(53)
Viewers 5k

Chapter (53)

ခေါင်းဆောင်လီရဲ့ အသိပညာ



ထိုညတွင် မြို့တော်၏ ကျောင်းဝင်းအတွင်း၌ မီးတုတ်များ အများအပြား ထွန်းညှိထားလေသည်။ စစ်ပွဲအတွင်း သေဆုံးသွားခဲ့သော အလောင်းစစ်သည် ၃ ကောင်ကို သံလှောင်အိမ်များဖြင့် ပိတ်လှောင်လေသည်။ ၎င်းတို့က အထဲ၌ အပြင်းအထန် ရုန်းကန်နေကြ၏။ 


လီကျင်လုံ၊ ကျန်းဟောက်နှင့် ဝူရွှမ်း အမည်ရှိ စစ်သည်တစ်ဦးတို့သည် ကျောင်းကွင်းအတွင်းက သေဆုံးနေသော အလောင်းများကို စစ်ဆေးကြည့်ရှု​နေခဲ့ကြသည်။ စစ်သည်များစွာသည် ညတွင်းချင်း မြို့ပြင်ထွက်၍ လက်နက်အချို့ကို ကောက်ယူခဲ့ကြသည်။


"စစ်သူကြီးဟောင်းရဲ့ အခြေအနေက ဘယ်လိုလဲ" 


လက်နက်တွေ စစ်ဆေးနေရင်း လီကျင်လုံ လှည့်မေးလိုက်သည်။ 


ကျန်းဟောက်: "အရမ်းဆိုးတယ်... ရောဂါက ပိုဆိုးလာပြီ ခေါင်းဆောင်လီ မင်း စစ်တပ်တံဆိပ်ကို ယူထားရမယ်... မဟုတ်ရင် ငါတို့ လန်ကျိုးမြို့က စစ်တပ်ကို စည်းရုံးနိုင်မှာ မဟုတ်ဘူး"


လီကျင်လုံ: "စစ်သူကြီးရဲ့ ကွပ်ကဲမှုအောက်မှာ သူ့ကိုယ်စား စစ်ရေးတံဆိပ်တုံးကို ကိုင်ဆောင်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး"


ဝူရွှမ်း: "စစ်သူ​ကြီးဝမ်လည်း ဖျားသွားတယ်... အခု အနားယူဖို့ သူ့အိမ်ကို ပြန်ပို့လိုက်တယ်"


"နောက်တစ်ဆင့်က ဘာလဲ?" 


လီကျင်လုံ ထပ်မေးလိုက်သည်။ ထိုအခိုက် ကျန်းဟောက်နဲ့ ဝူရွှမ်းတို့ စကားတွေ ရပ်သွားရတော့၏။ လီကျင်လုံ ချက်ချင်း သဘောပေါက်လိုက်ပါသည်။ ကဲရှူးဟန့်က အမြဲတမ်း အလွန်သတိထားတတ်သူ ဖြစ်ပြီး ဝမ်မျိုးရိုး လူယုံကလွဲ၍ အခြားမည်သူ့ကိုမှ စစ်ရေးသင်္ကေတများအား ကိုင်ဆောင်ထားခွင့် မပေးချေ။ 


ကျန်းဟောက်: "ဒါပေမဲ့ မင်းကတော့ ရတယ်... မင်း အိမ်ရှေ့စံ မင်းသားရဲ့ လက်ရေးမူနဲ့ မင်းမှာ စစ်မှုထမ်းစာတန်းကို ခေတ္တငှားလို့ရတယ်"


"လက်ရှိအခြေအနေမှာ ဖုတ်ကောင်တွေက မြို့ကို မတိုက်ခိုက်ရင် ပိုကောင်းတာပေါ့... ကျွန်တော်ပြောတာကို ယုံပါ မြို့ပြင်ကို တိုက်ထုတ်လိုက်တာနဲ့ မြန်မြန်ပဲ ​သေသွားရလိမ့်မယ်"


လီကျင်လုံ ပြောတဲ့ စကားကြောင့် ဝူရွှမ်းနဲ့ ကျန်းဟောက်တို့ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ငြင်းခုံ​နေခြင်းကို ရပ်တန့်​လိုက်သည်။


"ဒီလက်နက်ကို ကြည့်လိုက်" 


လီကျင်လုံသည် ဓားကို မြှောက်၍ မီးဘက်သို့ ရွှေ့ပြလိုက်သည်။ ဓားပေါ်၌ အဆိပ်သင့်နေပုံပေါ်တဲ့ အမည်းစက်တစ်ခု ရှိနေကြောင်း ကျန်းဟောက် မြင်အောင် ညွှန်ပြလိုက်သည်။ ကျန်းဟောက်ဘက်က နှုတ်ဆိတ်နေတာကြောင့် လီကျင်လုံလည်း စကားဆက်ပေး၏။ 


"ဒီနတ်ဆိုးသုံးကောင်ကို ပြန်ကြည့်လိုက်... ဘယ်ဘက်ခြမ်းက တစ်ကောင်ရဲ့ အရေပြားက နဂိုအတိုင်းပဲ... ဒါပေမဲ့ အရောင်ကတော့ အပူလောင်နေပြီး အလောင်းခြောက်လို ဖြစ်နေပြီ... အလယ်က ကောင်ရဲ့ ပျက်စီးမှုက ပိုပြင်းထန်တယ် ဝမ်းဗိုက်က ပွင့်ထားတော့ အတွင်းအင်္ဂါတွေတောင် အများကြီး ထွက်လာနေပြီ... ညာဘက်က အဆိုးဆုံးပဲ"


