(5) မှတ်ဉာဏ်များ အပိုင်း (၂)
Viewers 14k

Chapter (5) Volume 7

မှတ်ဉာဏ်များ အပိုင်း (၂)



အဲဒါက အတူတူပါပဲ။ စိတ်ထဲမှာ လုံး၀ မသေချာပေမယ့် အရောင်နဲ့ ထွင်းထုထားတဲ့ ပုံတွေက အနည်းဆုံးတော့ အလွန်ဆင်တူပါသည်။ အတိအကျ မတူကြရင်တောင် အမျိုးအစားတူ ရမယ်လို့ ယုံကြည်သွားသည်။ 


ဘုရင်လုရှန်ရဲ့ စာအုပ်မှာ ဖော်ပြထားတဲ့ တစ္ဆေတံဆိပ်တုံးဟာ ကြေးတံခါးရှေ့မှာ မျက်နှာသေ ကိုင်ဆောင်ထားတဲ့ တံဆိပ်တုံးနဲ့က ထူးခြားတဲ့ လုပ်ဆောင်ချက် ရှိသင့်တယ်လို့ တစ်ခါက သံသယရှိခဲ့ပါသည်။ ဤနေရာတွင် အလားတူအရာမျိုး တွေ့ရလိမ့်မယ်ဟု မမျှော်လင့်ထားခဲ့ပါ။


ဝူရှဲလည်း မြန်မြန် လှုပ်ရှားလိုက်တာက ပိုကောင်းတယ်လို့ တွေးပြီး ဖက်တီးကို မျက်စိ မှိတ်ပြလိုက်သည်။ ဖက်တီးကလည်း အလိုက်သိစွာ ခေါင်းငုံ့လာတာကြောင့် ဝူရှဲ့ တိုးတိုးလေး ပြောလိုက်သည်က။


“မြန်မြန် သွားမေးလိုက်... ဒီဟာရောင်းသူတဲ့က ဘယ်သူလဲ?" 


ဖက်တီးက ခေါင်းညိတ်ပြပြီး လှုပ်ရှားတော့မယ့် အခိုက်မှာ သူ့ဘေးရှိ အဘွားဟော့က လက်ဖက်ရည်ကြမ်း တစ်ငုံသောက်ရင်း တိတ်တိတ်ဆိတ်ဆိတ် ပြောလာသည်။ 


"သွားမမေး​နေနဲ့... ဒီမှာရောင်းသူက သူ့ကိုယ်သူ လူမသိစေချင်ရင် ဘယ်သူမှ မေးလို့ မရဘူး"


ဖက်တီး: "ဟေ့ အဘွားကြီး ခင်ဗျားကျုပ်ကို နှိမ့်ချနေတာမလား... ကျုပ်က ရှင်းယွဲ့စားသောက်ဆိုင်မှာ မဆော့ပေမယ့် ပေကျင်းမှာ လေးစားထိုက်သူလို့ သတ်မှတ်လို့ ရတုန်းပဲ... မဖက်တီး ကျုပ်က ကြွားလုံးထုတ်နေတာ မဟုတ်ဘူး... ဒါပေမဲ့ ကျုပ်အဆက်အသွယ်တွေနဲ့ ပေကျင်းမှာ ရှာမတွေ့ဘူး ဆိုတာ မဖြစ်နိုင်ဘူး...."


အဘွားအိုက နောက်ပြန်လှည့်မကြည့်ဘဲ “ဒီစားသောက်ဆိုင်ရဲ့ သူဌေးက ပေကျင်းမှာရှိတဲ့ မန်ချူးမင်းဆက်ကတည်းက အထင်ကရ ပုဂ္ဂိုလ်တစ်ဦးပဲ... သူ (စားသောက်ဆိုင်) ဆင်းသက်လာခဲ့တာ နှစ်ပေါင်းရာနဲ့ချီပြီး ဒုက္ခမရောက်ဖူးဘူး... တကယ်ရှာကြည့်ရင် သိနိုင်မယ်ထင်တယ် မင်းရဲ့သခင်ငယ်က မနက်ဖြန် ဒီကိုလာနိုင်ဦးမလား... မင်းသူ့အတွက် ငါးရှာဖို့ ယွင်တင်မြစ်ကို သွားရမယ်ထင်တယ်... အလောင်းငါးတွေ ဖမ်းတဲ့ဈေးက အခုခေတ်မှာ ဈေးကြီးတဲ့အတွက် နောက်ဆို မင်းတို့ ပိုက်ဆံစုထားသင့်တယ်လို့ ထင်တယ်"


