(14)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ချင်လင်နတ်သစ်ပင်


Chapter (14)

ရေကန်နက်



ဝူရှဲမျက်လုံးတွေကို မှုန်ကုပ်ကုပ်နဲ့ ဖွင့်ကြည့်လိုက်တော့ အမှောင်​တွေ ဝိုင်းနေတဲ့ မြေပြင်ပေါ်မှာ လဲလျောင်းနေတာကို တွေ့လိုက်ရသည်။ ဘေးကို စမ်းကြည့်လိုက်တော့လည်း သူကိုင်ထားခဲ့တဲ့ ဓာတ်မီးက ဘယ်ဆီရောက်သွားမှန်း မသိရပေ။ 


သူ့အောက်မှာ အအေးဓာတ်ပါတဲ့ ချပ်ပြားတစ်ခုရှိပြီး ဘေးတစ်ဖက်တစ်ချက်မှာ ရေစီးသံတွေကို ကြားနေပုံရသည်။ ဒီနေရာက ဘယ်မှာလဲ။


ဝူရှဲ အသက်ပြင်းပြင်း ရှူလိုက်ရင်း အစောက အဖြစ်အပျက်တွေက တဖြေးဖြေး ပြန်စဥ်းစားကြည့်လိုက်သည်။ ရေတံခွန်၊ စိမ့်စမ်းရေတွေနဲ့ သံကြိုးပေါ်က အလောင်းတွေရဲ့ ရုတ်ခြည်း အဖြူရောင် အလင်းတန်းတွေလို လင်းလက်ပြီး စိတ်ထဲမှာပေါ်လာတော့သည်။


ရေစီးကြောင်းနဲ့အတူ ချောက်ကမ်းပါးပေါ်က တည့်တည့် ပြုတ်ကျလာပြီး အောက်က ရေကန်ထဲကို ကျသွားတာဖြစ်မည်။ ရေက ရေခဲရေလို အရမ်းအေးနေကာ ပူလောင်နေတဲ့ စိမ့်စမ်းရေနဲ့ မတူချေ။ အစောက ရေထဲဆင်းပြီးတာနဲ့ နားရွက်ထဲ ရေတွေဝင်သွားတာကို ခံစားလိုက်ရကယ ရုတ်တရက် တိတ်ဆိတ်သွားပြီး ဘာမှ မမှတ်မိတော်ပေ။ ရေထဲပြုတ်ကျပြီး သတိလစ်သွားတုန်း တစ်ခုခုနဲ့ တိုက်မိတာကြောင့် ဖြစ်နိုင်သည်။ ဒါဇင်နဲ့ချီတဲ့ အမြင့်ကနေ ရေထဲကို ပြုတ်ကျသွားတာကြောင့် ကိုယ်ဟန်အနေအထား မှားနေရင် ဘိလပ်မြေပေါ် ပြုတ်ကျတာနဲ့ အတူတူပဲမို့ ရုတ်တရက် ဘာကိုမှ မမှတ်မိသလို ဖြစ်သွားတာက သာမန်ပင်။ 


သူ့ခန္ဓာကိုယ်ကို ထိလိုက်တော့ နေရာတိုင်းက စိုစွတ်နေသေးသည်။ ရေတံခွန်ပေါ် ပြုတ်ကျပြီးတဲ့ နောက်မှာ ဒီရေတွေက သူကို ဒီနေရာအထိ ဆက်ပြီးခေါ်လာခဲ့တာ ဖြစ်နိုင်ပါ့မလား။ ဒါမှမဟုတ် သူ ရိုးရိုးရှင်းရှင်းသေပြီး မရဏတိုင်းပြည်ကို ရောက်သွားတာလား။


ဝူရှဲ မတ်တပ်ထရပ်ပြီး ခေါင်းကို နည်းနည်းမော့ဖို့ ကြိုးစားလိုက်သည်။ ရုတ်တရက် လေသံတွေ ထွက်လာပြီး ခေါင်းက တစ်ခုခုကို တိုက်မိသွား၏။ ချက်ချင်းကို မျက်လုံးတွေထဲ ကြယ်တွေပြည့်သွားကာ အရမ်းလည်းနာကျင်သွားသည်။ လက်နဲ့ ကမန်းကတန်း လှမ်းကိုင်ကြည့်တော့ ပြားချပ်ချပ် ကျောက်ပြားတစ်ချပ်ကို စမ်းမိလေသည်။ ဘာလို့ဒီမှာ ဒီလို​တွေ ဖြစ်နေရတာလဲလို့ တွေးနေမိသည်။ ကျောက်တုံးတွေ ဒါမှမဟုတ် ကျောက်ဆောင်တစ်ခုခု အောက်ကို သူရောက်သွားတာလား။


သူ့ခြေဖဝါး အောက်မှာတော့ သစ်သားပျဉ်ပြားလို ကြမ်းခင်းတွေ ပါနေတာကို တွေ့လိုက်ရသည်။ နောက်ကျောမှာ အခေါင်းပေါက် ဖြစ်နေတာကို တွေ့လိုက်ရ၏။ ဒီလိုနေရာကျဉ်းကျဉ်းလေးမှာ လှဲလျောင်းနေရတာက လှည့်ကြည့်ရုံနဲ့ ခေါင်းမထောင်နိုင်ဘူး ဆိုတာကို တွေ့ရလေသည်။ 


သစ်သားပျဉ်ပြားတွေရဲ့ အထူကိုမြင်ရဖို့ တွန်းလိုက်ပေမယ့် အပေါ်က သစ်သားပျဉ်ပြားတွေက ရွေ့နေတာကို တွေ့လိုက်ရသည်။ လက်နဲ့ တွန်းတင်လိုက်တော့ အမှောင်ထုထဲမှာ အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ ဒူးကို မြှောက်လိုက်ရင်း အပေါ်က ဘုတ်​ပြားကို ညင်သာစွာ ရွှေ့ပြီး ထထိုင်ရင်း အပြင်ကို ကြည့်လိုက်တော့ အထိတ်တလန့် ဖြစ်သွားတာတောင် မထိန်းနိုင်လိုက်ပေ။


ဒီအခန်းဟာ လေးထောင့်ပုံစံရှိကာ မီးရှူးမီးတိုင်တွေ ထွန်းညှိထားတဲ့ အဖြူရောင်စကျင်ကျောက် အခန်းကြီးဖြစ်ပြီး အနီးနားပတ်ဝန်းကျင်ကို အလင်းရောင် ပေးနေသည်။ ခေါင်းပေါ်ကို ကြည့်လိုက်တော့ စပါးအုံး မြွေနှစ်ကောင်ဟာ တစ်ကောင်နဲ့တစ်ကောင် ချည်နှောင်ထားတာကို တွေ့လိုက်ရသည်။ သူကိုယ်တိုင်ကလည်း ခေါင်းတလားထဲမှာ ထိုင်နေတာ တွေ့ရ၏။ ဝူရှဲလည်း ခေါင်းတလား အဖုံးကို ဘေးသို့လှန်ချလိုက်သည်။


သေစမ်း! ဒီနေရာက ဘာလဲ။ ဘယ်သူက သူ့ကို အခေါင်းထဲမှာ ထည့်ထားတာလဲ?


ဝူရှဲ ခေါင်းတလားထဲက ခုန်ထွက်လာပြီး ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ပိုပိုပြီး ထူးဆန်းနေသလို ခံစားလာရ၏။ အဖြူရောင် စကျင်ကျောက်နဲ့ စပါးအုံးမြွေတွေနဲ့ ထွင်းထားတဲ့ ထိပ်ကို ကြည့်ရင်း တော်တော် ရင်းနှီးနေသလိုပင်။ ခဏလောက် စဉ်းစားပြီးတဲ့နောက် ဒီနေရာနဲ့ ပင်လယ်ရေအောက် ဂူသင်္ချိုင်းက တစ်ပုံတည်းနီးပါး တူနေတာကို သိလိုက်ရပေသည်။


ဘယ်လိုမှ မဖြစ်နိုင်ဘူး!


အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက်တွင် ပို၍ထူးဆန်းသော အရာများ ရှိနေတာကိုပါ ထပ်တွေ့လိုက်ရသည်။ သူကိုယ်ပေါ်ရှိ အဝတ်အစားများသည် ရေငုပ်ဝတ်စုံကဲ့သို့ ရော်ဘာဝတ်စုံအဖြစ် ပြောင်းလဲသွားတာကို တွေ့ရကာ ဘယ်အချိန်က ပြောင်းသွားမှန်း မသိလိုက်ချေ။ ပိုလို့တောင် ထူးဆန်းနေသလို ခံစားရတာက ဒီလိုပုံစံ ခေတ်ဟောင်း အဝတ်အစားတွေကို ဘယ်နားက​နေ ရခဲ့တာလဲ ဆိုတာပင်။ 


ထောင့်စွန်းက မီးရှူးတိုင်ကို ဆွဲယူပြီး သင်္ချိုင်းတံခါးကနေ ထွက်လာခဲ့လိုက်သည်။ အပြင်ဘက်မှာ စင်္ကြံတစ်ခု ရှိကာ တစ်ချက် ကြည့်လိုက်တာနဲ့ကို ဘုရားတမိလေ၏။ ဖြောင့်ဖြူးတဲ့ စကျင်ကျောက်စင်္ကြံနဲ့ အဆုံးကို ဦးတည်တဲ့ ကျောက်စိမ်းတံခါး သုံးခုက ပင်လယ်ရေအောက်က ဂူသင်္ချိုင်းနဲ့ တစ်ထေရာတည်းပဲ။ 


ဘယ်လို ဖြစ်တာလဲ။ သူဘယ်လိုလုပ် ပြန်​ရောက်လာတာလဲ။ ရုတ်တရက် ဦးရေပြားတွေ ပေါက်ကွဲတော့မလို အတွေးတွေက ရှုပ်ယှက်ခတ် လာတော့သည်။ ဒါက ပင်လယ်ရေအောက် ဂူသင်္ချိုင်း နဲ့ အရမ်းတူတဲ့ သင်္ချိုင်း လား ဒါမှမဟုတ် ရေအောက် ဂူသင်္ချိုင်းကနေ သူ လုံးဝ မထွက်လာရသေးတာလား။ 


ဘုရားရေ ဘာ​တွေဖြစ်ကုန်တာလဲ?


ဝူရှဲ မျက်နှာကို ပြင်းပြင်းထန်ထန် ပွတ်သပ်ပြီး မီးရှူးမီးကို မြှောက်လိုက်ကာ ချို့ယွင်းချက်တစ်စုံတစ်ရာကို ရှာဖွေရန် ကြိုးစားရင်း ဤနေရာတွင် ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်လိုက်၏။


စင်္ကြံပေါ်တွင် သစ်သားဘောင်တစ်ခု ရှိပြီး သစ်သားပျဉ်များဖြင့် ဖုံးအုပ်ထားကာ စင်္ကြံကိုဖြတ်၍ ရိုးရှင်းသော တံတားတစ်စင်း ဖြစ်လာ​စေသည်။ ၎င်းသည် ယန္တရား မပေါက်ကွဲစေရန် တားဆီးနိုင်သည်။ ဝူရှဲ ဂရုတစိုက်​ဖြင့် တက်ကာ စင်္ကြံ၏ ဆန့်ကျင်ဘက်ဘက်သို့ လျှောက်လာခဲ့သည်။ ကျောက်စိမ်း တံခါးကြီးသည် မီးအလင်းရောင်ကြောင့် မြင်နေရကာ ဘယ်ညာဘက်ခြမ်းက နှစ်ထပ်ခန်းမကတော့ မှောင်နေသည်။


ဒီအချိန်မှာ သူ လောင်းယန်ကို သတိရသွားသည်။ သူတို့ ရေတံခွန်ပေါ်ကနေ ခုန်ချခဲ့ပြီး ရေကန်ထဲ ပြုတ်ကျပြီးနောက် သတိလစ်နေခဲ့တာ ကြာပြီ။ သူ့ရဲ့ နားမလည်နိုင်တဲ့ အနေအထားမှာ ဒီကို ရောက်လာတာဆိုရင် လောင်းယန်ရော ဘယ်လို​နေမလဲ။


မီးတောက်လာတဲ့ တံခါးဆီကို လျှောက်သွားရင်း တွေးမိသည်။ ကျောက်စိမ်းတံခါး အောက်ကနေ မီးတောက်က တော်တော်လေး တောက်​လောင်နေ၏။ တံခါးဝကို လှမ်းကြည့်လိုက်တော့ တံခါးအတွင်းက ဆူညံသံတစ်ခု ကြားလိုက်ရကာ တံခါးနားကို ကပ်လိုက်တာနဲ့ ချောင်းဆိုးသံ ကြားလိုက်ရသည်။


အဲဒီအချိန်မှာ လူတစ်ယောက်ရဲ့ အသံကို တစ်ဆက်တည်း ကြားလိုက်ရသည်။


"ဘယ်လိုလုပ်မှာလဲ? ခေါင်းတလားက ဖွင့်မှာလား?"


