Volume 7 (1) လေလံ
Viewers 14k

Chapter (1) Volume 7

လေလံ



ဝူရှဲ့ဇာတိက ကျစ်ကျန်း။ ရိုးရိုးသားသား ပြောရရင် ပေကျင်းမှာ အသိမိတ်ဆွေ တစ်ယောက်နဲ့တွေ့ဖို့ အခွင့်အရေး ဆိုတာ အရမ်းနည်းပြီး ဒီလူက ဘယ်သူလဲဆိုတာကို သူ မမှတ်မိချေ။ ဝူရှဲ့ ပေါ့ပေါ့ပါးပါး ပြုံးရုံသာ ပြုံးပြလိုက်သည်။ ထိုလူသည်လည်း အံ့သြတုန်လှုပ်သွားသော အမူအရာဖြင့် ရပ်တန့်လိုက်ပြီး သူ့ကို ပြုံးပြလာသည်။


ဖက်တီးက ဝူရှဲအား အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။ သူက ဒီရပ်ကွက်ထဲက ယောက်ျားတစ်ယောက်လို့ ပြောနိုင်သော်လည်း ဝူရှဲ့ကတော့ မဟုတ်သေးချေ။ ဝူရှဲ့ကို တစ်ယောက်ယောက်က ဒီမှာ အသိအမှတ်ပြုလာမယ်လို့ သူ့ခမျာ မမျှော်လင့်ထား။


ဒါပေမဲ့ ဝူရှဲတို့နှစ်ယောက်ကတော့ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း အကြာကြီး စိုက်ကြည့်ပြီးနောက် ပြုံးပြလိုက်ကြသည်။ နှစ်ယောက်သားက တစ်ယောက်ကို တစ်ယောက် မမှတ်မိပေ။ ရိုးရိုးသားသား ပြောရရင် ဝူရှဲ့လည်း သူ့ကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ ခံစားလိုက်ရသည်။ 


အရင်တုန်းက သူတို့မျိုးဆက်တွေထဲမှာ အစ်မ၆ လို့ ခေါ်တဲ့ လူတစ်ယောက် ရှိခဲ့ဖူးသည်။ သူမက ရတနာအကဲဖြတ်ပွဲနဲ့ ရှေးဟောင်းပစ္စည်း ရောင်းဝယ်တဲ့ အချိန်၌သာ ပေါ်လာတတ်သည်။ ဝူရှဲ သူမကို မသိပါဘူး။ သူမရဲ့ ဓာတ်ပုံတွေကို အွန်လိုင်းမှာသာ မြင်ခဲ့ရပြီး နောက်တော့မှ ပါတီပွဲတစ်ခုမှာ အဲဒီလူကို တွေ့ခဲ့ရသည်။ 


သူနဲ့ ဘယ်မှာ​တွေ့ဖူးလဲလို့ တွေးမိပေမယ့် စဥ်းစားလို့မရ ဖြစ်နေသည်။ ဒါပေမယ့် ဒီချစ်သူငယ်ချင်းက သူ သတင်းစာတွေထဲ မကြာခဏ ရောက်ဖူးသလိုပဲ သူအရမ်းရင်းနှီးနေသလို ခံစားနေရ၏။ အွန်လိုင်းပေါ်မှာ သူတွေ့ဖူးတဲ့ ဓာတ်ပုံထဲက လူနဲ့တော့ မတူချေ။ 


သူတို့နှစ်ယောက် အဲဒီ့မှာပဲ ခဏလောက် ရပ်နေခဲ့ကြပြီး သူတို့တကယ်ကို အချင်းချင်း မမှတ်မိသလို ဖြစ်နေကြရာ ရှက်ရွံ့စွာနဲ့ပဲ ပြုံးလိုက်ကြသည်။ တစ်ဖက်က စားသောက်ဆိုင်ထဲ အလုပ်လုပ်သမားကတော့ ပေကျင်းက အတွေ့အကြုံ ရှိသူတစ်ယောက်ဖြစ်ပြီး ကမ္ဘာပေါ်မှာ အရာရာကို ချောချောမွေ့မွေ့ မြင်ခဲ့ဖူးသူပင်။ 


