(49)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

တိမ်ထိပ်ကောင်းကင်နန်းတော် (ပထမပိုင်း)


Chapter (49)

နဂါးကိုးကောင်ခေါင်းတလား



သူတို့အတွက် အဖိုးအို၏ အစီအစဉ်မှာ ချောင်ရှားမှ ရှန်းဟိုင်ကွမ်းသို့ ရထားလမ်းကြောင်း တစ်ခုစီးပြီး သွင်းဟွမှာ ရထားပြောင်းရန် ဖြစ်သည်။ ခရီးတစ်ခုလုံးက နှစ်ရက်ခန့်ကြာပြီး ကီလိုမီတာ 3,000 နီးပါးရှိသည်။ ဒီအချိန်အတွင်းမှာ ဆဲလ်ဖုန်းနဲ့ မဂ္ဂဇင်းအနည်းငယ်နဲ့ အချိန်ကုန်ရုံကလွဲလို့ ဘာမှလုပ်စရာ မရှိတော့ပေ။ 


ဝူရှဲ့ ငါးမျက်လုံးပုလဲကို ဖက်တီးထံ ပြန်ပေးလိုက်သည်။ ဖက်တီးမှာ သူ့ကို တွေ့ရတာကို အရမ်းပျော်နေတုန်းပဲ။ သူစိတ်ကောင်း ရှိတာကိုမြင်တော့ ဝူရှဲ့လည်း တိတ်တိတ်လေး သူဘာလို့ ဒီကိုလာတာလဲလို့ မေးလိုက်သည်။ 


သူက ဒီလမ်းမှာ အတူတူ လုပ်ရမယ့်အရာတွေ ရှိတယ်လို့ ပြောလေသည်။ ဥပမာ တစ်ယောက်တည်း ဘယ်တော့မှ မကိုင်တွယ်နိုင်တဲ့ တောင်နက်ကြီးတွေနဲ့ သစ်တောဟောင်းတွေမှာ ကြီးမားတဲ့ တိုက်ပွဲကြီးတွေ ရှိတယ်။ ပထမအချက် တစ်ယောက်တည်း သယ်သွားဖို့ လိုအပ်သော ပစ္စည်းကိရိယာများက များပြားလွန်းပြီး တစ်ယောက်တည်း သယ်သွားလို့ မရနိုင်ချေ။ ဒုတိယအချက်မှာ တစ်ယောက်တည်း သယ်သွားရန် အတွက်လည်း ကောင်းမွန်သောအရာများ များပြားလွန်းလှသည်။ 


ဤကဲ့သို့ ရှေးဟောင်း ဂူသင်္ချိုင်း၏ ပတ်ဝန်းကျင်သည် ယေဘူယျအားဖြင့် အလွန်အန္တရာယ်များသည်။ အကယ်၍ အသက်ရှင်လျက် ပြန်ထွက်လာနိုင်တဲ့အထိ အပြန်ပြန် အလှန်လှန် တိုက်ခိုက်ရလောက်အောင် ကံကောင်းရင်တော့ မဆိုးလှပေ။ နှစ်ကြိမ်သုံးကြိမ် စွန့်စားရပါက ဘယ်သူမှ မကြောက်နိုင်သေးပေမယ့် အခြေအနေ ဆိုးလာရင် တစ်စုံတစ်ယောက်က ဦးဆောင်ပြီး ထွက်လာရလိမ့်မည်။ အဲဒီလိုလူကို ရှေးခေတ်က "ဂူဖမ်းသူ" ဟုခေါ်တွင်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗန်းစကားတွင်တော့ "ကျားလာမား" ဟုခေါ်သည်။


ကျားလာမားသည် လက်ထဲတွင် ပရောဂျက် တစ်ခုရှိပြီး အလုပ်သမားများကို ငှားရမ်းထားသည့် လူနှင့် တူပါသည်။ လွတ်မြောက်ရေး အစောပိုင်းကာလများတွင် ရှေးဟောင်း သုတေသနအဖွဲ့သည် အရည်အချင်းရှိသော လူများနှင့် သူစိမ်းများကို ရှာဖွေရန် အလားတူ လှည့်ကွက်များကို အသုံးပြုခဲ့သည်။


