(72) ထိုက်ဟန်တောင်ထွတ်
Viewers 5k

Chapter (72)

ထိုက်ဟန်တောင်ထွတ် 



ပထမလက ဘာမှမသိလိုက်ဘဲ ကုန်ဆုံးသွားသည်။ မော့ကောင်းဂူက ထွက်ခွာလာတာ တစ်လကျော်ပင်ရှိပြီ။ ဟုန်ကျွင့်မှာ သူ့စိတ်ထဲတွင် မသက်မသာ ခံစားလာရသည်။ တခါတရံတွင် သူရုတ်တရက် လီကျင်လုံနှင့် ပြန်လှည့်သွားရန် စိတ်ကူး​နေခဲ့ပြီး တစ်ခါတစ်ရံကျတော့လည်း ဒီလမ်းက အဆုံးမရှိပါစေနဲ့လို့ မျှော်လင့်မိသည်။


သူကိုယ်တိုင် ကမ္ဘာကြီးနဲ့ ကင်းကွာနေသရွေ့တော့ အရာများစွာ ဖြစ်လာမှာမဟုတ်သလို စိတ်ပူစရာလည်း မလိုပါဘူး။ ထိုက်ဟန်တောင်ထွတ်ရဲ့ တောင်လမ်းများကို ဖြတ်ပြီးနောက် သူတို့ရဲ့မြင်းတွေကို မြက်ခင်း​ပြင်မှာ ထားခဲ့ကြသည်။ အဲဒီနောက် လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာက ရှိခဲ့သော ရှေးဟောင်းလမ်းအတိုင်း လိုက်ကာ တောင်ထိပ်သို့ တက်လာခဲ့ကြပါ၏။ 


ကောင်းကင်ကြီးက ကျယ်ပြောပြီး ပျံသန်းနေတဲ့ ငှက်အနည်းငယ်ဆီက အသံထွက်လာသည်။ ဟုန်ကျွင့်က စမ်းချောင်းဘေးမှာ ငါးမျှားနည်းကို လီကျင်လုံအား သင်ပေးသည်။ ဟုန်ကျွင့် ငါးများကို ဓားပျံဖြင့် ထိုးကာ စုပ်ယူလိုက်စဥ် လီကျင်လုံက ၎င်းကို ပြန်ဖမ်းကာ မီးကင်ပေးသည်။ တောထဲတွင် အမည်မဖော်နိုင်သော သစ်သီးများနှင့် တောမှိုများစွာလည်း ရှိနေသည်။


"အဲဒီ တောင်ကြီးပဲ!" 


ဟုန်ကျွင့် အဝေးက နှင်းဖုံးနေတဲ့ တောင်တွေကို ညွှန်ပြလိုက်သည်။ 


နောက်ဆုံးတွင်တော့ လီကျင်လုံလည်း ထိုက်ဟန်တောင်ထွတ်ရဲ့ ပုံစံကို မြင်ရပါပြီ။ အစကဆို သူ့မျက်လုံးများထဲတွင် တောင်များ အားလုံးနီးပါးက တူညီ​နေသည်။ သူတို့နှစ်ဦးသည် သုံးရက်စာဖို့ ပြင်ဆင်ကြသည်။ ဟုန်ကျွင့်က သူအရင်က တောင်ပေါ်မှဆင်းလာစဥ် လုပ်ထားခဲ့သော အမှတ်အသားများကို ရှာဖွေကာ တောထဲခေါ်သွားခဲ့သည်။ ထို့နောက် သစ်ပင်ပေါ်မှ ချောက်ကမ်းပါးပေါ်သို့ တက်ခဲ့သည်။


လေသည် အလွန်ပြင်းထန်သည်။ လီကျင်လုံအတွက်က လက်ဗလာဖြင့် တောင်ပေါ်သို့ တက်ရသည့် ပထမဆုံး အကြိမ်ဖြစ်သည်။ ဟုန်ကျွင့်မှာ အတက်အဆင်း လုပ်ဖူးပေမယ့် လီကျင်လုံ အမှားလုပ်မိပြီး ပြုတ်ကျသွားမှာ စိုးရိမ်သဖြင့် သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိ၏။ 


ကျဉ်းမြောင်းသော နံရံတစ်ခုသို့ ရောက်သောအခါ လီကျင်လုံ ချွေးများကို သုတ်ရင်း ဟုန်ကျွင့်နှင့်အတူ ခေါင်းပေါ် မော့ကြည့်လိုက်သည်။ လူငယ်လေစက ချိတ်ကြိုးကို ထုတ်ကာ ချောက်ကမ်းပါးရှေ့ရှိ ကျောက်တုံးပေါ်တွင် ချိတ်ဆွဲကာ ခဏအတွင်း ပြေးတက်သွား၏။ ထို့နောက် ချိတ်ကြိုးကနေ လီကျင်လုံကို ဆွဲတင်လိုက်သည်။


"မင်းရဲ့အိမ်က အရမ်းမြင့်တပဲ!" 


လီကျင်လုံမှာ တောင်ထိပ်ပေါ်မှယ ရှေးဟောင်းဘုရားကျောင်း​တော့ ရှိမှာလို့ပဲ ထင်ခဲ့ပေမယ့် လမ်းမရှိလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပေ။ 


ဟုန်ကျွင့်: "အပေါ်က ရှုခင်းက အရမ်း​ကြည့်လို့ ကောင်းတယ်... လာကြည့်!"


ထို့နောက် ဟုန်ကျွင့်သည် ချိတ်ကြိုးကို အပေါ်ထပ်သို့ လွှင့်ချလိုက်ပြန်၏။ ကျောက်တုံး အပိုင်းတစ်ခုဆီကို ပစ်လိုက်တိုင်း ၎င်းတို့နှစ်ဦး အတူတက်သွားကြသည်။ ဟုန်ကျွင့် ကျောက်နံရံကို ကျော်တက်ကာ နံရံများပေါ်တွင် ပျံသန်းနိုင်သော စွမ်းရည်ကို လက်တွေ့ကျကျ အသုံးချလိုက်တော့သည်။ 


တိမ်တွေ နဲ့ နီးကပ်လာတဲ့အခါ သူတို့ရဲ့ ဦးခေါင်းထိပ်ဟာ နှစ်ထောင်ပေါင်းများစွာ ရေခဲတွေနဲ့ ဖုံးလွှမ်းနေတဲ့ တောင်ရဲ့အလယ်မှာ ရောက်နေတာ တွေ့လိုက်ရလေ၏။ နှစ်ယောက်သား ခေတ္တနားရန် အချက်ပြရင် ကမ်းပါးရှေ့ရှိ နှစ်ပေပတ်လည် ကျောက်ဆောင်တစ်ခုပေါ်တွင် မတ်တပ်ရပ်ကာ အသက်ဝဝ ရှူလိုက်ကြသည်။


ဟုန်ကျွင့် ချိတ်ကို ထပ်ပြီး လွှတ်တင်လိုက်ပေမယ့် သူ့ခေါင်းပေါ်က ရေခဲတုံးတွေ အားလုံး ပြိုကျသွားသည်။ 


"သတိထား!" 


