(47)
Viewers 5k

Chapter (47)

ရှေးဟန်မင်းဆက်၏အလောင်းစစ်သည်များ



ဒါ လူသေလား...သေသွားတဲ့လူလား။  


"လီကျင်လုံ!"


ဟုန်ကျွင့် လန့်သွားသည်။ သူ ထိုကဲ့သို့သော မိစ္ဆာမျိုးကို တစ်ခါမျှ မမြင်ဖူးသေးတာကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် လှမ်းကာ ဆုတ်သွားသည်။ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော စစ်သားအယောက် နှစ်ဆယ်နီးပါးက သူ့ကို ဝိုင်းလာခဲ့သည်။ ဟုန်ကျွင့်က ဓားပျံဖြင့် လမ်းပိတ်ဆို့နေသော စစ်သားကို စစ်သားကို နှစ်ပိုင်းခွဲ ဖြတ်လိုက်သော်လည်း ၎င်းက မြေပြင်ပေါ်တွင် လက်နှစ်ဘက်ဖြင့် သူ့ဆီသို့ တွားသွားလာသေး၏။ 


အနက်ရောင် အရိပ်များသည် မဟာတံတိုင်းကြီးကို ဖြတ်ကျော်ကာ မြင့်သော ​နေရာမှ ခုန်ဆင်းလာကြသည်။ တောနက်ထဲတွင် လူသေ စစ်သားများသည် ဟုန်ကျွင့်ဆီသို့ အပြေးအလွှား ပြေးလာကြသည်။ ဟုန်ကျွင့်လည်း အလင်းငါးရောင်ကို ကိုင်ဆောင်ကာ ဓားပျံများဖြင့် ခုတ်ထစ်ကာ စစ်သားများ၏ အလောင်းများကို ဖျက်ဆီးရန် ကြိုးစားခဲ့သည်။ 


နတ်အလင်းငါးရောင်ကို တွန်းထုတ်လိုက်ပြီး အသေခံတပ်သား တစ်စုကို တွန်းထုတ်လိုက်ရာ ချက်ချင်းတွင် ထူးဆန်းသော အသံတစ်ခုထွက်ပေါ်လာကာ သေနေသော စစ်သားတစ်ဦးက သူ့အနောက်မှ ပြေးလာ၍ သူ့အား ချိတ်ဆွဲထားလိုက်သည်။


ဟုန်ကျွင့် ကူကယ်ရာမဲ့သွားသည်။ 


"ထွက်သွား!"


သူသည် သာမာန်မိစ္ဆာများကို လုံးဝ မကြောက်သော်လည်း ဤနေရာက လူသေများ၏ အသွင်အပြင်မှာ ထူးဆန်းလွန်းသည်။ အမည်မသိသော အကြောင်းတစ်ခုခုကြောင့် အရေအတွက် သိသိသာသာ တိုးလာသည်။ အရေးကြီးဆုံးမှာ ၎င်းတို့ကို လုံးဝ မသတ်နိုင်ခြင်းပါပဲ။ 


ဟုန်ကျွင့် လူသေကို သူ့ပုခုံးပေါ်က ဆွဲချလိုက်ချိန်၌ နောက်ထပ် သေသွားတဲ့ စစ်သားတွေက ရှေ့ကို ထပ်ပြေးလာလေရာ သူ့ခမျာ ၎င်းတို့ကြားထဲ နစ်မြုပ်သွားပါတော့သည်။


 ... မဟာတံတိုင်းကြီးအောက်မှ အဖြူရောင် အလင်းတန်းလေးဖြင့် ပစ်လွှတ်လိုက်သော မြားတစ်စင်းသည် ခြေလှမ်းငါးဆယ်နီးပါးကို ဖြတ်ပျံလာသည်။ ၎င်းက စမ်းချောင်းကိုလည်း ဖြတ်၍ လေချွန်သံပေးကာ ဝုန်းကနဲ အသံနှင့်အတူ လူသေစစ်သည်ကြီး လဲကျသွားသည်။ 


လီကျင်လုံ: "ပြေးလာခဲ့!"


ဟုန်ကျွင့်လည်း စစ်သားများကို တွန်းထုတ်ပြီး မဟာတံတိုင်းဆီသို့ ပြေးသွားသည်။ လေးဆွဲသံနဲ တန်းလျားထဲမှ ပြေးသွားကာ အသံများကို နားထောင် ပြေးသွားလေသည်။ မြှားက အမှောင်ညမှာ ပေါက်ကွဲထွက်လာတဲ့ ဥက္ကာပျံတစ်ခုလို နှလုံးမီးအိမ်ရဲ့ စွမ်းအင်ကို စုပ်ယူ၍ ဟုန်ကျွင့် နံဘေးကနေ ဖြတ်ဖြတ်ပြေးသွား၏။ 


မီးပန်းများပွင့်လာကာ ဟုန်ကျွင့်ရဲ့ မျက်နှာနံဘေး၌ ပေါက်ကွဲသွားသည်။ မြှားတစ်စင်း ပစ်လိုက်တိုင်း လူသေစစ်သည် တစ်ဦး ပေါက်ကွဲသွားသည်။ ဟုန်ကျွင့် လီကျင်လုံဆီသို့ အပြေးအလွှား ပြေးတက်လာပြီး တစ်ဖက်လူကလည်း သူ့အား တံတိုင်းကြီးနောက်သို့ ဆွဲချလိုက်သည်။ လူသေစစ်သားများစွာသည် ၎င်းတို့၏ လက်နက်များကို ခပ်မြင့်မြင့် ကိုင်ဆောင်ကာ သူတို့ဆီသို့ ပြေးလာကြသည်။


ဟုန်ကျွင့် ပစ်လိုက်တဲ့ဓားကို ဖမ်း၍ ဘေးပတ်ပတ်လည်ကို လှည့်ကြည့်လိုက်တော့ လူသေ စစ်သားတွေက လက်နက်တွေ ဆွဲထုတ်ပြီး ပြေးလာတာကို တွေ့ရရာ ခြေထောက်နဲ့ ကန်သွင်းပေးလိုက်သည်။ လီကျင်လုံက ဟုန်ကျွင့်ကို သူ့နောက်မှာ အကာအကွယ်ပေးထားပြီး လူသေစစ်သည်တွေဘက်ကို ဓားကို အင်အားသုံးကာ ဝေ့ယမ်းချလိုက်သည်။ 


မြေပြင်ပေါ်ရှိ နှင်းမှုန်များ ပေါက်ကွဲသွားသည်။ နှလုံးမီးအိမ်၏ အလင်းရောင်သည် ရုတ်တရက် လွင့်ပျံသွားသည့် အလင်းလှိုင်းတစ်ခုလို ဖြစ်ပေါ်လာသည်။ လူသေစစ်သည်များထံက ကြောက်ရွံ့စွာ အော်ဟစ်သံများ ထွက်ပေါ်လာကာ ထိုအလင်းရောင်အောက်တွင် မြေပြင်ပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် လဲကျကာ ၎င်းတို့၏ ခမောက်များပါ ကျွတ်ထွက်သွားသည်။ 


