(19) ဆိုက်ဖွန် သက်ရောက်မှု
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar



Chapter (19)

ဆိုက်ဖွန် သက်ရောက်မှု



ယွင်ချိုင်က မျက်နှာသေရဲ့ ဘေးမှာ ထိုင်နေသည်။ အဝေးကို ရောက်နေတာကြောင့် သူတို့ စကားပြောနေသလားတော့ မသိရပေ။ ဝူရှဲ့လည်း ဖက်တီးကို တည့်တည့်စိုက်ကြည့်ပြီး ပြောလိုက်သည်။  


"စိတ်မကောင်းစရာပဲ...သူကဖြင့် တခြားသူကို ချိန်နေပြီ"


ဖက်တီး: "မင်းလည်း အတူတူပဲ မဟုတ်ဘူးလား!"


ဝူရှဲ့ ဒေါသတကြီးနဲ့ ပြန်အော်လိုက်သည်။ 


"မင်းလောက် မဟုတ်ဘူး... ငါက မိန်းမငယ်လေးတွေကို စိတ်မဝင်စားဘူး" 


“ညီလေး မင်းက သစ္စာစောင့်သိတာပဲ... ငါမင်းကို ယုံကြည်တယ်” 


ပြောပြီး ဆန်အရက်ကို ဝူရှဲ့လက်ထဲ ထည့်​ပေးကာ အပေါ့သွားဖို့ ထသွား၏။ မကြာခင်မှာ အနောက်ကနေ ဆီးသွားသံကို ကြားလိုက်ရပြီး အတော်ကြာလေရာ ဘယ်လောက်ကြာကြာ အောင့်ထားလဲပင် မသိပေ။


ဝူရှဲ့သည် အားရပါးရ ရယ်မောထားတာကြောင့် မောဟိုက်နေပြီး အိပ်မပျော်နိုင်သေးချေ။ အဝေးက လရောင်အောက်မှ ရေကန်ကို လှမ်းကြည့်ရင်း ရုတ်တရတ် ဒီကို လာရတာ ကံကြမ္မာတစ်ခုလို့ ခံစားလိုက်ရသည်။ 


ဤနေရာရှိ ရေကန်များနှင့် တောင်တန်းများ၏ လှပသောရှုခင်းကို ကြည့်ရင်း ဒီလို​​​နေရာမှာ ထူးဆန်းတဲ့ အရာတစ်ခု ဖြစ်ခဲ့တာကို ဘယ်သူမှ တွေးမိလိမ့်မည် မဟုတ်ဟု သုံးသပ်မိလာသည်။ ကမ္ဘာပေါ်ရှိအရာအားလုံးသည် ရိုးရှင်းသော်လည်း လူတို့သည် အရှုပ်ထွေးဆုံးဟု ထင်ရသော အရာများကို ခုခံနိုင်သော်လည်း မလွတ်မြောက်နိုင်ပေ။


အလယ်အလတ် လူတန်းစားတွေက သူတို့ကိုယ်သူတို့ ဒုက္ခပေးနေတာတွေချည်းပါပဲ။ အထူးသဖြင့် လက်ရှိသူတို့လို လူတွေပင်။ ဝူရှဲ့ မျက်လုံးတွေကို မှိတ်ထားပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ အရင်က စိတ်အခြေအနေကို တွေးပြီး လက်ရှိ အခြေအနေတွေကို တွေးကြည့်တော့ နေရာတိုင်းမှာ လျှို့ဝှက်ဆန်းကြယ်မှုတွေ အများကြီး ကြုံတွေ့ခဲ့ရတဲ့ သူ့​ရဲ့ပုံရိပ်က တကယ့်ကို ရယ်စရာကောင်းတယ်လို့ ခံစားမိလာသည်။ 


ဖက်တီး တုန်တုန်ယင်ယင်နဲ့ ပြန်လှည့်လာသည်။ ယွင်ချိုင်က အဲဒီဘက်မှာ ထိုင်နေသေးတာကို မြင့်တော့။ 


“ဒါဆို ကောင်မလေးက အရသာမကောင်းလို့ ပြန်မလာသေးတာလား?"


