(20)ရေကန်အောက်သို့
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar



Chapter (20)

ရေကန်အောက်သို့



သူတို့ထဲမှာ မျက်နှာသေ၊ ဖက်တီးနဲ့ ဝူရှဲ့က နည်းနည်းတော့ ရေကျွမ်းကြသည်။ အားကွေ့က ရေကူးတတ်ပေမယ့် များသောအားဖြင့် သူတို့က ချောင်းတွေထဲမှာနေပြီး အချိန်အကြာကြီး ရေငုပ်တတ်တဲ့ အလေ့အထ မရှိတဲ့အတွက်ကြောင့် အကူအညီ သိပ်မဖြစ်မှာကို ကြောက်ရသည်။ ယွင်ချိုင်က ရေငုပ်အား အရမ်းကောင်းပေမယ့် သူမမှာ ရေကူးဝတ်စုံ မရှိပေ။ သူမကို စွပ်ကျယ်လေးနဲ့ ရေငုပ်ခိုင်းဖို့ အဆင်မ​ပြေဘူး မဟုတ်ပါလား။ 


အသက်ဘယ်လောက်ကြာကြာ ထိန်းထားနိုင်တယ်ဆိုတာ ပြောဖို့ခက်ပါသည်။ အဆုတ်ကြီးတဲ့ လူက ရေထဲမှာ ငါးမိနစ်ကြာအောင် အသက်ရှုနိုင်တယ်လို့ ပြောကြပေမယ့် အရမ်းကြီး ရေအောက်ကို ငုပ်လာတဲ့အခါ ခံစားရတဲ့ ဖိအားက အများကြီးပင့။ ယေဘူယျအားဖြင့် အသက်ကို သုံးမိနစ်လောက်သာ ထိန်းထားနိုင်ကာ ဒီအကြောင်းအရာက ဟာသ မဟုတ်ချေ။ 


ရေထဲဆင်းတဲ့အခါ ရေတိမ်တဲ့ နေရာမှာ အရင်ဆုံး သေချာစမ်းသပ်ရမှာဖြစ်ပြီး ပြဿနာက ရေယက်တွေ မပါတဲ့အတွက် ရေငုပ်ရတာ နှေးကွေးမယ်လို့ ဖက်တီးက ပြောပါသည်။ အောက်ခြေသို့ မရောက်မီတွင်ပင် လေကုန်သွားနိုင်သည်။


ဒါကိုတော့ ဝူရှဲ့လည်း ထောက်ခံတာကြောင့် ခေါင်းညိတ်လိုက်သည်။ တကယ်တော့ အလွတ် ရေငုပ်တာဟာ လက်ဗလာနဲ့ လုံးဝ သက်ဆိုင်တာ မဟုတ်ပါဘူး။ ရှီးရှားမှာရှိတုန်းက ရေလုပ်သားတွေက ပြောပြခဲ့ဖူးသည်။ ရေနက်ပိုင်းအထိ ရေငုပ်ခဲ့တဲ့အခါ အရေးကြီးဆုံးအရာက စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ဖြစ်သည်။ 


အထူးသဖြင့် ရေငုပ်သမားတွေ အားလုံးက ယောဂကျင့်ကြံ လေ့ကျင့်ထားသလို ဖြစ်ရမယ်လို့ ရေငုပ်သမား တော်တော်များများကလည်း ပြောဖူးပါ၏။ ရေနက်ပိုင်း၌ ပတ်ဝန်းကျင်သည် မည်းမှောင်နေလို့ ထိုအချိန်တွင် လူတိုင်း မသိစိတ်ကြောင့် ထိတ်လန့်သွားကြမည်။ ထိတ်လန့်နေချိန်တွင် ရေအောက်တွင် ငြိမ်သက်မနေနိုင်ဘဲ အလွယ်တကူ စိတ်ထိခိုက်သွားနိုင်သည်။ 