လီကျင်လုံ သူ့ဓားကို မြေပြင်ပေါ် ထိုးစိုက်လိုက်သည်။ ဓားကို မှီလိုက်ကာ လေကို ပြင်းထန် နာကျင်စွာ ရှူရှိုက်နေရ၏။ သူ့ရင်ဘတ်ပေါ်က ရွှေရောင် အလင်းတန်းများဟာ တဖြည်းဖြည်း မှေးမှိန်သွားလေသည်။ လီကျင်လုံ အသက်ပြင်းပြင်းရှူပြီး အဝေးမှ အော်ဟစ်သံကို နားစွင့်ကြည့်လိုက်သည်။ ရန်သူများအားလုံး ဘေးလွတ်ရာသို့ ထွက်ခွာသွားပုံရပြီး နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ 


"အိမ်မက်ထဲမှာ မင်းငါ့ကိုခေါ်နေတာ ကြားလိုက်ရတယ်.... မျက်လုံးဖွင့်လိုက်တာနဲ့ အဆင်မပြေ ဖြစ်​နေမယ်လို့ မမျှော်လင့်ထားဘူး... အဆင်ပြေလား?"


ဟုန်ကျွင့်သည် နေရာတိုင်းမှ ကျဆုံးသွားသော စစ်သားများကို လှည့်ကြည့်ကာ မေးလိုက်သည်။


"ဒါတွေအားလုံး လူသေတွေလား?"


........


ကျားယွိကွမ်း အပြင်ဘက်ရှိ တောင်တန်းများက နက်ရှိုင်းလှသည်။ မော့ရစ်ကန်း လက်ထဲတွင်ရှိသော လေးနှင့်မြှားသည် ထက်မြက်ပြီး ဆူးချွန်ကတော့ တောနက်ထဲသို့ ညွှန်ပြနေသည်။


လုရွှီသည် ရှုပ်ပွနေသော မျက်နှာဖြင့် သူ့နံဘေးတွင် ထိုင်ချလိုက်ပြီး သူတို့နှစ်ယောက်သည် ချုံပုတ်နောက်တွင် အတူတူ ပုန်းနေလိုက်သည်။ မော့ရစ်ကန်းက သစ်ရွက်များ၏ လှုပ်ရှားမှုများကို နားစွင့်လျက် သတိကပ်ထားသော်လည်း လုရွှီကတော့ မျက်မှောင်ကြုတ်ကာ စိတ်မရှည်စွာ စောင့်ဆိုင်းနေရတာကြောင့် လှည့်ကာ ထွက်သွားချင်သည်။


"တိတ်တိတ်နေ" မော့ရစ်ကန်း လုရွှီကို ချုံခိုဖို့ အချက်ပြသည်။ 


"ခဏလောက် ဝင်ပုန်းနေလိုက်" 


ပြောပြီးနောက် သူ့ရဲ့ရှည်လျားတဲ့ လေးကိုဖွင့်ပြီး တောနက်ထဲကို ချိန်ရွယ်လိုက်သည်။ မော့ရစ်ကန်း လက်သည်းခေါင်းမှ မြှားကို ပစ်လွှတ်လိုက်ရာ သစ်ပင်နောက်ကွယ်မှ တိရစ္ဆာန်များ လဲကျသွား​လေသည်။


လုရွှီ: "!!!"


မော့ရစ်ကန်း ဝက်ဝံတစ်ကောင်ကို ချုံပုတ်များထဲမှ ဆွဲထုတ်လာခဲ့သည်။ မြှားက ဝက်ဝံ၏ ညာဘက်မျက်လုံးနှင့် ၎င်း၏ ဦးနှောက်ထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်ကာ တစ်ချက်တည်း ထိုးသတ်လိုက်သည်။ သူသည် ဝက်ဝံကို သူ့ရှေ့တွင်ထားကာ လက်ကို ဆုပ်ကိုင်ကာ ဦးညွှတ်လေ၏။ ထို့နောက် ဝက်ဝံကို ချီမြှောက်ကာ တောင်ပေါ်မှ ဆင်းဖို့ပြင်ရင် လုရွှိဘက်လှည့်ကြည့်ကာ ဆိုလေသည်။ 


"သွားရအောင်"  


ကျားယွိကွမ်းရှေ့မှာ နေရာအနှံ့ ကုန်သည်တွေ ရှိနေသည်။ မော့ရစ်ကန်း ချန်အန်းမှ ထွက်ခွာသွားသောအခါတွင် သူနှင့်အတူ အဝတ်အစား များများစားစား မယူခဲ့ချေ။ အခုတော့ လုရွှီအတွက်နှင့် သူ့အတွက် အဝတ်အစားများ ဝယ်ယူလိုက်လေရာ ငွေကုန်လုနီးပါးဖြစ်သဖြင့် သားကောင်ကို လိုက်ရှာခဲ့သည်။ ကျားယွိကွမ်း၌ သားကောင်ကို လဲလှယ်ရောင်းချခဲ့သည်။


ဝက်ဝံ၏ လက်နှစ်ဖက်ကို ကိုင်ကာ ဆွဲယူလာသည့် မျက်နှာဖုံးစွပ်ထားသော မော့ရစ်ကန်းကြောင့် လမ်းသွားလမ်းလာများကို ကြည့်နေ​ကြသည်။


"ဒီည အရသာရှိတာ တစ်ခုခုစားဖို့ ငါ ခေါ်သွား​ပေးမယ်"


လုရွှီသည် တင်ပျဉ်ခွေထိုင်ကာ ဓားမြှောင်တစ်ချောင်းကို ယူထား၏။ တိတ်တဆိတ်နဲ့ သစ်သားကို တစ်စချင်း ခွာယူနေရာ မော့ရစ်ကန်းလည်း သူ့ကို တခဏမျှ လှမ်းကြည့်ကာ လမ်းတစ်လျှောက်တွင် သူ့ကို သိပ်ဒုက္ခမပေးကြောင်း ခံစားလိုက်ရသည်။ သူ ရှင်သန်နိုင်ရင် သူ ဆိုးဆိုးဝါးဝါး မရူးသေးဘူးလို့ ပြောရမည်။ ပြီးတော့ သူ့မှာ အစားအသောက်အတွက် မြင့်မားတဲ့ တောင်းဆိုတွေ မရှိပေ။ 


မြင်သမျှကို မြည်းစမ်းချင်တဲ့ ဟုန်ကျွင့်နဲ့ မတူချေ။ မော့ရစ်ကန်း သူနဲ့ အချိန်ပိုပေးပြီး စောင့်ရှောက်လာခဲ့မိရာမှ ဟုန်ကျွင့်အပေါ် လီကျင်လုံရဲ့ ဂရုစိုက်မှုကိုလည်း အနည်းအကျဉ်း နားလည်လာနိုင်ခဲ့သည်။ 


တချို့လူတွေက ပြုစုစောင့်ရှောက်ခံရဖို့ မွေးလာကြတာပဲကိုး။ 


"ဟင်..ဒါက မင်းက..."