လီကျင်လုံ ချက်ချင်းလှည့်လာပြီး ဟုန်ကျွင့်ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ ရေခဲရေတံခွန် ပြိုလဲကျသွားစဥ် ဟုန်ကျွင့်ရဲ့ နှလုံးခုန်သံများကလည်း ဝုန်းကနဲ ထခုန်သွားသည်။ အကွာအဝေးက နီးကပ်သွားတာမလို့ နှစ်ယောက်သား နှာသီးချင်း ထိမိသွားကြသည်။


ကျဆင်းနေသော ဆီးနှင်းများသည် သူတို့နှစ်ဦးအပေါ်မှ ဖြတ်သွားကာ နက်ရှိုင်းသော ချိုင့်ထဲသို့ ကျဆင်းသွားသည်။ ခဏအကြာတွင် တဝုန်းဝုန်း အသံများ မှိန်ဖျော့သွားကာ လူနှစ်ယောက်၏ အသက်ရှုသံများကသာ ရောယှက်သွားသည်။ တစ်ယောက်ကို တစ်ယောက် အကြာကြီး ကြည့်ပြီးနောက် ဟုန်ကျွင့် မနေတတ်မထိုင်တတ် ဖြစ်လာသလို ခံစားလိုက်ရသည်။ 


သူနှင့် လီကျင်လုံ နှစ်ဦးစလုံးက တုံ့ပြန်ခဲ့ကြသည်။ လီကျင်လုံတစ်ယောက်ဟာ သူ့အား လွှမ်းမိုးလုနီးပါး တွန်းထုတ်နေတဲ့အပြင် မျက်လုံးများက အပြုံးတစ်ခုဖြင့် ချောက်ကမ်းပါးပေါ်မှ သူ့လက်များကို ဖိချထားပြီး သူ့ကို နူးညံ့စွာ စိုက်ကြည့်နေလေသည်။


"ဒီလို ချုပ်နှောင်ခံရတာကို ဘယ်လိုခံစားရလဲ" လီကျင်လုံက သူ့ကို ကျီစယ်နေဆဲပင်။ 


"ပြောကြည့်... မင်းကိုကို့ကို ချစ်နေမိပြီလား..."


ဟုန်ကျွင့် မျက်နှာနီရဲလာပြီး "ကျွန်တော်ကို မနှောင့်ယှက်နဲ့!"


ဟုန်ကျွင့် ရွှေ့လိုက်သည်နှင့် လီကျင်လုံ ချက်ချင်း အော်ကာ လဲကျလုနီးပါး ဖြစ်သွားတာကြောင့် ဟုန်ကျွင့် သူ့ကို လှမ်းကိုင်ထားလိုက်ရသည်။ မကြာခင်မှာပဲ သူ့ခေါင်းပေါ်သို့ ရေခဲနှင့် နှင်းများ ထပ်မံကျလာပြန်ရာ လီကျင်လုံက သူ့ကို တဖန် ပွေ့ဖက်လိုက်ပြန်ပြီး သူတို့နှစ်ယောက် ခေါင်းကို ကာကွယ်ထားလိုက်ကြသည်။ အကြိမ်ကြိမ် ဆက်တိုက်ကြိုးစားပြီးနောက် နောက်ဆုံးတွင် ရေခဲများ လုံးဝနီးပါး လျှောကျသွားပြီး ဟုန်ကျွင့်လည်း ချိတ်ကို ထပ်မံ လွှင့်ပစ်လိုက်သည်။


တောင်ပေါ်မှ ဆင်းသောအခါက ချင်းရှူံ သူ့ကို အထီးကျန်တောင်ထွတ်၏ ခြေရင်းသို့ တိုက်ရိုက် ပို့လိုက်သော်လည်း သူသည် လီကျင်လုံကို ခေါ်သွားကာ အထက်သို့ တက်လာတော့မှ အခက်​အခဲ​တွေ ပိုများလာတာ သိလာ၏။ 


နေဝင်တဲ့အခါ ဟုန်ကျွင့်တို့ ချောက်ကမ်းပါးတစ်ခုသို့ တွယ်တက်ရပြန်သည်။ ကြိုးကို လွှတ်တင်ကာ ခက်ခက်ခဲခဲ တက်ခဲ့ရသည်။


ဟုန်ကျွင့်: "ထိပ်မှာ နေရတာ ကောင်းပါတယ်... ကျွန်တော်တို့ တိမ်တွေကို ဖြတ်ပြီးပြီ ထိပ်မှာ ရေခဲတွေ မရှိတော့ဘူး တစ်ညလောက် အနားယူရအောင်"


လီကျင်လုံ၏ ညာလက်သည် မော့ကောင်းဂူက တိုက်ပွဲအပြီး ရခဲ့သော ဒဏ်ရာကြောင့် အနည်းငယ် တုန်ခါနေသေးသည်။ ဒါ့ကြောင့် ချက်ချင်းပင် ဟုန်ကျွင့်နဲ့အတူ ချောက်ကမ်းပါးပေါ်တွင် အနားယူဖို့ ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်တွင် လေပြင်းတွေ တိုက်ခတ်သွားရာ တိမ်ပင်လယ်များလည်း ပြန့်ကျဲသွား၏။ နေရောင်သည် ရွှေရောင်တောက်နေသည့် တောင်ထွတ်၏ အနောက်ဘက်ခြမ်းကို ထိုးပြထားသည်။ 


နှစ်ယောက်သား ကြည့်လိုက်ရာ ကွေ့ကောက်နေ၍ မိုင်ထောင်ပေါင်းများစွာ ရှည်လျားသော တောင်တန်းများ ကျော်လွန်၍ လွင်ပြင်များအထိ လှမ်းမြင်လိုက်ရသည်။ 


လီကျင်လုံ: "အရမ်းလှတယ်....အချိန်ကုန်တာ အလကားတော့ မဖြစ်တော့ဘူးပဲ!" 


"ကျွန်တော် ငယ်ငယ်တုန်းက ချင်းရှုံကို ထိုက်ဟန်ကထွက်ပြီး 'သေမျိုူကမ္ဘာ' ကို သွားချင်တယ်လို့ ပြန်ခဲ့ဖူးတယ်...."


