(77)ဆောင်းဦးရာသီးအပြီး တွက်ချက်ခြင်း
Viewers 5k

Chapter (77)

ဆောင်းဦးရာသီးအပြီး တွက်ချက်ခြင်း



နွေဦးရာသီသည် တောက်ပပြီး ပျော်စရာကောင်းသော ရာသီဖြစ်သဖြင့် လုရွှီသည် အပျော်သွားလိုသည့် နေရာကို မေးနေသော်လည်း လီကျင်လုံက ဒေါသတကြီးဖြင့် အော်လေသည်။ 


"အမှု စုံစမ်းစရာတွေ ရှိတယ် မင်းက ကစားနေတုန်းလား... မင်းလစာ​ရော လိုချင်​သေးလား"


မော့ရစ်ကန်းက သူ့ပိုက်ဆံတွေ အကုန်လုံးကို သုံးထားပြီးပြီ။ လုရွှီနဲ့ အားရှစ်နရှုံကလည်း ပိုက်ဆံအတွက်ပဲ ဒီကိုရောက်လာခဲ့တာ ဖြစ်သည်။ လီကျင်လုံလည်း လူတိုင်းရဲ့အမူအရာကို မြင်တော့ ကူကယ်ရာမဲ့သွားသည်။ 


လူတိုင်း: "..."


"ရိုးရိုးသားသားပြောရရင်...." ချိုးယုံစစ်က တောင်းပန်တဲ့ အပြုံးနဲ့ ဆိုလာသည်။ 


"ငါ့အဖိုး ငါ့ကို ပေးခဲ့တဲ့ ဖန်ချွမ်ကလည်း သုံးလို့ကုန်သွားပြီ.... ခေါင်းဆောင်ကပဲ ဒီညီအစ်ကိုတွေကို အရင်ဆုံး ပံ့ပိုးပေးနိုင်မလား "


လွန်ခဲ့သည့် လအနည်းငယ်က ငွေကို အညစ်အကြေးဟု မှတ်ယူခဲ့သော မင်းသားများသည် ၎င်းတို့၏ လစာအား အကုန် သုံးစွဲပစ်ခဲ့သည်။ လီကျင်လုံမှာ ရုတ်တရက် ဒီလို နေထိုင်ရလိမ့်မယ်လို့ မမျှော်ထားလင့်ခဲ့ပေ။ အဲဒီအမူအရာကြောင့် သူတို့ကို ရွဲ့စောင်း ပြောလိုက်ချင်ပေမယ့် ​ပြန်တွေးပြီးနောက် မပြောဘဲနေတာကမှ ပိုကောင်းမယ်ဟု တွေးလိုက်တော့သည်။ 


လီကျင်လုံ: "အလုပ်လုပ်ကြ! မလုပ်ရင် ဘာမှရဖို့ မစဉ်းစားနဲ့"


ဟုန်ကျွင့်နဲ့ လုရွှီတို့မှာ ကမ္ဘာကြီးက ခက်ခဲတယ်ဆိုတာ ဘယ်တုန်းကမှ မသိခဲ့ကြပေမယ့် မော့ရစ်ကန်း၊ ချိုးယုံစစ်၊ အားထိုက်နဲ့ အားရှစ်နရှုံတို့ကတော့ ပိုက်ဆံမပါဘဲ ​နေရတာက ခက်ခဲတယ်ဆိုတာ သိ​နေကြပါပြီ။ မနက်စာစားပြီးနောက် လီကျင်လုံသည် ချိုးယုံစစ်ကို တလီတရားရုံးသို့သွားကာ လပေါင်းများစွာ ကျောခိုင်းထားခဲ့သော အမှုတွဲဖိုင်များကို ပြန်ယူလာခိုင်းပြီး ခန်းမအတွင်း၌ လူတိုင်း စာဖတ်ကြရသည်။ 


 "မနေ့က သူ့မှာ ဘာအရည်အချင်းတွေရှိလဲ" 


ဟုန်ကျွင့် လုရွှီဘက်သို့ လှည့်မေးလိုက်သည်။ လူငယ်လေးတို့သည် ယေဘူယျအားဖြင့် ပိုက်ဆံအကြောင်း သိပ်မသိကြသော်လည်း အထက်လူကြီးများ ခိုင်းသမျှကို သဘာဝအတိုင်း ကျေကျေနပ်နပ်ကြီး လုပ်ကြသည်။


လုရွှီ သူ့အသံကို လျှော့ပြီး တိုးတိုးပြော၏။  


"အချက်အလက်တွေ မစုံခင်မှာ သူက အများကြီး ခန့်မှန်းနိုင်တယ်... အမှန်တရားကိုလည်း အမြဲတမ်း ရှာတွေ့နိုင်တယ်"


"အလိုလိုသိနေတယ်လို့ ဆိုလိုချင်တာလား"


ဟုန်ကျွင့် လှမ်းကြည့်လိုက်တော့ ဒီအချိန်မှာ လီကျင်လုံက တစ်ခုခုရေးနေပြီး လူတိုင်းကလည်း စာလိပ်တွေကို လှန်ကြည့်နေကြသည်။ 


လုရွှီက သူ့ခေါင်းကိုခါပြီး :"ပင်ကိုယ်အားကိုးဖို့ဆိုတာ မဖြစ်နိုင်ဘူး... မင်းသတိမထားမိဘူးလား အခြေအနေတွေ မပြည့်စုံရင်တောင်မှ သူ့ရဲ့ ကောက်ချက်က အနာဂတ်ကို မြင်နိုင်သလိုကြီး အမှန်တရားနဲ့ အရမ်းနီးစပ်လွန်းတယ်"


လီကျင်လုံဆီမှာ လေကိုနားထောင်ပြီး မြှားကို မျက်စိမှိတ်ပစ်ကာ အရာဝတ္တုများကို ခွဲခြားသိမြင်နိုင်သော စွမ်းရည်များစွာ ရှိကြောင်း ဟုန်ကျွင့် သိထားသော်လည်း လုရွှီ ပြောသည့်စကားက သူ့ကို ပထမဆုံးအကြိမ်အဖြစ် သေချာ ပြန်သတိရသွားစေသည်။ 