ဤတစ်ကြိမ်တွင်တော့ ကျာလားမားက ထိပ်ပြောင် ဖြစ်ပေ၏။ ထိပ်ပြောင်​နေသော ထိုအမျိုးသားသည် ကျယ်ပြန့်သော အဆက်အသွယ်များ ရှိပြီး ဘေကျင်းမြို့မှ ဖက်တီးကို သိကာ ဖက်တီး၏ သူငယ်ချင်းကိုပါ သိရှိသွားပြီး ၎င်း၏ သူငယ်ချင်းမှတဆင့် အဆက်အသွယ်များစွာ ​ပြုလုပ်သည်။ အပြန်ပြန် အလှန်လှန် ကြည့်ပြီးနောက် ဖက်တီးက ကားထဲသို့ ဝင်သွားသည်။ သီးခြား အခြေအနေအရ ယေဘူယျအားဖြင့် ခရီးဦးတည်ရာအား “ကျားလာမား” က ထုတ်ဖော်ပြောကြားမည် မဟုတ်ပေ။ မဟုတ်ဘဲ တခြားသူများ ကြိုတင်သိရှိပါက ပြည်တွင်းရန်ပွဲများ ဖြစ်ပွားနိုင်သည်။ ဒါနဲ့ပဲ ဦးလေးသုံးအကြောင်း ဖက်တီးကို မေးကြည့်တော့ ဖက်တီးက ခေါင်းခါပြီး 


"အဘွားရေ မင်းက ဝက်ဝံပဲနော်... မင်းက ငါ့ကို မေးနေသေးတယ် ဖက်တီးက ဒီကိစ္စမှာ လုပ်စရာရှိလို့ လာတာနော်... မင်းရဲ့ယုတ်မာတဲ့ ဦးလေးသုံးနဲ့အတူ လုပ်ရမယ်လို့သာ ငါ့ကို ငွေဘယ်လောက်နဲ့ပဲ ကမ်းလှမ်းပါစေ လာမလုပ်ဘူးကွ!" 


ဝူရှဲ့ သက်ပြင်းသာ ချလိုက်သည်။ မျက်နှာသေကိုလည်း ဆက်သွယ်လိမ့်မည်ဟု တွေးကာ မေးကြည့်သော်လည်း ဘာမှမေးမရခဲ့ပေ။ ဖန့်ကျစ်နဲ့ သူကလွဲရင် ဒီမှာ အခြေအနေအကြောင်း အသိရှိဆုံး သူတွေကတော့ ချန်ဖီအားစစ်ပဲ ရှိတော့သည်။ 


မျက်နှာသေက အရင်ကလို ငြီးငွေ့စရာကောင်းနေတုန်းပါပဲ။ ထိုလူက သူ့ကိုတောင် မနှုတ်ဆက်ဘဲ တစ်ချိန်လုံး မှိန်းနေခဲ့သည်။ သူနဲ့ အတူရှိခဲ့ဖူးတဲ့ အချိန်တွေကို သတိထားပြီး အမှတ်ရချင်ယောင် ဆောင်ချင်ပေမယ့် စကားအနည်းငယ် ပြောပြီးတောင် ထိုလူက လုံးဝ နားမထောင်​​နေတာကို တွေ့လိုက်ရ​၏။ ဖက်တီးက သူဝင်လာပြီးကတည်းက မျက်နှာသေက အိပ်ပျော်သွားပြီလို့ ပြောပြီး စကားပြောဖို့ ကြိုးစားတာကို ရပ်ခိုင်းလိုက်တော့သည်။ 