အလွန်အမင်း စိတ်လှုပ်ရှားလာသောအခါ အောက်ဆီဂျင် သုံးစွဲမှုသည် သိသိသာသာ တိုးလာမည်ဖြစ်ပြီး ထိတ်လန့်ကြောက်ရွံ့မှု မရှိပါက သင်သည် စိတ်ပိုင်းဆိုင်ရာအရ တိုက်ရိုက် အသက်ရှူနိုင်သည်။ ကံမကောင်းစွာပဲ ရှီးရှားဒေသရှိ ရေသည် တိမ်ပြီး ကြည်လင်လွန်းသောကြောင့် ခံစားချက်က အနည်းငယ် စိတ်သက်သာသည်။ ယခုနေရာက ကြည်လင်သည် မခံစားခဲ့ရပေ။ အမှန်တကယ် ကြုံတွေ့ပါက မည်သို့မည်ပုံ ဖြစ်မည်ကို မသိပါ။


သို့သော် အလွတ်ရေငုပ်ခြင်းသည် စက်ကိရိယာအတွက် မလိုပေ။ ဥပမာအားဖြင့် ဖက်တီး မေးသည့်မေးခွန်းအတိုင်း သူတို့၏ ရေငုပ်နှုန်းကို အရှိန်မြှင့်ရန်အတွက် ကျောက်တုံးများကို အသုံးပြုရန် လိုအပ်ပါသည်။ ဒီရေကန်ဟာ အရင်က အရမ်းနက်နေပေမယ့် နှစ်တွေအတွင်း ရေမျက်နှာပြင်ဟာ မီတာငါးဆယ်ကျော် ကျဆင်းသွားခဲ့တာတော့ သေချာပါ၏။


အသေးစိတ် အချက်အလတ်အချို့ကို ဆွေးနွေးခဲ့ကြပြီး သုံးဦးစလုံး အလွန်စိတ်လှုပ်ရှားလာခဲ့ကြသည်။ နောက်တစ်နေ့ နေမထွက်ခင်မှာ ဝူရှဲ့ စောစောထပြီး မနေ့က သူ့ရဲ့ အထင်အမြင်တွေကို အတည်ပြုဖို့ ကမ်းစပ်မှာ နောက်ဆုံး ရှာဖွေမှုတွေ လုပ်ခဲ့သည်။ ကန်တစ်ဝိုက်တွင် မြူခိုးအလွှာများ ရှိနေသော်လည်း ယွင်ချိုင်က စောစောထပြီး နံနက်စာ ချက်ပြုတ်လေ့ရှိကြသည်။ ဖက်တီးက သူတစ်ယောက်တည်းနဲ့ ဆယ်ခွက်သောက်နိုင်ပေမယ့် ယွင်ချိုင်ရဲ့ ဂျုံယာဂုက အရသာ မရှိဘူးလို့ တစ်စက်ကလေးမှ မငြိုငြင်ပေ။ 


မနက်စာ စားပြီးသောအခါ ဖက်တီးသည် ခွေးများကိုခေါ်၍ အလောင်း သဲလွန်စများ လိုက်ရှာရန် ထွက်သွားခဲ့သည်။ ခွေးများကို ကျီစားပြီး "အရိုးရှာ... အရိုးရှာပါ..." ဟူသော စကားလုံးကို သီချင်းလို လုပ်ဆိုနေသည်။ အရိုးတွေ့ရင် ခွေးတွေနဲ့ ညှိပေးမယ်လို့ ဆိုပေမယ့် ခွေးက ရေကန်ထဲကိုသွားပြီး ဆော့ကစားနေကာ သူ့ကို လုံးဝ လျစ်လျူရှုထားခဲ့သည်။ 


နေထွက်ချိန်ရောက်မှ အချင်းချင်း ပြန်လှည့်ကြည့်တော့ ဘာသဲလွန်စမှ မတွေ့နိုင်​တော့ဘူး ဆိုတာ သေချာသွားတော့သည်။ သူတို့ အတူတူ ရေထဲဆင်းဖို့ ဆုံးဖြတ်ပြီးလိုက်သည်။ နေ့ခင်းအချိန်က ရေနည်းနည်းပူလာသလို အလင်းရောင်လည်း အနည်းငယ် ရှိလိမ့်မည်။ မနေ့က စီစဉ်ထားတဲ့အတိုင်း ကြိုးရှည်ဖြင့် ရေပေါ်ဖောင်လေးတစ်ခုကို စတင် လုပ်ဆောင်ခဲ့သည်။ သင့်တော်သော အလေးချိန်ရှိရန် ကျောက်အနည်းငယ်ကိုလည်း ထည့်ထား၏။ 


