(6)ကျွဲခေါင်းတောင်ကြား
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar



Chapter (6)

ကျွဲခေါင်းတောင်ကြား



ဝူရှဲ့တို့သည် တောင်ကြီးထဲကို ရှာဖွေရာမှာ ကူညီပေးချင်ပေမယ့် အားကွေ့က ပထမတော့ သဘောမတူတဲ့အတွက် မလိုက်ခင်မှာ ခက်ခက်ခဲခဲ ဆွေးနွေးခဲ့ရသည်။ အားကွေ့ရဲ့ သမီးငယ်လေးကို ယွင်ချိုင်လို့ခေါ်ပြီး အားကွေ့က သူ့သမီးကို ထပ်ကြပ်မကွာ လိုက်ခဲ့ဖို့ ပြောလိုက်သည်။ ရွာသားနှစ်ဆယ်ခန့်သည် မီးတုတ်များနှင့် ဓာတ်မီးများ ကိုင်ဆောင်ကာ မုဆိုးခွေးများနှင့်အတူ ကျွဲခေါင်းတောင်ကြား ဆီသို့ လျှောက်သွားကြသည်။


တောင်လမ်းတဝိုက်မှာ မှောင်မဲနေပြီး ပါးစပ်ကနေလည်းအော် တစ်ဖက်ကလည်း မုဆိုးခွေးတွေကို အဝတ်အစားတွေကို အနံ့ခံစေကာ လိုက်ရှာရ၏။ ဤနေရာ၌ တောတောင်ယာခင်းများ ခုတ်လှဲထားပြီးပြီ ဖြစ်တဲ့အတွက် ရှေ့ကလမ်းသည် သွားလာရ မခက်ခဲသော်လည်း ဤနေရာ၌ မိုးများထားသောကြောင့် တောင်များပေါ်တွင် ဗွက်အိုင်များနဲ့ တောင်မျော့များက အများအပြားရှိသည်။  


တပေါင် သစ်တောနယ်မြေကို မရောက်မချင်း လမ်းလျှောက်ရခက်လာပေမယ့် ဒီတောင်သူတွေ အားလုံးက မုဆိုးတွေဖြစ်ပြီး အတွေ့အကြုံကြွယ်ဝတဲ့အတွက် လမ်းလျှောက်ရတာ လုံးဝ မခက်ပါဘူး။ ဝူရှဲ့တို့ အတွက်ကတော့ ဒီတောင်တက်လမ်းဟာ ထမုထိုနဲ့ ယှဉ်ပြီး လမ်းလျှောက်နေရသလိုပါပဲ။ လူတစ်စုသည် တောင်ပေါ်သို့ နက်နက်နဲနဲ လျှောက်သွားခဲ့ကြသည်။


လမ်းလျှောက်ရင်း ကျွဲခေါင်းတောင်ကြား ဧရိယာမှာ ဘာတွေဖြစ်နေလဲလို့ ယွင်ချိုင်ကို မေးလိုက်သည်။ ဖန်းမာတစ်ယောက် အန္တရာယ်တစ်ခုခုနဲ့ ကြုံနေရတာများလား။ 


ယွင်ချိုင်က ရှင်းပြသည်။ 


"ဒါက တပေါင်သစ်တောဧရိယာနဲ့ ကျွန်မတို့ရွာရဲ့ သစ်တောကာကွယ်ရေး ဧရိယာကြားက နယ်နိမိတ်မျဉ်းပဲ.... သိုးခြေထောက်တောင်က တပေါင် သစ်တောဧရိယာမှာ... ကျွဲခေါင်းတောင်က သစ်တောကာကွယ်ရေး ဧရိယာထဲမှာ ရှိတယ်... အလယ်မှာ ကျွဲခေါင်းတောင်ကြား ရှိတယ်။ သိုးခြေထောက်တောင်ရဲ့ နောက်ကွယ်က တောနက်တောင်ဟောင်းကြီး.... အဲ့တောလယ်က တောကြီးထဲကိုတော့ လူတွေက တောင်ကြားထဲကို မဝင်ကြဖို့ ဆိုင်းဘုတ်တွေ ကပ်ထားတယ်လေ မုဆိုးဟောင်းတွေကလွဲလို့ သိုးခြေထောက်တောင်ထဲကို မသွားဖြစ်ကြဘူး.... သိုးခြေထောက်တောင် အနောက်က တောထဲကို ဘယ်သူမှ လိုက်သွားတယ်လို့လည်း မကြားမိပါဘူး”