ဝူရှဲ့: "ငါ့ကို မပြောနဲ့... အစ်ကိုလေးက ဒီလိုမိန်းကလေးမျိုးကို ကြိုက်တာလည်း ဖြစ်နိုင်တယ်... အခုဆို သူတို့နှစ်ယောက် အချစ်သင်္ကေတတွေ ဖလှယ်နေကြပြီပေါ့"


ဖက်တီး “ဒီကနေဆို အလုပ်မဖြစ်ဘူး သူတို့က ငါတို့နဲ့ အရမ်းဝေးလွန်းတယ် ရေကန်ထဲက ဘီလူး ဒါမှမဟုတ် တစ်ခုခု ထွက်လာပြီး ဆွဲထုတ်သွားရင် ငါ သူတို့ကို ကယ်နိုင်မှာ မဟုတ်ဘူး... သူတို့ကို ငါ ကာကွယ်ပေးရမယ်"


သူကပြောပြီး ကျော်တက်သွားလေ​သည်။ ဝူရှဲ့ သူ့ကို အမြန်ဖမ်းကိုင်လိုက်ရ၏။ အခု မျက်နှာသေရဲ့ အခြေအနေက သိပ်မကောင်းချေ။ သူ့စိတ်ထဲမှာလည်း ဒီလိုအချိန်မျိုးတွေ ကြုံဖူးတာမို့ လောလောဆယ် မျက်နှာသေကို တစ်ယောက်တည်း ထားခဲ့တာက ပိုကောင်းပါသည်။ ယွင်ချိုင်က ဘာမှ မပြောဘဲ ကောင်းကင်ကို သူနဲ့အတူ ကြည့်နေတာမျိုးလည်း ဖြစ်နိုင်ပါသည်။


ဖက်တီးက ထိုင်ကာ ဂရုတစိုက် နားထောင်ကြည့်သော် ဘေးနားရှိ ယွင်ချိုင်ရဲ့ သီချင်းဆိုသံကို ကြားလိုက်ရသည်။ ဖက်တီးနှင့် ဝူရှဲ့တို့ နှစ်ယောက်လုံး တိတ်ဆိတ် ငြိမ်သက်သွားကာ အားနည်းသော ယွင်ချိုင်သည် ယောင် လူမျိုးတို့၏ သီချင်းတစ်ပုဒ်ကို သီဆိုနေခြင်းပဲ ဖြစ်လေသည်။ 


ဘယ်သူကမှ စကားမပြောတော့ပေ။ ဝူရှဲ့ပင် ဒီကောင်မလေး ယွင်ချိုင်က တကယ်ချစ်ဖို့ကောင်းတယ်လို့တွေးမိပြီး ထိုင်ချလိုက်ကာ ကောင်းကင်ပေါ်က ကြယ်တွေကို ကြည့်ရင်း နားထောင်နေလိုက်၏။


တိမ်လွှာလေးတွေက ကောင်းကင်ကို ပျံ့လွင့်သွားတော့ ဝူရှဲ့ရဲ့ စိတ်ကလည်း အိုင်ရေပြင်လို မကြာခင်မှာ ငြိမ်သက် တိတ်ဆိတ်သွားခဲ့သည်။ ခံစားချက်မဲ့ သီချင်းသံတွေကြားထဲ ဝူရှဲ့ တိတ်တိတ်လေး တိုးဝင်သွားသည်။