"အခု မင်းဘယ်လိုခံစားရလဲ" 


လီကျင်လုံ ထိုကောင်လေးကို စောင်းငဲ့ ကြည့်လိုက်သည်။ 


ဟုန်ကျွင့်၏ ငယ်ရွယ်သော အသွင်အပြင်သည် သူ့မျက်လုံးထဲ၌ တောက်ပနေ၏။ လီကျင်လုံ အစကတော့ ပွင့်လင်းပြီး သန့်ရှင်းသော ဟုန်ကျွင့်ကိုသာ မြင်ခဲ့ရသည်။ ချန်အန်းမှ ထွက်ခွာပြီးနောက် အချိန်အတော်ကြာ စိတ်ဓာတ်ကျလာသည်။ သူ့အပြုအမူတွေက လီကျင်လုံကို အံ့အားသင့်စေသော်လည်း မိုင်ထောင်ချီဝေးသော နေဝင်ချိန်ကို မြင့်မားသော တောင်ပေါ်ကနေ ထိုင်ကြည့်လိုက်သောအခါတွင် သူတို့ အရင်အချိန်ဆီ တစ်ဖန် ပြန်​ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။


"လူ့လောကကြီးကလည်း သိပ်ကောင်းတာပါပဲ" 


ဟုန်ကျွင့် ညည်းညူရင်း သူ့ခေါင်းကို တစ်ဖက်သို့ လှည့်ကာ ရယ်လိုက်သည်။


လီကျင်လုံသည် နေရောင် တောက်ပနေချိန်တွင် ဟုန်ကျွင့်ပခုံးပေါ်တွင် သူ့လက်ကို လှမ်းတင်လိုက်သည်။


"ဘယ်နေရာက ကောင်းလဲ?" 


ဟုန်ကျွင့် ခဏလောက်အထိ စဉ်းစားပြီး "မသိဘူး" လို့ပဲ စိတ်ရှုပ်ထွေးစွာနဲ့ ပြန်ပြောလိုက်သည်။ 


"ကိုယ် ငယ်ငယ်တုန်းက ကျင့်ကြံတဲ့ အတတ်ပညာတွေကို သင်ယူပြီး မသေမျိုး မှော်စွမ်းအင်တွေကိုလည်း မွေးမြူချင်ခဲ့တယ်" 


လီကျင်လုံက ကြောင်တက်တက်ဖြင့် ပြောသည်။ 


"ကိုယ်ကတော့ သေလောက်အောင် မတတ်နိုင်တဲ့ အတတ်ပညာကြီးတဲ့ သခင်​တွေကိုပဲ ကိုးကွယ်တဲ့ တောင်ကို သွားချင်ပေမယ့် မင်းကတော့ လူ့လောကကို လာချင်နေတာကိုး..."


ဟုန်ကျွင့်: "ချင်းရှူံက ပြောဖူးတယ်... တောင်တွေပေါ်မှာ ပျော်စရာမကောင်းဘူး လူ့လောကကြီးကပဲ ပျော်စရာကောင်းတာတဲ့... ခင်ဗျား မှော်စွမ်းအင် အရည်အချင်းတွေ သင်ယူပြီးရင် လူသားကမ္ဘာကြီးထဲကို ပြန်လာစရာ မလိုဘူးလား... မဟုတ်ရင် ခင်ဗျားဘာလို့ မသေမျိုးအဖြစ် ကျင့်ကြံနေမှာလဲ... တစ်သက်လုံး တောင်တွေပေါ်မှာ နေထိုင်သွားဖို့လား”


လီကျင်လုံ ခပ်မြန်မြန် ပြုံးပြီး ပြန်ပြင်ပြောလိုက်သည်။ 


"ဟုတ်တယ် ကိုယ် သေမျိုးတွေကို ပြဖို့ အဲ့အရည်အချင်း​တော့ကို မလေ့လာချင်​တော့ဘူး"


ဟုန်ကျွင့်: "​ပြည်မကြီးကို ဒုက္ခပေးဖို့ နတ်ဆိုးတွေ တဟုန်းဟုန်းတောက်နေတဲ့ ကမ္ဘာကို ကျွန်တော် တစ်ခါမှ မမြင်ဖူးပါဘူး.... ဒီနှစ်တွေမှာတော့ ပြည်မကြီးက အမြဲတမ်း ငြိမ်းချမ်းသာယာနေခဲ့တာပဲကို... တိရန်ကျယ် ရေးထားတဲ့ စာအုပ်ထဲက ခင်ဗျားကို ယုံကြည်စေခဲ့တာက ဘာများလဲ...."


လီကျင်လုံ ဒီအဖြေကို ဖြေခဲ့တာ ကြာပြီ ဖြစ်ပေမယ့် မေးခွန်းတွေ ဆက်မေးရင် နည်းနည်းတော့ စိတ်ရှုပ်သွားလိမ့်မယ်လို့ ခံစားနေရသည်။ သူသည် ထူးဆန်းသော စွမ်းအားများနှင့် ရိုင်းစိုင်းသော နတ်ဘုရားများကို ယုံကြည်သောကြောင့် လူတိုင်းဆီက လှောင်ပြောင်ခံရသော်လည်း သူ့စိတ်ဆန္ဒတွေကို ဘယ်တုန်းကမှ မပြောင်းလဲခဲ့ပါ။


အခု စဉ်းစားကြည့်ရင် ဘာကြောင့်လဲ။


"ဒါက ကံကြမ္မာပဲ ထင်တယ်.... မဟုတ်ရင် မင်းကို တွေ့ရမှာ မဟုတ်ဘူး"


ဟုန်ကျွင့်က "အင်း" လို့သာ ပြောပြီး တိတ်ဆိတ်သွားသည်။ နေဝင်ချိန််မို့ နေလုံးကြီးက မိုးကုပ်စက်ဝိုင်းထဲကို နစ်မြုပ်သွားပြီ။ ကြယ်တွေ ပွင့်နေတဲ့ အချိန်ရောက်မှ ဟုန်ကျွင့်ရဲ့ စိတ်က အရမ်းငြိမ်သွားပြီး သူ့မှာ စိတ်ပူစရာတွေ အများကြီး မရှိတော့သလို ခံစားလိုက်ရသည်။ 