လီကျင်လုံက ဓားရှည်တစ်ချောင်းကို ကိုင်လိုက်ပြီး အလောင်းစစ်သည်ရဲ့ လက်တစ်ဖက်မှ အသားမရှိသလောက် ဖောင်းနေတဲ့ လက်မဲရိုးတွေကို ဖော်ထုတ်လိုက်ပါ၏။ 


ဝူရွှမ်း: "သူတို့ဝတ်ထားတဲ့ ချပ်ဝတ်တန်ဆာကလည်း မတူဘူး"


လီကျင်လုံက ခေါင်းညိတ်ပြီး ပြောသည်။ 


"နဂိုအတိုင်း လေးလံပြီး ရှုပ်ထွေးတဲ့ ချပ်ဝတ်တန်ဆာတွေ ၀တ်ထားတယ်.. အဆိုးဆုံး ကောင်တွေက သူတို့ရဲ့ အလောင်းတွေကို ဖုံးဖို့ ချပ်ဝတ်တန်ဆာ များများစားစား မရှိကြဘူး... ဒါကြောင့် အလောင်းတစ္ဆေ စစ်တပ်ကို ရာဂဏန်းကနေ အဆင့်သုံး၊ ခြောက်၊ ကိုး ဆိုပြီး ပိုင်းခြားထားတယ်... တပ်မှူး၊ တပ်မှူးဆယ်ဦး၊ တပ်မှူးငါးဦး၊ သာမန်မြင်းတပ်မှူး.... "


ဤအချိန်တွင် လူအားလုံး တိတ်ဆိတ်နေကြသည်။ ရေခဲမြစ်မှ ရေခဲဖုံးနေသော မြစ်ကြောင့် သူတို့အသက်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သတိရသွားတဲ့ လီကျင်လုံက ဆက်ပြောပြသည်။ 


"အလောင်းစစ်သည်တွေရဲ့ လက်နက်တွေက ထူးဆန်းတဲ့ အဆိပ်တွေနဲ့ ပြည့်နေတာ... တိုက်ခိုက်တာတွေ မလုပ်ခင် သေသေချာချာ အကာအကွယ် ယူရမယ်... နောက်တစ်ခုက သူတို့ရဲ့ အားနည်းချက်ကို ရှာရမယ်... အနည်းဆုံး ၂ခု..." 


ကျန်းဟောက်က အေးခဲနေတဲ့ အလောင်းကို ကြည့်လိုက်ပြီး သဘောပေါက်သွား၏။ 


"ရေခဲတွေ?"


လီကျင်လုံ: "ဟုတ်တယ်... ရေအေးလောင်းပြီးရင် ရေခဲတွေ ဖြစ်သွားတယ်.. အဲတော့ အရိုးတွေ တောင့်တင်းလာပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေကို ထိခိုက်စေတယ်... နောက်ထပ် လှည့်ကွက်တစ်ခုကတော့ မီးပဲ"


ဝူရွှမ်းလည်း ခေါင်းညိတ်လိုက်၏။ သူက လှောင်အိမ်ထဲသို့ ရေနံဆီလောင်းကာ မီးတောက်များကို အပေါ်မု ပစ်ချလိုက်လေရာ အလောင်းစစ်သည်က ငိုကြွေးတာ သို့မဟုတ် ရုန်းကန်တာမျိုး မရှိဘဲ ငြိမ်သက်စွာ လောင်ကျွမ်းသွားခဲ့သည်။ ဟုန်ကျွင့် မမြင်နိုင်ပေမယ့် လီကျင်လုံက ပြောပြလာသည်။ 


"သူတို့မြေအောက် သွားရင်တောင် ငြိမ်းချမ်းမှာမဟုတ်ဘူး.... အခုသူတို့ လွတ်မြောက်သွားပါပြီ" 


ဟုန်ကျွင့်လည်း ဒီစစ်သားတွေဟာ သူတို့ဘဝတစ်လျှောက်လုံး သူတို့ရဲ့နေအိမ်တွေနဲ့ နိုင်ငံတွေကို ကာကွယ်ဖို့ တိုက်ပွဲဝင်ခဲ့ကြပေမယ့် သေပြီးတာတောင် သူတို့လူမျိုး အတွက် ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်သမားတွေ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက မျှော်လင့်ထားမှာလဲလို့ တွေးမိပါ၏။ 


"တတိယ အချက်ကရော?" 


ကျန်းဟောက်က စဉ်းစားရင်း မေးလာသည်။ 


လီကျင်လုံ: "ကာကွယ်ရေးအတွက် ပြင်ဆင်ထားလိုက်ပါ... အဆိပ်မိထားတဲ့ လူတွေ အတွက်ကတော့ ကျွန်တော် တခြားနည်းလမ်း ရှာလိုက်မယ်...." 