သူတို့ကြားက လေထုကို ခန့်မှန်းမိတာကြောင့် သူက ဝင်ပြောလိုက်သည်။ 


"သခင်လေးတို့ နှစ်ယောက်စလုံး မျက်နှာချင်းဆိုင် ပြောကြမလား.... ဓာတ်လှေကားဝင်ပေါက်ကို ပိတ်ဆို့နေတာဆိုတော့ နွေးနွေးထွေးထွေး ဖြစ်သွားအောင် အထဲကို ဝင်လိုက်ကြပါလား....နှစ်ယောက်သားရဲ့ အသိမိတ်ဆွေ တစ်ယောက်​ယောက်ကို တွေ့တဲ့အခါကျရင် အားလုံးကို မှတ်မိချင် မှတ်မိလာပါလိမ့်မယ်"


ဒီလူ ဒီလိုပြောတယ် ဆိုတာက တစ်ဖက်လူကို ဖိတ်ခေါ်နေတယ် ဆိုတာ အသိသာကြီးပါပဲ။ ဝူရှဲ မယုံနိုင်သလို ခံစားရတာကြောင့် ခေါင်းခါပြလိုက်သည်။ လူငယ်က စိတ်ဝင်တစားနဲ့ ဝူရှဲ့ကို လှမ်းကြည့်ပြီးတော့ အတွင်းခန်းထဲကို လှည့်ဝင်သွားလေသည်။ ခြေလှမ်းနည်းနည်း လှမ်းပြီးနောက် ဝူရှဲ့ကို လှမ်းကြည့်ပြန်သည်။ 


အဲဒီအခါမှာတော့ အဘိုးအိုတစ်​ယောက်က ဝူရှဲတို့ကို ဖိတ်ခေါ်ပြီး တခြားလမ်းကြောင်းကို ပို့ပေးလိုက်သည်။ ရည်ရွယ်ချက်ကတော့ အဲဒီလူငယ်နဲ့ ခပ်ဝေးဝေးမှာ ထိုင်ခိုင်းချင်တာပါပဲ။ လူငယ်က ထိုင်ခုံနေရာကို ယူထား​ပြီးသူဖြစ်ပြီး ယဉ်ကျေးသိမ်မွေ့စွာပဲ နေရာယူသည်။ ဝူရှဲလည်း တကယ် မမှတ်မိတာကြောင့် မေ့လိုက်၏။ 


အကြွေးရှင် ဒါမှမဟုတ် သူ့အဖေကို သတ်မိတဲ့ ရန်သူလိုလို လူဆိုရင်တော့ ချက်ချင်း ရန်ထဖြစ်ကြမှာ မဟုတ်ပါလား။ ဒါ့အပြင် လက်ရှိနေရာ၏ ခြေရင်းတွင် စည်းကမ်းအားလုံးကို ပွင့်လင်းမြင်သာစွာ လျှို့ဝှက်စွာ လိုက်နာရမည်။ 


အကြောင်းမှာ မည်သူမျှ ၎င်းတို့၏ အသွင်အပြင်ဖြင့် အကဲဖြတ်နိုင်ခြင်း မရှိသည့်အပြင် တစ်ဖက်သား၏ အသေးစိတ် အချက်အလက်များကို မည်သူမျှ မသိနိုင်ပေ။ % မြှောက်ပင့်ပေးခြင်းက သူ့ကို မအောင်မြင်​စေနိုင်ပါ။ 


အတွင်းခန်းထဲကို ဝင်လိုက်တော့ ဒီစားသောက်ဆိုင်ရဲ့ ပြဇာတ်ရုံက အထပ်နှစ်ထပ်ပါပြီး အောက်ထပ်က ရိုးရိုးထိုင်ခုံနဲ့ အပေါ်ထပ်က သီးသန့်ထိုင်ခုံတွေ ချထားတာကို တွေ့ရသည်။ အလယ်မှာ စင်မြင့်က ပီကင်းအော်ပရာတင်မကဘဲ ရိုးရာအနုပညာ အစီအစဉ်တွေလည်း ပြုလုပ်နိုင်သော စင်မျိုးရှိသည်။ 