ဝူရှဲ့ မှင်တက်သွား၏။ အချိန်ဘယ်လောက် ကြာသွားလဲမသိပေမယ့် သီချင်းဆိုသံက ရုတ်တရက် ရပ်တန့်သွားတာမို့ မျက်လုံးတွေကို ဇတ်ကနဲ ဖွင့်လိုက်သည်။ မျက်နှာသေက တစ်ဖက်မှာ မတ်တတ်ထရပ်ပြီး ရေကန်ကို ကြည့်နေသလို တစ်ဖက်က ခွေးတွေက ပျင်းရိငြီးငွေ့စွာ လဲလျောင်းရင်း ခေါင်းကိုမော့ပြီး တူညီတဲ့ဘက်ကို ကြည့်နေကြသည်။ 


ဖက်တီးက မျက်လုံးတွေကို မှိတ်ထားတုန်းပဲ။ အားကွေ့လည်း လန့်နိုးလာကာ ဖက်တီးကို ဝူရှဲ့ ရိုက်နှိုးလိုက်သည်။ လေပြင်းတွေ တိုက်နေတဲ့ ရေကန်ကို ဦးတည်လာနေတဲ့ ​ခြေသံတွေကို ကြားနေရလေသည်။ ၎င်းက ရေကန်၏ ရေတိမ်ပိုင်း၌ လမ်းလျှောက်၍ ကမ်းပေါ်သို့ တက်လာပုံရသည်။ 


ခွေးတွေအားလုံးက မတ်တပ် ထရပ်လိုက်သည်။ အဲဒီအမဲလိုက်ခွေးတွေကို ကောင်းကောင်း လေ့ကျင့်ပေးထားတာမို့ တစ်ကောင်မှ ကမူးရူးထူး ထမဟောင်ပါဘူး။ ဖက်တီးနဲ့ ဝူရှဲ့ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း အံကို ကြိတ်လိုက်သည်။ ဝူရှဲ့ တစ်ဖက်က ဓာတ်မီးကို လက်ညှိုးထိုးပြပြီး ဖက်တီးကို လက်ပြ၍ အချက်ပေးသည်။ ဒါပေမဲ့ အားကွေ့က သူတို့ကို အေးအေးဆေးဆေး ထိုင်ခိုင်းပြီး ငြိမ်သက်သွားအောင် သူ့လက်တွေကို ဝှေ့ယမ်းပြသည်။ 


“ဘာမှမဖြစ်ဘူး... တောရိုင်းတိရိစ္ဆာန် တစ်ကောင်က ရေကို လျှာနဲ့လျက်သောက်နေတာ ဖြစ်မယ်"


ဖက်တီး: "ဘယ်လိုအကောင်လဲ... တော်တော်ကြီးတဲ့ အသံပဲ"


အားကွေ့က သေနတ်ကို ကောက်ကိုင်လိုက်ပြီး အမှောင်ထုထဲကို ခြေဗလာနဲ့ ရွေ့လျားသွားကာ ဝူရှဲ့တို့ကို​လည်း ငြိမ်ငြိမ်နေဖို့ သတိပေးခဲ့သည်။ ယွင်ချိုင်က အဖေဖြစ်သူနောက်မှ လိုက်သွားရာ သူအမဲလိုက်တော့မယ် ဆိုတာကို သဘောပေါက်တဲ့ ဖက်တီးက ချက်ချင်း စိတ်ကြွလာသည်။ တစ်ဖက်မှာ ဝူရှဲ့ကလည်း လှမ်းကြည့်ချင်တာကြောင့် မီတာအနည်းငယ် အကွာထိ တိတ်တဆိတ် လိုက်သွားခဲ့သည်။ 


မျက်နှာသေ အနားကို လျှောက်သွားရင်း ရေကန်မှာ အခြေအနေအချို့ကို ရှာဖွေကြည့်သော်လည်း စိတ်ကူးယဉ်သားရဲကို လိုက်ရှာပေမယ့် ရှာမတွေ့ပါဘူး။ သားရဲက ရေသောက်တဲ့အခါ အသံအများကြီး ထွက်ထားပေမယ့် အရွယ်အစားက သိပ်မကြီးပါဘူး။ အသံကိုရှာဖွေရန် လက်နှိပ်ဓာတ်မီးများ သုံးတဲ့အခါ အသံသည် တိရစ္ဆာန်နှင့်မဟုတ်ဘဲ စည်းချက်ညီညီ ထွက်ပေါ်လာ​နေကြောင်း တွေ့ရပါသည်။


ဝူရှဲ့ "ဒါက သားရဲမဟုတ်ဘူး ဘာကောင်လဲ?"