အားကွေ့နဲ့ ယွင်ချိုင်တို့သည် ကောက်ရိုးကြိုးကို အတိမ်အနက်ကို တိုင်းတာရန် အသုံးပြုနိုင်အောင် ကျောက်တုံးဖြင့် တွဲချည်ကာ ကူညီပေးခဲ့သည်။ အတိမ်အနက်က မခန့်မှန်း နိုင်သေးတာကြောင့် ကြိုးက တတ်နိုင်သမျှ ရှည်သင့်သည်။ ဖက်တီးသည် တံစဉ်ဖြင့် မြက်ရိုင်းများကို အခြောက်လှန်း၍ ဖြန့်ထားသော်လည်း မြက်အားလုံးက ကျစ်ဆံမြီးအတွက် မသင့်လျော်သလို အများစုမှာ အသုံးမဝင်ပေ။


မျက်နှာသေနဲ့ ဝူရှဲ့က မသေမျိုး စားပွဲရှစ်ခု အရွယ်အစားရှိ ရေပေါ်ဖောင်ငယ် နှစ်ခုကို ကျစ်ထားသော ကြိုးများကို အသုံးပြုကာ ချည်နှောင်ကြသည်။ ပေါင်အရွယ်ရှိ ကျောက်တုံးများကို တွေ့ရှိပြီး ကျောက်ဆူးကြိုး ပြုလုပ်ရန် ကောက်ရိုးကြိုးများဖြင့် ချည်ထားသည်။


ကောက်ရိုးကြိုးသည် အလျား ၃ ခုဖြင့် ကျစ်ထားပြီး ဆယ်မီတာခန့်သာ ရှည်သည်။ အံ့သြစရာကောင်းသည်မှာ တစ်မနက်တည်းတွင် လူနှစ်ဦးသည် ထိုသို့သော အောင်မြင်မှုမျိုးကို ကောင်းစွာ လုပ်ဆောင်နိုင်ခဲ့၏။ အလုပ်က အလွန်ကြမ်းတမ်းသော်လည်း ဝူရှဲ့ ဂရုမစိုက်ပါ။ ဒါ့အပြင် မျက်နှာသေက သူ့လက်ထဲကနေ ယူယူလုပ်သွားတာက မြန်ဆန်လှသည်။ နာရီအနည်းငယ်ကြာအောင် ထိန်းထားနိုင်သရွေ့ အဆင်ပြေပါ၏။ 


ထို့အပြင် ဖက်တီးသည် နိုင်လွန်အိတ်ကို ဖြတ်ပြီး အတွင်းဘက် နိုင်လွန်ချည်ကို ဆွဲထုတ်ကာ ကွိုင်တွင် ချည်နှောင်ထားသည်။ အတိမ်အနက်ကို သိရှိနိုင်စေရန် ကျောက်ဆူးငယ် တစ်ခုအဖြစ် ကျောက်တုံးငယ်တစ်ခုကို ချည်နှောင်လိုက်သည်။


အဆင်သင့် ဖြစ်ပြီးနောက်မှာ ပစ္စည်းတွေအားလုံးကို ရေပေါ်ဖောင်ပေါ်မှာ စုပြီး တင်လိုက်သည်။ ဘောင်းဘီရှည်ကို ချွတ်ပြီး အတိုများဖြင့် ရေကန်ထဲကို ဖြည်းညှင်းစွာ လျှောက်သွားခဲ့၏။ မျက်နှာသေရဲ့ အတွင်းခံကို ဖက်တီးက ဝယ်ယူပေးခဲ့တာ ဖြစ်ပြီး ၎င်းပေါ်တွင် ကြက်နှစ်ကောင်ပုံ ပါရှိသောကြောင့် ယွင်ချိုင်မှာ ပြင်းထန်စွာ ရယ်မောရင်း မူးလဲလုနီးပါး ဖြစ်သွားခဲ့သည်။


