ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ချင်လင်နတ်သစ်ပင်
Chapter (26)
ချီးကူ
အလောင်း၏ မျက်လုံးများသည် လုံးဝကို ကျဉ်းသွားကာ အနက်ရောင် မျက်ကွင်းနှစ်လုံးသာ ကျန်တော့သည်။ ပါးစပ်သည် မယုံနိုင်လောက်အောင် အကျယ်ကြီး ဖွင့်ထထားပြီး မပြည့်စုံသော သွားများကို ပေါ်လွင်နေစေသည်။ မျက်နှာတစ်ခုလုံးက ရေဓာတ် ခန်းခြောက်မှုကြောင့် ပုံပျက်နေပြီး လူများကို မကြည့်ဝံ့သော အမူအရာများ ပေါ်လွင်လာစေသည်။ ဤမံမီများသည် မျောက် မဟုတ်ဘဲ တကယ့်လူဖြစ်ကြောင်း သူတို့သွားများမှတစ်ဆင့် တွေ့မြင်နိုင်သည်။
လောင်းယန်မှာ ခဏလောက်အထိ စကားမပြောနိုင်ဘဲ အံ့အားသင့်သွားပြီး
"ဘာဖြစ်နေတာလဲ? လောင်ဝူ မင်းအစောက မျောက်တစ်ကောင်လို့ ပြောနေတာ မဟုတ်ဘူးလား? ဒါက... ဒါက လူဆိုတာ အရှင်းကြီးနော်"
ဝူရှဲ့မှာလည်း စကားထစ်နေကာ။
"ငါ ငါလည်း...မသိဘူး ခုနတုန်းက မျက်နှာဖုံးကို ဖောက်လိုက်တော့ အဲဒါက တကယ် မျောက်ကြီးကွ! အဝါရောင် အမွေးတွေနဲ့ မျောက်ကြီးတစ်ကောင်လို့ ငါမြင်လိုက်တာ... ဒါ ဒါကကျ...ကျစ် စိတ်ရှုပ်ကုန်ပြီ... "
ဝူရှဲ့ကပြောရင်း အစောတုန်းက အလင်းရောင်ကြောင့် သူမှားသွားလားဆိုတာ ကြည့်ဖို့ ခေါင်းငုံ့ချင်မိသည်။
သို့သော် ဆရာလျောင်က ရုတ်တရက် သူ့လက်ကို ဝှေ့ယမ်းပြီး ခန္ဓာကိုယ်ကို မထိဖို့ ပြောလာခဲ့သည်။ သူ မတ်တတ်ထရပ်ပြီး မျက်နှာဖုံးကို သူ့လက်ထဲ လှန်ပြလိုက်၏။ မျက်နှာဖုံးရဲ့ နောက်ကွယ်မှာ ပါးစပ်လိုမျိုး ခရုပတ်ခုံးကြီးတစ်ခု ရှိနေတာကို တွေ့လိုက်ရသည်။ ၎င်းက ခရုခွံလောက်ကြီးတဲ့ အရွယ်အစားရှိကယ အပေါက်သေးသေးလေးလည်း ရှိနေသည်။ ဆရာလျောက်က သူ့မျက်နှာကို မျက်နှာဖုံးနဲ့ လက်ဟန်ပြပြီး သူတို့ကို လှည့်ကြည့်ပြီး ပြောလေသည်။
"ဒီမျက်နှာဖုံးကို ဝတ်ဖို့ဆို ပါးစပ်ကို ဖွင့်ထားရပုံပဲ"