ကျန်းဟောက်နဲ့ ဝူရွှမ်း လျင်မြန်စွာ ထွက်ခွာသွား၍ ကာကွယ်ရေးစခန်းသို့ ချီတက်သွားခဲ့သည်။ လီကျင်လုံနှင့် ဟုန်ကျွင့်တို့သည် ကျန်သေဆုံးနေသော တစ္ဆေနှစ်ကောင်ကို ကျောင်းကွင်းတွင် ရပ်ကြည့်နေခဲ့ကြသည်။


ဟုန်ကျွင့်မှာ အလောင်း တစ္ဆေကို ကြည့်ပြီးနောက် လီကျင်လုံကို ပြန်ကြည့်လိုက်သည်။ ယခုအချိန်၌ လီကျင်လုံ၏ မျက်ခုံးများ အနည်းငယ် ကွေးသွားကာ တွေးတောနေသော မျက်လုံးများဖြင့် ​ပြန်ကြည့်လာသည်။ ဤအရာသည် ဟုန်ကျွင့် အလေးစားဆုံး အမူအရာ ဖြစ်ပေမယ့် လီကျင်လုံကတော့ နားမလည်ပေ။ 


သူဟာ ပြဿနာများကို တစ်ချက်မှ တစ်ချက် ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာတတ်သည်။ သူ့စိတ်ခံစားမှုနှင့် ဒေါသကို မမြင်နိုင်သည့်အခါတွေ ရှိပေမယ့် ဟုန်ကျွင့်ကတော့ လီကျင်လုံဟာ အလွန်အစွမ်းထက်မြက်နေပြီး ပင်လယ်ပြင်၌ပင် မကြောက်ရွံ့သော သတ္တိမျိုးရှိကြောင်း ခံစားမိသည်။ 


ယခု ဟုန်ကျွင့်သည် လီကျင်လုံက မော့ရစ်ကန်းနဲ့ တခြားလူတွေကို ကယ်တင်နိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ထားသည်။ ကဲရှူးဟန့် လဲကျသွားသည့် အခိုက်တွင် လီကျင်လုံက ပြဿနာ တစ်ခုခုရှိနေကြောင်း သိရှိနားလည် သွားခဲ့ပြီး အဆင့်ဆင့် စစ်ဆေးအတည် ပြုခဲ့သည်။ သူ မြေခွေးမိစ္ဆာ၏ အမှုတွဲကို ကိုင်တွယ်ခဲ့တုန်းကလိုပဲ အဆုံးတွင် တစ်ခုခုကို တွေ့နိုင်လိမ့်မည်။ 


ဟုန်ကျွင့် သူ့ကို အလျင်စလို ဝင်နှောင့်ယှက်တာမျိုး မလုပ်ဘဲ ရှောင်ထွက်သွားတာမျိုးလည်း မလုပ်ခဲ့ချေ။ သူ လီကျင်လုံနှင့်သာ နေခဲ့သည်။ အချိန်အတော် ကြာပြီးနောက် လီကျင်လုံက ရုတ်တရက် လှည့်မေးလာသည်။ 


"သူတို့ရဲ့ အဖော်တွေကို ဘယ်လို ဖော်ထုတ်နိုင်မယ် ထင်လဲ?"


ဟုန်ကျွင့် : "..."


ဟုန်ကျွင့် ခဏလောက်စဉ်းစားပြီးမှ။


"အလောင်းတွေ သေနေတာကြာပြီ... အနံ့မခံနိုင်လောက်တော့ဘူး"


"အင်း... ဒါဆို မြင်နိုင်တာ ဖြစ်မယ်"


အလောင်းတစ္ဆေ အများစုတွင် သူငယ်အိမ်မရှိ၊ တိမ်ဖြူမျက်လုံးများသာ ရှိသော်လည်း ထိုမျက်လုံးများက အမြဲတမ်း လှုပ်ရှားနေသောကြောင့် အများစုကို မြင်နိုင်တာ သေချာလေသည်။ 


ဟုန်ကျွင့်: "ပြောတာ​ရော ကြားရလား"


လီကျင်လုံ သံတုတ်ကိုယူ၍ လှောင်အိမ်၏ နောက်ကွယ်ရှိ အလောင်းကောင်ရဲ့ နားရွက်အနီးကို ရိုက်လိုက်သောအခါ လူပြောတာကို နားမကြားနိုင်သော်လည်း အလောင်းဟာ လှည့်မကြည့်ဘဲ သံလှောင်အိမ်အား ထိရုံသာ အာရုံစိုက်နေတာကို တွေ့လိုက်ရသည်။ 


လီကျင်လုံ မီးတုတ်တစ်ချောင်းကို အလောင်းစစ်သည်ရှေ့ ကြိမ်ဖန်များစွာ ဝေ့ယမ်းပြတဲ့အခါ ၎င်းကလည်း လိုက်ကြည့်နေ၏။ 


လီကျင်လုံ: "မြင်နိုင်တယ် အလင်းရောင်ကိုလည်း ခံစားလို့ရတယ်"


"ကျွန်တော် အရမ်း အံ့သြမိပါတယ်... သူတို့ စိတ်ထဲမှာ ဘာတွေများ တွေးနေမလဲ မသိဘူး?"


