(52)
Viewers 5k

Chapter (52)

ချမ်းတုန်စေတဲ့ အလောင်းအဆိပ်



"စစ်သူကြီး!"


ကဲရှူးဟန့် လဲကျသွားသည်နှင့် ရုတ်တရက် ရုတ်ချည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။ အိမ်ဖော်များနှင့် အိမ်အကူများအားလုံး ဝိုင်းအုံလာသည်။ ဟုန်ကျွင့်နှင့် လီကျင်လုံခမျာ အခြားလူအုပ်ထဲမှာ ဖျစ်ညှစ်ခံထားရကာ ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေသည်။ ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ဟုန်ကျွင့်လည်း မျက်မှောင်ကြုတ်ကာ စူးစူးစိုက်စိုက်ကြည့်နေသည်။ 


"သမားတော်ကို အမြန်ခေါ်​ပေးပါ... "


"အိုး! တစ်ယောက်ယောက် မြန်မြန်လာစမ်း! သမားတော်ကလည်း နေမကောင်းဘူးတဲ့!"


လီကျင်လုံ: "သွားပြီးတော့ အဘိုးကြီးကို ကြည့်ပေးပါလား"


ကဲရှူးဟန့်ဟာ အသက်ခြောက်ဆယ်ကျော် ရှိပြီဖြစ်ကာ ဇနီးစကားမှလွဲ၍ မည်သူ့စကားကိုမျှ နားမထောင်ပါ။ လက်ရှိတွင် မြို့အပြင်ဘက်ကို စစ်တပ်ကြီးများက ဝိုင်းထားသဖြင့် ကဲရှူးဟန့်က ရုတ်တရက် နာမကျန်း ဖြစ်လာလေရာ အတွင်းအပြင်မှာ အမှန်တကယ်ပင် ဒုက္ခရောက်နေပါသည်။


"သတင်းကို ပိတ်ထား!!" လီကျင်လုံ အစောင့်တပ်မှူးအား အလျင်အမြန် အမိန့်ပေးခဲ့သည်။ 


"ဒီကိစ္စ အပြင်လောကကို မပေါက်ကြားစေနဲ့... စစ်သူကြီးဟောင်းက တုံ့ပြန်မှုတွေ ဆွေးနွေးဖို့ အစည်းအဝေး လုပ်နေတယ်လို့ပဲ ပြောလိုက်... မြန်မြန်သွားတော့!"


အစေခံတွေက ကဲရှူးဟန့်အား အခန်းထဲကို ပို့ပေးကြသည်။ ဟုန်ကျွင့် တစ်ဖက်လူရဲ့ သွေးခုန်နှုန်းကို စစ်ဆေးဖို့ ကူညီပေးပြီး ပြောလိုက်သည်။ 


"အခြေအနေက မစိုးရိမ်ရပါဘူး... ကြောက်နေတာကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားတာပါ အေးအေးဆေးဆေး အနားယူပြီး ဟင်းချိုလေးသောက်လိုက်ရင် အဆင်ပြေသွားမှာပါ"


ထိုအခါမှ အိမ်ကလူတွေ အားလုံးလည်း သက်ပြင်းချလိုက်ကြသည်။ အဘွားအိုက ခေါင်းတစ်ချက်ညိတ်ရင်း။ 


"အပြင်မှာ ရန်သူရှိလား... စစ်သူကြီး ဘယ်မှာလဲ သွားကြည့်စမ်း"


ဟုန်ကျွင့်: "ဒါက ပြဿနာကြီး မဟုတ်​သေးပါဘူး... မနေ့က လေနဲ့ နှင်းတွေကြောင့် အားနည်းသွားတာ ဖြစ်မယ် အအေးဒဏ်ကလည်း ခံထားရပြီး စိုးရိမ်လွန်းနေတော့ ခဏလောက် မူးလဲသွားတာ ဖြစ်မယ်... သခင်မကြီး စိတ်မပူပါနဲ့..."


အဘွားအိုက ငြိမ်သက်သွားပြီး ဟုန်ကျွင့်ရဲ့လက်ကို ဆုပ်ကိုင်လိုက်၏။ 


"မင်းတို့အားလုံးက လိမ္မာတဲ့ ကလေးတွေပဲ၊ သခင်​ကြီး ပြောတာကို ငါကြားဖူးပါတယ်" 


ဟုန်ကျွင့်လည်း သူမလက်ကို ဆုပ်ကိုင်ထားလိုက်သည်။ လီကျင်လုံ သူ့ကို အပြင်ထွက်ဖို့ တိုက်တွန်းရန် မလာသောကြောင့် သူမနှင့် ခဏကြာ စကားစမြည် ပြောခဲ့သည်။ ကဲရှူးဟန့်၏ ဇနီးသည် တစ်ချိန်က ဝတ်ကောင်းစားလှ ဝတ်စားတတ်သော သခင်မလေး တစ်ဦးဖြစ်ခဲ့ကြောင်း ပြောပြသည်။ 


သူမသည် အသက်၁၄ နှစ်အရွယ်တွင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ကဲရှူးဟန့်၏ သူရဲကောင်းဆန်သော အသွင်အပြင်ကို မြင်သောအခါတွင် သူမ သူ့ကိုချစ်မိသွားပြီး ယခုအချိန်အထိ သူ့နောက်သို့ လိုက်သွားခဲ့ကြောင်း၊ ထိုကာလတွင် သူသည် စစ်ချီတက်ခဲ့ပြီး ခက်ခဲကြမ်းတမ်းသော်လည်း သူမ လုံးဝ မညည်းညူခဲ့ပေ။


အဲဒီကာလမှာ ကဲရှူးဟန့်ရဲ့ ဘဝ​လည်း အတက်အကျ ရှိခဲ့ဖူးသည်။ အချိန်ရရင် သူ့ဇနီးသည်နောက် လိုက်တတ်သလို အပြင်မှာလည်း ရန်ဖြစ်သည်။ သူပြန်လာတာကို သူမ စောင့်ဆိုင်းနေခဲ့ပါ၏။ လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်က ဖန်းရှန့်ခရိုင်ရှိ စခန်းမှ စစ်ဘက်ဆိုင်ရာ လစာငွေကို မစောင့်နိုင်တော့ဘဲ သခင်မကြီးက လက်ဝတ်ရတနာများနှင့် ခန်းဝင်ပစ္စည်းကို ရောင်းချပြီး ချန်အန်းသို့ ခရီးသွားခဲ့သည်။


သူမနဲ့ ကဲရှူးဟန့်က သားနှစ်ယောက်နဲ့ သမီးတစ်ယောက် ထွန်းကားပြီး သားအကြီးဆုံးက လော့ယန်ကို သွား​လေပြီ။ သားငယ်ကို တောင်ဘက်စစ်စခန်းပို့ခဲ့ပြီး သမီးက ကျိကျိုးက လူနဲ့ လက်ထပ်ခဲ့သည်။ ကဲရှူးဟန့်က သူ့ဘ၀မှာ ကိုယ်လုပ်တော်နဲ့ လက်မထပ်ခဲ့ဖူးဘဲ သူ့ဇနီးကို သူ့မိသားစုမှာ ဖူးဖူးမှုတ်ထားလေ၏။ 


"အဲဒီအချိန်တုန်းက ထူချွဲ့တွေကို အနိုင်ယူတုန်းကလောက် အဆင်မပြေခဲ့ဘူး.... မြို့ကို သုံးလလောက် ဝိုင်းထားလိုက်လို့ မြို့ထဲမှာ စားစရာ မရှိတော့ဘူး ငါတို့စားဖို့ စစ်တပ်က ရိက္ခာတောင် သိမ်းခဲ့ရတယ် မစားရင် ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ?"