လောင်းယန်က "ပါးစပ်ကို ဖွင့်ထားရမှာ? ဒါဆို ပါးစပ်ထဲမှာ အသက်ရှူကိရိယာ ထည့်ထားရသလိုကြီးပေါ့... ဘယ်လောက်တောင် အဆင်မပြေ ဖြစ်လိုက်မလဲ"
ဝူရှဲ့ အလောင်းကို လှမ်းကြည့်လိုက်တော့ ၎င်းက ပါးစပ်ကို ခပ်ကျယ်ကျယ် ဖွင့်ဟထားလေ၏။ သို့နှင့် သူလည်း ဆရာလျောင်ကို ပြောလိုက်သည်။
"ဒီခရုလိုအခွံမှာ ထူးဆန်းတာ တစ်ခုခုရှိလား? ခင်ဗျား သေချာကြည့်စမ်းပါဦး ဒီမျက်နှာဖုံးတွေ အကုန်လုံးက ဒီမျောက်တွေရဲ့ အသားထဲအထိ ကပ်နေတာ ဆိုတော့ သူတို့ရဲ့ပါးစပ်နဲ့ မျက်လုံးတွေကို စုံမှိတ်ပြီး တခြားမြင်နိုင်တဲ့နည်း ရှိရမယ်”
ဆရာလျောင်လည်း အပေါက်ထဲသို့ ဘောပင်ကိုထိုးထည့်ကာ အပြင်းအထန် ဖိသွင်းလိုက်တော့ "ခရုခွံ"သည် အတွင်းပိုင်းမှ ဂဏန်းခြေထောက်နှင့် ဆင်တူသည့် အရာတစ်ခုကို ထုတ်ဖော်ပြသလိုက်သည်။ ဆရာလျောင်က ထိုအရာအား ဆွဲထုတ်လိုက်တော့ ၎င်းသည် သူတစ်ခါမှ မမြင်ဖူးသော ပိုးကောင်တစ်ကောင် ဖြစ်နေကြောင်း တွေ့ရှိခဲ့သည်။ ၎င်းသည် ရုပ်ကြွင်းသဏ္ဌာန် အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်လို့ အနည်းငယ် အင်အားသုံးလိုက်ပါက အပိုင်းများစွာ ကွဲထွက်သွားနိုင်၏။
"ဒီမျက်နှာဖုံးကို စိတ်လိုလက်ရ မတပ်ထားဘူးထင်တယ်"
ဆရာလျောင်က မျက်မှောင်ကြုတ်ပြီး ပြောလေသည်။
"ဒါပေမဲ့ ဒီအရာက တကယ်ကို လူတွေလုပ်ထားတာပဲ... မျက်နှာဖုံးအတွင်းက မျဉ်းကြောင်းတွေက သစ်ပင်ပေါ်က မြွေနှစ်ကောင်တွေလိုပဲ ဆိုတာ အကြမ်းဖျင်းတော့ မြင်နိုင်တယ်... ဒါကြီးက ကြေးနီပင်ကို သွန်းလုပ်ခဲ့တဲ့ လူတွေနဲ့ သေချာပေါက် ပက်သက်နေလိမ့်မယ်”
လောင်းယန်သည် မျက်နှာဖုံးကိုယူ၍ အကြာကြီး စိတ်ဝင်တစား စိုက်ကြည့်နေကာ
"ဒါအနောက် ကျိုးမင်းဆက်က အင်းဆက်ကောင်ကြီး ဖြစ်နိုင်တယ်.. အခုချိန်မှာတော့ မျိုးသုဉ်းသွားလောက်ပြီ ... ဒါကြီးကို ငါတို့မသိတာ အံ့သြစရာတော့ မဟုတ်ဘူး ဟေး ကြည့်စမ်း... ဒီပိုးကောင်က တစ်ဝက်ပဲရှိသလိုပဲ!"
