ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ပထမပိုင်း)
Chapter (16)
သေရာက ပြန်ရှင်လာသူ
ရုတ်တရက် ဝူရှဲ့ တစ်ကိုယ်လုံးမှာ အေးစက်တောင့်တင်းသွား၏။ ဦးလေးသုံးက အဲဒီလူရဲ့ နာမည်ပြောလာမယ်လို့ မမျှော်လင့်ဘူးလေ။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"မဖြစ်နိုင်ဘူး ဟုတ်လား... ငါတို့က ဝမ်းကွဲတွေလည်း ဖြစ်နေတယ် အထူးသဖြင့် အဲဒီခေတ်တုန်းက ပုံစံအမျိုးမျိုးနဲ့ အရမ်းဆင်တူတဲ့ ဝတ်စုံတွေလည်း လူတိုင်းနီးပါး ဝတ်ကြတယ်.... အ၀တ်အစားနဲ့ ဆံပင်ပုံစံကလည်း တူတယ်... ဒီကိစ္စကို အခြေခံရင် သူကသာ ငါနဲ့ အတူဆုံးပဲ "
"ဒါပေမဲ့ အဲဒီတုန်းက သူသေနေပြီ မဟုတ်ဘူးလား"
ဝူရှဲ့ ထုံထိုင်းစွာ ပြောလိုက်မိသည်။ ဦးလေးသုံးလည်း အသက်ပြင်းပြင်းရှူကာ မျက်မှောင်ကြုတ်သွား၏။
“အမှန်ပဲ... အဲဒီအချိန်တုန်းက သူသေသွားခဲ့ပြီးသား... အလောင်းကို တွေ့တုန်းကဆို တောင့်တင်း ရောင်ရမ်းနေပြီ.... ဒီလိုလည်း လုံးဝ မဖြစ်နိုင်ဘူး... ဒီရှင်းပြချက်ကလွဲလို့ အဲ့အစ်ကိုလေးနဲ့ ငါက မလိမ်ပါဘူး ဆိုတာကို သက်သေပြဖို့ တခြားနည်းလမ်းကို မစဉ်းစားနိုင်တော့ဘူး...အလောင်းကို သယ်တဲ့ လှေက တံငါသည်တွေနဲ့ အတူတူ ဆိပ်ကမ်းဘက်ကို ပြန်သွားပြီး ပြန်မလာတော့ဘူး...ငါတို့လူအုပ်စုက ပင်လယ်ထဲမှာ ပျောက်ကွယ်သွားတော့ သူတို့လည်း ပျောက်ပြီလို့ ယူဆလိုက်ပုံပဲ”
ဦးလေးသုံးက ခေတ္တရပ်ပြီး။
“တကယ်တော့ တစ်ခါတလေမှာ ငါရှဲ့လျန်းဟွမ်ကို လျှော့တွက်မိလားလို့လည်း စဉ်းစားမိတယ်”
“ဘာကိုဆိုလိုတာလဲ”
ဝူရှဲ့ နည်းနည်း အေးစက်သွားသလို ခံစားလိုက်ရပြန်သည်။
"ဆိုလိုတာက သူက သေတာကို အတုလုပ်ထားတာလား?"