လုရွှီ: "ပညာရှိဓားကြောင့် ဖြစ်နိုင်လား"


ဟုန်ကျွင့်: "ပညာရှိဓားကို ဘာအတွက် သုံးတာလဲ"


လုရွှီက အသံတိုးတိုးနဲ့ : "ပညာရှိဓားက နတ်ဆိုးချေမှုန်းတဲ့ ကျည်ပွေ့၊ ရွှေမြှား၊ နေဘီးကြီး.....ဒါတွေက ဖူတောက်မင် ဘုရင်ရဲ့ မှော်လက်နက် ခြောက်မျိုးပဲ.... နတ်ဆိုးကို ဖြိုခွင်းဖို့ အထူးထုတ်လုပ်ထားတဲ့ လက်နက်တွေ..." 


ဒီအထိ ​ပြောပြီးနောက် လုရွှီက စကားရပ်လိုက်ပါ၏။ ဟုန်ကျွင့် သူ့နှလုံး​နေရာကို ငုံ့ကြည့်ပြီးနောက် လုရွှီကို ပြန်ကြည့်လိုက်သည်။


"မင်းဘယ်လိုလုပ်သိလဲ" 


ဟုန်ကျွင့်လည်း အသံတိုးတိုးဖြင့် ပြန်မေးလိုက်သည်။ 


လုရွှီက သူ့လက်တွေကို ဖြန့်ပြီး :"ငါသိတယ်လေ ဘာကြောင့်လဲလို့တော့ လာမမေးနဲ့" 


"အဲဒါက တိရန်ကျယ်ရဲ့ ပစ္စည်း..." ဟုန်ကျွင့် တိုးတိုးလေး ပြောပြန်သည်။


လုရွှီ ခေါင်းပဲညိတ်လိုက်သည်။ ဟုန်ကျွင့်ကတော့ တံခါးအပြင်ဘက်မှာ ဖူတောက်မင် ဘုရင်ရုပ်တုကို ကြည့်ပြီး မှန်နေသလိုပဲဟု တွေးနေ၏။ 


လုရွှီ: "ကောင်းကင်နတ်ဆိုးကို ဖယ်ရှားဖို့အတွက် လက်နက်ခြောက်ခုကို စုစည်းထားရမယ်လို့ ပြောထားပေမယ့် မင်းစိတ်မပူပါနဲ့... သူကတော့ သေချာပေါက် ပေါင်းစည်းနိုင်မှာ မဟုတ်ဘူး"


လုရွှီသည် သူတို့ တစ်ခါမှ မကြားဖူးသော ဗဟုသုတများစွာကို သိနေကြောင်း၊ တချို့ဆို ချိုးယုံစစ်နှင့် အခြားသူများတောင် မသိထားကြောင်း တဖြည်းဖြည်း သတိထားမိလာသည်။ ဒါပေမဲ့ သူဒီထက်ပိုပြီး တူးဆွနေမယ်ဆိုရင် လုရွှီက မပြောပြလောက်ချေ။ သမင်ဖြူတစ်ယောက်အနေနဲ့ သူ့ဝိညာဉ်အမွေမှာ မူလမှတ်ဉာဏ်တွေ အများကြီး ရှိတယ်ဆိုတဲ့အချက်ကြောင့် ဖြစ်နိုင်သည်။ 


ဟုန်ကျွင့်: "ငါ သူ့ကို လက်နက်တွေ ပေါင်းစည်းဖို့ နည်းလမ်းတွေ စဉ်းစားနိုင်အောင် ကူညီပေးနိုင်မှာပါ"


"မင်းခေါင်းထဲ ရေဝင်သွားတာလား" 


လုရွှီရဲ့အသံက အနည်းငယ်​ ပိုကျယ်​လာသည်​။


လီကျင်လုံ: "မင်းတို့နှစ်ယောက် တစ်ချိန်လုံး တီးတိုးပြောနေတာကို ရပ်နိုင်မလား... လုရွှီ ဟုန်ကျွင့်ကို သိမ်းပိုက်ဖို့က အဆင်မပြေဘူး... ငါပြန်လာကတည်းက အားလုံး ဟုန်ကျွင့်နဲ့ စကားသေချာ မပြောရသေးဘူး..."


မော့ရစ်ကန်းက လုရွှီကို ကြည့်ကာ: "မင်းတို့နှစ်ယောက်... အမှုတွဲဖိုင်ကို ဖတ်နေရဲ့လား"


"ကျွန်တော်က စာမဖတ်တတ်ဘူး..." 


လုရွှီသည် ပဲကြော်လက်တစ်ဆုပ်စာ ကောက်စား​နေလိုက်ပြီး ငြီးငွေ့ဖွယ်ကောင်းနေပုံဖြင့် ထိုင်နေသည်။ မျက်နှာကလည်း 'မင်းတို့ငါ့ကို ဘာလုပ်နိုင်လဲ' ဟူသည့် မျက်နှာထားဖြင့်။ 


ဟုန်ကျွင့်: "ငါ မင်းကို သင်ပေးမယ်"


လီကျင်လုံ: "မင်းတို့ တစ်ခုခု ရှာတွေ့ထား​ကြပြီလား" 


"ယက်ကန်းမယ်... ညဉ့်သန်းခေါင်မှာ ယက်ကန်းစက်က သူ့ဘာသာသူ လှုပ်ရှားနေတယ်တဲ့" 


အားထိုက်သည် မနေ့ညက အကြီးအကျယ် ထိုးနှက်ခံခဲ့ရသော မျက်နှာဖြင့် လှမ်းပြောလာသည်။ 


"သရဲခြောက်တယ်လို့ ကောလာဟလတွေ ရှိတယ်လို့ ရေးထားတယ်"


လီကျင်လုံ: "ဒီည ကိုယ်တိုင်ကိုယ်ကျ သွားစစ်ဆေးကြည့်မယ်"


ချိုးယုံစစ်: "လော့ယန်မှာ က​လေး​တွေကို သယ်​​ဆောင်​ရာမှာ အထူးကျွမ်းကျင်​တဲ့ မှင်​စာကောင်​တစ်​​ယောက်​ ရှိတယ်​တဲ့ ဦးနှောက်တွေကို စုပ်ယူသွားတယ်လို့ ပြောထားတယ်..."


