(11)ရှေးဟောင်းသုတေသနအဖွဲ့နှင့် ကြေးမုံအဆောက်အအုံ
Viewers 14k

Chapter (11) Volume 7

ရှေးဟောင်းသုတေသနအဖွဲ့နှင့် ကြေးမုံအဆောက်အအုံ



အဘွားကြီးရဲ့ မျက်လုံးထဲမှာ ထူးဆန်းတဲ့အကြည့်တွေ ပေါ်လာသည်။ ဝူရှဲ့လည်း ကွမ်ရှီးမှာ ဖြစ်ခဲ့တဲ့ သူ့​ရဲ့အတွေ့အကြုံကို အကြမ်းဖျင်း ပြန်ပြောပြပြီး မိုးခြိမ်းပုံစံကို ဘယ်လိုရလာတယ် ဆိုတာကိုလည်း ပြောပြခဲ့သည်။ ဒါကို နားထောင်ပြီးနောက် အဘွားကြီးက သက်ပြင်းချ​လေသည်။ 


"ဒါလည်း တိုက်ဆိုင်မှု တစ်ခုပါပဲ... နောက်ဆုံးတစ်ခုက ရှာမတွေ့တော့ဘူးလို့တောင် မျှော်လင့်ထားတာ... အဲဒီလိုနေရာမျိုးမှာ ရှိနေမယ်လို့ မထင်ထားဘူး... မင်းသာ မတွေ့ခဲ့ရင် ငါ့ဘဝမှာ ဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်ဘူး"


ဒီဖိုင်ဟောင်းတွေကို ဆယ်စုနှစ် အနည်းငယ်အတွင်း ထိန်းသိမ်းထားနိုင်မလား ဆိုတာတော့ ဝူရှဲ့လည်း မသိပါဘူး။ အကယ်၍ ထိုမြေအောက်ခန်း၌ မတော်တဆ မတွေ့မိခဲ့ပါက လုံးဝ ပြီးသွားလိမ့်မည်။ ဝူရှဲ့ ခဏလောက်တွေးပြီး ဆက်ပြောလိုက်သည်။ 


"တကယ်လို့ ဒီလိုဆိုရင် ကွမ်ရှီးမှာတွေ့တဲ့ ရှေးဟောင်း သုတေသနအဖွဲ့က အဘွားသမီးရဲ့ အဖွဲ့ဖြစ်မယ် ထင်တယ်"


သူမက ခေါင်းညိတ်သည်။ 


"ငါ ကွမ်ရှီးကို ကိုယ်တိုင်လည်း ရောက်ဖူးတယ်... ဘာလို့ ဒါတွေကို ရှာမတွေ့ခဲ့ရတာလဲ"


သူသည် မျက်နှာသေရဲ့ သံဘူးသီး အပိုင်းအစကြောင့်သာ ဖန်းမာကို စကားပြောနိုင်အောင် လုပ်နိုင်ခဲ့ကြောင်း စိတ်ထဲကသာ ပြောလိုက်သည်။ နောက်ပြီး အစ်ကိုချူဆီကနေလည်း သတင်းမရခဲ့ရင် လမ်းစ ရခဲ့လိမ့်မည် မဟုတ်ချေ။ ဒါကြောင့် သူမရဲ့ အမိန့်ပေးချက်အရ လုပ်ရတဲ့ လက်အောက်ငယ်သားတွေကို အပြစ်တင်လို့ မရပေ။ လျှို့ဝှက်ချက်တွေ အားလုံးက အဲဒီရေကန်အောက်မှာ ရှိနေတာလေ။


ဒါပေမဲ့ အဲဒါကို သူ ဂရုမစိုက်​တော့ပါဘူး။ သူအခု ဖန်းမာရဲ့ ဇာတ်လမ်းကို ရှင်းရှင်းလင်းလင်း မှတ်မိသည်။ ၎င်းက ရှေးဟောင်း သုတေသနအဖွဲ့ကို သတ်ဖြတ်ပြီး အစားထိုးခဲ့သည်။ ဤကိစ္စတွင် သူမ၏သမီးသည် သူတို့ ငါးဖမ်းလုပ်ငန်းလို လုပ်ကိုင်​နေခဲ့သော အရိုးစုများအဖြစ်သို့ ပြောင်းလဲသွားနိုင်ချေ ရှိ၏။ 


