Chapter (12)
Viewers 1k


Chapter (12)

ဘာကိုအားကိုးရမှာလဲ?



ဒီစကားတွေက လူတိုင်းရဲ့ စိတ်ကို အေးစက်သွားစေခဲ့သည်။ 


ရုပ်ဝါဒပညာဖြင့် ကြီးပြင်းလာသော အရွယ်ရောက်ပြီးသူများ အနေနှင့် ဤကဲ့သို့ ဖြစ်နိုင်ခြေရှိကြောင်း လူတိုင်း ယူဆခဲ့ကြသော်လည်း ဖန်းချူမှလွဲ၍ ဘယ်သူမှ အလိုလို မယုံချင်ကြပေ။


ယွိစစ်ကျဲ နဲ့ ပြန်လည် ဆုံတွေ့ပြီးကတည်းက သူ့ရဲ့ကမ္ဘာ့အမြင်ဟာ လုံးဝ ပြိုကျသွားခဲ့​ပြီးပါပြီ။ 


ဒါပေမယ့် တခြားသူတွေအတွက်တော့ အဲဒါထက် ပိုအဓိပ္ပာယ်ရှိပါသည်။ ကောင်လေးရဲ့မေးခွန်းက လူသတ်သမားဟာ သူခိုးသူဝှက်မဟုတ်ပဲ သရဲတစ္ဆေ ဖြစ်နိုင်တယ်ဆိုတာ သူတို့ကို ထပ်မံသဘောပေါက်စေခဲ့၏။ 


အရိပ်ထဲမှာ ပုန်းနေသည့် တိတ်တဆိတ် သရဲတစ္ဆေတစ်ကောင်က သူတို့ကို လှောင်ပြောင်အေးစက်တဲ့ အကြည့်တွေနဲ့ စောင့်ကြည့်နေပြီး သူတို့ကို ကိုက်စားဖို့ အဆင်သင့် ဖြစ်နေသလိုတောင် ခံစားလာရစေသည်။ 


ကျန်ဖေးယွီ အံကြိတ်ကာ ဆိုလိုက်သည်။ 


"မှန်တယ် ဒါ သရဲနံရံပဲ... ဒဏ္ဍာရီလာ သရဲနံရံ ဖြစ်ရမယ်…”


ဖန်းချူ သူ့ဖုန်းကို ထုတ်ကြည့်လိုက်သည်။ ထင်ထားတဲ့အတိုင်း သူ့ဖုန်းမှာ အချက်ပြမှု ပြတ်တောက်သွားပြီး အရင်အကြိမ်နဲ့ အတူတူပါပဲ။ ယွိစစ်ကျဲ ပေးပို့လိုက်တဲ့ နောက်ဆုံးမက်ဆေ့ချ်ကတော့ "ကောင်းပြီ" ဆိုတဲ့ စကားလုံးတစ်လုံးပဲ ဖြစ်ပါသည်။


ယွိစစ်ကျဲနဲ့တွေ့ပြီးနောက်ပိုင်း အဖြစ်အပျက်တွေကို ပြန်သတိရတော့ သူ့ကံကြမ္မာက လှည့်ပြန်သွားမလား ဒါမှမဟုတ် ကျိန်ဆဲရ​တော့မလားလို့ တွေးတောရင်း တုံ့ဆိုင်းသွားခဲ့သည်။ 


ဝမ်ထောင်း သူ့အဖေကို ပြူးကျယ်နက်မှောင်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ကြောက်ရွံ့မှုနှင့် ရှုပ်ထွေးမှုများက ရောထွေးနေသည်။


"မေမေ... ​မေ​မေ့ကို သရဲက ဖမ်းသွားတာလား ပြန်လာမှာလား...?"


ဝမ်ဖုန်းမျက်နှာ ညှိုးငယ်သွားသည်။ သူက လှေကားမှ ဆင်းလာပြီး တင်းမာစွာ ပြောလာခဲ့၏။


“တစ္ဆေသရဲတွေရှိဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး” 


ဝမ်ထောင်း : “ဒါပေမယ့်…”


"ဒါပေမဲ့ဆိုတာ မရှိဘူး!" 


သူ့အသံ မာသွားသည်ကို ချက်ချင်း သိလိုက်သည်။ ဤထူးဆန်းသော အခြေအနေ အားလုံးက သူ့ကမ္ဘာ့အမြင်ကို ရုတ်တရတ် စိန်ခေါ်နေသလိုပါပဲ။ အေးအေးဆေးဆေးမနေဘဲ သူ့ကလေးကို ဒီလိုစကားမျိုး မပြောသင့်ဘူးဆိုတာလည်း သူသိသည်။ 


အသက်ပြင်းပြင်းရှူရင်း သူ့ကလေးရှေ့မှာ ဒူးထောက်လိုက်သည်။ 


“ဒီကမ္ဘာမှာ သရဲတစ္ဆေတွေ မရှိဘူး နားလည်လား”


ဝမ်ထောင်းသည် နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူ့အဖေကို ဗြောင်ကျကျ စိုက်ကြည့်နေပေမယ့် ထပ်ပြီး ငြင်းခုံမနေ​တော့ချေ။ 