ဖြတ်သွားသော ကုန်သည်များသည် မော့ရစ်ကန်းတစ်ယောက် စျေးထဲတွင် ဝက်ဝံတစ်ကောင်လုံးကို ပေါ့ပေါ့ဆဆ ရောင်းနေသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်းပင် ထိတ်လန့်သွားပြီး အော်ဟစ်လေ၏။ 


"ကျေးဇူးရှင်....ကျေးဇူးရှင်ပဲ!"


မော့ရစ်ကန်း ချက်ချင်းပင် စိတ်မသက်မသာ ဖြစ်လာသလို ခံစားရပြီး ပါးစပ်ပိတ်ထားရန် အလျင်အမြန် အချက်ပြလိုက်သည်။ 


"မအော်နဲ့ မအော်နဲ့!"


ကျားယွိကွမ်းရှိ စျေးကွက်ထဲ လူတွေအများကြီးက ၎င်းကိုကြားပြီးနောက် မော့ရစ်ကန်းဘက်ကို တစ်ချက် ကြည့်လိုက်ကာ။ 


"ဟေး ဒါက ချောင်လော်မန် မဟုတ်ဘူးလား?"


လုရွှီက ဤစကားကို ကြားသောအခါ မော့ရစ်ကန်းဘက် ခေါင်းစောင်းကြည့်လာ၏။  


"ချောင်လော်မန်" 


“မပြောနဲ့..."


"အဲဒါ သူရဲကောင်းပဲ!"


"ကျေးဇူးရှင်!" ဆိုင်ရှင်ကတော့ ပြောနေဆဲ။ 


"နောက်ဆုံးအကြိမ် ရှေးဟောင်းလမ်းမှာ မင်းငါ့အသက်ကို ကယ်ခဲ့တယ်လေ... အဲဒီကတည်းက နေ့ရောညပါ မင်းကို ဘယ်လိုကျေးဇူး ပြန်ဆပ်ရမလဲဆိုတာ ငါမသိခဲ့ဘူး... မဟာတံတိုင်း အပြင်မှာ ဘယ်သူမှ မင်းကို မသိခဲ့ကြဘူး..."


မော့ရစ်ကန်း: "ပြန်ဆပ်စရာ မလိုပါဘူး.... ဒီကိုလာ....ငါဝက်ဝံကို ရောင်းပြီး မြောက်ဘက်ကို မြန်မြန်သွားရမှာမလို့ပါ..."


ဆိုင်ရှင်ကတော့ အမြန် ရောက်လာပြီး မော့ရစ်ကန်းရှေ့၌ ဒူးထောက် ထိုင်ချလိုက်လေသည်။ သူ့နောက်မှ အမျိုးသမီးနှင့် ကလေးများကို လက်ဝှေ့ယမ်းကာ ပြောလိုက်သေး၏။ 


"မင်းတို့ရဲ့ကျေးဇူးရှင်ကို မြန်မြန် ဂါဝရပြုစမ်း!"


"ကျေးဇူးရှင်" ဆိုတဲ့ အသံများက ရုတ်တရက် တစ်ပြိုင်တည်း ထွက်ပေါ်လာပြီး မော့ရစ်ကန်းဆီက ကယ်တင်ခြင်းခံရတဲ့ နောက်ထပ် မုဆိုးတစ်ယောက်ကလည်း ပြေးလာလေသည်။ 


"ချောင်လော်မန်လား! ကျေးဇူးရှင်ကြီး!"


မော့ရစ်ကန်း : "..."


ဈေးထဲမှာ ကမောက်ကမတွေ ဖြစ်နေချိန် သားကောင်ဝယ်သည့် ဆိုင်ရှင်က တစ်ခုခုကို တွေးမိသွားပြီး ရွှေဆယ်ချောင်းပါတဲ့ သေတ္တာကို ထုတ်ယူလာသည်။ 


“ကျေးဇူးရှင် စိတ်မဆိုးရင်…” 


မော့ရစ်ကန်းလည်း လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ရန် အလုပ်များနေသည်။ ဆိုင်ရှင်က သူ့ကို ကျေးဇူးတင်လိုသော ဆန္ဒဖြင့် ပေးလာသော်လည်း သူက လက်မခံတာကြောင့် လုရွှီရင်ခွင်ထဲ ပစ်ထည့်ပေးလိုက်လေ၏။ လုရွှီသည် သေတ္တာကို အထပ်ထပ်အခါခါ ကြည့်ကာ ရှုပ်ယှက်ခတ်နေသော မျက်နှာဖြင့် လိုက်သွားခဲ့သည်။


ဝမ်းနည်းမှုနှင့် ဒေါသများ ရောပြွမ်းနေသော မော့ရစ်ကန်းခမျာ အော်လိုက်ရသည်။ 


"စိတ်လှုပ်ရှားစရာတွေပဲ ရပ်မကြည့်​နေပါနဲ့... ဟုတ်ပြီလား ဒီဝက်ဝံကို ဘယ်သူဝယ်မလဲ... ကျွန်တော် အလုပ်များနေတယ်!"


လဲလျောင်းနေသော ဝက်ဝံသည် ဝက်ဝံကောင်းဖြစ်ပြီး ငွေအမြောက်အမြား တန်ဖိုးရှိသော်လည်း လူတိုင်းသည် သေးငယ်သော စီးပွားရေးကို လုပ်နေကြရရာ ဝက်ဝံတစ်ကောင်လုံးကို မဝယ်နိုင်တော့ပေ။ ထိုစဉ် မော့ရစ်ကန်းလည်း သူ့ရှေ့၌ ဒူးထောက်နေသူအား ပြောလိုက်သည်။ 


“ပိုက်ဆံယူလိုက်မယ်... ဝက်ဝံကိုတော့ မင်းယူလိုက်! လုရွှီ သွားရအောင်"


မော့ရစ်ကန်း သေတ္တာကိုယူကာ လုရွှီကို ဆွဲခေါ်သွားသည်။ နှစ်ယောက်သား သူတို့အသက်အတွက် ထွက်ပြေးနေရသကဲ့သို့ ထိုနေရာမှ ထွက်ပြေးလာခဲ့ရသည်။


လုရွှီ: "ချောင်လော်မန်"


မော့ရစ်ကန်း လုရွှီအား မြင်းပေါ် အမြန်ကောက်တင်လိုက်သည်။ ထို့နောက် ခြေထောက်တွေကို မြှောက်ကာ မြင်းဇက်ကြိုးကို လှုပ်ရင်း ဆက်လက် ထွက်ပြေးလာတော့၏။ 


ထိုနေ့၏ မွန်းလွဲပိုင်းတွင် ကျားယွိခရိုင် အပြင်ဘက်က အခြားမြို့ငယ်လေးတွင် မော့ရစ်ကန်း သီးသန့်အိမ်တစ်ခုတွင် တည်းခိုခဲ့သည်။ လုရွှီက သူ၏ သစ်သားခေါင်းကို စောင်းငဲ့ကြည့်နေသည်။ 


"ချောင်လော်မန်... ငါ့ကျေးဇူးရှင်"


မော့ရစ်ကန်းက သူ့သားရေ အမဲလိုက်ဖိနပ်ကို သုတ်ရင်း ပြောပြသည်။ 


"ချောင်လော်မန်က 'အရုဏ်ဦးကြယ်' (လီမင်ရှင်း) ဆိုတဲ အဓိပ္ပာယ်ပဲ... သူတို့ငါ့ကို နာမည်ပြောင်ပေးထားတာ..." 


