(22)ရှားပါးဧည့်သည်များ
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)



Chapter (22)

ရှားပါးဧည့်သည်များ



ဟန်ကျိုးကို ပြန်ရောက်တော့ ရာသီဥတုက အရမ်းအေးနေဆဲ ဖြစ်လေသည်။ 


သူ့ဆိုင်က အရင်အတိုင်းပဲ ဆိတ်သုဉ်းနေတုန်းပင်။ ဝမ်မန်မှာ ဝူရှဲ့ ပြန်လာတာကို မြင်တော့ ပထမတစ်ချက် အတွင်း သူ့ကို မမှတ်မိပေ။ သူက ဝူရှဲ့ကို ဖောက်သည်လို့ပဲ ထင်တဲ့အတွက် ရှိုက်ကြီးတငင် ပြုံးပြလာလေသည်။ 


ဝူရှဲ့သည် သူ့သူငယ်ချင်းတွေနဲ့ ဆွေးနွေးမှုရဲ့ ရလဒ်က သူ့အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့ပါသည်။ အဲဒါက သူ့ကို စိတ်မသက်မသာ ဖြစ်လာစေပေမယ့် ဦးလေးသုံးကိုလည်း ထပ်မမေးနိုင်တော့ချေ။ နောက်ဆုံး စိတ်ထွက်ပေါက်ရှာစရာ နေရာ မရှိတာကြောင့် စိတ်ဆင်းရဲစွာနဲ့ပဲ ဆိုင်ထဲမှာ နေ့တိုင်းဆက်နေလိုက်သည်။ 


ဆိုင်မှာ ယာယီဆိုင်ပိုင်ရှင်နဲ့ စစ်တုရင် ကစားရင်း စကားစမြည် ပြောကြရာ ဒီနှစ်မှာ ကိစ္စတွေအများကြီးရှိလို့ ဆိုင်တစ်ဆိုင်ချင်းစီရဲ့ စီးပွားရေးကလည်း မကောင်းတော့ပေ။ သူတို့ဘာသာ အနားယူပြီး အေးအေးဆေးဆေး နေထိုင်နေကြလေသည်။ 


ထူးဆန်းတာက ဝူရှဲ့တစ်ယောက် ဟန်ကျိုးကို ပြန်ရောက်ပြီးနောက် စိတ်အနှောင့်အယှက် ဖြစ်စရာတွေ အကြောင်း သိပ်မစဉ်းစားမိတော့ပေ။


ဦးလေးသုံးကိုတော့ မတွေ့ရတာ ကြာပြီ။ ဖက်တီးကတော့ အကြိမ်ပေါင်းများစွာ လာတွေ့ပြီး ပစ္စည်းတွေလည်း ဂရုတစိုက် အကဲဖြတ်ခိုင်းသည်။ ဒီကောင်ဟာ စိတ်မငြိမ်မသက် ဖြစ်ပြီး ချမ်းသာကြွယ်ဝလွယ်သလို မြန်မြန်ဆန်ဆန် သုံးတတ်သူလည်း ဖြစ်လေသည်။


မကြာခင်မှာပဲ သူ့မှာ ပိုက်ဆံမရှိဘူးလို့ ပြောလာခဲ့သည်။ ဝူရှဲ့ မေးကြည့်တော့ ပေကျင်းမှာရှိတဲ့ ဆိုင်တစ်ဆိုင်ကို ဝယ်ဖို့ သုံးစွဲခဲ့မှန်း သိလိုက်ရလေသည်။ အရင်တုန်းကတော့ ဒေါ်လာတစ်သန်းရှိတယ် ဆိုရင် ဘ၀မှာ ဘာမှ စိတ်ပူစရာ မလိုပါဘူး။ အခုတော့ မတူတော့ပါ။ 