ဟုန်ကျွင့် သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး။ 


"ဒီတစ်ခါတော့ အဆင်ပြေသွားမှာပါ စိတ်မပူပါနဲ့"


အဘွားကြီး က “အင်း” လို့သာ ပြောလာသည်။ ဒီအချိန်မှာ မြို့ကို ပတ်လည်ဝိုင်းနေတဲ့ အလောင်းတစ္ဆေနဲ့ ဘီလူးတွေက ကဲရှူးဟန့် သူ့ဘဝတစ်လျှောက် ဒဏ်ရာ ဘယ်လောက်ရခဲ့လဲ နဲ့ သူတိုက်ခိုက်ခဲ့တဲ့ သွေးထွက်သံယို တိုက်ပွဲတွေ ဘယ်လောက်ရှိလဲ ပြောပြနေ၏။ 


ဟုန်ကျွင့် မူလကတော့ လီကျင်လုံကို အခက်တွေ့အောင် လုပ်နေတာကြောင့် ကဲရှူးဟန့်ကို အလွန်စိတ်ဆိုးခဲ့သည်။ သို့သော် ၎င်းကိုကြားသိရသော အခါတွင်တော့ သူ့စိတ်ထဲတွင် ထိုလူကို မလေးစားဘဲ မနေနိုင်​တော့ပေ။ ပိုလို့တောင် လေးစားမိတာကတော့ အကြင်လင်မယားအဖြစ် နှစ် ၄၀ ကျော် ချစ်ခြင်းမေတ္တာပါပဲ။ 


"သခင်မကြီးတို့ အတူရှိနေခဲ့တာ ဘယ်နှစ်နှစ်ရှိပြီလဲ" 


အဘွားကြီးက ခဏလောက်စဉ်းစားပြီး သူ့စိတ်တွေ တဖြေးဖြေး သက်သာရာ ရလာတဲ့အခါ ပြုံးပြီးပြောလာသည်။ 


"လေးဆယ့်နှစ်နှစ်ပေါ့"


ကဲရှူးဟန့် အသက် ၂၀ အရွယ်၊ သူမအသက် ၁၄ နှစ်တွင် လက်ထပ်ခဲ့ပြီး ယခုအခါ အဘွားအိုမှာ ငါးဆယ့်ခြောက်နှစ် ဖြစ်သည်။ ဟုန်ကျွင့်ခမျာ အနှစ်လေးဆယ်ကျော်က တစ်သက်လုံးနီးပါး ဖြစ်နေပြီဟု မတတ်နိုင်ဘဲ တွေးတောမိသွားသည်။ အသက်ကြီးလာတဲ့အထိ တစ်ယောက်ကိုတစ်ယောက် အားကိုးတကြီးနဲ့ လက်တွဲနိုင်တဲ့သူလို ဘဝမျိုး သူရော ရနိုင်မလားဆိုတာတော့ မသိပါဘူး။


"သခင်မကြီး သူ့ကို ချစ်လား" 


ဟုန်ကျွင့် ထပ်မမေးဘဲ မနေနိုင်ခဲ့။ 


"ငါက ငယ်ငယ်တုန်းကတည်းက သူ့ကိုတွေ့ဖူးတာလေ" အဘွားကြီးက ရယ်ပြီး ဟုန်ကျွင့်ကို ပြောပြသည်။  


"အဲဒီနှစ်မှာ ငါအသက်ဘယ်လောက် ရှိပြီထင်လဲ... မင်းနဲ့အတူတူပဲ ငါသူ့ကို အစ်ကိုလို့တောင် ခေါ်ခဲ့​သေးတယ်...နောက်မှ သိလိုက်တာက သူက ထူချွဲ့လူမျိုး... သူ့မျိုးရိုးအမည်က ကဲရှူးတဲ့....”


ဟုန်ကျွင့်လည်း အကြောင်းတစ်ခုခုကြောင့် ရယ်မောရင်း အဘွားကြီးရဲ့ အချစ်ဇာတ်လမ်းကို နားထောင်နေခဲ့သည်။ သူရော ဘယ်အချိန်မှ ဒီလိုအရာမျိုး ရနိုင်မှာလဲလို့ တွေးလိုက်မိသေး၏။ 


အဘွားကြီးက ခဏတာ ရေရွတ်ပြီးနောက် အိပ်ပျော်သွားသည်။ ဟုန်ကျွင့်လည်း သူ့လက်ကို ညင်သာစွာ ထုတ်ယူကာ အိမ်ဖော်ကိုလည်း သူမအား မနှိုးရန် အချက်ပြ၍ ဖြည်းညှင်းစွာ အခန်းထဲမှ ထွက်လာခဲ့လေသည်။ လီကျင်လုံက အပြင်ဘက်တွင် စောင့်ဆိုင်းနေသဖြင့် နှစ်ယောက်သား ထိပ်တိုက်ဆုံသွားခိုက် လန့်သွားကာ လီကျင်လုံလည်း အပြင်ဘက်ကနေ အဘွားအိုပြောသည်ကို ကြားလိုက်ရကြောင်း ဟုန်ကျွင့် နားလည်လိုက်သည်။ 


"မလွယ်ဘူးနော်..."


လီကျင်လုံက ခြံဝင်းထဲမှာ ကျဆင်းနေတဲ့ နှင်းတွေကို ကြည့်ရင်း ရေရွတ်လိုက်သည်။ 


ဟုန်ကျွင့်: "ဟုတ်တယ်.... ကောင်းလည်း ကောင်းတယ်လေ"


ဟုန်ကျွင့် ထိုဆက်ဆံရေးကို အလွန်သဘောကျ​နေခဲ့သည်။ ကြားပြီးနောက် အနည်းငယ် ထိတ်လန့်သွားသော်လည်း လီကျင်လုံက ရယ်မောကာ သူ့ကိုကြည့်လာရင်း သက်ပြင်းချလေ၏။ 


"ဖြည်းဖြည်းချင်း စဉ်းစားကြည့်ရအောင်... ဟိုဘက်မှာ တစ်ခုခုတော့ မှားနေပြီ အဲ့ကို အရင် သွားကြည့်သင့်တယ်...."


ဟုန်ကျွင့် အလွန်အံ့အားသင့်သွားသည်။ အဲဒီနောက် လီကျင်လုံနဲ့အတူ စင်္ကြံမှတဆင့် အမြန်နောက်မှ လိုက်ကာ မော့ရစ်ကန်း၏ အခန်းတံခါးထဲသို့ ဝင်သွားလိုက်သည်။ လုရွှီသည် မော့ရစ်ကန်း၏ ကုတင်ရှေ့တွင် လဲလျောင်းနေပြီး သူ့လက်ချောင်းလေးနဲ့ မော့ရစ်ကန်းရဲ့ လက်သန်းကို လှမ်းချိတ်ထား၏။ ဟုန်ကျွင့် မော့ရစ်ကန်း၏ အရောင်မကောင်းသော မျက်နှာကို မြင်သောအခါ အံ့သြ တုန်လှုပ်သွားရလေသည်။ 


မနေ့ညက အဲ့လောက် မပြင်းထန်ဘူးလေ။


လုရွှီ ဟုန်ကျွင့်ရောက်လာတာ မြင်သောအခါ အလျင်အမြန် ဖယ်ပေးရင်း မော့ရစ်ကန်းကိုသာ ညွှန်ပြနေ​လေသည်။ သူ့ခမျာ အကြာကြီး စိုးရိမ်နေသော်လည်း မည်သူကိုမျှ ရှာမတွေ့ခဲ့ပေ။ ဟုန်ကျွင့်လည်း မော့ရစ်ကန်းရဲ့ နဖူးကို စမ်းကြည့်လိုက်သည်။ 


"မော့ရစ်ကန်း?"


"အေးတယ်..." မော့ရစ်ကန်းက ပြန်ဖြေသည်။


မော့ရစ်ကန်း မနေ့ညက ထမင်းဟင်းကို အကုန်မစားခဲ့ပေ။ အနည်းငယ်မျှသာ လှုပ်ရှားနိုင်ခဲ့ပုံရ၏။ ထမင်းပန်းကန်ကို စားပွဲပေါ်တွင် တင်ထားကာ လုရွှီက ကျွေး​ပေးနေပုံရသည်။ မော့ရစ်ကန်းက ကိုယ်လုံးတီး ရှိနေဆဲ။ အောက်ပိုင်းကို စောင်ခြုံထားပြီး လက်နှင့်ပခုံးများအထိ ဖုံးအုပ်ထားသည်။ ပြင်ပဒဏ်ရာများ အားလုံးကတော့ သက်သာသွားပါပြီ။


"သူ့ကို နောက်ထပ် ဆေးတိုက်မလား" 


လီကျင်လုံ ဝင်မေးလိုက်သည်။ 


ဟုန်ကျွင့်: "ကျွန်တော် ဆေး၂လုံး တိုက်ပြီးပြီ... နောက်ထပ် တိုက်လို့ မ​ဖြစ်တော့ဘူး... အရမ်းသောက်ရင် ခန္ဓာကိုယ်ကို မီးလောင်သွားနိုင်တယ်"


မော့ရစ်ကန်းက အိပ်တစ်ဝက် နိုးတစ်ဝက်ဖြင့် မေ့မျောနေကာ အပြင်ကလည်း အေးစက်နေတာကြောင့် သူ့ခန္ဓာကိုယ်က ခိုက်ခိုက်တုန်နေပေသည်။ 


လီကျင်လုံ: "လေအေးကြောင့် ချမ်းနေတာနဲ့ မတူဘူး မြွေကိုက်ခံရတာနဲ့ တူ​နေတယ်... မဟုတ်မှလွဲ အလောင်း တစ္ဆေက ခြစ်မိထားတဲ့ ဒဏ်ရာကြောင့်များလား"


"ဒဏ်ရာက အနာမဖြစ်ထားဘူး... ဧကန္တ...."