ဝမ်ဖုန်းလည်း ဖန်းချူတို့ဘက် လှည့်ပြီး။


"ရှောင်ရှန် မူးလဲသွားတယ်... တစ်ခုခုမဖြစ်ရအောင် သူ့ကို အရင်စစ်ဆေးကြည့်ကြစို့"


ဒီစကားလုံးတွေက လူတိုင်းကို ကြောက်ရွံ့ထိတ်လန့်မှုတွေကနေ ရုန်းထွက်နိုင်စေခဲ့သည်။ ပိုင်ရှောင်ရှန်ကို စားပွဲပေါ်တင်ဖို့ မြန်မြန်ဆန်ဆန် လက်တွဲတင်လိုက်ပြီး တချို့က သူမရဲ့နှာခေါင်းအောက်ကို ဖိနေစဥ် ကျန်တစ်ယောက်က ရေနွေးစက်များဖြင့် တောက်ပေးသည်။ ခဏကြာတော့ ပိုင်ရှောင်ရှန် တဖြည်းဖြည်း သတိရလာ၏။ 


ကျန်ဖေးယွီသည် ပိုင်ရှောင်ရှန် နိုးလာသည်ကိုမြင်တော့ စိတ်လှုပ်ရှားစွာ ချဉ်းကပ်လာပြီး။ 


"မင်း အခုနတုန်းက မူးလဲသွားတာ..."


ပိုင်ရှောင်ရှန် စကားမပြောဘဲ ခေါင်းကိုလှည့်ကာ ဝမ်ဖုန်းကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေသည်။ 


"ရှင် အခုနက...."


ဝမ်ဖုန်း၏ မျက်လုံးများ အနည်းငယ် မှိန်သွားကာ ခေါင်းခါလိုက်ပြီး: "ဘာဖြစ်သွားတာလဲ မသိဘူး" 


ပိုင်ရှောင်ရှန်၏ နှုတ်ခမ်းများသည် တစ်စုံတစ်ခုကို ပြောချင်သလို တုန်ခါသွားသော်လည်း ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။


ဖန်းချူ အခန်းကို စကင်န်ဖတ်လိုက်သည်။ ဝမ်ဖုန်း ပြန်ရောက်​ပြီးကတည်းက ဘာမှမဖြစ်တော့ဘဲ အလွန်တိတ်ဆိတ်သွားသည်။ သူက ခြောက်သွေ့သော ရယ်မောရင်း ဆို၏။ 


“အင်း… သရဲတွေ ရှိလား မရှိဘူးလား ငါတို့ အခု အပြင်ကို ထွက်လို့မရဘူး... အရင်ဆုံး ရှိတယ်လို့ ယူဆကြည့်ရအောင် ငါတို့ ဘာလုပ်သင့်လဲ”


ကျန်ဖေးယွီ သူ့ခန္ဓာကိုယ်လေးကို ပွေ့ဖက်လိုက်ရင်း ကျောရိုးအောက်ကို လေအေးတစ်ချက် အေးစိမ့်စိမ့်နဲ့ စိမ့်ဝင်သွားသလို ခံစားလိုက်ရရှာသည်။ 


"ငယ်ငယ်တုန်းက အဖွားက သရဲပုံပြင်တွေကို အမြဲပြောပြတယ်... ကြက်တွေ ခွေးတွေ ခိုးဖို့ အပြင်ထွက်တိုင်း ညစ်ပတ်တဲ့ ကလေးတွေကို တစ္ဆေတွေက သိမ်းသွားလိမ့်မယ်တဲ့... အဲဒီကတည်းက ငါ တစ္ဆေတွေ ကြောက်နေတာ"


ဖန်းချူ သူ့ဘာသာ 'တကယ် သနားစရာပဲ...' ဟု တွေးလိုက်သည်။ 


ကျန်ဖေးယွီက ညည်းတွားတဲ့မျက်နှာနဲ့ :"ဒါပေမယ့်…ငါ အသက် 23 နှစ်ရှိပြီ ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး ဒါပထမဆုံးအကြိမ် သရဲတစ္ဆေမြင်ဖူးတာဘဲ ငါ ဘာလုပ်ရမှန်းမသိဘူး သရဲတစ္ဆေတွေက ကြောက်စရာကောင်းပါ့မလား။ ထိတ်လန့်စရာ ရုပ်ရှင်တွေမှာဆို များသောအားဖြင့် မှိတ်တုတ်မှိတ်တုတ်...."


သူစကားမဆုံးခင်မှာ သူ့ခေါင်းထက်က မီးချောင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားခဲ့သည်။ 


ဖန်းချူ : "..."


ဝမ်ဖုန်း : "..."


ကျန်ဖေးယွီ ခက်ခက်ခဲခဲ မျိုချလိုက်ပြီး ခြောက်သွေ့စွာ ရယ်မောလိုက်သည်။ 


"ဒါက တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်ရမယ်... မီးချောင်းလေး မှိတ်တုတ်မှိတ်တုတ်ပဲဟာ.. လျှပ်စီးကြောင်းက မတည်မငြိမ် ဖြစ်နေတာလည်း ဖြစ်နိုင်တာပဲ... ငြိမ်နေတဲ့ TV က ပြနေသလိုမျိုးမှ မဟုတ်တာ..."