အဲဒါပြောပြီးတာနဲ့ သူက ဝူရှဲတို့ကို ကြည့်ပြီး
"ကျန်တဲ့တစ်ဝက်က ဘယ်ရောက်သွားတာလဲ"
ဒီပိုးကောင်ဟာ မျက်နှာဖုံးရဲ့ ပါးစပ်အပြူးအပေါက်နားမှာ ကွေးကောက်နေပြီး ရစ်ခွေနေသည်။ ကျန်တဝက်မှာ ပိုးကောင်ရှိခဲ့နေတဲ့ နေရာလွတ်တစ်ခုပဲ ကျန်နေတော့သည်။ ဝူရှဲ့ ဒါကိုတွေးပြီး မသိစိတ်က အလောင်းရဲ့ ပါးစပ်ထဲကို ငုံ့ကြည့်လိုက်တော့ သေချာပါ၏။ အနက်ရောင် ပါးစပ်ကြီးထဲက လျှာနေရာမှာ ကပ်နေတဲ့ ပိုးကောင်တစ်ဝက် ရှိနေတာကို မြင်လိုက်ရတော့သည်။ ပိုးကောင်ကို အလောင်းရဲ့ လည်ချောင်းထဲကို ထိုးသွင်းထားပြီး ဘယ်ကလီစာထဲအထိ ဝင်သွားတယ်တော့ မသိချေ။ အလောင်းရဲ့ ကျုံ့နေသော ကြွက်သားများသည် ကျောက်ဖြစ်ရုပ်ကြွင်း အင်းဆက်ကောင်နှင့် အလွန်ဆင်တူသောကြောင့် ဂရုတစိုက် မကြည့်ပါက အင်းဆက်ပိုးကောင်သည် အလောင်းရဲ့ ခြောက်သွေ့နေသော လျှာဟု ထင်မိလိမ့်မည်။
ဆရာလျောင်လည်း ဤအခြေအနေကို မြင်သောအခါတွင် သူ့အမူအရာက ပြောင်းသွားပြီး
"ဖယ်လိုက်! လွှင့်ပစ်တော့ ဘုရားရေ... လွှင့်ပစ်လိုက်ပါတော့ဟ! ဒီမျက်နှာဖုံးက အသက်ရှင်နေနိုင်တယ်"
ပြောပြီး လက်တစ်ဖက်နဲ့ ရိုက်ချလိုက်သည်။ လောင်းယန်လက်မှ မျက်နှာဖုံးကို ခေါက်ချလိုက်ရာ မျက်နှာဖုံးသည် အမှောင်ထဲသို့ လျင်မြန်စွာ ကျဆင်းသွားပြီး သစ်ကိုင်းကို ထိမှန်ကာ လျှပ်တပြက်အတွင်း အပိုင်းပိုင်း ကွဲထွက်သွားလေ၏။
လောင်းယန်ခမျာ ထိတ်လန့် တုန်လှုပ်သွားပြီး ဆုပ်ကိုင်ထားတဲ့ သစ်ကိုင်းပေါ်က ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ သူက ဘာဖြစ်နေတာလဲ? မျက်နှာဖုံးက ဘာကိုဆိုလိုတာလဲလို့ အလျင်အမြန် မေးလိုက်သည်။
ဆရာလျောင်က ချောင်းဆိုးပြီး စိတ်မကောင်း ဖြစ်သွားပုံရပြီး ခေါင်းကုတ်ရင်း မျက်မှောင်ကလည်း ကြုတ်ထားလျက် ပြောလိုက်သည်။
"ရှက်လိုက်တာ... ငါ ဘာလို့များ ဒီလောက်တုံးရတာလဲ? စောစောက မတွေးခဲ့မိဘူး... ဒီ... ကြေးပင်ရဲ့ ယဇ်ပူဇော်နည်းနဲ့ နားလည်မှုဆိုတာ ငါတို့ဟန်လူမျိုးတွေနဲ့ သက်ဆိုင်တဲ့ အရာမဟုတ်ဘူး... ဟေး ငါတကယ်မိုက်မဲတာပဲ မိုက်မဲတာပဲ!"
"ခင်ဗျားဘာတွေ ပြောနေတာလဲ!!" လောင်းယန် ဒေါသထွက်လာပြီး
"ဘာတွေမိုက်မဲနေတာလဲ? မျက်နှာဖုံးနဲ့ ဘာပတ်သတ်လို့လဲ? မင်းပြောစရာရှိရင် မြန်မြန်ပြောလို့ မရဘူးလား"
ဆရာလျောင်က သူ့လက်ကို ဝှေ့ယမ်းပြီး
"မဟုတ်ဘူး... မင်း စိတ်ရှည်ရှည်နဲ့ နားထောင်... ငါ အစကတည်းက စခဲ့ရမှာ... ဒါပေမဲ့ ငါဘယ်လိုလုပ် ချက်ချင်း ပြောနိုင်မှာလဲ ... ဆိုတော့ ငါတို့ပြောခဲ့တဲ့ သွေးစတေးမှုကနေ စရမယ်..."