လီကျင်လုံ: "လော့ယန်ရဲ့အမှုကို ဘာလို့ ချန်အန်းအထိ ပို့လာတာလဲ"


ဟုန်ကျွင့်မှာ သူ့တစ်ကိုယ်လုံး ယားယံသွားသလို ခံစားလိုက်ရသည်။


မော့ရစ်ကန်း: "ချန်အန်း တစ်ခုတည်းမှာပဲ နတ်ဆိုးနှင် ဌာနတစ်ခုရှိတာလေ... အဲ့တော့ ငါတို့ဆီကိုပဲ ပို့မှာပဲ" 


လီကျင်လုံလည်း ဒါက အလွန်လေးနက်သော ပြဿနာတစ်ခုမှန်း ရုတ်တရက် သဘောပေါက်လိုက်သည်။ အကယ်၍ ဒီအတိုင်းသာ ဆက်လက်ရှိနေပါက နိုင်ငံတစ်ဝှမ်းရှိ မိစ္ဆာကိစ္စတွေကို လိုက်ဂရုစိုက်ရတော့မှာ မဟုတ်ပါလား။ တောင်ပိုင်း သို့မဟုတ် ရှုးကျုံးနေရာမျိုးတွင် တစ်စုံတစ်ခု ဖြစ်ပွားခဲ့ပါက နတ်ဆိုးများ တွေ့ရှိထညးသည့် နေရာများသို့ နေ့ရောညပါ သွားလာရမည်။ လူအနည်းငယ်ကို ဘယ်လိုလုပ် စေလွှတ်နိုင်ပါ့မလဲ။ 


"ဒီမှာ နောက်တစ်ခုရှိသေးတယ်" မော့ရစ်ကန်းက စာလိပ်တစ်လိပ်ကို လီကျင်လုံဆီ ကမ်းပေးလိုက်ပြီး။ 


"ချင်းချောင်တောင်က လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ဖုတ်ကောင်တွေ ထွက်လာသလို သရဲခြောက်တာမျိုး ရှိဖူးတယ်တဲ့... ဘယ်လိုလဲ ကိုင်တွယ်မလား"


လီကျင်လုံ :"ဒီကိစ္စနဲ့ ပတ်သက်ပြီး တခြားနေရာတွေဆီက ဘာအချက်အလက်တွေမှ မရဖူးဘူး... ဘယ်လိုဖြစ်တာလဲ"


"ရှဲ့ယွီရဲ့ လက်ချက်ဖြစ်နိုင်တယ်" ဟုန်ကျွင့် စိတ်မအေးစွာ ဆိုလိုက်သည်။ 


ချိုးယုံစစ်: "လုံးဝ မဟုတ်ဘူး... ပြည်မကြီးကို မိစ္ဆာတွေ လာမသောင်းကျန်းတတ်တဲ့ နေရာတွေ ရှိသေးပေမယ့် နယ်စပ်တွေဘက်မှာတော့ ခဏခဏ ပေါ်လာတဲ့ မိစ္ဆာတွေ ရှိတယ် အရင်ကတည်းက ဘယ်သူမှ ဂရုမစိုက်ပါဘူး..."


အမြီးကိုးချောင်း မြေခွေးအသတ်ခံရသည့်ညက ထွက်ပေါ်လာ​ကြတဲ့ မိစ္ဆာမျိုးစုကို ရုတ်တရက် သတိရသွားတဲ့ ဟုန်ကျွင့်သည် ထိုမိစ္ဆာတွေ ချန်အန်းကနေ လွတ်မြောက်သွားတာပဲ ဖြစ်မယ်လို့ တွေးလိုက်သည်။ 


"ဟိုမြေခွေးကြီး လက်အောက်ကနေ ထွက်လာတာတွေ ဖြစ်နိုင်လား..."


မော့ရစ်ကန်း: "ဖြစ်နိုင်တယ်... ဘာပဲဖြစ်ဖြစ် သူတို့အားလုံး ဒီကိုရောက်နေပြီ"


တိုင်းပြည်တစ်ဝှမ်းမှာ အမှုတွေက အမျိုးမျိုး ရှိသည်။ အပြေးအလွှား သွားပြီးမှ လူတွေကို သတ်ပစ်တဲ့ ကိစ္စမျိုး မတွေ့လို့ အမြန်ပြန်လာရင် လမ်းတစ်ဝက်မှာတင် အသတ်ခံလိုက်ရလိမ့်မည်။ လီကျင်လုံသည် ရှဲ့ယွီဟာ ထောင့်တစ်နေရာတွင် ရှိနေလိမ့်မည်ကို တွေးရင်း စိတ်အားထက်သန်စွာ တွေးတောနေခဲ့သည်။ 


သူနဲ့ ရှဲ့ယွီဟာ စစ်တုရင်စားပွဲရဲ့ နှစ်ဖက်စလုံးက မတ်တပ်ရပ်​နေကာ ကြီးမားလှသော စစ်တုရင်ခုံပေါ်တွင် သတိကြီးကြီးထားပြီး စမ်းကြည့်နေသလိုပင်။ 