နောက်တစ်နေ့ မိုးလင်းတော့ တောင်တက်ပြန်ရပြန်သည်။ 


တောင်တက်ရတာက ဒါက နောက်ဆုံးအပိုင်း ဖြစ်ပြီး အခက်ခဲဆုံးအပိုင်းလည်း ဟုတ်သည်။ ကျောက်နံရံများက ချောကာ အက်ကွဲနေသော ကျောက်တုံးများကိုသာ အားကိုးနေရသည်။ ပထမဦးစွာ သူသည် ကျောက်ဆောင်အတက်အဆင်းတွင် ဓားပျံတစ်ချောင်းကို အခေါင်းပေါက်ထဲသို့ ထည့်ကာ လီကျင်လုံကို လက်ဖြင့် ဆွဲခေါ်သွားခဲ့သည်။ ကျောက်နံရံမှာ ထိုးစိုက်ထားတဲ့ သံမဏိတုံးလို ဓားပျံကို ကိုင်ပြီး ဖြည်းဖြည်းချင်း ခြေလျင်တက်သွား၏။ 


ထူထပ်နေတဲ့ တိမ်ရေတံခွန်တွေ ပတ်လည်ဝိုင်းနေတဲ့ ရောက်တော့ လီကျင်လုံ ဓားပျံကို လှမ်းဖမ်းဖို့ ရုန်းကန်ရင်း လှမ်းပြောသည်။ 


"ဟုန်ကျွင့် ... မင်းကို နောက်ဆုံးမေးခွန်းတစ်ခု မေးပါရစေ..."


"ဘာလဲ" 


ဟုန်ကျွင့် အမြင့်တစ်နေရာကနေ ငုံ့ကြည့်လိုက်သည်။ 


"မင်း... တောင်ပေါ်ကို မှားတက်ခဲ့တာတော့ မဟုတ်ဘူးမလား" 


လီကျင်လုံ သူ့ခြေဖဝါးကို ငုံ့ကြည့်ရင်း လက်တစ်ဖက်က ပေထောင်ချီတဲ့ ချောက်ကမ်းပါးကို ကိုင်ထားရသည်။ တိမ်များနှင့် မြူများ ပြန့်ကျဲသွားပြီးနောက် လက်လှမ်းမမီနိုင်သော ကုန်းမြေက ဟိုးအဝေးကြီးမှာ ပေါ်လာသည်။


ဒီအတိုင်း ပြုတ်ကျသွားပါက ခန္ဓာကိုယ်က အပိုင်းပိုင်း ကွဲသွားလိမ့်မည်။


"တက်​ပြီးရင် ဆင်းလို့မရဘူးနော်!"


ဟုန်ကျွင့် : "..."


ဟုန်ကျွင့် ဒီပြဿနာကို ဘယ်တုန်းကမှ မတွေးခဲ့မိကြောင်း သူ့အသိစိတ်ထဲ စဥ်းစားမိသွားသည်။ 


"ဖြစ်နိုင်တယ်... မဟုတ်ဘူး..."


"……ဘာ?"


လီကျင်လုံ ဤအဖြေကို ကြားသောအခါတွင် လဲကျလုနီးပါး ​ဖြစ်သွားသည်။


ဟုန်ကျွင့်သည် ဓားပျံကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး အခြားလက်တစ်ဖက်နှင့် ချိတ်ကို လွှင့်ပစ်ကာ အမြင့်မှ ဆန့်ထွက်လာသော ကျောက်​ဆောင်ကို ချိတ်ကာ ကြိုးကို ပြန်ဆွဲချလိုက်သည်။ ကြိမ်ဖန်များစွာ တက်ပြီးနောက် သက်ပြင်းရှည်ကြီး ချမိ၏။ သေသေချာချာ ရပ်နေသော်လည်း ရုတ်တရက် တုန်လှုပ်သွားပြီး လဲကျမလို ဖြစ်သွားသည်။ 


မြင့်မားသော သူ့ရှေ့က ကျောက်ဆောင်ပေါ်တွင် လူတစ်ယောက် ရပ်နေ၏။


လေပြင်းများက တိုက်ခတ်သွားပြီး အနီရောင်တောက်တောက် တော်ဝင်ဝတ်ရုံရှည်သည် ဖီးနစ်အမွေးများကဲ့သို့ လွင့်ပျံနေသည်။ သူ၏ တော်ဝင်ဝတ်စုံသည် ဖြည်ပြီး သူ့ပုခုံးပေါ်တွင် ချိတ်ဆွဲထားကာ သူ့မျက်နှာက ဘာမှမထူးခြားသလို ရွှေရောင်မျက်လုံးများက ဟုန်ကျွင့်ကို စိုက်ကြည့်နေသည်။


ချုံမင်ပါပဲ။ 


ဟုန်ကျွင့် သူ့ကို အချိန်အတော်ကြာ ကြည့်လိုက်ပြီး ဘာပြောရမှန်း ချက်ချင်း မေ့သွားကာ နောက်ဆုံးတွင် "အဖေ" ဟု အသံတိုးတိုးဖြင့် ခေါ်သည်။


"ဟုန်ကျွင့်--!"


လီကျင်လုံ: "အဆင်ပြေလား:"


ဤတော့မှ ဟုန်ကျွင့် သတိပြန်ဝင်လာပြီး ချိတ်ကို အလျင်အမြန် ဆွဲတင်လိုက်သည်။ လီကျင်လုံဟာ မောဟိုက်နေပြီး သူ့အကျီကိုခါရင်း မတ်တပ်ရပ်လိုက်သောအခါ ရုတ်တရတ် ချုံမင်ကို တွေ့တော့ တုန်လှုပ်သွားသည်။ 


"ချုံ...ဦးလေးချုံမင်"


ချုံမင်: "မင်းပြန်လာရမယ့်အကြောင်း သိသေးသားပဲ"


ဟုန်ကျွင့် စကားမပြောဘဲ ငြိမ်သက်စွာ ရပ်နေသည်။ ချုံမင်က သူတို့နှစ်ယောက်ကို ကြည့်ကာ အေးစက်စွာ အသံပြုရင်း လှည့်ထွက်သွားသည်။ ဟုန်ကျွင့် အမီလိုက်ဖို့ လုပ်နေပေမယ့် လူငယ်တစ်ယောက်က ဘေးနားကနေ ထွက်လာပြီး "မင်းသားလေး" လို့ တိုးတိုးလေး ခေါ်လာသည်။ 


"အရှင်မင်းသား... ဒီလမ်းကို ကြွပါ"


"ဖေဖေ... ကျွန်တော့်မှာ မေးစရာရှိတယ်" 


ချုံမင်က ရပ်လိုက်ပြီး "အခွင့်အရေးရှိမှာပါ" လို့ ပြောပြီး သူ့တောင်ပံတွေကို ဖြန့်ကာ ဖီးနစ်တစ်​ကောင်အဖြစ် ပြောင်းလဲကာ အဝေးက မီးလောင်နေတဲ့ နန်းတော်ဆီ ပျံသန်းသွားခဲ့သည်။ 