သူမ စကားဆုံးတော့ အားကွေ့က ဝူရှဲ့အနောက်ကနေ လှမ်းပြောပြသည်။ 


"သိုးခြေထောက်တောင်က ရွာနဲ့ အနီးဆုံး တောင်ပဲ....ဒါပေမဲ့ အဲ့တောင်ကို အရင်းနှီးဆုံးသူက ဖန်းမာတစ်ယောက်တည်းပဲ ရှိတယ်...ရှေးခေတ်က ခြေကျင် ကုန်သည်တွေပဲ အဲ့အနောက်ဖက်က တောထဲကို လျှောက်သွားရဲတယ်လို့ ဆိုကြတယ်.... ရှေးခေတ် ဗီယက်နမ် လူတွေက အကောက်ခွန်ရှောင်ဖို့ တောထဲ လျှောက်လာကြတယ်တဲ့... သူတို့က ကျောက်စိမ်းရောင်းဝယ်ဖို့ ဒီနေရာမှာ တစ်လကြာလောက် လျှောက်သွားခဲ့ပေမယ့် အဲတောနက်ကြီးထဲမှာပဲ ပိတ်မိနေခဲ့တယ်...လူဘယ်နှယောက် ရှိလဲတော့ မသိဘူး”


ကျောက်စိမ်းကုန်သွယ်မှုသည် ဗီယက်နမ်နှင့် မြန်မာနယ်စပ်ရှိ ကျောက်စိမ်း ဂိုဏ်းများအကြား ရက်စက်ကြမ်းကြုတ်စွာ ရုန်းကန်နေရသည့် အမြတ်အစွန်း အရှိဆုံး၊ ရက်စက်ကြမ်းကြုတ်ပြီး လျှို့ဝှက်ဆန်းကြယ်သော ကူးသန်းရောင်းဝယ်ရေး ဖြစ်သည်။ ဤမျှကြီးမားသော အကျိုးစီးပွားများ၊ လူ့သဘော သဘာဝအတွက် နေရာမရှိပေ။


ဤနေရာသည် ကျောက်စိမ်း ရောင်းဝယ်မှုကြောင့် အချမ်းသာဆုံး နေရာနှင့် မဝေးလှကြောင်း သိသာစေသည်။ ပါးနိုင်မှ ကွမ်ရှီးမြို့မှ ကျောက်စိမ်း ကုန်သည်များအားလုံး ကွမ်တုံရှိ သူဌေးအချို့နှင့် အသေးအဖွဲ စီးပွားရေးကအစ လုပ်ကြသည်။ အထူးသဖြင့် ချင်မင်းဆက်ကာလအတွင်းမှာ ကုန်သည်တစ်ဝက်နဲ့ ဓားပြတစ်ဝက်လောက်ရှိတဲ့ ဗီယက်နမ်လူမျိုးတွေဟာ ဒေသတွင်းကို ထိခိုက်နစ်နာစေတဲ့ အစီအမံတွေနဲ့ ဝင်​ရောက်လာခဲ့ပါသည်။


ဒီလိုဖြစ်ရင် ဒီဗီယက်နမ်တွေ ယူလာတဲ့ ကျောက်စိမ်းတွေကို တောထဲမှာ အကြွင်းအကျန်တွေ အနေနဲ့ ရှာတွေ့နိုင်မလား ဆိုပြီး ဝူရှဲ့ တွေးမိလိုက်သေးသည်။ ယခုခေတ် ကျောက်စိမ်းတုံးများသည် အလွန်ရှားပါးပြီး ရှေးခေတ်က ကျောက်စိမ်း၏ အရည်အသွေးဟာ ယခုခေတ်ထက် များစွာ မြင့်မားနေပါသည်။ ဒါပေမဲ့ အဲဒီတုန်းက ဗီယက်နမ် ကျောက်စိမ်းတွေက သူတို့အသက်ထက် ပိုတန်ဖိုးကြီးခဲ့သည်။ အခုခေတ်မှာက ကြားဖြတ်ဖမ်းတာဟာ မတရားမှုကြီးနဲ့ မတူတော့ပေ။ 


ညနက်သန်းခေါင်မှာ မြောင်းထဲကို လျှောက်သွားကြစဥ် သွေးစွန်းနေတဲ့ အဝတ်အစားကို ဝတ်ထားတဲ့ အမျိုးသားက သစ်ပင်ကို လက်ညှိုးထိုးပြပြီး သစ်ပင်ပေါ်မှာ အဝတ်တွေ ကပ်နေတာကို တွေ့ရတော့ အော်ဟစ် သတိပေးလေသည်။ သစ်ပင်ရဲ့ ပင်စည်မှာ သွေးတွေ စီးကျနေတာကို မြင်နေရ၏။ အဲဒီအဝတ်အစားကို ပထမတော့ ဇီးကွက်တစ်ကောင်ကို တောကြောင်က သတ်ထားတယ်လို့ ထင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဲဒါက ထင်သလို မဟုတ်ဘူးဆိုတာ သိလိုက်ရသည်။