"စကားမပြောတတ်ဘူး... ထပ်စမ်းကြည့်ကြည့်ရအောင်"


လီကျင်လုံ သူ့အင်္ကျီကို ချွတ်လိုက်သည်။ 


"ခင်ဗျား ဘာလုပ်နေတာလဲ" ဟုန်ကျွင့် လန့်သွား၏။ 


လီကျင်လုံကတော့ ဟုန်ကျွင့်အား လာကူညီ​ပေးဖို့ အချက်ပြလေသည်။ ရာနဲ့ချီသော အလောင်းစစ်သည်များ ဝတ်ဆင်ထားတဲ့ ချပ်ဝတ်တန်ဆာကို ပြောင်း၍ ၀တ်ဆင်ထားလိုက်သည်။ ဟုန်ကျွင့်မှာ လီကျင်လုံကိုယ်ပေါ်က ထန်သံချပ်ကာများစွာကိုသာ မြင်တွေ့ခဲ့ရပြီး ယခု ​​ဟန်မင်းဆက် သံချပ်ကာနဲ့လည်း အံဝင်ခွင်ကျ ဖြစ်နေ၏။ သံချပ်ကာက သံချေးတက်နေသော်လည်း သူက သတ္တိရှိပြီး ချောမောနေသော စစ်သူကြီးအသွင် ပေါက်နေဆဲပင်။ 


လီကျင်လုံ အနည်းငယ် ဦးညွှတ်ပြီး လှောင်အိမ်ထဲသို့ ဝင်လာသည်။ ထိုစဥ် ငြိမ်နေသော အလောင်းစစ်သည်က ရုတ်တရက် သတိဝင်လာကာ ပုပ်ပွနေသော ပါးစပ်ကို ဖွင့်၍ သွားဖုံးများကို ဖွဖွထုတ်လာ၏။


"သူတို့လူ မဟုတ်မှန်း သိတယ်​.... ခင်ဗျား ထပ်စမ်းကြည့်​ချင်​လား"


လီကျင်လုံ: "မျက်နှာကို ညစ်ပတ်အောင် သုတ်လိုက်ရင်ရော?" 


ဟုန်ကျွင့် : "..."


ဟုန်ကျွင့် မတတ်နိုင်ဘဲ မီးသွေးတုံးများကို ရှာဖွေကြည့်ရသည်။ မီးသွေးတွေက လီကျင်လုံရဲ့ အသားအရေကို မည်းမှောင်သွားစေကာ ထပ်မံ ပြုပြင်လိုက်သည်နှင့် အလောင်းတစ်လောင်းအလား တကယ် တူသွားသည်။


"ကိုယ် ဝင်ကြည့်လိုက်မယ်" 


ဟုန်ကျွင့် အလွန်စိတ်လှုပ်ရှားသွားပြီး လှောင်အိမ်တံခါးကို ဖြည်းညှင်းစွာ ဖွင့်ကာ ဝင်ခိုင်းလိုက်သည်။ အလောင်းကောင်တစ္ဆေက သူ့ကို ချက်ချင်းတွေ့ရှိပြီး ဟောက်လေ၏။ ၎င်းက လီကျင်လုံရဲ့ ခေါင်းကို လှမ်းဆွဲမလို လုပ်နေတာကြောင့် ဆက်မသွားသေးဘဲ ရပ်လိုက်သည်။ 


"ခင်ဗျား မျက်လုံးသူငယ်အိမ် ဖြူသွားအောင် လုပ်တတ်လား?" 


ဟုန်ကျွင့်က ပြောသည်။


"ဒီလိုလား?" လီကျင်လုံက မျက်လုံးပြူးပြီး။ 


"ဒါပေမဲ့ အဲ့ကျရင် မမြင်ရတော့ဘူး"


ဟုန်ကျွင့်: "ခက်တယ် သူတို့ အနံ့ခံနိုင်ရင် ဘယ်လိုလုပ်မလဲ"


လီကျင်လုံသည် ပုပ်ပွနေသော အခြားအလောင်းတစ်လောင်း၏ နံစော်နေသော အဝတ်များကို ချွတ်လိုက်ကာ အပြင်ဘက်တွင် ဝတ်ထားလိုက်သည်။ ထို့နောက် မျက်လုံးများကို ခက်ခက်ခဲခဲဖြင့် ဖြူအောင် လုပ်ရင်း လှောင်အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။


အလောင်းကောင်တစ္ဆေသည် သံလှောင်အိမ်ခြံစည်းရိုးတွင် ကန်နေဆဲဖြစ်ပြီး ဤနေရာမှ ထွက်သွားရန် ကြိုးစားနေ၏။ လီကျင်လုံက သူ့ကို အတုယူကာ ခေါင်းစောင်းလျက် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ သံတိုင်ကို ကိုင်ထားလိုက်သည်။ ထို့နောက် မျက်လုံးကို လှန်ထား၏။ 


"တူလာပြီ!" 


ဟုန်ကျွင့်က သူ့အား လေးလေးနက်နက် ထုတ်ဖော်ခဲ့သည်။ အလောင်းကောင်က လီကျင်လုံကို လှည့်ကြည့်လာ၏။ လီကျင်လုံလည်း သူ့မျက်လုံးများကို သေသေချာချာ လုပ်ယူရင်း အလောင်းကောင်ဘက်သို့ လှည့်လိုက်သည်။ လူတစ်​​ယောက်​နှင့်​ နတ်​ဆိုးတစ်​​ယောက်​သည်​ တစ်​​ယောက်​ကို တစ်​​ယောက်​ ကြည့်​​နေကြ​သော်​လည်း ခဏမျှ​လောက်​ပင်​။ နတ်​ဆိုးက လီကျင်လုံဟာ ကြည့်နေရာမှ ရပ်​တန့်​သွားသည်​။


အောင်မြင်ပြီ! 


