ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ချင်လင်နတ်သစ်ပင်
Chapter (23)
အက်ကြောင်း
ဝူရှဲ ဦးလေးထိုက် အကြောင်းကို တွေးမိသွားပြီး စိတ်တွေ ကျဉ်းကျပ်လာသည်။ သူတို့အားလုံး ရေတံခွန်ပေါ်ကနေ အပြေးအလွှား လိမ့်ဆင်းလာကတည်းက သူတို့ဆီကနေ ဘာသတင်းမှ မကြားခဲ့ရချေ။ အခု သူတို့ တက်လာတာများလား? ဒါကို တွေးကြည့်တော့လည်း မဟုတ်သေးသလိုပင်။ အပြင်က နဂါးမီးဟာ ခဏတာအတွင်း မငြိမ်းနိုင်သလို အုတ်ဂူကလည်း ပြိုကျသွားပြီ။ သူတို့ ဖြတ်မသွားနိုင်ဘူး။ ဒုတိယအနေနဲ့ အပေါ်ကိုတက်ဖို့ မီးထွန်းရမယ့် ကိရိယာတွေလည်း လိုအပ်တယ် မဟုတ်လား။ အောက်က မီးတိုင်ပ မီးငြိမ်းသွားပြီ။ ဓာတ်မီးအလင်း မရှိဘဲ အမှောင်ထဲကနေ တက်လာစရာ အကြောင်းမရှိတော့ဘူး။
ဒါဆို အပေါ်ကို တက်လာတာက ဘာကြီးလဲ?
ဒါကိုတွေးပြီး ဝူရှဲမှာ အေးစက်နေတဲ့ ချွေးတွေပါ ထွက်ကျလာတော့သည်။ သူတို့ရှိနေတဲ့ အမြင့်ပေက တစ်ဒါဇင်လောက်ပဲ ရှိရာ တိုက်ခိုက် လှုပ်ရှားဖို့ နေရာကလည်း အကန့်အသတ်နဲ့မို့ ကြီးကြီးမားမား လှုပ်ရှားဖို့ ခက်သည်။ တစ်ခုခု ထူးထူးခြားခြား ဖြစ်သွားရင် ဘယ်လို ဖြေရှင်းရမှန်း မသိတော့အေ။
လောင်းယန်က ဆင်းကြည့်ကြမလား ဆိုတဲ့ အဓိပ္ပာယ်နဲ့ မျက်တောင်ခတ်ပြပြီး အောက်ဖက်ကို ညွှန်ပြလာသည်။ ဝူရှဲ သူ့ကို စိတ်အေးအေးထားဖို့ လက်ကို ဝှေ့ယမ်းပြလိုက်သည်။ ရန်သူက ပုန်းနေပြီး သူတို့ကအလင်းထဲမှာ ရှိနေတာကြောင့် သူတို့မဆင်မခြင် လုပ်လို့ မဖြစ်ချေ။ ဦးလေးထိုက်နဲ့ တခြားသူတွေ တကယ် အမှောင်ထဲ ပေါ်လာရင် မလွှဲမရှောင်သာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်လာလိမ့်မယ်။ တစ်ယောက်နဲ့ တစ်ယောက် တွေ့ရင် ကျည်ဆံတွေက မျက်လုံးတွေမပါတဲ့အတွက် နီးနီးကပ်ကပ် အကွာအဝေးမှာ နှစ်ဖက်စလုံး ဒဏ်ရာရသွားနိုင်သည်။ ဒါကို တွေးရင်းနဲ့ ဝူရှဲစိတ်ထဲ အစီအစဉ်တစ်ခု ပေါ်လာကာ ခါးပတ်ကို ချက်ချင်း ချွတ်ပြီး မီးရှူးတိုင်ကို သစ်ကိုင်းမှာ ချည်ထားလိုက်သည်။ ပြီးနောက် လောင်းယန်နဲ့ ဆရာလျောင်ကို ခေါ်ပြီး မီးမထွန်းထားတဲ့ အမှောင်ထဲမှာ ပုန်းနေလိုက်သည်။