သူတို့နှစ်ဦးတက်သည့် နေရာသည် ယောင်ကျင်း နန်းတော်၏ ပင်မခန်းမ အပြင်ဘက်ရှိ ကျောက်ဆောင်ပေါ်က ရေကန်တစ်ခုအနားကို ဖြစ်သည်။ ရေကန်ဘေးတွင် သဖန်းပင်များ စိုက်ထားသည်။ အစေခံတွေက ကြိုးများကို ဖယ်ကာ ဧည့်သည်များကို ဖိတ်ခေါ်ကြသည်။ ဝင်ပြီးနောက် ဟုန်ကျွင့် စိတ်ပျက်သွား၏။ 


"ဟုန်ကျွင့် ကျေးဇူးပြုပြီး မင်းအဖေနဲ့ ရန်မဖြစ်ပါနဲ့.... ဟုတ်ပြီလား"


ဟုန်ကျွင့် ခေါင်းညိတ်ပြီး သက်ပြင်းချရုံမှတပါး ရွေးချယ်စရာမရှိပေ။


မည်သို့ပင်ဆိုစေကာမူ လီကျင်လုံလည်း ပါလာပြီလေ။ ပင်မခန်းမကြီးအပြင် ပန်းခြံအတွင်း စင်္ကြံလမ်းတစ်လျှောက်တွင် အမည်မဖော်လိုသော နတ်မြက်များနှင့် အမည်မသိမှိုများ ပြည့်နေသည်ကို တွေ့လိုက်ရသဖြင့် လှည့်မေးလိုက်၏။ 


“မင်း စိုက်ထားတာလား... စျေးဆိုင်များ တည်မလို့လား ?"


"အရင်က စိုက်ထားတာပါ... ခင်ဗျားကို လိုက်ပြမယ်လေ.."


"ပြန်သွားပြီး အရင် သန့်ရှင်းရအောင်... မလောပါနဲ့"


ယောင်ကျင်း နန်းတော်သည် ဧက တစ်သောင်းခန့် ကျယ်ဝန်းပြီး နန်းတော်တွင် အစေခံ ယောက်ျားလေးနှင့် မိန်းကလေး တစ်ထောင်နီးပါး ရှိသည်။ ချန်အန်းက တမင် နန်းတော်၊ ရှင့်ချင်နန်းတော်၊ ဟွာချင်နန်းတော် ... ကမ္ဘာပေါ်ရှိ ဧကရာဇ်များ၏ နန်းတော်များက ဇိမ်ကျနေသော်လည်း ဤအဆင့်နှင့် ဝေးကွာနေပါ​သေးသည်။ ယောင်ကျင်း နန်းတော်တစ်ခုလုံးကို အရှေ့၊ အနောက်နှင့် အလယ်ခန်းမဟူ၍ သုံးပိုင်းခွဲထားသည်။ 


အစေခံက လီကျင်လုံကို အနောက်ခန်းမဆီသို့ ခေါ်ဆောင်သွားသည်။ ခန်းမတံခါးဝတွင် ဟုန်ကျွင့် ကျောက်စိမ်းအမွေးနှင့် ဆင်တူသော ဒေါင်းအမွေးပုံစံ ဖန်ခွက်များဖြင့် ပြုလုပ်ထားသည့် သောက်စရာ ခွက်များပင် စာအုပ်စင်များကို နှင်းဆီသစ်သားဖြင့် ပြုလုပ်ထားတာ တွေ့ရသည်။ 


"ခေါင်းဆောင်လီ..." လို့ လူငယ်တစ်ယောက်က ဝင်လာပြီး။ 


"ရေ အဆင်သင့်ဖြစ်ပါပြီ... ခင်ဗျားအတွက် အဝတ်အစားတွေက ဒီမှာ"


လီကျင်လုံ ကောက်ကိုင် ကြည့်လိုက်တော့ တစ်နာရီရဲ့ လေးပုံတစ်ပုံအတွင်းမှာ ယောင်ကျင်း နန်းတော်က ဘရိုကိတ်ပစ္စည်းက ပိုကောင်းတာကလွဲလို့ သူ့ရဲ့သိုင်းဝတ်စုံနဲ့ အတိအကျတူတဲ့ အစားထိုး အဝတ်အစား တစ်ထည်ကို ဖန်တီးခဲ့တာကို သဘောပေါက်သွားခဲ့သည်။ 


"ငါကိုယ်တိုင် လုပ်လိုက်ပါ့မယ်။" 


လီကျင်လုံက မိသားစုကြီးထဲက မွေးဖွားလာသူ ဆိုပေမယ့် ရေချိုးပြီးသည့်နောက်တွင် သူ့အဝတ်အစားများကို အလုပ်အကျွေး ပြုနေတာမျိုး မလိုအပ်ပေ။ ဒီကအစေခံ လူငယ်အားလုံးသည် ငှက်များသာ ဖြစ်ကြသည်။ ရင်ဘတ်ဗလာနဲ့ ဘောင်းဘီရှည်တွေပဲ ၀တ်ထားသည့။ တောင်ပံတွေကို ဖြန့်ရလွယ်၏။ 


လီကျင်လုံအတွက် ပြုလုပ်ထားသည့် အဝတ်အစားများက ခရမ်းရောင် နက်မှောင်သော စစ်ဘောင်းဘီရှည်၊ သူ့အတွက် အထူးပြင်ဆင်ထားတာက ခန္ဓာကိုယ်အပေါ်ပိုင်းရဲ့ ပါးလွှာသော အနက်ရောင်အင်္ကျီပဲ ဖြစ်သည်။


ထူးဆန်းတာက ထိုက်ဟန်တောင်ရဲ့ ထိပ်က နွေဦးနဲ့ နွေရာသီလောက် ပူပူနွေးနွေး လုံးဝ မရှိခဲ့တာပါပဲ။ 


"ခေါင်းဆောင်လီ... ကျေးဇူးပြုပြီး ဒီဘက်ကို ကြွပါ..."