လီကျင်လုံ သူ့မျက်လုံးများကို မှိတ်ထားရန် ကြိုးစားသော်လည်း အလောင်းစစ်သည်က သတိမထားမိခဲ့ပေ။ သူတို့နှစ်ဦးစလုံး အလောင်းစစ်သည်က မြင်နိုင်ပြီး အနံ့ခံနိုင်သော်လည်း မကြားနိုင်ကြောင်း သိလိုက်ရ၏။ 


"ညဉ့်နက်မှ ထွက်သွားရအောင်" 


လီကျင်လုံ ဆိုရင်း သူ့လက်မောင်းကို အနံ့ခံကြည့်လိုက်တဲ့အခါ အနံ့အသက်က အတော်လေး ဆိုးဝါးနေတာကို ခံစားလိုက်ရသည်။


"ကျွန်တော်ခင်ဗျားနဲ့ အတူ လိုက်မှာနော်" 


"ဒါပေါ့!" လီကျင်လုံ ပြုံးလိုက်သည်။


ညဘက်တွင်။ မော့ရစ်ကန်းအတွက် ဟုန်ကျွင့် သက်မှတ်ထားသော ဆေးဖက်ဝင် ဟင်းချိုက အနည်းငယ် ထိရောက်လာသည်။ အနည်းဆုံး သူ့ခန္ဓာကိုယ်ကို ပိုမိုနွေးထွေးစေသော်လည်း မော့ရစ်ကန်းခမျာ လုံးဝနီးပါး ကျောက်တုံးကြီးလို ဖြစ်နေသည်။ လုရွှီမှာ ဟုန်ကျွင့် ဝင်လာတာကို မြင်သည်နှင့် လက်တစ်ဖက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ထွက်သွားခွင့် မပြု​တော့ပေ။


ဟုန်ကျွင့်: "ရှူး.... ခေါင်းဆောင်က သူ့ကို ကယ်လိမ့်မယ်၊ စိတ်မပူပါနဲ့ စိတ်မပူပါနဲ့"


မော့ရစ်ကန်းကို ကြည့်ပြီးနောက် ဟုန်ကျွင့် ကဲရှူးဟန့်ဆီ သွားလိုက်သည်။ ကဲရှူးဟန့် ဆေးသောက်ပြီးနောက် သတိလစ်သွားသည်ကို တွေ့လိုက်သော်လည်း အဘွားကြီးက သူ့လက်ကိုကိုင်ကာ ကုတင်ဘေးတွင် ထိုင်ရင်း ငါးကြင်းနတ်ဆိုးနဲ့ တိုးတိုးလေး စကား ပြောနေလေသည်။  


ဟုန်ကျွင့် :"!!"


ဟုန်ကျွင့် လန့်ပြီး ပျာယာခတ်တော့မယ့် အချိန်မှာပဲ အဘွားကြီးက ပြုံးပြီး ခေါင်းညိတ်ပြလာသည်။ 


ငါးကြင်းနတ်ဆိုးက "... ဟုန်ကျွင့် ထွက်သွားရင် ကျွန်တော် လိုက်သွားရမှာ... သူက ဘာလုပ်ရမှန်း မသိဘူး သူ ဘာမှလည်း နားမလည်ဘူး"


ဟုန်ကျွင့် ကမန်းကတန်း ဝင်ပြောလိုက်သည်။ 


"ကျောက်ကျစ်လုံကို မကြောက်ဘူး​ပေါ့ ဟုတ်လား"


အဘွားအိုက ပြုံးပြီး။ 


"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ငါ အသက်ငါးဆယ်ကျော်ပြီလေ မြင်သင့်တာရော မမြင်သင့်တာရော အားလုံးကို မြင်ဖူးတယ်... အပြင်မှာ မိစ္ဆာတွေရှိတယ်ဆို ငါတို့က မင်းတို့ကို အားကိုးရ​တော့မှာပေါ့ ဘာပဲဖြစ်ဖြစ် ပိုသတိထားရမယ်"


ငါးကြင်းနတ်ဆိုးက ဝင်ထောက်ခံ၏။ 


"ကျွန်တော်တို့ ဟုန်ကျွင့်က မိစ္ဆာဘုရင်ကိုတောင် ဖြုတ်ပစ်လိုက်ပြီနော်... လီကျင်လုံတောင် သူ့ကို ပြန်ဖမ်းပစ်မှာကို ကြောက်နေရတာ"


ဟုန်ကျွင့် : "သတိထား... ခေါင်းဆောင် မင်းကို စွပ်ပြုတ်လုပ်ပစ်လိမ့်မယ်!"