ကားမောင်း ထွက်သွားပြီးနောက် သူ၊ ဖန့်ကျစ်နဲ့ ဖက်တီးတို့ D အကြီးကြီးကို အတူတူ ဆွဲပြီး ကစားနေလိုက်သည်။ ဝူရှဲ့မှာ တစ်ဖက်က ကစားရင်း တစ်ဖက်ကလည်း ချန်ဖီအားစစ် အကြောင်း တွေးနေမိ၏။ ထိုအဘိုးအိုက ရထားပေါ်ရောက်ကတည်းက သူ့တို့စကားဝိုင်းထဲ စကားဝင်မပြောပေ။ ဖန့်ကျစ်က သူ့အနားကို ချဉ်းကပ်ဖို့ ကြိုးစားတာတောင် သူက အင်း တစ်လုံးပဲ ပြော၏။ မောင်းထွက်တာနဲ့ သူ့ဘာသာသူ ထွက်သွားပြီး ပြန်မလာတော့ပေ။ 


ဖက်တီးက ခပ်တိုးတိုး မေးလာသည်။


“အဲဒီပိန်​နေတဲ့ အဘိုးကြီးက ဘယ်သူလဲ? သူက ယွမ် ၂၅,၈၀၀,၀၀၀ တန်တဲ့ မျက်နှာကြီးနဲ့” 


ဖန့်ကျစ်က ချန်ဖီအားစစ် အကြောင်းကို ဖက်တီးအား တိုးတိုးလေး ပြောပြသည်။ ဖက်တီးလည်း ထိုလူကြီးက အသက်ကိုးဆယ် ကျော်ပြီဟု ကြားလိုက်ရသောအခါ သူ့မျက်နှာက စိမ်းစိမ်းစိုစို ဖြစ်သွားကာ။


“ဒီလူကြီးက ငါတို့နဲ့အတူ တောင်ပေါ် လိုက်တက်မယ်လို့တော့ မပြောနဲ့နော်...သူတက်မယ်ဆိုရင် ဘယ်သူမှ မရှိတဲ့ နေရာကို ငါရောက်လို့ကတော့ သူ့ကို အရင်သတ်ပစ်မယ် ဘယ်သူမှ ငါ့ကို တားလို့ မရဘူး..."


ဖန့်ကျစ် သူ့ပါးစပ်ကို အမြန်ပိတ်လိုက်ပြီး


"မိုက်မဲတဲ့ စကားနည်းနည်းတွေ မပြောပါနဲ့တော့ကွာ... အဲဒီလူကြီးက အရမ်းမိုက်တယ် သူကြားသွားရင် မင်းအဲ့ကို မရောက်ခင်မှာပဲ နာနေလိမ့်မယ်"


ဝူရှဲ့လည်း ချန်ဖီအားစစ် အကြောင်း ပြန်စဥ်းစားမိသည်။ လက်ဖက်ရည် ဆိုင်ထဲမှာတော့ ထိုလူက တရုတ်စာ သင်ကြား​ပေးနေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဆရာကြီးတစ်ယောက်ရဲ့ အထင်အမြင်ကို ပေးစွမ်းခဲ့၏။ သူ့ပတ်ဝန်းကျင်မှာလည်း လူတစ်စု ရှိနေခဲ့သည်။ ​​ဒီလိုလူရဲ့ စွမ်းအားနဲ့ ဒီလို အသက်ကြီးလာပြီ ဖြစ်တာတောင် သူက သူဘယ်လိုလုပ် တစ်ယောက်တည်း လာရတာလား။ သူတို့တွေ သူ့ကို ထိခိုက်​​စေမှာကို မကြောက်ဘူးလား။


ဝူရှဲ့ သူ့အတွေးကို ပြောပြလိုက်တော့ ဖန့်ကျစ်က ပြုံးပြီး ပြန်ဖြေလာသည်။


"ဒါကို သခင်လေး နားမလည်ပါဘူး... ကျွန်​တော်တို့အားလုံးက သခင်သုံး ဆွဲခေါ်ထားတဲ့ လူတွေ.