ရှဲ့ယွီဟာ ဟုန်ကျွင့်ခန္ဓာကိုယ်ထဲမှာ ကောင်းကင်နတ်ဆိုး မျိုးစေ့ ရှိနေတာကို မသိဘူးဆိုတာ မဖြစ်နိုင်ဘူးလို့ သူထင်သည်။ မိစ္ဆာဘုရင်ရဲ့ စွမ်းရည်နဲ့ဆို နေရာတိုင်းမှာ ဒုက္ခရောက်နေအောင် မိစ္ဆာများကို သုံးကာ နတ်ဆိုးနှင်ဌာနကို အလုပ်ရှုပ်အောင် လုပ်လိမ့်မည်။ ထောင်ချောက်များ ချထားရန်အတွက် ကျားထွက်-တောင်ပေါ်နည်းဗျူဟာကိုပင် အသုံးပြုနိုင်သည်။


ဒါကိုစဉ်းစားရင်း လီကျင်လုံက ပြောလိုက်သည်။ 


"ချန်အန်းမြို့မှာ မဟုတ်သရွေ့တော့ ငါဒီကိစ္စကို လျစ်လျူရှုထားလိုက်မယ်"


အားရှစ်နရှုံက အံ့အားသင့်သွားပြီး "ဒါဆို အမှုကိစ္စတွေကို ကိုင်တွယ်တဲ့အခါ မင်းတို့နဲ့ နီးစပ်တဲ့နေရာတွေကိုပဲ ရွေးမှာလား... ကလေးတွေ ဦးနှောက်ကို အစုပ်ခံနေရလား ဂရုမစိုက်​တော့ဘူးလား"


လီကျင်လုံ : "..."


အားထိုက်က အားရှစ်နရှုံစကားကို ချက်ချင်း ဖြတ်ပြောသည်။ 


"အခုအခြေအနေက ဘယ်လိုဖြစ်နေလဲ မသိသေးဘူးလေ..."


လူတိုင်းက ခေါင်းညိတ်ပြသော်လည်း မထင်မှတ်ပဲ အားထိုက်က ဆက်ပြောလေသည်။ 


"ငါတို့ အရမ်းမွဲ​နေတယ်... အခြေအနေက ဘယ်လိုပဲဖြစ်နေနေ မင်းက ပြန်ပြောချင်နေသေးတာလား?"


လီကျင်လုံ သေလုမတတ် ဒေါသထွက်သွားတာကြောင့် ချိုးယုံစစ်မှာ ကမန်းကတန်း ဦးအောင် ပြောရတော့သည်။ 


"အား! ဟုတ်ပြီ... ချောင်ရှူးခရိုင်က ကျန်းရွှိက ချန်အန်းက ကြင်ယာတော် အတွက် လက်ဆောင်တစ်ခု ပြင်ဆင်ထားပေမယ့် 'ကျိုမုချွန်းဖုန်းကို တည်းခိုခန်းထဲမှာ ပျောက်သွားတယ်တဲ့ ..."


လီကျင်လုံ "အရမ်းသောက်ထားရင် အခိုးခံလိုက်ရနိုင်တယ်" 


ချိုးယုံစစ်က : "ငါလည်း ဒီလိုပဲထင်တယ်"


"ခဏနေဦး!" ဟုန်ကျွင့် ချက်ချင်းစိတ်ဝင်စားသွားပြီး။ 


"အဲဒါက ကျန်းရွှိလား"


လီကျင်လုံ: "ဟုတ်တယ်လေ... ဘယ်ကျန်းရွှိရှိဦးမှာလဲ" 


ဟုန်ကျွင့် : "..."


"မြက်သုံးခွက် သန့်ရှင်းသော အတ္ထုပ္ပတ္တိထဲက ကျန်းရွှိလေ?!" 


ဟုန်ကျွင့် ထိတ်လန့်သွားခဲ့ပေမယ့် လီကျင်လုံက လက်ဝေ့ယမ်းပြ၏။ 


"သူက အမြဲတမ်းမူးနေတာ... မင်းကို ဂရုမစိုက်နိုင်ဘူး... သူ့ကို အရေးလုပ်မနေနဲ့"


အားထိုက်က ရုတ်တရက် အကြံတစ်ခုရပြီး "ယုံစစ်... မင်းဝမ်းကွဲက ကဗျာရေးဖူးတယ်မလား? ငါ့အတွက် ကဗျာတစ်ပုဒ် တောင်းပေးပါလား... နှစ်တစ်ရာကျော်ပြီးမှ ရောင်းစားရအောင်လို့လေ... အဖိုးတန်တာပေါ့.."


ချိုးယုံစစ်: "သူ မင်းထက် အသက်ပိုရှည်နိုင်ရင်ပေါ့..."


ထိုသို့ပြောပြီးနောက် လီကျင်လုံသည် အဖိုးတန်သော အမှုဟောင်းများကို မဖော်ထုတ်တော့ပေ။ ယခုအချိန်၌ တလီတရားရုံးက ၎င်းအမှုများအား အစီရင်ခံရန် မဝံ့မရဲ ဖြစ်နေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဧကရာဇ်ကိုယ်လုပ်တော်ရဲ့ မွေးနေ့ပွဲကို ကျင်းပတော့မည်။ မိစ္ဆာများအားလုံး ချန်အန်းမှ ထွက်ခွာသွားမှရမည်။ မြို့တော်အပြင်ဘက်မှာ နတ်ဆိုးတွေ၊ သရဲတစ္ဆေတွေရဲ့ ကောလဟာလတွေနဲ့ ပြည့်နေတာမို့ ချန်အန်းထဲက ဒီအမှု​တွေကို အရင်ဆုံးစုံစမ်းဖို့ ဆုံးဖြတ်လိုက်သည်။ 


မော့ရစ်ကန်းနဲ့ လုရွှီက ကျန်းရွှိကိုရှာရန်၊ အားထိုက်နဲ့ အားရှစ်နရှုံကို တမင်နန်းတော်ဘက်ကို စုံစမ်းစစ်ဆေးရန်၊ ချိုးယုံစစ်က လီရှန့်သို့ သွားရန် ဖြစ်လာသည်။ ခဏအကြာတွင် လီကျင်လုံသည် လူအားလုံးကို လွှတ်လိုက်သော်လည်း ဟုန်ကျွင့်မှာ ကျန်နေသေးသည်။