နောက်ထပ်အသံ တစ်သံကတော့ အရမ်းရှက်သွားပုံဖြင့် ဆိုလာသည်။ 


"စန်းရှန်က လောလောဆယ် ဒီကပစ္စည်းတွေကို မထိဖို့ပြောထားတယ်နော် ဒါကြောင့် ငါတို့ သူ့စကားကို နားထောင်သင့်တယ်"


ဒီလူနှစ်ယောက်ရဲ့ အသံကို ကြားလိုက်တာနဲ့ ဝူရှဲ လန့်​ဖြတ်သွားသည်။ ပထမလူက မျက်နှာသေဆိုတာ သေချာပေမယ့် ဒုတိယလူက ပြောတာကို သူ သိပ်မကြားရဘူး။ သူက ဦးလေးသုံးကိုလည်း ထည့်ပြောခဲ့သေးတယ် ဆိုတော့ ဦးလေးသုံးလည်း ဒီကိုရောက်နေတာလား။


ဝူရှဲ အံ့သြတာက နောက်တောင်ကျနေသေးသည်။ တတိယလူတစ်ယောက်ရဲ့ အသံကို ချက်ချင်း ထပ်ကြားလိုက်ရ၏။ အဲဒီလူက 


"ဝူစန်းရှန်က အခုထိအိပ်နေတုန်းပဲ... ငါတို့ဖွင့်ကြည့်လိုက်တော့ ဘာ​ဖြစ်မှာလဲ? ငါက ရှောင်ကျန်းဘက်က... ."


သူတို့စကား ပြော​နေတာကို ဝူရှဲ နားမလည်ပေမယ့် တတိယလူကတော့ မိန်းမတစ်ယောက်ဆိုတာ သံသယဖြစ်စရာ မရှိချေ။ 


ဒီစကားတွေက ဘာကို ဆိုလိုတာလဲ။ မျက်နှာသေက ခေါင်းတလားကို ဖွင့်ချင်ပုံရပြီး ဦးလေးသုံးရဲ့ သတိပေးချက်ကြောင့် ဒုတိယလူက ချီတုံချတုံဖြစ်နေပုံပင်။ ထိုအချိန်တွင် အမျိုးသမီးတစ်ဦးသည် မျက်နှာသေကို ထောက်ခံရန် မတ်တပ် ထရပ်လိုက်ပါ၏။ ယခုအချိန်တွင် ဝူရှဲကို စိတ်ရှုပ်ထွေးစေတာက မျက်နှာသေ သူ့ဦးလေးသုံးကို ရှာတွေ့သွားပြီလား ဆိုတဲ့ အချက်ပင်။


တွေးနေရင်းနဲ့ အထဲမှာ စကားပြောနေတဲ့သူတွေကို ကြည့်ဖို့ တံခါးပေါက်ရဲ့ အောက်က ဟနေတဲ့ နေရာဘေးမှာ လှဲအိပ်လိုက်သည်။ ကံမကောင်းစွာပဲ တံခါးအတွင်းက အက်ကွဲကြောင်းကို မြင်နိုင်တဲ့အရာဟာ အကန့်အသတ်နဲ့သာ ရှိနေခဲ့သည်။ သူမြင်ရတာက ကျစ်ဆံမြီး အကြီးကြီးနဲ့ အရပ်ပုပု သေးသေးသွယ်သွယ် မိန်းကလေးရဲ့ ကျောပြင်ပင်။ 


ထိုအချိန်တွင် ဝူရှဲ လေးယောက်မြောက် လူရဲ့ အသံကို ကြားလိုက်ရသည်။


"ချီယွီကို ဘယ်လိုလုပ်မလဲ? အဲဒီကောင်လေး ဘယ်တွေ လျှောက်ပတ်ပြေးနေမှန်း မသိဘူး... ငါတို့ သူ့ကို ဒီမှာပဲထားခဲ့ရမှာလား?"


သူပြောတာကို ကြားတော့ ဝူရှဲ သည်းမခံနိုင်တော့ပေ။ ချီယွီဆိုတဲ့ နာမည်ကို ဦးလေးသုံးရဲ့ မှတ်စုထဲမှာ အရင်စာရင်းတုန်းက ဖော်ပြထားဖူးသည်။ သူအနည်းငယ် ရင်းနှီးနေတာ အံ့သြစရာတော့ မရှိတော့ချေ။ ခဏနေဦး။ မဟုတ်သေးဘူး။ 


ရုတ်​တရက်​ အရမ်းစိတ်​မသက်​မသာ ဖြစ်​လာသည်။ ဒီနာမည်က ရင်းနှီးသလောက် ရိုးရှင်း​နေတာတော့ မဟုတ်ပါဘူး။ မကြာခဏ ကြားနေရပုံရပြီး စိတ်ထဲမှာ အရမ်းထူးခြားတဲ့ ခံစားချက်တစ်ခု ရှိနေသည်။ 


ထိုအချိန်တွင် တံခါးကွဲအက်ကြောင်းထဲကနေ အမျိုးသမီး တစ်ဦးသည် အခန်းထဲက ခြေတစ်လှမ်း ရွှေ့လိုက်ရာ အနက်ရောင် ခေါင်းတလားဘေးတွင် ရပ်နေသော မျက်နှာသေကို တွေ့လိုက်ရလေသည်။ သူ့လက်ထဲတွင် ပိုက်တုံးတစ်တုံးကို ကိုင်ကာ တစ်ခုခုကို တွေးတောနေသလို တုံ့ဆိုင်းနေကာ နောက်ထပ် အမျိုးသမီးတစ်ဦးက သူ့မြင်ကွင်းထဲ ထပ်ဝင်လာသည်။ သူ့မျက်နှာကို မြင်လိုက်ရတော့ ဝူရှဲ အံ့သြလွန်းလို့ လက်ထဲက မီးရှူးတိုင်ကို မြေပြင်ပေါ် ပစ်ချလုနီးပါး ဖြစ်သွား၏။ 


အဲဒီလူက ဝမ်ကျင် မဟုတ်ဘူးလား။ ဘုရားရေ ဘာဖြစ်နေတာလဲ။ သူမကို လူကိုယ်တိုင် မမြင်ဖူးပေမယ့် ဦးလေးသုံးမှာ သူမပုံတွေ အများကြီးရှိသည်။ တရုတ်နှစ်ကူးတုန်းက ဓာတ်ပုံဟောင်းတွေကို ကြည့်လိုက်တော့ မကြာခဏဆိုသလို တွေ့ရတာကြောင့် သူမကို တစ်ချက် ကြည့်လိုက်တာနဲ့ လုံးဝ မှတ်မိပါသည်။ 


စိတ်ထဲမှာ သံသယတွေ လွန်ကဲလာပြီး တံခါးဖွင့်ပြီး ဝင်သွားလိုက်ချင်၏။ ဒီအချိန်မှာ နောက်ထပ် ထူးဆန်းတဲ့ အမျိုးသား တစ်ယောက်ရဲ့ အသံက ထွက်ပေါ်လာ၏။  


“ဒီပင်လယ်​ရေအောက် ဂူသင်္ချိုင်းက အရမ်းကြီးတယ်... သူ့ကို ရှာတွေ့ဖို့က မလွယ်ဘူးနော် ငါတို့ ထားလိုက်ကြရအောင်...လမ်းတစ်လျှောက်မှာ အမှတ်အသား တစ်ခုကို ထွင်းထားလိုက်မယ်... သူမြင်ရင် သဘာဝကျကျ ငါတို့နောက်ကို လိုက်လာလိမ့်မယ်.... ရှောင်ကျန်း လှုပ်ရှားလိုက်တော့"


မျက်နှာသေက ခေါင်းညိတ်ပြပြီး သံတူရွင်းကို မြှောက်ကာ လှုပ်ရှားတော့မယ့် အချိန်တွင် ဘယ်ဘက်အခန်းမှ ရေပွတ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး ဝူရှဲကိုပါ ထိတ်လန့်စေသည်။ လူတိုင်းက ခေါင်းကို လှည့်လာပြီး ယောက်ျားလေး တစ်ယောက်က


"ဘာသံလဲ? ကြည့်ရတာ ဘေးအခန်းက လာတာထင်တယ်!"


"သွားမယ်! သွားကြည့်ရအောင်!” 


မျက်နှာသေက သံတူရွှင်း ချလိုက်ပြီး တံခါးဆီ ပြေးသွားလိုက်သည်။ ဝူရှဲလည်း တစ်ခုခုမှားနေတာ တွေ့တော့ ညာဘက်ခြမ်းက အခန်းထဲမှာ လှည့်ပြီး ပုန်းနေလိုက်။ တစ်ချိန်တည်းမှာပင် နောက်ဖေးခန်းမှ လူတစ်စု ပြေးထွက်လာပြီး ဘေးဘက်ရှိ ကျောက်စိမ်းတံခါးသို့ ပြေးသွားတာကို တွေ့လိုက်ရသည်။ ထို့နောက် အမျိုးသမီးတစ်ဦးက 


“ကြည့်လိုက်! ဒီမှာ ရေကန်ရှိတယ်”


ဝူရှဲ တံခါးနောက်ကွယ်မှာ ပုန်းနေရင်း အရမ်းအံ့သြသွားသလို ခံစားလိုက်ရသည်။ အခုအခြေအနေက ကျန်းချီလင် သူ့ကို ပြောပြခဲ့တာ မဟုတ်ဘူးလား။ သူတို့ ဦးလေးသုံး အိပ်ပျော်သွားပြီးနောက် ဘာဖြစ်သွားခဲ့တယ် ဆိုတာကို ပြောပြခဲ့ပေမယ့် ဘာလို့ သူကိုယ်တိုင် တွေ့ကြုံနေရသလို ခံစားနေရပါလိမ့်။ ဒါက ပုံရိပ်ယောင်လား ဒါမှမဟုတ် သူ့ခေါင်းထဲရေဝင်ပြီး ရူးသွားပြီလား။