လုရွှီ: "အရုဏ်ဦးကြယ်.... ကျေးဇူးရှင်"


မော့ရစ်ကန်းက သူ့ကိုယ်သူ ပြောနေသဖွယ် ရေရွတ်နေ၏။ 


"ကမ္ဘာပေါ်မှာ ဆင်းရဲနွမ်းပါးသူတွေ များလွန်းတယ်... ငါ့အဖေက ဒီဒုက္ခဆင်းရဲတွေကို သွားကြည့်ခိုင်းတယ်... ပြီးတော့ ကိုယ့်ကိုကိုယ် ပြန်ကြည့်ခိုင်းတယ်...." 


လုရွှီက ခေါင်းငုံ့ပြီး သစ်သားကိုသာ ထွင်းနေတာကြောင့် မော့ရစ်ကန်းက သူ့ကိုယ်သူ ရယ်ပြီး။ 


"ငါလည်း သူရဲကောင်း ဖြစ်ချင်ခဲ့တယ်... မျက်နှာဖုံးစွပ်ပြီး လူတွေကို ကယ်ဆယ်တယ်... ဝိုင်းကူပေးတယ် အခု အဲဒါကို တွေးကြည့်တော့ ငါတကယ် မိုက်တာပဲ"


လုရွှီ သမ်းဝေလိုက်တာကို တွေ့ရသော် မော့ရစ်ကန်းလည်း စကားရပ်လိုက်သည်။ 


"သွားအိပ်တော့"


ယွိလင်ခရိုင်မှ ထွက်ခွာသောအခါ မော့ရစ်ကန်းသည် လုရွှီအား အဝတ်ဆိုင်ထဲသို့ ခေါ်သွားသည်။ လုရွှီသည် အပြင်ဘက်ရှိ လူများဝတ်ဆင်ထားသော အဖြူရောင် ပါးလွှာသော ဝတ်စုံကိုတွေ့တော့ အကြာကြီး ရပ်ကြည့်နေမိသည်။ ကင်းထောက်များအတွက် တာဝန်များ ထမ်းဆောင်ရန်အတွက် အနက်ရောင် ညဝတ်စုံ နှစ်စုံနှင့် နှင်းထဲတွင် ၀တ်ဆင်ရန် ထက်မြက်သော အဖြူရောင် စစ်ဝတ်စုံများကိုသာ အမြဲတမ်း ပြင်ဆင်ထားတတ်၏။ ဒါက အလေ့အထ ဖြစ်သင့်တာကြောင့် သူအမြဲ ဝတ်ခဲ့သော်လည်း မော့ရစ်ကန်းက သူ့အတွက် အဝတ်ကောင်းကောင်း ဝယ်ပေးခဲ့သည်။ 


လုရွှီသည် ရုပ်ရည်ကောင်းမွန်ပြီး ရှိသင့်သော ကြွက်သားများ ရှိသည်။ အဖြူရောင်ကို ၀တ်ဆင်လိုက်တဲ့အခါ ထူထဲသော အနက်ရောင် မျက်ခုံးမွှေး၊ တောက်ပသော မျက်လုံးများ၊ မြင့်မားသော နှာတံနှင့် နက်နဲသော သူအိမ်ငယ်များဖြင့် သူ့မျက်နှာက ပေါ်လွင်လာရာ လူမျိုးခြားဖြစ်ကြောင်း သိသာလေ၏။  


"မင်းမိဘတွေရော... သူတို့က ရှီးဝေဘက်ကလား?" 


လုရွှီက ပြန်မဖြေတာကြောင့် မော့ရစ်ကန်း သူ့ဘေးမှာပဲ လှဲချလိုက်သည်။ ခေါင်းအုံးပေါ်မှာ လုရွှမ် ထွင်းထားတဲ့ သစ်သားရုပ်ကို ကောက်ကိုင်လိုက်ကာ သေးငယ်တဲ့ တုတ်ထိုးလေး ဖြစ်နေတာကို တွေ့လိုက်ရပါ၏။ 


.......


လန်ကျိုး စီရင်စုတွင် စစ်သားများနှင့် မြင်းများသည် အင်အား ကြီးမားသောရ န်သူကို ရင်ဆိုင်ရသကဲ့သို့ လာ၍ သွားလာ​နေကြသည်။


လီကျင်လုံ နှာတစ်ချက် ချေလိုက်သည်။ လေအေးက မပျောက်သေးသောကြောင့် အအေးပြန်မိမှာကို စိုးရိမ်ရရာ ဟုန်ကျွင့် သူ့နှာခေါင်းကို သုတ်ရန် အဝတ်တစ်ထည်ကို ကမ်းပေးလိုက်သည်။ လန်ကျိုးသို့ ရောက်သောအခါ အိမ်ရှေ့စံ မင်းသား၏ လက်ရေးမူကို လွှဲပေးလိုက်သည်နှင့် တစ်ပြိုင်နက် မြို့ကို ခုခံကာကွယ်သော စစ်သည်များသည် အမှားအယွင်း တစ်စုံတစ်ရာ မကျူးလွန်ဝံ့ကြဘဲ စစ်သူကြီး နေအိမ်သို့ အလျင်အမြန် ခေါ်သွားကြသည်။


လီကျင်လုံ ခန်းမထဲသို့ လှမ်းဝင်သွားသောအခါ အတွင်းမှ သံချေးတက်နေသော သံချပ်ကာ ကြမ်းပြင်ပေါ်တွင် ပစ်ချလိုက်သည်။  


"လန်ကျိုးက ချန်အန်းနဲ့ မတူဘူး ဒါကြောင့် ခေါင်းဆောင်လီ အအေးမမိအောင် သတိထားပါ...."