ဟုန်ကျွင့်သည် ဒဏ္ဍာရီလာ ကျန်းရွှိကို တွေ့ချင်သော်လည်း လီကျင်လုံသည် လူတိုင်းကို မရှိတော့တဲ့အထိ တာဝန်ပေးလိုက်ကာ သူ့ကို လုံး၀ ဂရုမစိုက်ခဲ့ပေ။


"ကျွန်​တော်တို့ ဘာလုပ်ကြမှာလဲ" 


ဟုန်ကျွင့် မမေးဘဲမနေနိုင်ခဲ့။ 


"မင်းကို မင်ကျစ်မင်မုန့် စားဖို့ ခေါ်သွားပေးမယ်" 


လီကျင်လုံ အပြုံးလေးနဲ့ ပြောလိုက်သည်။ ဟုန်ကျွင့်လည်း လီကျင်လုံဟာ တခြားသူများရှေ့မှာ မဟုတ်သရွေ့ မရေရာသော အပြုံးမျိုး အမြဲရှိနေတတ်ကြောင်း ရှာတွေ့လာတာကြောင့် သူ ပြုံးကာ "ကောင်းပြီ" ဟု ဆိုလိုက်သည်။


လီကျင်လုံ: "စာရေးပြီးရင်​ ထွက်​မယ်​"


ဟုန်ကျွင့်သည် သူ လီကျင်လုံကို သဘောကျမိသွားကြောင်း သိလိုက်ရပြီးကတည်းက နှစ်ယောက်တည်း အတူရှိနေချိန်ဆို ပျင်းတယ်လို့တောင် မခံစားရပေ။ လီကျင်လုံရဲ့ စုတ်တံကိုင်ထားတဲ့လက်၊ မတ်မတ်ထိုင်နေတဲ့ ခါး၊ သူ့မျက်နှာကို ပိုကြည့်လေ ပိုနှစ်သက်လာလေ ဖြစ်လာသည်။ 


ပထမတော့ သူ လက်မခံချင်ပေမယ့် လုရွှီ ပြောတာမှန်လေသည်။ သူ့အတွင်းစိတ် ခံစားချက်တွေကို ဝန်ခံရမည်။ စားပွဲပေါ် လက်တင်ပြီး လီကျင်လုံ စာရေး​နေတာကို ကြည့်ရင်း လက်ရေးက အရမ်းလှတယ်လို့ ခံစားလိုက်ရသည်။ 


"ကိုယ့်လက်ရေးက ကြည့်ကောင်းရဲ့လား?" 


ဟုန်ကျွင့်ရဲ့ မျက်လုံးတွေကို သတိထားမိတာကြောင့် လီကျင်လုံ မေးလိုက်သည်။


"အင်း...."


လီကျင်လုံ: "ကျန်းရွှိနဲ့ ယှဥ်ရင်ရော?"


"သိပ်မကွာပါဘူး" 


ဟုန်ကျွင့် အရမ်းရိုးသားစွာပဲ ဖြေလိုက်သည်။ လီကျင်လုံ ရုတ်တရက် စုတ်တံကို လူငယ်လေးရဲ့ မျက်နှာဘက်ကို ဝေ့ယမ်းလာတာကြောင့် ဟုန်ကျွင့် အော်ဟစ်လိုက်မိသည်။ နှလုံးသားက နားမလည်နိုင်စွာ တုန်လှုပ်သွားစဥ် စစ်သံမှူးတစ်ယောက်ရဲ့ အသံက အပြင်မှ ထွက်လာခဲ့သည်။


စစ်သံမှူးက :"ခေါင်းဆောင်လီ... အိမ်ရှေ့စံမင်းသားက ဆင့်ခေါ်လိုက်ပါတယ်..."


လီကျင်လုံ: "ခဏစောင့်ပါ... အဝတ်အစား လဲလိုက်ဦးမယ်" 


"အခုသွားရမယ်!!" 


စစ်သံမှူးရဲ့ သဘောထားက တကယ်ကို တင်းမာလွန်းနေသည်။ ခြံဝင်းထဲမှ ထွက်သွားပြီးနောက် ဟုန်ကျွင့်သည် ငါးကြင်းနတ်ဆိုးအား အိမ်ကို စောင့်ရှောက်ထားရန် မှာခဲ့ပြီးနောက် သူနဲ့ လီကျင်လုံက ရထားလုံးပေါ်တက်ကာ ရှင့်ချင်နန်းတော်သို့ ထွက်လာခဲ့ကြသည်။


လမ်းတစ်လျှောက်တွင် စစ်သံမှူးက စကားတစ်ခွန်းမှ မပြောပေ။ ခဏလောက် စောင့်ကြည့်ပြီးနောက် လီကျင်လုံလည်း သတိပြုမိပြီးနောက် မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။ ဟုန်ကျွင့်ကတော့ သူဘာတွေတွေးနေမှန်း မသိသောကြောင့် ချန်အန်း၏ ဘယ်နှစ်ခါကြည့်ကြည့် မရိုးနိုင်သော ဆောင်းဦးနှင့် နွေဦးရာသီ ရှုခင်းကိုသာ ငေးကြည့်နေလိုက်သည်။ 


ရှင့်ချင်နန်းတော်ရဲ့ ပင်မခန်းမဆောင်ကို လျှောက်ဝင်သွားချိန်၌ လီကျင်လုံဟာ ​​ရင်းနှီးတဲ့ အ​စေခံမိန်းကလေးကို ရုတ်တရက် တွေ့လိုက်ရသဖြင့် ဟုန်ကျွင့်ကို ချက်ချင်းပဲ လှည့်ပြောလိုက်၏။ 


"ဒီစာအုပ်ကို ဧကရာဇ် ကြင်ယာတော်ဆီ ပေးခိုင်းလိုက်!"