အောက်ခြေက လူတွေက သူတို့ကို ကြည့်တဲ့အခါ သူတို့မီးအလင်းရောင်ကိုပဲ မြင်နိုင်သည်။ ဒါကြောင့် သူတို့လည်း အမှောင်ထဲမှာ ပျောက်သွားရင် ဆန့်ကျင်ဘက်အနေနဲ့ တစ်ဖက်လူတွေကို ထောင်ဖမ်းနိုင်ပြီ။
လူ ၃ ယောက် အသီးသီး အသက်ရှုသံကို ထိန်းထားကာ နားကို လက်နှင့်အုပ်ကာ ကြေးနီသစ်ပင်၏ ပင်စည်နှင့် ကပ်ထားကြသည်။ ခပ်လှမ်းလှမ်းမှ ထွက်ပေါ်လာသော အလွန်တုန်လှုပ်ဖွယ် အသံကို ခံစားရသည်။ အသံကြိမ်နှုန်းက ဖရိုဖရဲဖြစ်ပြီး မြန်ဆန်နေရာ လူအများအပြား အဆက်မပြတ် တက်လာနေသကဲ့သို့၊ ကြေးနီပင်ပေါ်က စာကြောင်းတွေကို လက်သည်းနဲ့ ကုတ်ခြစ်နေသကဲ့သို့ အသံတွေကြောင့် နားထောင်ရင်းနဲ့ ပိုပိုပြီး စိတ်မသက်မသာ ခံစားလာရသည်။ ဦးလေးထိုက်တို့က နှစ်ယောက်ပဲ ရှိတော့ ဒီလောက် သည်းမခံနိုင်တဲ့ အသံကို မလုပ်နိုငိလောက်ပေ။ ကြွက်တွေများ သူတို့နောက်ကနေ လိုက်လာတာများလား။
တွင်းအပေါက်ကို အခုနတုန်းက သေချာ ဂရုမစိုက်မိတာကို စိတ်ထဲ နောင်တရမိသလို တိတ်တိတ်လေးလည်း ကျိန်ဆဲလိုက်သည်။ ဝူရှဲ ညာဖက်လက်မှ အိမ်လုပ်သေနတ်ကို လောင်းယန်ထံ လွှဲပေးလိုက်ပြီး သူ့ရှေ့မှာ ရပ်နေတဲ့ လောင်းယန်က မောင်းတင်ထားပြီး နှစ်ယောက်သား အချိန်မရွေး တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပါပြီ။
ဧည့်သည်က မဆိုင်းမတွဘဲ အလွန်လျင်မြန်စွာ ရွေ့လျားသွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့အောက်သို့ ရောက်နေပြီဖြစ်သည်။ မီးတုတ်ရဲ့ အလင်းရောင် အကွာအဝေးထဲကို မဝင်ခင်မှာ လူတွေလို့ထင်ရတဲ့ ဝိုးတဝါး အရိပ်တချို့ကို ယောင်ဝါးဝါး မြင်နေရပေမယ့် ဟုတ်ပုံမပေါ်ပါဘူး။ ဝူရှဲ လက်ဖဝါးမှ ချွေးတွေထွက်လာပြီး သေချာကို အာရုံစူးစိုက်ထားသဘ်။ စက္ကန့်အနည်းငယ် ကြာတော့ အချိန်တွေ ရပ်တန့်သွားသလို ဖြစ်သွား၏။
ရုတ်တရက် အောက်ခြေမှအရာကို ကြည့်ရင်း လောင်းယန်ရဲ့ မျက်နှာက အလွန်ထိတ်လန့်သွားကာ
"Fuck! တက် တက်! မြန်မြန် တက်သွားတော့!"