ပတ်ဝန်းကျင်က အမှောင်ထုသို့ ပြန်လည်ရောက်ရှိသွားသည်။ ဝူရှဲ အသက်ပြင်းပြင်းရှူပြီး မီးရှူးတိုင်ကို ထပ်မံထွန်းညှိရန် ကြိုးစားလိုက်သည်။ ထိုအချိန်တွင် မီးရှူးတိုင်ကို ကိုင်ဆောင်ထားသော မြင်ကွင်းထဲသို့ တခြားလူတစ်ယောက် ပေါ်လာသည်။ ထိုလူသည် စင်္ကြံပေါ်ရှိ တံတားပေါ်မှ ဆင်းလာကာ လက်ဝဲတောင်ပံ၏ ကျောက်စိမ်းတံခါး နောက်တွင် တိတ်တဆိတ် ပုန်းနေ၏။ ဝူရှဲ အတွင်းထဲသို့ လှမ်းကြည့်လိုက်တော့ ငယ်ငယ်က ဦးလေးသုံးရဲ့ပုံစံ ဖြစ်​နေတာကို တွေ့လိုက်ရသည်။ သူ့မျက်နှာထားက အလွန်စိတ်ဆိုး​နေပုံရပြီး မျက်ခုံးတွေက တွန့်ချိုးနေသည်။ 


ခဏအကြာတွင် ကျန်းချီလင်နှင့် တခြားသူများ၏ စကားသံများသည် တဖြည်းဖြည်း ဝေးကွာသွားသည်။ သူတို့ ရေကန်ထဲက ကြောင်လိမ်လှေကားထစ်ကို လျှောက်သွားနေပုံရသည်။ ဦးလေးသုံးက မီးကိုမှုတ်ပြီး ကျောက်စိမ်းတံခါးဆီကို ထွက်သွားတာ မြင်လိုက်ရတော့ ဝူရှဲ အရမ်း ထိတ်လန့်သွားသည်။ ပုံရိပ်ယောင်ပဲဖြစ်ဖြစ် အိပ်မက် မက်နေတာပဲ ဖြစ်ဖြစ် သူ့နောက်ကို အမြန်လိုက်သွားပြီး ဘယ်ဘက်အခန်း တံခါးကို တွန်းလိုက်ကာ တိတ်တိတ်လေး ချောင်းကြည့်လိုက်သည်။ ရုတ်တရက် မျက်လုံးရှေ့မှာ မီးရောင်တစ်ခု ပေါ်လာတော့ ဦးလေးသုံးက ရုတ်တရက် တံခါးထဲက ထွက်လာပြီး သူ့လည်ပင်းကို ဆွဲကိုင်လိုက်၏။


“လတ်စသတ်တော့ မင်းကငါ့နောက်ကနေ လိုက်လာတာကိုး” 


တိုးတိုးလေး ပြောပြီး သူ့လက်က ရုတ်တရက် တင်းတင်းကျပ်ကျပ် ဖျစ်ညှစ်လာရာ လည်ချောင်းကို တင်းကြပ်လာ​တော့သည်။


ဝူရှဲ စိတ်ပျက်လက်ပျက်နဲ့ “ဦးလေးသုံး ကျွန်တော်က ခင်ဗျားရဲ့တပဲ” လို့ အော်ချင်ပေမယ့် မအော်နိုင်တော့ဘဲ သူ့လက်ချောင်းတွေကို ဖယ်ထုတ်ဖို့ပဲ အစွမ်းကုန် ကြိုးစားနေရလေ၏။


"လောင်ဝူ... ထတော့ မင်း အိပ်မက်ဆိုး မက်နေတာလား?"


တစ်ယောက်ယောက် ပြောနေတဲ့ အသံကို ရုတ်တရက် ကြားလိုက်ရ၏။


ဝူရှဲ တုန်လှုပ် ခြောက်ခြားသွားပြီး ရုတ်တရက် အမြင်အာရုံတွေ မှောင်မိုက်သွားကာ သူ့​ပတ်ဝန်းကျင်က အရာအားလုံးဟာ ရုတ်တရက် ပျောက်ကွယ်သွားတာကို တွေ့လိုက်ရလေသည်။


အားလုံးက အိပ်မက်တစ်ခုလို ဖြစ်သွားသည်။ ဝူရှဲ ခါးသီးစွာ ပြုံးရင်း လည်ပင်းကိုကိုင်ပြီး ထထိုင်လိုက်သည်။ နောက်လှည့် ကြည့်လိုက်တော့ သူဟာ ဘေးနားက ရေကန်တစ်ခုနဲ့ ကျောက်ဆောင်ကမ်းခြေမှာ လဲလျောင်းနေတာကို တွေ့လိုက်ရသည်။ ဒါပေမဲ့ ရေတံခွန်ရဲ့ တည်နေရာကို မမြင်ခဲ့ရသလို ကျောက်ကမ်းခြေမှာ မီးတောက်တစ်ခုလည်း ရှိနေခဲ့၏။ လောင်းယန်က သူ့ကို ထိန်းကိုင်ထားပြီး အဆင်ပြေလားလို့ မေးလာသည်။ 


ဝူရှဒ လက်ကိုဝှေ့ယမ်းပြီး အဆင်ပြေပါတယ်လို့ ပြောလိုက်သည်။ မျက်ရိုးကို ခက်ခက်ခဲခဲ ဖိရင်း အလွန်အမင်း အံ့သြသွားရသည်။ ဒီလိုထူးဆန်းတဲ့ အိပ်မက်မျိုးကို ဘယ်လိုဖြစ်​ပြီး မက်နိုင်တာလဲ? နေ့တိုင်း စဥ်းစားနေလို့ အိပ်မက်မက်နေတာလား?


လောင်းယန်က သူ့ကို ရေနွေး ပေးလာသည်။ ဝူရှဲလည်း ရေတစ်ငုံယူ​သောက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ 


"ဒီနေရာက ဘယ်မှာလဲ? ငါ ဘာဖြစ်သွားတာလဲ?"


"ဒါက ရေတံခွန်အောက်က ရေကန်ရဲ့အစွန်း... ရေတံခွန်က အဲဒီနေရာမှာပဲ အခုလေးတင် ရေထဲကျသွားတုန်းက မင်းသတိလစ်သွားတာ... ဒီသခင်ကြီးက မင်း လှိုင်းထန်တဲ့ဒဏ်ကို မခံရအောင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလို့ ရေတံခွန်အောက်ကို စီးဆင်းသွားတဲ့ ရေစီးကြောင်းအတိုင်း မပါသွားတာ...မင်းငါ့ကို တကယ် ကျေးဇူးတင်ရမှာနော်... ငါ့မှာ အခု နွားနို့တိုက်ဖို့တောင် အားမရှိတော့ဘူး"


ဝူရှဲ ကျိန်ဆဲပြီး မတ်တပ်ထရပ်ဖို့ ကြိုးစားခဲ့လိုက်သည်။ ကိုယ့်ကိုကိုယ် အဆင်ပြေနေတာ တွေ့တော့ ခက်ခက်ခဲခဲ ခြေလှမ်းအနည်းငယ် လှမ်းပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ မီးတောက် အလင်းရောင်မှတစ်ဆင့် သူတို့ တည်းခိုနေရသော ကျောက်တုံး ကမ်းခြေသည် ကြီးကြီးမားမား မဟုတ်ပဲ လခြမ်းပုံသဏ္ဌာန်လောက်ပဲ ရှိနေကြောင်း တွေ့လိုက်ရသည်။ တစ်ဖက်ခြမ်းရှိ အနက်ရောင် ရေကန်သည် ကြီးမားပြီး ခြေထောက်များ တွဲလျောင်းကျ​နေ​ကဲ့သို့ မရေမတွက်နိုင်သော ကျောက်စက်ပန်းဆွဲများက ထူထပ်နေသည်။ ဂူထိပ်မှ ရေထဲသို့ ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ကျောက်စာတိုင်များ ထုလုပ်ထားသလိုပင်။ 


ရေကန်ပတ်လည်တွင် ဆင်လိုဏ်ဂူကြီးနှင့် ကြွက်လိုဏ်ခေါင်းကဲ့သို့ သေးငယ်သော လိုဏ်ဂူများစွာ ရှိသည်။ အောက်ခြေတွင် တချို့သော မြေအောက်မြစ်​ရေတို့သည် စီးဆင်းလျက် ရှိကာ ပုံမှန် ဂူအောက်ရှိ ရေကန်တစ်ကန်ပဲ ဖြစ်သည်။


ဤကဲ့သို့သော ပထဝီဝင် ပတ်ဝန်းကျင်မျိုးသည် အများအားဖြင့် စတုတ္ထမြောက်ရာသီ ဖြစ်တဲ့ ရေခဲပြင်ကာလတွင် ဖြစ်ပေါ်လေ့ရှိပြီး လက်ရှိအတိုင်းအတာအထိ တဖြည်းဖြည်း ချဲ့ထွင်ပြီး ထိုးဖောက်ဝင်ရောက်ရန် နှစ်ထောင်ပေါင်းများစွာ အချိန်ယူရကြောင်း ဝူရှဲ သိပါသည်။ ဤဂူများ၏ သမိုင်းသည် လူ့သမိုင်းထက် များစွာရှည်လျားပါ၏။ သူ ထျန်းမန်တောင်မှာ လိုဏ်ဂူတွေ အများကြီး ရှိသေးမယ်လို့ မမျှော်လင့်ထားသလို ဒီလိုနေရာမျိုး ရှိမယ်လို့လည်း မတွေးထားမိချေ။ 


သူတို့အပြင် ​​ကျောက်ခုံပေါ်တွင် သောင်တင်နေသော သစ်ကိုင်းများနှင့် အပျက်အစီးများ အများအပြားလည်း ရှိနေသည်။ လောင်းယန်က ၎င်းတို့အား ခြောက်အောင် ဆွဲယူ၍ မီးထွန်းညှိထားသည်။ ရေကန်က အရမ်းအေးနေတော့ ဒီလိုမီးမလှုံဖြစ်ခဲ့ရင် အေးခဲသွားနိုင်၏။


ဦးလေးထိုက်နဲ့ တခြားသူတွေအကြောင်း တွေးမိလာရာ လောင်းယန်ဘက်ကို လှည့်မေးလိုက်သည်။ 


“တခြားလူတွေ ဘယ်လိုနေလဲ” 


"အဲဒီလိပ်ကောင်လေးတွေ ငါတို့လောက် ကံမကောင်းမှာကို ကြောက်ရတယ်.. ရေထဲ​ပြုတ်တုန်းက မတွေ့မိဘူး... အောက်ဘက်ကို ဆက်ကျသွားတာလားတော့ မသိဘူး။ သူတို့လည်း ငါတို့လို တစ်နေရာရာမှာ မတင်နေရင်တော့ ရေနစ်နေတာ ဖြစ်မှာပေါ့” 


သူက ခေတ္တနားပြီးနောက် 


“ငါတို့ရဲ့ အခြေအနေကလည်း သိပ်မကောင်းပါဘူး။ ငါတို့ရဲ့ စက်ပစ္စည်းတွေ အားလုံး ကုန်သွားပြီ... နောက်ထပ် ဘယ်လိုသွားရမလဲ မသိ​တော့ဘူး... ဒီနေရာမှာ သစ်ကိုင်းလမ်းလို နေရာတွေက အများကြီး အပေါက်တွေကလည်း ဝင်္ကပါလို ရှုပ်ထွေးနေတာ... သွားလာရတာ အရမ်းခက်ခဲမှာတော့ သေချာတယ်"


ဝူရှဲလည်း ရေမျက်နှာပြင် အထက်မှာ လမ်းလျှောက်လို့ရတဲ့ ဂူခုနစ်ခု ဒါမှမဟုတ် ရှစ်ခုလောက် ရှိတယ်ဆိုတာ ရေတွက်ကြည့်ရင်း သိလိုက်သည်။ အမှောင်ထဲမှာ နောက်ထပ်ဂူတွေတောင် ရှိသေးသည်။ 