သို့သော် ဖက်တီးသည် ဘေဂျင်းလေယူလေသိမ်းကို ပြောဆိုသော ဖောက်သည်အနည်းငယ်ဖြင့် အကြိမ်များစွာ ရောက်ရှိလာပြီး ကုန်ပစ္စည်းများစွာကို ဖြန့်ဝေနိုင်ခဲ့ရာ အခြေအနေက လာဘ်ပွင့်လာခဲ့ပြီး ငွေများစွာလည်း ရရှိခဲ့သည်။


ဒီနေ့မှာတော့ အိမ်နားက သူဌေးအတွက် မြင်းတကောင်ကို သတ်နေရသလို ဆူပူနေသံတွေကို ကြားရတော့ ဝူရှဲ့ ခေါင်းမော့ကြည့်လိုက်မိသည်။ ထင်ထားတဲ့အတိုင်း ဖက်တီး​ကောင် ဖြစ်နေ၏။ ဒီကောင်က တကယ့် စီးပွားရေးသမားပဲ ဖြစ်​ပေသည်။ 


ဘေးအိမ်က သူဌေးဟာ စီးပွားရှာပြီး ငွေညှစ်တာ များလေသည်။ သို့သော် ဖက်တီးလာတာကို တွေ့တော့ တစ်ကျိုတည်း ပြေးထွက်သွားတော့သည်။ ဝူရှဲ့မှာ တစ်ဖက်က ငွေမကုန်သွားလို့ ဝမ်းသာနေတဲ့ အချိန်မှာ တစ်ဖက်ကလည်း ဖက်တီးကို ဘာလို့ဒီလိုဖြစ်ရတာလဲလို့ မေးနေရသည်။ 


ဖက်တီးကတော့ ကျိန်ဆဲနေတုန်းပင်။ သူက ကြွေပုလင်း နှစ်ပုလင်းကို ဟန်ကျိုးသို့ ယူဆောင်လာသော်လည်း ရထားပေါ်၌ တစ်လုံးကွဲသွားသဖြင့် လျော်ကြေးတောင်းရမည့်သူ မရှိသောကြောင့် စိတ်ကောက်ရုံသာ ရှိတော့သည်ဟု ဆိုလေ၏။ 


ဝူရှဲ့လည်း သူနဲ့ တော်တော် ရင်းနှီးနေပြီဖြစ်ပြီး သူ့အကြောင်းလည်း နည်းနည်းသိတဲ့အတွက် ရထားစီးမယ့်အစား လေယာဉ်ကို ဘာလို့မစီးလဲ၊ ခေါင်းထဲ ရေဝင်သွားလို့လားလို့ ကဲ့ရဲ့လှောင်ပြောင်လိုက်သည်။ ထိုအခါ ဖက်တီးက။


"မင်းဘာသိလို့လဲ? လေယာဉ်ပေါ် တက်တဲ့အခါကျရင် သတိထားရဦးမယ်.... ငါက ဒီလောကမှာ စံပြတစ်ယောက်လို့ သတ်မှတ်ခံရပြီး တခြားသူတွေက ငါတို့ကို ဂရုတစိုက် ကြည့်နေကြတာ... အရင်တုန်းကဆို ဘေဂျင်းမှာ နိုင်ငံတကာပွဲတွေ အရမ်းများတယ် နှစ်နည်းနည်းကြာတော့ အားလုံး မျောပါသွားကုန်ပြီ....ငါ့ရဲ့ ဆိုင်တစ်ဆိုင်ဆို နေ့တိုင်း အလုပ်ကြိုးစားနေရတုန်း ဆိုတော့ လုပ်ငန်းက မပြီးနိုင်တော့ဘူးလေ... ကျန်းနန်မှာကလည်း အလုပ်အရမ်းများတေည့ ပိုက်ဆံစုထားရမယ်.... ဒါပေမဲ့ မင်းတို့ ဟန်ကျိုးမှာရှိတဲ့ မိန်းမတွေက ရက်စက်လွန်းတယ်ကွာ.... ရထားပေါ်မှာ တစ်ယောက်က ပစ္စည်းလာရွေးတယ်.... ဖန့်ရယ် ငါလည်း ပျင်း​နေတာကို ဖြေဖျောက်ဖို့ ဆိုပြီး ပြောချလိုက်တာ... ငါ့ရင်ထဲက ပစ္စည်းတွေအားလုံးကို ရိုက်ချိုးပစ်လိုက်တယ်လေ! ကျန်းနန်က မိန်းမတွေကလည်း ရေနဲ့လုပ်ထားတဲ့ ငရဲလို့ ပြောရင် လိမ်တာ မဟုတ်ဘူး... သူတို့က ဆာလ်ဖျူရစ် အက်ဆစ်ရေလို့တောင် ငါထင်တယ်"


