Chapter (7) Volume 7
ကောင်းကင်ဘုံ အပျက်အစီး
ဝူရှဲ့သည် အောက်ထပ်က အခြေအနေကို ခဏတာမျှ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ဖက်တီးဘက်မှာလည်း ရန်ပွဲကြီး ဖြစ်နေပြီ။ ဖက်တီးက စားပွဲတွေ မှောက်ပြီး ပန်းကန်တွေနဲ့ ကြမ်းပြင်ပေါ် အပြေးအလွှား ဝင်လာတဲ့ စားသောက်ဆိုင် အလုပ်သမား လေးယောက်ထဲက သုံးယောက်ကို ဖြုတ်ချလိုက်သည်။
ချက်ချင်းပင် ဖက်တီးကိုယ်တိုင်လည်း ကိုယ်ခံပညာ ကောင်းတာကို မြင်လိုက်ရသဖြင့် အခြားတစ်ယောက်က ရှေ့သို့ ဆက်မတိုးဝံ့တော့ဘဲ တံခါးအပြင်သို့ အမြန်နောက်ဆုတ်ကာ အော်လိုက်လေသည်။
"လုံခြုံရေး၊ လုံခြုံရေး၊ လုံခြုံရေးကို ခေါ်!"
တစ်ဖက်က အဘွားကြီးကလည်း သူတို့ရဲ့ လုပ်ရပ်ကြောင့် ထိတ်လန့်သွားသည်။ ကလေးမလေးက ကြောက်ရွံ့မှုနဲ့အတူ ဖြူဖပ်ဖြူရော် ဖြစ်သွားတဲ့ သက်လတ်ပိုင်း အမျိုးသမီးကို လှည့်ကြည့်ရင်း ဘယ်လိုလုပ်ရမလဲလို့ တွေးနေ၏။ ဝူရှဲ့ အောက်ထပ်ကို လှမ်းကြည့်လိုက်တော့ အမြင့်က မသေးပေ။ ခုန်ဆင်းရမှာ ကြောက်တာနဲ့ လုံခြုံရေး အစောင့်နောက်ကို လိုက်သွားတာက ပိုအန္တရာယ်ကင်းတယ်လို့ ခံစားမိသည်။
ယောက်ျားတစ်ယောက်က တခြားအလုပ်သမားတွေကို လိုက်ရှာနေချိန်မှာပဲ အဘွားကြီးရဲ့ ကိုယ်ရံတော် နှစ်ယောက်က ပြေးဝင်လာပြီး ဝူရှဲ့နဲ့ သူမတို့ကြားမှာ ရပ်နေလိုက်လေသည်။ အဘွားကြီးက ပြော၏။
"မင်းတို့ ရူးနေတာလား... မင်းဒီမှာ သူဌေးကို စော်ကားရင် မင်းဆီမှာ ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ မသိဘူးလား"
အခု ရုန်းရင်းဆန်ခတ် ဖြစ်နေပြီဆိုတော့ ဝူရှဲ့လည်း အဲ့လောက်ထိ ဂရုမစိုက်နိုင်တော့ဘူး။
"ခင်ဗျား ပြောသလိုပဲ ဒီစားသောက်ဆိုင်က ဖွင့်တာကြာပြီ... သူဌေးက အရမ်းတည်ငြိမ်တယ်။ တစ်ယောက်ယောက်က သူ့ကို နည်းနည်းလေး နှိုးဆွပေးဖို့ လိုတယ်လေ.. ကျွန်တော်တို့ လူကောင်းတွေက ဘုရားကို အနောက်ဖက်ခရီးကို ပို့ဖို့ အစွမ်းကုန် ကြိုးစားကြရမှာပဲ... ဒီနေ့ သူဌေးကို ဒီမှာပဲ နှိုးဆွပေးမယ်”