ဟုန်ကျွင့် မျက်မှောင်ကြုတ်ပြီး မနေ့က လူတစ်ဦးထက်မက ဒဏ်ရာရသွားတာကို ရုတ်တရက် သတိရသွား၏။ 


"ခေါင်းဆောင်... ခင်ဗျားရော ခင်ဗျားဒဏ်ရာ ဘယ်လို​နေလဲ"


လီကျင်လုံက သူ့အဝတ်အစားများကို ချွတ်ကာ ဟုန်ကျွင့်ဆီသို့ နောက်ပြန် လှည့်ပြလိုက်သည်။ သူ့အမာရွတ်များကို မြင်နိုင်စေရန် သူ့အင်္ကျီကိုလည်း ဖွင့်ထားလိုက်သည်။ နောက်ကျော ကြွက်သားတွေမှာ ထင်ရှားတဲ့ ဓားဒဏ်ရာတွေနဲ့ လက်မောင်းမှာ မြှားဒဏ်ရာတွေလည်း ရှိ​နေခဲ့ပြီး အားလုံးက သက်သာသွားပါပြီ။


လီကျင်လုံ: "နောက်ထပ်တစ်ခု ရှိသေးတယ်... လာကြည့်ကြည့်..."


မော့ရစ်ကန်းက ချွတ်ရမခက်သော အဝတ်အစားတွေ ဝတ်ထားသည်။ လုရွှီခမျာ ဟုန်ကျွင့်ကို စိုးရိမ်တကြီးနဲ့ ကြည့်နေသလို ဟုန်ကျွင့်ခမျာမှာလည်း စိတ်ရှုပ်နေပြီး လှည့်ပြောလိုက်၏။ 


"ငါသူ့အတွက် ဆေးသွားကျိုပေးပါ့မယ်" 


လုရွှီက ခေါင်းမာမာနဲ့ ဆက်စောင့်နေသည်။ လီကျင်လုံက ဟုန်ကျွင့်အား အခန်းထဲက ထွက်စေကာ လန်ကျိုးမြို့ရဲ့ အဓိကလမ်းမကို လိုက်ပို့ပေးသည်။ မြို့အပြင်ဘက်ရှိ ဖုတ်ကောင်စစ်တပ်သည် ဝိုင်းရံထားခြင်း မရှိ​တော့သော်လည်း ကောလာဟလများက ပျံ့နှံ့နေပြီး လန်ကျိုးမှ လူများလည်း တစ်နေ့လုံး အထိတ်တလန့် ဖြစ်နေကြသည်။ ထူးဆန်းသော ကြောက်မက်ဖွယ်ရာ အငွေ့အသက်များက မြို့ကို လွှမ်းခြုံထားသည်။


ဟုန်ကျွင့် ဆေးဆိုင်ကို သွားချင်ပေမယ့် လီကျင်လုံက သူတို့ကို လမ်းကြားတစ်ခုထဲကို ခေါ်သွားလေသည်။ ထို့နောက် ချင်အိမ်တော် ဟူသော အိမ်တစ်အိမ်ထဲကို ဝင်သွား၏။ ချင်လျောင့်က ကုတင်ပေါ်တွင် လဲလျောင်းနေကာ သမီးဖြစ်သူ ချင်ရွှမ် နှင့် သူ့ဇနီးက သူ့ဘေးတွင် စောင့်ကြည့်နေပါသည်။


ဟုန်ကျွင့် :"!!!"


"လာကြည့်ပေးပါဦး" 


ချင်ရွှမ်က စိုးရိမ်တကြီးနဲ့ ပြောလိုက်သည်။ သူမသည် စစ်သူကြီး ကဲရှူးဟန့်၏ အိမ်ရှေ့သို့ စာတစ်စောင်ပို့ခဲ့ကာ နောက်ဆုံးတွင်တော့ လီကျင်လုံ ရောက်လာခဲ့​ပြီ။


"အတူတူပဲ" ဟုန်ကျွင့် ညည်းညူလိုက်သည်။


"ဘာကိုလဲ" 


ဟုန်ကျွင့် မနေ့ညက ချင်လျောင့်ရဲ့ဒဏ်ရာကို ကြည့်လိုက်ချိန်တုန်းက သူသည် ဒဏ်ရာပေါ် ရွှေရောင်ဆေးကို သုံးခဲ့သည်။ အခြေခံအားဖြင့်တော့ ​ပြန်ကောင်း​နေရမှာ ဖြစ်ပေမယ့် သူ့မျက်နှာက မော့ရစ်ကန်းရဲ့ အခြေအနေနဲ့ အတူတူပဲ ဖြစ်နေသည်။ 


ချင်ရွှမ်နဲ့ သခင်မချင်က တစ်ယောက်ကို တစ်ယောက် စိတ်ပူစွာကြည့်ရင်း မေးလာတော့ ဟုန်ကျွင့်လည်း စကားနည်းနည်းပဲ နှစ်သိမ့်ပြီး ချင်အိမ်က ထွက်ကာ တိုင်းရင်းဆေးဆိုင်သို့ သွားလိုက်သည်။ လန်ကျိုးမြို့သည် ပိုးလမ်းမ ဖြတ်သန်းရမည့် နေရာဖြစ်လို့ ဆေးဖက်ဝင်ပစ္စည်းများ ပေါကြွယ်ဝသည်။ အနောက်တိုင်း ဒေသများမှ ထွက်ရှိသော ပန်းမျိုးစေ့များနှင့် နှင်းကြာပန်းများကဲ့သို့သော ဈေးကြီးသော ဆေးများလည်း ရှိသည်။ 


ဟုန်ကျွင့်မှာ အခုအချိန်မှာ ဘာဆေးတွေ ပြင်ဆင်ရမှန်း မသိတော့ပေ။ 


ဤအချိန်တွင် သူသည် ယခင်က သင်ယူမှု နည်းပါးလွန်းခဲ့ကာ ချုံမင်ဆီက ဆေးပညာကို ဘာလို့များ ပိုမသင်ခဲ့မိတာလဲ ဟူ၍ ကိုယ့်ကိုကိုယ် အပြစ်တင်နေခဲ့သည်။ မော့ရစ်ကန်းမှာ တစ်ခုခု အဆင်မပြေ ဖြစ်လာရင် ဘာလုပ်ရမလဲ။ ဟုန်ကျွင့် ဆုံးရှုံးမှုကို ကြည့်ပြီး မော့ရစ်ကန်းရဲ့ မိသားစုကို အကြောင်းကြားဖို့ ရှစ်ဝေကို ဘယ်လိုသွားရမလဲလို့ပါ စဉ်းစားနေရချေ၏။ ဒီအချိန်မှာ လီကျင်လုံက သူ့နောက်ကျောကို ပွတ်သပ်ပေးလာသည်။ 


"မကြောက်ပါနဲ့... မင်း မှော်အစွမ်းနဲ့ အကောင်းဆုံး ကြိုးစားပြီး ကုသပေး... သာမန်လူသားတွေရဲ့ ကိစ္စတိုင်းကိုတော့ ကိုယ့်လက်ထဲ အပ်ထားလိုက်"