သူ့စကားမဆုံးခင်မှာ ဆရာလျောင်က တစ်ခုခုကို မြင်လိုက်ပုံဖြင့် အသံထွက်လာသည်။ ဝမ်းနည်းစွာ အော်ဟစ်ရင်း လူနှစ်ဦးသည် တစ္ဆေတစ်ကောင်ကိုပဲ မြင်လိုက်ရသလို အထက်သို့ အလျင်အမြန် ပြေးတက်သွားကြသည်။
သူတို့ မြင်လိုက်ရတဲ့ ကြောက်စရာကောင်းတဲ့ အရာတွေကို ဝူရှဲ မသိလိုက်ပါဘူး။ မသိစိတ်က အောက်ကို ငုံ့ကြည့်လိုက်တော့ အမှောင်ထဲမှာ တွားသွားနေတဲ့ အရာတစ်ခုကို တွေ့ပေမယ့် ရှင်းရှင်းလင်းလင်း မမြင်ရသေးချေ။ ဝူရှဲ မလှုပ်မရှားဖြစ်နေတာကို မြင်သောအခါ လောင်းယန်က လှည့်အော်လေသည်။
"လောင်ဝူ... မင်းကဘာကိစ္စနဲ့ ရပ်နေတာတုန်း! မြန်မြန် ပြေးတော့ ဘာလုပ်နေတာလဲ"
သူ့မျက်နှာက အလွန်ဖြူဖျော့နေပြီး သူ့စိတ်ထဲမှာ တုန်လှုပ်ခြောက်ခြားသွားတယကို သတိပြုမိလိုက်သည်။ ဘာတွေဖြစ်နေမှန်း မသိပေမယ့် မီးတုတ်ကိုဆွဲထုတ်ကာ အံကြိတ်၍ သူ့နောက်သို့ လိုက်သွားခဲ့သည်။
သူတို့မျက်နှာပေါ်က အမူအရာတွေကြောင့် ဝူရှဲပါ ကူးစက်ခံရပြီး အရမ်း တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ ဘာတွေကြောင့် မြန်မြန်ဆန်ဆန် တက်နေရမှန်း မသိချေ။ တက်လေလေ သူ့တစ်ကိုယ်လုံး ပိုအေးလေလေ၊ ပိုအေးလေ ပိုတက်လေ ပိုမြန်လေ ဖြစ်နေသည်။ နောက်ဆုံးတော့ သူ့မှာလုံးဝ ရူးသွပ်တဲ့ အခြေအနေကို ရောက်သွားတော့သည်။ ဦးရေပြားက ထုံကျင်နေပြီး တစ်ကိုယ်လုံး တောင့်တင်းနေသလို ခံစားလိုက်ရသည်။ သူတို့နောက်ကို လိုက်ဖို့ စဉ်းစားရုံနဲ့ကလွဲပြီး တခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ဘူး။
စီးကရက်တစ်လိပ် သောက်ပြီးချိန်လောက်နောက် ရှေ့ဆုံးက ဆရာလျောင် ရပ်တန့်သွားသည်။ ဝူရှဲ သူ့ဘေးနားကို တွားသွား တက်သွားပြီး ကြည့်လိုက်တော့ ဆရာလျောင်မှာ မတက်ချင်နေတာ မဟုတ်ဘဲ သွားလို့မရတော့တာကို တွေ့လိုက်ရသည်။ သူ့မျက်နှာမှာ အရောင်မရှိလောက် ဖြူစုတ်နေပြီ။
သူ့တစ်ကိုယ်လုံးကလည်း မိုးရွာချထားသလို ချွေးတွေထွက်နေသည်။ ဝူရှဲက ဆက်တက်ဖို့ ပြင်နေတာတွေ့တော့ သူက ဝူရှဲခြေထောက်တွေကို ပွေ့ဖက်ထားလိုက်ပြီး
"ခဏနေ...ခဏနေဦး! ငါ့ကိုထားမသွားပါနဲ့... ငါ...ငါ... ခေတ္တအနားယူမှာပါ ပြီးရင် မင်းတို့နဲ့ အတူတူတက်မယ်!"