"အစောတုန်းက ကွမ်တုံးလေသံနဲ့ ဝတုတ်ပြောတာကို ကြားရသလောက်တော့ ဂူဧရိယာကို ဖြတ်သွားချင်ရင် ရှေးခေတ်က ဘိုးဘွားစဉ်ဆက် လမ်းပြပေးခဲ့တဲ့ သံကြိုးကို ရှာရမယ်... သံကြိုးရဲ့ အပိုင်းကို ရေအောက်မှာ ဝှက်ထားတယ်။ ဒီရေကန်ကို ထိနိုင်ရင် ရှေးဟောင်းသင်္ချိုင်းနယ်မြေထဲ ဝင်ဖို့ နောက်က လိုက်သွားနိုင်တယ်"


လောင်းယန်က မျက်မှောင်ကြုတ်ပြီး ခဏလောက် စဉ်းစားနေသည်။


“သံကြိုးအကြောင်း ပြောတော့မှ ငါလည်း တစ်ခုခုကို သတိရလာသလိုပဲ.... အပေါ်ကနေ ပြုတ်ကျတုန်းက ငါသေချာ မှတ်ထားသလောက်ဆို ရေထဲမှာ အနည်းဆုံး ခြောက်မီတာ ခုနစ်မီတာလောက် အထိ ပြုတ်ကျသွားတာ.... ရေရဲ့အောက်ခြေ ကျောက်မြောင်းမှာ အမိုက်စား ကျောက်ရုပ်တွေနဲ့ ပြည့်နေတာ... အဲဒီတုန်းက မျက်စိတစ်မှိတ် အတွင်းမှာ သံကြိုးတစ်ချောင်းက ရေပေါ်မှာ လဲနေသလို တကယ်မြင်ခဲ့ရသလိုပဲ... ဒါပေမဲ့ ငါ ပြောပြမယ်...အဲဒီသံကြိုးက ဒီလိုဏ်ဂူတွေဆီကို ဦးတည်နေတဲ့ ရေတံခွန်အောက်က လှိုင်းထန်တဲ့ ရေစီးကြောင်းထဲကို တည့်တည့်သွားနေတာ မဟုတ်ဘူး... ရေတံခွန်အနောက်ကို သွားနေတာကွ!"


ဒီစကားကြားတော့ ဝူရှဲ အံ့အားသင့်သွားခဲ့သည်။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီအတိုင်းဆိုရင် ရှေးဟောင်း ဂူသင်္ချိုင်းထဲသို့ ဝင်ရမယ့်အပေါက်ဟာ ရေတံခွန်နောက်မှာ ပုန်းနေတာလား။ 


အဝေးက ရေတံခွန်ရဲ့ ဟိန်းသံကို နားထောင်ရင်း ပြုတ်ကျတဲ့ မြင်ကွင်းကို တွေးမိတဲ့အခါ ရုတ်တရက် စိတ်ထဲ အတွေးတစ်ခု ပေါ်လာတာကြောင့် လောင်းယန်ကို ပြောလိုက်သည်။


“ဒါက ပိုမှန်သွားပြီ... ငါမှန်းတာသာ မှန်ရင် ဒီရှေးဟောင်း ဂူသင်္ချိုင်းက ငါတို့ရဲ့ 'ယန်ကမ္ဘာ' မှာ တည်ဆောက်ခဲ့တာ မဟုတ်ဘဲ မြေအောက်ကမ္ဘာမှာ ဝှက်ထားခဲ့တာ..."


ငရဲမှာလား!


ဝူရှဲပြောတာကို ကြားပြီး လောင်းယန်မှာ သူ ဘာကိုဆိုလိုမှန်းကို နားမလည်ပေ။ သူက ဝူရှဲရဲ့ လေးနက်တဲ့ လေသံကြောင့် လေးနက်မှုတွေ ကူးစက်သွားပြီး အသံတိုးတိုးဖြင့်။ 


"မင်းဘာတွေပြောနေတာလဲ? ဘယ်လိုလုပ် ဒီလိုမျိုးရှိမှာလဲ?"


ဝူရှဲ ခေါင်းခါပြီး မေးလာသည်။ 


"ဟိုးရှေးခေတ် ချင်မင်းဆက်က တာအိုဘုန်းတော်ကြီးတွေ ပြောပြတဲ့ ရေဝါရေတံခွန်ရဲ့ ဒဏ္ဍာရီနဲ့ တောင်တွေပေါ်မှာ ထောင်နဲ့ချီတဲ့ မြေအောက်ကမ္ဘာ စစ်သည်တွေအကြောင်း ရွာက အဖိုးအိုလျို ပြောခဲ့တာကို မင်း မှတ်မိသေးလား?"


လောင်းယန်က ခေါင်းညိတ်ပြီး ပြော၏။


"အင်း... မှတ်မိတယ်.. ထျန်းမန်တောင်မှာ ရေဝါရေတံခွန်း ရှိတယ်... အဲဒီရေတံခွန်က ယင်းနဲ့ယန်ကြားက လမ်းကြောင်းပဲတဲ့....အဲဒီတုန်းက အယူသီးလွန်းတယ်လို့ မင်းပဲပြောခဲ့တာ မဟုတ်ဘူးလား?"


“မဟုတ်ဘူး အခုတော့ အယူသီးမှု မဟုတ်ဘူးလို့ ထင်တယ်... ငါတို့ အရင်ခေတ်က လူကြီးတွေပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်မှု လွဲသွားခဲ့တာ... မင်းစဥ်းစားကြည့် အခုနတုန်းက ငါတို့ ပြုတ်ကျခဲ့တဲ့ ရေတံခွန်၊ ရေအောက်ရေပူစမ်းတွေ၊ ရေတံခွန်ရဲ့ ရေစီးကြောင်းတွေကြောင့် ထူးဆန်းတဲ့ အဝါရောင်ကို ပြလာခဲ့တယ်မလား? ငါခန့်မှန်းတယ မှန်တယ် ဆိုရင် အဲဒါကို 'ရေဝါ' ရေတံခွန်လို့ ခေါ်တာပဲ!"


လောင်းယန်က ခဏလောက်စဉ်းစားပြီး 


“ဒါက နည်းနည်းတော့ ဆင်တယ်လို့ ထင်ရပေမယ့် မဖြစ်နိုင်ပါဘူး... တောင်ပေါ်ရောက်ပြီး မြင်ဖူးသူတွေမှ ရေတံခွန်အကြောင်း သိနိုင်တာလေ ဒီမှာ ပတ်ဝန်းကျင်က ရှုပ်ထွေးပြီး သာမန်လူတွေတော့ ဝင်လို့မရဘူး.... "


ပြောပြီးချိန်မှာ သူတစ်ခုခုကို သဘောပေါက်ပြီး 


"ဟိတ်! ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက်က ချင်မင်းဆက်က နာမည်ကြီး ဖုန်းရွှေသခင်ပေါ့?"


ဝူရှဲ ခေါင်းညိတ်သဘောတူပြီး လောင်းယန်ကသူ့ကို ချီးကျူးလာခဲ့သည်။


"နောက်ဆုံးတော့ မင်းမှာ ဆင်ခြင်နိုင်စွမ်း ရှိသေးသားပဲ" 


လောင်းယန် စိတ်လှုပ်ရှားလာကာ


"အဲဒါက အဓိပ္ပာယ်ရှိတယ်... ယင်စစ်သည်တွေရဲ့ ဒဏ္ဍာရီအများစုက ချင်မင်းဆက် အတွင်းမှာလည်း ပြန့်နှံ့ခဲ့တယ်လို့ မင်းထင်လား? အဲဒါဆိုရင် အဲဒီဖုန်းရွှေ သခင်တွေက တမင်ဖြန့်ခဲ့တာများ ဖြစ်နိုင်လား?"


ဝူရှဲ ခေါင်းညိတ်လိုက်သည်။ 


"ဒါက အရမ်းဖြစ်နိုင်တယ် ဒါပေမဲ့ အခု ဒီအလွှာအတွက် စိတ်ပူစရာ မလိုပါဘူး...မင်းထပ်စဥ်းစားကြည့် 'ရေဝါ ရေတံခွန်က ယင်းယန်ကြားက လမ်းကြောင်းတစ်ခုပဲ' ဆိုတဲ့ ဒဏ္ဍာရီရဲ့ နောက်ထပ်ပြောစရာ တစ်ခု ထပ်ရှိသေးတယ်... သံကြိုးက ရေတံခွန်ကို ရောက်တယ်ဆိုရင် ရေတံခွန်ရဲ့ နောက်ကွယ်မှယ ရှေးဟောင်းဂူသင်္ချိုင်းကို သွားတဲ့ လမ်းတစ်ခုရှိရမယ်... ဒါဆို အဲဒီရှေးဟောင်း ဂူသင်္ချိုင်းက မြေအောက်ကမ္ဘာမှာပဲ မဟုတ်ဘူးလား?"


လောင်းယန်ကသူ့ကို ရှက်ရွံ့စွာ ကြည့်လာခဲ့သည်။ 


"ငါ့ကို မခြောက်စမ်းပါနဲ့... အဲဒီထဲမှာ တကယ်မရဏကမ္ဘာ တစ်ခုရှိရင် ငါတို့ဝင်သွားရင် ငါတို့သေသွားမှာ မဟုတ်ဘူးလား?"


ဝူရှဲ သူ့ကို ကြိမ်းမောင်းပြီး ပြောလိုက်သည်။


"သောက်ကျိုးနည်း! မင်းတကယ်​ကြီး ယုံတယ်လား? အဲဒီဖုန်းရွှေ သခင်တွေက ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေမို့လို့ သူတို့ပြောတာတွေက ဒီလောက်လွယ်လွယ်နဲ နားလည်ရကျိုး နပ်မှာ မဟုတ်ဘူးလေ... ငါထင်တာ ဖြစ်နိုင်ခြေနှစ်ခုရှိတယ်... ပထမက အဲဒီအချိန်ကာလတုန်းက သုံးသွားတဲ့ ကုဒ်စကားလုံး ဖြစ်နိုင်တယ်... ဆိုလိုတာက အဲဒီရေတံခွန်က ရှေးခေတ်သင်္ချိုင်းနဲ့ လက်တွေ့ကမ္ဘာကြားက လမ်းကြောင်းပဲ... ဒုတိယအချက်က သူတို့က ရေတံခွန်နောက်ကွယ်မှာရှိတဲ့ ဂူအတွင်းထဲက တစ်စုံတစ်ခုကို တွေ့ပြီး အဲဒါက သူတို့ကို မရဏနိုင်ငံထဲ ရောက်ရှိသွားစေတာ ဖြစ်မယ်”


ဝူရှဲ ခေတ္တရပ်လိုက်ပြီး 


"ဒါက ဒုတိယတစ်ခုဆိုရင် ကျွန်တော်တို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရလိမ့်မယ်... အဲဒီထဲမှာ ကြောက်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုတော့ ရှိကောင်းရှိနိုင်တယ်..."