ဤပတ်ဝန်းကျင်ရှိ ပေကျင်းမြို့သားဟောင်း အများအပြားသည် ဆင့်အနည်းငယ်ဖြင့် အော်ပရာများကို နားထောင်လိုကြသည်။ ရှေးယခင်ကတည်းက ၎င်းတို့ကို သာမန်လူများက နားထောင်ချင်သော်လည်း မင်းမျိုးမင်းနွယ်များသာ နှစ်သက်ခံစားနိုင်ခဲ့ကြတာမျိုး ရှိတတ်လေသည်။ 


အခုတော့ စင်ပေါ်ကို ရှင်းပြီးပြီ။ လူတွေက တစ်စုံတစ်ခု စီစဥ်နေတော့ ဖက်တီးက လှမ်းကြည့်ရင်း ပြောပြလေ၏။ 


"နောက်ကျမှ ရောက်တာထက် စောစော ရောက်တာ ပိုကောင်းတယ်... ကြည့်ရတာ ဒီနေ့လေလံပွဲ ရှိတယ်ထင်တယ်..."


"လေလံပွဲလား... ဘာကို လေလံတင်မှာလဲ" 


ဝူရှဲ့ စပ်စုလိုစိတ်နဲ့ မေးလိုက်သည်။ 


"ဒီနေရာမှာ ဘာကို လေလံတင်ရဦးမှာလဲ... ဒါက ပေကျင်းမှာရှိတဲ့ ယဉ်ကျေးမှုနဲ့ ဖျော်ဖြေရေးပစ္စည်းတွေ အတွက် အမြင့်မားဆုံးနေရာပဲ...ဒီနေရာနဲ့ ယှဥ်ရင် ဟောင်ကောင်မှာရှိတဲ့ Christie's ဆိုင်က လမ်းဘေးဆိုင် တစ်ဆိုင်ပဲ... ဒါပေမဲ့ ပမာဏက​တော့ အများကြီးပဲ... ပုံမှန်အားဖြင့်တော့ ငါတို့တွေအတွက်က သိပ်မမြင်ရဘဲ အဲဒါကို အနံ့ခံရုံ​လောက်ပဲ ရတာ... အဲဒီအဘွားကြီးဟော့လည်း ဒီနေ့ လေလံပွဲမှာ ပါဝင်ဖို့ ဒီကို ရောက်လာတာလို့ ငါထင်တယ်... တခြားအရာတွေကို မနှောင့်နှေးစေနဲ့နော်"


သူပြောတာကို နားထောင်ရင်းနဲ့ သူ့လေသံက ပြောင်းလဲသွားသလို ခံစားမိသည်။ ဖက်တီးရဲ့ ပေကျင်း ရုပ်ရှင်တွေက တစ်မျိုးပင်။ အခုသူ့လျှာက တစ်မျိုးဖြစ်လာသည်။ ဝင်လာတုန်းကထက်စာရင် ဝူရှဲလည်း သိပ်အဆင်မပြေတော့သလို ခံစားလာရသည်။  


ဒီစား​သောက်ဆိုင်​နဲ့ ဒီနေရာက ဒီလူတွေရဲ့ ဒီလို ပြင်းထန်တဲ့ အရိပ်အယောင်တွေ ရှိလေသည်။ အဓိက အကြောင်းအရင်းကတော့ ဒီနေရာကို ဝင်လိုက်တာနဲ့ မင်းကို လူတွေက မချီးမွမ်းခင် စဥ်းစားမှာက မင်းမှာ ပေကျင်းရဲ့ အနံ့အသက်တွေ ထွက်နေရဲ့လား ဆိုတာပါပဲ။ 