သူကဆွဲထားရာ ဝူရှဲ ရပ်လိုက်တာနဲ့ ခြေထောက်တွေ အားနည်းသွားသလို ခံစားလိုက်ရသည်။ ထိုအခိုက် ခွန်အားတွေကို အသုံးမချနိုင်တော့ဘဲ ခြေလက်များက ထိန်းမနိုင်သိမ်းမရ တုန်လာသည်။
အစောပိုင်းက ရေကူးခြင်းနဲ့ တောင်တက်ခြင်းတွေဟာ အလွန်အမင်း ဖိစီးစရာကောင်းတဲ့ ပတ်ဝန်းကျင်မှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ရသည်။ ဒါကြောင့် ကြွက်သားတွေက ပင်ပန်းနေပြီ။ အခုလည်း ရုပ်ပိုင်းဆိုင်ရာ အလုပ်တစ်ခုကို တောင်းဆိုနေတဲ့ တောင်တက်ရတဲ့ အလုပ်တစ်ခုက ရောက်လာပြန်၏။ ကံကောင်းထောက်မစွာ မရပ်ခင်က သတိမထားမိပေမယ့် ရပ်လိုက်တာနဲ့ ကြွက်သားတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားသည်။ သွားတွေ ကြိတ်ထားတာတောင် ဘာမှလုပ်လို့ မရတော့ဘူး။
ဝူရှဲ အရမ်းစိတ်ပူနေပေမယ့် အားအင်က မရှိတော့ပေ။ မျှော်ကြည့်လိုက်တော့ အပေါ်မှာ အရမ်း မှောင်နေတာရာ ဘယ်လောက်မြင့်မှန်းပင် မသိရပေ။ ဝူရှဲ ကျောပြင်တစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရသည်။ ဒီအတိုင်းဆို မျောက်နှစ်ရောက်တဲ့အထိ တက်ရဦးမည်။ တောင်ထိပ်ကို တက်ပြီးရင်လည်း တိုက်ပွဲကြီးတစ်ခုက ဖြစ်ကိုဖြစ်မှာပဲ။ ဒါ့အပြင် ကာယခွန်အားက ပိုတောင်ဆိုးလာပြီး ပြန်တိုက်နိုင်မှာတောင် မဟုတ်တော့ပေ။ သေနတ်တစ်လက် ရှိနေသေးတာကိုတွေးပြီး ဆရာလျောင်အား မီးတုတ်ကို ပေးလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူက ဖိုက်ကျစ်လျောက် (အိမ်လုပ်သေနတ်)ကို ယမ်းခါပြီး အောက်ကို ညွှန်ပြလိုက်သည်။
"ဖာ့ခ်! ငါ တက်လို့မရတော့ဘူး... မေ့လိုက်တော့ ဘယ်သူ့ကို ဂရုစိုက်နေရမှာလဲ? ဘယ်ကောင်ပဲလာလယ သူနဲ့ တိုက်လိုက်တော့မယ်!"
ဆရာလျောင်မှာ ဝူရှဲ ပြောတာကို ကြားတော့ သူ့မျက်နှာက မှုန်ကုပ်ကုပ်ကြီး ဖြစ်သွားကာ ကြေးနီပင်ပေါ်ကနေ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ ဝူရှဲ သူ့ကို အမြန်ထောက်ကူပြီး လှည့်ကြည့်လိုက်တော့ လောင်းယန်ကို ရှာမတွေ့တာ တွေ့လိုက်ရတော့ ကမန်းကတန်း မေးလိုက်၏။
“လောင်းယန် ဘယ်မှာလဲ? သူအစောတုန်းက အပေါ်ရောက်နေတာ မဟုတ်ဘူးလား?"