ဖက်တီး ဒီအကြောင်းကို အကြိမ်ပေါင်းများစွာ ပြောဖူးပါ၏။ နားထောင်ကြည့်လိုက်တာနဲ့ ဘာဖြစ်တာလဲ သူ သိလိုက်​ပြီ။ ရထားပေါ်မှာ အရမ်းပိန်ပြီး မိတ်ကပ်ထူထူ လိမ်းထားတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့ခဲ့လိမ့်မယ်။ မိန်းကလေးက ရထားပေါ်က အနံ့ဆိုးတွေ ညည်းညူနေတုန်း ဖက်တီးရဲ့ ခြေဖဝါးတွေကလည်း အရမ်းနံစော်နေလိမ့်မည်။ 


ဒါကိုကြားတော့ ဖက်တီးက ဒေါသထွက်ပြီး ငြီးငွေ့လာတဲ့အတွက် သူက “ညီမလေး မင်းက အရမ်းလှတာပဲ ဘာလို့ပိန်တာလဲ? မင်းရဲ့ခြေထောက်နှစ်ချောင်းကို ကြည့်စမ်း... လေတိုက်တဲ့ရင် ဘောင်းဘီခြေထောက် အောက်က ကောက်ရိုးကနေ မီးပုံးတစ်ခုကို ချိတ်ဆွဲထားပြီး အတွင်းထဲမှာ ပန်ကာနှစ်လုံး တပ်ဆင်ထားသလို ဖြစ်နေမှာ... ” ဟု ပြောခဲ့လိမ့်မည်။ 


စကားမဆုံးခင် လူတစ်ယောက်က သူ့ပါးစပ်ကို ပိတ်သွားအောင် ပါးရိုက်လိုက်လိမ့်မည်။ ကြားရတာတော့ ဝမ်းသာစရာပါပဲ။ ရဲစခန်းကို မပို့လိုက်တာ ကောင်းတာပေါ့လို့ ပြောရင်း ဒီကမ္ဘာကြီးမှာ ရာဇ၀တ်မှုလို့ ခေါ်တဲ့ ရာဇ၀တ်မှုလေးတွေ ကျူးလွန်တာက အာမခံမရဘူး ဆိုတာ သိရဲ့လားဟုပါ ပြောလိုက်သည်။ 


ဖက်တီးက ဝူရှဲ့ အသွင်အပြင်ကြောင့် သူ့ကို လူဆိုးဂိုဏ်းလို့ ပြောရင် မိုးကြိုးတောင် ဘယ်တော့မှ ယုံမှာမဟုတ်ဘူးလို့ ပြန်ခံပြောလေ၏။ 


အနာဂတ်မှာ လူကိုယ်တိုင်လာဖို့ မလိုဘူး ဆိုပြီးလည်း ဝူရှဲ့မှ အကြံတစ်ခုပေးလိုက်သည်။ ဒီကမ္ဘာမှာ အမြန်ပို့ဆောင်ခြင်းလို့ ခေါ်တဲ့ အရာဆိုတာ မသိဘူးလား။ ကိုယ်တိုင် ငွေအနည်းငယ် ရင်းနှီးမြုပ်နှံပြီး deliကုမ္ပဏီတစ်ခုကို ဆက်သွယ်လိုက်ရင်ကို ရပြီ။ ပို့ဆောင်မှု စတင်လည်ပတ်သည်နှင့် တစ်ပြိုင်နက် ကားတစ်စီးဆိုလျှင်ပင် ပစ္စည်းအနည်းငယ်ကို အသာလေး ပို့ဆောင်ပေးမှာ ဖြစ်သည်။