"ငါတို့ဘာလို့ မပြန်တာလဲ?...ထားလိုက်ရအောင်လေ"


ဝူရှဲ ခေါင်းကို ခါယမ်းလိုက်သည်။ ဒီကိုရောက်ဖို့က တော်တော်ကြိုးစားခဲ့ရတာ။ ဝင်မကြည့်မိရင်တော့ နှမြောစရာ ကောင်းသွားပြီ။ ဒါ့အပြင် ဒီရေတံခွန်က အရမ်းကြီးပြီး ခံ့ညားထည်ဝါလွန်းသည်။ ဘယ်လိုလုပ် ​ပြန်တက်နိုင်မှာလဲ။ အခုလို လိုဏ်ဂူတွေ၊ ကျဉ်းမြောင်းသော လွတ်ရာနေရာများ အနီးတစ်ဝိုက်တွင် ယခု တစ်ခုတည်းသော နည်းလမ်းမှာ ရှေး​ဟောင်း ဂူသင်္ချိုင်းသို့ ဝင်ရောက်ပြီးနောက် ပြန်သွားခြင်းသာ ဖြစ်သည်။


လောင်းယန်က သူ့ကို မယုံကြည်နိုင်တာကြောင့် သူ့စကားကိုတော့ နာခံသေးသည်။ သူတို့ တစ်ဖက်က အနားယူရင်း တစ်ဖက်ကလည်း ဘယ်လောက် ကျန်နေလဲဆိုတာ သိနိုင်ဖို့ စက်ပစ္စည်းတွေကို စတင် စစ်ဆေးရသည်။ 


လက်နက်တွေနဲ့ ပတ်သက်ရင်တော့ သူတို့တွင် အိမ်လုပ်သေနတ်နဲ့ လောင်းယန် လုယူထားတဲ့ သေနတ် ရှိသည်။ ထို့ကြောင့် ပစ်ခတ်ဖို့အတွက် ပြဿနာ မရှိလောက်ဆချ။ တခြားကတော့ ရေအောက်ထဲက အလောင်းဆီကနေ ယူလာတဲ့ ကျောပိုးအိတ်ကို ဖွင့်ကြည့်လိုက်တော့ သက်တမ်းလွန် စည်သွတ်ဘူးတွေ၊ အရက်တွေ၊ ရေဗူးတွေ၊ လက်အိတ်တွေ၊ ပုံကြမ်းဖောင်တိန်တွေနဲ့ ဆီဆေးတွေ အများကြီး တွေ့ရသည်။


လောင်းယန်က အသုံးမဝင်တာကြောင့် လွင့်ပစ်ဖို့ ဆိုလေ၏။ သို့နှင့် ဝူရှဲလည်း အရက်ဖြူက အအေးဒဏ်ကို ခံနိုင်ရည် ရှိသည်။ လမ်းတစ်လျှောက်မှာ အမှတ်အသားပြုဖို့ သုတ်ဆေးလိုလည်း သုံးနိုင်သလို လက်အိတ်တွေကလည်း အသုံးဝင်တယ်လို့ ပြောရသည်။ သူတို့မှာ ပစ္စည်း အများကြီး မပါ​တော့တာကြောင့် အားလုံးကို သိမ်းထားနိုင်တယ်လေ။ 


ထပ်ခါတလဲလဲ ပြင်ဆင်ပြီးတဲ့အခါ အခက်ဆုံးက မီးအလင်းရောင် ကိရိယာတွေ မရှိ​တော့တာကို တွေ့လိုက်ရ၏။ လောင်းယန်ရဲ့ ဓာတ်မီးက လုံးဝ ပါဝါကုန်သွားပြီ။ သူ့ဓာတ်မီးကလည်း ဘယ်နေရာမှာ ကျပျောက်သွားမှန်း မသိချေ။ မီးတုတ်နဲ့ ရေကူးရမယ် ဆိုရင်လည်း ဒုက္ခများလိမ့်မညမ။


လောင်းယန်က ပစ္စတိုသေနတ်ကို ရှေ့သို့ဆွဲထုတ်ကာ သူ့ပတ်ဝန်းကျင်က အမှောင်ထုကို ကြည့်လိုက်သည်။


"နည်းလမ်းက တစ်ခုပဲ ရှိ​တော့တယ်... ဒီထင်းတွေကို စုကြမယ်... မီး​တောက်ကို ပိုကြီးအောင်လုပ်ပြီး မီးအလင်းရောင်နဲ့ ကူးခတ်ကြမယ်... ရေဆက်မကူးဘူး နိုင်ရင် မီးရောင်အတိုင်း ပြန်ကူးလာနိုင်ပြီ မင်းဘယ်လိုထင်လဲ?"


ဝူရှဲလည်း စဉ်းစားပြီး ဒါက ဖြစ်နိုင်ချေရှိတဲ့ တစ်ခုတည်းသော ရွေးချယ်မှုပဲဆိုတာ သဘောပေါက်တော့ ပြန်ဖြေလိုက်သည်။


"ကောင်းပြီ အရင်ဆုံး အလောင်းအစား ကြည့်ကြတာပေါ့" 


ထို့နောက် အဝတ်အစားတွေကို ချွတ်ပြီး အိတ်ထဲထည့်ထားလိုက်သည်။ ပြီးတော့ လက်အိတ်နဲ့ သစ်သားချောင်းတွေကို မီးတုတ်တိုလေးတွေ လုပ်သည်။ ကျောပိုးအိတ်ရဲ့ ရေစိုခံအလွှာထဲကို အရင်ထည့်၊ ပြီးတော့ မီးတောက်အကြီးကြီး ဖြစ်အောင် ထွန်းညှိလိုက်သည်။ ခန္ဓာကိုယ်ကို ပူနွေးအောင် လုပ်ပြီးတဲ့ ခုန်ချလိုက်လေ၏။ ရေတက်လာပြီး ရေသံနောက်ကို လိုက်ကာ ရေတံခွန်ဆီသို့ ကူးခတ်လာခဲ့သည်။


ရေက အရမ်းအေးတာကြောင့် အကြိမ်အနည်းငယ် ရေကူးပြီးရင် ခန္ဓာကိုယ်ထဲက အပူတွေကို တစ်ခဏအတွင်း စုပ်ထုတ်ခံလိုက်ရသလို ခံစားရသည်။ ကံကောင်းထောက်မစွာနဲ့ ဝူရှဲလည်း မကြာသေးခင်ကမှ ကိုယ်အလေးချိန် တက်လာတဲ့ အတွက် ရုတ်တရက် အေးခဲမသွားခဲ့ချေ။


ငါးမိနစ်ခန့် ရေကူးပြီးနောက် ရေ၏အသံသည် တဖြည်းဖြည်း ကျယ်လောင်လာခဲ့သည်။ လောင်းယန်နဲ့ သူသည် ရေမကူးမီ လမ်းကြောင်းမှန်ကို ဆုံးဖြတ်ရန် ကြိုးစားရင်း ရေထဲတွင် ရပ်တန့်ကာ သူတို့ပတ်ဝန်းကျင်က လှုပ်ရှားမှုများကို နားထောင်​နေခဲ့သည်။


အဲဒီအချိန်မှာ သူတို့နဲ့ မနီးမဝေးမှာ ရေပေါ်မှာ တစ်စုံတစ်ခု ရုတ်တရက် ကုတ်ခြစ်သွားသလို အသံတစ်သံကို ကြားလိုက်ရသည်။ သူတို့နှစ်ယောက် အမြန်ပြန်​ကြည့်ပေမယ့် မီးနဲ့ဝေးလွန်းတာကြောင့် ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရချေ။


လောင်းယန်သည် ပစ္စတိုကို ထုတ်ကာ ရေလှုပ်သွားတဲ့ နေရာကို အမြင့်ပတ်ပတ်လည်ကို သတိထားပြီး ကြည့်နေသည်။ 


"လောင်ဝူ... ဒီမှာ အဲဒီ ဆော်လမွန်ငါးမျိုး မရှိ​လောက်ဘူး မဟုတ်လား?"


ဒီနေရာက ရေပြင်းက ကျယ်တယ်လို့ ထင်ရလေရာ ရုတ်တရက် အေးစက်စက် ချွေးတွေက ကျောရိုးအောက်ကို ပြေးဆင်းသွားတော့သည်။ တကယ်လို့ အဲဒီလိုလူသတ်နိုင်တဲ့ ငါးမျိုးရှိ​နေရင် သူတို့သေတာ ကြာပြီပေါ့။ မဟုတ်ဘူးလို့ ပြောရမလား။ ရှင်းရှင်းလင်းလင်းနဲ့ ရုတ်တရက် စိတ်မသက်မသာ ဖြစ်သွားပြီး မြန်မြန်လေး ပြန်ပြောလိုက်သည်။ 


"မသိဘူး ဘာပဲဖြစ်ဖြစ် မြန်မြန်ကူးရအောင်... ဒီလိုငါးမျိုးက ဆူညံသံကို ကြောက်တယ် ငါတို့ ရေတံခွန်နဲ့ နီးလေ ပိုလုံခြုံလေပဲ" 


သူတို့ နှစ်ယောက် ချက်ချင်း လက်နှစ်ဖက်ကို လွှဲကာ ရေတံခွန်ဆီသို့ ဆက်လက် ကူးခတ်သွားကြသည်။ ဤအချိန်တွင် သူတို့နောက်ကွယ်မှ မီးအလင်းရောင်သည် အားပျော့လာပြီး အစက်ငယ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။


ခဏကြာတော့ ရေက တဖြည်းဖြည်း ပိုမြန်လာပြီး ရေတံခွန်ရဲ့ ရေစီးဆင်းရာနေရာကို ချဉ်းကပ်လာခဲ့သည်။ အားထုတ်မှုတွေ တိုးလာပေမယ့် အရှိန်က တဖြည်းဖြည်းနဲ့ နှေးလာသည်။ ရေကူးရတာ ခက်လာသည်။ အံကြိတ်ပြီး ရှေ့ကို ငုပ်ဖို့ ကြိုးစားပေမယ့် အကြိမ်ပေါင်းများစွာ စမ်းသပ်ပြီးနောက် မအောင်မြင်ခဲ့ချေ။ 


ဝူရှဲ သူ့ရဲ့ ကာယခွန်အားတွေ တဖြည်းဖြည်း လျော့နည်းလာပြီး ရေစီးကြောင်းကနေ ပြန်စီး​ပြီး ကျသွားတော့မှာ စိုးလာသည်။ ထိုအချိန်တွင် လောင်းယန်က ဒီအတိုင်းကူးနေလို့ မဖြစ်ဘူးဟု အော်ဟစ်လာသည်။ သူတို့ရှေ့မှာ ရေတံခွန်က ရေစီးကြောင်း လှိုင်းထန်တဲ့ နေရာတွေ ရှိသည်။ ရေတံခွန်ကြီး၏ အရွယ်အစား အားလုံး၏ ရေပိုက်ခေါင်းများကို ကျော်ဖြတ်လိုပါက ရေကန်၏အောက်ခြေတွင် ကပ်လျက် လှိုင်းထန်နေသော စီးဆင်းမှုအောက်တွင် တစ်ဖြည်းဖြည်းချင်း ငုပ်သွားရမှာ ဖြစ်သည်။


သူပြောတဲ့အတိုင်း ရုတ်တရက် ရေထဲခုန်ချပြီး ပျောက်ကွယ်သွားတော့ ဝူရှဲလည်း သူ့နောက်က အမြန် ခုန်ဆင်းလိုက်ရသည်။ ရေစီးကြောင်းနဲ့ မီတာအနည်းငယ် အကွာက ရှေ့ကို ငုပ်သွားလိုက်တော့ ရေကန်အောက်ခြေကို ရောက်တဲ့အခါ အောက်ခြေကို ရုတ်တရက် မြင်လိုက်ရ၏။ သူ့ရှေ့မှာ ရေက နည်းနည်း မှုန်ဝါးနေပေမယ့် အဖြူရောင် အလင်းတန်းလေးတွေ ရှိသည်။ 


ဒီအလင်းရောင်ကို သူမှတ်မိတယ်။ အဲဒါက သူ့ရဲ့ ရေစိုခံဓာတ်မီးပဲ။ ယွမ်တစ်ထောင်ကျော်တန်ဖိုးရှိတဲ့ ဒီအရာဟာ တကယ်ကို ခိုင်ခံ့နေပြီး တောက်ပနေဆဲပဲလို့ စိတ်ထဲမှာ အော်ဟစ်နေခဲ့သည်။