ဦးလေးသုံးက ခေါင်းညိတ်ပြသည်။
"လူတိုင်းရဲ့ နောက်ခံသမိုင်းကြောင်းကို ငါစုံစမ်းပြီးပြီ... သံသယဖြစ်စရာ ဘာမှမရှိပါဘူး အဲဒီအချိန်တုန်းက ရှဲ့လျန်းဟွမ်က မသေဘူးလား... ဒီအဆင့်ကို တွေးပြီး သင်္ချိုင်းထဲ ခိုးဝင်ဖို့ ဟော့လင်နဲ့ ပူးပေါင်းခဲ့တယ်... နောက်ပြီး ပူးပေါင်းကြံစည်မှုလည်း ပြီးမြောက်ခဲ့ပါတယ် ဒါဆို အားလုံးပြီးပြီ... ဒါပေမဲ့ အဲဒီအချိန်က ငါက သူ့အလောင်းကို စစ်ဆေးတဲ့သူပဲ... လူသေခန္ဓာကိုယ်က ဘယ်တော့မှ အတုမရှိနိုင်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း မှတ်မိတယ်... ဒါကြောင့် နောက်ပိုင်းမှာ ဒီဖြစ်နိုင်ချေကို ငါ့ဘာသာ ငြင်းဆန်ခဲ့တာ ဒါပေမဲ့ အခု မင်းပြောတာကို နားထောင်ကြည့်ရ သလောက်ဆို သူတကယ် မသေသေးဘူး... ဒါဆို အားလုံးကို ရှင်းပြမယ်လို့ ခံစားမိတယ်”
ဝူရှဲ့ ခေါင်းခါလိုက်ပြီး "သူသေသွားပြီဆိုတာ သေချာတယ် ဆိုမှတော့ ဒီဖြစ်နိုင်ချေကို မစဉ်းစားမိတာ မဆန်းပါဘူး...အဲဒီရှဲ့လျန်းဟွမ်က ဖုတ်ကောင် မဟုတ်ဘူးဆိုရင် သူအဲ့မှာပေါ်လာတာ တခြားအကြောင်းတွေ ရှိရမယ်"
ဦးလေးသုံးမှာ သက်ပြင်းချပြီး လောလောဆယ် ဒီကိစ္စကို မစဉ်းစားသင့်သေးဘူးလို့ ပြောခဲ့လာသည်။ အခုလောလောဆယ် သူတို့သိနိုင်တဲ့ သတင်းအချက်အလတ်တွေ နည်းလွန်းသလို ဒီအကြောင်း ဆွေးနွေးဖို့ အစ်ကိုလေးကလည်း ဘေးမှာ ရှိမနေလို့ ရလဒ်တွေ ရှိလာမှာ မဟုတ်ဘူး။ စကားပြောကြည့်ပြီး ခွဲခြမ်းစိတ်ဖြာ ကြည့်ရင်တော့ အကျိုးကျေးဇူးတွေ ရှိကောင်းရှိလာလိမ့်မယ်။
တစ်ဖက်က ဦးလေးသုံးကလည်း ပြောသလို မျက်နှာသေကလည်း သူမှန်ကြောင်း ပြောထားသည်။ သူတို့မှာ ပြင်ပသက်သေတွေလည်း မရှိကာ ထင်ကြေးပေးတာတွေပဲ ရှိလေရာ ဒါနဲ့ပဲ ဝူရှဲ့ ဦးလေးသုံးကိုပဲ ဆက်ပြောခိုင်းလိုက်သည်။
ဦးလေးသုံးက ထိုအဖြစ်အပျက်ကို အကျဉ်းချုံးပြောပြပြီး ရေအောက်သင်္ချိုင်းတွင်းမှ ထွက်လာပြီးနောက် ထိုကိစ္စအားလုံးကို စတင်စုံစမ်းခဲ့သည်။ ရှဲ့လျန်းဟွမ်ထံမှ ချိုသဲ့ခေါင်၏ အစီအစဥ်ကို သိရှိထားသောကြောင့် ထိုလူအကြောင်း စုံစမ်းစစ်ဆေးရင်း ပဟေဠိကို ဖြေရှင်းရန်နှင့် ပျောက်ဆုံးနေသော လူများ၏ နေရာကို ရှာဖွေရန် သော့ချက်တစ်ခုကို ထည့်သွင်းထားခဲ့သည်။
ထို့နောက်တွင် ချိုသဲ့ခေါင်နှင့် အဆက်အသွယ်များစွာ ရှိခဲ့သော်လည်း ချိုသဲ့ခေါင်သည် ဘုရင်လုနန်းတော်တွင် ထပ်မံ မအောင်မြင်မီအထိ သူ့အား ဘယ်လို အချက်အလက်များကိုမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။