သူစကားပြောပြီးတာနဲ့ နံရံမှာချိတ်ထားတဲ့ TV က ဗြုန်းခနဲ အသံထွက်လာကာ တည်ငြိမ်သော မျက်နှာပြင်က ရုတ်ချည်း လင်းလာသည်။


တိတ်ဆိတ်သော အမှောင်ထဲတွင် တစ်စုံတစ်ခုက သူတို့ကို တိတ်တဆိတ် လှောင်ပြောင်နေသည့်အလား။ 


ကျန်ဖေးယွီ : "..."


သူ့ကိုယ်သူ ပွေ့ဖက်ထားရင်း သူ့အပြုံးက ရှုံ့မဲ့သွားသလိုပါပဲ။ 


"ဒါလည်း တိုက်ဆိုင်မှုတစ်ခုပဲ ဒါ အစစ်အမှန် မဖြစ်နိုင်ဘူး... တီဗီမှာ တွားသွားနေတာ...အွင်း အွင်း!"


ဖန်းချူ လက်တစ်ဖက်ကို ပါးစပ်ပေါ်တင်ကာ အော်လိုက်သည်။ 


"ပါးစပ်ပိတ်ထား!"


အနီးနားတွင် ရပ်နေသော ပိုင်ရှောင်ရှန်နှင့် ဝမ်ထောင်းသည် စကားမပြောနိုင်လောက်အောင် ကြောက်လန့်နေပြီး ကျန်ဖေးယွီကို မယုံနိုင်စွာဖြင့် စိုက်ကြည့်နေသည်။ ဝမ်ဖုန်းပင်လျှင် လုံးဝမျှော်လင့်ချက် ကင်းမဲ့နေပုံရပြီး သရဲတစ္ဆေမရှိဟု နှုတ်ဖွင့်ပြောသော်လည်း ယခု စကားတစ်ခွန်းမှ မပြောနိုင်​တော်ပေ။


ကျန်ဖေးယွီ ဘာမှမပြောတော့ဘူးလို့ အရူးအမူး မျက်တောင်ခတ်​ပြလိုက်ပါသည်။ ဖန်းချူလည်း နောက်ဆုံးတွင် သူ့အား အကြည့်ဖြင့် အစိတ်စိတ်အမွှာမွှာ ဖြိုခွဲပစ်လိုသောဆန္ဒဖြင့် လွှတ်ပေးခဲ့သည်။ ဒီကမ္ဘာမှာ သရဲတစ္ဆေတွေထက် ပိုကြောက်စရာကောင်းတာက မိုက်မဲတဲ့ပါးစပ်ပဲ။


ဒါပေမယ့် ဖြစ်ပျက်ခဲ့သမျှကို တွေပြီးတဲ့အခါ ဝမ်ဖုန်းလည်း ​​သရဲတစ္ဆေမရှိဘူးလို့ ကိုယ့်ကိုယ်ကို လှည့်စားလို့ မရ​တော့ပါဘူး။ ဒီအိမ်မှာ တစ်စုံတစ်ခုက သူတို့ကို စောင့်ကြည့်နေပြီး သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အကာအကွယ်တွေကို ဖြည်းညှင်းစွာ ဖြိုခွင်းနေပုံပင်။ 


ဝမ်ဖုန်းက အတင်းပြုံးပြီး :"ငါတို့က လူပိုများတယ်... သရဲတစ္ဆေရှိရင်တောင် သေတဲ့လူကို ဘာလို့ကြောက်ရမှာလဲ သူကပဲ ငါတို့ကို ကြောက်သင့်တယ်!"


ဖန်းချူ : "ဘာကို အားကိုးရမှာလဲ ငါတို့ရဲ့ ဖြောင့်မတ်တဲ့ စိတ်ဓာတ်ကို အားကိုးရမှာလား"


ကျန်ဖေးယွီ : "..."


ဝမ်ဖုန်း : "..."


ပိုင်ရှောင်ရှန် : "..."


ဒုတိယထပ်မှာ အလောင်းတစ်လောင်းရှိလို့ ဘယ်သူမှ မတက်ရဲကြဘူး။ သူတို့ဒီမှာ ပိတ်မိနေပြီး မထွက်သွားနိုင်ဘူး။ ယခုအချိန်တွင် ဖန်းချူသည် ရဲများကသာ ပိုမိုကူညီနိုင်လိမ့်မည်ဟု မျှော်လင့်ထားနေမိသည်။ ရဲတွေက မရဏကိစ္စတွေကိုတောင် ကိုင်တွယ် ဖြေရှင်းနေသလားလို့ တွေးမိပေမယ့် ကံမကောင်းစွာပဲ မြေအောက်ကမ္ဘာ ဖုန်းနံပါတ် မရှိတာကြောင့် ထိုစိတ်ကူးကို တုံ့ဆိုင်းစွာ စွန့်လွှတ်ခဲ့ရသည်။


ဝမ်ဖုန်းက ခဏလောက် စဉ်းစားပြီး ပြောလာသည်။ 


"မင်းတို့ဒီမှာနေခဲ့ ငါသွားလိုက်မယ်..."


"ဖောင်း!"