ရေကန်အောက်ခြေမှာ သက်ရှိသတ္တဝါတွေကို မတွေ့ရတော့ဘဲ အဖြူရောင် အလင်းတန်းတွေ လင်းထိန်နေတဲ့ အောက်မှာ ကျောက်ရုပ်တွေ အများအပြား သပ်သပ်ရပ်ရပ် ချထားတာကို တွေ့လိုက်ရသည်။ ပုပ်ဆွေးနေတဲ့ လူအရုပ် ဦးခေါင်းတချို့က ပြုတ်ကျပြီး တချို့ကတော့ လည်ပင်းမှာ မြဲမြံစွာ တွယ်ကပ်နေဆဲပင်။ ရေကန်အလယ်မှာ ကျောက်စင်္ကြန်တစ်ခုရှိပုံရပြီး အပေါ်က အဖြူထည်နဲ့ ပတ်ထားတဲ့ ခန္ဓာကိုယ်တစ်ခုကလည်း ပေါ်နေသလို ယောင်ဝါးဝါး မြင်ရ၏။ 


ဒီအချိန်မှာ သူ့ဓာတ်မီးက သူ့ကို အစွဲဆောင်နိုင်ဆုံးပဲ။ အဲဒါကို အကြိမ် အနည်းငယ်လောက် ကြည့်ကာ လျစ်လျူရှုလိုက်ပြီး ကျောက်တုံးလူသားရဲ့ အလယ်ကို ခိုးဝင်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို တည်ငြိမ်စေဖို့ ကျောက်တုံးလူသားကို ဆုပ်ကိုင်လိုက်ပြီး ဓာတ်မီးဆီကို ချဉ်းကပ်သွားလိုက်သည်။


သူရောက်ခါနီးမှာ ရေစီးကြောင်းတစ်ခုက အနောက်ကနေ ရုတ်တရက် ပြေးတက်လာသည်။ တစ်ခုခု မှားနေပြီဆိုတာ သိပြီး ကိုယ့်ကိုကိုယ် ချက်ချင်းသတိပေးပေမယ့် တစ်စုံတစ်ခုက သူ့ကို လာတိုက်မိလိမ့်မယ်လို့ မမျှော်လင့်ထားချေ။ သူ့လက်ထဲမှာ ကိုင်ထားတဲ့ လူရုပ်ဟာ သူ့ခွန်အားကို မခံနိုင်တော့ဘဲ လွတ်ထွက်သွားကာ အဲဒီလူရုပ်က ချက်ချင်းဆိုသလို အပေါ်ကို ခုန်တက်သွားတော့သည်။ 


ဝူရှဲ စိတ်ထဲမှာ အော်ဟစ်ပြီး တခဏချင်းမှာပဲ အပေါ်က လှိုင်းထန်တဲ့ စီးဆင်းမှုရဲ့ အလယ်ဗဟိုကို ပြေးဝင်သွားတော့သည်။ ရှေ့ကို တွန်းလာတဲ့ အင်အားက ရုတ်တရက် ဦးတည်ချက် ပြောင်းသွားပြီး ဘေးဘက်ကို ပြေးသွား၏။ ဝူရှဲမှာ အော်ဟစ်ပြီး ပရမ်းပတာပုံစံဖြင့် ရေထဲ ပစ်ချခံလိုက်ရသည်။ ဝူရှဲ အကြိမ်ပေါင်းများစွာ လှည့်ပတ်သွားပြီး ကိုယ်ဟန်အနေအထားကို မထိန်းနိုင်လိုက်ချေ။ 


ရေထဲမှာ ပရမ်းပတာ ဖြစ်သွားကာ ဘယ်နှစ်ကွေ့လောက် လှိမ့်ဝင်နေမှန်းပင် မသိတော့ချေ။ ရုတ်တရက် သူ့မျက်လုံးရှေ့မှာ အဖြူရောင်အရိပ်တစ်ခု ပေါ်လာတာကို အကြိမ်ပေါင်းများစွာ မြင်လိုက်ရသလို ခံစားလိုက်ရပေမယ့် အဲဒါ ဘာလဲဆိုတာတောင် မမြင်လိုက်ပေ။


သူ့အသိစိတ်က လျင်မြန်စွာ မှုန်ဝါးလာပြီး သူ့ကိုယ်သူ သေသွားပြီလို့တောင် ထင်ခဲ့သည်။ အဲဒီအချိန်မှာ သူ့နောက်ကျောက တစ်ခုခုကို ပြင်းပြင်းထန်ထန် တိုက်မိသွားခဲ့ရာ နာကျင်မှုကြောင့် ရုတ်တရက် လန့်နိုးလာခဲ့သည်။ ဝူရှဲ အမြန်လှည့်ပြီး ထိုအရာကို ဖမ်းဆွဲလိုက်ရာ အဲဒါက လောင်းယန် ပြောခဲ့တဲ့ သံကြိုးဖြစ်နေ၏။ 


ဝူရှဲ လက်နှိပ်ဓာတ်မီးကို ဂရုမစိုက်တော့ဘဲ သံကြိုးကိုဆွဲကာ ခွန်အားအပြည့်ဖြင့် သံကြိုး၏ အဆုံးဆီသို့ တက်လိုက်သည်။ အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ရေတံခွန် အောက်ခြေသို့ ရောက်ရှိသွားသည်။ သို့သော်လည်း ဦးခေါင်းထက်မှ ကြီးမားသော တွန်းအားတစ်ခု ထွက်လာသည်ကို ခံစားလိုက်ရ​ပြန်သည်။ ရေအားက သူ့ကို အထက်မှ သွန်းလောင်းချလိုက်ကာ ရေကန်အောက်ခြေသို့ တွန်းပို့လိုက်သည်။


လောင်းယန်က သူ့ကို နောက်ကနေ ဖမ်းဆုပ်လိုက်ပြီး လက်ကို ဆောင့်ဆွဲကာ ဆွဲထုတ်လိုက်သည်။ နှစ်ယောက်သား ကျောက်တုံးရုပ်တွေကို ကန်ရင်းနဲ့ သံကြိုးကို ဆွဲတင်ကာ နောက်ဆုံးတော့ ရေတံခွန်အောက် ဧရိယာကို ဖြတ်ပြေးသွားနိုင်ခဲ့၏။ ရုတ်တရက် ခေါင်းထဲမှာ ဖိအားတွေများလာသလို ရေပေါ်ကနေ ချက်ချင်းထလိုက်စဥ် လေကို အငမ်းမရရှူရင်း ခေါင်းပါ မူးဝေသွားသည်။ 


သူ့အနီးတစ်ဝိုက်မှာ မှောင်နေပြီး လောင်းယန်ရဲ့ အသက်ရှုသံတွေကိုပဲ ကြားနေရသည်။ သူက အကြိမ်အနည်းငယ် ချောင်းဆိုးပြီး 


"အဆင်ပြေရဲ့လား? ငါတို့ ရောက်ပြီထင်တယ်" 


ဝူရှဲလည်း အကြိမ်အနည်းငယ် ချောင်းဆိုး​နေရပြီး 


"မြန်မြန် မီးထွန်းလိုက်... ဒီရေကန်က တစ်ခုခု မှားနေပြီ ရေထဲမှာ မသန့်ရှင်းတဲ့ အရာတစ်ခုခု ရှိနေမှာကို ကြောက်ရတယ်"


လောင်းယန်က မီးခြစ်ကို နှိပ်လိုက်သည်နှင့် ပတ်ဝန်းကျင်ကို မြင်ချင်သော်လည်း ပတ်ပတ်လည်တွင် ရေများ လျှံထွက်နေသဖြင့် မီးက ချက်ခနဲ ငြိမ်းသွားသည်။ ရေတံခွန် အပြင်ဘက်မှာ ရေစီးသံကို ရုတ်တရက် ကြားလိုက်ရပြန်၏။ ဒီတစ်ခါတော့ အရမ်းနီးကပ်နေပြီ။ နှစ်မီတာ သုံးမီတာအကွာကနေ တစ်ခုခု ကူးခတ်လာနေပုံရသည်။


“သတိထား!” 


ရေထဲမှာ နစ်မြုပ်သွားတဲ့ အဖြူရောင်အရိပ်ကို တွေးလိုက်မိတော့ ရုတ်တရက် စိတ်တွေပူလာပြီး လောင်းယန်ကို ပြောလိုက်သည်။  


“အနီးနားမှာ တစ်ခုခုရှိနေပြီ ထင်တယ်…” 


စကားမဆုံးခင်မှာ ရုတ်တရက် ခံစားလိုက်ရတာက အေးစက်ပြီး ပျော့အိအိ လက်တစ်ဖက်ဟာ သူ့ပခုံးပေါ်ကို ကျရောက်လာတယ် ဆိုတာပင်။ 


ဘာလဲလို့ တွေးမိပြီး ဝူရှဲ ထိတ်လန့်တကြား ထအော်လိုက်မိသည်။ ရေထဲက လူရုပ်ကြီး အသက်ဝင်လာတာလား။ ဝူရှဲ အလိုလို ရေထဲမှာ လှိမ့်ချလိုက်ပြီး သူ့နောက်က အရာကို ကန်ထုတ်လိုက်ပြီး ဖယ်ထုတ်ပစ်လိုက်၏။ ပြီးတော့ သူက ရုတ်တရက် ရေထဲက ထွက်လာပြီး လောင်းယန်ကို အော်ပြောလိုက်သည်။ 


"အား.... ရေအောက်မှာ တစ္ဆေတစ်ကောင် ရှိတယ်! မြန်မြန် မြန်မြန်လုပ်"


လောင်ယန်းက မီးခြစ်ကို ထွန်းထားပြီးသား ဆိုတော့ လန့်​ဖြတ်ပြီး ဝူရှဲဘက်ကို အမြန် လှည့်ကြည့်လာသည်။ မီးမလင်းရင် အဆင်ပြေနိုင်သေးပေမယ့် မီးကို ထွန်းလိုက်တဲ့အခါ ဦးရေပြားတွေတောင် ထုံသွားသည်။ နှစ်ယောက်သား ကြောက်လွန်းလို့ သေလုနီးပါးပင်။ ဝူရှဲအနောက်က ရေထဲကနေ ဖျော့ဖျော့လေး ထွက်လာတဲ့ လူဦးးခေါင်းကို မြင်လိုက်ရပြီး ၎င်းက ရက်စက်တဲ့ အမူအရာနဲ့ သူတို့ကို စိုက်ကြည့်နေလေသည်။ 


နှစ်ယောက်သား ထိတ်လန့် တုန်လှုပ်စွာဖြင့် ကြိမ်ဖန်များစွာ ပြန်ကန်ထုတ်ခဲ့ကြသည်။ လောင်းယန်လည်း ထိတ်လန့်တကြားနဲ့ သူ့သေနတ်ကို ထုတ်ပစ်ချင်ပေမယ့် ဆွဲမထုတ်နိုင်ခဲ့ချေ။ 


အဲဒီလူက မျက်လုံးပြူးပြီး ပါးစပ်ကိုဖွင့်ကာ တစ်ခုခု ပြောနေပုံပေါ်၏။ နောက်ဆုံးတော့ သူက ဝူရှဲဆီ ပြေးလာခဲ့သည်။ ဝူရှဲအော်ပြီး ထွက်ပြေးချင်ပေမယ့် လွတ်ဖို့လမ်း မရှိဘူးဆိုတာကို တွေ့လိုက်ရသည်။ အဲဒီလူရဲ့ခေါင်းက ရုတ်တရက် ဝူရှဲခန္ဓာကိုယ် အပေါ်ကို ဖိသွားတော့သည်။ 