လတ်စသတ်တော့။ အနောက် ကျိုးမင်းဆက်ရှိ လူနည်းစု တိုင်းရင်းသားများ၏ ကိုယ်ကျိုးစွန့်လုပ်ဆောင်မှုများတွင် အဓိကအားဖြင့် သွေးစတေးခြင်း ဟူသည့်အရာ သုံးကြတာကို တွေ့ရသည်။ထိုအချိန်က တိုင်းရင်းသား လူနည်းစုများသည် ယခုလက်ရှိ သူတို့နှင့် လုံးဝကွဲပြားကြသည်။ အဲဒီတိုင်းရင်းသားတွေဟာ ပျောက်သွားတာ သို့မဟုတ် ဟန်လူမျိုးအဖြစ် ပေါင်းစည်းခဲ့ကြသည်။
ကြီးမားသော သွေးယဇ်ပူဇော်မှုများကို ဟန်လူမျိုးတို့၏ တရားဝင်သမိုင်းတွင် မှတ်တမ်း တင်မထားသော်လည်း တချို့သော တိုင်းရင်းသား လူနည်းစုများ၏ နေရာများတွင် ကွက်ကြားတွေ့ရှိရသည်။ ကံမကောင်းစွာဖြင့် ဘာသာစကားနှင့် အရေးအသားများ ပျောက်ဆုံးသွားခြင်းကြောင့် အသေးစိတ် အချက်အလက်များကို ထပ်မံ မသိရှိရတော့ချေ။
တိုင်းရင်းသား လူနည်းစုတို့၏ ဝတ်ပြုရာ နေရာများသည် အလွန်မြင့်မြတ်လှသည်။ အစောင့်အကြပ်များ သာမက ယဇ်ပုရောဟိတ်များသည် ၎င်းတို့၏ နတ်ဘုရားများကို နှောင့်ယှက်ခြင်းမှ ကာကွယ်ရန် မှော်ပညာတစ်မျိုးမျိုးကို ပြုလုပ်တတ်ကြသည်။ တိုင်းရင်းသား လူနည်းစုများ၏ ဒဏ္ဍာရီများထဲတွင် စာလုံးပေါင်းသတ်ခြင်း ဖြစ်စဉ်သည် အလွန်လျှို့ဝှက် ဆန်းကြယ်လေ၏။ ဤထူးဆန်းသော နည်းပညာကို ယနေ့တိုင် ကူးသန်းပြီး ဝတ္ထုများတွင်လည်း အစွမ်းထက်လှသော ယဇ်ပူဇော်ခြင်း နည်းပညာအဖြစ် ထင်ရှားလာပါသည်။
[TN - စာလုံးတွေ ပေါင်းပြီးရင် ယဇ်ပူဇော်လိုက်တာမျိုးကို ပြောတာ ထင်တယ်]
ဆရာလျောင်က ထပ်ပြောသေးသည်။ ဝမ့်၊ကျင့် တောင်ပိုင်း နှင့် မြောက်ပိုင်း မင်းဆက်များတွင် ကူပညာရပ်တွေ အမျိုးမျိုး ပေါ်လာခဲ့သည်။ ထို့နောက် စုန့်မင်းဆက်တွင်လည်း နောက်တစ်ကြိမ် ပေါ်ထွန်းကာ ချင်မင်းဆက် မတိုင်မီကလည်း ကူပညာရပ်တွေက အလွန်အစွမ်းထက်ပြီး ယနေ့ခေတ်တွင် စူပါပါဝါများကဲ့သို့ပင် ဖြစ်သော်လည်း ကူပညာရပ် အားလုံးကတော့ အလွန်အစွမ်းထက်ကြတာချည်းပင်။ ထိုအချိန်က ကူပညာရပ်ကို ကူပိုးကောင်ပညာဟုလည်း ခေါ်သည်။ မျက်နှာဖုံးစွပ်ထားသော မျောက်များနှင့် အလောင်းများသည် လျှို့ဝှက်ဆန်းကြယ်ပြီး နားမလည်နိုင်သော အရာများ ဖြစ်တာကြောင့် ဒါတွေက ရှေးဟောင်းအဆိပ်ရဲ့ ထုတ်ကုန်များ ဖြစ်နိုင်သည်။