ဘယ်သူမှ သတိမထားမိခင် အပေါ်က မီးသီးက ရုတ်တရက် ပေါက်ကွဲသွားတော့သည်။ တောက်ပနေသော ဖန်အပိုင်းအစများ ကြမ်းပြင်ပေါ် ကြွေကျသွားသည်။ တစ်ခန်းလုံး အမှောင်ထုထဲ တခဏချင်း ပြိုကျသွားလေ၏။ 


ပရမ်းပတာ အခြေအနေအတွင်း စားပွဲများနှင့် ကုလားထိုင်များကို တစ်​ယောက်​ယောက် ခေါက်လိုက်သကဲ့သို့ ပြိုကျနေသော အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ဖန်းချူ တုန်တုန်ယင်ယင်ဖြင့် သူ့ဖုန်းကို အိတ်ကပ်ထဲမှ ဆွဲထုတ်ကာ ဖုန်းမီးကို အမြန်ဖွင့်လိုက်သည်။ ဤတော့မှ အသက်ရှုကြပ်နေရာမှ ဖြည်းညှင်းစွာ သက်ပြင်းချလိုက်ရသည်။


မီးသီး ပေါက်ကွဲသွားပြီး လူတိုင်း အထိတ်တလန့် ဖြစ်နေကြသော်လည်း အခြား ထိခိုက်ဒဏ်ရာရပုံ မပေါ်ပေ။ ကျန်ဖေးယွီက မြေပြင်ပေါ်တွင် တုန်တုန်ယင်ယင် ထိုင်လျက်။ ဝမ်ဖုန်းသည် သူ့ကလေးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး ပိုင်ရှောင်ရှန်ကလည်း ဝမ်ဖုန်း၏လက်ကို ဆုပ်ကိုင်ထားကာ ထိန်းမနိုင်သိမ်းမရ တုန်ရီနေသည်။


ကျန်ဖေးယွီက ဒီအချိန်မှာ အားကိုးလို့မရချေ။ ကလေးကိုရော ကောင်မလေးကိုပါ ပြုစုစောင့်ရှောက်ရင်း အလုပ်များနေသော ဝမ်ဖုန်းကလည်း ထွက်သွားနိုင်ပုံမရ။ 


ဒါနဲ့ ဖန်းချူက :"ငါ ဖယောင်းတိုင် သွားရှာလိုက်မယ်" 


နတ်ဆိုးများသည် အမှောင်ထဲတွင် မဆင်မခြင် ပြုမူနိုင်ခြေ ပိုများပြီး ဖုန်းဘက်ထရီကလည်း အကန့်အသတ်ရှိသည်။ ဒီလိုအခြေအနေမျိုးမှာ မီးကို ချွေတာရဦးမည်။ 


ဖန်းချူ လှည့်ကြည့်လိုက်ပြီး မီးဖိုချောင်ဘက်ကို သတိထား လျှောက်သွားလိုက်သည်။ ဖုန်းမီးအလင်းတန်းသည် သူ့ရှေ့ရှိအရာများကိုသာ လင်းထိန်စေ၏။ အမှောင်ထဲတွင် လမ်းလျှောက်နေစဥ် သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွေးတိုင်း ထောင်နေသလို ခံစားနေရသည်။ အသက်ပြင်းပြင်းရှူရင်း မီးဖိုချောင်တံခါးကို ရောက်ခါနီးမှာ ရုတ်တရက် သူ့ပခုံးပေါ် လက်လေးတချက် ပုတ်လာသဖြင့် ဖန်းချူ ငြိမ်သွားသည်။


ဖန်းချူ : "..."


အားအားအား.....


ဖန်းချူ စိတ်ထဲကအော်ပြီး ထိုလက်ကို ဆုပ်ကိုင်လိုက်ပြီး ပြင်းထန်စွာ လိမ်ချလိုက်သည်။ ထို့နောက် လှည့်ပတ်ရင်း ထိုအရာကို မြေကြီးပေါ် ဆောင့်ရိုက်လိုက်တော့၏။ 


ထိုအချိန်တွင် ဖန်းချူသည် စစ်နတ်ဘုရား သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသည့်အလား ခံလိုက်ရသည်။ အရင်က ဒီလောက် ချောချောမွေ့မွေ့ မလုပ်ဖူးချေ။ သူ့ကိုယ်သူ ယွိစစ်ကျဲရဲ့ ပုံစံ ဆယ်ပုံတစ်ပုံကို ရရှိထားသလိုတောင် ထင်မိလာသည်။ 


မြေပြင်ပေါ်ရှိ 'ဝိညာဥ်' သည် သူ့ဆီက ကိုင်ပေါက်ခံရပြီးနောက် ချက်ချင်းပင် ကျယ်လောင်စွာ အော်လိုက်သည်။ 


"ငါ...ငါ... အား! မဟာမိတ်တွေကွ ရပ်လိုက်တော့ အား!"


ဖန်းချူ : "..."


ဓာတ်မီးသည် ကျန်ဖေးယွီ၏ ပွန်းပဲ့စုတ်ပြဲနေသော မျက်နှာပေါ် လင်းထိန်သွားသည်။ 


"ဖယောင်းတိုင်ရှာဖို့ မင်းနဲ့အတူတူ လိုက်ချင်လို့ကွ!"