ဝူရှဲ ဒေါသူပုန်ထကာ သူ့ကို တွန်းထုတ်ဖို့ ကြိုးစားပေမယ့် သူက ဝူရှဲကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည်။ ဝူရှဲ စိတ်ရှုပ်ထွေးမှု ပြင်းထန်စွာ​နေချိန် ရုတ်တရက် သူ့နားထဲမှာ ရှင်းရှင်းလင်းလင်း ပြောနေတဲ့ အမျိုးသားတစ်ဦးရဲ့ အသံကို ကြားလိုက်ရ၏။


"ကယ်..... ပါဦး..... "


ဝူရှဲ အံ့အားသင့်ပြီး ဆွံ့အသွားသည်။ သူစိတ်တွေ ရူးသွပ်သွားကာ ရေတစ္ဆေက ဘယ်လို အော်ဟစ်အကူအညီ တောင်းနိုင်မှာလဲ ဆိုတာကို တွေးတောမိရင်း ကမန်းကတန်း ထိုခေါင်းကို တည့်မတ်​ကြည့်ဖို့ သူ့ဆံပင်တွေကို ဆောင့်ဆွဲကာ တွန်းဖယ်လိုက်တော့ သွေးမရှိတော့တဲ့ မျက်နှာကို တွေ့လိုက်ရတော့သည်။


ဘုရားရေ၊ ဒါက ဘယ်လိုလုပ် ရေသရဲ ဖြစ်မှာလဲ။ ဒါက ဆရာလျောင် မဟုတ်ဘူးလား။ 


ဒီလူဟာ မောပန်းနွမ်းနယ်နေပြီး မျက်လုံးတွေကို မှိတ်ထားပြီး မူးလဲလုနီးပါး ဖြစ်နေ​ပြီ။ သူ့မျက်နှာက ဒီလောက်ဖြူဖျော့နေတာ မဆန်းပါဘူး။ ဝူရှဲလည်း သူ့နောက်ကို အမြန်လှည့်လိုက်ပြီး လောင်းယန်ကို အကူအညီတောင်းကာ ဆရာလျောင်ကို ရေထဲက ဆွဲထုတ်လိုက်သည်။


လောင်းယန်က အနီးကပ်ကြည့်ကာ သူ့ကိုချက်ချင်း မှတ်မိသွားသည်။ တစ်ဆက်တည်း စိတ်တွေလည်း ရှုပ်ယှက်ခတ်သွားကာ ဝူရှဲကို မေးလိုက်သည်။


"ငလူး! ဒီလူက ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ? သူဘယ်လိုလုပ် ဝင်လာတာလဲ?"


ဝူရှဲ လောင်းယန်ကို ပြောပြလိုက်သည်။


"ဒီကောင်က တစ်ယောက်တည်းနေပြီး တစ်ယောက်တည်း မလှုပ်ရဲတော့လို့ ငါတို့ကို ဘေးက​နေ စောင့်ကြည့်နေတာ ဖြစ်မယ်...ငါတို့ ရေထဲဆင်းနေတာ တွေ့တော့ ငါတို့ထွက်လမ်းကို ရှာ​တွေ့​ပြီထင်ပြီး ရေထဲ လိုက်ဆင်းခဲ့တာ... ငါတို့နောက်ကို လိုက်လာခဲ့ပေမယ့် ရေထဲဆင်းပြီးတော့ ဒီလောက် အန္တရာယ်ရှိတဲ့နေရာကို သွားမယ်လို့ သူ မမျှော်လင့်ထားပုံပဲ”


လမ်းတစ်လျှောက်တွင် ကြားလိုက်ရသော ရေသံသည် ဆရာလျောင် သူတို့နောက်သို့ လိုက်လာစဉ်က ထွက်လာတဲ့အသံ ဖြစ်ကောင်းဖြစ်နိုင်၏။


ဆရာလျောင်က သူ့ကျောပိုးအိတ်ကို ထမ်းထားတုန်းပင်။ လူကို ရေထဲကနေ တည့်တည့်ဆွဲထုတ်လိုက်ပြီး လောင်းယန်က သူ့ကျောပိုးအိတ်ကို သူ့ခန္ဓာကိုယ်ကနေ အမြန်ချွတ်လိုက်ပြီး 


"ဒါဆို အခု သူနဲ့ ငါတို့ ဘာလုပ်​ကြ​တော့မလဲ? သူက ဟိုအဖွဲ့ထဲကလူ.. ငါတို့ကို ဒုက္ခမပေးနိုင်ဘူးလား?"


ဝူရှဲ ခေါင်းကိုက်သွားသလို ခံစားရပေမယ့် ပြဿနာက ရောက်လာပြီးပြီလေ။ ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းမရှိရင်တော့ ဒီလူကို ဒီနေရာမှာ ရေနစ်သွားတဲ့အထိ မထားနိုင်ဘူးလို့ ပြောပြီး 


“အခု ငါတို့ ဘာမှ မလုပ်နိုင်သေးဘူး... ရေထဲက အရင်ထွက်ဖို့ နေရာရှာရအောင် နောက်မှ သူနဲ့ ဆက်ရှင်းကြတာပေါ့"


သူတို့ရဲ့ ကိုယ်ဟန်အနေအထားကို ချိန်ညှိပြီး မီတာအနည်းငယ် အတွင်းထဲကို ကူးခတ်ခဲ့သည်။ ကျယ်ပြန့်ပြီး ရှည်လျားတဲ့ ကျောက်တုံးလှေကားထစ်များဟာ ရေအောက်မှာ ပေါ်ထွက်လာခဲ့၏။ ရေအောက်ကနေ ဆယ်ထစ်ကျော်အထိ မြင်နေရသည်။ ဝူရှဲတို့ ဖြည်းဖြည်းချင်း ချဉ်းကပ်ပြီး ရေထဲက လှေကားထစ်တွေပေါ်ကို တက်ခဲ့ကြသည်။


ဝူရှဲ လှေကားထစ်တွေပေါ် လဲကျသွားတဲ့အထိ မောပန်းနွမ်းနယ်နေပြီ။ ဝူရှဲ လေကို ရှူရှိုက်ရင်း နံဘေးက လောင်းယန်ကို ကြည့်လိုက်တော့ အလွန်ကို စိတ်လှုပ်ရှားသွားသလို မျက်လုံးတွေ တောက်ပနေတာ တွေ့ရသည်။ သူပြင်ဆင်ထားသော မီးရှူးတိုင်ကို ထုတ်ယူကာ အရက်ဖြူ အနည်းငယ် လောင်းထည့်ကာ မီးထွန်းလိုက်ရာ အနီးနားပတ်ဝန်းကျင်က ရုတ်တရက် တောက်ပလာခဲ့သည်။


ဟိုဟိုဒီဒီ လှည့်ကြည့်လိုက်တော့ ရေတံခွန်ရဲ့နောက်ကွယ်မှာ ဝှက်ထားတဲ့ လှိုဏ်ဂူတစ်ခုပဲ ရှိတော့တာ တွေ့ရ၏။ အဲဒါက သေးလည်းမသေး ကြီးလည်းမကြီးပေ။ သဘာဝအတိုင်း ဖွဲ့စည်းထားပုံ ရတယ်လို့ထင်ရပေမယ့် တချို့နေရာတွေမှာ အတုအယောင် ချောချောမွေ့မွေ့ အရိပ်အယောင်တွေ ရှိနေလေသည်။ 


လှေကားအထက်တွင် bluestone ကျောက်တုံးကြီးတစ်ခု ရှိသည်။ ကျောက်စင်ပေါ်တွင် ငှက်များနှင့် တိရိစ္ဆာန်ပုံများ ရေးထွင်းထားသည့် ကျောက်စာတိုင် လေးတိုင်ရှိသည်။ အလယ်တွင် အဂ္ဂိရတ်အိုးတစ်လုံးလို ကြေးပစ္စည်းတစ်ခုကို ထားထား၏။ ၎င်းက သူ့ထက် အရပ်ပိုမြင့်ကာ သံချေးများလည်း စွန်းထင်းနေပြီး ခေါင်းတစ်လုံးလုံးတွင် မြွေနှစ်​ကောင် ရုပ်ပုံများနှင့် ထုံးတမ်းစဉ်လာ လှုပ်ရှားမှုများကို ဖုံးလွှမ်းထားသည်။


ဤအရာသည် ယဇ်ပလ္လင်တစ်ခု ဖြစ်နိုင်သည်။ ရှစ်တိုင်းပြည်သည် လူများအား ယဇ်ပူဇော်ခြင်းကို အလေးပေးသော်လည်း သင်္ဂြိုဟ်ခြင်း စနစ်များကို အလေးမထားဘူးဟု ကိုယ့်ဘာသာ တွေးထင်ခဲ့မိသည်။ ဒါကို ကြည့်ရသလောက်တော့ သူတို့ ဂူသင်္ချိုင်းနဲ့ နီးကပ်လာပြီထင်ပါရဲ့။ 


နှစ်ယောက်သား ကျောက်စင်ပေါ်ကို လျှောက်သွားကာ အထုပ်တစ်ထုပ်နှင့် ဆရာလျောင်ကို မြေကြီးပေါ် ပစ်ချကာ စူးစမ်းလေ့လာရန် ကျောက်စင်္ကြန်တစ်ဖက်သို့ လျှောက်သွားကြသည်။ အဲဒီမှာ လှေကားထစ်တွေရှိကာ နှစ်ယောက်သား လှေကားထစ်များပေါ် တက်ကြည့်လိုက်သည်။ လှေကားထစ်က ကွေ့ကောက်နေကာ ဂူသင်္ချိုင်းရဲ့ အတွင်းပိုင်းကို သွားနေတာ ဖြစ်လိမ့်မည်။ မီးတိုင်မှ အလင်းရောင်သည် အောက်ခြေသို့ မရောက်နိုင်သဖြင့် အောက်ဘက်ရှိ အရာကို မသိနိုင်ပေ။ ဝူရှဲက ပြောလိုက်သည်။


"ဒါက မရဏနိုင်ငံထဲကို ဝင်တာဆိုရင်... ဒီငရဲတံခါးက ပိတ်သွား​လောက်ပြီ... အောက်ဖက်က ငရဲအဆင့်က ၁၈ထပ်ပဲ ရှိတော့တယ်... မင်းကြောက်လား?"


လောင်းယန်က နံဘေးက ဆရာလျောင်ကို လက်ညှိုးထိုးပြပြီး 


"ငါ့ဖင်ကြီးကိုပဲ ကြောက်! ငါ ​​တတ်နိုင်သမျှ အမြန်ဆုံး ဆင်းချင်နေပြီ... ဒါပေမဲ့ ဒီကောင်ကို ဘယ်လိုလုပ်မှာလဲ?"


ရှေး​​ဟောင်း ဂူသင်္ချိုင်းရဲ့ အဝင်ဝက အရမ်းနီးနေပြီ။ သူနဲ့ လောင်းယန်က မနေနိုင်ဘဲ အောက်ကိုဆင်းပြီး ချက်ချင်း ကြည့်ချင်ပေမယ့် ဒုက္ခရောက်နေတဲ့ ဆရာလျောင်ကြောင့် သူ့ကို တစ်ယောက်တည်း မထားခဲ့နိုင်တော့ရာ အရင်နှိုးလိုက်ရတော့သည်။ 


သူ့အဝတ်အစားတွေကို ဆွဲပြီး ဝိုင်ဖြူနှစ်ခွက်ကို ပါးစပ်ထဲ လောင်းထည့် ပေးလိုက်သည်။ သူက ပျော့ပျော့လေးနဲ့ မျက်လုံးဖွင့်ပြီး လောင်းယန်ကို ကြည့်လာသည်။ 


"ဟေ့ စကားပြောနိုင်လား?" 