ဟုန်ကျွင့် ခေါင်းညိတ်လိုက်သည်။ အအေးဒဏ်ကို ထိန်းကာ သွေးလည်ပတ်မှု အားကောင်းစေသော ဆေးထုပ်ကို ကိုင်လျက် ဆေးခန်းမထဲမှ ထွက်လာသည်။ သူက လီကျင်လုံကို ခေတ္တစောင့်ဆိုင်း​ပေးရန် အချက်ပြကာ လမ်းအပြင်ဘက်က စားသောက်ဆိုင်တွင် ထိုင်ကာ တစ်ခုခုစားဖို့ လုပ်လိုက်သည်။


ဤစားသောက်ဆိုင်ကို "ငါးသိုးဆိုင်လေး" ဟုခေါ်ပြီး အေး​မြသော ရာသီဥတုတွင် ဆိုင်ပိုင်ရှင်သည် ဆေးဖက်ဝင်အပင်များနှင့် ငါးအရိုးများဖြင့် စွပ်ထားသော ဖက်ထုပ်များကို ပြုတ်နေ၏။ မုန်လာဥနီ အဖြူ အပိုင်းအစများ နှင့် မုန့်စိမ်းများလည်း ပါသလို အရသာက ချိုမြသည်။ သိုးသားက နူးညံ့ပြီး မွှေးကြိုင်နေကာ ဆေးဖက်ဝင်သော ဟင်းချိုသည်လည်း ဤ​နေရာက ရိုးရိုးရှင်းရှင်း အရသာ​လေးတစ်ခု ဖြစ်​နေသည်။


သို့သော် ဟုန်ကျွင့် မစားနိုင်ဘဲ နှစ်ချက်​လောက် ကိုက်ပြီးနောက် ခဏနားနေ၏။ ထိုစဥ် လုရွှီက ရုတ်တရက်ကြီး ငိုချလိုက်ကာ သူ့မျက်ရည်များကိုပင် မသုတ်နိုင်တော့ပေ။


လုရွှီငိုသည်နှင့် ဟုန်ကျွင့်ဆီက အခေါ်ခံလိုက်ရသည်။ သူ ငယ်စဉ်ကဆို ချုံမင်က သူငိုလေလေ အရိုက်ခံရလေလေမို့ ကြိမ်းမောင်းနေသည့်ကြားက ကြံ့ကြံ့ခံကာ ငိုခဲ့ဖူးသည်။ လုရွှီနဲ့ သူဟာ အခုတော့ မော့ရစ်ကန်းအတွက် ဘယ်ကို လှည့်အကူအညီတောင်းရမှန်း မသိတာကြောင့် ချက်ချင်းဆိုသလိုပဲ ထိတ်လန့်သွားခဲ့သည်။ ဟုန်ကျွင့် လုရွှီကို နှစ်သိမ့်ပေးဖို့ လက်ဆွဲခဲ့ပေမယ့် သူလည်း မထိန်းနိုင်ဘဲ ငိုချပစ်၏။ 


လီကျင်လုံ: "..."


လီကျင်လုံ: "ကိုယ်ပြောမယ်... မော့ရစ်ကန်းက ပြန်ကောင်းလာမှာပါ... မင်းတို့ယုံလား? ဟုန်ကျွင့် ကိုယ်မင်းကို ကတိပေးခဲ့တဲ့ ကိစ္စတွေမှာ မလုပ်နိုင်ခဲ့တာမျိုး ရှိလား?" 


ဒါကိုပြောပြီးချိန်မှာတော့ ဟုန်ကျွင့်လည်း လီကျင်လုံဟာ သူပေးထားတဲ့ ကတိကို ဘယ်တော့မှ မချိုးဖောက်ခဲ့ဘူးလို့ တွေ့ရင်း ယုံကြည်မှု ပြန်ရလာခဲ့သည်။


"ကျွန်တော် ယုံတယ်... ဒါပေမယ့် သူမယုံဘူး"


လီကျင်လုံနဲ့ ဟုန်ကျွင့်တို့ဟာ လုရွှီရဲ့ ခေါင်းကို ကိုင်ပြီး လုရွှီတစ်ယောက် စိတ်တည်ငြိမ်သွားအောင် အစာကို စား​နေဖို့ ဝိုင်းပြောခဲ့ရသည်။ 


"အရသာရှိလား" လီကျင်လုံက မေးသည်။ 


ဟုန်ကျွင့်မှာ အရသာရှိသော အစားအစာကို စားပြီးနောက် စိတ်အခြေအနေက အနည်းငယ် ပိုကောင်းလာသည်။ ယခုအချိန်တွင် သူ မော့ရစ်ကန်းကို စိတ်ပူနေသော်လည်း လီကျင်လုံအပေါ် မယုံသလို ဖြစ်သွားပြီး တစ်ဖက်လူအား ဒေါသထွက်မည်ကို စိုးရိမ်​သောကြောင့် ထုတ်မပြဝံ့ပေ။


"ဟိုအရင်က ကိစ္စတွေကနေစပြီး ဒီအမှုကို စုံစမ်းရမယ်ထင်ပါရဲ့" 


နေ့လည်စာစားပြီးနောက် လီကျင်လုံသည် စားသောက်ဆိုင်၏ ဒုတိယထပ်ကို မှီကာ သွားလာနေကြသော လမ်းမပေါ်က ပြည်သူများအား လှမ်းကြည့်ကာ ရေရွတ်နေ၏။ 


"စိုးရိမ်မှုက ရုန်းရင်းဆန်ခတ် ဖြစ်စေတယ်... အေးအေးဆေးဆေး နေရမယ် လျှို့ဝှက်ဆန်းကြယ်တဲ့ ကိစ္စတွေကို တစ်ချက် ကြည့်ရမယ်"


ဟုန်ကျွင့်က နားလည်ကြောင်း ခေါင်းညိတ်ပြတော့ လီကျင်လုံက ဆက်ပြောသည်။ 


"မြန်မြန်စား.... စားလို့မပြီးရင် မင်းတို့ဒီကိစ္စကို စုံစမ်းဖို့ ဘယ်လိုလုပ် ခွန်အားရှိမှာလဲ"


လုရွီလည်း နားလည်သွားပြီမလို့ ဟုန်ကျွင့်နဲ့အတူ ပန်းကန်လုံးထဲမှ ဖက်ထုပ်တွေကို အပြီးဖြတ်လိုက်သည်။ လမ်းမပေါ် လမ်းလျှောက်ထွက်ပြီးနောက် လီကျင်လုံက လှည့်ပြောလာ၏။ 


"ဆေးပြင်ဖို့ အလျင်စလို မလုပ်သေးနဲ့... ဈေးကို အရင်ပတ်ကြည့်ရအောင်"


ဟုန်ကျွင့်လည်း လီကျင်လုံနောက်သို့ လိုက်သွားလေသည်။ ထို့နောက် လီကျင်လုံသည် ကလေးများအတွက် သိုးသားရေ စီးနှင်းဖိနပ်တစ်ရံကို ဈေးဝယ်​နေတာကို တွေ့လိုက်ရသည်။


ဟုန်ကျွင့် "ကျွန်​တော်တို့ ဘာလုပ်မှာလဲ"


"မင်းနောက်မှသိလိမ့်မယ်"


ထို့နောက် လီကျင်လုံသည် နောက်ထပ် ကတ္တီပါထူထပ်သော သိုးသားရေအိတ်ကို ဝယ်သည်။ ဆိုင်ရှင်ဆီပ ကတ်ကြေးချေးငှားကာ သိုးသားရေအိတ်အတွင်း အပေါက်အချို့ကို ဖြတ်ကာ အိတ်ကို ကြိုးတစ်ချောင်းဖြင့် ချည်၍ မျက်မှောင်ကြုတ်ကာ ကြည့်နေပြန်၏။ 


“ဖိနပ်တစ်ခုတည်းနဲ့ ဘာမှ လုပ်လို့မရဘူး...ကိုယ့်ကိုကူပြီး အင်္ကျီအသေးနှစ်​​ထည် သွားရှာ​ပေးပါ..."


ဟုန်ကျွင့် : "..."


"ပိုထူတဲ့ကြိုးတွေ ဝယ်ရမယ်" လီကျင်လုံက အမိန့်ပေးသည်။ 


"ခိုင်ခံ့တဲ့ ကြိုးကို ဝယ်..."