ဟုန်ကျွင့် ကဲရှူးဟန့်ရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ရန် ရှေ့သို့ တိုးလာသည်။ ဆေးသောက်ပြီးနောက် တစ်ဖက်လူ၏ သွေးခုန်နှုန်းက အနည်းငယ် တည်ငြိမ်လာကာ ဆေးထိရောက်ကြောင်း ပြသခဲ့သည်။ ပျောက်ကင်းအောင် မကုသနိုင်သော်လည်း သွေးအားတိုးဆေးသည် လူနာ၏ အပူချိန်ကို အနည်းငယ် ပြန်လည်ရရှိစေနိုင်သည်။


ထိုအချိန်တွင် လီကျင်လုံနဲ့ ကျန်းဟောက်က ခြံဝင်းထဲတွင် စကားပြောနေရာမှ တဖြည်းဖြည်း အငြင်းပွားလာသည်။ နောက်ဆုံးတွင်တော့ လီကျင်လုံက မျက်မှောင်ကြုတ်ကာ လျင်မြန်စွာ ထွက်လာလေ၏။ သူက ဟုန်ကျွင့်အား ထွက်ခွာရန် အချိန်တန်ပြီဟု သူ့မျက်လုံးများကတစ်ဆင့် ညွှန်ပြခဲ့သည်။


ကျန်းဟောင်က စိုးရိမ်တကြီးနဲ့ "စစ်သူကြီးတွေက နေ့ရောညပါ ပေါ်မလာဘူး.. မြို့ထဲမှာလည်း ကောလဟာလတွေ ပျံ့နေပြီ ဖိသိပ်ထားလို့ မရ​တော့ဘူး"


"စစ်သူကြီးကျန်း...ဒီအဘွားကြီး မင်းနဲ့လိုက်ခဲ့မယ်" 


အဘွားအိုက ပြောသည်။ ကျန်းဟောက်လှည့်ကာ ဂါဝရပြုလိုက်ပြီးနောက် လီကျင်လုံတို့ဘက် ပြန်လှည့်လိုက်သည်။ 


"မင်းတို့ ဘယ်သွားမလို့လဲ?"


လီကျင်လုံက ဘာမှမပြောဘဲ သူ့လက်ကိုသာ ဝှေ့ယမ်းလိုက်သည်။ သူက ဟုန်ကျွင့်ကို အမြန်ဆုံးလုပ်ဖို့ အချက်ပြပြီး သူ့နောက်က လိုက်ခဲ့ဖို့ ငါးကြင်းနတ်ဆိုးကိုလည်း လက်ပြလိုက်၏။ 


သုံးနာရီထိုးတော့ မြို့ပြင်မှာ တိတ်ဆိတ်နေပေသည်။ ငါးကြင်းနတ်ဆိုးက နှင်းကို ထိမိသည်နှင့် ချက်ချင်းကို ထအော်တော့သည်။ 


"အေးလွန်းတယ်ဟ!"


ဟုန်ကျွင့်: "မြန်မြန်... ကျောက်ကျစ်လုံ ဒါက မင်းအပေါ်မှာလည်း မူတည်တယ်နော်... မင်း လူတွေရဲ့ အသက်တွေကို ကယ်တင်ပြီး ကုသိုလ်တွေ စုဆောင်းချင်တာမလား ဒီမြို့မှာ လူပေါင်း ၄သိန်း ရှိတယ်!"


ငါးကြင်းနတ်ဆိုးက နှင်းတွေပေါ် တက်ပြီး လှည့်မေးလာသည်။ 


"ပိုလွယ်တဲ့ နည်းလမ်းရှိလား" 


လီကျင်လုံ - "ငါ မင်းကို အအေးခံနိုင်အောင် ဖိနပ်တစ်ရံ ပေးမယ်..."


လီကျင်လုံက သိုးမွေး ကပ်ထားသော သိုးသားရေအိတ်ကို ထုတ်ကာ ငါးကြင်းနတ်ဆိုးရှေ့ ချပေးလိုက်သည်။ ငါးကြင်းနတ်ဆိုး ခြေဆန့်လိုက်တဲ့အခါ ဘေးဘက်ရှိ အပေါက်အချို့ကို လှီးဖြတ်ကာ သူ့မျက်လုံးနှစ်လုံးကို ဖွင့်ပေးလိုက်သည်။ အပြင်ဘက်ကိုလည်း မြင်နိုင်စေရန် ကြိုးဆွဲချကာ ငါးကြင်းနတ်ဆိုးရဲ့ ပါးစပ်နေရာကိုလည်း သေချာပြင်ပေး၏။ 


ဟုန်ကျွင့် : "..."


"လက်အိတ်တွေကို ဘောင်းဘီလုပ်လိုက်တာလား"


လီကျင်လုံ: "တိုက်ပွဲမှာ ကျဆုံးသွားတဲ့ တစ္ဆေဘုရင်ကို ရှာ...မင်း တွေ့ပြီဆိုရင် တည်နေရာကို မှတ်ထားပြီး မင်းပြန်လာတဲ့အခါ ငါ့ကို ပြောပြ!"