လေထုက ကိုးရို့​ကားယား ဖြစ်သွားသည်။ ဖန်းချူ မတ်တပ်ထရပ်ပြီး ကျန်ဖေးယွီရဲ့ မျက်လုံးတွေကို ရှောင်ကာ ပတ်ကြည့်လိုက်သည်။ 


"မင်းမလာခင် ငါ့ကိုအသံ​ပေးရမယ် ဆိုတာတောင် မသိဘူးလား"


ကျန်ဖေးယွီ : တိုက်ဆိုင်လိုက်တာ စောစောက မင်းကို မခေါ်မိလို့ စိတ်မကောင်း ဖြစ်နေပြီ။ 


ဖန်းချူသည် ထောင့်စွန်းမှ ဖုန်းကို ကောက်ကိုင်လိုက်ပြီး နှစ်ယောက်သား မီးဖိုချောင်သို့ သွားကာ ဖယောင်းတိုင်များကို တိတ်တဆိတ် ရှာဖွေလိုက်ကြသည်။


ကျန်ဖေးယွီ ဧည့်ခန်းကို လှည့်ကြည့်လိုက်သည်။ ဝမ်ဖုန်းက ကလေးနှင့် ပိုင်ရှောင်ရှန်တို့ကို အကာအကွယ်ပေးနေပြီး သူမအား အသံတိုးတိုးဖြင့် နှစ်သိမ့်နေပုံရသည်။ ပိုင်ရှောင်ရှန်ရဲ့ အမူအရာကလည်း နောက်ဆုံးတွင် အနည်းငယ် ဖြေလျော့သွားသည်။ ဝမ်ဖုန်းဆီမှာ သူ မရှိခဲ့တဲ့ ယုံကြည်မှုနဲ့ အားကိုးမှုကို မြင်နေရပြီး သူမအနေအထားက သူနဲ့အတူရှိတုန်းကနဲ့ မတူချေ။ 


ကျန်ဖေးယွီ : "ငါက အစ်ကိုဖုန်းထက် အားမကိုးရလို့လား?"


ဖန်းချူက လှည့်မကြည့်ဘဲ ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။


"သိသာနေတာပဲကို" 


ကျန်ဖေးယွီ : "…" အဲဒါ အရိုက်ခံရတာပဲ


သူ ဘာမှ မပြောတော့ဘဲ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့လိုက်သည်။ နှစ်ယောက်သား ဖယောင်းတိုင်ကို အမြန်ရှာတွေ့ပြီး ပြန်သွားခဲ့ကြသည်။ ဖယောင်းတိုင်မီးက အနည်းငယ် မှိန်ဖျော့​နေကာ နံရံပေါ်မှ အရိပ်များအား ဖြာကျလာစေသည်။ ၎င်းက လေထုကို တုန်လှုပ်ချောက်ချားသွားစေသော်လည်း အနည်းဆုံးတော့ လုံးဝ မှောင်မသွားတော့ချေ။ 


ဝမ်ဖုန်းက ဝမ်ထောင်းနဲ့ ပိုင်ရှောင်ရှန်ကို နှစ်သိမ့်ပေးပြီး: "မင်းကို ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်"


ဖန်းချူ သူ့လက်ကို ထပ်ခါတလဲလဲ ဝှေ့ယမ်းလိုက်သည်။ 


"မင်းဘာတွေပြောနေတာလဲ မတော်တဆမှုတွေက မင်းထိန်းချုပ်နိုင်တဲ့ အရာမှ မဟုတ်တာ"


ကျန်ဖေးယွီကလည်း ခေါင်းညိတ်ပြပြီး အဆင်ပြေကြောင်း ညွှန်ပြ​လေသည်။


ပိုင်ရှောင်ရှန် အနည်းငယ် ငြိမ်သက်သွားပုံရသော်လည်း မကြာခင်မှာပင် သူမ၏မျက်နှာသည် တစ်စုံတစ်ရာကြောင့် စိတ်အနှောင့်အယှက် ဖြစ်စေသလို ဖြူဖျော့သွားပြန်သည်။ သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ငြိမ်နေလိုက်သည်။


သစ္စာစောင့်သိသူ ကျန်ဖေးယွီက ဒါကို သတိပြုမိလေ၏။ 


"ဘာဖြစ်နေတာလဲ မင်းနေမကောင်းဘူးလား?"


ပိုင်ရှောင်ရှန် မျက်နှာ အနည်းငယ် နီမြန်းသွားသော်လည်း သူမ ပြန်မဖြေသေး။


ကျန်ဖေးယွီ ရုတ်​တရက်​ စိတ်​ပူလာကာ: "ဘာဖြစ်​လို့လဲ၊ မင်း ​နေမ​ကောင်းတာရှိရင် ငါ့ကို​ပြောပါ!"


"ကျွန်မ သန့်စင်ခန်းသုံးဖို့ လိုတယ်"


ကျန်ဖေးယွီ : "..."


