(6)
Viewers 14k


ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ချင်လင်နတ်သစ်ပင်

Chapter (6)
မြေတူးပြီ

ဝူရှဲ အလွန်ဂနာမငြိမ် ဖြစ်သွားကာ အိပ်တစ်ဝက် နိုးတစ်ဝက်ဖြင့် ထလိုက်သည်။ အိပ်ရာက အနှိုးခံလိုက်ရတာကြောင့် ခေါင်းမီးတောက်လာသလို ခံစားလိုက်ရရာ သူ လောင်းယန်းကို ကြိမ်းမောင်းချင်သော်လည်း တစ်ဖက်လူက သူ့ပါးစပ်ကို လာပိတ်ကာ တိုးတိုးလေးနေဖို့ အချက်ပြလေသည်။

"စကားမပြောနဲ့.... ငါ့နောက်လိုက်ခဲ့"

သူ့အမူအရာက မကောင်းတော့ရာ ဘာဖြစ်တာမှန်း မသိတာကြောင့် အပေါ်ထည် အင်္ကျီကို အမြန်​ကောက်​ဝတ်ပြီး ထထိုင်လိုက်သည်။

"ဘာလုပ်နေတာလဲ? ဘာဖြစ်လို့လဲ?"

လောင်းယန်က တိုးတိုးလေး ပြောသည်။

"ငါနဲ့လိုက်ခဲ့ ငါမင်းကို တစ်ခုခုကြည့်ဖို့ ခေါ်သွား​ပေးမယ်"

ဝူရှဲ သူ့ကို ခဏလောက် စိုက်ကြည့်ရင်း စိတ်ထဲမှာ ထူးဆန်းနေသလို ခံစားလိုက်ရပေမယ့် သူ့အမူအရာကို ကြည့်လိုက်တော့ သူက စနောက်နေပုံ မပေါ်တာကြောင့် အင်္ကျီကို ဝတ်ပြီးတာနဲ့ အိမ်အပြင်ကို ခိုးထွက်လာခဲ့သည်။

တဲအပြင်မှာ တောအုပ်တစ်ခု ရှိလေသည်။ လောင်းယန်က သံလိုက်အိမ်မြှောင်ကို ထုတ်ယူပြီး လမ်းညွှန်ချက်ကို ဆုံးဖြတ်ပြီး ဂေါ်ပြားခေါက်တံကို ထုတ်ယူလိုက်ကာ သူ့နောက်က လိုက်လာခဲ့ဖို့ အချက်ပြလိုက်သည်။

သူတို့ လက်နှိပ်ဓာတ်မီးကို ထိုးရင်း မရပ်ခင်အထိ ဆယ်မိနစ်လောက် လျှောက်ထွက်လာခဲ့ရာ တစ်နေရာရောက်တော့ လောင်းယန်က မြေကြီးကို ဂေါ်ပြားနဲ့ တူး​ကြည့်ပြီး သူ့ကိုယ်သူလည်း ပြန်မေးကြည့်သည်။

“ဒီမှာများလား?”

သူ့ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီး ညနက် သန်းခေါင်မှာ သစ်ပင်စိုက်ချင်စိတ်တွေများ ပေါက်နေတာလားဟု တွေးလိုက်သည်။