အစောင့်တစ်ယောက်က အအေးဒဏ်ကို ကာကွယ်ဖို့ ဂျင်းပြုတ်ရည်ကို ယူလာပေးလေသည်။ လီကျင်လုံလည်း လက်နှစ်ဘက်နဲ့ အမြန်ယူပြီး သူ့ကို ကျေးဇူးတင်စကား ပြောလိုက်သည်။ ဒီကို မရောက်ခင်မှာ လီကျင်လုံက အထူးသတိပေးထားတာလို့ ဒီစစ်သားတွေဟာ သူတို့အိမ်နဲ့ တိုင်းပြည်ကို ကာကွယ်တဲ့ စစ်သားတွေဖြစ်ပြီး သူတို့ဟာ ရိုင်းစိုင်းတဲ့လူ မဟုတ်ကြောင်း ဟုန်ကျွင့် သိထားခဲ့သည်။


သူတို့စကားပြောနေစဉ်တွင် တခြားစစ်သူကြီး တစ်ဦးဝင်လာသည်။ သူသည် တတိယတန်းအဆင့် ဟယ်ရှီး ကင်းလှည့်အစောင့်ထဲမှ စစ်သူကြီး ရာထူးကို ထမ်းဆောင်ခဲ့သူ ကျန်းဟောက် ဖြစ်သည်။ လီကျင်လုံကလည်း စစ်သူကြီး ဖြစ်ခဲ့တာကြောင့် နှစ်ယောက်လုံးက တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်​လိုက်ကြသည်။ ကျန်းဟောက်က သူ့ခမောက်ကို ချွတ်လိုက်ပြီး။ 


"ဟေး ခေါင်းဆောင်လီ ငါ မင်းကို အရမ်း သဘောကျနေတာ ကြာပြီကွ..."


လီကျင်လုံက နှာခေါင်းကို အုပ်ပြီး နှာချေလိုက်သည်။ ချွဲတွေ ထွက်လာတာကြောင့် နှာခေါင်းကို သန့်ရှင်းနေရတာ အကြိမ်တိုင်းမလို့ အနည်းငယ် နာကျင်လာသည်။ 


"မြိုးစားလျန် တစ်ခုခုလုပ်စရာရှိလို့ နောက်မှပြန်လာခဲ့မယ်တဲ့" ကျန်းဟောက်က သူ့ခြေကျင်းဝတ်တွေကို ခါးရင်း ပြောနေသည်။ 


"ငါ... မင်းတို့ ညီအကိုနှစ်ယောက်ကို ပျော်ပါးဖို့ ခေါ်သွားပေးရမလား..."


လီကျင်လုံက သူ့လက်ကို ဝှေ့ယမ်းလိုက်တော့ ကျန်းဟောက်က ဆက်ပြောလေ၏။ 


"မင်းမိန်းမ ဘယ်မှာလဲ.... အိုး သူမက ဒီညီငယ်လေး ဖြစ်နေတာလား ကိစ္စမရှိပါဘူး ညီငယ်လည်း ဇနီးဖြစ်နိုင်ပါတယ်... ငါတို့ ဒီမှာ..."


ဟုန်ကျွင့် အရမ်းရှက်သွားပြီး သူ့ကိုယ်သူ ဝင်မိတ်ဆက်လိုက်သည်။ 


"မင်္ဂလာပါ စစ်သူကြီးကျန်း... ကျွန်တော်က နတ်ဆိုးနှင်ဌာနက ခုန်ဟုန်ကျွင့်ပါ"


ကျန်းဟောက်က အံ့သြတကြီးနဲ့ "မင်းကလည်း နတ်ဆိုးနှင်ဌာနကလား? စစ်တိုက်နိုင်လား? မင်းမှာ ဓား၊ လေး​တွေ ဘာလို့ မရှိတာလဲ"


ဟုန်ကျွင့် လီကျင်လုံကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူ့လက်ထဲတွင် ပျံသန်းနေသော ဓားလေးစင်းကို ထုတ်လိုက်သည်။ ပျံသန်းနေသော ဓားလေးစင်းကို သူ့လက်ငါးချောင်းကြားတွင် ကြိမ်ဖန်များစွာ လှည့်ပတ်ပြ၏။ ကျန်းဟောက် မရိုမသေ မပြုလုပ်ဝံ့ပေ။ ဒီလူငယ်လေး လိုချင်နေသရွေ့တော့ ဓားပျံကို သူ့လည်ချောင်းမှာ ချက်ချင်း ထိုးနိုင်တယ်ဆိုတာ သိလိုက်ရတာကြောင့်ပါပဲ။ 


"စိတ်မဆိုးပါနဲ့.... နောက်တာပါ" 


ကျန်းဟောက် ရယ်လိုက်သည်။ လီကျင်လုံနဲ့ ဟုန်ကျွင့်တို့ နှစ်ယောက်စလုံး အဆင်ပြေကြောင်း ပြောကြပြီး ကျန်းဟောက်လည်း မြေပြင်ပေါ်ရှိ ချပ်ဝတ်တန်ဆာကို စူးစမ်းလိုစိတ်ဖြင့် စိုက်ကြည့်နေသည်။


လီကျင်လုံ: "ကျွန်တော် စစ်ဆေး​ကြည့်ဖို့ စစ်စခန်းကို အကြောင်းကြားပြီးပြီ"


သူတို့နှစ်ဦးသည် လန်ကျိုးသို့ အမြန် ပြေးလာခဲ့ရသည်။ မဟာတံတိုင်း၏ ရှကွမ်းစခန်းကို ဖြတ်သွားသောအခါတွင် သူနှင့် ဟုန်ကျွင့်သည် အလောင်းကို ကောက်ယူရန် စစ်သားများအား တောင်းဆိုခဲ့သည်။


ကျန်းဟောက်: "ဒါက.....ဒီချပ်ဝတ်တန်ဆာက ဘယ်ကလာတာလဲ ဒါမှ ရှေးဟောင်းပစ္စည်းတစ်ခုလား"


လီကျင်လုံ သူ့နှာခေါင်းကို ပိတ်လိုက်သည်။ ကျန်းဟောက်၏ အမူအရာမှာလည်း အလွန်ထူးဆန်းနေကာ သူ့ရှေ့က လူနှစ်ယောက်ကို အဖျားများ ရှိ​နေတာလားဟု တွေးကာ ကြည့်လိုက်သည်။


လီကျင်လုံ သူ မယုံတာကို သိတဲ့အတွက် အလောင်းကို သယ်ချင်ပေမယ့် နှလုံးမီးအိမ်နဲ့ ချလိုက်တဲ့ သေဆုံးသွားတဲ့ စစ်သည်တွေကို သယ်လာဖို့က မလွယ်ခဲ့ချေ။ 


လီကျင်လုံ: "ကျွန်​တော်တို့ သူ့ကို အရှင်လတ်လတ် ဖမ်းသင့်တယ်"


"အသက်ရှင်နေတဲ့ အလောင်း​ကောင်လား?"