လီကျင်လုံလည်း သူ့​ကို ခေါ်ခိုင်းတဲ့ ဟုန်ကျွင့်ပဲလို့ ထင်ပြီး ခေါင်းညိတ်ပြပြီး လိုက်သွားခဲ့သည်။ အခန်းတစ်ခန်းကနေ ဖြတ်သွားတော့ ဖွင့်ထားတဲ့ တံခါးထဲ အမှတ်မထင် လှည့်ကြည့်လိုက်သည်။ ဟုန်ကျွင့်၏ စာကြည့်တိုက်၊ ကောက်ရိုး လူသားများပါသည့် ကိုယ်ခံပညာအခန်း၊ ကောက်ရိုးဝက်များနှင့် ဓားပျံလေ့ကျင့်ရန် အခြားအရာများ၊ တပ်ဆင်ထားသော မီးဖိုချောင်နှင့် အခြားအရာ အားလုံးပါရှိသော ဆေးဆိုင်တစ်ခု ရှိ​နေသည်။


ဟုန်ကျွင့်လည်း ရေချိုးပြီးခါစမလို့ သူ့ဆံပင်တိုတိုတွေက စိုစွတ်နေ၏။ သာမာန်လူများနှင့်မတူဘဲ သူ့မိဘများ၏ စည်းမျဉ်းအရ ဆံပင်တိုပေမယ့် ခန္ဓာကိုယ်က သွယ်လျသည်။ ယောင်ကျင်း နန်းတော်သို့ ပြန်ရောက်ပြီးနောက် ရေပြာရောင် ပိုးသားဘောင်းဘီရှည် တစ်ထည်ကိုလည်း ၀တ်ဆင်ထားသည်။ 


လူငယ်လေး တစ်ယောက်က သူ့ရှေ့မှာထိုင်လျက် ခါတိုင်းကဲ့သို့ အရောင်ကို ချိန်ညှိကာ ၎င်း၏ ဘယ်ဘက်ရင်ဘတ်တွင် နက်ပြာရောင် တက်တူးပုံစံကို ရေးဆွဲနေသည်။


ဟုန်ကျွင့် အသားအရည်က ဖြူစင်သည်၊ သူ့ဝမ်းဗိုက်ကြွက်သားတွေက ကောင်းကောင်း သတ်မှတ်ထားပြီး ရင်ဘတ် ကြွက်သားတွေကို ပုံစံအမျိုးမျိုးနဲ့ ခြယ်သပြီးနောက်မှာတော့ သူက လူငယ်တစ်ယောက်ထက် ပိုလို့တောင် ဆွဲမတ်စရာ ကောင်းနေ၏။ 


"ဒီမှာဘယ်တော့မဖျ ရေပူစမ်းလုပ်မှာလဲ..."


ဟုန်ကျွင့် ဆယ်ကျော်သက်များနှင့် စကားပြောနေသော်လည်း မည်သူမှ ပြန်မဖြေပေ။ ဟုန်ကျွင့်ကတော့ သူတို့နဲ့ စကားပြော​နေခဲ့သည်။ တောင်ပေါ်ကနေ သူမြင်ခဲ့ရတာတွေ အထူးသဖြင့် ဟွာချင်နန်းတော်ထဲက ရေပူစမ်းတွေကို ရေစိမ်ရတာ အရမ်းအဆင်ပြေတဲ့အကြောင်း အများကြီး ပြောပြခဲ့သည်။ 


ဆယ်ကျော်သက်များသည် သူ၏စကားများကနေ နောက်တစ်ကြိမ် ပြဿနာတက်စေမည်ကို စိုးရိမ်သောကြောင့် တညီတညွတ်တည်း နှုတ်ဆိတ်နေခဲ့ကြသည်။


"ပြီးတော့ တောင်ခြေက အစားအသောက်တွေက အရမ်းအရသာ ရှိတယ်... အဲ့လိုဟင်းတွေ ခဏခဏ ချက်ခိုင်းရမယ်..."


လီကျင်လုံက သူ့ကို မှန်ထဲကနေ ပြုံးပြ​နေတာကို မြင်တော့ ဟုန်ကျွင့်မျက်နှာလေး နီရဲသွားသည်။ 


"သူတို့က ဒီလိုမျိုးပဲ ဝတ်​ပေးတတ်တယ်... ဒါမှမဟုတ် ကျွန်တော် အပေါ်အင်္ကျီကို ဝတ်ထားရမလား"


လီကျင်လုံ သူ့လက်ကို အလျင်အမြန် ဝှေ့ယမ်းပြီး ဘာမှ မပြောဘဲ ဟုန်ကျွင့်ကိုသာ စိုက်ကြည့်နေတာကြောင့် ဟုန်ကျွင့်ခမျာ အနည်းငယ် ထိတ်လန့်သွားပြီး အကြောင်းပြချက်မရှိဘဲ အနည်းငယ် စိတ်လှုပ်ရှားလာသည်။


"ဘာကြည့်နေတာလဲ" 


ဟုန်ကျွင့် ရယ်ရမလား ငိုရမလားမသိ ဖြစ်နေသည်။ 


"မင်းလှလို့ ကြည့်နေတာ..." 


ယောင်ကျင်း နန်းတော်တွင် လူငယ်များစွာရှိသော်လည်း၊ သူတို့အားလုံး ချောမောလှပကြသော်လည်း ဟုန်ကျွင့်နဲ့ လုံးဝ မတူပေ။ သူ့မျက်ခုံးနှင့် မျက်လုံးများကြားတွင် ကြည်လင်သန့်ရှင်းသော လေထုကိုလည်း ဘယ်သူမှ မယှဉ်နိုင်ချေ။ 


အစောင့်အရှောက်သည် ဟုန်ကျွင့်၏ ဘယ်ဘက်ပုခုံးနှင့် ဘယ်ဘက်ရင်အုံပေါ်တွင် အမွေးအတောင်များ ရေးဆွဲကာ လည်ပင်းတစ်ဝိုက်တွင် ဝတ်ဆင်ရန်အတွက် ကျောက်စိမ်းဆွဲသီးကို ယူလာသည်။ ထို့နောက် တစ်စုံတစ်ဦးမှ ဘုရင်မင်းမြတ်က ခေါ်ခိုင်းလိုက်ကြောင်း အကြောင်းကြားလာခဲ့သည်။


နေဝင်သည်နှင့်အမျှ လီကျင်လုံလည်း ထမင်းစားရန် ထွက်သွားသွားခဲ့သည်။ ချုံမင်နဲ့ ဟုန်ကျွင့်က အချိန်ပိုနေလိုသောကြောင့် ကြာဦးမယ်လို့ ထင်ထားပေမယ့် မထင်မှတ်ဘဲ ဟုန်ကျွင့်က သူ့ထံ အမြန်​ပြန်ရောက်လာခဲ့သည်။


"ချုံမင်က ဘယ်ရောက်သွားလဲ မသိဘူး... ကျွန်တော် ခင်ဗျားနဲ့အတူတူ စားမယ်"


စားပွဲထိုးက ထူးထူးခြားခြား ထမင်းတစ်ပန်းကန်၊ ငါးနဲ့ တို့ဟူးစွပ်ပြုတ်၊ ကြက်ဥအရွက်ကြော်နဲ့ အသားအနည်းငယ်ပါတဲ့ ဟင်းကို ချပေးလာသည်။ 


"ဥ" 


ဟုန်ကျွင့်သည် လီကျင်လုံ အမူအရာကို ကြည့်ပြီး သူဘာတွေတွေးနေလဲ ဆိုတာ သိတာကြောင့် ဖြတ်ပြောလိုက်၏။ 


"အဲဒါက ကျွန်တော့်အဖေရဲ့ ဥမဟုတ်ပါဘူး"


လီကျင်လုံ : "..."