နေ့လည် နှစ်နာရီခန့်ရှိနေပြီ။ ကန်၏မျက်နှာပြင်သည် အေးနေသေးသောကြောင့် ရေရှင်နှင့် ချိတ်ဆက်ထားလိမ့်မည်။ နေရောင်နဲ့ အပူချိန် ကွာခြားချက် ကြီးကြီးမားမား မရှိရင် ရေထဲဆင်းတဲ့အခါ ကြွက်တက်တာတွေတောင် ဖြစ်နိုင်ပါ၏။ 


ရေထဲကို တလမ်းလုံး နင်းလျှောက်လာရင်း ခြေထောက်အောက်က ရေအရောင်ဟာ မကြာခင်မှာပဲ မည်းမှောင်လာသည်။ ဝူရှဲ့မှာ အောက်ခြေကို မမြင်ရ​တော့တဲ့အခါ အမြဲတမ်း မလုံခြုံသလို ခံစားရ၏။ ထိုခံစားချက်က လျှပ်တစ်ပြက်အတွင်း သူ့ခေါင်းထဲ ဖြတ်သန်းသွားခဲ့သည်။ ရေကန်က ကြီးကြီးမားမား မဟုတ်တဲ့အတွက် ကန်လယ်ခေါင်ကို ခဏလေးအတွင်း အမြန်ရောက်သွားတော့သည်။ 


ရေကန်၏ လေနုအေးသည် အလွန်အေးမြပြီး နွေရာသီအပူပင် လုံးလုံး ပျောက်ကွယ်သွား၏။ ရေကန်၏ အလယ်ဗဟိုတွင် ခန္ဓာကိုယ် ဟန်ချက်ညီစေရန် ရေထဲမှာ ကိုယ်ဖော့ရန် ခွန်အားပိုမိုလိုအပ်သည်။ ဖက်တီးက မျက်နှာကို လက်နဲ့ သုတ်ပြီး မေးလေသည်။ 


"လှေဦးစီး ငဒူလေးဝူရှဲ့... အရင်ဆုံး ဘာလုပ်ချင်တာလဲ "


“ရေအနက်ကို အရင်တိုင်းမယ်” 


ဖက်တီးသည် ကျောက်တုံးငယ်များဖြင့် ချည်ထားသော နိုင်လွန်ချည်ကြိုးကို ကောက်ယူပြီး ရေထဲသို့ ပစ်ချလိုက်သည်။ ကျောက်တုံးသည် ပိုးချည်မျှင်ကို ဆွဲထုတ်ကာ တဖြည်းဖြည်း နစ်မြုပ်သွားကာ ကြိုးက ဖက်တီးလက်ထဲတွင် လှည့်ပတ်နေလေသည်။ မကြာမီတွင် ချည်မျှင်မျှသာမြင်ရပြီး ကျောက်တုံးသည် အမှောင်ထဲသို့ နစ်မြုပ်သွား​တော့သည်။


တစ်မိနစ်ကျော်ကြာအောင် စောင့်ဆိုင်းပြီးနောက် ဖက်တီးသည် ချည်၏အဆုံးကို ချိုးဖျက်လိုက်ပြီး အလှည့် အရေအတွက်ကို ရေတွက်ကြည့်တဲ့အခါ နောက်ဆုံးတွင် ရေအနက်မှာ ၃၃ မီတာကျော်သည်ဟု ဆုံးဖြတ်ခဲ့သည်။ 


ဝူရှဲ့လည်း အေးစက်တဲ့ လေကို ရှုရှိုက်လိုက်မိသည်။ ဒါက မျှော်မှန်းထားတာနဲ့ တူပေမယ့် ကြားလိုက်ရတော့ လူက အေးစက်သွားတုန်းပင်။ ဒါက အနက်ရှိုင်းဆုံးနေရာ မဟုတ်​သေးသလို သေချာပေါက် အမှန်တကယ် ရေကန်အလယ်က အနက်ရှိုင်းဆုံး နေရာလည်း မဟုတ်သေးချေ။ 


"သုံးဆယ့်သုံးမီတာ... သောက်ကျိုးနည်းပြီ ငါတို့ ဆယ်ထပ်ထက် ပိုနက်တဲ့ နေရာအထိ ရေငုပ်ရမှာဟ!"