ဆရာလျောင်ဟာ သူအရင်က အဆိပ်တစ်မျိုးကို ကြားဖူးကြောင်း ပြောပြသည်။ ချီးကူဟုခေါ်သော အဆိပ်တစ်မျိုးက လူကို ရန်လိုစေသည့် အဆိပ်တစ်မျိုး ဖြစ်ပေ၏။ မျက်နှာဖုံးနောက်ကွယ်ရှိ ပါးစပ်အပေါက်နှင့် လည်ချောင်းအတွင်းသို့ စိမ့်ဝင်သွားသော ပိုးကောင်များသည် ရှေးခေတ်က ချီးကူကောင် ဖြစ်ကောင်းဖြစ်နိုင်သည်။ ပိုးကောင်သည် တိရစ္ဆာန် သို့မဟုတ် လူတွေရဲ့ အာရုံကြောစနစ်ကို ထိခိုက်စေနိုင်ပြီး သူစိမ်းများကိုလည်း တိုက်ခိုက်နိုင်သည်။ ဒါကြောင့် သူတို့ရဲ့မျက်နှာဖုံးကို ဝူရှဲ့ ရိုက်ချိုးပြီးတဲ့ နောက်မှာတော့ မျောက်က သူ့ရဲ့ သဘာဝအတိုင်း ပြန်လာပေမယ့် အလိုလို သူတို့နဲ့ ခပ်ဝေးဝေးမှာ နေနေခဲ့၏။
ချီးကူသည် လက်ခံကိုယ်၏ ခန္ဓာကိုယ်ထဲတွင် မျိုးပွားနိုင်သည်။ လက်ခံကိုယ်က သေဆုံးပြီးနောက် ၎င်းတို့သည် ဤမျက်နှာဖုံး အပေါက်ကဲ့သို့သော တစ်နေရာရာတွင် သူတို့ကိုယ်သူတို့ တွယ်ကပ်နေကာ နောက်လက်ခံကိုယ်ထံသို့ ချဉ်းကပ်လာရန် စောင့်ဆိုင်းနေတတ်သည့် ကပ်ပါးပိုး ဖြစ်ပေသည်။
ဤမံမီ ရုပ်အလောင်းသည် တစ်ချိန့ချိန်က ဤနေရာတွင် အမဲလိုက်ခဲ့သော မုဆိုးတစ်ယောက် ဖြစ်ကောင်း ဖြစ်နိုင်သည်။ ကံမကောင်းလောက်အောင်ပင် သူသည် မြုံနေသော ချီးကူတစ်ကောင်ကို တွေ့ပြီး ဤရှေးခေတ် ဆိုးညစ်သော မှော်အတတ်ကို ထိမိသွားခဲ့သည်။
ဒါပေါ့။ ဒီလိုဖြစ်သွားတယ် ဆိုပြီး မှတ်တမ်းတင်ထားတဲ့ အရာ လုံးဝမရှိသလို အဲဒါက အစစ်လားဆိုတာလည်း ဝူရှဲ့ မသိပါဘူး။ ဒါပေမဲ့ မျက်နှာဖုံးမှာ ဖုံးကွယ်ထားတဲ့ ပိုးကောင်တွေ ရှိနေသလို လူတွေရဲ့ လည်ချောင်းထဲကို ထိုးဖောက်ဝင် ရောက်နိုင်တယ် ဆိုတာတော့ ငြင်းလို့မရပေ။ သာမာန်ကိစ္စ မဟုတ်တာ သေချာတာမို့ သတိထားပြီး သတိပြုရမည်။
ဆရာလျောင် ပြောတာကို ကြားပြီးတော့ ဝူရှဲ့ တကိုယ်လုံး တဆတ်ဆတ် တုန်လာမိသည်။ တကယ်တော့ သူဒီကိုမလာခင်မှာ အဘိုးအိုက သူတို့ကိုပေးခဲ့တဲ့ အချက်အလက်တွေထဲမှာ အလားတူ အကြောင်းတွေ ပြောခဲ့ဖူးပေမယ့် အဲဒီအချိန်မှာ တစ်ချက်ပဲ ကြည့်လိုက်မိသည်။ အဲဒီတုန်းက သူတွေးခဲ့မိတာဟာ ဒါကြီးက အမေရိကန် ဇာတ်ကားထဲက ရုပ်ရှင်ဇာတ်ကွက်တွေနဲ့ အတူတူပဲလို့ ထင်ခဲ့ပေမယ့် တကယ်ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ အမေရိကန်ရဲ့ သိပ္ပံဇာတ်လမ်းတွေက သူတို့ ဘိုးဘေးဘီဘင်တွေရဲ့ နည်းပညာကို အသုံးချပြီး ရေးဆွဲထားမယ်လို့ မထင်ထားခဲ့ပေ။ အခုတော့ တော်လိုက်တာလို့ ပြောရမလား ရှက်လိုက်တာလို့ ပြောရမလား မသိတော့ချေ။
လှည့်ကြည့်လိုက်တော့ ထူးဆန်းသော အလောင်းသည် ပြုံးနေပုံရသော်လည်း မပြုံးမသာ မျက်နှာဖုံးဖျော့ဖျော့ဖြင့် ထိုနေရာတွင်သာ မလှုပ်မယှက် တွဲလောင်းကျနေတာကို တွေ့လိုက်ရသည်။