အဘွားကြီး ပြောတာက အမှန်ပါပဲ။ သို့သော် ဖက်တီးကလည်း သူ ချဲ့ကားပြောတာ မဟုတ်မှန်းသိလို့ အဘွားကြီးကို ချက်ချင်း သက်သေပြဖို့ အပြင်ထွက်ချင်လာသည်။ ဖက်တီးရဲ့ ကြမ်းတမ်းတဲ့ စရိုက်နဲ့ဆိုရင် တကယ် မမေးနိုင်ရင် ပြန်မလာနိုင်​တော့ဘူးလို့ ဆိုရမည်။ ပြဿနာတွေတက်လာမှာ စိုးတာကြောင့် ဝူရှဲ အိပ်မက်မများချင်ကြောင်း ခပ်တိုးတိုးလေး ဆိုလိုက်သည်။ 


ဖက်တီး: "သူမကို မျက်နှာသာ ပေးလိုက်ပါမယ်" 


တကယ်တော့ ဖက်တီးက ဝူရှဲ့ကို မျက်နှာသာ ပေးလိုက်တာပင်။ အခု သူက မျက်နှာလွှဲထားပြီး ဘာမှမပြောဘဲ ပါးစပ်ကသာ တီးတိုးရေရွတ်နေသည်။ ဝူရှဲ့ ပတ်ဝန်းကျင်က မြင်ကွင်းကို ကြည့်လိုက်တော့ အလွယ်ဆုံးနည်းလမ်းနဲ့ ရောင်းသူကို ပြောပြဖို့ အတွေးတစ်ခုက ဝင်လာခဲ့သည်။


ဤနေရာတွင် လေလံပစ္စည်းက တစ်ခုသာ ရှိသည်။ လူတိုင်းတွင် တိကျသော ရည်ရွယ်ချက်ရှိကြပြီး ၎င်းတို့အားလုံး ဆွဲသောဈေးကို မခေါ်နိုင်ပါက စျေးကို မဖြတ်နိုင်ဟု ယူဆရပါသည်။ နောက်ပြီး ဒီနေရာက မှောင်ခိုဈေးကွက် ဖြစ်ပြီး စာချုပ်ကို ဖောက်ဖျက်ရင် လက်ညှိုးဖြတ်တာ၊ မျက်လုံးဖောက်တာ စတာတွေက အပိုပေးရမယ့် အရာတွေပင်။ 


တကယ် ​လေလံဆွဲရင်တောင် မှောင်ခိုဈေးကွက်မှာ ရောင်းသူဟာ သူ့ပစ္စည်းတွေကို ဝယ်ရင်တောင်မှ လုပ်ငန်းစဉ်တစ်ခုလုံးကို လျှို့ဝှက်ထားနိုင်ပေမယ့် အများစုကတော့ သူ့ဆီ အရောက်လာ​ကြပါလိမ့်မည်။ လေလံဆွဲလိုလျှင် စာချုပ်မှာ လက်မှတ်ထိုးရမည်။ ထို့ပြင် ဤနေရာတွင် လေလံလုပ်ငန်းစဉ်နှင့် စည်းမျဉ်းများသည် တူညီသည်ဟု ဝူရှဲ့ ထင်မိသည်။


လက်ရှိ အစီအစဥ်အတွက် တစ်ကြိမ်လျှင် ခြေတစ်လှမ်းသာ လှမ်းနိုင်သည်။ ဝူရှဲ့ခမျာ ရင်ထဲမှ မသာယာမှုတွေက ပရမ်းပတာ အဖြစ်ပြောင်းသွားပြီး ဒီမှာ တစ်ခုခုဖြစ်​တော့မယ်လို့ပင် ခံစားလိုက်ရသည်။ 