ကြေးနီဖုံးဓာတ်မီးသည် သစ်ပင်ပေါ် ထွန်းတောက် ကြည့်လိုက်သည်။ ဤကြေးနီဓာတ်မီးသည် အနည်းငယ်သာ အလင်းရောင်ပေးနိုင်သော်လည်း ၎င်းသစ်ပင်ပေါ်တွင် ရှိနေသောအရာက တခြားမဟုတ် ဖန်းမာရဲ့ အဝတ်အစားတွေပင်။ ဖန်းမာက သစ်ပင်ပေါ်တက်ပြီးနောက် သွေးစွန်းနေသော အဝတ်များကို ချန်ထားခဲ့သည်မှာ ထင်ရှားသည်။


ဖန်းမာဟာ အရင်တုန်းက သစ်ပင်တက်တာ ကျွမ်းကျင်ပေမယ့် အကြောင်းပြချက် မရှိဘဲ သစ်ပင်​ပေါ် တက်သွားဖို့ဆိုတာ ယုတ္တိနည်းအရတော့ မဖြစ်နိုင်​ပေ။ ဝူရှဲ့ ယွင်ချိုင်ဘက်ကို အဲဒီမှာ ဘာအကောင်တွေ ရှိတတ်လဲလို့ မေးလိုက်သည်။ ယွင်ချိုင်သည် ကျားများ ရှိကြောင်းကို ဟိုးရှေးရှေးကတည်းက ကြားဖူးသော်လည်း ယခု တောင်များတွင် အစွမ်းအထက်ဆုံး အရာမှာ ကျားသစ်ဖြစ်နိုင်သည်ဟု ဆို၏။


ဒီကြားထဲ ကျားသစ်တွေကြောင့် သစ်ပင်ပေါ်တက် ပုန်းအောင်းရတာက ဒုက္ခဖြစ်မယ် ဆိုတာ သေချာသည်။ ဖန်းမာတော့ အသတ်ခံရပြီလားမသိ။ သို့သော်လည်း ယွင်ချိုင်က ကျားသစ်များသည် နက်နဲသော တောင်တန်းများတွင်သာ ရှိသည်ဟု ဆိုပါသည်။ ဖန်းမာက သေနတ်မပါဘဲ ဘာလို့ ဒီလောက်နက်တဲ့ တောထဲကို ဝင်လာလဲ မသိချေ။ 


ငှက်သိုက်မှာ ပစ္စတိုကို ဝှက်ထားချင်တဲ့ အတွက် သစ်ပင်ပေါ်ကို တက်သွားဖူးသော စစ်သားငယ်လေးရဲ့ ဇာတ်လမ်းကို ဝူရှဲ့ သတိရသွားသည်။ ဒီဖန်းမာလည်း ဒီလှည့်ကွက်ကို သင်ယူခဲ့တာလား။ ဒါပေမဲ့ သစ်ပင်မှာ ငှက်သိုက် မရှိဘူးလို့တော့ မတွေးမိပုံပဲ။ 


သစ်ပင်တစ်ဝိုက်ကို ခဏလောက် လိုက်ရှာပေမယ့် လမ်းကြောင်း တော်တော်များများက သွေးစွန်းထင်းနေတာလောက်ပဲ တွေ့နေရသည်။ သူတို့ ယူလာတဲ့ ခွေးလေးတွေက အနံ့ခံနေပြီး မုဆိုးတွေ အားလုံးကလည်း သေနတ်တွေ သယ်လာကာ သူတို့လိုက်ရှာဖို့ အကွာအဝေးအထိ လိုက်ရှာကြသည်။ 


ကျွဲခေါင်းတောင်ကြားမှာ အလွန်ရှည်လျားပြီး အနက်ဆုံးအထိ ဘယ်သူမှ လမ်းမလျှောက်နိုင်ပေ။ တောင်၏ အလယ်တွင် သိုးခြေထောက်တောင်နှင့် ကျွဲခေါင်းတောင်တို့ ဆုံမိရာ အပူပိုင်းတောအုပ်၏ အရှိန်အဟုန်ကို ပြသသည်။ ဝူရှဲ့မှာ ထမုထိုကို သတိရသွားပြီး "ဂုတ်တုတ်" ဆိုတဲ့ အသံကို ဆက်တိုက် ကြားနေရတာကြောင့် အေးစက်နေတဲ့ ချွေးတွေ ထွက်လာပေမယ့် လျှာကိုက်ပြီး သူတို့နောက်ကို ဆက့လိုက်ဖို့ကလွဲလို့ ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။ ကံကောင်းချင်တော့ မျက်နှာသေက အတူပါလာ၏။ 