ဟုန်ကျွင့် ထိုအတွေးကြောင့် အနည်းငယ် ကြောက်လန့်သွားသလို ခံစားလိုက်ရပေမယ့် အခုတော့ နည်းနည်း သက်သာသွားပါပြီ။ လူသေတစ်ယောက် သူ့အပေါ်ကို လှဲလျောင်းနေတာကို လက်ခံထားဖို့က တကယ်ကို အဆင်မပြေသေးပါဘူး။


ဒီလိုပြောတဲ့အခါ တစ်ခုခုမှားနေသလို ခံစားရလေ၏။ 


"မြို့တော်မှာ ဘယ်လိုနေလဲ ငါ မပြန်ဖြစ်တာ နှစ်အတော်ကြာနေပြီ" 


ကျန်းဟောက်က လီကျင်လုံကို အလောင်းအကြောင်း ထပ်မမေးတော့ဘဲ ချန်အန်းရဲ့ အခြေအနေကို မေးမြန်းလိုက်သည်။ လီကျင်လုံလည်း ထိုစကားကိုကြားသော အရှင်မင်းကြီးသည် အလွန်ကျန်းမာ၍ နေကောင်းပါကြောင်း ပြောပြလိုက်၏။


ခဏအကြာတွင် လီကျင်လုံက ပြောလာသည်။ 


"မင်း နယ်စပ်မြို့လေးမြို့လုံးကို ရောက်ဖူးလား"


"အင်း... တပ်အသစ်တွေ လွှတ်လိုက်ပြီ"


“အခင်းဖြစ်ပွားတဲ့ နေရာမှာ တခြားသက်သေတွေ ရှိသေးလား” 


ကျန်းဟောက်က ခေါင်းခါလိုက်ပြီး "မရှိဘူး"


"ဟွေဟဲလူမျိုးတွေလား"


"မပြောနိုင်​သေးဘူး....မြို့စားလျန် ပြန်ဖြေတဲ့အထိ စောင့်ရအောင်"


လီကျင်လုံ ထပ်မေးချင်ပေမယ့် ကျန်းဟောက်က ချန်အန်းအကြောင်းသာ အမြဲမေးနေသည်။ လီကျင်လုံလည်း ရှောင်မပြေးနိုင်ဘူးဆိုတာ သိလိုက်ရတော့ သူက ရိုးရိုးရှင်းရှင်းပဲ ပြုံးပြီး ပြောလိုက်သည်။ 


"ကျွန်တော်တို့အားလုံးက စစ်သားတွေပဲ​လေ... ပြော​ပြလို့မရတဲ့ အရာတွေ ရှိတယ် ခွင့်လွှတ်ပါ"


ထန်မင်းဆက်က ကိုယ်ခံပညာကို အလေးထားပြီး တပ်ထဲဝင်ခိုင်းသည်။ စစ်တပ်ကို ဦးဆောင်ရတာကို ယောက်ျားတွေက ဂုဏ်ယူကြကာ ကျန်းဟောက်ရဲ့ ဆိုလိုရင်းကို သဘာဝကျကျ သိကြပြီး ကျန်းဟောက် မထိချင်စရာ ကိစ္စတွေလည်း ရှိရပေမည်။ 


"နောက်​ပြီးကျရင်တော့ မြို့စားကို သွားတွေ့မယ် ... ဒါပေမဲ့ တောင်းပန်ချင်တာက..."


လီကျင်လုံ: "သိတယ်... ကျွန်​​တော်​​မေးချင်တာက..." 


လီကျင်လုံ ​မေး​တော့မည့် အခိုက်တွင် ကဲရှူးဟန့် ပြန်လာပြီဖြစ်ကြောင်း ကြားလိုက်ရလေသည်။ ကျယ်လောင်သော အသံနှင့်အတူ အရပ်ရှည်ရှည်နဲ့ ကဲရှူးဟန့်က ဝင်လာခဲ့သည်။ 


"အင်ပါယာတရားရုံးက ဘာလို့ လူတစ်ယောက်ကို ဒီကိုထပ်ပြီး လွှတ်လိုက်တာလဲ...."


ဟုန်ကျွင့် ထိုလူဝင်လာတာကို မြင်လိုက်သောအခါ လန့်သွားခဲ့သည်။ ကဲရှူးဟန့် အခန်းထဲသို့ ဝင်လာသောအခါ တံခါးကို တိုက်မိလုနီးပါး ဖြစ်သွားတာကြောင့် ကျန်းဟောက်က သွားကူညီပေးလိုက်ရ၏။ ကဲရှူးဟန့်က မှုတ်ဆိတ်မွေး ထူပိန်းပိန်း အဘိုးအိုတစ်ဦး ဖြစ်နေတာ တွေ့လိုက်ရသည်။ လည်ပင်းနှင့် မျက်နှာ သည် လီကျင်လုံထက် ဦးခေါင်းထက်ဝက် မြင့်သည်။


လီကျင်လုံက စစ်သူကြီးဟောင်းကို အလျင်အမြန် ဂါရဝပြုနေစဥ် ဟုန်ကျွင့်က ဆိုလိုက်သည်။ 


"ခင်ဗျား မူးနေပြီ"


"ဟမ့်!... ငါမမူးဘူး! ငါမမူးဘူး! ယဇ်ပလ္လင် ဆယ်ထပ်ပေါ်တောင် တက်နိုင်သေးတယ်!"


နောက်ထပ် လူလတ်ပိုင်း တစ်ယောက်က အရပ်ဘက် အဝတ်အစားဖြင့် ဝင်လာခဲ့သည်။ ထိုလူက ဝတ်ရုံကို ကဲရှူးဟန့်အား ခြုံပေးလိုက်ကာ လီကျင်လုံ သူ့အား ဂါဝရပြုလိုက်သည်။ 


"လန်ကျိုးခရိုင် အုပ်ချုပ်ရေးမှူး ချင်လျောင့်" 


အားလုံးကို နှုတ်ဆက်ပြီးနောက် ချင်လျောင့်က ပြော၏။


"စစ်သူကြီးက ဆောင်းရာသီအစမှာ စစ်တပ်ကို ဆုချခဲ့တော့ အရက်သောက်ပြီး ပြန်လာခဲ့တာ"


လီကျင်လုံ ခေါင်းညိတ်လိုက်သည်။ ကဲရှူးဟန့် မျက်လုံးတွေကို မှိတ်ထားပြီး အနားယူနေစဥ် နောက်ထပ် အ​စေခံတစ်ယောက် ရောက်လာသည်။ ကဲရှူးဟန့်က ၎င်းယူလာသော ဟင်းချိုနှစ်ခွက်ယူပြီး ဖြည်းညှင်းစွာ ယူသောက်ရင်း အသက်သွင်းလိုက်၏။ 


"ချန်အန်းမှာ ဘာဖြစ်လဲ? မင်းနာမည် ဘယ်လိုခေါ်လဲ ဘာလုပ်ဖို့ လာတာလဲ?"