ဖက်တီးဆိုတဲ့ လူက စီးပွားရေးစီမံခန့်ခွဲမှုနဲ့ ပတ်သက်လာရင် ပျော့ညံ့တဲ့စိတ်ရှိပြီး ရှုပ်ထွေးတဲ့အရာတွေကို နားမထောင်နိုင်တဲ့အတွက် ဒီအကြောင်းကိုတော့ ဝူရှဲ့မှာ ဆက်မပြောဖြစ်​တော့ပါဘူး။ ဖက်တီးက ဆိုလေသည်။


"ဖက်တီးငါက ငွေရှာတဲ့အခါကျရင် ခွေးတစ်ကောင်လိုပဲ.... လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကတည်းက ငါတကယ် ငြီးငွေ့နေတာကွ.... ငွေအများကြီးရှာပြီးရင် ပိုက်ဆံအများကြီး သုံးရတာ အဓိပ္ပာယ်မရှိဘူးလို့သာ မင်းက ပြောနေတာ ဒါက ဘဝရဲ့ အဓိပ္ပာယ်အမှန်ပဲကွ.... စကားမစပ် မင်းရဲ့ဦးလေးသုံးက မကြာသေးခင်ကမှ ကျားလာမားတွေကို သွားကောက်နေတာ မဟုတ်ဘူးလား? ဘာလို့ သတင်း မထွက်လာ​သေးတာလဲ?"


ဝူရှဲ့လည်း သူတို့နှစ်ယောက် အဆက်အသွယ် သိပ်မရှိဘူးလို့ ပြောလိုက်သည်။ အဲဒီအဖြစ်အပျက် အပြီးမှာ သူနဲ့ ဦးလေးသုံးကြားမှာ ကွာဟချက်တစ်ခု ရှိနေတယ်လို့ အမြဲတမ်း ခံစားခဲ့ရသည်။ သူက လာမတွေ့ဝံ့သလို မိမိမှာခည်း သူ့ကို သွားမတွေ့ဝံ့ပါဘူး။ မတော်တဆ တွေ့ခဲ့ရင်တောင် ပြောစရာ မရှိလောက်ချေ။ 


ဖက်တီးကတော့ ဂရုမစိုက်ဘဲ ဆက်ပြောလေသည်။ 


"မင်းမှာပျော်စရာ တစ်ခုခုရှိသေးရင် ငါ့ကိုပြော ငါလုပ်​ပေးမယ်... လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ငါ့အရိုးတွေ ယားနေတာ"


ဖက်တီး ပိုက်ဆံအကြောင်း ပြောနေတာလို့ ကိုယ့်ဘာသာကိုယ် တွေးပြီး စိတ်ထဲမှာ အနည်းငယ် ကြည်နူးသွားလေသည်။ 


"မင်းဆိုတဲ့ ဖက်တီးကောင်ကတော့ ထူးဆန်းတဲ့ အတွေးတွေပဲ တွေးနေတာ.. မင်း ပိုက်ဆံတွေ အများကြီး တွေ့ဖူးရဲ့သားနဲ့ ဘာလို့ ဒီလောက် မကျေမနပ် ဖြစ်နေရတာလဲ"  


"တောင်တစ်တောင်က တခြားတောင်ထက် မြင့်နေတတ်တယ်လေကွာ.... ဖန့်ကျားယွမ်မှာ သူဌေးပင်လယ်ကြီး ရှိတယ်။ သူတို့အားလုံးက မမြင်နိုင်တဲ့ သူဌေးတွေပဲ သူတို့အိမ်မှာ အုတ်ခဲတွေနဲ့ ဖုံးထားကြပေမယ့် တကယ်တော့ သူဌေးတွေကွ... အသက်ရှင်နိုင်သရွေ့ ချမ်းသာဖို့ မတွေးတောတဲ့လူ မရှိလို့လား?"