လီကျင်လုံက ဘာမှပြန်မပြောပေမယ့် ဟုန်ကျွင့် လိမ်လိမ်မာမာနဲ့ ရထားလုံးပေါ်ကဆင်းပြီး အစေခံမိန်းကလေးကို တားလိုက်သည်။ တစ်ဖက်မိန်းကလေးကလည်း သူ့ကိုမြင်တော့ ပြုံးပြသည်။ 


"လူကြီးမင်းခုန်?"


ဟုန်ကျွင့်ကတော့ သူမ ဘယ်သူလဲဆိုတာ မမှတ်မိခင်မှာ သူမကို အမှတ်တရ လက်ဆောင်ပေးနေသလို စာအုပ်လေးကို ကြင်ယာတော်ဆီ လွှဲပေးဖို့ တောင်းဆိုလိုက်သည်။ ကောင်မလေးက ပြုံးပြီး ခေါင်းညိတ်ပြကာ ဟုန်ကျွင့်ကို ထပ်မံဂါဝရပြုပြီး ထွက်သွားခဲ့သည်။ 


"သူက ကျွန်​တော့်ကို သိနေမှန်း ဘယ်လိုသိလဲ"


ဟုန်ကျွင့် စပ်စုစိတ်​လေးနဲ့ ​မေးလိုက်သည်။ 


လီကျင်လုံ: "အဲဒီနေ့က ဧကရာဇ်နဲ့ ကြင်ယာတော် ကိုယ်တို့ဌာနကို လာခဲ့တုန်းက သူမနောက်ကနေ ပါလာတယ်... ကြင်ယာတော်က မင်းနဲ့ ညဘက်စကားပြောတုန်းကလည်း သူမက ရထားလုံးအနားမှာ ရပ်​နေခဲ့တာ!"


ဟုန်ကျွင့်မှာ ဘာကိုဆိုလိုမှန်း မသိသေးတဲ့အတွက် သူတို့နှစ်ယောက်နဲ့အတူ အရှေ့က နန်းတော်ထဲကိုသာ ဝင်သွားလိုက်သည်။


"လီကျင်လုံ! နတ်ဆိုးနှင်ဌာနက အဲ့လောက်တောင် အလုပ်များနေလား ငါမပြောရင် မင်းက မလာ​တော့ဘူးလား..."


လီဟန်ရဲ့ အမူအရာက ယနေ့အချိန်၌ ဖော်ရွေခြင်းမရှိတာ သိသာထင်ရှားလှသည်။ အမြဲတမ်း နူးညံ့သိမ်မွေ့သော သူသည် အနည်းငယ် ဒေါသထွက်နေပြီ ဖြစ်သည်။


"ဒီနေ့ပဲ အရှင့်သားကို လာရောက် ဂါဝရပြုဖို့ တွေးထားတာပါ... ရှင်းရှင်းလင်းလင်း ဘာမှ မစဉ်းစားရသေးတဲ့အတွက် ခဏလောက် နောက်ကျသွားခဲ့ပါတယ်"


လီကျင်လုံက လီဟန်ကို ဦးစွာ ဂါဝရပြုလိုက်သည်။ 


အရှေ့နန်းတော်တွင် အမှုထမ်း အများအပြားသည် လီဟန်ဘေးတွင် ထိုင်​နေခဲ့ကြပြီး ယခု​အချိန်တွင်တော့ အားလုံး ဆုတ်ခွာသွားကြသည်။ စားပွဲရှေ့တွင်မူ ကဲရှူးဟန့်ထံမှ စာတစ်စောင်၊ ရှာကျိုးခရိုင်မှ စာတစ်စောင်နှင့် လီကျင်လုံ ကိုယ်တိုင်ထံမှ စာတစ်စောင်ရှိသည်။ နောက်ဆုံးစာမှာ စစ်ဝန်ကြီးဌာနရဲ့ စွပ်စွဲပြစ်တင်ခြင်း စာတစ်စောင် ဖြစ်သည်။ 


"မင်းဘာသာကြည့်!"


လီဟန်က စာရွက်စာတမ်းတွေ အားလုံးကို လီကျင်လုံခန္ဓာကိုယ်ပေါ် လွှင့်ပစ်လိုက်သည်။ ဟုန်ကျွင့် စကားစရန် ပြင်လိုက်သော်လည်း လီကျင်လုံက မျက်လုံးထောင့်ကနေ အချက်ပြနေတာကြောင့် ရပ်တန့်သွားခဲ့သည်။ မင်ကျစ်မင်မုန့် မစားရသေးတဲ့အပြင် လူအများဆီက အော်ငေါက်ခံနေရတာကြောင့် ချက်ချင်းပင် ဒေါသထွက်လာခဲ့ရသည်။


လီဟန်: "အမှုကို စုံစမ်းဖို့ မင်းကို ဟယ်ရှီးကို ပို့လိုက်တာ! ကဲ့ရှူးဟန့်ရဲ့ စစ်တပ်ကို စည်းရုံးဖို့ မင်းကို ငါအမိန့်ပေးခဲ့လား..."


လီကျင်လုံမှာ စစ်မှုထမ်းအစီရင်ခံစာကို ကြည့်ပြီး မပြုံးဘဲ မနေနိုင်ခဲ့။ 


လီဟန်: "လန်ကျိုးစစ်တပ်ကို လွှဲပေးရုံတင်မကဘူး... မင်းက ကျာကျိုး၊ ယွိမန်က စစ်သားတွေကိုလည်း ပေါင်းစည်းခိုင်းပစ်တယ်..."


ဟုန်ကျွင့်: "အဲဒါ ကျွန်​တော့်ဦးလေး......"


လီကျင်လုံက မဆိုးနဲ့လို့ တိတ်တိတ်လေး သတိပေးတော့မယ့်အချိန်မှာ လီဟန်က အေးစက်စွာ ပြောလာခဲ့သည်။ 


"မင်းငါ့ကိုသတိပေးစရာ မလိုဘူး!"


ဟုန်ကျွင့်: "ကြင်ယာတော် ကိုယ်တိုင်က သူ့ကိုသွားရှာခိုင်းတာ!" 