အောက်ဖက်မှာ စိတ်လှုပ်ရှားစရာတွေက စနေပြီ။ အစီအစဉ်တွေ အတွက် စင်ရဲ့ အလယ်မှာ မှန်သေတ္တာပုံးလေး ချထားတာကို တွေ့လိုက်ရသည်။ ထိုစဥ် လေလံခေါ်သူ မိန်းကလေးက ပြောလာသည်။ 


"သူဌေးတို့ အခု ပစ္စည်းတွေ ရောက်နေပါပြီ... ကြည့်ထားပါ... ဒီတစ်ကြိမ်မှာ လေလံမဆွဲထားနိုင်ရင် နောက်တစ်ကြိမ် ရှိတော့မှာ မဟုတ်ဘူး"


သူပြောပြီးသော် လက်ပြတ် ခါးတိုအင်္ကျီကို ၀တ်ထားသည့် စားပွဲထိုး တစ်ယောက်သည် သူ့လက်ထဲတွင် ရှည်လျားသော ဝါးတိုင်တစ်ချောင်းကို ကိုင်ကာ ထွက်လာ၏။ ဝါးထိပ်တွင် လက်စွပ်တစ်ကွင်းလို ချိတ်တစ်ခု ပါလာသည်။ စားပွဲထိုးက ဝါးတံခေါင်းမှာ ဖန်သေတ္တာကို ချိတ်နဲ့ ချိတ်​ပြီး ငါးမျှားသလို မြှောက်ပြသည်။ 


စားပွဲထိုးသည် အပေါ်ထပ်အထိ ဝါးတိုင်ကို မြှောက်ထားသော်လည်း လက်တွေက လုံးဝ မတုန်လှုပ်သွားပေ။ အခုအချိန်မှာ ဘယ်သူကမှ ဝူရှဲ့ကို လာဂရုမစိုက်တော့ပေ။ ဝူရှဲ့ လက်တစ်ကမ်းအကွာကို လှမ်းကြည့်လိုက်ပြီး မိနစ်ဝက်မပြည့်ခင်မှာပဲ သူ့​ရှေ့ကို ရောက်လာသည်။ 


သူ့ဆီ ချက်ချင်း ရောက်လာပြီးတာနဲ့ ဝူရှဲ့လည်း လည်ပင်းကို ဆန့်ထားလိုက်လိုက်သည်။ ကြိုးနဲ့ဆွဲပြီး ပြနေတဲ့ မှန်သေတ္တာရဲ့ အကွာအဝေးက အရမ်းနီးကပ်နေသည်။ ဒီကျောက်စိမ်းကို ထွင်းထုထားတဲ့ အရာက ဥက္ကာခဲကျောက် အမျိုးအစားကို သုံးထားတာ ဖြစ်ရမယ်ဆိုတာကို ချက်ချင်း သိလိုက်ရ၏။ 


ခဏလောက်တော့ ၎င်းကို ဆွဲထုတ်ပြီး ထွက်ပြေးရအောင်လို့ ဖက်တီးတို့ကို ပြောထားချင်ပေမယ့် ဒီအတွေးကို ကိုယ့်ဘာသာကို တကယ် ငြင်းဆန်ခဲ့ရသည်။ 


ထိုအရာအား လျင်မြန်စွာ ပြသပြီးနောက် စင်မြင့်အလယ်တွင် ပြန်လည်​နေရာ ချထားလိုက်သည်။ အဲဒီနောက် ထိုလူသည် ဝါးတိုင်နှင့် ခေါင်းလောင်းများကို တစ်ခုပြီးတစ်ခု တီးနေတော့သည်။ အဘွားကြီးဘေးနားက ကလေးမလေးက သွားယူပြီး အဘွားကြီးဘေးမှာ ချထားလိုက်သည်။ တခြားလူတွေလည်း ယူပေမယ့် ဝူရှဲ့မှာတော့ မရှိပေ။ 


