(42)
Viewers 5k

Chapter (42)

မီးလောင်သွားတဲ့ ဖီးနစ်အမွေး



လိရှန့်နန်း​တော်၏ ထိန်ထိန်လင်းနေသော အခန်းတွင် လီကျင်လုံသည် စားပွဲပေါ်တွင် လဲလျောင်းနေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေချိန် ဟုန်ကျွင့်ကလည်း လီကျင်လုံဘေးတွင် ဘာမှ ဂရုမစိုက်ဘဲ ကလေးတစ်ယောက်လို အိပ်နေလေသည်။


လီကျင်လုံ နီရဲသော မျက်လုံးများဖြင့် ခေါင်းကို မော့ကာ အရှေ့တွင် ပြန့်ကျဲနေသော ခွက်များနှင့် ပန်းကန်ပြားများကို ကြည့်လိုက်ပြီးနောက် သူ့ဘေးမှ ဟုန်ကျွင့်ကို လှည့်ကြည့်လိုက်သည်။


"ငါတို့နှစ်ယောက်ပဲ ကျန်တော့တယ်"


"လာ...ထတော့" 


လီကျင်လုံ ခက်ခက်ခဲခဲပြောပြီး ဟုန်ကျွင့်​ကို တုံ့ဆိုင်းစွာ ပွေ့ချီလိုက်သည်။ ဟုန်ကျွင့်ခေါင်းကို သူ့ပုခုံးပေါ်တင်၍ ၀တ်ရုံဖြင့် ခေါင်းကို ခြုံထားပေးသည်။ ထို့နောက် ဟုန်ကျွင့်ကို ပွေ့ဖက်ကာ စင်္ကြံတစ်လျှောက် ခြေဗလာဖြင့် လျှောက်လာခဲ့သည်။ ဟုန်ကျွင့်ရဲ့ အခန်းတံခါးကို တွန်းဖွင့်ပြီး သူ့ကို အထဲကို သယ်သွားကာ ဝမ်းနည်းစွာဖြင့် ကုတင်ပေါ်တင်ကာ စောင်ပါခြုံ​ပေးလိုက်သည်။


"ဟူး......."


ဟုန်ကျွင့်၏ ကုတင်ရှေ့တွင် ထိုင်ကာ ဝမ်းနည်းမှုအပြည့်ဖြင့် သူ့အခန်းကို မပြန်ချင်​သေးသောကြောင့် ကုတင်ဘေး၌သာ လှဲအိပ်​​နေလိုက်သည်။


ထိုညတွင် ဟုန်ကျွင့် ထူးဆန်းသော အိပ်မက်တစ်ခုကို မက်ခဲ့သည်။ သူ့ဘေးနားတွင် တစ်စုံတစ်ယောက် ထွန်းညှိထားသော မီးရောင်သည် သူ့အနားတွင် အမြဲရှိနေပြီး မနီးမဝေး ပြတင်းပေါက် အပြင်ဘက်တွင် တောက်လောင်နေသည့် နေရောင်လည်း ရှိသည်။ မနက်ခင်း နေရောင်ခြည်များက သူ့ခန္ဓာကိုယ်ကို နွေးထွေးစေပြီး သူ့ကို ခေါ်နေပုံသည့်အတိုင်းပင်။


မနက်ငါးနာရီထိုးတော့ ဟုန်ကျွင့် ရုတ်တရက် လန့်နိုးလာသည်။


မျက်လုံး ဖွင့်လိုက်သည်နှင့် နီရဲနေသော နေရောင်က မှိန်ဖျော့​ဖျော့သာ ထွက်လာ​သေးသော်လည်း ပတ်ဝန်းကျင်တွင်တော့ မီးများက လင်းနေသေးသည်။


ဘယ်လောက်ကြာကြာ အိပ်ပျော်သွားတာလဲ။ 


အသက်ဝဝရှူ၍ စောင်းကြည့်လိုက်တဲ့အခါ လီကျင်လုံက ကုတင်ကိုမှီကာ အိပ်ပျော်သွားခဲ့တာ တွေ့လိုက်ရ၏။ ဟုန်ကျွင့်လည်း ရေငတ်လာတာကြောင့် ရေထသောက်လိုက်သည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီး ပြတင်းပေါက်ရှေ့မှာ ရပ်လိုက်နေစဥ် ဘာကြောင့်ရယ်မသိ ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်မိသည်။ 


နှင်းတွေကျတဲ့ညမှာ အပြင်ဘက်၌ အရမ်းတောက်ပနေခဲ့သည်။ ပြတင်းပေါက်ဘက်သို့ မျက်နှာမူထားသော ချောက်ကမ်းပါးကြီးပေါ်တွင် လူတစ်ယောက် ရပ်နေ၏။


ဟုန်ကျွင့်: "???"


ဟုန်ကျွင့်သည် ချောက်ကမ်းပါးရှေ့တွင် မလှုပ်မယှက် ရပ်နေကာ ရေဇလုံကိုချကာ ပြတင်းတံခါးကိုပိတ်ကာ သူ့အင်္ကျီကိုဝတ်ကာ စင်္ကြံထဲမှ တိတ်တဆိတ် ထွက်လာခဲ့သည်။ သူသည် ရှည်လျားသော စင်္ကြံလမ်းကို ဖြတ်၍ ဗီလာ၏ နောက်ဖေးတံခါးဆီသို့ ရောက်ရှိလာပြီး တံခါးကိုဖွင့်လိုက်ရာ ချောက်ကမ်းပါးပေါ်တွင် ရပ်နေသော ရုပ်အလောင်းကို ပိုမိုရှင်းလင်းစွာ တွေ့လိုက်ရသည်။


အဲဒါက ယောက်ျားတစ်ယောက်။ 


မြင့်မားသော ချောက်ကမ်းပါးဆီသို့ လျှောက်သွားရင်း ကမ်းပါးပေါ်ရှိ သဖန်းပင်များ၏ အရွက်များ ကြွေကျလုနီးပါး ဖြစ်နေသော်လည်း ထိုလူ၏ ပတ်ပတ်လည်တွင် နှင်းပွင့်များ မရှိခဲ့ပေ။ ချောက်ကမ်းပါးစွန်းတွင် ရပ်နေပါက အဝေးမှ ညဘက်၌ ချန်အန်းမြို့ မြင်ကွင်းကို မြင်နိုင်သည်။