ဒါက ရှက်စရာပင်။ 


ပိုင်ရှောင်ရှန်သည် အစောပိုင်းကတည်းက ဆီးသွားချင်စိတ်ကို ခံစားခဲ့ရသော်လည်း အသံမထွက်ရဲခဲ့။ သည်းထိတ်ရင်ဖိုရုပ်ရှင်ထဲက နေရာတစ်ခုဖြစ်သည့် ရေချိုးခန်းသို့သွားခြင်းက အန္တရာယ် မကင်းချေ။ 


သူမသည် ၎င်းကို အချိန်အနည်းငယ်ကြာအောင် ထိန်းထားရန် ရည်ရွယ်ထားသော်လည်း ကျန်ဖေးယွီက သူမအား ဆက်လက် ဖိအား​ပေး​နေသောကြောင့် သူမမှာ ရှက်ရွံ့ပြီး ဝန်ခံရန်မှတပါး ရွေးချယ်စရာမရှိပေ။ ထို့နောက် ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာလွှဲကာ လက်နှစ်ဖက်နဲ့ အုပ်ထားလိုက်သည်။


ကျန်ဖေးယွီကတော့ ပိုင်ရှောင်ရှန်ကိုကြည့်ကာ ရုတ်တရက် ထရပ်လိုက်သည်။ 


"မကြောက်နဲ့ ငါမင်းနဲ့ လိုက်ခဲ့​ပေးမယ်!"


ဖန်းချူ သည်းမခံနိုင်တော့ပေ။ ရှက်ကိုးရှက်ကန်း အပြုအမူက လက်တွေ့တွင် ဖန်သားပြင်ပေါ်တွင် ပြည့်လျှံနေ၏။ ညီအစ်ကို၊ မင်း သူမနဲ့ တကယ်သွားချင်နေရင်တောင် ဒီလောက်ကျယ်ကျယ် ပြောနေဖို့ မလိုပါဘူး။ မိန်းမပျိုက ဘယ်လိုလုပ် စိတ်သက်သာရာ ရနိုင်မလဲ… ဒီလို စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးနဲ့ သူမကို အနိုင်မယူနိုင်တာ မဆန်းပါဘူး။


ပိုင်ရှောင်ရှန်က ကျန်ဖေးယွီကို ကြည့်လိုက်သည်။ တစ်ဖက်ကလည်း သူမကို ပြန်ကြည့်​နေသည်။


တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြစဥ် တစ်ယောက်က စိတ်ပျက်လက်ပျက်၊ ကျန်တစ်ယောက်က မျှော်လင့်ချက်တစ်ခုနဲ့။


နှစ်ယောက်သား ထာဝရ စိုက်ကြည့်ဖို့ ရည်မှန်းထားသလိုပါပဲ။ ထိုစဥ် ဝမ်ဖုန်းက နောက်ဆုံးမှာတော့ ဝင်ပြောလာ၏။ 


"ငါ မင်းနဲ့ လိုက်ခဲ့မယ် ဒီနေရာကို ငါ ပိုရင်းနှီးတယ်" 


ပိုင်ရှောင်ရှန် အလွန်ဝမ်းမြောက်သွားကာ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။ 


"ကျေးဇူးတင်ပါတယ် အစ်ကိုဖုန်း"


သူမ စိတ်မရှည်စွာ ကျန်ဖေးယွီ အနားကနေ အလျင်အမြန် နောက်ပြန်လှည့်ကာ ထွက်ခွာသွားခဲ့သည်။ ကျန်ဖေးယွီမှာ နှစ်ယောက်သား ထွက်သွားသည်အား ဗလာအကြည့်ဖြင့် စိုက်ကြည့်နေ၏။ 


ဖန်းချူ သက်ပြင်းချလိုက်ပြီး သူ့ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ 


"မကြည့်နဲ့" 


ကျန်ဖေးယွီ နောက်ပြန်လှည့်လာသည်။ သူ့မျက်နှာမှာ ပွန်းပဲ့နေပြီး ရောင်ရမ်းကာ သူ့မျက်လုံးတွေမှာ ဝမ်းနည်းမျက်ရည်တွေနဲ့ ပြည့်နေတာကြောင့် သူ့ကိုကြည့်ရတာ လုံးဝ စိတ်မကောင်းဖြစ်မိသည်။ အချိန်အတော်ကြာပြီးနောက် သူက ဆိုလာ၏။ 


"အစ်ကိုဖုန်းလောက် မချောဘူးဆိုတာ သိပါတယ်၊ အစ်ကိုဖုန်းလောက် မတည်ငြိမ်ဘူး အစ်ကိုဖုန်းလောက် မရင့်ကျက်ဘူး အစ်ကိုဖုန်းလောက် ဂရုမစိုက်တတ်ဘူး... ဒါပေမဲ့ အစ်ကိုဖုန်းမှာ ဇနီးနဲ့ သားရှိတယ်... အစ်ကိုဖုန်းကို သဘောကျတာက ရလဒ်မကောင်းဘူး"


ဖန်းချူ တစ်ယောက်တည်း တွေးမိသည်။ ဒီကောင်လေးက ကိုယ့်ကိုကိုယ် အသိဥာဏ်ရှိပေမယ့် သူက အတွေးလွန်နေတာပဲ။ ဒါကိုကြားရင် ကလေးအပေါ် လွှမ်းမိုးမှုကို သူ ဂရုမစိုက်ဘူးလား။


ဖန်းချူ : "လျှောက်တွေးမနေပါနဲ့ ကိုယ့်ကိုကိုယ်လည်း ကြည့်လိုက်ဦး သူမ အစ်ကိုဖုန်းကိုပဲ အားကိုးတယ် ဟုတ်တယ် အစ်ကိုဖုန်း မရှိရင်တောင် သူက မင်းကို ကြည့်နေမှာ မဟုတ်ဘူး။"


ကျန်ဖေးယွီ : "..."