ဝူရှဲ့လည်း: "မီတာသုံးဆယ်ကျော်လို့ ကြားလိုက်တာနဲ့ ငါလည်း ငါ့ကိုငါ ရာထူးအချခံလိုက်ရတဲ့ လူလို့တောင် ခံစားလာရတယ်... ဒါက ဆယ်ထပ်တိုက်ကြီးနဲ့ တူတယ်ကွ... ငါတစ္ဆေ ကြောက်တယ်"


သူတို့နှစ်ယောက် အဲဒါကိုပြောနေတုန်း မျက်နှာသေက သူ့နားရွက်သူ ရွှံ့နဲ့ပိတ်နေပြီ။ ဝူရှဲ့လည်း သူ့နည်းအတိုင်း လိုက်လုပ်ကာ ဖက်တီးကိုတော့ အပေါ်ကနေပဲ စောင့်ကြည့်ခိုင်းလိုက်သည်။ ဖက်တီးက ဝတာတောင် အရင်ဆင်းမကြည့်သင့်ပေ။ သူမပါဘဲ တစ်ကြိမ်တည်း ပြီးအောင်ကြိုးစားရမယ်။ ဒီလိုတွေးပြီးတာနဲ့ ကောက်ရိုးကြိုးကို ခါးမှာချည်ပြီး တံစဉ်နဲ့ ပလပ်စတစ်အိတ်ထဲက ဓာတ်မီးကို ယူကာ မျက်နှာသေကို မျက်စိမှိတ်၍ အချက်ပြလိုက်သည်။


ထို့နောက် အသက်ပြင်းပြင်း ရှူလိုက်သည်။ အောက်ဆီဂျင် ကန့်သတ်ချက် ပြည့်သွားတဲ့အခါ ဖောင်ပေါ်ကနေ ကျောက်တုံးကို ရေထဲတွန်းချပြီး လူကိုယ်တိုင်လည်း ကျောက်တုံးနဲ့အတူ ရေထဲကို ဖြည်းဖြည်းချင်း နစ်မြုပ်သွားခဲ့သည်။ 


ရေငုပ်မျက်မှန် မပါတာကြောင့် အရာအားလုံးက မှုန်ဝါးဝါးနဲ့။ ဖက်တီးရဲ့ ခန္ဓာကိုယ်အောက်ပိုင်းနဲ့ ဖောင်ရိပ်ကို ယောင်ဝါးဝါးသာ မြင်ရပြီး ရေပေါ်မှာ နေရဲ့ ထီးဆောင်းမှုကိုလည်း မြင်နေရသည်။ ဒါပေမဲ့ မကြာခင်မှာပဲ အဲဒီမြင်ကွင်းတွေ ကွယ်ပျောက်သွားပြီး ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။ အောက်ကို ငုံ့ကြည့်လိုက်တော့ အနက်ရောင် ချောက်ကြီးတစ်ခု ရှိနေ၏။ မျက်နှာသေက ဓာတ်မီး ဝေ့ယမ်းရင်း ရေလင်းနို့လို သွက်လက်စွာ ကူးခတ်သွားတာကို မြင်နေရပါသည်။


ဝူရှဲ့လည်း ဒါက ကြာရှည်မခံဘူးလို့ ကိုယ့်ကိုယ်ကို ပြော​နေခဲ့သည်။ ပတ်ဝန်းကျင်က အလင်းရောင်ဟာ သိသိသာသာ ကျဆင်းလာပြီး တစ်ချိန်တည်းမှာပဲ ရေဖိအားတွေ ကြီးမားလာတာကြောင့် ဝူရှဲ့ခမျာ နားစည်နဲ့ ရင်ဘတ်တွေက အရမ်းမသက်မသာ ခံစားလာရပြီး အဆုတ်ထဲက လေကို ရှူထုတ်ဖို့ တွန်းအားပေး​နေခဲ့ရသည်။ 


မကြာမီတွင် သူ့ဓာတ်မီးသည် ရေအောက်မြင်ကွင်းကို လင်းထိန်သွား​စေကာ အစိမ်းရောင် ကျောက်တုံးတစ်တုံးကို သူ့ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့တာကို တွေ့လာရသည်။ ပို၍ နစ်မြုပ်လာတဲ့အခါ ရေအောက်ခြေက ပိုကြည်လင်လာပြီး ရေအောက်က ကျောက်တုံးတွေက သိသိသာသာ ပြန့်ကျဲမသွားလေရာ လျှောစောက် ရှိ​နေတာကို တွေ့လာရလေ၏။ 