ပစ္စည်းအားလုံး ဝယ်ပြီးနောက် သူတို့သုံးဦးသည် မြို့စောင့်တပ်သို့ ရောက်ရှိလာသည်။ ယခုအချိန်၌ စစ်သည် လေးဆယ်ထက်မနည်းသော အရေအတွက်ဖြင့် စစ်တန်းလျားများက ပြည့်သွားကြ​ပြီ။ ဟုန်ကျွင့် လီကျင်လုံအား မော့ကြည့်လိုက်သည်။ လီကျင်လုံကတော့ ဒီလိုဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားသလိုမျိုး လုံးဝ မအံ့သြသွားပါဘူး။


စစ်တပ်ထဲက သမားတော်တွေဟာ သူတို့ကို အချိန်အတော်ကြာ ကြည့်ရှုခဲ့ပေမယ့် ဒဏ်ရာရပြီး အဖျားရှိနေတယ်လို့ပဲ အားလုံးက ပြောကြသည်။ စစ်သည်တွေအားလုံး အအေးဒဏ်ကြောင့် တုန်နေကြတဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်က အေးစက်နေတာကြောင့်လို့ ဆိုပါ၏။


"သူတို့ကို ဒီဆေးကျွေးလိုက်ပါ..." 


ဟုန်ကျွင့် သမားတော်အား ဆေးညွှန်း ပေးလိုက်သည်။ သမားတော်ကလည်း ဟုန်ကျွင့်ရဲ့ ဆေးနည်းအနည်းငယ်ကို ညှိပေးပြီး တခြား လူတွေကို ဆေးပေးခိုင်းလိုက်သည်။ 


"လူဘယ်နှစ်ယောက် နေမကောင်း ဖြစ်​​နေတာလဲ?"


စစ်သူကြီး တစ်ဦးသည် စစ်တပ်၏စိတ်ဓာတ်ကို ထိခိုက်မည်ကို ကြောက်ရွံ့သောကြောင့် ရှင်းရှင်းလင်းလင်း ဖြေကြားရန် ဆန္ဒမရှိသော်လည်း လီကျင်လုံက သူ့လက်ကို ဖွင့်လိုက်ပြီး အတွင်းဘက်သို့ လက်ပြလိုက်သည်။ အမည်မသိ သတင်းရင်းမြစ်များ ရရှိလာပါက ဆွေးနွေးနိုင်သော စစ်သူကြီး၏ အိမ်ကြီးထဲကို ဝင်သွားခဲ့သည်။ 


စစ်သူကြီး: “၁၃၃၇၅ယောက်...အခုလည်း တစ်ယောက်ပြီး တစ်ယောက် ဖျားနေသေးတယ်” 


လီကျင်လုံ: "..."


မနေ့က ကဲရှူးဟန့်သည် မြင်းစီးသူရဲ ၂သောင်းကို မြို့ပြင် ခေါ်ဆောင်ခဲ့ပြီး မနေ့က ဒဏ်ရာရသွားတဲ့ စစ်သည်အားလုံး ဖျားနာသွားခဲ့ပါသည်။ လန်ကျိုးတွင် မြင်းတပ်အင်အား ၅၀,၀၀၀ နှင့် ခြေလျင်တပ်သား ၃၀,၀၀၀ ရှိသည်။ မြို့ထဲတွင် စုစုပေါင်းတပ်ဖွဲ့ဝင် ၈၀,၀၀၀ ရှိပြီး စစ်ပွဲကို တိုက်ဖျက်ရန် အင်အားရှိနေသေးသည်။


လီကျင်လုံ ဤတစ်ကြိမ်တွင်တော့ ဟုန်ကျွင့်ကို မပြောတော့ဘဲ မျှော်စင်သို့ လိုက်သွားခဲ့သည်။ လေအေးက တိုက်ခတ်နေဆဲပါပဲ။ စစ်မြေပြင်မှာ လူသေအလောင်းတစ္ဆေ တစ်သိန်းလောက်က မြို့ကို ဝိုင်းရံထားသလို၊ သူတို့ရဲ့ ရုပ်အလောင်းတွေက နှင်းဖြူတွေနဲ့ ဖုံးလွှမ်းနေပြီး နှင်းတွေနဲ့ တစ်သားတည်းလိုလို ဖြစ်နေ၏။


လီကျင်လုံ: "သူတို့ ဘာလုပ်နေတယ်လို့ ထင်လဲ" 


"တစ်ခုခုကို စောင့်နေသလိုပဲ" 


ဟုန်ကျွင့်က မျက်မှောင်ကြုတ်၍ ဘေးကနေ ပြန်ပြောသည်။


"ဘာကိုစောင့်နေတာလဲ" 


လီကျင်လုံ ခေါင်းကိုလှည့်ပြီး ဟုန်ကျွင့်ဘက်ကို ကြည့်လိုက်သည်။ 


ဟုန်ကျွင့် : "..."


ထိုစဥ် ဟုန်ကျွင့်တစ်ယောက် လီကျင်လုံ၏ တွေးခေါ်မှုကို ရုတ်တရက် သဘောပေါက်သွားသည်။ ဒါက စစ်ကူစောင့်နေတာလား။ သူတို့ခွန်အားနဲ့ဆို မလိုတော့ဘူးလေ။ သူတို့ဘာကို စောင့်နေတာလဲ။ မြို့ထဲက စစ်သားတွေ ဖျားနာပြီး သေသွားမှာကို စောင့်နေကြတာလား။


"မော့ရစ်ကန်း၊ ချင်လျောင့်နဲ့ စစ်သည် တစ်သောင်းကျော်က အဆိပ်မိနေတာလား ဒါမှမဟုတ် တိုက်ပွဲမှာ သေဆုံးသွားတဲ့ လူသေအလောင်းတွေဆီ ကူးစက်ခံရတဲ့ ရောဂါလား... ဒါက အရမ်းအရေးကြီးတယ်နော် ဟုန်ကျွင့်"


ဟုန်ကျွင့် ရုတ်တရက် တုံ့ဆိုင်းသွားသည်။ သူက မျက်မှောင်ကြုတ်ကာ အချိန်အတော်ကြာ တွေးတောနေတာကြောင့် လီကျင်လုံကပဲ ဆက်ပြောလိုက်သည်။


"ပင်ကိုယ်အသိ..."


"အဆိပ်" 


သူ ပြောလိုက်တော့ ဟုန်ကျွင့်လည်း မစဉ်းစားဘဲ ပြန်ဖြေလိုက်၏။ 


လီကျင်လုံ: "ဒါက အဆိပ်ဖြစ်ရင် အသက်ရှင်နေတဲ့ လူတွေကို လူသေတွေအဖြစ် ပြောင်းလဲစေပြီး စစ်ဘေးသင့်ဖုတ်ကောင်တွေအဖြစ် ပြောင်းလဲပေးနိုင်တဲ့ အဆိပ်တစ်ခုလို့ ကိုယ်ထင်တယ်... မင်းက ဒီမှာစောင့်နေပေး.. နည်းနည်းပါးပါးဖမ်းပြီး ပြန်စမ်းကြည့်ရမယ်"


"ဟင့်အင်း ဟင့်အင်း လုံးဝ မသွားနဲ့!"


လီကျင်လုံ: "ဒီအဆိပ်က ကိုယ့်ကို မထိခိုက်​စေပါဘူး..."


"ဒါပေမဲ့ ခင်ဗျားကို နင်းမိလိမ့်မယ်! အဲ့မှာက စစ်သည်တစ်သိန်းလောက် ရှိတယ်!"


"ကိုယ့်မှာ ဂရုစိုက်ဖို့ တာဝန်ရှိတဲ့ မင်းရှိသေးတယ်"


"မရဘူး ကျွန်တော်ခင်ဗျားနဲ့ လိုက်ခဲ့မယ်"


လီကျင်လုံက ဟုန်ကျွင့်ရဲ့ လက်မောင်းနှစ်ဖက်ကို ဆွဲကိုင်လိုက်ပြီး ဖြည်းဖြည်းချင်း ဆို၏။ 


"မင်း​တစ်ခုခု ဖြစ်သွားလို့ မဖြစ်ဘူး!"