ဆရာလျောင်မှာ စကားပြောဖို့တောင် ခွန်အား မရှိသလောက်ပင်။ သူသည် သူ့လက်ကို ဝှေ့ယမ်းကာ အောက်ဘက်သို့ ညွှန်ပြလိုက်သည်။
သူတို့သစ်ပင်ပေါ်တက်တုန်းက တစ်လမ်းလုံး ပြေးနေခဲ့ကြရတာကို သတိရမိသွားသည်။ လောင်းယန်က ဝူရှဲမီးတုတ်ကို ကိုင်ထားခဲ့တာကို မြင်လိုက်ရသည်နှင့် သူ့နောက်ကနေ လိုက်ပေးဖို့အတွက် အနောက်မှာ နေခဲ့သည်။ သို့နှင့် ဝူရှဲလည်း ဆရာလျောင်အား မီးတုတ်ကို အောက်နည်းနည်းချဖို့ ပြောလိုက်သည်။ ထိုအခိုက်တွင် အလင်းရောင် အောက်က အရာသည် သူ့ဝိညာဉ်ကိုပါ ကြောက်လန့်စေ၏။ အောက်ဖက်က အမှောင်ထုထဲရှိ မျောက်တစ်ကောင်လို လူတစ်ယောက်သည် ကြေးနီကိုင်း တစ်ကိုင်းပေါ်မှာ တွယ်ကပ်လျက် သူတို့ကို အသက်မဲ့စွာ ကြည့်နေတာကို မြင်လိုက်ရသည်။
အဲဒီလူရဲ့ မျက်နှာဟာ သာမန်လူ တစ်ယောက်ရဲ့ ထက်ဝက်လောက် အရွယ်အစားရှိပြီး သူ့မျက်နှာဟာ ကျောက်တုံးနဲ့ ထုလုပ်ထားသလိုပဲ လူတစ်ယောက်ရဲ့ အငွေ့အသက်မျိုး တစ်စက်ကလေးမှ မရှိပေ။ ဆရာလျောင် မီးတုတ်ကို ချလိုက်သောအခါ ရုတ်တရက် မီးတောက်များက ၎င်းကို အနီးသို့ ရောက်လာရန် တားမြစ်လိုက်သကဲ့သို့ ဖြစ်သွားသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် သူ့မျက်နှာထက်တွင် အပြုံးတစ်ခုလို ပြုံးပြနေသော်လည်း အပြုံးမဟုတ်သည့် အမူအရာတစ်ခု ရှိနေတာကြောင့် ကြည့်ရတာ အလွန်ထူးဆန်းနေသည်။
ထိုမျက်နှာကို မြင်လိုက်တော့ လောင်းယန် သူတို့အောက်မှာ ရှိနေပြီး အခုသူပျောက်သွားပြီလို့ တွေးမိလိုက်တာနဲ့ စိတ်ထဲမှာ တုန်လှုပ်သွားတော့သည်။ တစ်ခုခုများ ဖြစ်နေပြီလား။ ဒါပေမဲ့ သူ့လက်ထဲမှာ ပစ္စတိုသေနတ်တစ်လက် ကိုင်ထားတာကြောင့် သေနတ်သံတွေ မကြားရရင် သူအောက်မှာ ပုန်းနေဦးမယ်လို့ ထင်ရလေသည်။
ဆရာလျောင်လည်း ထိုမျက်နှာကို မြင်သောအခါ အလွန်ထိတ်လန့်သွားပြီး ထူးဆန်းသော အော်သံကြီး ထွက်လာပြီး လျင်မြန်စွာ ပြေးတက်သွားတော့သည်။ ဝူရှဲသူ့ကိုတားဖို့ အချိန်နှောင်းသွား၏။ လှည့်ကြည့်သောအခါတွင် ထူးဆန်းသော ထိုမျက်နှာကြီးကို ရုတ်တရက် တွေ့လိုက်ရကာ ၎င်းက သူ့ခြေရင်းမှာ နီးနေပြီ။
အဝေးကဆို ကြည့်လို့အဆင်ပြေပေမယ့် အခုတော့ အရမ်းနီးနေပြီ။ ခြေဖဝါးအောက် ရောက်နေတဲ့ အနှီမျက်နှာက ပြင်းပြင်းထန်ထန် ပြုံးနေတာကို တွေ့လိုက်ရ၏။ မထင်မှတ်ထားရာ အရာတွေနဲ့ တွေ့တဲ့အခါ ဘယ်လိုမှ မထိတ်လန့်ဘဲကိူ မနေနိုက်ရာ လက်ကို အသာလေး ဝှေ့ယမ်းပြီး ပစ်သတ်လိုက်၏။ ကျယ်လောင်သော “ဖောင်း” ဟူသော အသံတစ်ခု ထွက်ပေါ်လာပြီး အိမ်လုပ်သေနတ်က ၎င်းရဲ့ မီးလျှာကို ထွေးထုတ်ကာ ဧရာမမျက်နှာကို ထိမှန်သွားလေသည်။