"မင်း ဥတွေ ပေါက်နိုင်မလား" လီကျင်လုံကလည်း ပြန်မေးသည်။


"ကျွန်တော်က မိစ္ဆာဖြစ်နေရင်တောင် ယောက်ျားလေးပဲ... အမတွေက ဥတွေဥတာ...!"


လီကျင်လုံက သူ့ကို နောက်ပြောင်နေဆဲ။ 


"မင်းလို ဟုန်ကျွင့်လေးကို မွေးရတာလည်း ပျော်စရာကောင်းလိမ့်မယ် ထင်တယ်" 


ဟုန်ကျွင့်မှာ ထိုလူအား ထမင်း အမြန်စားဖို့သာ လှုံ့ဆော်လိုက်ရသည်။ ပန်းကန်လုံးထဲရှိ "ထမင်း" သည် မွှေးကြိုင်​နေသော်လည်း စားရတာ အလွန်ကြမ်းတမ်းသည်။


"ထမင်းက အရမ်းကြမ်းတုန်းပဲ"


ဝါးဆန်သည် ဘယ်လောက် တန်ဖိုးကြီးသလဲ ဟုန်ကျွင့် မသိခဲ့ပါ။ ကမ္ဘာပေါ်တွင် ဖီးနစ်သာလျှင် ဝါးဆန်ကို ဆန်ပြုတ်နိုင်သည်ဟု ထင်ခဲ့သည်။ ပြီးတော့ ဒီဝါးထမင်းကို အရမ်းအရသာရှိအောင် လုပ်နိုင်တဲ့ တစ်ခုတည်းသော သားရဲလည်း ဖြစ်သည်။


"ဒါက ဘယ်လိုအသားမျိုးလဲ"


ဟုန်ကျွင့်: "ယုန်...တောင်ခြေမှာဖမ်းတာ"


လီကျင်လုံ နောက်ဆုံးတော့ ဟုန်ကျွင့်တစ်ယောက် ဆာလောင်နေတဲ့ သရဲတစ္ဆေလို ဖြစ်နေလို့ သူ ဘယ်လောက်ပဲ စားနေပါစေ ဗိုက်မဝရတဲ့ အကြောင်းအရင်းကို သိသွား၏။ ယောင်ကျင်း နန်းတော်ရဲ့ ဟင်းလျာတွေက ဆီဆားမရှိသလောက် အရသာမရှိလို့ပါပဲ။ ယုန်သားကို မှိုဖြင့် ကြော်ထားသော်လည်း အဆီပြန်ကာ ငံပြာရည်မထည့်ဘဲ မီးပြင်းပြင်းဖြင့် ကြော်ထားသလိုလည်း မဟုတ်ချေ။ 


ဟုန်ကျွင့်: "ယုန်က ဒီလောက် ချစ်စရာကောင်းတာကို ဘယ်လိုလုပ် အရသာမရှိတာလဲ... ဒါက သဘာဝ အရင်းအမြစ်တွေကို ဖြုန်းတီးနေတာပဲ" 


လီကျင်လုံ : "..."


ဘေးနားက စောင့်နေတဲ့လူငယ်တွေမှာ ဟုန်ကျွင့်ရဲ့ ညည်းညူသံတွေကိုသာ နားထောင်​နေကြရသည်။ ဟုန်ကျွင့်က ပေါ့ပေါ့ပါးပါးစားပြီး ထမင်းစားကို ရပ်လိုက်သည်။ 


"မင်းတို့ စားပြီးပြီလား" 


နောက်ဆုံးတော့ တစ်ယောက်ယောက်က မဖြစ်မနေ ပြန်ဖြေလိုက်ရတာမို့ လူတိုင်းက သူတို့စားပြီးပြီဟု ပြန်ဖြေလိုက်သည် ။


လီကျင်လုံ: "ကျောက်ကျစ်လုံ ပြန်မလာဘူး" 


ဟုန်ကျွင့်: "အွန်း မဟုတ်ရင် အရိုက်ခံရလိမ့်မယ်" 


ပြောပြီး လက်ဖက်ရည်ကြမ်းကို ရှာကာ ဝါးရွက်စိမ်းဗူးတစ်ဝက်ကို ဖန်ခွက်ထဲ လောင်းထည့်လိုက်သည်။ လီကျင်လုံအား ခွက်တစ်လုံး ပေးလိုက်သည်။ ယနေ့ည တိုင်ဟန်တောင်တန်းများပေါ်ရှိ လသည် ကြီးမားပြီး တောက်ပနေကာ နွေညတွင် နတ်သမီးလေး ကခုန်နေကဲ့သို့ လေညင်းများကလည်း တိုက်ခတ်နေသည်။


လီကျင်လုံ: "ဒီနေရာက အရမ်းလှတယ်..."


"အချိန်တွေ ကုန်တာလည်း မြန်လွန်းတယ်" 


ဟုန်ကျွင့် အသံတိုးတိုးလေးဖြင့် ပြန်ပြောလိုက်သည်။ အိမ်မပြန်ခင်က ပြန်လာချင်ပေမယ့် အိမ်ပြန်ရောက်သောအခါ သည်းမခံနိုင်တော့ပေ။


"မင်းအိမ်မှာ အချိန်တွေကို ဘယ်လိုဖြတ်သန်းလဲ....မင်းရဲ့ မှော်စွမ်းအင်က ချုံမင် သင်ကြားပေးတာလား"


"စာအုပ်တွေ ဖတ်တယ်... ပြဿနာရှာတယ် ချုံမင်က ပင်မခန်းမမှာ အိပ်ရတာကိုပဲ သဘောကျတယ်... ချင်းရှူံကသာ ဒီမှာနေပြီး ကျွန်တော်နဲ့ ရက်အနည်းငယ်လောက် ကစားပေးတာ..."


"ငှက်တွေအများကြီးထဲ မင်းနဲ့တူတဲ့ သူငယ်ချင်းမရှိဘူးလား?"


"သူတို့က ဘယ်လို စကားပြောရမလဲတောင် မသိကြဘူး.... အမ် ဘယ်လိုပြောရမလဲ မသိတာတော့ မဟုတ်ပါဘူး... သူတို့ ကျင့်ကြံနေတာ ဆယ်စုနှစ် နည်းနည်းလောက်ပဲ ရှိသေးတော့ သူတို့ရဲ့ ဝိညာဉ်စွမ်းအားတွေက မနိုးထသေးဘူး.... လူကောင်ဖြစ်လာဖို့ အဖေ့ရဲ့ ဝိညာဉ်စွမ်းအားကို အားကိုးရတယ်... မြေခွေးတွေလို ထက်မြက်တဲ့ အရာတွေကို မလုပ်တတ်ကြဘူး... "


"ကျောက်ကျစ်လုံက မင်းနဲ့ စကားမပြောဘူးလား?"