ဟုန်ကျွင့် မတုန်လှုပ်ဘဲ ချောက်ကမ်းပါးပေါ်သို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့၏။ ရွှေရောင် တော်ဝင် ၀တ်စုံကို ၀တ်ဆင်ထား​ပြီး အနီရောင်တောက်တောက် ဆံပင် နှင့် သူ၏ ခါးပတ်ပေါ်မှ မီးတောက်နေသော အမွေးအတောင် နှစ်ခုကို တွေ့လိုက်ရသည်။


သူ၏ခန္ဓာကိုယ် အပေါ်ပိုင်းရှိ တော်ဝင်ဝတ်စုံကို ပုခုံးပေါ်အထိ ဖြည်းညှင်းစွာ လျှောချထားသည်။ သူ၏ကိုယ်လုံးတီးနီးပါး ကိုယ်ထည်တစ်ဝက်ကို ပေါ်လွင်စေပြီး ဖြူစင်သောအသားအရေနှင့် သန်စွမ်းသော ကြွက်သားများကို ပြသထားသည်။


"အဖေ?" 


ဟုန်ကျွင့် သူ့မျက်လုံးတွေနဲ့ မြင်နေရပေမယ့် မယုံနိုင်လောက်အောင် အံ့သြသွားသည်။ ချုံမင်က ဖြည်းညှင်းစွာ လှည့်၍ ဟုန်ကျွင့်​ကို ကြည့်လိုက်ပြီးနောက် ဟုန်ကျွင့်ကရှေ့သို့ ခြေလှမ်းစခါနီးတွင် ချုံမင်ဘက်က ချက်ချင်း စိတ်တိုသွားပုံရပြီး။ 


"မင်း... နားတွေက ဘာတွေ ဖြစ်ထားတာလဲ?"


ဟုန်ကျွင့်၏ နားရွက်များသည် ပတ်တီးများဖြင့် ရစ်ပတ်ထားဆဲ ဖြစ်ပြီး ၎င်းတို့ကို မသိစိတ်က ဖုံးအုပ်ထားချင်သော်လည်း ချုံမင်က သူ့လက်ကောက်ဝတ်ကို ဆွဲကိုင်ထားလေပြီ။ သူ့လက်ကို ဘေးသို့တွန်းထုတ်ကာ မတ်တတ်ရပ်ကာ ပတ်တီးများကို ပေါ့ပေါ့ဆဆ ဖြည်ချလိုက်တာကြောင့် ဟုန်ကျင့်ခမျာ နာကျင်သွားသည်။ 


"ဖေဖေ... ဖြည်းဖြည်း လုပ်ပါ!"


"မင်း ဘယ်လို ဒဏ်ရာ ရသွားတာလဲ" ချုံမင် ဟောက်လုမတတ်။


ဟုန်ကျွင့် စကားတစ်ခွန်းမှ မပြောဘဲ ချုံမင်ကို စိုက်ကြည့်ရင်း အလွန်စိုးရိမ်ပြီး တုံ့ဆိုင်းသွားသည်။ ချုံမင်လည်း ငြိမ်သက်သွားကာ အနီရောင်တောက်နေသော ဘယ်လက်ကို မြှောက်လိုက်ကာ ဖီးနစ်၏ အသံကို တိုးတိုးလေးကို ကြားလိုက်ရသည်။ သူ့လက်ချောင်းများကို ဖြန့်လိုက်တဲ့အခါ ဟုန်ကျွင့်ဒဏ်ရာသည် လျင်မြန်စွာ ပျောက်ကင်းသွားပြီး ယခင်အတိုင်းပင် ပြန်ဖြစ်သွားသည်။ 


"ဒါဆို ကောင်းသွား​ပြီ မဟုတ်ဘူးလား" ဟုန်ကျွင့် ပြုံးပြသည်။


"မင်း..." 


ချုံမင်သည် ဤလူယုတ်မာ​လေးကို တွေ့ပြီးချင်း ဒေါသထွက်လုနီးပါး ဖြစ်ရမယ်လို့ မထင်ထားချေ။ သို့သော် သူ ငြိမ်သက်သွားခဲ့သည်။


ဟုန်ကျွင့်: "ကျွန်တော် ငယ်ငယ်ကလည်း မကြာခဏ လဲကျခဲ့ပြီး ခြေသလုံးတွေ သွေးထွက်ခဲ့တာပဲလေ" 


"ဒါနဲ့တူလား?" ချုံမင် ဒေါသတကြီး ပြောလိုက်သည်။


ဟုန်ကျွင့်ကတော့ ချုံမင်ကို ပြုံးပြုံးလေးကြည့်ရင်း သူ့မျက်လုံးတွေ အနည်းငယ် စိုလာခဲ့သည်။ 


"ဖေဖေ ဘာလို့ဒီကို ရောက်နေတာလဲ"


ချုံမင် အသက်ပြင်းပြင်းရှူပြီး ဟုန်ကျွင့်ကို ကြည့်နေသည်။ ဟုန်ကျွင့်ခမျာ အနည်းငယ်ကြောက်သွားသော်လည်း သူနှင့် နီးချင်လွန်းသဖြင့် သူ့ခါးက ဖီးနစ်အမြီးကို ဆွဲရန် လက်ဆန့်လိုက်သော်လည်း ချုံမင်က သူ့လက်ကို သတိမထားမိဘဲ ဝှေ့ယမ်းလိုက်သည်။ ဟုန်ကျွင့် ထပ်ဆွဲလိုက်ပေမယ့် ဒီတစ်ကြိမ်မှာတော့ ချုံမင်က မတားတော့ပေ။


ချုံမင်: "ငါမင်းကို အိမ်ပြန်ခေါ်သွားမယ်"


ဟုန်ကျွင့်:"!!!"


"ဒါပေမဲ့ ကျွန်တော် ၃ခုစလုံး မပြီးသေးဘူး"


"မလိုတော့ဘူး"


"ခေါင်းဆောင်လီ.. သူက နတ်ဆိုးနှင်ဌာနမှာ တစ်ဦးတည်း ကျန်ခဲ့ရမှာ..."


"ဘယ်သူလဲ?"