ထိုအခါ ဟုန်ကျွင့်က သူ့လက်အိတ်ကိုဖွင့်ပြီး လက်ဖမိုးတွေကို ကြည့်ခိုင်းလိုက်သည်။ တစ်ဆက်တည်း လီကျင်လုံမှာ အံ့အားသင့်သွားရလေ၏။ မနေ့ကတည်းက ဟုန်ကျွင့်ရဲ့ လက်ဖမိုးမှာ အမာရွတ် ရှိနေပြီးသားပင်။


လီကျင်လုံက မျက်မှောင်ကြုတ်ပြီး "အမာရွတ်တွေ အများကြီး မရှိ​သေးလို့ ဖြစ်နိုင်တယ်" 


ဟုန်ကျွင့်လည်း လီကျင်လုံကို ကြည့်ပြီး တိုးတိုးလေး ကပ်ပြောလိုက်သည်။ 


"ဒီရောဂါက လူသားတွေအတွက်ပဲ ထိရောက်တာ... ကျွန်တော်က မိစ္ဆာမို့လို့ မတူဘူး"


"မော့ရစ်ကန်းရော..." ထိုအခိုက် လီကျင်လုံလည်း လုရွှီ သူတို့ဘေးမှာ ရှိနေတာကို သဘောပေါက်ပြီး မျက်လုံးနဲ့ အချက်ပြလေရာ ဟုန်ကျွင့်က ဆက်ပြောပြ၏။ 


"သူက မဟုတ်ဘူး... သူက သေမျိုးရဲ့ ခန္ဓာကိုယ်ပဲ"


လီကျင်လုံလည်း ထိုခေါင်းမာသူလေးကြောင့် နောက်ဆုံးတော့ လက်လျှော့လိုက်ရသည်။ 


"ဒါဆို မင်းလုံးဝ သတိထား​ပြီး ..."


ဟုန်ကျွင့် တစ်ဖက်လူအား သူ့မျက်လုံးတွေနဲ့ တောက်ပစွာ ပြုံးပြလိုက်သည်။ လီကျင်လုံလည်း အမေကြီးလို ရပ်ကြည့်နေတာကို ရပ်လိုက်ရသည်။ 


"သွားရအောင်..."


လီကျင်လုံနဲ့ ဟုန်ကျွင့်က မြင်းပေါ် တက်နေကြလေရာ လုရွှီခမျာ ဘာဖြစ်နေမှန်း မသိတာကြောင့် ကြောင်အသွား၏။ 


"ငါ! ငါ!"


ဟုန်ကျွင့်: "မြန်မြန် ပြန်သွားတော့!" 


လုရွှီ ခပ်မြန်မြန်လေး ဟုန်ကျွင့်ရဲ့ အဝတ်စကို ဆွဲထားလိုက်သည်။ သူက သူ့လည်ပင်းက အဝတ်ကိုလည်း ဆွဲချပြသေး၏။ ဟုန်ကျွင့်နဲ့ လီကျင်လုံတို့ ထိုအခါမှ လုရွှီ၏ ညှပ်ရိုးပေါ်တွင် အမာရွတ်တစ်ခု ရှိနေတာကို မြင်လိုက်ရသလို ၎င်းက အချိန်အတော်ကြာခဲ့ပြီ ဖြစ်ကာ ပျောက်ကင်းသွားတာလည်း ကြာပြီဆိုတာ သိသာလှသည်။


"မင်းလည်း အဆင်​​ပြေတယ်လား?" 


ဟုန်ကျွင့် လုရွှီအား အံ့သြစွာ ပြူးကြည့်​လိုက်သည်​။


.......


မြို့တံခါးနား ရောက်ခါနီး၌ လုရွှီက ​ဂေါ်ပြားတစ်လတ်ကို ကောက်ကိုင်လိုက်လေပြီ။ ၎င်းကို သူ့နောက်ကျောဘက်မှာ နေရာ ချထားလိုက်ပြီး အဆင်သင့် ရိုက်ပစ်ဖို့ ပြင်ထား၏။ 


လီကျင်လုံ: "အနောက်ကတစ်ယောက်ကို ဖမ်းလိုက်!"


စစ်သည်များက ဝိုင်းအုံလာသောအခါ လုရွှီလည်း ဒေါသထွက်ကာ စစ်သားများ၏ ခန္ဓာကိုယ်ကြားရှိ အကွာအဝေးကို ဖြတ်ကျော်ကာ ပြေးထွက်သွားတော့သည်။ ဟုန်ကျွင့် မျက်လုံးများ မှုန်ဝါးသွားသလို ခံစားလိုက်ရချိန် လုရွှီက အရိပ်တောင် မတွေ့ရတော့ချေ။ 


"ဒီလောက်မြန်လား" 


ဟုန်ကျွင့် အနေနဲ့ လုရွှီရဲ့ လုပ်ရပ်ကို ပထမဆုံးအကြိမ် သတိပြုမိလိုက်တာပဲ ဖြစ်သည်။ ချက်ချင်းပင် လုရွှီက မြင်းနှစ်ကောင်ရှေ့တွင် ပြေးရပ်လိုက်ပြီး။ 


"ငါ့ကို!"


လီကျင်လုံ ဒေါသတကြီးနဲ့ "မရဘူး!"


ဟုန်ကျွင့်: "ကျွန်တော် သူ့ကို ကာကွယ် ပေးထားပါ့မယ်"


လီကျင်လုံလည်း ထိုကောင်လေးရဲ့ မော့ရစ်ကန်းအား ကယ်တင်လိုသော ဆန္ဒကို နားလည်​ပေးနိုင်သည်။ ဟုန်ကျွင့်စကားကိုကြားတော့ သူ့ခမျာ ကူကယ်ရာမဲ့သွားလေ၏။


"မင်းက ငါ့ရဲ့သူဌေးပဲ... မင်းသဘောပဲ သွားရအောင် သွားရအောင်!"


ဒီလိုနဲ့ ဟုန်ကျွင့်လည်း ပြင်ဆင်ထားတဲ့ ကြိုးအထူကြီးကို ကူထမ်းပြီး သုံးယောက်သား ရှေ့ကို ပြေးသွားကြသည်။ ထို့နောက် မြို့ပြင်က လွင်ပြင်မှာ စခန်းချထားတဲ့ အလောင်းတစ္ဆေများထံ အဆက်မပြတ် ချဉ်းကပ်လာခဲ့သည်။ အဲဒီအချိန်မှာ လီကျင်လုံက တိုးတိုးလေး ပြောလာသည်။ 


"ကိုယ် တစ်ယောက်ကို မျှားလိုက်မယ်... အခွင့်အရေး ရပြီဆိုတာနဲ့ မင်းက နတ်အလင်းငါးရောင်နဲ့ ထောင်ချောက်ဆင်လိုက်"


ဟုန်ကျွင့်က "ခေါင်းဆောင် ခင်ဗျား 'တစ်ယောက်' တည်း ကို ဆွဲဆောင်နိုင်တာ သေချာလား"


သူတို့သုံးယောက်သည် မြင်းပေါ်မှရပ်ကာ ဆယ်ပေနီးပါး အကွာမှနေ၍ မလှုပ်မယှက်နိုင်သော စစ်တပ်ကို ကြည့်​နေကြသည်။  


"ကိုယ်မြှားကို အရင်ပစ်ပြီး စမ်းကြည့်ရမလား"


လီကျင်လုံက ၎င်းတို့အနက်မှ တစ်​ကောင်ကို မျှားခေါ်ဖို့ ရည်မှန်းထားသည်။ ဟုန်ကျွင့်ကတော့ မြင်းစီးတိုက်ခိုက်ခြင်းကို လုံးဝ မလေ့ကျင့်ခဲ့ဘဲ မြေပြင်တွင် တိုက်ခိုက်ရတာကသာ လွယ်ကူသည်ဟုသာ ခံစားရသည်။


လီကျင်လုံသည် လေးနှင့်မြှားကို ချိန်ရွယ်ပြီး မပစ်ဘဲ ပြန်ချထားလိုက်သည်။ ချိန်လိုက် ချလိုက်ဖြင့် ကြိမ်ဖန်များစွာ ဆက်တိုက် လုပ်ပြီးနောက် နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချကာ မြှားတစ်စင်း ပစ်လွှတ်လိုက်သည်။ ထိုအချိန်တွင် ဟုန်ကျွင့်၏ လည်ချောင်းထဲက နှလုံးခုန်သံကလည်း ရပ်တန့်သွားသည်။


အဝေးမှ "ဒန်း" အသံတစ်သံ ထွက်ပေါ်လာပြီး သေဆုံးသွားခဲ့သော စစ်သား၏ ဦးခေါင်းနှင့်ခမောက်ကို ပစ်ခတ်ခဲ့သည်။ သို့သော် စစ်သည်က မလှုပ်မယှက်ပင်။


ဟုန်ကျွင့် : "..."