“ဒီရေသံ” မျက်နှာသေက ဖြေသည်။ 


သူတို့ တစ်ယောက်ကိုတစ်ယောက် ရှုပ်ယှက်ခတ်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ကြသည်။ ဒီလို ရေကန်သေးသေးလေးမှာ ဒီရေရှိမှာလား။ ယနေ့ လက​ရော အထူးကြီးမား​နေသလား။ မော့ကြည့်လိုက်တော့ လကိုပင် ရှင်းရှင်းလင်းလင်း မမြင်ရအောင် တိမ်တွေ ဖုံးနေတာကို တွေ့လိုက်ရသည်။ 


အားကွေ့ သူ့သေနတ်ကို ချလိုက်ပြီး ရေကန်နဲ့ ရေလိုင်းနားကို လျှောက်သွားလိုက်သည်။ ရေတွေက ကမ်းခြေကို လှိုင်းတွေ ရိုက်သလိုမျိုး စည်းချက်ညီညီ စီးဆင်းနေပေမယ့် အသံက တိရစ္ဆာန်ရဲ့ လျှာသံက ကျယ်လောင်လွန်းလှသည်။ ယခုတော့ ရေက ကျောက်တုံးတွေကို ရိုက်ခတ်နေတာပဲ ဖြစ်လေတော့သည်။ 


ခြေဖဝါးအောက်က ကျောက်တုံးကမ်းခြေကို ကြည့်လိုက်တော့ ရေက ကျသွားပြီ။ ခြေဖဝါးအောက်မှာ အားလုံးက စိုစွတ်နေပြီး တိမ်တွေ မြူခိုးတွေ မြည်နေချိန်မှာတော့ ကန်ရဲ့ ရေမျက်နှာပြင်က အဆက်မပြတ် ကျဆင်းနေတာကို တွေ့လိုက်ရသည်။ ရေ စိုစွတ်ထားသော မျဉ်းမှစတင်ကာ ရေအစွန်းဘက်သို့ လမ်းလျှောက်လာရင်း အနည်းဆုံး ခြေလှမ်းတစ်ဒါဇင်ခန့်အထိ ရေပမာဏ သိသိသာသာ ကျဆင်းသွားသည်ကို တွေ့ရှိခဲ့ရသည်။


ဖက်တီး: "ဘာဖြစ်နေတာလဲ... ရေကန်ရဲ့ အောက်ခြေမှာ ယိုစိမ့်နေတာလား" 


ဝူရှဲ့သည် ပထဝီဝင်နှင့် အလွန်ရင်းနှီးပြီး ဤအရာသည် ပထဝီဝင်ဖြစ်စဉ် တစ်ခုဖြစ်ကြောင်း သိသောကြောင့် ရှင်းပြလိုက်သည်။


"ဒါက ဆိုက်ဖွန်သက်ရောက်မှာ ဖြစ်နိုင်တယ်" 


"အဲဒါက ဘာကြီးလဲ"