ချုံမင်သည် လူသတ်ရန် ရည်ရွယ်ချက်ဖြင့် ပြင်းထန်သော ရောင်ဝါကို ရုတ်တရက် ထုတ်လွှတ်လိုက်ပြီး။ 


"အဲဒါ မင်းနောက်ကွယ်က သေမျိုးကောင်လား"


လုရွှမ် ရုတ်တရက် လှည့်ကြည့်လိုက်တော့ သဖန်းပင်အောက်မှာ ရပ်နေတဲ့ လီကျင်လုံကို တွေ့ရလေသည်။


"ခေါင်းဆောင် နိုးနေပြီလား? ကျွန်တော်..အဖေ... ဒါက လီကျင်လုံပါ ကျွန်တော့်ရဲ့ ဌာနခေါင်းဆောင်!"


လီကျင်လုံသည် ညဘက် အိပ်ရာက နိုးလာပြီး သန့်ရှင်းရေးလုပ်ရန်လည်း အချိန်မရှိခဲ့ချေ။ သူသည် စစ်ဝတ်ရုံကို ၀တ်ထားဆဲဖြစ်ကာ ဝတ်ရုံစတွေက လေထဲတွင် ပျံဝဲနေသေးသည်။ ဓားကိုကိုင်ထားပြီး ညာလက်ကို ဘယ်လက်​ပေါ် တင်၍ အရိုအသေ ပေးလေ၏။


"လီကျင်လုံက ဦးလေးကို ဂါဝရပြုပါတယ်"


"မင်းထွက်သွားမှာလား မသွားဘူးလား?" ချုံမင် လီကျင်လုံကို ဂရုမစိုက်ပေ။ 


ဟုန်ကျွင့်: "ဖေဖေ.... ကျွန်တော် ပြောတာကို နားထောင်ပါဦး..."


ဟုန်ကျွင့် ချုံမင်ခါးက ဖီးနစ်အမွေးကို ဆွဲလိုက်ပြန်သည်။ ချုံမင်မှာ သူ့ကိုရိုက်ရန် လက်ကိုမြှောက်လိုက်ရာ လီကျင်လုံခမျာ စိုးရိမ် ကြောက်ရွံ့သွားခဲ့သည်။ သို့သော် ဟုန်ကျွင့်သည် ချုံမင်၏ ပြင်းထန်သော အကြည့်နှင့် ပြင်းထန်သော ဒေါသကို ကျင့်သားရနေပြီ ဖြစ်တာကြောင့် ချုံမင်ရဲ့နောက်ကျော​​ပေါ်ကို ခုန်တက်လိုက်သည်။


"ဆင်းစမ်း!"


ချုံမင် ဒေါသတကြီး ခါချလိုက်သည်။ နောက်ဆုံးတော့ ဟုန်ကျွင့်လည်း သူ့ဘာသာကို မတ်တပ်ရပ်ဖို့ တွန်းအားပေးရတော့၏။


လီကျင်လုံမှာ ရင်တမမနဲ့ :"ဟုန်ကျွင့်!" 


ဟုန်ကျွင့်ကတော့ ပြုံးပြီး: "ဖေဖေ... ကျွန်တော် နှလုံးမီးအိမ်ကို လူမှားသွားတယ်.... မတော်တဆဖြစ်ပြီး လီကျင်လုံဆီကို ရောက်သွားခဲ့တယ်"


"မင်းမှားရင် မှားတယ်ပေါ့"


"ကျွန်တော် မိစ္ဆာဘုရင်ကိုလည်း မောင်းထုတ်ခဲ့တယ်..."


"လောကကြီးက ကမောက်ကမဖြစ်နေတာ ကြာပြီ... ငါ ချန်အန်းကို ပြန်မလာတော့ဘူး" ချုံမင်က ရိုးရိုးရှင်းရှင်းနဲ့ ရိုင်းရိုင်းစိုင်းစိုင်းပဲ ပြော၏။


"ဒါပဲ ငါ ယောင်ကျင်းနန်းတော်မှာ ရှိတုန်းကလည်း ပြောခဲ့ပြီးသား... စိတ်ကူးယဉ်တာတွေ ဆက်မလုပ်နဲ့"


လီကျင်လုံ၏ လေးလံ​နေသော နှလုံးသားက နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။


"ဘယ်သူသတ်တယ်ဆိုတာ မသိသေးဘူး... ကျွန်တော့်ရဲ့..."


ချုံမင်: "မင်းက ရည်မှန်းချက်ကြီးတယ်... နားလည်ပါတယ် ဒီအကြောင်းပြချက်တွေက မင်းရဲ့ စိတ်ချမ်းသာမှုနဲ့ မင်းရဲ့ စိတ်ဆန္ဒတွေကို မစွန့်လွှတ်ချင်တာကြောင့်ပဲ"


ဟုန်ကျွင့်ရဲ့ စကားတွေ ရုတ်ခြည်း ရပ်တန့်သွားစဥ် ချုံမင်က ဆက်ပြောသည်။ 


"ထားလိုက်တော့... ချင်းရှူံက ဒီနေ့ မင်းငါနဲ့အတူ အိမ်ပြန်ဖို့ ဆန္ဒမရှိ​လောက်ဘူးလို့ ပြောခဲ့တယ်... အဲဒါကို လုပ်ရမှာကို လက်မလွှတ်ဘူးဆိုတော့ အခုကစပြီး မင်း ဒီကမ္ဘာကြီးထဲမှာပဲ နေပြီးတော့ မင်းအဖေရဲ့ စံနမူနာအတိုင်း လိုက်လျှောက်ကြည့်.... ဒီရောင်စုံကမ္ဘာကို ခံစားလိုက်...."