ဆရာလျောင်က တဖြည်းဖြည်း သတိပြန်ရလာခဲ့သည်။ သူက ဝူရှဲတို့လက်ထဲ ရောက်နေမှန်း သိလိုက်တဲ့အခါ ခေါင်းတညိတ်ညိတ်နဲ့ ချောင်းဆိုးနေတော့သည်။ လောင်းယန်က ပြောလေ၏။ 


"မကြောက်ပါနဲ့ ငါတို့က မင်းရဲ့အဖွဲ့နဲ့ မတူဘူး... မင်းကို ငါတို့ ဘာမှလုပ်မှာ မဟုတ်ဘူး ဒါပေမဲ့ ငါတို့ကိုယ်တိုင်လည်း လုံခြုံရေးကို သေချာလုပ်ရမယ်လေ... ရိုးရိုးသားသား ပြောရရင် ငါတို့ မင်းကို ခေါ်သွားမယ် မဟုတ်ရင်လည်း ငါတို့ မင်းကို ချက်ချ​င်း ဖျက်ဆီးပစ်လို့ရတယ် မင်းနားလည်လား?"


ဆရာလျောင်က ခေါင်းတညိတ်ညိတ်နဲ့ တစ်ခုခုပြောဖို့ ပါးစပ်ကို ဖွင့်ထားပေမယ့် ဘာမှပြောမထွက်လာပေ။ 


လောင်းယန်က သူ့ပါးစပ်ထဲကို အရက်ဖြူ အနည်းငယ် လောင်းထည့်လိုက်တာကြောင့် ပြင်းထန်စွာ ချောင်းဆိုးလေတော့သည်။ နောက်တော့ လောင်းယန်က ခါးပတ်​ကြိုးကို ထုတ်ပြီး ဆရာလျောင်ရဲ့ လက်တွေကို တင်းတင်းကြပ်ကြပ် ချည်နှောင်ပစ်လိုက်သည်။


“ငါစိုးရိမ်နေတုန်းပဲ... အဲဒီလူတွေ အကုန်လုံးက စိတ်ညစ်စရာကောင်းတယ် သူ့ကို အရင်ချည်ရအောင်"


ဆရာလျောင်သည် အမှန်တကယ် ခုခံရန် ခွန်အား မရှိသောကြောင့် အသာတကြည် ချည်နှောင်ခံလိုက်သည်။ သူ့ဆီမှာ ဘာအမှားအယွင်းမှ မရှိတာတွေ့တော့ကို တွေ့မှ ခေါင်းကိုမော့ခိုင်းပြီး ဆွဲထူလိုက်သည်။ ထို့နောက် သုံးယောက်သား ကျောက်လှေကားထစ်များဆီ ချဥ်းကပ်လာကာ တဖြည်းဖြည်းချင်း ချဥ်းကပ်လာခဲ့သည်။ 


ယေဘူယျအားဖြင့် ပြောရလျှင် မြွေတိုင်းပြည် (ရှစ်တိုင်းပြည်) သည် ထောင်ချောက်များနှင့် လှည့်ကွက်များတွင် မကျွမ်းကျင်သော်လည်း သတိထား၍ ရာနှင့်ချီသော ကျောက်လှေကားထစ်များပေါ်က အချိန်အတော်ကြာ လျှောက်လှမ်းနေရဆဲ ဖြစ်သည်။ နောက်ဆုံးတွင် သူတို့ရှေ့တွင် ပြန့်ပြူးသော မြေပြင်တစ်ခု ပေါ်လာပြီး လှေကား အောက်ခြေသို့ ရောက်သွားသည်။ 


လှေကား အောက်ခြေတွင် အနက်ရောင် ကျောက်တုံးကြီး တစ်ခုရှိပြီး တစ်ဖက်တွင် ချောက်ကမ်းပါး တစ်ခုရှိသည်။


မြေအောက် ရေလမ်းကြောင်း တည်ရှိရာသို့ ကျောက်သား သွေးကြောများ နိမ့်ဆင်းသွားသော အသွင်သဏ္ဌာန် ဖြစ်သောကြောင့် တချို့နေရာများတွင် တောင်တန်းများ ရွေ့လျားထားမှုများ ဖြစ်ပေါ်ထားပြီး ချို့ယွင်းမှုများလည်း ဆက်တိုက် ရှိနေသည်။


ချောက်ကမ်းပါး အောက်တွင် မည်းမှောင်နေပြီး ဘယ်လောက် မြင့်တယ် ဒါမှမဟုတ် အဲဒီနေရာမှာ ဘာရှိနေတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။


သူ့မှာသာ ဓာတ်မီးရှိခဲ့လျှင် ပိုကောင်းလိမ့်မည်။ ယခုမီးတိုင်းက အောက်ဖက်ကို ဘယ်လိုလုပ် ထွန်းလင်းနိုင်ပါ့မလဲ။ လောင်းယန်က ဘာလုပ်ရမလဲ။ မီးရှူးတိုင်ကို ပစ်ချသင့်သလားလို့ မေးလာသည်။ မီးတိုင်ကို ပစ်ချလိုက်လို့ ဘာဖြစ်မှာလဲ။ မီးတိုင်ကျသွားရင် သူတို့ဘယ်လို ဆက်ဆင်းရတော့မလဲ။ 


ထိုအချိန်တွင် ဆရာလျောင်က ဆိုလာသည်။ 


"မင်းတို့နှစ်ယောက်.... ငါ့အိတ်ထဲမှာ အချက်ပြမီးသေနတ် တစ်လက်ရှိတယ်..."


လောင်းယန်က တစ်ဖက်လူရဲ့ လွယ်အိတ်ထဲကို အမြန်ဖွင့်လိုက်ပြီး အချက်​ပြ မီးသေနတ်တစ်လက်ကို ထုတ်လိုက်သည်။ ထို့နောက် ဆရာလျောင်အား ကြည့်ပြီး အံ့အားသင့်စွာနဲ့ 


"ဟေး မင်းက လူကောင်းပဲ... မင်း တကယ် ပူးပေါင်းဆောင်ရွက်တတ်တယ်"


မီးသေနတ်မှာ ဘာအမှားအယွင်းမှ မရှိတာကို စစ်ဆေးကြည့်​ပြီးတော့ လုံခြုံရေးခလုတ်ကို ဆွဲထုတ်ကာ ချောက်ကမ်းပါးထိပ်မှာ မီးကျည်ကို ဖောက်ခွဲပစ်လိုက်သည်။ 


ခြေရာခံ မီးအလင်းတန်းများ လင်းထိန်သွားကာ ကြီးမားသော ဧရိယာထဲ တောက်ပသွားစေသည်။ တခဏအတွင်းမှာပင် ဂူကြီးတစ်ခုလုံး သူတို့ရှေ့တွင် ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာသည်။


အောက်ကို ငုံ့ကြည့်လိုက်တော့ သုံးယောက်လုံး အေးခဲသွားလေ၏။


ပထမတော့ ကိုယ်ဘာတွေမြင်နေမှန်းကို မသိလိုက်ဘူး။ မြင်လိုက်ရတာ ချက်ချင်း မျက်စိကျယ်သွားပြီး ပါးစပ်ကလည်း အဟောင်းသား ဖြစ်သွားကာ မယုံနိုင်လောက်အောင် အံ့သြသွားသည်။ 


အားနည်းနေပြီ ဖြစ်သော ဆရာလျောင်သည် အောက်ဖက်ရှိ အခြေအနေကို မြင်လိုက်ရသောအခါ ဝူရှဲထက်ပင် ရှေ့တစ်လှမ်း​စော၍ လဲကျလုနီးပါး ဖြစ်သွားသည်။ သူ့ခမျာ အောက်ကျသွားတော့မလိုပင်။ လောင်းယန်လည်း ဖျော့တော့သွားကာ မသိစိတ်မှ နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားလေသည်။


ချောက်ကမ်းပါးအောက်က ပေတစ်ဒါဇင်လောက်ဟာ ထင်းခြောက်လို အရာတွေနဲ့ ပြည့်ကျပ်နေတဲ့ သဘာဝ လှိုဏ်ဂူကြီးတစ်ခုပါပဲ။ သေသေချာချာ ကြည့်လိုက်ရင်တော့ သူတို့အားလုံးဟာ အရိုးတွေ ဖြစ်နေတာကို တွေ့ရပေ၏။ နောက်တစ်ခုက တစ်ခုနဲ့တစ်ခုက ထပ်နေပြီး အရိုးတွေတောင် တချို့နေရာတွေမှာ အလွှာပေါင်း သောင်းနှင့်ချီ၍ ရှိနေတာ တွေ့ရသည်။ 


“ဒါ… ဒါ ဘယ်လိုနေရာ​ကြီးလဲ” ဝူရှဲ အော်လိုက်သည်။ 


“ဘုရားရေ... ဒါက အစုလိုက်အပြုံလိုက် လူသေကောင် သင်္ချိုင်းလား?” 


ဖုန်းရွှေ သခင်တွေက မရဏကမ္ဘာ ဒါမှမဟုတ် ​မြေအောက်ကမ္ဘာကို မြင်ခဲ့တယ်လို့ ပြောကြတာ အံ့သြစရာ မဟုတ်တော့ပေ။ ဒီမြင်ကွင်းက အရမ်းထိတ်လန့်စရာ ကောင်းတယ်လေ။ ဘယ်သူကပဲ မြင်တွေ့တွေ့ ငရဲထဲက မြင်ကွင်းတစ်ခုလို့ပဲ သူတို့ထင်မှာ သေချာပါသည်။


သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် ဝူရှဲဟာ သူ့ရှေ့က မြင်ကွင်းက အရင်က မြင်ဖူးသလိုမျိုး အရမ်းရင်းနှီးနေပုံရတာကို တွေးရင်း မျက်မှောင်ကြုတ်မိလာသည်။ ရုတ်တရက်ပင် စိတ်ထဲတွင် တူညီသော အခြေအနေတစ်ခု ပေါ်လာသည်။ ရှန်းတုံရှိ ကွာကျစ်ဘုရားကျောင်း အနီးက အလောင်းဂူဟာ ဒီနေရာနဲ့ အရမ်းဆင်တူတယ် မဟုတ်ပါလား။ 


ရုတ်တရက် အတွေးတွေက အရမ်း ရှုပ်သွားသည်။ လည်ချောင်းထဲမှာ တစ်ခုခု ကပ်နေသလိုခံစားရပြီး ဘာမှ ပြန်မပြောနိုင်တော့ပေ။ သေချာပါတယ်။ ဒီနေရာဟာ ရှန်းတုံးရှိ ကွာကျစ်ဘုရားကျောင်းရဲ့ အလောင်းကောင်ဂူနဲ့ ဆက်စပ်နေပါ၏။ တောင်ပေါ်ရှိ သလင်းကျောက် ခေါင်းတလားနှင့် ဆံပင်ရှည်ရှည် အဖြူရောင်ရှိသော အမျိုးသမီး အလောင်းကိုရော ဒီနေရာမှာ တွေ့ရမလား မပြောတတ်ချေ။


ချက်ချ​​င်း လှည့်ကြည့်လိုက်တော့ လေထဲက အချက်ပြမီးတောက်က ထောင့်စွန်းနားကို လျှောကျသွားပြီး အလင်း ထွက်သွားတဲ့ အခိုက်မှာ အလောင်းတွေထဲမှာ ထူးဆန်းတဲ့ နေရာတစ်ခုကို တွေ့လိုက်ရပါတော့သည်။ 




TN - အသွေး စာများလို့ ပြန်မစစ်မိပါဘူးနော်။ အမှားပါရင် သည်းခံဖတ်ပေးစေချင်ပါတယ်။