"နောက်ထပ် တစ်ချက်ပစ်ကြည့်မယ်" 


လီကျင်လုဲ နောက်ထပ် မြှားတစ်စင်းကို ပစ်လိုက်တဲ့အခါ နောက်ခေါင်းကို ပစ်ခဲ့သော်လည်း လှုပ်ရှားမှု မရှိသေးပေ။ 


ဟုန်ကျွင့် : "???"


ဟုန်ကျွင့် ထိုအခါ၌ အလောင်းစစ်သည်များက အတန်းတစ်ခုလုံးကို သပ်သပ်ရပ်ရပ် စီထားသည်ကို အမှတ်တမဲ့ သတိရသွားပြီး ထိုအတိုင်း ဓားကို အလျားလိုက်လှီးဖြတ်ရန် သူ့ကိုယ်ပိုင် ပျံသန်းသော ဓားကို အသုံးပြုကြည့်ဖို့ စဥ်းစားလိုက်သည်။ 


လီကျင်လုံလည်း ဟုန်ကျွင့် လက်ထဲက မော့ဓားရှည် ပေါ်လာသည်ကို မြင်တဲ့အခါ ချက်ချင်း လှည့်ပြောလိုက်၏။ 


"မဖြစ်လောက်ဘူး!"


"သူတို့အားလုံး အမိန့်မရဘဲ တန်းစီစောင့်နေရင် ဘာဖြစ်မလဲ... နောက်ထပ် အကြိမ်အနည်းငယ် အရိုက်ခံရရင် သူတို့အားလုံး သေကုန်လိမ့်မယ်... ဒါကြီးက စစ်တပ်ရဲ့ အမိန့်ကို စောင့်နေတဲ့ တောင်​ကြီးနဲ့တူတယ် မဟုတ်ဘူးလား"


လီကျင်လုံမှာ တခဏမျှ တုံ့ဆိုင်းသွားသော်လည်း ဟုန်ကျွင့်ကို မတားတော့ဘဲ အလောင်းစစ်သည် တစ်ကောင်အား လက်ညှိုးထိုးပြလိုက်သည်။ 


"သူ့ကို ဓားနဲ့ခုတ်" 


ဓားပျံကို ပေါင်းစပ်လိုက်ပြီးနောက် မော့ဓားရှည်က ရုတ်တရက် တောက်ပလာပြီး ပွင့်လင်းလုနီးပါး ဖြစ်လာ၏။


လီကျင်လုံ : "မင်း ဓားဘယ်နှစ်ချောင်း သုံးလို့ရလဲ"


"ဓားလေးချောင်းအထိ" 


မှော်လက်နက်မှာ ပြဿနာမရှိပေမယ့် ဟုန်ကျွင့်ရဲ့ မှော်စွမ်းအားနဲ့ ကျင့်​ကြံမှုအဆင့်က ဒီဓားဟာ အလွန်အစွမ်းထက်ပြီး ကောင်းကင်နဲ့ မြေကြီးကို ဖျက်ဆီးလုနီးပါး၊ တောင်တွေကိုတောင် ဖြတ်တောက်ပစ်နိုင်လုနီးပါး ရှိကြောင်း ခံစားရစေသည်။ 


"အရှေ့တောင်ဘက်နဲ့ အနောက်မြောက်ဘက်မှာ ဓားတစ်ချောင်းစီထား..." လီကျင်လုံက စိတ်ပြောင်းသွားပြီး။ 


"လုပ်လိုက်တော့!"


ဟုန်ကျွင့်လည်း ကျယ်လောင်စွာ အော်လိုက်ပြီး သူ့လက်ကောက်ဝတ်ကို လှန်လိုက်ကာ ဓားဖျားကို မြှင်တင်ထားလိုက်သည်။ အဲဒီနောက် သူ့လက်ကို ဖြန့်ကာ အရှေ့သို့ အလျားလိုက် ခုတ်ချလိုက်သည်။


ချက်ချင်းဆိုသလိုပဲ ဓားစွမ်းအင်တွေ ပေါက်ကွဲထွက်လာတာကို တွေ့လိုက်ရကာ လီကျင်လုံလည်း ဟုန်ကျွင့် ဓားကို ထုတ်ပစ်လိုက်တာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ "ဝှစ်" ဟူသော အသံကြောင့် တပ်စုတစ်စု လိုက်ပါလာကာ လူပေါင်း နှစ်ထောင်နီးပါးခန့် ပြိုကျသွား၏။


သို့သော်လည်း နောက်အခိုက်အတန့်တွင် မြို့အပြင်ဘက်ရှိ စစ်သည်အလောင်းများ အားလုံး လှုပ်ရှားလာကြ​တော့သည်။ အလောင်းစစ်သည် တစ်သိန်းက အလယ် ဗဟိုသို့ တဖြည်းဖြည်း စုဝေးလာခဲ့သည်။ 


လီကျင်လုံ: "မြန်မြန် ပြန်ဆုတ်တော့!"


ဟုန်ကျွင့်: "ကျွန်တော် ပြင်ပေး.."


"အဲဒါကို ဆက်မလုပ်နဲ့တော့! မြန်မြန်သွား... လုရွှီကို ကာကွယ်ထား!"


တခဏချင်းမှာပဲ အလောင်း စစ်တပ်က သူတို့ကို ဒီရေလို ဝိုင်းရံထားသလို ဟုန်ကျွင့်လည်း ထိုအခါမှ လုရွှီလည်း သူနဲ့အတူ ရှိနေကြောင်း သိလိုက်ရပြီး ချက်ချင်း လှည့်ထွက်ပြေးသွားခဲ့သည်။ လီကျင်လုံလည်း ဓားကို လျင်မြန်စွာ ဆုပ်ကိုင်ထားကာ နှလုံးမီးအိမ်ကို စတင် လည်ပတ်စေလိုက်သည်။ 


နှလုံးမီးအိမ်၏ အလင်းရောင်သည် မသေနိုင်သော ဓားစွမ်းအင်အဖြစ် ထွက်ပေါ်လာလေသည်။ လီကျင်လုံရဲ့ ဓားဖြင့် ခုတ်ထစ်ခြင်းက မြှားပစ်တာထက် ပိုပြင်းထန်တာကြောင့် ရုတ်​တရက်​ ဓားစွမ်းအင်ကြောင့် အလောင်းစစ်သည် တော်တော်များများ လဲကျသွားသည်​။


လုရွှီ: "ဖမ်း! ဖမ်း!"


လုရွှီသည် ဟုန်ကျွင့် နောက်ကျောမှ ကြိုးကွင်းကို ဖြုတ်ကာ မြင်းပေါ်မှ ခုန်ချသွားလေသည်။ ဟုန်ကျွင့်မှာ အလွန်ထိတ်လန့်သွားပြီး။ 


"လုရွှီ! လျှောက်မပြေးနဲ့!"


ထိုအချိန်တွင် လုရွှီသည် သူ့ဘယ်လက်တွင် ကြိုးတစ်ချောင်းနှင့် ညာဘက်လက်တွင် ဂေါ်ပြားတစ်ဘတ်ကို ကိုင်ဆောင်ထားပြီး နှင်းထဲတွင် ပျံသန်းနေသော သိမ်းငှက်တစ်ကောင်ကဲ့သို့ပင် လျင်မြန်စွာ ပြေးထွက်သွားတာ တွေ့လိုက်ရသည်။ လီကျင်လုံလည်း သိပ်စဉ်းစားမနေတော့ဘဲ ဟစ်အော်လိုက်တော့၏။ 


"တစ်ပါတည်း ဖမ်းခဲ့!"


လုရွှီ: "အသက်ရှင်နေတဲ့ကောင် တစ်ဝက်!"


ဟုန်ကျွင့်: "???"


"တစ်ဝက်ဆို မရသေးဘူး! တစ်ကောင်! တစ်ကောင်!"