ဝူရှဲ့လည်း ရယ်ရယ်မောမောနဲ့ သူပြောတာက မှန်ကြောင်း ထောက်ခံလိုက်လေသည်။ စကားပြောနေတုန်း ဆိုင်အပြင်ဘက်မှ လူတစ်ယောက် ရုတ်တရက် ဝင်လာပြီး မျက်နှာကို မော့ကာ ပြုံးပြလာ၏။ 


"လောင်းပန်(သူဌေး)က စီးပွားရေး လုပ်ချင်လို့လား" 


ဖက်တီးက သူ့ခြေထောက်​တွေကို ကြမ်းပြင်မှာ တူးရင်း မျက်လုံးတွေကို မော့ပြီး ကြည့်လိုက်သည်။ သူတို့ကို ကြည့်နေတဲ့လူကို တွေ့တော့ ဖက်တီးက ပါးစပ်ဟပြီး လှောင်ပြောင်လိုက်၏။ 


"မင်းကိုး?"


ဝူရှဲ့လည်း နောက်ကို ပြန်ကြည့်လိုက်တော့ စကားဝင်ပြောလာသူက အားနင် ဖြစ်နေတာ တွေ့လိုက်ရသည်။ သူမကအခု တီရှပ်နဲ့ ဂျင်းဘောင်းဘီကို ဝတ်ထားတာကြောင့် ပင်လယ်ဘက်မှာ တွေ့တုန်းကနဲ့ အရမ်းကွာခြားတယ်လို့ ခံစားရပေမယ့် ဝူရှဲ့ သူမကိုချက်ချင်း မမှတ်မိပေ။ 


အားနင်နဲ့ သူက အဆက်အသွယ် မရှိသလောက်ပါပဲ။ အရင်က သူမအကြောင်း မေးခဲ့ပေမယ့် ဘာသတင်းမှ မရခဲ့ပါဘူး။ အခုသူမ ရုတ်တရက် ရောက်လာတော့ ဝူရှဲ့မှာ အရမ်းအံ့သြသွား၏။ 


အားနင်သည် ဖက်တီးကို လျစ်လျူရှုကာ သူ့ကို စိုက်ကြည့်လာသည်။ ထို့နောက် ချစ်စရာကောင်းစွာ ဝူရှဲ့ရဲ့ ဆိုင်တစ်ဝိုက်တွင် လှည့်ပတ်ကြည့်ရင်း ဆိုသည်။


"မဆိုးပါဘူး.... အလှဆင်တာက တော်တော်ရှေးကျသားပဲ"


ဝူရှဲ့သည် 'ရှေးဟောင်းပစ္စည်း ဆိုင်တစ်ခုမလို့ ရှေးကျအောင် ပြင်ဆင်ထားတာလေ ဧကန္တ ဟန်ဆောင်နေရမှာလား' ဟုသာ စိတ်ထဲက ဆိုလိုက်သည်။ 


"မင်းက တကယ့်ကို ရှားရှားပါးပါး ဧည့်သည်ပဲ... မင်း ငါ့ဆီက ဘာလိုချင်လို့လဲ?"


သူမသည် အနည်းငယ် စိတ်ပျက်နေသော အကြည့်ဖြင့် ဝူရှဲ့ကို စိုက်ကြည့်လာသည်။ သို့သော် ဝူရှဲ့ရဲ့ သဘောထားကို သတိပြုမိတာကြောင့် ခေတ္တရပ်ကာ ဆို၏။ 


"ရှင်က တကယ် တိုက်ရိုက်ပြောလာတယ် ဆိုမှတော့ ကျွန်မလည်း မယဉ်ကျေး​တော့ဘူး... ကျွန်မဒီကို ညစာစားလာတာ... ရှင်ကျွန်မကို ဖိတ်ခေါ်မှာလား?"