(24) အချိန်ပြေး ဒီရေ
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar



Chapter (24)

အချိန်ပြေး ဒီရေ



အတိုချုံးပြောရရင် ပါးနိုင်ကို ပြန်ရောက်တာနဲ့ အစားအသောက် ကောင်းကောင်းစားပြီး အနီးနားက စူပါမားကပ်ကိုသွားရင်း ရေကူးဖို့ ပစ္စည်းတချို့ဝယ်လိုက်သည်။ ထို့နောက် အားကွေ့ကို ပြန်သွားပို့ခိုင်းကာ သူ့ဘာသာသူ ​ပြန်ထွက်လာခဲ့သည်။


ဝူရှဲ့ ဘက်စ်ကားထဲမှာ ထိုင်ရင်း အရမ်းစိုးရိမ်ပြီး နှလုံးသားကလည်း နာကျင်နေ၏။ ကားထဲ၌ ပေကျင်း လေယူလေသိမ်းနဲ့ စကားပြောနေတဲ့ ဖန်းမာရဲ့ အဝေးက ဆွေမျိုးကိုလည်း တွေ့လိုက်ရသည်။ မိမိမှာ အရာများစွာကို တွေးတောနေတာကြောင့် ဂရုမစိုက်မိသလို တစ်ဖက်လူကလည်း သူ့ကို မမှတ်မိပုံပါပဲ။ 


ဖန်းချောင်ချင်ဘက်ကို ပြန်ရောက်ပြီးနောက် ဝူရှဲ့ ဟိုတယ်မှာ ကြိုတင်စာရင်းသွင်းကာ ကိုယ့်ကိုကိုယ် ပြုစုစောင့်ရှောက်ဖို့ စတင်ခဲ့ရသည်။ ဒါ့အပြင် အရင်က ပစ္စည်းတွေ ဝယ်ဖူးပြီး လှည့်ကွက်တွေနဲ့ အခက်အခဲတွေကို သိတဲ့အတွက် ဖန့်ကျစ်ကို အရင်ခေါ်ရမည်။ သူက ဒီလုပ်ငန်းနဲ့ရင်းနှီးပြီး အထိရောက်ဆုံး လုပ်နိုင်သူ ဖြစ်သည်။ ဝမ်မောက်ကိုလည်း သူ့ကိုကူညီဖို့အတွက် လေယာဥ်နဲ့ ချက်ချင်း ပျံသန်းလာဖို့ မှာထား၏။ 


ဖန့်ကျစ်အား ပစ္စည်းလိုချင်သူက တခြားလူပါလို့ လိမ်ညာပြီး တောင်းလိုက်တာနဲ့ သူ သဘောတူလိုက်သည်။ ငါးရက်လောက် ကြာတော့ ဖန်းချောင်ချင်သို့ ငှားထားတဲ့ ပစ္စည်းနဲ့ လူတွေ ရောက်လာကာ ပါးနိုင်သို့ တိုက်ရိုက် ပို့ခိုင်းလိုက်သည်။ အကွေ့အကောက်များသော တောင်လမ်းသည် အလွန်မတ်စောက်၏။


ဝူရှဲ့သည် C ယာဉ်မောင်းလိုင်စင်ရှိသော ကားကိုသာ မောင်းနှင်နိုင်သည်။ ဤတစ်ကြိမ်တွင် အလွန် စိတ်လှုပ်ရှားဖွယ်ကောင်း သောကြောင့် ချောက်ကမ်းပါးပေါ်မှ အကြိမ်များစွာ ပြေးနေရသလိုပင် ခံစားလာရသည်။ ဝမ်မောင်သည် ကားထဲမှ ဆင်းလာသောအခါတွင် သူ့ခြေထောက်များ အားနည်းသွားပြီး ခွေလဲလုမတတ် ဖြစ်သွားသည်။ 


ပါးနိုင်မှာရှိတဲ့ လမ်းတွေအားလုံးက ကျောက်စရစ်ခဲ လမ်းတွေဖြစ်ပြီး နောက်ဆုံးလမ်းမှာ မိုးသည်းစွာ ရွာသွန်းတဲ့အတွက် ကားတွေ ပြောင်းခဲ့ရသည်။ ရွာထဲကို မဆွဲခင် လယ်ထွန်စက်သုံးစီးနဲ့ ပစ္စည်းတွေကို တင်ဆောင်ခဲ့ရသေးသည်။ အားလုံး အဆင်ပြေသွားပေမယ့် ပါးနိုင်ကရွာကို ပြန်ခြေချတဲ့အချိန်အထိ နှစ်ပတ်ကြာသွား၏။