ဒါကိုပြောပြလိုက်ချင်စိတ် မရှိချေ။ ဒီအဘွားကြီးကို စိတ်အနှောင့်အယှက် ဖြစ်​စေမိမှာကို ကြောက်တာတော့ မဟုတ်ဘဲ သူ့စကားတွေက အဘွားကြီးရဲ့ စိတ်ခံစားချက်ကို ထိခိုက်သွားမှာ စိုးရိမ်တာကြောင့်ပင်။ 


တစ်ချိန်တည်းမှာပင် ဝူရှဲ့ သူ့စိတ်ထဲက အပိုင်းအစ များစွာထဲ မယုံနိုင်စရာ သဲလွန်စအချို့ကို တွေ့ရှိခဲ့သလို ခံစားလာရပြီ။ ထိုသဲလွန်စများကလည်း အလွန်ထူးဆန်း​ပေသည်။ သူထင်တာမှန်ရင် တစ်ခုခုကို ချက်ချင်းစစ်ဆေးရမယ်။ ဒါနဲ့ ဝူရှဲ့ ချက်ချင်း သူမကို မေးလိုက်သည်။ 


"ဖြစ်နိုင်ရင် အဲဒီတုန်းက အဘွားတွေ့ခဲ့တဲ့ ရှေးဟောင်းသုတေသန အဖွဲ့အကြောင်း အချက်အလက်တချို့ ပေးနိုင်မလား... အဲဒီအချက်အလက် အခန်းမှာ လိုက်ရှာကြည့်တော့ ရှာမတွေ့ခဲ့ဘူး.... တစ်ခုခုတော့ ရှိကောင်းရှိနိုင်ပါတယ် ... ကျွန်တော် စစ်ဆေးနေတဲ့ ကိစ္စက အဘွားရဲ့ သမီးနဲ့လည်း ပက်သတ်နေနိုင်တယ်..." 


"အချက်အလက်တွေပါတဲ့ ဖိုင်အိတ်ကြီး တစ်လုံးရှိတယ်... ဒါပေမဲ့ အများစုကတော့ အသုံးမဝင်ဘူး။ မင်း သိချင်ရင် ငါ့ကိုမေးလို့ ရတယ် ဘာရှာနေတာလဲ... မင်းဘာလုပ်မလို့လဲ?"


"ဒါက ဇာတ်လမ်းရှည်ကြီးပဲ.. ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ မေးခွန်းတချို့ကို အရင်ဖြေပါလား... အဲဒါတွေက ငါထင်သလို ဟုတ်နေမယ် ဆိုရင် ကျွန်တော်တို့ ဒီလိုပဲ စုံစမ်းနေနိုင်မယ်ထင်တယ်"


အဘွားကြီးက ဝူရှဲ့ ကြည့်ပြီး “ဟုတ်ပြီ... မင်းမေး”


"အဘွားသမီး ဘယ်မှာရှိနေတာကို စစ်ဆေးကြည့်ခဲ့မှာပေါ့... အဘွား သမီးရဲ့ ပျောက်ဆုံးမှုက ရှီးရှား ရှေးဟောင်းသုတေသန လုပ်ငန်းနဲ့ ဆက်စပ်နေတယ်မလား"


ပြောပြီးတာနဲ့ အဘွားကြီးရဲ့ မျက်နှာက ပြောင်းလဲသွား၏။


"မင်း သိလား"


သူမ မေးတာကို မစောင့်ဘဲ ချက်ချင်း ထပ်မေးလိုက်သည်။


"အဘွား... ကျွန်တော့်ရဲ့ ခန့်မှန်းချက်သာ မှန်ရင် မိန်းကလေးတိုင်း ဟော့ ဆိုတဲ့ မျိုးရိုးနာမည်ကို ယူရမယ်လို့ အဘွားမိသားစုမှာ စည်းမျဥ်းရှိထားတာလား"


သူမ အနည်းငယ် အံ့သြသွားပြီး ခေါင်းညိတ်ပြသည်။ 


"ဘာလို့လဲ"


"ဒါဆို အဘွားပျောက်နေတဲ့ သမီးရဲ့နာမည်က ဟော့လင် မဖြစ်သင့်ဘူး မဟုတ်လား... ဝမ်....လင့်လင် ဖြစ်သင့်တာ"