ငါးကြင်းနတ်ဆိုးသည် လီကျင်လုံ ပြောပြနေသော သေဆုံးသွားသည့် တစ္ဆေဘုရင်ကို ရှာဖွေရန် နှင်းထဲမှာ နာခံမှုရှိရှိဖြင့် ပြေးရန်မှတစ်ပါး ရွေးချယ်စရာ မရှိ​တော့ပေ။


လီကျင်လုံ မြို့ရိုးအောက်တွင် စိတ်ရှည်စွာ ထိုင်နေသည်။ လေပြင်းများ ထပ်မံတိုက်လာသောအခါ ဟုန်ကျွင့်လည်း လီကျင်လုံအနား ပြေးကပ်ထားရလေ၏။ သူတို့ဟာ အလောင်းကောင်၏ အနံ့ဆိုးများနှင့်အတူ သံချပ်ကာ တစ်စုံကို ဝတ်ဆင်ထားကြပြီး ညက အလွန်အေးလာသောကြောင့် လီကျင်လုံက သူ့အဝတ်များကို စောင်တစ်ခုလို ဖွင့်၍ သူ့ကိုယ်သူ နှင့် ဟုန်ကျွင့်ကို အတူတူ ထုပ်ပိုးထားလိုက်သည်။


ဟုန်ကျွင့် တွေးမိသွားသည်မှာ သူနဲ့ လီကျင်လုံ ပထမဆုံးစတွေ့တုန်းကလည်း လီကျင်လုံက သံချပ်အပြည့် ဝတ်ထားခဲ့တာပါပဲ။ ဟုန်ကျွင့် သူ့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ကြည့်နေမိရာ လီကျင်လုံဘက်က သတိထားမိသွား၏။ 


"ဘာတွေ ပြုံးနေတာလဲ?" 


"ဘာရယ် မဟုတ်ပါဘူး... သံချေးတက်နေပေမယ့် ခင်ဗျားက ချပ်ဝတ်တန်ဆာနဲ့ဆို အရမ်း ကြည့်ကောင်းတယ်"


"ဒါပေါ့" လီကျင်လုံက ပေါ့ပေါ့ပါးပါးနဲ့။ 


"ချန်အန်းမှာဆို မင်းကိုကို ကိုယ့်ရဲ့ ချပ်ဝတ်တန်ဆာနဲ့ ပုံစံကို စွဲလန်းနေတဲ့ မိန်းကလေး ဘယ်နှစ်ယောက်ရှိလဲတောင် မသိဘူး"


"ခင်ဗျား ပိုပိုပြီး အရှက်မဲ့လာပြီ!!" 


လီကျင်လုံ ရယ်လိုက်သည်။


ဟုန်ကျွင့် အဘွားကြီးပြောသည်ကို သွားသတိရမိသည်။ သူမနဲ့ ကဲရှူးဟန့် စတွေ့တုန်းကလည်း ကဲရှူးဟန့်က ချပ်ဝတ်တန်ဆာကို ဝတ်ထားခဲ့သည်။ ပုံစံက သူနဲ့ လီကျင်လုံ စတွေ့တုန်းကနဲ့ သိပ်မကွာပေ။ 


ဟုန်ကျွင့်: "ကျွန်တော်ကရော?"


"မင်း..." လီကျင်လုံက သူ့ကိုကြည့်ကာ။ 


"ကိုယ့်ရဲ့လက်ထောက် စစ်သူကြီးလုပ်ပေါ့" 


ဟုန်ကျွင့် စောင်ထဲကနေ လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး စိန်ခေါ်တော့သည်။ 


"တိုက်ကြစို့... ဘယ်သူက လက်ထောက်လဲ ကြည့်ရအောင်"


"အေးတယ် ... လျှောက်မလုပ်နဲ့!"


လီကျင်လုံ သူ့လက်ကို အလျင်အမြန် ဖိချလိုက်သည်။


.....


စစ်သူကြီး၏ အိမ်ကြီးတွင်။ ကဲရှူးဟန့်နဲ့ မော့ရစ်ကန်း သတိလစ်သွားပြီး ရှစ်နာရီနီးပါး ကြာပြီးနောက် လန်ကျိုးရှိ မီးများအားလုံး လင်းထိန်သွားသော်လည်း သေလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။ စစ်စခန်းမှာ စစ်သားတွေရဲ့ ညည်းတွားသံတွေကလည်း တိုးသထက် တိုးလာ၏။ 


ည၏ဒုတိယ နှစ်ဝက်တွင် မော့ရစ်ကန်းရဲ့ ရင်ဘတ်က ဖားဖိုတစ်ခုလို ဖြစ်လာပြီး အဆက်မပြတ် အသံထွက်လာသည်။ လုရွှီ အင်မတန် ထိတ်လန့်သွားကာ အခန်းထဲမှ ပြေးထွက်လာခဲ့သည်။ သူ့မသိစိတ်က ဟုန်ကျွင့်ကိုပဲ အကူအညီ တောင်းချင်နေသည်။


"ဟုန်ကျွင့်!" 


သူသည် စင်္ကြံလမ်းတစ်ခုလုံးကို ရှာဖွေသည်။ ထို့နောက် ခန်းမထဲသို့ အမြန်ပြေးဝင်သွားပြီ၏ အရှိန်လျှော့ကာ ရပ်လိုက်သည်။ သူ့မျက်နှာတွင် သံသယများဖြင့် ပြည့်နှက်နေကာ ပင်မခန်းမဆောင်တွင်တော့ သူ ရှာနေတဲ့လူ မဟုတ်သော တခြားလူရဲ့ အသွင်အပြင်ကို တွေ့လိုက်ရသည်။


"ဘာဖြစ်တာလဲ" 


အဘွားကြီးက ကုတင်ရှေ့မှာ ထိုင်​နေပြီး ကဲရှူးဟန့်ရဲ့လက်ကို ကိုင်ထားလျက်မှ လှည့်ကြည့်လာသည်။ ကျန်းဟောက်က ခန်းမထဲမှာ ရပ်လိုက်ပြီး။ 


"ဖုတ်ကောင်စစ်တပ်က မြို့ကို တိုက်ခိုက်တော့မယ်... ကျွန်တော် စစ်လက်နက်ကို သုံးချင်တယ်" 


"စစ်သူကြီး မနိုးမချင်း ငါမင်းကို စစ်တိုက်ဖို့ အမိန့်မပေးနိုင်ဘူး... လီကျင်လုံက မသွားခင် သူဒီည အဆိပ်ဖြေဆေး ရှာပေးမယ်လို့ ကတိပေးသွားတယ်..."