"ဖေဖေ...အဲဒါတော့ မဟုတ်ဘူး..." ဟုန်ကျွင့် ကမန်းကတန်း ငြင်းခုံလိုက်သည်။


ချုံမင်က လေးနက်သော လေသံဖြင့် "ဘာလဲ... ဘာရှင်းပြဦးမှာလဲ"


ဟုန်ကျွင့်: "ချန်အန်းက အရမ်းကောင်းတယ် အစားအသောက်နဲ့ ဖျော်ဖြေရေးတွေ ရှိတယ်... နတ်ဆိုးနှင်ဌာနမှာလည်း နေရာရှိတယ် သဖန်းပင်လည်း ရှိတယ် .... ဖေဖေ ကျွန်တေယ်နဲ့ ရက်အနည်းငယ်လောက်နေလိုက်ရင် သိလာလိမ့်မယ်... "


ဟုန်ကျွင့် ဒီစကားကို သူဘယ်လောက်ပဲ ပြောနေပါစေ သူ ထိုက်ဟန်တောင်တန်းက ထွက်သွားတုန်းကလို ဘာမှ အသုံးမဝင်ပေ။ တစ်ခါက ငှက်ကလေးတစ်ကောင်က တောထဲမှာ အသိုက်စွန့်ပြီး ပြန်မလာသေးတာကို တွေ့တော့ ချုံမင်ကို သွားမေးဖူးသည်။ 


ချုံမင်သည် သူ့ပြဿနာများကို တိုက်ရိုက် မဖြေရှင်းဖူးသော်လည်း ယခုအချိန်မှာလည်း ဟုန်ကျွင့် တဖြည်းဖြည်း နားလည်လာသည်။


"ဟုတ်​တယ်​... ကျွန်​​တော်​က ​သေ​မျိုးလောကကို တွယ်​တာ​နေတာ....ဒါဆို ခေါင်းဆောင်ကိုရော ကျွန်တော်တို့နဲ့ လိုက်​ခွင့်​ပြု​ပေးနိုင်​မလား..."


ချုံမင်. "မင်းရဲ့နောက်ကလူကို ရွေးမလား ဒါမှမဟုတ် ငါ့ကိုရွေးမလား... သေမျိုးတစ်ယောက်ရဲ့ ခြေ​​ထောက်ကို ယောင်ကျင်း နန်းတော်ထဲကို ခြေတစ်လှမ်း မပြောနဲ့ တစ်ဝက်လောက်တောင် ချခွင့်မပေးဘူး!!"


လီကျင်လုံ: "ဦးလေး....ဟုန်ကျွင့် ချန်အန်းမှာနေတဲ့ ရက်တွေမှာ နေ့တိုင်း ခင်ဗျားကို မလွမ်းတဲ့နေ့ဆိုတာ မရှိပါဘူး... လူငယ်ဆိုတော့ ကမ္ဘာကြီးကို မြင်ချင်ကြရုံပါ"


"မင်းဒီကမ္ဘာကိုရွေးမလား ဒါမှမဟုတ် ငါ့ကို ရွေးမလား?" 


ချုံမင်က လီကျင်လုံရဲ့စကားကို အစအဆုံး ပြန်မဖြေခဲ့ပါဘူး။


ဟုန်ကျွင့်က အသက်ပြင်းပြင်းရှူပြီး မျက်လုံးကိုမှိတ်လိုက်သည်။ 


"ဖေဖေ... အဲ့လို ခွင့်မပြုနိုင်ဘူး ကျွန်တော် ရွေးချယ်ရမယ်ဆိုရင်..."


ဤအခိုက်အတန့်တွင် ဟုန်ကျွင့်သည် သူ့နှလုံးသားထဲကနေ နက်နဲသော ရွေးချယ်မှုတစ်ခုကို ပြုလုပ်နိုင်ပေလိမ့်မည်။ သူသည် ဝမ်းနည်းပူဆွေးမှု အပြည့်ဖြင့် နောက်ပြန်လှည့်၍ လီကျင်လုံအား ကြည့်လိုက်သည်။ 


"မင်းအဖေနဲ့ အိမ်ပြန်လိုက်သွားလိုက်ပါ...ငါ အချိန်ရရင် မင်းကိုရှာဖို့ ထိုက်ဟန်တောင်ကို လာခဲ့မယ်"


ဟုန်ကျွင့် ချုံမင်ကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်တော့ ချုံမင်က သူ့လက်ညိုးနှစ်ချောင်းကို မြှောက်ထားပြီ။ သူ့လက်ချောင်းထိပ်က မီးတောက်တွေ ထွက်လာပြီး သူ့ခါးပတ်ပေါ်က အမွေးရှည်တွေကို လှမ်းကိုင်လိုက်သည်။


တောက်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ခါးချိတ်က နှစ်ခြမ်းကွဲသွား၏။ ချောက်ကမ်းပါး အပြင်ဘက်က ကောင်းကင်ယံတွင် မီးတောက်များ ပေါက်ကွဲထွက်သွားကာ ချုံမင်က အတောင်ပံများကို ဖြန့်၍ လှည့်ကြည့်လိုက်​ပေသည်။ ၎င်းက တောက်လောင်နေသော ဖီးနစ်အစစ်ကဲ့သို့ တေးဆိုသံကို ထုတ်လွှတ်၍ တောင်တန်းများ တစ်လျှောက် ပဲ့တင်ထပ်ကာ အတောင်ပံများကို ညင်သာစွာ ခတ်ရင်း ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။


"အဖေ!" 


ဟုန်ကျွင့်သည် ဖီးနစ်အမွေး တစ်ဝက်ကို ဆုပ်ကိုင်လိုက်ပြီး ချောက်ကမ်းပါးမှ အမြန်ပြေးထွက်သွားသည်။ သူ့ဘေးကင်းတာ မကင်းတာ မည်သို့ပင်ရှိစေကာမူ အသည်းအသန် ပြေးသွားတာကြောင့် လီကျင်လုံက သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ ချောက်ကမ်းပါးဆီမှ ပြန်ဆွဲထုတ်လိုက်သည်။


"အဖေ--!" 


ဟုန်ကျွင့် အော်ဟစ်ပြီး မျက်ရည်တွေ ဝဲကာ သူ့လက်ထဲမှာ ညှပ်ထားတဲ့ အမွေးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ရေရွတ်လိုက်မိ၏။ 


"ဘာလို့လဲ.... ဖေဖေနဲ့ အိမ်ပြန်မယ်လို့ ကတိပေးထားတယ်လေ... ဘာလို့လဲ --!"


ဟုန်ကျွင့် တစ်ညလုံး ဝမ်းနည်းမှုကို မျိုသိပ်ထားရတာကြောင့် နောက်ဆုံးတွင် ချုံမင်ကပါ စွန့်ပစ်သွားလေရာ ဝမ်းနည်းမှုတွေက ပေါက်ထွက်သွားသည်။ ချုံမင် အဘယ်ကြောင့် ဤမျှ ရက်စက်စွာ မုန်းတီးနေမှန်းမသိဘဲ လီကျင်လုံအား တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားကာ ငိုကြွေးနေလေသည်။ 


"ဘာလို့လဲ ဟင်... ဘာလို့ ငါ့ကို မလိုချင်တော့တာလဲ--!"