ဤပစ်ခတ်မှုသည် အလွန် နီးကပ်လွန်းသဖြင့် ဧရာမမျက်နှာ တစ်ခုလုံးကို တိုက်ရိုက် ကွဲကြေသွားစေခဲ့သည်။ အင်အားကြီးမားသော မျက်နှာကြီး၏ ခန္ဓာကိုယ်သည် ကြေးနီပင်ပေါ်မှ ပြုတ်ကျကာ အမှောင်ထဲ ထိုးကျသွားတော့သည်။
အိမ်လုပ်သေနတ်က ဒီလောက်ထိ ထိရောက်မယ်လို့ မထင်ထားမိပေ။ ဝူရှဲ သက်ပြင်းတစ်ချက် ချရင်း တက်သွားပြီး ဆရာလျောင် ပြန်ဖမ်းဆွဲဖို့ လုပ်တော့မယ့် အခိုက်မှာပဲ ရုတ်တရက် ဘီလူးမျက်နှာကြီး လဲကျသွားတဲ့ နေရာကနေ မျက်နှာကြီးနှစ်ခုက ထွက်ပေါ်လာလေသည်။ ဝူရှဲ ထိတ်လန့်သွား၏။ ဝူရှဲ ဆရာလျောင်ကို ဆွဲတော့မယ့် လက်ကိုချလိုက်ပြီး ထပ်ပစ်ချင်ပေမယ့် ကျည်ကို နှစ်ကြိမ်ဆွဲလိုက်ပြီးပြီမို့ တုံ့ပြန်မှု မရှိတော့ပေ။ ဒီအိမ်လုပ်သေနတ်က ကျည်နှစ်ချက်လောက်သာ ထပ်ပစ်နိုင်သည်။ အစောက ပစ်ခတ်ပြီးနောက်မှာ လက်ပြန်ဖြုတ်ပြီး ပြန်ပြန်ဆွဲမှသာ ဆက်သုံးနိုင်လိမ့်မည်။
ဒါပေမဲ့ လက်ရှိအခြေအနေက ကျည်ဆံတွေကို အေးအေးဆေးဆေး ထည့်ခွင့်ပေးမနေချေ။ ဝူရှဲ ကျည်အိမ်ထဲကို ဖွင့်လိုက်တာနဲ့ ပခုံးပေါ်မှာ လက်သည်းခွာတစ်ချောင်းက ကပ်နေပြီ။ လှည့်ကြည့်လိုက်တော့ သူ့နှာတံပေါ် ကပ်နေပြီဖြစ်တဲ့ မျက်နှာကြီးကြီးကို တွေ့လိုက်ရလေ၏။ ဘယ်အချိန်ကတည်းက သူ့နောက်မှာ ထိုတစ်စုံတစ်ခုက ရောက်နေခဲ့တယ်မသိ။
ဆရာလျောင်က မီးတုတ်ကို အဝေးကြီး သယ်သွားပြီမို့ အလင်းရောင်က တဖြည်းဖြည်း မှိန်လာပါပြီ။ ဝူရှဲမှာ အဲဒီလူရဲ့ မျက်နှာသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရဘဲ အဲဒါက ဘာလဲဆိုတာ မပြောနိုင်တာကြောင့် ခွေးတစ်ကောင် နံရံကို ခုန်ကျော်လိုက်သလို တစ်ဖက်က သစ်ကိုင်းပေါ် ခုန်လိုက်ရုံကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။ ရလဒ်အနေနဲ့ ပင်စည်နဲ့ သူ့ခေါင်းက တိုက်မိခဲ့သည်။
ဒီတစ်ခါတော့ ခွန်အားတွေ အကုန်သုံးပြီး ခုန်လိုက်ပေမယ့် တိုက်မိသွားတဲ့ မျက်နှာက ကျောက်တုံးလို မာကျောနေမယ်လို့ မထင်ထားမိဘပေ။ တိုက်မိသွားတဲ့အခိုက် ခေါင်းက တဆတ်ဆတ်တုန်ပြီး သစ်ပင်ပေါ်ကနေ ပြုတ်ကျလုနီးပါး ဖြစ်သွားတော့သည်။ နောက်တော့ တစ်နေရာကနေ လောင်းယန်ရဲ့ အော်သံကို ရုတ်တရက် ကြားလိုက်ရသည်။
"ဖယ်ပေး!!"