. ကျွန်တော်တို့ဘာသာ ရှင်သာမဏေတွေပဲ ဖြစ်ဖြစ်၊ ဆရာတော်ပဲ ဖြစ်ဖြစ် အားလုံးက သခင်သုံးရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတယ်... ဒါက ဒီလောကရဲ့ စိုးမိုးမှုပဲ သူ မုန့်ဝေချင်ရင် စည်းကမ်းကို လိုက်နာရမယ်.. ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သူ ဘာမှမတတ်နိုင်ဘူး" 


ဖန့်ကျစ်က ခဏလောက် စဉ်းစားပြီးမှ 


"ဒါပေမဲ့ သောက်ကျိုးနည်း ငါတို့ဒီလူကြီးကို သတိထားရမယ်... အပေါ်ယံက သူတစ်ယောက်တည်းပဲ ဒါပေမဲ့ တကယ်တော့ သူက အဲလိုလူပဲ... သူ့ပတ်ဝန်းကျင်မှာ သူ့လူတွေကို ဖြန့်ထားလိမ့်မယ်"


ဖက်တီးကတော့ ကျိန်ဆဲလိုက်လေသည်။ 


“ငါနားကို​မလည်​တော့ဘူး မင်းရဲ့ အဲဒီသခင်သုံးက ဒီလိုလူကို ဘာလုပ်ဖို့ ခေါ်နေတာလဲ? ဒါက တမင်တကာ ဒုက္ခပေးနေတာ မဟုတ်ဘူးလား? အဲဒီလိုလူနဲ့ဆို ငါတို့ဘက်က အရင်လှုပ်ရှားလိုက်တာ အကောင်းဆုံးပဲ..."


ဖန့်ကျစ်က တံခါးဘက်ကို လှမ်းကြည့်ရင်း 


"မင်းကို ဝင်မရှုပ်ဖို့ ငါသတိပေးနေတာနော်... သခင်သုံး ဒီလူကို ခေါ်ထုတ်ထားတယ် ဆိုမှတော့ သေချာပေါက် ရည်ရွယ်ချက် ရှိလိမ့်မယ်... သူ့မျက်နှာကို ဝယ်လိုက်ကြရအောင်လား ဘာပဲဖြစ်ဖြစ် သူက အသက်ကြီးပြီ ငယ်ငယ်တုန်းကလို အစွမ်းမထက်တော့ဘူး... အချိန်တန်ရင် မင်းတကယ်လုပ်ရ... အိုက်ယိုး!"


သူစကား မဆုံးခင်မှာပဲ မျက်နှာသေရဲ့ လက်က အပေါ်ထပ်ကနေ ရုတ်တရက် ပြုတ်ကျလာခဲ့သည်။ လက်က ဖန့်ကျစ်ရဲ့ပုခုံးပေါ် တည့်တည့်မတ်မတ် ကျလာပြီး တွန်းအားက သူ့ကို အော်ဟစ်လုနီးပါး ဖြစ်သွားစေခဲ့သည်။ 


ဖန့်ကျစ်မှာ သူ့အံသွားတွေကို ကြိတ်ရင်း ရှုံ့မဲ့သွားရာ ဝါကျရဲ့ ဒုတိယအကြောင်းကိုပင် ဆက်ပြန်မပြောနိုင်တော့တာကြောင့် ဝူရှဲ့တို့အားလုံး ခဏလောက် အံ့ဩသွားကြသည်။ ဖန့်ကျစ်လည်း ထိုအိုက်စပ်နေတဲ့ မျက်နှာသေကို မကြိုက်ပါဘူး။ သူစကား​ပြန်ပြောခါနီးမှာပဲ တံခါးက မြည်လာပြီး ချန်ဖီအားစစ် ဝင်လာခဲ့သည်။


ဝူရှဲ့တို့ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ခေါင်းငုံ့ကာ ဖဲချပ်တွေ ဆက်ကစားနေသည်။ စာမေးပွဲမှာ စာခိုးချနေတုန်း ကျောင်းဆရာမက သတိပြုမိသွားလို့ မလုံမလဲ ဖြစ်နေကြသူတွေလိုပင်။ အဘိုးအိုက သူတို့ကို ကြည့်ပြီး ဘာမှပြန်မပြောဘဲ သူ့အိပ်ယာပေါ်ပဲ ပြန်တက်သွားသည်။ အိပ်ပျော်နေသလားပင် မသိ။