ထိုအချိန်တွင် သူ၏စစ်တပ် တစ်ခုလုံးကို သုတ်သင် ရှင်းလင်းခဲ့ရာတွင် ဦးလေးသုံးနှင့် အဖွဲ့သည် ဆုံးရှုံးမှုများစွာ မရှိဘဲ လွတ်မြောက်နိုင်ခဲ့ကြောင်း သိမြင်လာကာမှ ချိုသဲ့ခေါင်က ဦးလေးသုံးနှင့် တွေ့ဆုံခဲ့သည်။ နှစ်ယောက်သား ပြောခဲ့တာတွေအကြောင်း ဦးလေးသုံးက အကြာကြီး ပြောပြသည်။
ဒါပေမဲ့ ဦးလေးသုံးကတော့ ချိုသဲ့ခေါင်ရဲ့ မကောင်းဆိုးဝါး ကြယ်ပွင့် ဖြစ်လာခဲ့လေ၏။ သူနဲ့ ချိုသဲ့ခေါင်တို့ ပူးပေါင်းပြီး ပင်လယ်အောက် ဂူသင်္ချိုင်းထဲကို ထပ်မံဝင်ရောက်ဖို့ ချိန်းဆိုခဲ့ကြသာ်။ သို့သော် ချိုသဲ့ခေါင်သည် ချောင်ရှားတွင် အဖိုးကို သစ္စာဖောက်သောကြောင့် ဦးလေးသုံးသည် ထိုလူ၏ အရင်းအမြစ်များကိုသာ အသုံးပြုခဲ့သည်။
ချိုသဲ့ခေါင်ရဲ့ ရည်ရွယ်ချက်ကို သူသိထားပြီးပြီ ဖြစ်သည်။ သူသည် ရှေးဟောင်း ဂူသင်္ချိုင်း အတွင်းသို့ ဝင်ရောက်ကာ လျှို့ဝှက်ချက်များစွာကို ထုတ်ဖေါ်ရန် ခိုင်းစေခဲ့သည်။ ထိုအချက်အလက်များကို အသုံးပြု၍ ခန့်မှန်းကြည့်ရာ ၎င်းတို့၏ နောက်ပစ်မှတ်မှာ ကောင်းကင်နန်းတော် ဖြစ်ကြောင်း သိလိုက်သောကြောင့် စတင်ခဲ့သည်။
ဒီအတောအတွင်း စွန့်စားမှုတွေ အများကြီးရှိခဲ့ပေမယ့် အဲဒါတွေကို ချရေးရတာ ခက်လိမ့်မယ်။ ဒါကြောင့် သူတို့ကို အတိုချုံးပဲ ပြောပြနိုင်တော့မည်။
ပြီးတော့ အားနင်နဲ့ တခြားသူတွေက သူ့ဆီ လာရှာတာကလည်း ဦးလေးသုံးရဲ့ အစီအစဉ် မဟုတ်ပေ။ သူ့အား အဲဒီကိုလာခိုင်းဖို့ဆိုတာ မဖြစ်နိုင်ကြောင်း နားလည်ထားဖို့ပဲ လိုသည်။ သူ့အဆင့်နဲ့ဆိုရင် သူ့ရဲ့ ဂူဖောက်မှုဟာ သေလမ်းကို သွားသလိုပဲ ဖြစ်လိမ့်မယ်။
တကယ်တော့ အားနင် သူ့ကို လှည့်စားခဲ့တာပဲ ဖြစ်သည်။ အဲဒီအချိန်တုန်းက သူတို့က မိမိမှာ လုနန်းတော်ထဲက အသက်ရှင်လျက် ထွက်လာတာကြောင့် သခင်တစ်ယောက်လို့ ထင်နေကြရာ သူ့ကို လှည့်စားဖို့ ဒီနည်းလမ်းကို အသုံးပြုခဲ့ကြတာ ဖြစ်သည်။
ဦးလေးသုံး အဲဒီတုန်းက သူ့ကို ဒီလောက်အများကြီး မပြောချင်ရတဲ့ အကြောင်းရင်းက ဒီကိစ္စမှာ သူပါဝင်မှာကို ကြောက်လို့ဆိုပြီး ပြောခဲ့ပါသည်။ ကံမကောင်းစွာဖြင့် ချိုသဲ့ခေါင်ဟာ ဘုရင်လုနန်းတော်ထဲက ကိစ္စတွေကို ကောင်းကောင်း သိနေရခဲ့သည်။ အဲဒီနောက်မှာတော့ လုနန်းတော်ထဲက ထွက်လာတဲ့ တခြားသြဇာရှိများကိုလည်း သူက ဆက်သွယ်လာခဲ့သည်။
ဝူရှဲ့က အလိမ်ခံလိုက်ရပြီး ဖက်တီးလည်း ရောင်းစားခံလိုက်ရသည်။ အဲဒီအစ်ကိုလေးက ဒီအကြောင်းကို သိပြီးနောက် အဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်ပါ၏။
နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့တာတွေကတော့ သူ့အတွက် အလွန်ရှင်းရှင်းလင်းလင်း သိသာထင်ရှားလှပါသည်။ ဦးလေးသုံးသည် ပန်းချီကားကို ရပြီးနောက်မှာတော့ အားနင်နဲ့ တခြားသူတွေထက် ကောင်းကင်နန်းတော်ကို စောစီးစွာ ရောက်ရှိဖို့ တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။ ဒါပေမဲ့ လူတစ်ယောက်ဟာ ဒီလိုကြီးကြီးမားမား ခိုးယူမှုအတွက် အပြစ်ရှိတယ်လို့ ခံစားမိတဲ့အတွက် ဖန့်ကျစ်အတွက် စာချန်ထားခဲ့လေ၏။
ဦးလေးသုံးမှာ ဝူရှဲ့ကို လွှတ်ဖို့ မစီစဉ်ထားပေမယ့် အစ်ကိုချူ သတင်းပေါက်ကြားစေပြီး ချန်ဖီအားစစ်ဆီ ထိုအကြောင်းကို ပြောပြခဲ့သည်။ အဲ့အဘိုးအိုက အစ်ကိုချူကနေ တစ်ဆင့် သူ့(ဝူရှဲ့) ကို ဆွဲသွင်းခိုင်းထားသည်။ အချိန်ကျရင် သူ့ကို အသုံးချပြီး ဦးလေးသုံးကို အကြပ်ကိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်လေသည်။ အဲဒီလူအုပ်စုက အားကောင်းပေ၏။ အထူးသဖြင့် တာယာအပိုအဖြစ်သုံးဖို့ ခြေထောက်ပျော့ ပုဇွန်ကို ရှာထားကြတတ်ကြသည်။
ဦးလေးသုံးက ဒီလိုပြောပြီးတဲ့အခါ သူ့ခေါင်းကို ယမ်းပြီးပြောလိုက်သည်။
"နှစ်ပေါင်းများစွာ လက်တွဲလုပ်ခဲ့တဲ့သူက သူ့လုပ်ငန်း ပျက်နေတာကို မြင်လိုက်တာနဲ့ ချက်ချင်းပဲ ချန်ဖီအားစစ်ဘက်ကို လှည့်သွားတာပဲ... အခု ထောင်ကျနေပြီ ဆိုတော့ လက်စားချေလိုက်ပြီလို့ ဆိုရမှာပေါ့"
ချိုသဲ့ခေါင်က အဘိုးကို သစ္စာဖောက်တယ်၊ ဦးလေးသုံးက ချိုသဲ့ခေါင်ကို သစ္စာဖောက်တယ်၊ အစ်ကိုချူက ဦးလေးသုံးကို သစ္စာဖောက်တယ်၊ ပြီးတော့ အားနင်က ဝူရှဲ့တို့ကို သစ္စာဖောက်တယ်။ သူတို့က တကယ့်ကို ကြောက်စရာကောင်းတဲ့ တိရစ္ဆာန်တွေပဲ။
တိမ်ထိပ် ကောင်းကင်နန်းတော်မှာတုန်းက သူ့ရဲ့ အတွေ့အကြုံက အလွန်ကြောက်စရာ ကောင်းပါသည်။ အမှန်မှာ ဦးလေးသုံးသည်လည်း လူတစ်ဦး ဖြစ်သည်။ သူသည် ပန်းချီကားများမှ ပေးထားသော သဲလွန်စများကို လိုက်ကြည့်သော်လည်း အဆုံးတွင် လှည့်စားခံရပြီး သူတို့ဆီက ကယ်တင်ခံခဲ့ရသည်။
အသေးစိတ် အချက်များမှာလည်း အလွန်စိတ်လှုပ်ရှားစရာ ကောင်းပါသည်။ သို့သော် ဤနေရာတွင် အကျယ်တဝင့် ပြောရန် မလိုအပ်တော့ပေ။ ထို့ကြောင့် ဦးလေးသုံးသည် ထိုအကြောင်းကို အလျင်စလို ပြောပြနေခဲ့သည်။ အဲဒီတုန်းက အရင် ဇာတ်ကြောင်းတွေကို နားထောင်ပြီး ချွေးအေးတွေ ဖုံးလွှမ်းနေတာမို့ ဝူရှဲ့လည်း သိပ်ပြီး မတွေးရဲတော့ပေ။
တော်တော်ကြာမှ ဦးလေးသုံးဟာ ဒီနေရာမှာလည်း တစ်ခုခုကို ဖုံးကွယ်ထားတယ်လို့ ခံစားလိုက်ရပေမယ့် တော်တော်ကြာနေတဲ့ ကိစ္စဖြစ်လို့ ခန့်မှန်းကြည့်လို့ မရနေချေ။