ဒီအချိန်လောက်မှာ ဝူရှဲ့ အသက်ရှူမဝသလို ဖြစ်လာသည်။ လက်ပတ်နာရီကို ကြည့်လိုက်တော့ ရေထဲမှာ စက္ကန့်သုံးဆယ်လောက်သာ ရှိနေတာကို တွေ့လိုက်ရ၏။ သို့သော် သူ့နှာခေါင်းမှာ ဖိအားတွေတက်လာပြီး အသက်ရှုရခက်လာသည်။ 


ဟိုဘက်က မျက်နှာသေကတော့ ရေထဲငုပ်နေတုန်းပင်။ ခေါင်းပေါ်ကို မော့ကြည့်လိုက်တော့ ခပ်ဝေးဝေးမှာ ​နေထီးဆောင်းနေဆဲ။ မီတာသုံးဆယ်နက်သော မှောင်မိုက်သော နေရာကနေ ကြည့်လျှင် နေက ပန်းကန်လုံးအရွယ်သာ ရှိရာ လူကထိတ်လန့်ပြီး မထိန်းနိုင်​တော့ပေ။


ဒါကြောင့် တံစဉ်ကို ခါးကနေ ဆွဲထုတ်ပြီး ကိုင်ထားတဲ့ ကောက်ရိုးကြိုးကို ဖြတ်ဖို့ ကြိုးစားခဲ့သည်။ ရေစိမ်ထားတဲ့ ကောက်ရိုးကြိုးက အရမ်းကြမ်းလို့ နှစ်ကြိမ်ခန့် ဖြတ်​တောက်​ကြည့်ပေမယ့် ကောက်ရိုးရဲ့ တစ်ဝက်လောက်သာ ပြတ်သွားပြီး ကျန်တစ်ဝက်ကို ဖြတ်လို့ မရချေ။ 


ဝူရှဲ့ ချက်ချင်း ထိတ်လန့်လာပြီး စိတ်တည်ငြိမ်အောင် အသက်ပြင်းပြင်း ရှူဖို့ ကိုယ့်ကိုယ်ကို ပြန်ပြောင်းပြောခဲ့ပေမယ့် အသက်ရှုလိုက်တာနဲ့ ရေတစ်လုတ်လောက် အဆုတ်ထဲကို ဝင်သွားတာကြောင့် တကိုယ်လုံး တုန်ပြီး ချောင်းဆိုးလာခဲ့သည်။ နောက်ဆုံး သူ့အဆုတ်ထဲရှိ ရေကို ထိန်းထားပြီးနောက် ကြိုးတစ်ဖက်မှ တုန်ခါသွားကာ ကျောက်တုံးသည် အောက်ခြေသို့ ပြုတ်ကျသွားသည်။ 


ဝူရှဲ့ ကိုယ့်ကိုကိုယ် တည်ငြိမ်အောင် ကြိုးစားပြီး အောက်ကို ငုံ့ကြည့်လိုက်သော် ကမ်းစပ်က ကျောက်ဆောင်ကမ်းခြေလိုပဲ ကျောက်တုံးကြီးတွေနဲ့ ပြည့်နေတာကို တွေ့ရ၏။ သို့သော် ဤကျောက်များသည် နှစ်ပေါင်းများစွာ ရေစိမ်ထားပြီး ရေညှိအလွှာတစ်ခုဖြင့် ဖုံးအုပ်ထားသည်။ ထူးဆန်းသည်မှာ ဤကျောက်များသည် ယခင်က မြင်ဖူးသည့် ရေအောက်ခြေနှင့် မတူဘဲ လုံးဝ "သန့်ရှင်း" နေခြင်း ဖြစ်သည်။


ကျောက်တုံး ကမ်းခြေသည် အလွန်မတ်စောက်လေရာ သူ၏ "အလေးချိန်ခံကျောက်တုံး" သည် ကျောက်ကမ်းခြေရှိ ကျောက်တုံးအချို့တွင် ကပ်နေပြီး မတ်စောက်သော ကုန်းစောင်းမှ လျှောကျမသွားဘဲ ရှိ​နေသေးသည်။