လောင်းယန်မှာ အနည်းငယ် ရုပ်ဆိုးသွားပြီး ဒေါသတကြီး ရေရွတ်လိုက်သံ။
"ခင်ဗျား ပြောတာတွေကလည်း ကြောက်စရာကြီး... ဒီချီးကူကို ချိတ်မိသွားရင် ချက်ချင်း ပြန်ဖြုတ်ပစ်ရင် ကောင်းသွားမှာပါ ဟုတ်တယ်မလား? ဖုံးကွယ်ထားတဲ့ အန္တရာယ်တွေဘာတွေ ရှိသေးလား?"
ဆရာလျောင်က "ဒါကို ငါလည်းမထိဖူးဘူးလေ... ချီးကူကောင်တွေကို ဖယ်ပစ်ဖို့က အရမ်းခက်တယ်... အသားက တွဲကပ်နေရင် ငါ့အထင်တော့ ဒါကို ရိုးရိုးရှင်းရှင်း ဖြတ်ပစ်လို့ မရလောက်ဘူး... ဒီလိုအခြေအနေမျိုးမှာ ကြိုတင်ကာကွယ်ဖို့က ဦးစားပေးပဲ... ဒီအလောင်းတွေနားကို အတတ်နိုင်ဆုံး အနားမကပ်သွားနဲ့.. ဦးလေးထိုက်လို ဒီလောကရဲ့ လူဟောင်းတောင် ဒီကနေ ပြုတ်ကျသွားတာ... ငါတို့လည်း အမှားအယွင်း မရှိရအောင် သတိထားရမယ်"
လောင်းယန်မှာ မျက်မှောင်ကြုတ်ပြီး တစ်ခုခု ပြောချင်သော်လည်း နောက်ဆုံးတော့ စကားမပြောနိုင်တော့ပေ။ ထိုအချိန်တွင် ဝူရှဲ့လည်း တောင်တက်ဖို့ ဘယ်လောက် ကြာဦးမလဲလို့ မေးကြည့်တော့ တောင်ထိပ်က ထူထပ်တဲ့ သစ်ကိုင်းတွေနဲ့ ဖုံးထားရင် မောပန်းနွမ်းနယ်ပြီး တောင်ထိပ်ကို မရောက်နိုင်သေးဘူးလို့ ဆိုသည်။ လောင်းယန်က အပေါ်ထပ်က သစ်ကိုင်းတွေကတော့ ကျဲပါးသွားပြီလို့ ပြောပါ၏။
စောစောက သူတက်သွားတဲ့အခါတုန်းက သူ့မှာ ဓာတ်မီးအသေးစားလေးပဲ ရှိပြီး အလင်းရောင်က အရမ်းသေးလွန်းသည်။ ဒီလိုအလောင်းတွေကို သတိမထားမိသလို မျောက်တွေကလည်း သူ့ကိုလာတိုက်ခိုက်တဲ့ အတွက် အခုသူဘယ်ကို ရောက်နေမှန်း မသိတော့ချေ။ ဒါပေမဲ့ ရှေးခေတ်ကတည်းက ဟွမ်ရှန်းတောင်မှာ မှတ်တိုင်တစ်ခုပဲရှိတယ်။ သူတို့လည်း ဒီအတိုင်းဆက်တက်ရင် တခြားနေရာတွေကို မသွားနိုင်တော့ပါဘူး။
ဝူရှဲ့လည်း ဒီမှာ အကြာကြီးနေဖို့ မသင့်တော်ဘူးလို့ ခံစားမိတဲ့အတွက် ထိုနှစ်ယောက်ကို ဒီဘက်အရင် ပြန်လာခိုင်းလိုက်သည်။ ဆရာလျောင်က သူ့တွင် ဆူဖြိုးသော သူဌေးတစ်ဦးလည်း ရှိကြောင်း ပြောကြသည်။ ထိုပုဂ္ဂိုလ်သည် သူတို့အပေါ်တွင် ရှိနေတာ ဖြစ်နိုင်ချေများ၏။ သူ့ကိုသာအရင် အရောက် သွားခိုင်းလိုက်ရင် သူတို့သုံးယောက်ဟာ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အခြေအနေမှာ သေသွားနိုင်သည်။
လောင်းယန်ကလည်း "ပြောတာ အဓိပ္ပာယ်ရှိတယ်.... ခဏစောင့် အပေါ်က ချုံခိုတိုက်ခိုက်တာမျိုး ရှိမရှိ သိနိုင်ဖို့ မီးတောက်ကို လွှတ်လိုက်မယ်...."
