(56) မြွေအရိုး (၂)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)



Chapter (56)

မြွေအရိုး (၂)



ဝူရှဲ့ ခေါင်းညိတ် တုံ့ပြန်လိုက်သည်။ သူက လှည့်ပြီး ခြေလှမ်း အနည်းငယ်တက်ကာ တစ်ချိန်တည်းမှာပဲ ပါးစပ်ကလည်း လှမ်းအော်လိုက်သည်။ အဲဒီအချိန်မှာတော့ ဖက်တီးက အောက်ကို ဆင်းလာနေပြီဆိုတာ မြင်လိုက်ရသည်။ သူက အရှိန်မြှင့်ပြီး ဝူရှဲ့ဘက်ကို ခုန်ဆင်းလိုက်သည်။ 


"ဘာဖြစ်တာလဲ?"


ဝူရှဲ့က သူတို့ ကြီးကြီးမားမား အရာကြီးတစ်ခု ရှာဖွေတွေ့ရှိခဲ့တယ်လို့ ပြောပြီး ဖန့်ကျစ်နဲ့ အားနင်ကိုလည်း နှစ်ကြိမ်တိုင်တိုင် ​အော်ခေါ်ကာ ဆင်းလာခိုင်းလိုက်သည်။ 


လူတိုင်း မြွေအရိုးအနားကို ရောက်လာစဥ် ဝူရှဲ့က သူတို့ ရှာဖွေတွေ့ရှိခဲ့တာတွေကို ပြောပြလိုက်ရာ အားလုံးလည်း အံ့သြသွားကြသည်။ အားနင်လည်း ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး လှမ်းတက်ကာ ကြည့်လိုက်သည်။ ထိုစဥ် ဖက်တီးက။ 


"ခုနက ငါ့ကို တစ်ယောက်ယောက် ခေါ်နေသလို ခံစားရတာ အံ့သြစရာ မရှိ​တော့ပါဘူး... ငါတို့မှာ သေသွားတဲ့ ရှေးပြေး တော်လှန်ရေးတပ်သားတွေ ရှိနေတာပဲ.... တကယ့် တိုက်ဆိုင်လိုက်တာ... မြန်မြန်လုပ် အလေးပြုဖို့ တူးလိုက်ကြရအောင်..."


အဲဒီအချိန်မှာ မိုးက ပျော့ပျောင်းနေပေမယ့် သည်းသည်းလှုပ်နေတဲ့ ရေက အခုနကတည်းက သူတို့ရဲ့ခန္ဓာကိုယ်ကို လုံးဝ စိုစွတ်သွား​စေပြီမို့ ဒီအချိန်မှာ စိုးရိမ်စရာ မရှိ​တော့ပါဘူး။ အခြားတစ်ဖက်တွင်မူ ဝူရှဲ့သည် မျက်နှာသေရဲ့ သွေးတွေ စွန်းနေသော လက်​ကောက်ဝတ်ကို ဂရုတစိုက် ကာကွယ်ထား​လေသည်။


လူနှစ်ယောက်တည်း ရှိတုန်းက အပင်ကြီးရဲ့ထိပ်အထိ တက်ခဲ့ကြပေမယ့် အခုက လူပိုများလာတဲ့အတွက် တက်လို့ မရတော့ပေ။ အဲဒါထက် ဖက်တီးမှာ နည်းနည်းတောင် မတတ်နိုင်ဘဲ ခြေထောက်တစ်ဖက်ကိုသာ သစ်ကိုင်းပေါ် တင်ထားရသည်။ အထဲက နွယ်ပင်အသေတွေကို ဖြတ်ဖို့ ဓားမြှောင်တွေကို သုံးပြီး မြွေသေကောင်ကို ဖော်ထုတ်လိုက်သည်။ 


နေသာတဲ့နေ့ဆိုရင် တူးရတာ ပိုလွယ်ပေမယ့် အခု မိုးက သည်းထန်စွာ ရွာသွန်းနေတော့ ခေါင်းငုံ့ထားရသည်။ မိုးတွေကရွာနေတော့ မျက်လုံးက ဖွင့်လို့ မရတော့ချေ။ ဆံပင်ကို တခါတရံ ရှင်းရှင်းလင်းလင်း မြင်ရအောင် သပ်တင်နေရသည်။ 


သို့သော် လူများတာက အဆင်ပြေသွားသည်။ အထူးသဖြင့် တော်လှန်ရေး ရှေးပြေးတပ်သား၏ အရိုးများကို ဓားဖြင့် ခုတ်မိ ပျက်စီးမိမည်ကို မစဉ်းစားဘဲ ရဲရင့်စွာ ခုတ်ထစ်သော ဖက်တီးပါပဲ။ 


စပျစ်နွယ်ပင်ထဲမှာ ပိုကြီးတဲ့ ကွာဟချက်တစ်ခုကို အမြန်တူးပြီး မြွေအရိုးကြီး ပေါ်လာတော့ ဖက်တီးက ထကျိန်ဆဲလေသည်။ ဝူရှဲ့လည်း အံ့သြသွား၏။ အခုနတုန်းက မြွေဖြစ်မယ်ဆိုတာ ခန့်မှန်းထားခဲ့ပေမယ့် ဒီလောက် ကြီးမယ်လို့ မသိလိုက်ချေ။ မြွေ၏အရိုးအချင်းကို ကြည့်လျှင် ဤမြွေသည် လူသားတစ်ယောက်ကို ကိုက်ဖို့ တစ်မိနစ်ပင် အချိန်လိုမည် မဟုတ်။ 


အနည်းငယ် ဆွဲထုတ်ပြီးနောက် ရှုပ်ထွေးနေသော မြွေအရိုး အကျွင်းအကျန်များကြား အရိုးများစွာ ရှိနေတာ တွေ့ရ၏။ ဤစပါးအုံးမြွေကြီးက သူမသေခင် လူတွေအများကြီး မျိုချထားနိုင်သည်။ မဟုတ်ပါက အရိုးများကို ထွေးထုတ်ပြီးသွားလောက်ပြီ။ လုံး၀ စုတ်ပြဲခြင်း မရှိသော အရိုးစုတွင် အဝတ်အစားများ ရှိနေသေးသော်လည်း အစပိုင်းတွင် မည်သို့သော ပုံသဏ္ဍာန်ရှိသည်ကို ပြောပြရန် မဖြစ်နိုင်တော့ပေ။ 


ဖန့်ကျစ်သည် မျက်နှာသေ ကဲ့သို့ မတ်တတ်ရပ်ကာ အတွင်းမှ တစ်စုံတစ်ခုကို ကောက်ယူလိုက်သည်။ ၎င်းက ခါးပတ်ကြိုး ဖြစ်ကာ သံချေးအစက်အပြောက် အနည်းငယ် ပါရှိပြီး သံမဏိဖြင့် ပြုလုပ်ထားပုံရသည်။


သူက အဲဒါကို ထုတ်ယူပြီး ဓားနဲ့ ခြစ်ထုတ်ပြီးတော့ ဝူရှဲ့ဆီ အပ်လိုက်သည်။ ၎င်းအပေါ်မှာ နံပါတ်တချို့ ရေးထား၏။ 


"02200059" 


ဝူရှဲ့ ထိတ်လန့်သွားပြီး အားနင်ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။ 


"ဒါက မင်းကုမ္ပဏီရဲ့ နံပါတ်ပဲ... ဒါက မင်းတို့လူပေါ့!"