သူတို့သုံးယောက်ကို ပြတင်းပေါက်ဘေးမှာ ထိုင်ခိုင်းသည်။ ဝူရှဲ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ပန်းရောင်ရှပ်အင်္ကျီနဲ့ လူက အပေါ်ထပ်ကို တက်သွားတာကို တွေ့လိုက်ရသည်။ သူက ဝူရှဲတို့နဲ့ မတူတဲ့ အတန်းထဲမှာ ရှိနေပုံရ၏။ 


ဝူရှဲ အကဲခတ်နေတာတွေ့တော့ ဖက်တီးက မေးလာသည်။ 


"ဘာလဲ? သူ့ကို မြင်မြင်ချင်း ချစ်သွားတာလား?"


ဝူရှဲ့ ခေါင်းခါပြလိုက်သည်။ အကြောင်းပြချက်ကို မတွေးနိုင်ဘဲ ဒီလူကို ဘယ်မှာ တွေ့ဖူးလဲ ဆိုတာကို စဥ်းစားမရအောင် ဖြစ်နေ၏။ ပြန်သွားတဲ့အခါ သေချာစဉ်းစားရမယ်။ ဘေးနားက ဖက်တီးကတော့ လက်ဖက်ရည် အိုးတစ်လုံးကို ယွမ် ၁၈၀၀ နဲ့ ဝန်ဆောင်ခ 10% ပါတဲ့ လက်ဖက်ရည် တစ်ခွက်ကို သောက်နေသည်။ 


ဖက်တီး လက်ဖက်ရည် အရသာကို မကြိုက်ချေ။ သူက ဒါဟာ ကြင်ယာတော်ယန်ရဲ့ တံတွေးအတိုင်းပဲလို့ ပြောလိုက်လေသည်။ 


တစ်ဖက်မှာတော့ မျက်နှာသေက တည်ငြိမ်ပြီး အရည်အချင်း ပြည့်ဝသော ကိုယ်ရံတော် တစ်ဦးကဲ့သို့ပင်။ သို့သော် အကြောင်းတစ်ခုခုကြောင့် သူ့ကို ပိုကြည့်လေ သူတို့သုံးယောက်သည် သူဌေးကြီးအချို့၏ ကိုယ်ရံတော်များကဲ့သို့ ခံစားရလေလေ ဖြစ်သည်။


စကားစမြည်ပြောရင်း စောင့်နေမိရာက ဖရဲစေ့သုံးပန်းကန်ကို မသိလိုက်ဘဲ စားလိုက်မိသည်။ ကံကောင်းထောက်မစွာ ဖရဲစေ့တွေက အလကား ဝန်ဆောင်မှု ရထားတဲ့ အရာဖြစ်နေ၏။ တံခါးဝကို လှမ်းကြည့်လိုက်တော့ ဖက်တီးရဲ့ မျက်နှာမှာ ကြည့်မကောင်းတော့တာကို သတိထားမိလိုက်သည်။


ဝူရှဲ နည်းနည်း စိတ်မသက်မသာ ခံစားလာရပြီး တခြားနေရာကို လှမ်းကြည့်ရင်း ထူးဆန်းစွာနဲ့ သူ့ကို ဘာဖြစ်နေတာလဲလို့ မေးသည်။ 


"ဟေး... ဒီနေ့ကတော့ စိတ်ဝင်စားဖို့ ကောင်းလာပြီ"


"ဘာတွေ စိတ်ဝင်စားနေတာလဲ မင်း အလှ​လေးကို မြင်လိုက်လို့လား" 


ဝူရှဲ ပြန်မေးလိုက်သည်။ ဤနေရာ၌ လူလတ်ပိုင်း အမျိုးသမီး အနည်းငယ်မျှသာ မြင်နေရသော်လည်း သူမတို့အားလုံးက ကောင်းမွန်စွာ ထိန်းသိမ်းထားကြသူတွေပင်။ 


သူစကားပြောနေရင်းနဲ့ အပေါ်နဲ့အောက်က စားပွဲတွေမှာ ရှိတဲ့ လူတွေကို တစ်ချက် ကြည့်ခိုင်းလေသည်။ 


"ခုနက ငါဘယ်သူ့ကို တွေ့လိုက်လဲ သိလား"


"ဘယ်သူလဲ?"