ခေါင်းလောင်းများကို လေလံပွဲတွင် ပါဝင်သူများအတွက်သာ ပေးတာ ဖြစ်မည်ဟု သိလိုက်သည်။ ထို့ကြောင့် ခေါင်းလောင်းများ ဖြန့်ဝေပြီးသည့်နောက်တွင် လေလံပွဲနဲ့ ပတ်သက်ပြီး ခေါင်းလောင်းများနှင့် ကစားရမည်ဟု ထင်ရ၏။ နောက်ဆုံးတွင်တော့ ကောင်လေးတစ်ယောက်က ဝူရှဲ့ကို တစ်ခု ပေးလာသည်။


ထိုအရာက မီးပုံးငယ် တစ်ခုပင်။ ၎င်းက ဖရဲသီးအသေးလေး တစ်လုံးစာသာရှိပြီး အတွင်းဘက်တွင် ဖယောင်းတိုင်လေး တစ်ချောင်းရှိကာ အပြင်ပန်းက စိမ်းပြာရောင် ဖြစ်သည်။ ပထမတစ်ချက် ကြည့်ရုံနဲ့ မီးထွန်းရန် မဖြစ်နိုင်လောက်ချေ။ 


ထိုအရာ ပေါ်လာသည်နှင့် တပြိုင်နက် မြင်ကွင်းတစ်ခုလုံးတွင် တုန်လှုပ်ချောက်ချားမှု တစ်ခုက ရုတ်ချည်းဆိုသလိုပင် ဖြစ်သွား၏။ အကြောင်းမှာ ရုတ်တရက် မီးအိမ်တွေ အကုန်လုံးက သူ့အနားမှာ လာချိန်ကုန်တော့သည်။


ဝူရှဲ့ အတော်လေး အံ့အားသင့်သွားသည်။ ဒါ့ကြောင့် ဖက်တီးကို မော့ကြည့်လိုက်မိ၏။ ဖက်တီးတစ်ယောက်က အနောက်ကနေ တက်လာပြီး မီးခွက်ကို ကောက်ကိုင်လိုက်ကာ ဘေးက တိုင်ပေါ် ချိတ်ဆွဲဖို့ ကူညီပေးလိုက်တော့ တစ်ဆိုင်လုံး လက်ခုပ်သံတွေနဲ့ ဆူညံသွားတော့သည်။ ထိုစဥ် အဘွားအိုက ပြောလာ၏။ 


"မင်းကို အထင်ကြီး လေးစားသူတွေကို လက်ဆောင်မပေးရင် မယဥ်ကျေးရာ ကျလိမ့်မယ်... ဒီဆိုင်မှာ ဘယ်သူကမှ ဒီကောင်းကင်မီးပုံးကို အချိန်အကြာကြီး မထွန်းညှိဝံ့ဘူး... မင်းကို သူဌေးဝူအဖြစ် မျက်နှာသာပေးတယ်လို့ မှတ်ယူနိုင်ပါတယ်.... ဝူမိသားစုရဲ့ သခင်ငယ် တစ်ယောက်အနေနဲ့ မင်းရဲ့ဂုဏ်သတင်းကို အနာဂတ်မှာ ဘယ်သူမှ မသိနိုင်ပါဘူး"


ဝူရှဲ့ သူမကို ကြည့်လိုက်တော့ ဘာကိုဆိုလိုမှန်း နားမလည်သေးပေမယ့် တစ်နေရာရာမှာ "ကောင်းကင်မီးထွန်း" (点天灯) ဆိုတဲ့ စကားလုံးသုံးလုံးကို ကြားဖူးနေသလို ခံစားနေရလေသည်။ သူမက ဝူရှဲ့ကို ကြည့်ပြီး လှောင်ပြုံးဖြင့် ဆက်ပြောလေသည်။ 


"ဒါပေမဲ့ ဒီခဏတာ ဂုဏ်သတင်းအရတော့ မင်းရဲ့ ဝူမိသားစုအိမ်ဟောင်းက ဒီအချိန်မှာ မင်းရဲ့ လောင်စာဆီမီးခွက်ကြောင့် မီးလောင်သွားမှာကို ငါကြောက်မိတယ်"