“ဒီရေကန်က မြေအောက်မြစ်နဲ့ ဆက်စပ်ပုံပဲ... အနီးနားမှာ ပိုကြီးတဲ့ ရေကန်ကြီးတစ်ကန် ရှိနိုင်တယ်... ဒီရေ ဒါမှမဟုတ် လေဖိအားဒဏ်ကြောင့် ဒီရေကန်က အဲဒီရေကန်ကြီးနဲ့ ဆက်စပ်နေတယ် ဥပမာ ရေကန်ငယ်နဲ့ ရေကန်ကြီးတွေက သံလိုက်နှစ်ခုလုံးလို ဆွဲငင်ထားရင် ဆိုက်ဖွန် အကျိုးသက်ရောက်မှုက လရဲ့ ဆွဲငင်အားကြောင့် ဖြစ်လာတတ်တယ်... လကလည်း ကြီးမားတဲ့ သံလိုက်အား တစ်ခုပဲ... အဲဒီရေကန်ကြီးမှာ ကြီးမားတဲ့ ဆွဲဆောင်မှုအား ရှိရမယ်...ဒါကြောင့် ရေကန်ကြီးနဲ့ အသေး အကြား ဖိအား ကွာခြားမှု ရှိလာတာ... အိုင်ငယ်ထဲက ရေကို အိုင်ကြီးထဲကို စုပ်ထုတ်ပြီး ကန်ငယ်လေးထဲက ရေပမာဏက လျော့သွားလိမ့်မယ်” 


ရှင်းပြရင်း ကောင်းကင်ကို မော့ကြည့်လိုက်တော့ တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားသည်။ ဤနေရာတွင် ဆိုက်ဖွန် အကျိုးသက်ရောက်မှု ရှိ၏။ ဒီရေကြောင့် ညတိုင်းတွင် ရေတက်လိုက် ကျလိုက်ဖြစ်နေရာ အလောင်းများကို မတွေ့နိုင်သည်မှာ အံ့သြစရာ မဟုတ်ပေ။ 


အလောင်းတွေတင်မကဘဲ ရေကန်ထဲက အရာအားလုံးကို ရေကန်ရဲ့အလယ်မှာ စုပ်ယူသွားမယ်ဆိုတာ အံ့ဩစရာ မဟုတ်ပေ။ ရေကန်ရဲ့အစွန်းမှာ ကျောက်တုံးတွေကလွဲလို့ ဘာမှမရှိဘူးလို့ ခံစားရစေလေသည်။ ဒီရေကန်ရဲ့ အောက်ခြေမှာ ကြီးမားပြီး မတ်စောက်နေသရွေ့ ဒီရေတက်လာတဲ့အခါ တွန်းချဖို့ ကျောက်တုံးတွေကို အသုံးမပြုရင်တောင် ကန်အလယ်က အနက်ရှိုင်းဆုံးမှာ စုနေကြလိမ့်မည်။ 


ဒီရေကန်က နက်လွန်းရင် ဒီတစ်ခါ လာရောက်စူးစမ်းတာက အလကားပဲလို့ ပြောလို့ရသည်။ 


ဒါပေမယ့် ပြန်တွေးကြည့်တော့ Freehand divers တွေဟာ မီတာတစ်ရာကျော်အထိ ရေငုပ်နိုင်တဲ့ ကျွမ်းကျင်မှုမျိုး မရှိပေမယ့် ကြီးကြီးမားမား ပြသနာတော့ မရှိသင့်ပါဘူး။ မီတာနှစ်ဆယ် သို့မဟုတ် သုံးဆယ်အနက်အထိ ရေကန်က အရမ်းမနက်ရင် ရေထဲသွားရှာလို့ ရသေးသည်။ ဒါပေမဲ့ ရေကျွမ်းကျင်တဲ့ လူတွေ​တော့ လိုလိမ့်မယ်။ 


ဒီကို တစ်ခါလာဖို့ မလွယ်ဘူး။ ဘာပဲဖြစ်ဖြစ် ရေကန်အလယ်ကို ကူးဖို့ မခက်ပါဘူး။


“မင်းတို့ ဘယ်လောက်ကြာအောင် အသက်အောင့်ထားနိုင်လဲ” 


ဝူရှဲ့ စဥ်းစားရင်း သူတို့ကို မေးလိုက်သည်။