သူဒီကို ပြန်ဝင်လာ​ကတည်းက ထိုအကြောင်းအရာတွေကို မဆွေးနွေး ရဲတော့တဲ့အတွက် ဖဲရိုက်ဖို့ပဲ အာရုံစိုက်ခဲ့ရသည်။ ဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ ကုန်လာပြီး နောက်နေ့ ညသန်းခေါင်လောက်မှာ သူတို့ရထားက ရှန်းဟိုင်ကွမ်းမှာ ရပ်သွားခဲ့သည်။ 


ရှန်းဟိုင်ကွမ်းသည် ကမ္ဘာပေါ်တွင် ပထမဆုံး မဟာတံတိုင်း၏ ဖြတ်သန်းခွင့် ဂိတ်တံခါး ဖြစ်သော်လည်း ၎င်းသည် လူလုပ်ထားသည့် ဆွဲဆောင်မှု တစ်ခု ဖြစ်သည်။ အများစုကို 1986 ခုနှစ်တွင် ပြန်လည် တည်ဆောက်ခဲ့သည်။ သူတို့ဆက်သွားမယ့် ရထားက နှစ်နာရီလောက်မှ ရောက်မှာ။ ဒါကြောင့် ဖက်တီးက သွားကြည့်ချင်လားလို့ မေးလာသည်။ ဝူရှဲ့ကတော့ မနက်အစောကြီး၊ လလည်း မရှိဘူးလို့ ငှက်ကြည့်စရာလည်း မရှိဘူးလို့ ပြောလိုက်သည်။ သို့သော်လည်း သူတို့ထဲက တချို့ကတော့ ရထားပြောင်းလာတဲ့ နိုင်ငံတစ်ဝှမ်းက လူအများအပြားနောက်ကို လိုက်ကြပြီး ဘူတာရုံစောင့်ခန်းဆီ လျှောက်သွားကြသည်။


နွေဦးပွဲတော် အကြိုနေ့ဆိုတော့ ခရီးသွားတွေများလာပြီ။ ဘူတာရုံအတွင်းက အနံ့ဆိုးတွေက အတော်လေး ဆိုးဝါးပြီး ညအိပ်နေတဲ့လူတွေ ပုံစံအမျိုးမျိုး ရှိနေ၏။ ​​တချို့က အကျီတွေကို လှန်ပြီး မြေကြီးပေါ်မှာ အိပ်​နေကြတာကြောင့် ဝူရှဲ့တို့မှာလည်း တခြားသူများကို နင်းမိမှာကြောက်သောကြောင့် လူစီးဆင်းမှုအတိုင်း ဂရုတစိုက် လိုက်​​နေရသည်။


လူတွေက အရမ်းများတော့ ဖရိုဖရဲနဲ့ လမ်းလျှောက်နေရသည်။ ခဏလေး အတွင်းမှာပဲ သူတို့ထဲက တချို့က ရုန်းထွက်နိုင်ခဲ့သည်။ မျက်နှာသေနဲ့ ချန်ဖီအားစစ်တို့ဟာ သူတို့နဲ့ ဝေးတဲ့ တစ်နေရာကို ပြေးသွားကြပြီ။ ဖက်တီးက လူပေါင်းများစွာရဲ့ ခြေထောက်ကို နင်းမိနေတာကြောင့် ပါးစပ်ကလည်း ကျိန်ဆဲလိုက်သည်။ သူတို့ကို လူစုမကွဲရအောင် ပြောလိုက်ချင်လိုက်တာကြောင့် ဝူရှဲ့ ဖက်တီးရဲ့ လက်ကို မြှောက်ပေးလိုက်တယ်။ အဲဒီအချိန်မှာပဲ ဖန့်ကျစ်က သူ့လက်ကို ဆွဲကိုင်ပြီး ထိုင်ချလိုက်ပေ၏။ 


ထူးဆန်းသလို ခံစားရနေချိန် သူက ပြောလာသည်။ 


"ရဲလေသံပဲ... ကိုင်ထား" 