ဝူရှဲ့ လက်ဖက်ရည်သောက်ရင်း ပြောလိုက်ကာ လက်ဖက်ရည်ခွက်ကို ချလိုက်တာနဲ့ တိုက်ပွဲထဲ ဝင်ပါမလို့ လုပ်လိုက်သည်။ သို့သော် ခွေးခြေမှ ခွာခါနီးတွင် အဘွားကြီးနှင့် သဘောတူညီချက်ကို ချက်ချင်း သတိရလိုက်၏။ နာရီကို ချက်ချင်း ငုံ့ကြည့်လိုက်တော့ 4:25 ဖြစ်နေပြီဟု သိလိုက်ရသဖြင့် ရုတ်တရက် နှလုံးခုန်သွားသည်။ ခေါင်းလှည့်၍ ဖက်တီးဘက်ကို မေးလိုက်သည်။
"ငါးမိနစ်လောက် ထိန်းထားနိုင်သေးလား"
ဖက်တီးသည် တံခါးကိုပိတ်ကာ နောက်ဆုံးလူကို ခေါင်းခေါက်ပစ်လိုက်သည်။
"အဟား... မင်းက ဘာလို့လဲ... အိမ်သာသွားချင်သေးလို့လားဟ"
ဝူရှဲ့ ဖက်တီးရဲ့ လေသံကို တုပပြီး "ငါတို့ ဒီမှာ ထိုင်နေတာ ကြာလှပြီ.... ငါတို့ ဒုက္ခရောက်ပြီး ဒေါသတွေလည်း ထွက်ကုန်ပြီ... ငါတို့ ကြိုးစားထားသမျှကို မစွန့်လွှတ်နိုင်ဘူး... ငါးမိနစ်လောက် တောင့်ခံထားလိုက် အဘွားကြီး မြင်ပါစေ... ငါတို့က ဘယ်လိုလူလဲ.. ဆိုတာ.... "
ဖက်တီးက ဝမ်းသာအားရ: “ထျန်းကျန်း... မင်းက ရန်ဖြစ်တဲ့နေရာမှာ အရမ်းပျော့ညံ့တယ်... တစ်ယောက်ယောက်နဲ့ တွေ့တဲ့အခါ မင်း သိက္ခာရှိအောင် တော်တော်လေး လုပ်တတ်တယ်... ဖက်တီး ငါ ငယ်ငယ်တုန်းက ဒါမျိုးတွေ လုပ်ခဲ့ဖူးပါတယ်ကွာ... အိုကေ ဖက်တီးငါက ငါ့စွမ်းအားကို ပြပြီး မင်းကို ပေါ်လွင်လာအောင် လုပ်ပေးမယ်!"
သူက ဆိုရင်း သေတ္တာတံခါးကို ပိတ်ဖို့ စားပွဲနှင့် ကုလားထိုင်အားလုံးကို တွန်းထုတ်လိုက်သည်။
မကြာခင်မှာ အပြင်မှာ လူတစ်ယောက်က တံခါးလာခေါက်၏။
ဒီတစ်ခါတော့ တကယ် နာမည်ကြီး လာပြီ ထင်ပါရဲ့။ ဝူရှဲ့ နှလုံးခုန်မြန်လာပြီး အဘိုးတောင် အုတ်ဂူထဲက ဖောက်ထွက်လာတော့မလားလို့ တွေးမိလာသည်။ အောက်ထပ်ကို လှမ်းကြည့်လိုက်တော့ အောက်ထပ်မှာလည်း မငြိမ်မသက်ဖြစ်နေတာကို တွေ့လိုက်ရ၏။ အပြေးအလွှား ပြေးလာတဲ့ ကောင်လေးက မျက်နှာသေရှေ့မှာ ကာထားရင်း မှန်ပုံးရှေ့မှာ နှစ်ယောက်သား မျက်နှာချင်းဆိုင် ရန်စောင်နေကြသည်။