လီဟန် : "..."


ဟုန်ကျွင့်လည်း သူ့စကားများကို ​ပြန်သတိပြုမိသွားသည်။ ထိုလူများအားလုံးသည် ဧကရာဇ်မင်းမြတ်ကို ကြောက်ကြသည်။ ဧကရာဇ်သည် ကြင်ယာတော်အတွက်သာ မျက်လုံးများ ရှိဆာသိသောကြောင့် လီဟန်ရဲ့ ပါးစပ်ကိုလည်း ချက်ချင်းပင် ပိတ်ဆို့ပစ်လိုက်လေသည်။


လီကျင်လုံ: "စစ်သူကြီး ကဲရှူးဟန့်က စစ်သည်တွေကို သူကိုယ်တိုင် လွှတ်​ပေးလိုက်တာပါ"


လီဟန်: "တရားရုံးက အမတ်ကြီးတွေကတော့ အဲ့လို မထင်ဘူး...နယ်စပ်မှာ လူသေအလောင်း ၂၀၀၀၀၀ နဲ့ တစ္ဆေတွေက ဘယ်မှာလဲ... နန်းတွင်းက ဝန်ကြီးတွေအားလုံးက ဒီကိစ္စကို အဓိပ္ပာယ်မဲ့လို့ ထင်နေကြတာ...အိမ်ရှေ့စံ မင်းသားက ဘာလို့ ကဲရှူးဟန့်ရဲ့ လူငါးသောင်းကို စည်းရုံးရတာလဲတဲ့!" 


လီကျင်လုံ: "အရှင့်သား ကျွန်တော့်ကို ယုံကြည်တယ်ဆိုရင်တော့ စစ်သည်တွေကို သရဲတစ္ဆေတွေ တိုက်ထုတ်ဖို့ စေလွှတ်တာဟာ အဓိပ္ပာယ်မရှိပါဘူး ဆိုတာလည်း စဥ်းစားမိမှာပါ နတ်ဆိုးနှင်ဌာနရဲ့ တာဝန်က ထန်မင်းဆက်ရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ပါ... ယာယီတပ်တွေ စည်းရုံးခြင်းမရှိဘဲ ဒီအကျပ်အတည်းက ဖြေရှင်းရခက်သွားလိမ့်မယ်"


လီဟန် ဒေါသနည်းနည်း လျော့သွားပေမယ့် သူက အေးစက်စွာ ပြောနေဆဲ။ 


"ဒါဆို နယ်စပ်ဒေသမှာ တစ္ဆေဒုက္ခတွေ ရှင်းသွားပါပြီပေါ့...သက်သေ အထောက်အထား ရှိသေးလား"


"မရှိပါဘူး" လီကျင်လုံလည်း ဒုက္ခအပေးဆုံးအဆင့်ကို ပြီးသွားမှန်းသိသဖြင့် စကားဆက်လိုက်သည်။ 


"ရိုးရိုးသားသား ပြောရမယ် ဆိုရင် ဒီလို မနက်ခင်းမှာ မိစ္ဆာတစ်ကောင်ကို ပစ်ချ​ပြတာက ကောင်းတဲ့အကြံ မဟုတ်​လောက်ပါဘူး... "


"ဒါဆို ဘာကြောင့် လျှောက်ထားရတာလဲ"


လီကျင်လုံ: "သူတို့ကို နှိမ်နှင်းရမယ်... အနှစ်တစ်ထောင်အတွင်း စစ်ပွဲကြောင့် လူသေအလောင်းတွေ ထပ်တို​​က်ခိုက်တာမျိုး မရှိတော့ကြောင်း သေချာတဲ့အထိ နှိမ်နှင်းရမယ်..."


လီဟန်က လီကျင်လုံကိုကြည့်ကာ နောက်ဆုံးတွင် အသံကို အနည်းငယ် လျှော့လိုက်သည်။ 


"တစ္ဆေဒုက္ခက ပြေပျောက်ပြီးပြီ... မင်းတို့ ချန်အန်းကို သတင်းပို့ဖို့ အမြန်ဆုံး ပြန်လာသင့်တယ်.. ဘာလို့ သုံးလနီးပါးလောက် အချိန်ယူခဲ့ရတာလဲ"


"ထန်မင်းဆက်ရဲ့ ကံကြမ္မာနဲ့ပတ်သက်တဲ့ ကိစ္စတစ်ခုအတွက် အချိန်ယူခဲ့ရတာပါ..." 


လီကျင်လုံက တည်ငြိမ်စွာပဲ ပြန်ပြောသည်။


ဤစကားကို ကြားသောအခါ ဟုန်ကျွင့် အံ့အားသင့်သွားသည်။ လီကျင်လုံက သူ့အား သက်တောင့်သက်သာ ရှိစေရန် လှုံ့ဆော်ပေးနေကြောင်း သဘောပေါက်မိ၏။ 


"အသေးစိတ်..."


"ကျွန်​​တော်​တို့ အခု​ပြောလို့မရ​သေးဘူး... ဘုရင်​မင်းမြတ်​​ ရောက်​တဲ့အထိ​ စောင့်​ရမယ်​ ဒါ​ကြောင့်​ ကျွန်​​တော်​တို့ ​လေး​ယောက်​...ကျွန်တော်၊ ဟုန်ကျွင့်၊ အရှင့်သားနဲ့ ဘုရင်​မင်းမြတ်​​ပဲ ရှိမှ ပြောနိုင်​မယ်​"


လီဟန်က မျက်မှောင်ကြုတ်ကာ လီကျင်လုံကို တိတ်တဆိတ် ကြည့်နေခဲ့သည်။ 


"အမှုထမ်းလီ... ငါ မင်းကို ကူညီနေတာ... မင်း အတွေးမမှားရဘူး"


လီကျင်လုံ: "လတ်စသတ်တော့ အဲ့လိုကိုး.. ကျွန်တော် မလှည့်စားရဲပါဘူး..."