ဒီအသံကို ကြားတာနဲ့ အရှိန်နဲ့ အမြန်နောက်က မြေကြီးပေါ် ထိုင်ချလိုက်၏။ ဘေးနှစ်ဖက်မှာလည်း လူတွေရှိနေကာ ​​မျက်လုံးထောင့်ကနေ လှမ်းကြည့်လိုက်တော့ ယူနီဖောင်း ဝတ်စုံနဲ့ ရဲတွေနဲ့ ရဲအရာရှိ တော်တော်များများ ဂိတ်မှာ ID ကဒ်တွေ စစ်ဆေးနေတာကို တွေ့လိုက်ရလေသည်။ 


ဝူရှဲ့ ခေါင်းငုံ့ပြီး ဟန်ကျိုး ဒေသိယဘာသာစကားဖြင့် ဖန့်ကျစ်ကို တိုးတိုးလေး ပြောလိုက်သည်။


"အဆင်ပြေလား? ဒီလိုက ဟန်ကျိုးမှာ လုပ်လေ့ရှိတယ်လေ... ID ကတ်ကို စစ်ဆေးဖို့ပဲ ရှိတာ ကျွန်တော်တို့မှာ ဘာပစ္စည်းအတုမှ မရှိဘူး သူတို့ လိုချင်တာလည်း မရှိဘူး ဘာလို့ ကြောက်နေရမှာလဲ?"


ဖန့်ကျစ်က လူအုပ်ထဲက မထင်ရှားတဲ့ လူတချို့ကို မေးစေ့နဲ့ ညွှန်ပြပြီး 


"တံခါးမှူးက တံခါးစောင့်... အရပ်ဝတ်တွေက လူအုပ်ထဲမှာ တယောက်ယောက်ကို ရှာနေတယ် ခေါင်းငုံ့ထား ဘယ်သူမှ မ​မြင်စေနဲ့" 


ဝူရှဲ့ ခေါင်းကိုမော့ပြီး တစ်ချက် ကြည့်လိုက်သည်။ အဲဒီလူတွေ ကြားထဲမှာ ရင်းနှီးတဲ့ လူတစ်ယောက် ရှိပုံရပြီး အဲဒီလူက သူတို့ဘက်ကို တည့်တည့်​ကြီး ကြည့်နေ၏။ ဝူရှဲ့ သေသေချာချာ ကြည့်လိုက်ချင်ပေမယ့် အဲဒီလူက ပြင်းပြင်းထန်ထန် ထရပ်ပြီး သူ့​ကို လက်ညှိုးထိုးပြကာ အော်ဟစ်လိုက်သည်။ 


"ဟိုမှာ!"


အဲဒီလူက သူ့လက်မှာ လက်ထိတ်ခတ်ထား သေးတာကို မြင်လိုက်ရတော့ ဝူရှဲ့ နှလုံးတွေ စောင့်ခုန်သွား၏။ နောက်တော့ အဲဒီလူကို သေသေချာချာ ကြည့်လိုက်မိရာ မတွေ့တာ နှစ်ရက်ရှိပြီဖြစ်တဲ့ ထိပ်ပြောင် ဖြစ်နေလေသည်။ 


"မေမေ ဖေဖေရေ!" 


ဖန့်ကျစ်က အော်လိုက်သည်။ ထို့နောက် သူက ဝူရှဲ့ကို ကောက်ထူပြီး ထွက်ပြေးသွားတော့သည်။ အရပ်ဝတ် လူတစ်စုကလည်း အနောက်ကနေ ပြေးလိုက်လာပြီး အော်ဟစ်လေ၏။ 


"ရပ်စမ်း!"


သူတို့သည် ထိုင်ခုံတန်းများစွာကို ကျော်တက်ကာ လူစုလူဝေးကို ဖြတ်ကျော် ပြေးသွားကြသည်။ ဖန့်ကျစ် ဖြတ်သွားသည်နှင့်အမျှ လူတိုင်းလည်း လမ်းမှ ထွက်သွားကြသည်။ ဒါပေမဲ့ ဝူရှဲ့ ဖြတ်သွားလိုက်တာနဲ့ အဲဒီလူတွေက ပတ်ဝန်းကျင်မှာ ဝိုင်းပြီးအော်နေတော့ သူစိတ်ထဲမှာ ဒါဘာကောင်လဲလို့ ငါက အနိုင်ကျင့်ဖို့ အရမ်းလွယ်နေသလားလို့ ဟုသာ အော်ပြောနေမိသည်။ 