"လျိုလီစွင်း" 


"လျိုလီစွင်းက ဘယ်သူလဲ ငါမသိဘူး"


"မင်းက ပေကျင်းကို မရောက်ဖူးတော့ မသိဘူးပေါ့....အဲဒါက အကောင်ကြီးပဲ သူ့မိသားစုက နိုင်ငံရပ်ခြားမှာ ရင်းနှီးမြုပ်နှံထားတဲ့ ကုမ္ပဏီတစ်ခု ရှိတယ်.... သူက ပြည့်တန်ဆာ ဖြစ်ခဲ့ဖူးပေမယ့် အကြောင်းတစ်ခုခုကြောင့် သူဌေးဖြစ်လာတယ်... သူ့​​​မိသားစုက ရတနာတွေနဲ့ ပြည့်နေတာ သာမာန်ပစ္စည်းတွေကို သူက လှည့်တောင် မကြည့်ဘူး... ပေကျင်းမှာ အကောင်းဆုံး ကုန်ပစ္စည်းတွေ ထွက်လာတိုင်း သူပေါ်လာတတ်တယ်... အခုလည်း သူပေါ်လာတယ်ဆိုတော့ ဒီမှာ သေချာပေါက် ပစ္စည်းကောင်း ရှိနေပြီ... သူ့ကိုမတွေ့ရတာ နှစ်နှစ် သုံးနှစ်လောက်ရှိပြီ....ကျစ် သူကဒီကို ဘာလို့လာတာလဲ"


ဖက်တီးက ဒီစကားကို ပြော​​နေတဲ့အခါ ထိုင်မရထမရဖြင့် နည်းနည်းလည်း ရှက်သွားတဲ့အတွက် ဝူရှဲ့ လှည့်ကြည့်လိုက်တော့ ဆံပင်ဖြူနေတဲ့ အသက်ခြောက်ဆယ်ကျော် လျိုလီစွင်းသည် လက်ထဲမှာ သစ်ကြားသီးနှစ်လုံးနဲ့ ကစားရင်း ဒုတိယထပ်ကို တက်လာတာ တွေ့လိုက်ရသည်။ 


ဖက်တီးက ဆက်ပြောသည်။ 


"ငါ ဒီကိုလာတဲ့ တစ်လမ်းလုံး ကြည့်နေတာ... သူတို့အားလုံးက ဒီလုပ်ငန်းမှာ ရှိတဲ့ လူတွေချည်းပဲ... ငါတို့ နေရာမှန်မှာ ရှိနေတယ် ဒီနေ့တော့ ကြည့်ဖို့ကောင်းတဲ့ ရှိုးတစ်ခု ရှိကောင်းရှိလိမ့်မယ်... ရာစုနှစ်တစ်ခုအတွင်း ရှားရှားပါးပါး ပစ္စည်းတစ်ခုခု ထွက်လာရင်တော့ ဖက်တီး ငါ သည်းမခံနိုင်​လောက်တော့ဘူး... ဒီနေ့ ဘယ်လို ရတနာတွေကို လေလံတင် ရောင်းချနေလဲ ဆိုတာ သိနိုင်ဖို့ လေလံလက်စွဲကို ရှာရတော့မှာပဲ..." 


သူတို့ရဲ့ အဓိကလုပ်ငန်းက အပျော်ကြည့်ဖို့ မဟုတ်ဘူးလို့ သူ့ကိုသတိပေးတော့မယ့် အချိန်မှာပဲ ဘေးနားက စားပွဲထိုးက တိုးတိုးလေး လာပြောလေသည်။ 


“မင်းတို့သုံးယောက်... အမျိုးသမီးဟော့ ရောက်လာပါပြီ... အပေါ်ထပ်ကို လာခဲ့ပါ”