"ငါ မင်းကို မကူညီနိုင်တော့ဘူး" 


လီဟန် သက်ပြင်းလေး ချလိုက်ပြီး ပြောလိုက်သည်။ 


လီကျင်လုံလည်း ရုတ်တရက် ထူးဆန်းသော ကြိုတင်သတိပေးချက်တစ်ခု ခံစားလိုက်ရသည်။ မိန်းမစိုးများစွာသည် လီဟန် နောက်ကွယ်က ကန့်လန့်ကာတွေကို ရွှေ့လိုက်တဲ့အခါ ယန်ကော်ကျုံးနဲ့ ကောင်းလိရှစ်တို့ ပေါ်လာသည်။ 


ယန်ကော်ကျုံး: "ဒီကိစ္စအတွက် မင်းကို တရားရုံးမှာ စစ်ဆေးမယ်... အရှင့်သားကို တရားရုံးအစည်းအဝေးကို မခေါ်ချင်ပါဘူး... မင်းတစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေ မရှိဘူးဆိုတာကို သေချာအောင် အရင်ဦးဆုံး စစ်ကြည့်ရအောင် လီကျင်လုံ ငါတို့ စကားကောင်းကောင်း ပြောရမယ်..."


"ဟုတ်​ပါရဲ့" လီကျင်လုံ ရယ်​လိုက်သည်​။


ဟုန်ကျွင့်ရဲ့ တုံ့ပြန်မှုက ဘယ်လောက်ပဲ နှေးကွေးနေပါစေ ကောင်းလိရှစ်က တစ်ခုခုမှားနေပြီလို့ ခံစားမိနေတုန်းပဲ။ 


"အခုကတော့ မင်းအတွက် ဂုဏ်ယူစရာပါ...ဘာကို နယ်စပ်က ဖုတ်ကောင်နှစ်သိန်းနဲ့ မော့ကောင်းဂူက ကိုးရောင်ခြယ်သမင်ဘုရင်လဲ... ဒီအကြောင်းကို တရားရုံးမှာ မပြောရဘူး... ပြောရင်တောင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး"


"အစိုးရက အစိုးရပိုင်းပဲ...တစ္ဆေ သရဲနတ်တွေက သရဲတစ္ဆေနဲ့ နတ်တွေပဲ" လီကျင်လုံရဲ့ လေသံက ပိုတင်းမာလာပြီး။  


"နတ်ဆိုးနှင်ဌာနနဲ့ အစိုးရဌာနတွေက အစကတည်းက မတူညီတဲ့ ဆက်စပ်မှုအောက်မှာ ရှိနေကြတာ....ကျွန်တော်တို့အားလုံးက အရေးကိစ္စတွေကို တာဝန်ယူရတာပဲကို ဘာလို့ စိတ်ရှုပ်နေကြတာလဲ?"


ယန်ကော်ကျုံး: "လူတိုင်းက ကိုယ်ပိုင်လုပ်ငန်းကို တာဝန်ယူရတယ်.... အခုက လူ့အသက်အန္တရာယ် ကြုံခဲ့ရတာ...ယွိမန်မှာ စစ်သား ၇၄၀ ကျော် ကျဆုံးပြီး လန်ကျိုးစစ်တက်က စစ်သား ၃၀၀၀ ကျော် ဆုံးရှုံးသွားတယ်... မင်းကအလုပ်ပြီးအောင် နတ်ဆိုးတွေ သုတ်သင်တယ်" ဆိုတဲ့ နာမည်ကို သုံးပြီးတော့ ထွက်သွားတယ်... မင်းရဲ့ ဘုန်းတန်ခိုးကြီးတဲ့ စစ်သားတွေကို မင်း ဘယ်လို ပြောချင်လဲ?" 


လီကျင်လုံ နှုတ်ဆိတ်နေပြီး ဟုန်ကျွင့်ရဲ့ နောက်ကျောကို လက်တစ်ဖက်ဖြင့် ဖိလျက် တိတ်ဆိတ်နေရန် အချက်ပြလိုက်သည်။


ကောင်းလိရှစ်: "မင်းရဲ့ စုံစမ်းစစ်ဆေးမှုကနေ သင်ယူခဲ့သမျှကို ရှင်းပြပါဦး... တရားရုံးက လူကြီးတွေ ယုံတာ မယုံတာတော့ ငါလည်း အာမမခံနိုင်ဘူး..."


လီကျင်လုံ: "လီကျင်လုံ... ပြောပါ... ကိစ္စက ပြီးတောင်သွားပြီကို မင်းဘာကိုစောင့်နေတာလဲ။"


လီကျင်လုံက ခဏလောက် စဉ်းစားပြီး "တမန်ကို စောင့်နေတာ" လို့ပြောလိုက်ပါ၏။


လီဟန် မျက်မှောင်ကြုတ်သွားသည်။ ကောင်းလိရှစ်နဲ့ ယန်ကော်ကျုံးတို့ရဲ့ မျက်နှာ အမူအရာများမှာလည်း ခဏတာမျှ ကွဲပြားသော အမူအရာများ ပေါ်လာသည်။ ယခုအချိန်တွင် ဧကရာဇ်မင်း ရောက်လာပါက ကံဆိုးလိမ့်မည်။ ဧကရာဇ်မင်းက ကြင်ယာတော်ဘက်မှာသာ နေလိမ့်မည်။ 


ယန်ကော်ကျုံး: "ဒါပဲ... ငါတို့ သူတို့ကို ထောင်ထဲ အရင်ထည့်သင့်တယ်လို့ ထင်တယ်"


ဟုန်ကျွင့် : "..."


ဘာမှတောင် မစားရသေးဘူး၊ ထောင်ထဲ ရောက်တော့မယ်?


ဟုန်ကျွင့် ချက်​ချင်း ​ဒေါသထွက်​ကာ တစ်ကိုယ်လုံး မီးတောက်လာတော့သည်။ 



.