆန်းနေပေမယ့် သူမရဲ့အပြောအဆိုက အရမ်းရှင်းပြီး ယုတ္တိရှိတယ်လို့ ခံစားရသည်။ ဟော့မိသားစုက မိန်းကလေးတွေက အရမ်းအစွမ်းထက်လို့ ယောက်ျားတွေက သူတို့ဒဏ်ကို မခံနိုင်ကြပုံပါပဲ။
အဘိုးက နောက်ဆုံးမှာ အဖွားကို ရွေးခဲ့တာ အံ့သြစရာ မရှိပါဘူး။ ထိုကဲ့သို့သော မိန်းကလေးသည် ရင့်ကျက်သော အမျိုးသမီးတစ်ဦးလို ဆွဲဆောင်မှုရှိစွာ တည်ရှိနေသူပင်။ ကြီးပြင်းလာချိန်တွင် သူမက သေသည်အထိ ကစားချင်တာကို မကစားစေဘဲ သူမတို့ စိတ်ကူးများကိုသာ လိုက်နာစေသည့် အထူးထူးခြားသော စိတ်ထားများ ရှိကြပေသည်။
ဝူရှဲ မျက်နှာသေဘက် တစ်ချက်ကြည့်ကာ အာ့ကော်ထို တစ်ခွက်သောက်ပြီး သတိထားရမယ်လို့ တွေးလိုက်သည်။ ဒါကြောင့် သူမကို တိုက်ရိုက် သဘောမတူဘဲ မေးခဲ့သည်။
"ဗီဒီယိုတိပ်ထဲက အရာတွေက မင်းလို ကောင်မလေးကို စိတ်ဝင်လာအောင် လုပ်နိုင်တယ်ဆိုတာ ငါတကယ် မယုံဘူး... မင်းအရင်ဆုံး ငါ့ကို ပြောပြရမယ်... တိပ်ခွေထဲမှာ ဘာကို ရိုက်ခဲ့တာလဲ”
ဝူရှဲ သူမစိတ်ရင်းအမှန်ကို စမ်းကြည့်ချင်သည်။ သူမက လုံးဝအလေးအနက် မထားဘဲ တိုက်ရိုက်ပဲ ပြန်ဖြေသည်။
"ညီမအဒေါ်... ဟော့လင်"
"သူက သူ့ဦးလေးသုံးကို စစ်ဆေးနေတယ်... အဲ မင်းကျတော့ မင်းအဒေါ်ကို စစ်ဆေးနေတာလား မင်းတို့ဘာလို့ ဒီလိုတွေ ဖြစ်နေကြတာလဲ... မင်းတို့မှာ မိသားစုက သီးသန့် လျှို့ဝှက်ချက်တွေ အဲ့လောက်များလား" ဖက်တီးက ဒေါသတကြီးနဲ့ ထပြော၏။
ဝူရှဲ စိတ်လှုပ်ရှားနေပြီး ဖက်တီးကို ဝင်မနှောင့်ယှက်အောင် လက်ဝှေ့ယမ်းပြလိုက်သည်။
"မင်းအဒေါ်က ဆံပင်တွေဖြီးနေတာလား"
သူမက ခေါင်းခါသည်–
“မဟုတ်ဘူး... အဲဒီဗီဒီယိုတိတ်ခွေကို အဖွားက သိမ်းလိုက်ပေမယ့် ကိုယ့်ကိုယ်ကိုယ် သတ်ပစ်လိုက်ရင်တောင် အတွင်းထဲက အကြောင်းအရာတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး... ညီမ ပြောပြီးတာနဲ့ အဲဒါက မှန်ကြောင်း ချက်ချင်း သိလိမ့်မယ်... ဘယ်လိုလဲ ရှာတွေ့ထားတာက အစ်ကို့ထက်နည်းတာ သိတယ် ဒါပေမဲ့ အစ်ကို့ကို အရမ်းအလကားတော့ မပေးနိုင်ဘူး အစ်ကိုဝူရှဲ.... အဲဒါကို အပေးအယူ လုပ်ချင်လား?"
ဝူရှဲ သူမကို ငုံ့ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ထိုစဉ် ဖက်တီးကပါ ခေါင်းညိတ်ပြရင်း ဝင်ပါလေ၏။
"ကလေးမ...ငါ နောက်တစ်ခု သတိပေးစရာ ရှိသေးတယ်.. ငါ အကြံရသွားပြီ ငါမင်းကို နမ်းပေးမယ် မင်းကအဲ့တိတ်ခွေထဲမှာ ဘာပါလဲ ပြောပြ!"
ဟော့ရှို့ရှို့ မျက်စောင်းထိုးလိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။
"ညီမအဒေါ်နဲ့ တခြားလူတွေ မြေပြင်ပေါ်မှာ တွားသွားနေကြတာ"