မူလက ရွာအဝင်ဝမှာ အားကွေ့နဲ့တွေ့ဖို့ ချိန်းထားပေမယ့် ပစ္စည်းတွေ သယ်ဖို့ ရွာအဝင်ဝကို ရောက်တဲ့အခါ သူ အားကွေ့ကို ဘယ်မှာမှ မတွေ့ရချေ။ 


ထိုအချိန်တွင် ဝူရှဲ့မှာ မောပန်းနွမ်းနယ်နေပြီး အနည်းငယ် စိတ်အနှောက်အယှက် ဖြစ်မနေနိုင်လို့ ဝမ်မောင်အား ရွာအဝင်ဝတွင် ရှိသော အရာများကို ကြည့်ရှု​နေရန် မှာကြား၍ သူကတော့ အားကွေ့အိမ်သို့ သွားခဲ့သည်။ ဧည့်ခန်းနဲ့ ထမင်းစားဖို့သုံးတဲ့ အခန်းရဲ့ တံခါးကို အကြာကြီး ခေါက်​ကြည့်ပေမယ့် ဘာမှ တုံ့ပြန်မှု မရတဲ့အတွက် သူနေတဲ့ သစ်သား အဆောက်အဦကို သွားခဲ့ရသည်။ 


သစ်သား အဆောက်အဦ၏ တံခါးသည် ဤနေရာတွင် ယွင်ချိုင်နှင့် အခြားသူများ နေထိုင်သည့် နေရာဖြစ်ပြီး ဧည့်ခန်းက မီးဖိုချောင်နဲ့ မတွဲထားသောကြောင့် အလွန်သန့်ရှင်းသည်။ အခန်းတွေကလည်း ခရီးသွားတွေကို ငှားရမ်းပေး၏။ နံရံမှာ နှစ်သစ်ကူးပုံတချို့ ညီအစ်မနှစ်ယောက်ရဲ့ ဓာတ်ပုံရှိကာ နောက်ခန်းမှာ အားကွေ့ရဲ့ အိပ်ခန်း ဖြစ်သည်။ ​​ဒုတိယထပ်ကို တက်တဲ့ သစ်သားလှေကားလည်း ရှိသည်။ 


ဒီမှာ ရိုးရာဓလေ့တွေက ရိုးရှင်းပြီး တံခါးတွေကို သော့ခတ်မထားပေ။ အတွင်းခန်းတွေ အကုန်လုံးကို ကန့်လန့်ကာတွေနဲ့ ကာထားတတ်သည်။ ဝူရှဲ့ လှမ်းခေါ်ပြီး ဂရုတစိုက်နဲ့ ဝင်ကြည့်ရင်း အပေါ်ထပ်မှာ နှစ်ခါထပ်အော်ပေမယ့် ဘယ်သူမှမရှိသလို အိမ်ထဲကနေ ဘယ်သူမှ မတုံ့ပြန်ချေ။ 


ဝူရှဲ့ စိတ်ထဲမှ ကျိန်ဆဲလိုက်လေ၏။ ဒီအားကွေ့ဆိုတဲ့ လူကို သူ့ကိုစောင့်​နေဖို့ ချိန်းထားပေမယ့် ဘာလို့ ရှာမတွေ့တာလဲ။ သူ တောင်တွေထဲ ရောက်သွားသလား။ အဲဒါကနေ သူနဲ့ချိန်ထားတာကို မှတ်မိပြီး ဘယ်တော့ ပြန်လာမလဲ မသိနိုင်ပေ။ 


ထိုအချိန်တွင် ဝူရှဲ့သွေးများ ဆူပွတ်လာပြီး တစ်နေရာရာတွင် အလုပ်လုပ်နေချိန် သူ့အော်သံကို မကြားနိုင်တော့မည်ကို စိုးရိမ်သဖြင့် အပေါ်ထပ်သို့ အမြန်တက်ကာ လည်ချောင်းထောင်၍ ဆက်၍ အော်နေလေသည်။ 