အနက်က ဘယ်နှမီတာရှိပြီလဲ မသိပါဘူး။ တစ်ဖက်က မျက်နှာသေ နစ်မြုပ်နေတဲ့ နေရာဟာ သူ့လက်နှိပ်ဓာတ်မီး နစ်မြုပ်နေတာကိုပဲ မြင်နေရသည်။ 


အဆုတ်က လေတွေ ကုန်သွားပြီဖြစ်တာကြောင့် မကြာခင်မှာ မထိန်းနိုင်ဘဲ ရေရဲ့အောက်ခြေမှာ နစ်မြုပ်သွားတော့မည်။ ဒါက အခုလေးတင် အရေးတကြီး ခံစားရတဲ့ ရင်ဘတ်ကို ဖိထားတဲ့ ရေဖိအားကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သည်။ တွယ်ကပ်နေတဲ့ “အလေးချိန်ထမ်းကျောက်” ကို ရုတ်သိမ်းပြီး ကုန်းစောင်းပေါ်ကို ပစ်ချခဲ့သည်။


အလေးချိန်ရှိသော ကျောက်တုံးသည် လျှောကျသွားကာ သူ့ကိုပါ တွန်းလှဲပစ်၏။ လူက နောက်ထပ် ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာသို့ လိမ့်ဆင်းသွားသည်။ ကျောက်တုံးကမ်းခြေ၏ ကုန်းစောင်းသည် တဖြည်းဖြည်း ပျံ့လာခါမှ နှေးကွေးသွားကာ ကျောက်တုံးက တဖန်ရပ်တန့်သွားခဲ့သည်။


ဝူရှဲ့ ကြိုးကို ဆွဲကိုင်ပြီး နစ်မြုပ်သွားစဥ် ကျောက်တုံးကြီးကို မြှောက်လိုက်ချင်ပေမယ့် ရေထဲမှာ မိကျောင်းခေါင်းလို နက်ပြာပြာ အရိပ်အယောင်ကြီး ပေါ်လာတာကို ရုတ်တရက် တွေ့လိုက်ရသည်။ 


ရေအောက်က ဝူရှဲ့ရဲ့ အမြင်အာရုံဟာ အကြမ်းဖျင်းပဲ မြင်နိုင်ခဲ့ပြီး ဒီလိုအိုင်မျိုးမှာ ရေသတ္တဝါတွေရှိမယ် လို့ တွေးထားပြီးသားမလို့ ထပ်ပြီး ထိတ်လန့်မနေခဲ့ပါဘူး။ လက်နှိပ်ဓာတ်မီးကို တောက်ကြည့်လိုက်တော့ အရိပ်ဟာ တကယ်တော့ သစ်သားအဆောက် အအုံကြီးရဲ့ အစိတ်အပိုင်း ဖြစ်နေလေ၏။ ခြေဖဝါးမှာ ကြမ်းတမ်းတဲ့ မြောင်းဘောင်တစ်ခုသာ ပြိုကျနေတာကို တွေ့လိုက်ရသည်။ 


ဝူရှဲ့လည်း ကိုယ်နေဟန်ထားကို တည်ငြိမ်စေရန် ကြိုးကိုဆွဲကိုင်ကာ သစ်သား အဆောက်အအုံအနီးသို့ ဓာတ်မီးကို လှန်လိုက်ရာ ဤကဲ့သို့ သစ်သားအဆောက်အအုံဟာ တစ်ခုထက်မကဘဲ အနက်ရောင် အရိပ်အယောင် များစွာနှင့် ကြွေပြားမိုးထားသော အိမ်များ၏ အပျက်အစီးများပင် တွေ့နေရပါသည်။ ဤနက်နဲသောမြောင်း၏ ကုန်းစောင်းကို ငုံ့ကြည့်လိုက်တော့ ကျောက်လှေကားထစ်များနှင့် ခြံစည်းရိုးများ ရှိနေပြီး အားလုံးသည် ရေကန်ထဲ၌ တိတ်တဆိတ် နစ်မြုပ်နေကြ၏။


'အိုဘုရား.... ငါမြင်​နေရတာက ယောင် လူမျိုးတွေရဲ့ ရှေးကျတဲ့ရွာလား?'