ဆိုကာ မီးသေနတ်ကို ထုတ်ကာ အထက်သို့ တည့်တည့် ချိန်၍ ပစ်ခတ်လိုက်သည်။
မီးတောက်က ဘာကိုမှမထိဘဲ ထိပ်သို့ ပျံတက်သွားသည်။ စိတ်ထဲမှာ နည်းနည်း တွေးလိုက်တာက ဒီကျည်ဆန်ဟာ အနည်းဆုံး မီတာ 200 ကျော် အမြင့်ကို ထိသွားနိုင်တယ်။ တက်ဖို့ မီတာ 200 ကျော်ကျန်သေးတာ ဖြစ်နိုင်ပါ့မလား။ ဒါကြီးကမှ သူတို့ကို တကယ် သေစေလိမ့်မယ်။
မီးတောက်က စတင် လောင်ကျွမ်းနေပြီး သူတို့သုံးယောက်လည်း မျှော်ကြည့်နေမိသည်။ သေချာတာပေါ့။ အဝေးက သစ်ကိုင်းတွေက ကျဲသွားပြန်ပြီ။ ဘာကြောင့်ဒီလိုပုံစံ လုပ်ထားရလဲ ဆိုတာကို ဝူရှဲ့လည်း မသိနိုင်ပါဘူး။ ဒါ့အပြင် မီတာ 200 အကွာအဝေးက အောက်ဖက်က မီတာ 200 အကွာအဝေးလို မဖြစ်နေပေ။ အပေါ်က ဘာတွေလဲ ဆိုတာတော့ မပြောနိုင်ပေမယ့် တစ်ခုခုတော့ မြင်နေရသေးသည်။
အချက်ပြမီး ကျဲသွားသောအခါ လောင်းယန်က ၎င်းကို ခဏတာ စောင့်ကြည့်ပြီး
"ကြည့်ရတာ အဲဒီကွမ်တုံးက သူဌေးက အပေါ်ကနေတော့ ချောင်းကြည့်နေတာ မဟုတ်ဘူးပဲ ... ဦးလေးထိုက် တစ်ယောက်တည်း ဒီကို အရှင်လတ်လတ် ဝင်လာခဲ့တာ ဖြစ်နိုင်တယ်။ ပြောရရင် အပြင်က အခေါင်းပုံစံကလည်း အဲဒီလို မဟုတ်...... ဟေ့ အဲဒါတွေက ဘာတွေလဲ?"
အချက်ပြမီးတောက်သည် သူတို့နှင့် မီတာခြောက်ဆယ်ကျော်အကွာမှ ပြုတ်ကျသောအခါ ထိုအပိုင်း၏ ကြေးနီပင်စည်ပေါ်တွင် အချွန်အတက် များစွာကို တွေ့လိုက်ရသည်။ သုံးယောက်သား သေသေချာချာ ကြည့်လိုက်တော့ ခေါင်းနဲ့ နောက်ကျောမှာ ထုံကျင်လာပြီး ခြေဖဝါးပေါ်အထိ ချွေးအေးတွေ ထွက်ကျလာတော့သည်။ အဲဒါကို ထူးဆန်းတဲ့ မျက်နှာဖုံးတွေလို ဆိုရမှာပေါ့။
[TN - အစ်ကိုလေး where are you??]