ဒီနေ့ မြှားတွေ အများကြီး ကိုင်ထားပြီးတော့ သရဲတစ္ဆေတွေကို သတ်ဖို့ မစောင့်ချင်တော့ဘူး။ သူကိုယ်တိုင်လည်း သတ်သေပစ်ချင်ပြီ။ 


ဖန်းချူ သူ့ကို သနားစိတ်ဖြင့် ကြည့်ကာ ပခုံးကို အပြင်းအထန် ပုတ်၍ စိတ်အားထက်သန်စွာ ပြောလိုက်သည်။


"လူတစ်ယောက်အတွက် အရေးကြီးဆုံးက ကိုယ့်ကိုယ်ကို သတိရှိဖို့ နားလည်ဖို့ပဲ" 


ကျန်ဖေးယွီ : မဟုတ်ဘူး၊ ငါ သတ်သေချင်စိတ်မရှိတော့ဘူး မင်းနဲ့ပဲ အတူသေချင်တယ်!!!


………………


သန့်စင်ခန်းက ဒုတိယထပ်မှာ။ သူမ တကယ်မတက်ချင်ပေမယ့် တကယ် မထိန်းနိုင်တော့သဖြင့် ကျည်ဆံကိုကိုက်ပြီး အပေါ်ထပ်ကို တက်ခဲ့ရသည်။ ကံကောင်းထောက်မစွာပဲ ဝမ်ဖုန်းက အရှေ့က လျှောက်နေပြီး သူ၏ အရပ်ရှည်လျားသော နောက်ကျောက သူမကို အနည်းငယ် သက်တောင့်သက်သာ ဖြစ်စေသည်။


ဝမ်ဖုန်း သူ့ပတ်ဝန်းကျင်ကို အသေအချာ စူးစမ်းလေ့လာပြီးနောက် ဘေးကင်းမှ ရေချိုးခန်းတံခါးကို ဖွင့်ပေးလိုက်သည်။ 


"ဝင်သွားပါ... အပြင်မှာ စောင့်နေပေးမယ်"


ပိုင်ရှောင်ရှန် ခေါင်းညိတ်ပြသော်လည်း သူမ အထဲကို ဝင်သွားကာ တံခါးပိတ်တော့မည်အခိုက် တုံ့ဆိုင်းသွားသည်။ သူမမျက်နှာမှာ နီမြန်းကာ ရှက်ရွံ့နေပုံရသော်လည်း ခဏတုံ့ဆိုင်းသွားပြီးနောက်။ 


"အမ် ကျွန်မ တံခါးကို စေ့ထားလိုက်မယ်..."


ဝမ်ဖုန်း ပြုံးပြီး :"ကောင်းပြီ"


ယခုအချိန်သည် တရားဝင်မှုပြုလုပ်ရန် အချိန်မဟုတ်သေးပါ။


ပိုင်ရှောင်ရှန် တံခါးကို အနည်းငယ် ဟထားလိုက်သည်။ ဒီထောင့်ကနေ သူမကို အပြင်က ဘယ်သူမှ မမြင်နိုင်ပေမယ့် အလင်းရောင်က သူမကို ပိုပြီး သက်တောင့်သက်သာ ဖြစ်အောင် ရှင်းမပြနိုင်လောက်စွာ စိမ့်ဝင်နေပါသေးသည်။


အနည်းဆုံးတော့ သူမဟာ အခန်းကျဉ်းကျဉ်းလေးထဲမှာ မရှိခဲ့ပါဘူးဟု ခံစားရစေ၏။ 


တစ်မိနစ်အကြာ၌။


ပိုင်ရှောင်ရှန် သူ့ဘောင်းဘီကို ဆွဲတင်လိုက်သည်။ ကံကောင်းစွာနဲ့ ဘာမှ ကြီးကြီးမားမား မဖြစ်ခဲ့ပါဘူး။ သူမ ထွက်သွားခါနီးတွင် သူမ၏ အကြည့်များက မှန်ကို ဖြတ်ကျော်သွားကာ အမှောင်ရိပ်အား ဖျတ်ခနဲ မြင်လိုက်ရသည်။ လန့်ဖျပ်သွားသဖြင့် နံရံကို ပြင်းပြင်းထန်ထန် ထိမိသွား၏။ 


ဝမ်ဖုန်း အသံကိုကြားတော့ တံခါးကို ရုတ်တရက် တွန်းဖွင့်ပြီး အထဲကို ပြေးဝင်လာသည်။ သူ့မျက်လုံးတွေမှာ စိုးရိမ်စိတ်တွေ အပြည့်ဖြင့်။


"ဘာဖြစ်တာလဲ?!" 