လီကျင်လုံက သက်ပြင်းချလိုက်ပြီး "ဟုန်ကျွင့်... စိတ်မဆိုးပါနဲ့ စိတ်မဆိုးပါနဲ့ ငါ မင်းကို ထိုက်ဟန်တောင်ကို လိုက်ပို့ပေးမယ်လေ... မနက်ဖြန်ပဲ သွားမယ် ငါ မင်းကို ကတိပေးတယ်"


ဟုန်ကျွင့်သ​ည် ငိုထားရတာကြောင့် မောပန်းနွမ်းနယ်နေပြီ။ ဖီးနစ်အမွေးကို သူ့လက်ထဲတွင် တင်းတင်းဆုပ်ကိုင်ထားပြီး အနီရောင်တောက်နေသော ဖီးနစ်အမွေးက တဖြည်းဖြည်း ကျုံ့သွားသည်။


နှင်းတွေကျဲကျဲ ကျနေတဲ့ ဒီနက်နဲတဲ့ ချိုင့်ဝှမ်းမှာ အဆက်မပြတ် မြည်နေတဲ့ အသံကလွဲလို့ နွေဦးပေါက်က သစ်ရွက်တွေကို စားသလိုမျိုး၊ ဒီရေတက်လာတာနဲ့ သဲတွေ ပင်လယ်ကိုဖြတ်ပြီး သစ်ရွက်ခြောက်တွေ ဖြတ်သွားသလိုမျိုး၊ သစ်ရွက်ပေါင်း ထောင်ပေါင်းများစွာကို ဖြတ်သွားတဲ့ လေ​ပြင်းသလိုမျိုး၊ တိမ်တွေ နဲ့ ရေတံခွန်တွေကို ရစ်သိုင်းနေသော မြူခိုးတွေက တောင်ပေါ်တစ်လျှောက် အင်မတန် လှပလျက်။ 


နှင်းပွင့်များသည် ကောင်းကင်တစ်ခုလုံးမှ ကြွေကျပြီး အေးစက်သော လေထဲ နှင်းများကျရောက်သည်နှင့် တပြိုင်နက် ကမ္ဘာကြီးက ရေခဲငွေ့ အဖြစ်သို့ပြောင်းလာသည်။ ဆောင်းဦး ပန်းပွင့်များ ပွင့်လာသည်။ အရွက်များကို ဆွဲထုတ်ကာ အင်းဆက်ပိုးမွှားများက လိပ်ပြာများအဖြစ်သို့ ပြောင်းလဲသွားသည်။ တောင်တွေပေါ်မှာ ဆောင်းရာသီ ရောက်လာလို့ ရွှေ့ပြောင်းနေကြတဲ့ ငှက်တွေဟာလည်း တိမ်တွေကိုဖြတ်ပြီး နွေရာသီကို ဖြတ်သန်းဖို့ ပျံသန်းနေကြရာ တိမ်ပင်လယ်ထဲမှာ ပျောက်ကွယ်သွားကြသည်။ ကမ္ဘာမြေဆီ ညင်သာစွာ ပျံသန်းနေတဲ့ နှင်းမှုန်လေးတွေကလည်း နေရာအနှံ့ ပျံ့လို့ပင်။


မနက်မိုးလင်းတော့ ဟုန်ကျွင့် ကုတင်ပေါ်မှာ လှဲနေပြီး လီကျင်လုံက အခန်းထဲက ကြမ်းပြင်တစ်ခုမှာပဲ လှဲအိပ်နေ၏။ ဟုန်ကျွင့်ရဲ့ စိတ်တွေ နည်းနည်း ငြိမ်သွားပြီး သူ လုံးလုံး အိပ်ပျော်သွားသည်။ 


လီကျင်လုံမှာ ဗိုက်က ဆာပြီးနောက် သေရည်ကြောင့် ခေါင်းကိုက်ဝေဒနာကိုလည်း ခံစားလာရသည်။ ဟုန်ကျွင့် အမှန်တကယ် အိပ်ပျော်နေသလား၊ သို့မဟုတ် နိုးနေပြီး ဝမ်းနည်းနေသေးသလား သိရန် တိုးသွားကြည့်သော် ထိုသူက အိပ်မောကျနေခဲ့​ပြီ။ ခဏအကြာတွင် အဝေးမှ အော်သံတစ်ခု ကြားလိုက်ရသည်။


"မိစ္ဆာ-!"


လီကျင်လုံက ချက်ချင်း နိုးထလာကာ ဓားကို ကောက်ဆွဲ၍ “ဘယ်မှာလဲ” ဟု အော်ကာ ပြေးထွက်လာခဲ့သည်။


အ​စေခံများသည် မနေ့ညက သူတို့ ထမင်းစားခဲ့ရာ အခန်းထဲမှ တွားသွားထွက်လာကာ အော်ဟစ်နေကြသည်။ လီကျင်လုံလည်း ဓားတစ်လက်နှင့် ပြေးဝင်လာသော် ငါးကြင်းနတ်ဆိုးက နိုးလာပြီး စားပွဲပေါ်တွင် ထိုင်ကာ ငေးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။


လီကျင်လုံ သူ့ခေါင်းကိုက် ဝေဒနာက ပိုဆိုးလာတာကြောင့် နဖူးပေါ်လက်တင်ကာ တံခါးကိုမှီထားလိုက်သည်။ 


"ငါ့မိသားစုက ကြီးပြင်းလာတဲ့သူပဲ.... မကြောက်ပါနဲ့... ဝိညာဉ်ထွက်ဝတ်မှုန်က ဘယ်မှာလဲ?"