ကျန်းဟောက်: "လီကျင်လုံနဲ့ ဟုန်ကျွင့်က ထွက်ပြေးသွားပြီ အစောင့်တွေက သူတို့က ညဘက်မှာ မြို့ထဲက ထွက်သွားတာကို မြင်တယ်"


လုရွှီသည် စင်နောက်ကွယ်တွင် ပုန်းနေပြီး ကျန်းဟောက်အား စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။


အဘွားအိုက "စစ်သူကြီးက မနိုးသေးဘူး ငါဘယ်မှမသွားဘူး... ကျန်းဟောက် ဝူရွှမ်း ဘယ်မှာလဲ"


ကျန်းဟောက်က အသက်ပြင်းပြင်းရှူပြီး တိုးတိုးလေး ပြောလေ၏။ 


"သခင်မကြီး ဝူရွှမ်းလည်း ဖျားနေတယ်... အခြေအနေက အရမ်းဆိုးတယ် ရန်သူကို တိုက်ဖို့... မြို့ပြင်ကနေ အမြန်ဆုံး ရုန်းထွက်ဖို့ စစ်တပ်နဲ့ မြင်းတွေကို စည်းရုံးရမယ်"


ခန်းမထဲမှာ ခဏ တိတ်ဆိတ်နေပြီး နောက်ဆုံးတော့ အဘွားကြီးက ပြောလိုက်သည်။ 


"မရဘူး..."


ကျန်းဟောက် လေးလေးနက်နက် မျက်မှောင်ကြုတ်လျက် ကြည့်နေသည်။ အဘွားအိုက ဆို၏။ 


"လီကျင်လုံ နဲ့ အဲ့ကလေးကို ငါ ယုံတယ်... ချန်အန်းက မိစ္ဆာဘုရင်ကို သုတ်သင်ဖို့ သူတို့ရဲ့ ကြိုးပမ်းခဲ့တဲ့ အကြောင်းတွေ ငါကြားပြီးပြီ... ဒါက ထူးထူးခြားခြား အခြေအနေ ဖြစ်နေပြီ... ထူးထူးခြားခြား လူတွေ ရှိနေမှရလိမ့်မယ်...မင်းလည်း ဘေးကင်းဖို့ပဲလိုတယ် မင်းရဲ့မြို့ကို ခုခံပိုင်ခွင့်ရှိတယ် မင်းတပ်တွေ မလွှတ်သရွေ့ မင်းဆန္ဒအတိုင်း မိစ္ဆာတွေကို တိုက်ခိုက်ဖို့ စစ်တပ်ကို စည်းရုံးနိုင်တယ်...”


ကျန်းဟောက် ရုတ်​တရက်​ ရယ်​လိုက်​သည်​။


အဘွားအိုလည်း ထိုရယ်သံကြောင့် ရုတ်တရက် လန့်နိုးလာပြီး ကျန်းဟောက်ကို စိုက်ကြည့်ကာ အသံက တုန်တုန်ယင်ယင် ဖြစ်လာသည်။ 


"ကျန်းဟောက်... မင်း ဘာတွေတွေးနေတာလဲ မင်းငါ့ဆီက လုယက်ချင်နေတာလား?"


ထိုစဥ် ကျန်းဟောက်က လေးလေးနက်နက် အသံနဲ့ ပြန်ပြောလေ၏။ 


"အဘွားကြီး... ငါက မိစ္ဆာပဲလေ"


တခဏချင်းမှာပဲ ကျန်းဟောက်ကလည်း ကျယ်လောင်စွာ ဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ဟာ ရွှံ့တွေလို ထူးထူးဆန်းဆန်း အသံတွေ ထွက်ပြီး အရည်ပျော်သွား၏။ အနက်ရောင် အရည်တွေကြားရှိ အသက်ရှုသံများက ပါးစပ်မှ ထွက်လာလေသည်။ ထိုအချိန် အဘွားကြီးသည် “လာကြစမ်း...” ဟု မအော်နိုင်မီတွင် အနက်ရောင် အရည်များက သူမအား ရစ်ပတ်နေခဲ့ပြီ။ သူမလည်ပငိးကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ပစ်တာကြောင့် တစ်ခဏအတွင်း အသက်ရှုကြပ်လာသည်။


"အား--"


မကြာခင်မှာပဲ အခြေအနေ မကောင်းတာမြင်တော့ လုရွှမ် စင်အနောက်ကနေ ပြေးထွက်လာသည်။ လက်တစ်ဖက်က ပန်းအိုးကို ကောက်ကိုင်လိုက်ပြီး ရွှံ့တွေလို ဖြည်းညှင်းစွာ အရည်ပျော်နေတဲ့ ကျန်းဟောက်ဆီကို ပြေးဝင်သွားခဲ့လေသည်။