ထို့ကြောင့် လုရွှီသည် စစ်မြေပြင်ပေါ်သို့ ထပ်ပြေးသွားပြန်သည်။ လီကျင်လုံနှင့် ဟုန်ကျွင့်တို့သည် မြင်းကျောပေါ် ခုန်တက်ကာ ထွက်ပြေးကြသည်။ အလောင်းစစ်သည် 10,000 နီးပါးက မြို့ပြင်တွင် မြေကြီးကွဲအက်သွားတော့မတတ် ခပ်ကြမ်းကြမ်း လိုက်လာကြလေ၏။ ပြေးလွှားမှုကို စတင်လိုက်သည်နှင့် မြို့တံခါးထိပ်က ဆူညံသွားကာ လူတိုင်း စောင့်ကြည့်နေကြတာ တွေ့လိုက်ရသည်။ ဒါ့အပြင် ဒီမြင်ကွင်းကြောင့် အားလုံးက သူတို့သုံးယောက်လုံးကို အားပေးနေကြ၏။ 


"ဟုန်ကျွင့်.... နတ်အလင်းတန်း!" 


လီကျင်လုံ လှည့်ပြီး သူ့မြင်းပေါ် ပြေးတက်ရင်း အော်လိုက်သည်။ ဟုန်ကျွင့်လည်း မြင်းစီးနေလျက်မှ ခန္ဓာကိုယ်ကို နောက်ပြန် လှည့်ရင်း ကျယ်လောင်သော အသံနှင့်အတူ နတ်အလင်းငါးရောင်ကို ထုတ်လွှတ်လိုက်ပေ၏။ ထိုအခါမှ ရှေ့ဆုံးမှ လိုက်ဖမ်းသူအဖွဲ့သည် ကောင်းကင်သို့ လွင့်စင်သွားတဲ့အထိ ပေါက်ကွဲသွားသည်။


"တစ်ကောင် ဖမ်း!" 


ပြေးနေစဉ်အတွင်း လုရွှီက နံဘေးကို လှည့်ကြည့်ကာ အလောင်းစစ်သည်များဆီသို့ ကြိုးကွင်းကို ပစ်ချလိုက်သည်။ ထိုအခါ လူသေအလောင်း တစ်လောင်းရဲ့ လက်နှင့်ခြေဖဝါးတို့က အကြမ်းပတမ်း ဆောင့်ဆွဲခံလိုက်ရတာကြောင့် ဝှေ့ယမ်းမိသလို ဖြစ်သွားရာ နှင်းထဲတွင် ဆွဲငင် ဆောင့်ချခံလိုက်ရ​တော့သည်။


ဟုန်ကျွင့်: "နောက်တစ်ကောင်!" 


လီကျင်လုံ: "မလိုဘူး... မလိုတော့ဘူး!"


ဟုန်ကျွင့် နတ်အလင်းငါးရောင်ကို နောက်တကြိမ် လှုပ်ရှားလိုက်တဲ့အခါ လုရွှီကလည်း ကြိုးကို ပစ်လိုက်ကာ သူတို့သုံးယောက် တတိယတစ်ကောင်ကို ဖမ်းလိုက်ကြသည်။ ဟုန်ကျွင့်က နှင်းထဲတွင် သေနေသော သရဲတစ္ဆေ ၃ ကောင်ကို ကြိုးအထူသုံးချောင်းဖြင့် လှမ်းဆွဲယူလိုက်သည်။


လီကျင်လုံ: "မင်းတို့ ဖမ်းမယ့်ကိစ္စကို အဲ့လောက်တောင် စွဲနေကြတာလား လုံလောက်ပြီ! သွားစို့!"


ဟုန်ကျွင့်: "လုရွှီ.... မြန်မြန်တက်လာခဲ့တော့!"


လုရွှီလည်း ခြေလှမ်းအနည်းငယ် ခုန်၍ ဟုန်ကျွင့်ဆွဲထားတဲ့ ကြိုးပေါ် လျှောက်ကာ ဟုန်ကျွင့်ကျောဘက်မှာ နေရာယူလိုက်သည်။ နှစ်ယောက်သား တင်းတင်းကြပ်ကြပ် ထိုင်လိုက်​ကြရ၏။ သူတို့သုံးယောက်သည် စွတ်ဖားလှည်းတစ်ခုလို ခပ်ဝေးဝေးအထိ ပြေးဆွဲသွားကာ ရေခဲမြစ်ကို ဖြတ်ကျော်ကြသည်။


လီကျင်လုံလည်း နောက်ပြန် လှည့်မကြည့်နိုင်တော့ပေ။ လှည့်ကြည့်လိုက်တာနဲ့ သောင်းနှင့်ချီသော လူများကို မြင်ရမှာ သေချာလေသည်။ ဟုန်ကျွင့်မှာ အလောင်းစစ်သည် သုံးကောင်ကို ချက်ချင်း ဆွဲထုတ်လိုက်၏။ အလေးချိန်က များတာကြောင့် သူတို့အရှိန်က တဖြည်းဖြည်း နှေးကွေးလာခဲ့သည်။ 


"ဒီအတိုင်းကြီးပဲ ဆက်လိုက်နေမှာတော့ မဟုတ်ပါဘူးနော်!"


လီကျင်လုံ: "လှည့်ပြီး မင်းရဲ့ဓားကို ရေခဲမြစ်တစ်လျှောက် လွှဲယမ်းလိုက်!"


ဟုန်ကျွင့်လည်း မသိစိတ်က တစ်ဖက်သို့လှည့်လိုက်ပြီး ဓားအား တွန်းထုတ်လိုက်ရာ ဓားစွမ်းအင်သည် ရေခဲပြင်ထဲသို့ နစ်မြုပ်သွားတော့သည်။ တစ်ချိန်တည်းမှာပဲ ရေခဲမျက်နှာပြင်သည် ရုတ်တရက် ကွဲအက်သွားပြီး လိုက်ဖမ်းသူ အလောင်းစစ်သည်များ မြစ်ထဲသို့ ပြုတ်ကျသွားကုန်၏။ ၎င်းတို့ ရုန်းကန်နေသော်ငြား ရေခဲမြစ်က ၎င်းတို့အား သယ်ဆောင်သွားခဲ့သည်။ 


လူနှစ်ယောက်သည် မြင်းကျောပေါ်၌ ရပ်ကာ သောင်းနှင့်ချီသော မြင်းစီး အလောင်းစစ်သည်များ အဆုံးမရှိသော စမ်းချောင်းတစ်ခု အတွင်း ပြေးဆင်းလာကြတာကို ရပ်ကြည့်နေကြ၏။ ၎င်းတို့ဟာ ခွဲခြားသိမြင်နိုင်စွမ်း မရှိကြတာမို့ ကွေ့ဝိုက်ကာ မပြေးကြဘဲ ရေခဲမြစ်ထဲသို့သာ ​ပြေးဆင်းကုန်ကြ၏။ 


လီကျင်လုံ၏ ပါးစပ်ထောင့်များ တုန်လှုပ်သွားသည်။ သူသည် သူ့ရှေ့မှ မြင်ကွင်းကို ကြည့်နေတုန်း အဝေးမှ လွင့်လာသော အသံတစ်သံကို ကြားလိုက်ရသည်။


"အဲဒီအသံပဲ ထပ်ပြီး ထွက်လာပြန်ပြီ!!"


ထိုအခါ အလောင်းစစ်သည်များဟာ ကောင်းစွာလေ့ကျင့်ထားသည့် ပုံစံဖြင့် ရုတ်တရက် ရပ်တန့်သွားကာ တစ်ယောက်ပြီး တစ်ယောက် ဆုတ်သွားကြသည်။ ဖမ်းမိသူ သုံးဦးသည်လည်း မြစ်ထဲသို့ တရွေ့ရွေ့ တရွေ့ရွေ့ဖြင့် ပြန်ရွှေ့နေကြလေရာ လီကျင်လုံတို့လည်း ကြိုးများဆွဲကာ အသံ၏ ဦးတည်ရာသို့ လှမ်းကြည့်ရင်း တုန်လှုပ်သွားကြသည်။ 


ဟုန်ကျွင့်သည် အကျဉ်းသားအား ပေါ့ပေါ့ဆဆ ဆွဲထုတ်လိုက်သည်။ အဲဒီနောက် သူနှင့် လီကျင်လုံတို့သည် အနောက်တံခါး အပြင်ဘက်အထိ လမ်းလျှောက်လာကာ လန်ကျိုးမြို့သို့ ပြန်လာခဲ့၏။