ပထမထပ်နဲ့ ဒုတိယထပ်ကြားက ဝါးတံခါးလို တစ်စုံတစ်ခုကို ကြမ်းပြင်​ပေါ် တွန်းဖွင့်ပြီး အပေါ် ဆက်တက်သွားသည်။ အပေါ်က လူသွားလမ်း တစ်ခုရှိပြီး လူသွားစင်္ကြံရဲ့ အဆုံးက တစ်ဖက်က သစ်သားလသာဆောင် တစ်ခုဆီကို ဦးတည်နေသည်။ ဝါးပျဉ်နံရံက နည်းနည်းဟောင်းနေပြီး စွန့်ပစ်ထားတဲ့ သစ်သားအဆောက်အဦးကနေ ခွာယူထားပုံရလေ၏။ 


ဘေးတစ်ဖက် တစ်ချက်စီတွင် အခန်းတစ်ခန်းရှိပြီး တစ်ဖက်တွင် ကန့်ထားသော ဘောင်များနှင့် ပြည့်နေသည့် အခန်းတစ်ခန်း ရှိသည်။ ထိုလူသည် တကယ်မရှိဘူးဟု ထင်လာရသည်။


ဝူရှဲ့ စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ ဒေါသထွက်စရာတော့ အကြောင်း မရှိပါဘူး။ ဒီအခိုက်အတန့်မှာ ဒီတံခါး နောက်ကွယ်မှာ သူ့သားနေထိုင်တယ်လို့ အားကွေ့ ပြောခဲ့တဲ့ အခန်းက ဝူရှဲ့အတွက် ရုတ်တရက် ထူးဆန်းသွားသည်။ 


သူ့သားက လူတွေကို တစ်ခါမှ ထွက်မတွေ့ဘူးလို့ ပြောဖူးသည်။ သူ့မှာ မသန်မစွမ်း ဖြစ်နေလို့ဆိုရင် ဒီနေ့ သူ့ကိုဘာလို့ ဒီမှာ မတွေ့ရတာလဲ။ ဝူရှဲ့ မသိချင်ယောင် ဆောင်မနေနိုင်ဘဲ တံခါးအတွင်းမှ အက်ကွဲရာကို လှမ်းကြည့်လိုက်တော့ နံရံမှာ ချိတ်ဆွဲထားတဲ့ အရာတွေ အများကြီးကို မြင်နေရသည်။ သူတို့က စာရွက်အပိုင်းအစတွေလို့ ထင်ရကာ အဲထဲမှာ ဘယ်သူမှ မရှိပေ။ နေ့စဥ် အသုံးအဆောင်တွေကိုတော့ မတွေ့ရတော့ဘဲ အကုန်လုံး လွတ်နေ၏။ 


ထူးဆန်းလှသည်။ သူ့သားက ဒီလိုအခန်းမှာ အိပ်နေတာလား။ ဒီအခန်းကို ဘာကြောင့် ပိတ်ထားသလို ဖြစ်နေတာလဲ။ တံခါးကို တွန်းဖွင့်ပြီး အနီးကပ် ကြည့်ချင်ပေမယ့် အထဲမှာ သော့ချိတ်တစ်ခုရှိနေသလိုမျိုး လုံးဝ ရွေ့မသွားပါဘူး။ ဝူရှဲ့မှာလည်း ဒီအကြောင်းကို စဉ်းစား​နေဖို့ အချိန်မရှိတာကြောင့် သိချင်စိတ်ကို ဖျောက်ပြီး အောက်ထပ်ကို ဆင်းကာ အိမ်နီးနားချင်းများကို မေးကြည့်တော့ သူတို့က အားကွေ့ ပေါ်မလာတာ ကြာပြီလို့ ပြောပါ၏။ 


လွန်ခဲ့တဲ့ နှစ်ပတ်က တောင်ပေါ်ကို သူတက်သွားခဲ့သည်။ သို့သော် အားကွေသည် ဧည့်သည်များကို လာကြိုရန် မြို့ပြင်သို့ မကြာခဏ ထွက်ရသောကြောင့် ၎င်းတို့လည်း သေချာမသိ။ မိုးသည်းထန်စွာ ရွာနေတာကြောင့် သူ့သမီးငယ်လေးက သူ့အဘိုးရှိတဲ့ အနီးနားက ရွာကို သွားတယ်လို့ ဆို၏။ 


လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဆိုရင် ဝူရှဲ ဒီကနေ ထွက်သွားတုန်းက အချိန်ပါပဲ။ ဒါကြောင့် တောင်ပေါ်ကို ပြန်ပြီးနောက် ထွက်လာ​ကြိုဖို့ ပြောခဲ့တာတောင် မမှတ်မိတော့တာ ဖြစ်နိုင်ပါသည်။ 