တောင်ခွေးတွေက အရပ်ပိုမြင့်ပြီး ကောင်းကောင်း လေ့ကျင့်ထားလို့ ရနံ့ကို မြန်မြန်ယူကာ သူတို့အား ချိုင့်နက်ထဲကို ပို့ဆောင်ပေးလေသည်။ 


တို့ခေါင်းထက်မှာ လခြမ်းသာ ရှိသည်။ ညဉ့်နက်တဲ့အထိ ရှာဖွေပြီးနောက် ခွေးက ပစ်မှတ်ကို ရှာတွေ့ပြီး သိုးခြေထောက်တောင်ရဲ့ တောင်ကြားလမ်းနားမှာ ရပ်သွားလေသည်။ တောင်စောင်းမှာ ရွှံ့တွေ ပြိုကျထားလို့ သစ်ပင်တွေကျဲသည်။ 


တောင်စောင်းက အရမ်းမတ်စောက်ကာ နှင်းတွေ ကျထားသလို မြေသားကလည်း ချောနေ၏။ ခန္ဓာကိုယ် ဟန်ချက်ထိန်းဖို့ ဘေးက အကိုင်းအခက်တွေကို ချိုင်းထောက်တွေ အဖြစ် ရံဖန်ရံခါ အသုံးပြုရပြီး နေရာမှားကို နင်းမိပြီး ရွှံ့တစ်ခုလုံး ပြုတ်ကျသွား​လေသည်။ 


အမဲလိုက်ခွေးက သူတို့ကို ဆွဲထုတ်ပြီး ခက်ခက်ခဲခဲနဲ့ သွားရင်း လဲနေသော သစ်ပင်တစ်ပင်ရဲ့ ခြေရင်းကို ခုန်တက်သွားကာ သစ်ပင်ရဲ့ နောက်ဘက်က မြက်ခင်းပြင်ကြီးကို ထိုးဟောင်တော့၏။ 


ယွင်ချိုင်မှာ အနည်းငယ် ကြောက်လန့်လာသည်။ ဝူရှဲ့လည်း စိုးရိမ်တွေကြောင့် လက်ဖျားတွေ အေးစက်နေကာ ဖန်းမာသာ ကျားသစ်နဲ့တွေ့ရင် အဲ့မြက်ခင်းပြင်မှာ ကြောက်စရာ ကောင်းတာတွေရှိမှာ သေချာသည်။ 


အားကွေ့သည် ရှေ့သို့ လှမ်း၍ သစ်ကိုင်းတစ်ခုဖြင့် မြက်ခင်းပြင်ကို တွန်းထိုးလိုက်ရာ အထဲမှာ ကျောက်တုံးကြီး တစ်ခုသာ တွေ့ရလေသည်။ သူတို့ ဖြတ်သန်းပြီးနောက်တွင် ၎င်းသည် ရှေးခေတ်ကျောက်စာ အပိုင်းအစတစ်ခုဖြစ်ပြီး ဤနှစ်များအတွင်း လေနှင့်မိုးဒဏ်ကြောင့် မျက်နှာပြင်က လုံးဝ ပျက်စီးသွားတာကို တွေ့ရှိခဲ့ရသည်။


အား​ကွေ့နှင့် အခြားသူများသည် ၎င်းတို့အနီးရှိ ခါးအထိမြင့်သော ပေါင်းပင်များကြား ရှာဖွေရန် တွန်းဖယ်လိုက်စဥ် မုဆိုးတစ်ယောက် ရုတ်တရက် ဗြုန်းခနဲ ပြုတ်ကျသွား​တော့သည်။


ဝူရှဲ့တို့လည်း သူ့ကိုဖမ်းဖို့ အပြေးအလွှား သွားတော့ မြက်ခင်းထဲမှာ ဝှက်ထားတဲ့ ရွှံ့တွင်းတစ်ခုကို တွေ့လိုက်ရ၏။ တွင်းအောက်ခြေကို ကြည့်လိုက်ချိန် ဝူရှဲ့နဲ့ မျက်နှာသေတို့ တစ်ယောက်ကို တစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။ တွင်းထဲက ရွှံ့ထဲမှာ ရစ်ပတ်နေတဲ့ သစ်သားပုပ် အနည်းငယ်ကို ယောင်ဝါးဝါး မြင်နေရသည်။ သေချာတာကတော့ ကွဲနေတဲ့ ခေါင်းတလားပဲ။


ဒါက ရိုးရိုးရှင်းရှင်း ရှေးဟောင်းသင်္ချိုင်း တစ်ခုပဲ ဖြစ်ပေသည်။