ငါးကြင်းနတ်ဆိုးလည်း ပန်းဝတ်မှုန်ကို ဖြန့်ကျဲလိုက်ရာ အစေခံများက အော်ဟစ်ရင်း ရုတ်တရက် နှာချေကြကုန်တော့သည်။ မျက်လုံးများ မှိုင်းသွားကာ ဘယ်ညာကြည့်နေစဥ် ငါးကြင်းနတ်ဆိုး ထွက်ပြေးဖို့ အခွင့်အရေး ယူလိုက်ရသည်။ 


လီကျင်လုံ သူ့ဝတ်ရုံကို ပြင်ဆင်ပြီး ဟုန်ကျွင့် နိုးလာပြီလားဆိုတာ သိဖို့ ပြန်သွားချင်ပေမယ့် ငါးကြင်းနတ်ဆိုးက လှမ်းမေးလေသည်။ 


"ကံမကောင်းလိုက်တာ... ဟေး ခေါင်းဆောင်.. မော့ရစ်ကန်းနဲ့ တခြားသူတွေ ဘယ်ရောက်နေလဲ၊ လူတွေ အားလုံး ဘယ်သွားကြတာလဲ"


"အဲဒါကို မပြောနဲ့တော့... 


ဟုန်ကျွင့်သည် လေးလေးနက်နက် မျက်မှောင်ကြုတ်ကာ သူ့အမူအရာမှာ အလွန်နာကျင်နေပြီး။ 


"တိတ်တိတ်နေပါရစေ"


ငါးကြင်းနတ်ဆိုးက "သူတို့အားလုံး ဘယ်သွားကြပြီလဲ... ငါ့ဟုန်ကျွင့် ဘယ်မှာလဲ"


သူ့ကို စင်္ကြံဆီသို့ လိုက်ပို့ပြီးနောက် ဟုန်ကျွင့်သည် ခေါင်းကိုက်နေတာကြောင့် ထွက်လာပြီး ရေချိုးရန် ပြင်နေရာမှ ငါးကြင်းနတ်ဆိုးကို တွေ့တော့ လန့်ဖျပ်သွားသည်။ လီကျင်လုံက မတ်တပ်ရပ်လိုက်စဥ် ဟုန်ကျွင့်က သူ့ကို ပြုံးပြသည်။ 


"မင်္ဂလာမနက်ခင်းပါ ခေါင်းဆောင်" 


ငါးကြင်းနတ်ဆိုးက ရှေ့ကို တိုးလာပြီး "မင်း ဘာလို့ လီကျင်လုံ အခန်းထဲ ထပ်ရောက်နေတာလဲ.... မနေ့ညက ဘာဖြစ်..."


ဟုန်ကျွင့် မုန့်တစ်ဖဲ့ကိုယူပြီး ငါးကြင်းနတ်ဆိုးရဲ့ ပါးစပ်ကို ဖျစ်ညှစ်ပြီး ထည့်ပေးလိုက်ကာ သူ့မျက်နှာကို ဆေးကြောဖို့ ထွက်သွားလိုက်သည်။


ငါးကြင်းနတ်ဆိုးသည် အခန်းထဲသို့ ခုန်ဆင်းဝင်သွားခဲ့ရာ ခဏအကြာတွင် ချုံမင်၏ ဖီးနစ်အမွေးကို တွေ့လိုက်သည်။ ငါးကြင်းနတ်ဆိုးက ဘယ်ဘက်လက်၌ အမွေးအတောင်ကို ကိုင်ထားကာ ညည်းတွားကာ သူ၏ညာလက်ဖြင့် အမွေးကို လက်ညှိုးထိုးပြနေသည်။ ချုံမင် လာခဲ့ပြီဟု ဆိုလိုခြင်းပင် ဖြစ်သည်။


လီကျင်လုံ: "ဒီနေ့ ထွက်သွားရအောင်... ထိုက်ဟန်တောင်ကို ရောက်ဖို့ တစ်လခွဲလောက်တော့ အချိန်ယူရလိမ့်မယ်" 


ဟုန်ကျွင့် လီကျင်လုံကို စူးစူးစိုက်စိုက် ကြည့်ရင်း မျက်လုံးများ မှိတ်ထားလိုက်သည်။ 


"ငါ မင်းကို ကတိပေးထားတယ် ... "


"ခေါင်းဆောင်" ဟုန်ကျွင့် သူ့ပါးစပ်ထဲမှာ မုန့်တွေနဲ့ ပြည့်နေပြီး။ 


"ကျွန်တော် ထိုက်ဟန်တောင်ကို မသွား​တော့ဘူး...ကျနော့်ဖေဖေက ခင်ဗျားကို အနိုင်ကျင့်လိမ့်မယ်"


"မင်းအဖေကို သေသေချာချာ ပြောပေါ့... ရန်ဖြစ်စရာ မလိုပါဘူး အဆိုးဆုံးက ငါ ထွက်ပြေးလို့ရတယ်မလား"


ငါးကြင်းနတ်ဆိုးသည် နောက်ဆုံးတွင် ပဲကိတ်မုန့်တစ်ဖဲ့ကို မျိုချလိုက်ပြီး ဆို၏။ 


"ဘုရင်မင်းမြတ် ချုံမင်က မနာလိုဖြစ်နေတာ ဖြစ်ရမယ်... လီကျင်လုံ မင်းက သူ့သားကို ပြန်ပေးဆွဲပြီး တစ်နေ့လုံး ဆူပွက်နေတုန်းလေ... မနေ့ညက မင်းကို မီးနဲ့ မရှို့ခဲ့တာပဲ ကံကောင်းတယ်မှတ်... မင်း ငါတို့ ဟုန်ကျွင့်ကို ကြိုက်လား... မကြိုက်ရင် ငါ့ကို လှည့်စားနေတာ ရပ်လိုက်စမ်း..."