လီကျင်လုံသည် ကဲရှူးဟန့် တစ်ကိုယ်လုံးက အရက်နံ့များ ထွက်ပေါ်လာတာကို မြင်လိုက်ရသော်လည်း သူ၏တရားဝင် အသက်မွေးဝမ်းကြောင်းတွင် ဤနေရာသို့ ရောက်ရှိလာသည်နှင့် ဖြစ်တတ်တာပါပဲ။ သို့သော် အမှုထမ်း ဝတ်စုံဖြင့် အရက်သောက်ဝံ့သောကြောင့် နည်းနည်းတော့ အလိုမကျ ဖြစ်မိသည်။ 


"မြို့စား... ကျွန်တော်ဒီမှာ ရှိနေတာက အနောက်မြောက်ဘက် နယ်မြေလေးခုက ခရိုင်လူသတ်ပွဲကို စုံစမ်းဖို့ အိမ်ရှေ့စံ မင်းသားရဲ့ အမိန့်ကြောင့်ပါ..." 


ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် ခန်းမကြီးက ရုတ်တရက် တိတ်ဆိတ်သွားကာ ကျန်းဟောက် ချက်ချင်းပင် သူ့မျက်နှာပေါ်တွင် "သွားပြီ" ဟူသော အမူအရာ ပြလာပြီး ချင်လျောင့်ကလည်း စိတ်ပျက်သွားလေသည်။


ကဲရှူးဟန့် ရုတ်​တရက်​ သူ့မျက်​လုံး​တွေကို ကျယ်​ကျယ်​ ဖွင့်​လာပြီး အသံမာမာဖြင့် ပြန်မေး၏။ 


"မင်းဘာ​ပြောလိုက်​တယ်?"


ထိုအချိန်တွင် ဟုန်ကျွင့်လည်း လူသတ်ရန် ကြံရွယ်ထားသည့် အငွေ့အသက်ကို ခံစားမိ​လေသည်။ ဤကိစ္စကို မပြောသင့်ပေ။


"မင်းဘာကိုဆိုလိုတာလဲ?" 


ကဲရှူးဟန့်က တည့်တည့်မတ်မတ် ထိုင်ပြီး လီကျင်လုံကို စိုက်ကြည့်လိုက်သည်။ 


"လန်ကျိုးက ငါ့ရဲ့တရားစီရင်ပိုင်ခွင့် အောက်မှာရှိတဲ့ နေရာဖြစ်ကြောင်း အိမ်ရှေ့စံ မင်းသားကို ပြန်ပြောလိုက်.... ကောလဟာလတွေနဲ့ ငါ့ကို အမိန့်လာမပေးနဲ့!" 


ကဲရှူးဟန့်သည် သူ့ကို တရားစီရင်ရန် တရားရုံးမှ တစ်စုံတစ်ဦးကို စေလွှတ်တာမျိုး အလိုမရှိကြောင်းကို လီကျင်လုံမှ ချက်ချင်း နားလည်သဘောပေါက်သွားသည်။ ချန်အန်းမှ မထွက်ခွာမီ သူဒါကို သတိမပြုမိခဲ့ပေ။


"အဲဒါ ကောလဟာလ မဟုတ်ပါဘူး စစ်သူကြီး..."


ကဲရှူးဟန့်: "ဒီက​နေ အခုချက်​ချင်း ထွက်​သွား!... မင်းဘယ်​သူလဲ ငါဂရုမစိုက်​ဘူး! မင်းကိုဘယ်​သူ လွှတ်​လိုက်​တာလဲ ငါ စိတ်မဝင်စားဘူး... မင်းရဲ့ ဘုရင်​​မင်းမြတ်တောင် အသုံးမဝင်​ဘူး!"


ဟုန်ကျွင့် ကဲရှူးဟန့်ကို စိုက်ကြည့်လိုက်သည်။ လီကျင်လုံကို ကြိမ်းမောင်းတာက အဆင်မပြေဘူးလို့ ထင်တာကြောင့် ဟုန်ကျွင့် ဒေါသထွက်ပြီး လက်တုံ့ပြန်ချင်ပေမယ့် လီကျင်လုံက စိတ်ရှည်ရှည်ထားဖို့ အချက်ပြလာလေသည်။ သူက ပြုံးသာပြုံးနေ၏။


ကဲရှူးဟန့်က အသက်ပြင်းပြင်း ရှူပြီး။ 


"ဘာလို့ ရယ်တာလဲ"


"မြို့စားမင်း... ခင်ဗျား တစ်ခုခုကိုတော့ မသိ​သေးဘူး"


"ပြော​ကြည့်... ငါ မင်းကို ဒီနေ့ အပြီးသတ်လိုက်မယ် မင်းနာမည် လီကျင်လုံ ဟုတ်တယ်မလား... ငါ စစ်တပ်မှာ အမှုထမ်းလာတာ နှစ်ငါးဆယ်ရှိပြီ ဒီနေ့ မင်းလိုလူကို တွေ့ရတာ ပထမဆုံးပဲ"


"သွားရအောင်" ဟုန်ကျွင့်က တိုးတိုးလေးပြောသည်။


လီကျင်လုံ သူ့လက်ကို ဝှေ့ယမ်းပြီး မြေပြင်ကိုကြည့်ဖို့ တစ်ချက် ဦးညွှတ်ပြီး သံချပ်ကာကို ကောက်ယူကာ ကဲရှူးဟန့်အား ပြလိုက်သည်။


“မြို့စား ဒီလိုချပ်ဝတ်တန်ဆာကို မြင်ဖူးလား” 


ကဲရှူးဟန့်သည် လီကျင်လုံရဲ့ လေသံနဲ့ အမူအရာကို မကြိုက်တော့ပေ။ ၎င်းက သူ့ဒေါသကို နှိုးဆွလိုက်သောကြောင့် ဒေါသလည်းထွက် လန့်လည်း လန့်သွားသည်။ 


“ဌာနခေါင်းဆောင်လီ မင်း ဘယ်ကရလာတာလဲ” 


"ဒီလိုသံချပ်ကာ ဝတ်ထားတဲ့ လူတွေက ဒီကနေ မိုင်တစ်ရာ့နှစ်ဆယ်ဝေးတဲ့ ဟန်မင်းဆက်ရဲ့ မဟာတံတိုင်းအောက်မှာပဲ"


ချင်လျောင့်: "မဖြစ်နိုင်ပါဘူး.. ဒါက ဟန်မင်းဆက်က သံချပ်ကာပဲ သံချေး​တောင် တက်နေပြီ"


ကဲရှူးဟန့်က မျက်လုံးများကို မှိတ်ထားကာ လီကျင်လုံကို တစ်ဖန် ပြန်စိုက်ကြည့်လိုက်သည်။ အခု ဒီကောင်လေး ဘာဆေးအမျိုးအစားကို သောက်ပြီး သူ့ရှေ့လာ အတင့်ရဲနေသလဲ သိချင်လာ၏။


လီကျင်လုံ: "ဒါက လုံးဝမှန်ပါတယ်... ချပ်ဝတ်တန်ဆာက ဟန်မင်းဆက်က ဖြစ်ပြီး လူတွေကလည်း ဟန်မင်းဆက်ကပဲ"


"ဘာ?!" 