ဒါကြောင့် ဝူရှဲ့ကိုယ်တိုင် ငွေပေးချေပြီး ရွာသားအနည်းငယ်ကို အားကွေ့ကို အရင်ရှာဖို့ တောင်းဆိုလိုက်သည်။ တချို့ကိုလည်း ဝမ်းမောင်ကို အရင် သွားကြည့်ခိုင်းခဲ့သည်။ နောက်တော့ အိမ်နီးနားချင်းရဲ့ အကူအညီနဲ့ တောင်ပေါ်တက်နိုင်တဲ့ လမ်းပြကို ရှာပေးဖို့ တတ်နိုင်သလောက် အကူအညီတောင်းခဲ့သည်။ စက်ပစ္စည်းတချို့နဲ့ တောင်ထဲကို ရောက်သွားတော့ အားကွေ့က ထွက်လာပြီး ပစ္စည်းသယ်မယ့်လူကို ရှာလိုက်သည်။ 


ဝူရှဲ့ မေးလိုက်တော့ အားကွေ့ သူ့ကို လာမကြိုတဲ့ အကြောင်းအရင်းကို ပြောပြသည်။ သူ ထွက်သွားပြီးနောက် ရက်အတော်ကြာအထိ မိုးရွာနေခဲ့ရာ တောင်တွေ ရွှံ့တွေက သွားလာလို့မရအောင် ဗွက်တွေ ပြည့်နေခဲ့သည်။ ယခု တောင်ပေါ်သို့ လူတစ်ဒါဇင်ကျော်ဖြင့် တက်သွားခဲ့ကာ တောင်တက်သွားသူတွေထဲက ကျန်သူများမှာ တောင်ပေါ်တွင် ပိတ်မိနေဖွယ်ရှိသည်။


ဒါက တကယ်ကို မထင်မှတ်ဘဲ ဆုံးရှုံးခဲ့ရတာပင်။ ဒါပေမဲ့ သိပ်စိတ်မပူဖို့ အိမ်နီးနားချင်းက အားကွေ့ကို ရေကန်မှာ ရှိနေသရွေ့ မိုးရေထဲမှာ အန္တရာယ်ကြီးမှာ မဟုတ်ဘူးလို့ ဆိုလေသည်။ အခု တောင်ပေါ်ပြန်တက်ချင်ရင်တော့ အနည်းဆုံး တစ်ပတ်လောက်တော့ စောင့်ရမှာ။ မိုးမရွာရင် ဒီလိုရာသီဥတုမျိုးမှာ မုဆိုးက ကူညီချင်စိတ် မရှိဘူးလေ။ ပိုက်ဆံအကြောင်းလည်း ပြောလို့မရ။ 


ဧည့်သည်တချို့ တောင်ပေါ် တက်သွားပြီး တစ်ပတ်လောက်ကြာတော့ အားကွေ့လည်း တစ်ခုခုတော့ မှားနေပြီလို့ တွေးလိုက်မိသည်။ သူတို့ဟာ ရိက္ခာတွေ နှစ်ပတ်လောက် ရှိပြီမလို့ ပြတ်သွားလောက်ပြီ။ အားကွေ့က အမဲလိုက်နိုင်ရင်တောင် အမဲလိုက်ဖို့ အခွင့်အလမ်း မရှိတော့ဘူးလို့ ထင်ပါ၏။ အကြောင်းမှာ ဤမျှ မိုးသည်းထန်စွာ ရွာသွန်းမှု အောက်တွင် သားကောင် ရှာဖို့က ပြဿနာရှိသေးသည်။


တကယ်တော့ သူတို့ ဆက်ထိန်းထားနိုင်ရင်တောင် နောက်ထပ် တစ်ပတ်လောက်အထိ စောင့်နေလို့ မဖြစ်ချေ။ ဒါနဲ့ တစ်သက်လုံး ပိုက်ဆံလိုချင်တဲ့လူကို ရှာဖို့ ကြိုးပမ်းရာမှ ဝူရှဲ့ သုံးဆလောက် ဈေးကြီးပေးခဲ့သည်။ နောက်ဆုံးတော့ အိမ်နီးချင်းက မေးခွန်းတွေကြောင့် စိတ်ဆိုးသွားပြီး အခုလို ရာသီဥတုမျိုးမှာ သွားရဲတဲ့သူ တစ်ယောက်ပဲ ရှိတယ်လို့ ပြောပြသည်။ ၎င်းက တောင်တွေထဲကို သွားရဲတဲ့ ဖန်းမာပင်။