ငါးကြင်းနတ်ဆိုးသည် ပြတင်းပေါက်မှ စာရွက်ကို ရိုက်ရင်း ပြောနေလေသည်။ နှစ်ယောက်စလုံး ချက်ချင်းပင် မျက်နှာတွေ နီရဲသွား၏။ ဟုန်ကျွင့် ခြံဝင်းအတွင်းရှိ ရေတွင်းဘေးတွင် ထိုင်ချလိုက်ပြီး လီကျင်လုံကတော့ သူ့ကို တစ်ချက် စိုက်ကြည့်ကာ အကြာကြီး ငြိမ်သက်သွားသည်။


လီကျင်လုံက နောက်ဆုံးတော့ "မနက်စာစားကြရအောင် ပြီးရင် ရေရှည်အတွက် ဆွေးနွေးကြမယ် ဘာပဲဖြစ်ဖြစ် ဒီကိစ္စအတွက်တော့ ငါစိတ်သက်သာရာ ရသွားပြီ" 


ပြောပြီး အမြန်ပြန်ထွက်သွားခဲ့သည်။ ဟုန်ကျွင့် သူ့မျက်လုံးများကို ပြူးကျယ်ဖွင့်လိုက်ပြီး မနေ့ညက ရေပူစမ်း၌ လီကျင်လုံမှာ ကြီးစွာသော အသွင်သဏ္ဌာန် ရှိနေသည်ကို မထင်မှတ်ဘဲ သတိရသွား၏။ 


ငါးကြင်းနတ်ဆိုးက ထပ်ခုန်ပြီး "ဟုန်ကျွင့်... လီကျင်လုံက ​​မကောင်းတဲ့ ရည်ရွယ်ချက်တွေ ပြည့်နှက်နေတယ်ဆိုတာ မင်းကို ငါသတိပေးရမယ်.... သူက မင်းကို တစ်ခါမှ မကြင်နာဖူးဘူး အခု မင်းတို့ အဖေနဲ့သားကြားက သဘောထားကွဲလွဲအောင် လုပ်ဖို့ ကြိုးစားနေတာ... “


"ကျောက်ကျစ်လုံ! မင်းအရမ်းအော်နေတာပဲ--! ပါးစပ်ကို ပိတ်ထား!"


ဟုန်ကျွင့် နောက်ဆုံးတွင် ပေါက်ကွဲလာတော့သည်။ သူက သစ်သားအင်တုံတစ်ခုကို ကောက်ယူကာ ငါးကြင်းနတ်ဆိုးကို ကောက်ယူ ပစ်ချလိုက်သည်။


မနက်စာစားနေစဉ် လီကျင်လုံ ဟုန်ကျွင့်ကို မကြည့်ဘဲ မနေနိုင်တော့ပေ။ သူ စိတ်ဓာတ်ကျနေပုံရသည်။ လူငယ်များသည် အမြဲလိုလို ဒုက္ခရောက်နေတတ်သော် ဟုန်ကျွင့်ကတော့ နိုးလာသောအခါ တခြားလူတွေထက် သက်သာတာ ပိုမြန်တယ်လို့ ခံစားရလေ၏။ 


ဟုန်ကျွင့်: "ကျ​နော်​တို့ ထိုက်ဟန်တောင်ကို ပြန်ရောက်ရင် ချင်းရှုံကို အရင်ရှာရမယ်...ချင်းရှူံက ကျ​နော်တို့ကို ခေါ်သွား​ပေးလိမ့်မယ် မဟုတ်ရင် ကျ​နော်တို့နှစ်ယောက်တည်းနဲ့ ယောင်ကျင်း နန်းတော်ကို မရောက်နိုင်ဘူး"


"ဘယ်မှာရှာရမလဲ" လီကျင်လုံက ပေါ့ပေါ့ပါးပါးနဲ့ ပြောသည်။ 


"ဘာပဲဖြစ်ဖြစ် ဘာမှလုပ်စရာ မလိုပါဘူး...မိစ္ဆာဘုရင်ကလည်း သွားပြီ နတ်ဆိုးနှင်ဌာနက လူတွေလည်း သွားကုန်ပြီ... မင်းကို ဘာလို့ အိမ်ပြန်မပို့ရမှလဲ... မင်ချွမ်တောင်တွေကို သွားကြည့်မယ် တစ်သက်လုံး မြို့ထဲက မထွက်ဖူးပေမယ့် မင်းကို ကျေးဇူးတင်တဲ့အနေနဲ့ လောကကြီးရဲ့ ခမ်းနားပြီး ဆန်းကြယ်တဲ့ အရာတွေကို အတူလိုက်ကြည့်ရမှာပေါ့


ချုံမင်: "ချင်းရှုံက အဲ့ရွှေတောင်ပံ လင်းယုန်ကြီးပဲ"


လီကျင်လုံက ပြုံးပြီး "ဒါဆို သူ့ကို ကောင်းကောင်း ကျေးဇူးတင်ရမယ်"


ငါးကြင်းနတ်ဆိုးသည် ပန်းကန်လုံးတစ်လုံးမှ ကြက်ဥနှင့် ထမင်းကို စားနေရင်းက ကြားဖြတ်ပြောလာခဲ့သည်။


"လီကျင်လုံ မင်းအခုတလော ပြုံးပျော်နေတယ်နော်.... မင်းကို ပျော်​စေတာ တစ်ခုခုရှိလို့လား"


ဟုန်ကျွင့်ကတော့ ငါးကြင်းနတ်ဆိုး၏ တုန်လှုပ်ချောက်ချားမှုကို လျစ်လျူရှုလိုက်ပြီး ပြောလေ၏။ 


"ဒါပေမဲ့... ဘယ်မှာ ရှာလို့ရမှာလဲ"


လီကျင်လုံ: "ဒီမှာ ဘယ်လိုသွားရမလဲ သိတဲ့ ငါးရှိမယ်ထင်တယ်"


ဟုန်ကျွင့် :"?"


သူတို့နှစ်ယောက်က ငါးကြင်းနတ်ဆိုးကို အတူတူ ကြည့်လိုက်ကြသည်။ ငါးကြင်းနတ်ဆိုးက ပန်းကန်လုံးတစ်လုံးထဲ ပါးစပ်ဖွင့်ပြီး စားမလို့ ပြင်နေတာကြောင့် ငါးမျက်နှာက လွတ်နေသည်။ 


"မင်းတို့ ငါ့ကိုဘာကြည့်နေတာလဲ"


"အဲဒီနေ့က ဟုန်ကျွင့် မင်းကို တစ်စုံတစ်ယောက်ကို ရှာခိုင်းတယ် မင်း သူ့ကို ဘယ်မှာ ရှာတွေ့တာလဲ" 


လီကျင်လုံက ဘယ်ဘက်မျက်ခုံးကို ပင့်တင်လိုက်ပြီး ငါးကြင်းနတ်ဆိုးကို မထီမဲ့မြင်ပြုတဲ့ အကြည့်နဲ့ ကြည့်နေသည်။ 


"မင်းမေးတာကို တစ်ယောက်ယောက်က တားခဲ့တာ ဟုတ်တယ်မလား"