တစ်ချိန်တည်းမှာပင် သေနတ်သံတစ်ခု ထွက်ပေါ်လာပြီး မီးရောင်ခြည်က ဝူရှဲခေါင်းဘေးရှိ ကြေးနီပင်ကို ထိမှန်ကာ ကောင်းကင်တစ်ခုလုံး မီးပွားများ ထွက်ပေါ်လာသည်။
ဝူရှဲ ကျည်ဆန်ချက်ကြောင့် မျက်စိကွယ်လုနီးနီး ဖြစ်သွားတာကြောင့် ဝေးရာသို့ အလျင်အမြန် ထွက်ခွာသွားရသည်။ မျက်နှာကို ထိလိုက်တာနဲ့ ချက်ချင်း ထိတ်လန့်သွားသည်။ ကျည်ဆန်ရဲ့ လေဝင်လေထွက်မှ သူ့မျက်နှာတွင် သွေးအမှတ်အသားတစ်ခု ရှိနေ၏။
လောင်းယန်က အောက်ဘက်တွင် ဆက်လက်ပစ်ခတ်နေသည်။ ခဏကြာသော် ကျည်ဆန်များသည် နေရာတိုင်းတွင် ပျံဝဲနေပြီး မီးပွားများလည်း နေရာတိုင်းတွင် ပြန့်ကျဲသွားသည်။ ကံမကောင်းစွာပဲ ပစ်မှတ်ကို မထိမှန်ချေ။ ၎င်းတို့အားလုံးနီးပါးက ကြေးနီပင်ကိုသာ ထိမှန်သွားကြသည်။ တချို့သော ကျည်ဆန်များသည် စကျင်ကျောက်များကဲ့သို့ သူ့မျက်စိရှေ့တွင် အကြိမ်ပေါင်းများစွာ ခုန်ပေါက်သွားကြသည်။
အဲဒီဘီလူးတွေကို ထိန်းဖို့ အချိန်မရှိတော့တာကြောင့် ဝူရှဲ ဘယ်ညာရှောင်ပြီး စိတ်ထဲမှလည်း လောင်းယန်ကို ကျိန်ဆဲလိုက်၏။ ဒီကောင်ရဲ့ ပစ်ချက်စွမ်းရည်က အတော်ဆိုးလှသည်။ ဒီအတိုင်း ဆက်သွားနေရင် ဒီနေ့ သူ့လက်ထဲမှာ သေသွားနိုင်သည်။
ဒါပေမဲ့ ဒီပစ်ခတ်မှုတွေက သူကို အချိန်ကုန်ရစေခဲ့သည်။ အဲဒီထူးဆန်းတဲ့ ကျည်ဆန်တွေကို တစ်ဖက်က မကောင်းဆိုးဝါးတွေဟာ နည်းနည်းသတိထားရပြီး နောက်ပြန် ဆုတ်သွားခဲ့သည်။ ဝူရှဲ သံသေတ္တာထဲက ကျည်ဆံနှစ်တောင့်ကို ထုတ်ပြီး စည်ထဲကို ထည့်ကာ လှုပ်လိုက်သည်။ သေနတ်ကို ဆွဲတင်ပြီး အနီးဆုံးနေရာက ထူးဆန်းတဲ့ မျက်နှာကို ချိန်ပြီး ပစ်ချလိုက်ရာ တစ်ဖက်အကောင်ဟာ တစ်ချက် လွင့်သွားပြီးနောက် ကြေးနီပင်ပေါ်က ပြုတ်ကျသွားလေ၏။