ဒီလိုနေရာမျိုးမှာ တိုက်ခိုက်ရခြင်းရဲ့ ကောင်းတဲ့အချက်က ရဲတပ်ဖွဲ့ကို ခေါ်ဖို့ နည်းလမ်းက တရားမ၀င်ဘူးလို့ပဲ ဆိုရမှာပါပဲ။ သို့သော် မျက်နှာသေသည် ဤကဲ့သို့သော နေရာတွင် ပြိုင်ဘက်က ဖုတ်ကောင် ဆိုလျှင် သူ့လက်က ဘယ်လောက် မြန်မလဲ မည်မျှ မသိသော်လည်း ထိုသက်ရှိလူသားများ အတွက်မူ လည်ပင်းကို တစ်ချက်တည်းနဲ့ ချိုးပစ်ရန် မဖြစ်နိုင်ပေ။
သူက တစ်ဖက်လူတွေကို ကရုဏာ ပြထားပြီးသားလို့ ဝူရှဲ့ ယုံကြည်သည်။ ဒါကြောင့် ဒီကနေ လွတ်မြောက်ဖို့က သူတို့အတွက် ကြီးမားတဲ့ ပြဿနာ မဖြစ်သင့်ဘူး။ အချိန်တန်ရင် ဖက်တီး နဲ့ သူက ဒီကနေ ခုန်ဆင်းရလိမ့်မည်။
အဲဒါကို တွေးပြီး ဝူရှဲ့ စိတ်သက်သာရာ ရသွားသည်။ ဝူရှဲ့ သက်ပြင်းချခါနီးမှာ အဘွားကြီးက သက်တော်စောင့် နှစ်ယောက်ကို ရုတ်တရက် အမိန့်ပေးလိုက်ပေ၏။
"အဲ့ခွေးခြေပေါ်ကနေ ဆွဲထုတ်လိုက်စမ်း"
လူငယ်နှစ်ယောက် ဝူရှဲ့ဆီ ချက်ချင်း ပြေးလာ၏။ ဝူရှဲ့လည် အံ့ဩသွားသည်။
"အဘွား ဒီလို လှည့်စားလို့ မရဘူးလေ"
"မင်းတောင် ဒီနေရာကို ဖျက်စီးနိုင်တာ ငါကဘာလို့ မဖျက်ဆီးနိုင်ရမှာလဲ...ဘယ်သူက ပိုရှက်စရာကောင်းလဲ ကြည့်ရသေးတာပေါ့...လုပ်လိုက်တော့!"
ဝူရှဲ့ စိတ်ထဲကနေ ကျိန်ဆဲပြီး ဖက်တီးကို ချက်ချင်း ခေါ်လိုက်သည်။ ထို့နောက် ခွေးခြေကို တင်ပါးနဲ့ အတင်းဖိကာ နောက်ဆုတ်လိုက်သည်။
ဤနေရာ၌ အခြေအနေ ပြောင်းလဲသွားကြောင်း မြင်သောအခါ ဖက်တီးလည်း တံခါးပိတ်ထားတာကို လွှတ်ထားရန်မှတပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ သူက ခွေးခြေခုံကို ကောက်ကာ အလျင်စလို ထရင်း ဟော့မိသားစုနှင့် ပဋိပက္ခ ဖြစ်လာခဲ့သည်။ အဲဒီမှာ သက်တော်စောင့် နှစ်ယောက်ကလည်း ဝူရှဲ့လက်နှစ်ဖက်ကို ဆွဲကိုင်ထားပြီးသား။
ဝူရှဲ့လည်း သူတို့ကို ဖယ်ထုတ်ဖို့ ပြင်းပြင်းထန်ထန် ရုန်းကန်ပြီး တစ်ဖက်ကလည်း ခုံကို အတင်းကိုင်ထားကာ သက်တော်စောင့်နှစ်ယောက်ရဲ့ လက်နှစ်ဖက်ကို အတင်း ကိုက်ဆွဲပစ်သည်။ ခဏကြာတော့ အဘွားအိုက စိတ်မရှည်တော့ဘဲ။
“သူ့ကို တစ်ယောက်တည်း ထားလိုက်... ခွေးခြေကိုပါ ပစ်ချလိုက်တော့!!”