သူ့ရှေ့က ရဲတွေက သူ့​ကို ပိတ်ထားဆို့ပြီး နောက်က ရဲတွေကလည်း ရောက်လာသည်။ ထိုအခိုက် ရုတ်တရက် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး စောင့်ဆိုင်းခန်းထဲမှာ မီးချောင်းတစ်ချောင်း ကွဲအက်သွားကာ အားလုံးလည်း တုန်လှုပ်သွားကြသည်။ အဲဒီနောက် ချက်ချင်းပဲ နောက်တစ်ယောက်က ကလစ်လိုက်တာနဲ့ လူနှစ်ယောက်ကြားမှာ ဘဲတစ်ကောင်ကို ညှပ်သွားရာ ဝူရှဲ့လည်း ထိုအခွင့်အရေးကို ယူပြီး လူအုပ်ကြားထဲ ဖျစ်ညှစ်ကာ တံခါးဝဆီရောက်ဖို့ အတင်း ကြိုးစားလိုက်ရသည်။


ရုတ်တရတ် လူတစ်ယောက်က သူ့ကိုဖမ်းဆွဲပြီး ဆွဲထုတ်လိုက်တာကို မြင်လိုက်ရ၏။ ကြည့်လိုက်တော့ ဖန့်ကျစ်ပဲ။ သူက ခေါင်းယမ်းပြီး မီးရထားသံလမ်းကနေ ထွက်သွားရအောင် ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြောလာသည်။ 


ခေါင်းပေါ်ရှိ မီးချောင်းသည် အဆက်မပြတ် ကျိုးကျ​​နေပြီး စောင့်ဆိုင်းခန်းသည် ပို၍ပင် မည်းမှောင်လာသည်။ ကျိုးပဲ့နေသော မှန်သည် ချက်ချင်း ပြုတ်ကျလာကာ ရုတ်တရက် ဆူညံသံများ၊ ကလေးများ၏ အော်ဟစ်သံများနှင့် အော်သံများ မျိုးစုံနေအောက် ထွက်ပေါ်လာသည်။ လူများစွာသည် အပေါက်ဝသို့ အရောက်သွား​နေကြသည်။ နေရာတိုင်းတွင် လူစည်ကားနေသောကြောင့် ထိုလူများနှင့်အတူ ထပ်ပြီး ညှစ်ထုတ်နေရ၏။ 


ခပ်ဝေးဝေးကို လှမ်းကြည့်လိုက်သော် ဖက်တီးက သူတို့ဘက်ကို လက်ဟန်အမူအယာ လှမ်းပြနေတာ မြင်လိုက်ရသည်။ သူ့ဘက်သို့ လှမ်းကြည့်ရင်း မျက်နှာသေ ဘယ်မှာလဲ မေးမလို့လုပ်တုန်း ထိုကောင်လေးက တစ္ဆေလိုပဒ ရုတ်တရက် ပေါ်ချလာသည်။ ဖက်တီးက ဖန့်ကျစ်အား


"မင်းရဲ့ ကျားလာမား ညှပ်နေတဲ့ဟာကြီးက ကျိုးသွားပြီ... အခု ဘယ်လိုလုပ်တော့မလဲ?"


ဖန့်ကျစ်က "ဒီခွေးမသားက ငါတို့ကို လွယ်လွယ်နဲ့ တွန်းထုတ်နိုင်ခဲ့တာပဲ... သူက အခု သိပ်စိတ်မချရဘူးလို့တော့ ထင်သား... ငါ အခွင့်အရေးရရင် သူ့ကိုသေချာပေါက် သတ်ပစ်လိုက်မယ်!"


ဖက်တီးကတော့ "မင်းအခုမှ ဘာလို့အရမ်း စိတ်လှုပ်ရှားနေတာလဲ? မင်းမှာပြောနိုင်တဲ့စကား ရှိ​သေးလို့လား?"