သူ့ရှေ့က ခြိမ်းခြောက်မှု အတွက် သက်သာရာရသွားပြီး လောင်းယန်ကိုကြည့်ဖို့ ချက်ချင်း ခေါင်းငုံ့လိုက်သည်။ အမှောင်ထုထဲက အကောင်တွေဟာ တဖြည်းဖြည်း ပိုများလာကာ မြင်နိုင်တဲ့ နေရာမှာပင် ဧရာမ မျက်နှာပေါင်း တစ်ဒါဇင်ကျော်ရှိနေပါပြီ။ တစ်ချိန်တည်းမှာပင် သူတို့သည် ဝူရှဲကို သဘောမကျသလို ကြည့်နေကာ တစ္ဆေသရဲလို လှုပ်ရှားရင်း ဝိုင်းရံထားကြတော့သည်။
ဒီအကောင်တွေက ဘာတွေလဲ ဆိုတာ နားမလည်နိုင်တာကြောင့် အလွန်အမင်း ထိတ်လန့်သွာ။ သူတို့ရဲ့ ခန္ဓာကိုယ်ပုံသဏ္ဌာန်ကို ကြည့်ရမယ်ဆိုရင် သူတို့ဟာ လူသားတွေ ဖြစ်သင့်ပေမယ့် ဒီလူတွေဟာ မျောက်လိုပုံစံနဲ့ ဘယ်လိုတက်နိုင်မလဲ ဆိုတာ ကောင်းကောင်း သိသည်။ ဒါ့အပြင် ဒီသတ္တဝါတွေဟာ ဒီလိုမျိုး ဦးခေါင်းခွံကြီးတွေနဲ့မလို့ ဒါဟာ သာမန်လူတွေထက် ကျော်လွန်နေတာတော့ သေချာသည်။ ဒါပေမယ့် လူသား မဟုတ်ရင် ဘာဖြစ်နိုင်မလဲ။
မျက်စိတစ်မှိတ် အတွင်းမှာပဲ နှစ်ကောင်က ဝူရှဲအနားကို ခုန်ဆင်းလာကြသည်။ တစ်ကောင်က သူ့ခြေထောက်ကို ဆွဲဆွဲချလိုက်ပြီး နောက်တစ်ကောင်က သူ့လည်ပင်းကို တိုက်ရိုက် ဖမ်းဆွဲထားသည်။ သူ့မှာ ကျည်ဆန်ပြောင်းဖို့ အခွင့်အလမ်း မရှိတော့ဘူးဆိုတာ သိလိုက်တဲ့အတွက် ဝူရှဲသေနတ်ကို ချက်ချင်း တုတ်လိုပြောင်းကာ ထိုအကောင်ရဲ့မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။
ထိုအကောင်ကြီးကို သစ်ပင်ပေါ်ကနေ ခေါက်ချချင်ပေမယ့် ၎င်းက နောက်ပြန်လဲပြီးတာနဲ့ ချက်ချင်း ပြန်ထလာကြသည်။ ဒီအချိန်မှာတော့ ဧရာမမျက်နှာကြီးကို ရိုက်ချလိုက်တာနဲ့ အက်ကြောင်းတစ်ခု ပေါ်လာတာကို တွေ့လိုက်ရလေ၏။