ကဲရှူးဟန့်က ရှင်းရှင်းလင်းလင်း မကြားလိုက်ရသည့်နှယ် ဟစ်အော်လာသည်။ ချင်လျောင့်က မျက်မှောင်ကြုတ်ပြီး ကျန်းဟောက်မှာ ရယ်ချင်နေပုံရသော်လည်း မရယ်ဝံ့ပေ။ သို့သော် လီကျင်လုံက ဆက်ပြောသည်။ 


"တစ်နည်းဆိုရရင် သူတို့တွေက အလောင်းကောင်တွေပဲ.... ထောင်နဲ့ချီတဲ့ စစ်သည်တွေက အလောင်း​ကောင်​တွေ အဖြစ် ထလာကြတာ... သူတို့တွေက နယ်ခြားမြို့လေးမြို့က လူတွေကို သတ်ပြီး မဟာတံတိုင်းကို ဖြတ်လာနေပြီ... အခု လန်ကျိုးရဲ့ အနီးဝန်းကျင်ကိုတောင် ရွေ့လျားလာနေလောက်ပြီ"


ခန်းမက တိတ်ဆိတ်သွားပြီး အပ်ကျသံကိုပင် မကြားရတော့ချေ။ 


ခဏအကြာတွင်။


ကဲရှူးဟန့်က အေးစက်စွာ ပြောလာသည်။ 


"ပြီးပြီလား"


"မြို့စား... ဒါက အမှန်တရားပဲ"


ကဲရှူးဟန့်ကတော့ ဟာသတစ်ခုကို ကြားနေရသလိုပင် ပြုမူနေသည်။ 


"လီကျင်လုံ! မင်း ချန်အန်းက အိမ်ရှေ့စံ မင်းသားရဲ့ အမိန့်ကို လိုက်နာပြီး ငါ့ကို မျောက်တစ်ကောင်လို ဆက်ဆံဖို့ ဇာတ်လမ်းဖန်တီးဖို့ လာခဲ့တာလား"


လီကျင်လုံက သံခမောက်ကို ကိုင်ထားပြီး ရေရွတ်လေသည်။ 


"မနေ့ညက တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်... မဟာတံတိုင်းအောက်မှာ အလောင်းတွေ အများကြီး ကျန်သေးတယ် ကျွန်တော့်ရဲ့ ထူးခြားတဲ့ စွမ်းရည်နဲ့ ဆင်းပြီး အနီးဆုံး စခန်းကို သတင်းပို့ခဲ့တယ်... မဟာတံတိုင်း မြို့စောင့်တပ်က စစ်မြေပြင်ကို စစ်​ဆေးနေပြီ..."


လီကျင်လုံက အေးဆေး တည်ငြိမ်စွာပဲ ဆက်ပြောသည်။


"ကျွန်​တော့်ရဲ့ဦးခေါင်းကို အာမခံချက် တစ်ခုအနေနဲ့ သုံးရလောက်အောင် သေချာပါတယ်... အလောင်းရဲ့ ကိုယ်ခန္ဓာကို ယူလာသရွေ့ အမှန်တရားက ပေါ်လာလိမ့်မယ်..."


"ကောင်းပြီ မင်းကိုယ်တိုင် ပြောတာနော်... မင်းလည်ပင်းနဲ့ အာမခံရဲလောက်တဲ့အထိ သတ္တိကောင်းသားပဲ"


လီကျင်လုံ: "..."


ချင်လျောင့်: "ဒါ...မြို့စား... ခေါင်းဆောင်လီက အိမ်ရှေ့စံ မင်းသားရဲ့..."


လီကျင်လုံ: "ခဏနေပါဦး... ဒီစကားက ကိုယ့်ကိုကိုယ် နှိမ့်ချတဲ့ အနေအထားက ပေါ့ပေါ့ပါးပါး မှတ်ချက်တစ်ခု ပေးတာလေ..."


ကဲရှူးဟန့်ကတော့ အေးစက်စွာပဲ ပြောသည်။ 


"စစ်တပ်မှာ ဟာသတွေ မရှိပါဘူး... လူတိုင်းကြားတယ်... ဒါပေမဲ့ ငါ့ဆီမှာ ဇာတ်လမ်းတွေ ရေးဖို့ အချိန်မရှိဘူး...."


ဟုန်ကျွင့်: "လည်ပင်းနဲ့ အာမခံတာက ဘာလဲ"


လီကျင်လုံ: "..."


"ကိုယ့်ခေါင်းကို ဖြတ်လိုက်ရုံပဲ"


ဟုန်ကျွင့် ချက်ချင်း ပေါက်ကွဲပြီး "ဒါက ဘယ်လိုဖြစ်ရတာလဲ...ဘာလို့ခင်ဗျားရဲ့ ခေါင်းကို ဖြတ်ပစ်မှာလဲ"


"ကိုယ် ဘယ်လိုလုပ် သိမှာလဲ! လုံဝူစစ်တပ်ထဲက လူတိုင်း ဒီလိုပဲ ဥပမာ​ပေး​ပြီး ပြောကြတာ!"


ဟုန်ကျွင့် ကဲရှူးဟန့်ကို အလျင်စလို လက်ဝေ့ယမ်းပြလိုက်သည်။ 


"မတွက်ဘူး! အခုနက ပြောတာကို ထည့်မတွက်ဘူး"


ကဲရှူးဟန့်က အရူးတစ်ယောက်လိုပဲ ကြည့်နေသည်။ ဟုန်ကျွင့် ဆက်ပြီး နှောင့်ယှက်ချင်နေပေမယ့် အဲဒီအချိန်မှာတော့ စခန်းက အပြင်ဘက်က ကင်းထောက်တစ်ယောက်က ပြေးဝင်လာလေ၏။ 


"သတင်းပို့- မဟာတံတိုင်း မြို့​စောင့်တံခါးက စာတစ်စောင် ပို့လာပါတယ်!"


ကဲရှူးဟန့်၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်လာသည်။ 


"ပြောစမ်း!"


လီကျင်လုံ: "ဘယ်လိုလဲ?"


"မင်းက လီကျင်လုံလား" ကင်းထောက်က စိတ်ရှုပ်နေဟန်ဖြင့်။


"ချူလင်မြစ်မှာ မင်းပြောခဲ့တဲ့ အလောင်း မရှိဘူး" 


လီကျင်လုံ: "..."


ဟုန်ကျွင့်: "မဟုတ်ဘူး.. ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?!"


ကင်းထောက်က "ဒါ လုံးဝမှန်တယ် ဘာမှမရှိဘူး!"


ကဲရှူးဟန့်: "ဒီကိုလာစမ်း! လီကျင်လုံရဲ့ ခေါင်းကို ဖြတ်လိုက်..."


လီကျင်လုံ: "ဟုန်ကျွင့် ပြေးတော့!"


ဟုန်ကျွင့် သတိ ပြန်ကောင်းမလာခင်မှာပဲ လီကျင်လုံက သူ့ကို ပြတ်ပြတ်သားသား ဆွဲထုတ်သွားပြီး လှည့်ကာ ပြေးထွက်သွားလေပြီ။