သူ ကြည့်လိုက်တော့ ပိုင်ရှောင်ရှန်ရဲ့ ထိတ်လန့်နေတဲ့ မျက်လုံးတွေနဲ့ တွေ့လိုက်ရသည်။ လှည့်ကြည့်လိုက်ပြီး ဘာမှမဖြစ်ဘူး ဆိုတာကို အတည်ပြုပြီးနောက် သူက ရှေ့ကို အမြန်လှမ်းပြီး စိုးရိမ်စိတ်နဲ့ မေးလိုက်သည်။ 


"အဆင်ပြေရဲ့လား" 


ကမောက်ကမ ညတစ်ညကို ဖြတ်သန်းပြီးနောက် ဝမ်ဖုန်းလည်း အနည်းငယ် စိတ်ရှုပ်သွားပုံရသည်။ သူ့ဆံပင်တွေက ပွနေပြီး နဖူးတစ်ဖက်က မျက်နှာမှာ သွေးခြေရာတွေ ကျန်နေပါသေး၏။ သို့သော် သူ့အပြောအဆိုသည် တည်တည်ငြိမ်ငြိမ် ဖြစ်နေသဖြင့် ယုံကြည်စိတ်ချရပြီး ပြတ်သားကာ နားမလည်နိုင်သော ယုံကြည်မှုကို ပေးစွမ်းနေဆဲ။ 


ပိုင်ရှောင်ရှန် သူ့ကိုကြည့်ရင်း မျက်လုံးတွေ နီရဲလာသည်။ ရုတ်တရက် သူမ သူ့ရင်ခွင်ထဲသို့ တွန်းဝင်ပစ်လိုက်ကာ ခါးကိုတင်းတင်း ပွေ့ဖက်ပစ်သည်။ သူမမျက်နှာကို သူ့ရင်ဘတ်နှင့် ဖိလိုက်တဲ့အခိုက် သူ၏ပြင်းထန်သော နှလုံးခုန်သံကို ခံစားလိုက်ရသည်။


သူမအသံက နိမ့်ပြီး တုန်လှုပ်နေတဲ့ စိတ်ခံစားချက်နဲ့ :"အစ်ကိုဖုန်း ရှင်.... သရဲတစ္ဆေတွေ တကယ်ရှိတယ်လို့ ထင်လား"


ဝမ်ဖုန်း အံ့သြသွားသည်။ သူ ခေတ္တရပ်လိုက်သော်လည်း ပိုင်ရှောင်ရှန်ကို မတွန်းထုတ်ခဲ့ပေ။ အဲဒီအစား သူက သူမပခုံးကို ညင်သာစွာ ဆုပ်ကိုင်ပြီး တစ်ခွန်းချင်း ပြောလိုက်သည်။ 


"ရှိတယ်ဆိုရင်တောင် သူတို့ မင်းကို မထိခိုက်စေရပါဘူး" 


သူ၏ ပြတ်သားသော စကားလုံးများက ပိုင်ရှောင်ရှန်နားထဲသို့ ကျရောက်သွားပြီး သူမနှလုံးသားကို ပြိုင်ဆိုင်သွားစေသည်။ သူမသည် များစွာသော အရာများကို ပြန်သတိရကာ နူးညံ့သိမ်မွေ့မှု၊ ရှုပ်ထွေးသော စိတ်ခံစားမှုများ၊ အပြစ်ရှိသလို ကိုယ့်ကိုယ်ကိုယ် ကဲ့ရဲ့ရှုတ်ချမှုများနှင့် ပြည့်နှက်လာသည်။ ဤအခိုက်အတန့်တွင် သူမ ဟန်ဆောင်မှုကို ဆက်လက်လုပ်ဆောင်ရန် ဆန္ဒမရှိလောက်အောင် အားနည်းလာ၏။


သို့သော် ဝမ်ဖုန်း အကြာကြီး မနေချင်ပေ။ ခဏအကြာတွင် သူမလက်ကို လွှတ်လိုက်ပြီး ခပ်လှမ်းလှမ်းမှ ပြုံးပြလိုက်သည်။ 


"ငါတို့ အခုဆင်းရအောင်.... မဟုတ်ရင် သူတို့ စိတ်ပူနေလိမ့်မယ်"


ပိုင်ရှောင်ရှန် ညင်သာစွာ ခေါင်းညိတ်ပြသော်လည်း သူမ ထွက်သွားခါနီးတွင် ရုတ်တရက် ထကာ ဝမ်ဖုန်း၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။


ဝမ်ဖုန်း တအံ့တသြ လှည့်ကြည့်လိုက်သည်။


သူသည် ပိုင်ရှောင်ရှန်၏ ရှုပ်ထွေးပြီး ချီတုံချတုံ မျက်လုံးများနှင့် တွေ့ဆုံခဲ့သည်။ သူမက သူ့အင်္ကျီလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း တုန်တုန်ယင်ယင် အသံဖြင့် မေးလာ၏။ 


"အစ်မယွိရှီး. ... သူ ဘယ်လို သေသွားတာလဲ "


စာရေးသူ၏မှတ်ချက်- 


ယွိစစ်ကျဲ - ငါ ပေါ်လာဖို့ အလှည့်ရောက်လုနီးပြီလို့ ထင်တယ်နော် ဟုတ်တယ်မလား