အဘွားကြီးရဲ့ အမိန့်ကိုရတော့ သူတို့က ချက်ချင်း ထလာပြီး ဝူရှဲ့ခြေထောက်တွေကို ခွေးခြေခုံနဲ့အတူ မယူလိုက်လေသည်။ သူ့ပေါင်တွေကို ပွင့်လုနီးနီး အချိန်မှာဘဲ လူအုပ်ထဲကနေ ဖက်တီးတစ်ယောက် အပြေးအလွှား ရောက်လာလေသည်။
ဒီသက်တော်စောင့် နှစ်ယောက်ဟာ အတော်လေးကို ကျွမ်းကျင်သင့်ပေမယ့် ခွေးခြေခုံပေါ် ကြီးမားတဲ့ ဖိအားတစ်ခု ကျလာတာကြောင့် နှစ်ယောက်သား အခက်တွေ့သွားသည်။ အချိန်တိုအတွင်းမှာပဲ ဝူရှဲ့ကို လွတ်မြောက်အောင်လုပ်ဖို့ ခက်ခဲသွားခဲ့ပြီး ဝူရှဲ့လည်း လူနှစ်ယောက်ရဲ့ အောက်မှာ ညှစ်ထုတ်ခံလိုက်ရပါ၏။
တစ်ချိန်တည်းမှာပင် ပိတ်ဆို့ထားသော တံခါးက နောက်ဆုံးတွင် ပွင့်သွားခဲ့သည်။ လုံခြုံရေးအစောင့် အများအပြားက နံပါတ်တုတ်များဖြင့် အပြေးအလွှား ဝင်ရောက်လာကာ ဒေါသတကြီးဖြင့် ရိုက်နှက်လာရာ ကလေးငယ်များ အုပ်စုဖွဲ့ တိုက်ခိုက်နေသည့် မြင်ကွင်းလို ဖရိုဖရဲ ဖြစ်လာခဲ့တော့သည်။
ငါးမိနစ်အတွင်းမှာ ဒီလိုအဖြစ်တွေ ပြောင်းလဲလာလိမ့်မယ်လို့ ဝူရှဲ့ တကယ်ကို မမျှော်လင့်ထားမိချေ။ လုံခြုံရေး အစောင့် တော်တော်များများက ဖက်တီးရဲ့ရှေ့မှာ တုတ်ပေါင်းများစွာနဲ့ ခေါင်းကို ရိုက်ခဲ့ပါသည်။ ဖက်တီးလည်း လှည့်ကြည့်လိုက်ပြီး မိုးရွာနေတဲ့ တုတ်တွေကို အကာအကွယ်ပေးဖို့ သူ့လက်တွေကို သုံးလိုက်သည်။
"သေတော့မယ်ဟ! အချိန်မပြည့်သေးဘူးလား??"
အော်နေတုန်း တုတ်ဖြင့် ပြန်အရိုက်ခံရပြန်တာကြောင့် သူ့ခမျာ ထပ်ခါထပ်ခါ အော်နေရသည်။ ဝူရှဲ့လည်း လက်ကို ဆန့်တန်းပြီး နာရီကို ကြည့်လိုက်ပေမယ့် ဖက်တီးရဲ့ မျက်နှာကို ကြည့်ပြီး အချိန်ပြည့်လား မပြည့်ဘူးလား ဆိုတာကို ဂရုမစိုက်နိုင်တော့ပါ။
"အချိန်ပြည့်ပြီ!"
"ဘယ်လိုလူယုတ်မာလဲဟ!"
ဖက်တီးက လှမ်းအော်ပြီး လုံခြုံရေး အစောင့်တွေကို ကြမ်းပြင်ပေါ် တွန်းချပစ်လိုက်သည်။ ဝူရှဲ့လည်း သူ့ခန္ဓာကိုယ်ပေါ်က အလေးချိန်တွေ ပြေလျော့လာတာနဲ့အမျှ မတ်တတ်ထရပ်ပြီး ကြမ်းပြင်ပေါ်က ဖက်တီးကို ပြန်ဆွဲထုတ်ဖို့ လုံခြုံရေးတွေကို ချက်ချင်း တွန်းထုတ်လိုက်သည်။
"လာ... အောက်ထပ်သွားရအောင်!"
"ချီးပဲသွား!!"
ဒါပေမဲ့ ဖက်တီးရဲ့လက်ကို ရိုက်လိုက်တော့ သူ့မျက်လုံးတွေထဲက သွေးတွေ ထွက်နေတာကို တွေ့လိုက့ရသည်။ သူက တစ်ဖက်က အမြစ်ထွင်းထားတဲ့ စားပွဲငယ်ကို ကောက်ယူလိုက်ပြီး လုံခြုံရေး အစောင့်တွေကို ကျိန်ဆဲနေသည်။
"မင်းတို့ရဲ့ အစွမ်းကို မပြဘဲ ငါ့ကို ဒရမ်တီးသလို လာတီးနေတယ်ပေါ့ ဟုတ်လား....ရတယ်လေ မင်းတို့ကို ငါတိုက်မယ်... မင်းတို့ကို သတ်ပစ်မယ်!! ဒီနေ့ ဒီအိမ်ရှေ့တံခါးမှာ ငရဲကို ဘယ်သူရောက်ပြီး ဘယ်သူ အသက်ရှင်မလဲ ကြည့်ရသေးတာပေါ့”