"ကျွန်တော့်ကို ပြဿနာ ရှာတတ်အောင် သင်ပေးနေတယ်လို့ အပြောခံရမှာ ကြောက်တယ်လေ... အဖေက ကျွန်တော့်ကို မကောင်းတာတွေ ထပ်သင်ပေးရင် ငါးကင် လုပ်ပစ်မယ်လို့ သတိပေးထားတာ"


လီကျင်လုံသည် ဟုန်ကျွင့်နဲ့အတူ ဤကျောက်တုံးကြီးနှင့် ကျောက်စိမ်းနန်းတော်သို့ လျှောက်လာသောအခါတွင် ဟုန်​ကျွင့်ပေါက်စလေး အခန်းများကြားတွင် အပြန်ပြန် အလှန်လှန် ပြေးသွားနေတဲ့ ပုံရိပ်တွေကို မြင်လိုက်ရသည်။


ဟုန်ကျွင့် ဖန်ခွက်ကို သူ့လက်ထဲမှ ချလိုက်သည်။ ရေနွေးကြမ်းထဲမှာတော့ ကောင်းကင်မှ လပြည့်ညကို ရောင်ပြန်ဟပ်နေပြီး စင်္ကြံလမ်းမှာလည်း လေတွေက တဝွီးဝွီး တိုက်ခတ်နေသည်။ 


"ကျွန်တော့်ကို အိမ်ပြန်ပို့ပေးလို့ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်..."


သူ မတ်တပ်ထရပ်ပြီး စကား ဆက်မပြောတော့ပေ။ လရောင်အောက်မှ စင်္ကြံလမ်းကို ဖြတ်သွားရင်း သူ့အပေါ်ပိုင်း ကိုယ်လုံးတီးနဲ့ လရောင်တွေအောက် လင်းလက်နေတဲ့ အလင်းတွေကြားမှ လီကျင်လုံကို လှည့်မကြည့်ခဲ့ပေ။ 


"ဟုန်ကျွင့်!"


ဟုန်ကျွင့်သည် စင်္ကြံ၏အဆုံးတွင် နောက်သို့ပြန်လှည့်ကာ စင်္ကြံရှေ့တွင် ထိုင်နေဆဲဖြစ်သော လီကျင်လုံကို လှမ်းကြည့်လိုက်သည်။ လီကျင်လုံက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး သူ၏ သွယ်လျသော လက်ချောင်းများသည် ဖန်ခွက်ကို ကစားနေ၏။ ခွက်ထဲတွင်တော့ လငယ်တစ်ခု ရောင်ပြန်ဟပ်နေသည်။


"မင်းကိုယ်နဲ့ ချန်အန်းကို ပြန်လိုက်ခဲ့မှာလား" လီကျင်လုံ ဝမ်းနည်းစွာ ပြုံးလိုက်သည်။ 


"မင်းဒီတစ်ခေါက် ပြန်လာပြီးရင် မင်းနောက်ထပ် ဘယ်မှ မသွားတော့ဘူးလို့ ကိုယ် ခံစားနေရတယ်"


"လိုက်မှာ" 


ဟုန်ကျွင့် မတွေးဘဲ ပြောလိုက်သည်။ လီကျင်လုံ မော့ကြည့်လိုက်တော့ ဟုန်ကျွင့်ဟာ စင်္ကြံအဆုံးမှာ ပျောက်ကွယ်သွားခဲ့​ပြီ။ 


သူသည် သဖန်းတောနှင့် သူ မကြာခဏရင်ဆိုင်ရသည့် တံတိုင်းကို ဖြတ်လျှောက်သွားကာ မရပ်တန့်ခဲ့ပေ။ သူ့နှလုံးက အလွန်အမင်း ပြင်းထန်စွာ ခုန်​ပေါက်နေတာကြောင့် ရုတ်တရက် သူ့ကိုယ်သူတောင် အနည်းငယ် တုန်လှုပ်သွားစေသည်။ နံရံကို ဗြောင်ကျကျ စိုက်ကြည့်ရင်း သူဘာကြောင့် လန့်သွားမှန်းတောင် မသိ။


“အရှင်မင်းသား.... အရှင်မင်းမြတ် ခေါ်နေပါတယ်”


လူငယ်တစ်ယောက် ပေါ်လာသည်။ ဟုန်ကျွင့် ကမန်းကတန်း လှည့်ပြီး ပင်မခန်းမဆီကို အမြန်ပြေးသွား၏။ 


ပင်မခန်းမသည် ယခင်က မီးလောင်ကျွမ်းသွားခဲ့ရာ ယခုတော့ ခန်းမ၏ အရှေ့ဘက်တွင် ကျောက်စာတိုင်များစွာဖြင့် ဆောက်လုပ်ထားပြီး ပြောင်လက်တောက်ပနေပါသည်။ ရေကန်ဘေးမှာ စိုက်ထားတဲ့ သဖန်းပင်တစ်ပင်လည်း ရှိသေးသည်။ 


ဟုန်ကျွင့် အရှိန်လျှော့ပြီး သဖန်းပင်ကို လှမ်းကြည့်လိုက်သည်။ ချုံမင်သည် သူ ငယ်စဉ်ကပင် သဖန်းပင်ကို ကျောမှီပြီး ရေကန်ဘေးတွင် ထိုင်လေ့ရှိကာ ဟုန်ကျွင့်ကတော့ သူ့ရင်ဘတ်ဗလာပေါ်၌ တစ်ညလုံး အိပ်စက်နေခဲ့သည်။


သူ လုံးဝ မပြောင်းလဲသေးသော်လည်း အချိန်က သူနဲ့ ဘာမှ မဆိုင်ဘူးလို့တော့ ခံစားနေရသည်။ 


"မင်းမေးချင်တာကိုပဲ မေး!" 


ချုံမင်က လေးနက်စွာ ပြောသည်။ ဟုန်ကျွင့် ချုံမင်ရဲ့ နောက်မှာ ရပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်ပါ၏။ 


"ကျွန်တော့်မိဘတွေ သေဆုံးရတဲ့ အကြောင်းရင်းကို ရှာတွေ့ပြီ" 


ချုံမင်: "အရမ်းကောင်းတယ်... မင်းလည်း မျှော်လင့်ထားတဲ့အတိုင်း အသက်ရှင်သားပဲ..."