ဖန့်ကျစ်က သူ့ခေါင်းကို ကုတ်လိုက်ပြီး ဘာလုပ်ရမှန်း မသိတော့ချေ။ ထိုအခိုက်တွင် မျက်နှာသေက သူတို့ပုခုံးကို ပုတ်ပြီး ပြောလာ၏။ 


“အဘိုးကြီး နောက်ကို လိုက်သွား” 


သူ့အကြည့်​နောက်ကို လိုက်ကြည့်လိုက်တော့ ချန်ဖီအားစစ်က အဝေးကနေ သူတို့ဘက်ကို လှမ်းကြည့်နေတာ တွေ့လိုက်ရပြီး သူ့ဘေးမှာလည်း လူလတ်ပိုင်းအရွယ် လူတချို့ ရပ်နေပြီး ဘယ်နေရာက ထွက်လာလိုက်လဲတော့ မသိချေ။ 


မျက်နှာသေက သူ့ဆီ တည့်တည့် လျှောက်သွားခဲ့လေပြီ။ ဒီအချိန်မှာ သူတို့လည်း ဆွေးနွေး​နေဖို့ အချိန်မရှိတာကြောင့် လျှာကိုက်ပြီး သူ့နောက်က လျှောက်သွားလိုက်သည်။ ချန်ဖီအားစစ်လည်း သူတို့ လာနေတာကို မြင်တော့ သူ့ဘေးနားက လူတစ်ချို့ကို အချက်ပြလိုက်ရာ ထိုတပည့်တော်တို့သည် လူအစုအဝေးအထဲ ပြန့်ကြဲလျက် ထွက်သွားတော့သည်။ 


လူအုပ်​ကြီးရဲ့ အဖုံးအောက်မှာ နောက်ဆုံးတော့ သူတို့တစ်ဖွဲ့လုံး အမှောင်ထဲကနေပဲ ရှန်းဟိုင်ကွမ်းရဲ့ မီးရထားဘူတာကနေ လွတ်မြောက်ပြီး ပန်းခြံတစ်ခုဆီ ရောက်လာသည်။ နောက်ဆုံး ရပ်လိုက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ကြည့်နေကြ၏။ တစ်ယောက်မှ မျက်နှာအရောင် မကောင်းကြပေ။ ထိပ်ပြောင်တဲ့ အကြံအစည်အတိုင်း ဦးနှောက်မသုံးဘဲ ရောက်နိုင်မယ်လို့ တွေးခဲ့တာက တကယ့်ကို ဆိုးရွားတဲ့ အစတစ်ခု ဖြစ်သွားခဲ့သည်။ 


ဦးတည်ထားတဲ့ နေရာကို မရောက်သေးတဲ့ နှစ်ရက်အတွင်းမှာ ထိပ်ပြောင်တစ်ယောက် အမှန်တကယ် အဖမ်းခံလိုက်ရမယ်လို့ မမျှော်လင့်ထားခဲ့ပေ။ သူက သူတို့ကိုတောင် ဖမ်းဆီးရန် ကိုယ်တိုင်ကိုယ်ကျ ခေါ်ဆောင်​ပေးခဲ့​သေးသည်။ ထိုသို့သော သစ္စာစောင့်သိမှုက အနှစ် ၃၀ ကျော် ဆက်ဆံရေးကြောင့်လား။ ဟမ့် ဦးလေးသုံးရဲ့ အမြင်က တော်တော် ကောင်းမွန်နေပုံပဲ။ 


အားလုံး မြက်ခင်းပြင်မှာ ငုတ်တုတ်ထိုင်ပြီး ခဏလောက် အနားယူလိုက်ကြသည်။ ချန်ဖီအားစစ်က သူတို့ကို ကြည့်ပြီး ရုတ်တရက် ပြုံးရယ်လိုက်လေ၏။ 


"မင်းတို့အရည်အချင်းလောက်နဲ့များ အရှေ့ပိုင်း ဧကရာဇ်ရှရဲ့ နဂါးကိုးကောင် ခေါင်းတလားကို တူးဖော်ချင်သေးတာလား? ဟမ့် ဝူစန်းရှန်ကတော့ အသက်ကြီးပြီး စိတ်မမှန်တော့ဘူး ထင်တယ်"