ငါးကြင်းနတ်ဆိုး : "ငါ ဟင်းချက်စရာ သွားဝယ်လိုက်ဦးမယ်"


"အသီးအရွက်တွေ ဝယ်ချင်နေတာလား?" ဟုန်ကျွင့်လည်း တစ်ခုခုမှားနေပြီဆိုတာ သိသွားပြီး။


"ဟင်းချက်စရာ ဝယ်မယ်?? ဘယ်လိုဝယ်မှာလဲ တစ်ယောက်ယောက်က ငါးတစ်ကောင်ကို ဟင်းသီးဟင်းရွက် ရောင်းမှာလား"


ငါးကြင်းနတ်ဆိုးသည် ဘယ်တော့မှ လိမ်ညာခြင်း မပြုသော်လည်း ယခုအခါ လူကိုယ်တိုင် ထုတ်ဖော်မိလိုက်ရာ သူသည် ချက်ချင်းပင် ဝိညာဥ်ထွက် ပန်းဝတ်မှုန်ကို ထုတ်ယူလိုက်​တော့သည်။ 


လီကျင်လုံ: "မင်း လုပ်ရဲလား? အဲ့ပန်းဝတ်မှုန်က ငါ့ပိုက်ဆံနဲ့ ဝယ်ထားတာ!"


ငါးကြင်းနတ်ဆိုး: "..."


"ကျောက်ကျစ်လုံ!" ဟုန်ကျွင့် လှည့်စားခံနေရတယ်လို့ ခံစားရတာကြောင့် ဒေါသတကြီးနဲ့ ဟစ်အော်လိုက်သည်။ 


"မင်း ငါ့ဆီက ဘယ်နှစ်ယောက် ပုန်းနေတာလဲ"


"မဟုတ်ဘူး မဟုတ်ဘူး" ငါးကြင်းနတ်ဆိုးက ကမန်းကတန်း တောင်းပန်လိုက်ရင်း။ 


"အရှင်ချင်းရှူံက ငါ့ကို မပြောခိုင်းဘူး... ငါ မပြောရဲဘူး"


ထိုနေ့တွင် ငါးကြင်းနတ်ဆိုးသည် တစ်စုံတစ်ဦးထံ သတင်းပို့ရန် သွားသောအခါတွင် လင်းယုန်တစ်ကောင်က ရုတ်တရက် သူ့အား ကောက်ယူ၍ မြို့ပြင်သို့ ပျံသန်းသွားလေသည်။ မြေပေါ်သို့ ပစ်ချလိုက်သောအခါတွင် သူ့ရှေ့တွင် ရှိနေသော ချင်းရှူံကို တွေ့လိုက်ရသည်။ ချင်းရှူံက မေးခွန်းများစွာမေးပြီး နောက်ဆုံးတွင် ငါးကြင်းနတ်ဆိုးလည်း အချိန်များစွာ ဖြုန်းတီးကာ နောက်တစ်ကြိမ် ပြန်လှည့်ပြေးခဲ့ရသည်။


ဟုန်ကျွင့် ထိတ်လန့်သွားသော်လည်း လီကျင်လုံက ဒါကို မှန်းဆထားပြီးသား ဖြစ်သည့်နှယ် မအံ့ဩနေခဲ့။ 


"ချင်းရှူံက ဘာပြောလိုက်တာလဲ...ဟင် ကျောက်ကျစ်လုံ!"


ငါးကြင်းနတ်ဆိုးက “မြေခွေးမိစ္ဆာ ဘယ်မှာပုန်းနေလဲလို့ မေးတယ်... သေခါနီးရင် မင်းကို စိတ်မပူနဲ့လို့ ပြောတယ် မင်းကို ကယ်တင်ဖို့ လာလိမ့်မယ်တဲ့”


"သရဲကိုပဲ ကယ်လိုက်!"


ဟုန်ကျွင့် စားပွဲကို လှန်လုမတတ် ဖြစ်သွားသည်။ လီကျင်လုံရဲ့ နှလုံးမီးအိမ်ကြောင့်သာ မဟုတ်ရင် နတ်ဆိုးနှင်ဌာနက ပျက်စီးလုနီးပါး ဖြစ်သွားလိမ့်မယ်။ ငါးကြင်းနတ်ဆိုးက ဆက်ပြောသည်။ 


"အရှင်ချင်းရှူံ သိတယ် ဒါပေမယ့်... မဟုတ်ဘူး... ခေါင်းဆောင်လီရဲ့ ခန္ဓာကိုယ်မှာ နှလုံးမီးအိမ် ရှိတယ်လေ မင်းတို့ အန္တရာယ်သိပ်မရှိပါဘူး... အတွေ့အကြုံရှိဖို့ပဲ လိုတယ် မဟုတ်ရင် နှလုံးမီးအိမ်ကို ဘယ်တော့မှ အသုံးမချတတ်ဘူး ဖြစ်သွားမယ်.... ဟုတ်တယ်မလား နှလုံးမီးအိမ်က အရမ်းအရေးကြီးတယ်လို့လည်း ပြောခဲ့တယ်" 


လီကျင်လုံလည်း ဒါကိုတော့ ရိုးရှင်းစွာ ယုံကြည်ထားသည်။ ဟုန်ကျွင့်ကတော့ ဒေါသတကြီး မေးနေဆဲ။ 


"သူ အခုဘယ်မှာလဲ ရိုးရိုးသားသား ပြော!!"


ငါးကြင်းနတ်ဆိုးက "မင်းတို့ဆီ မကြာခင်လာမယ်လို့ ပြောလိုက်တယ်... သူတို့အားလုံး ပျံဝဲနေတဲ့ ငှက်တွေလေ... သူတို့ဘယ်မှာရှိတယ် ဆိုတာ ငါကဘယ်လိုလုပ် သိနိုင်မှာလဲ... ဟုန်ကျွင့် မင်း စိတ်မဆိုးပါနဲ့ တောင်းပန်ပါတယ်!”


သူစကားပြောနေစဉ်တွင် ငါးကြင်းနတ်ဆိုးသည် ငါးခေါင်းကို စားပွဲအစွန်းတွင် ဘေးတိုက်ချထားပြီး အသံထွက်ရန် ခက်ခဲနေရာ ဟုန်ကျွင့်မှာလည်း ထားလိုက်ရုံကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။