သူ့ရဲ့ မကြင်နာတဲ့ အမူအရာကို မြင်တော့ လောင်းယန်က ကမန်းကတန်း ရှင်းပြလေ၏။

"ငါနဲ့ ငါ့ဝမ်းကွဲ တောင်ပေါ်ကနေ အရင်တစ်ခေါက် ထွက်လာတုန်းကလည်း ဒီမှာပဲ တစ်ညလုံး အိပ်ခဲ့ရတယ်... အဲဒီညက သူ ညနက်သန်းခေါင်​ကြှးမှာ ခိုးထွက်သွားတာကို ငါတွေ့လိုက်တယ်.. သူဘာလုပ်နေလဲ ဆိုတာတော့ ငါလည်း မသိဘူး... ငါ သူ့နောက်ကို လိုက်ပြီးကြည့်လိုက်တော့ သူဒီမှာ တစ်ခုခုကို တွေးနေတာ တွေ့လိုက်တယ်... ဒါပေမယ့် အဲဒီတုန်းက ငါ့ရဲ့အခြေအနေက အရမ်းဆိုးနေတာ... ဒီလိုအသေးအဖွဲ့ ကိစ္စတွေကို ဂရုစိုက်ဖို့ ခွန်အား မရှိတော့ဘူး... တောင်ပေါ်ကနေ တတ်နိုင်သမျှ မြန်မြန် ထွက်သွားချင်တာပဲ သိတယ်... အဲ့ကိစ္စကို ငါလည်း သိပ်ဂရုမစိုက်ခဲ့ဘူး... အခုစဉ်းစားကြည့်တော့ အဲဒီအချိန်တုန်းက အခြေအနေက နည်းနည်းတော့ မူမမှန်သလိုပဲ”

“ဒီနေရာဆိုတာ သေချာလား?”

သူက ခေါင်းညိတ်ပြီး

"ငါ့အကိုဝမ်းကွဲက အဲဒီအပေါက်ထဲက ထွက်လာတော့ အရမ်း စိတ်လှုပ်ရှားနေတာ... သူဒီမှာ ဘာတွေတွေ့ခဲ့လဲတော့ မသိဘူး။ သူတစ်ခုခုကို ဖုံးကွယ်ထားတာတော့ သေချာတယ်... ဒီတ​ခေါက် ဒီကို ပြန်လာတော့ အဲဒါကို တူး​ကြည့်ပြီး သူက ဘာမြုပ်သွားလဲ ဆိုတ ကြည့်ရမယ်... မင်းငါ့ကို တစ်ချက်လောက် ကူပေးပါဦး"

ဝူရှဲ ခေါင်းညိတ်လိုက်ပြီး လောင်းယန် ဂေါ်ပြားတွေကို အားပါပါ တူးနိုင်အောင် မီးထိုးပြထားလိုက်သည်။

ဒီမြေက မမာဘူးထင်ရပေမယ့် ရွာသူရွာသားတွေက အဝေးကြီးမှာ အိပ်နေကြတုန်း ဆိုတော့ အသံကျယ်သွားရင် သူတို့နိုးလာမလား မသိနိုင်ချေ။ လောင်းယန်က သုံးကြိမ် တူး​ပြီးတိုင်း ခဏ ရပ်ပြီး သူ့ပတ်ဝန်းကျင်က အသံတွေကို နားစွင့်ကြည့်လေသည်။

သူ နာရီဝက်လောက် တူးနေရတာကြောင့် သူ အမှားများ လုပ်မိသလားလို့ ဝူရှဲမှာ တွေးမိလာသည်။ ရုတ်တရက် သူ့ဂေါ်ပြားမှာ သတ္တုတစ်ခုခု ကပ်နေပုံရသော ပြတ်သားတဲ့ အသံတစ်သံ ထွက်လာခဲ့၏။ လောင်းယန် ဆက်မတူးတော့ဘဲ ငုံ့ကာ တွင်းထဲမှ တုတ်နှင့်တူသော အရာတစ်ခုကို ထုတ်ယူလိုက်သည်။

တုတ်ပုံသဏ္ဌာန် အရာက ရွှံ့များဖြင့် ဖုံးလွှမ်းထားသည်။ အဲဒါက ဘာလဲဆိုတာ မပြောနိုင်ပေမယ့် အရိုးတစ်ခုလို့ပင် အလိုလို ခံစားလိုက်ရသည်။ လောင်းယန်ကတော့ နည်းနည်းပါးပါစ သုတ်လိုက်ပြီးနောက် သူ့မျက်နှာက ပြောင်းသွားပြီး ဆဲရေးလိုက်တော့သည်။

“Fuck.... တကယ်ကြီး ရှိနေတာပဲကွ!"

ဝူရှဲ ငုံ့ကြည့်လိုက်တော့ အစိမ်းရောင် အကိုင်းကို ကြေးဝါသွန်း လုပ်ထားတာကို တွေ့လိုက်ရသည်။ အောက်ခြေမှာတော့ တခြားအပိုင်းအစ တစ်ခုကတော့ ​ဖြတ်တောက်ခံထားရပုံရှိသော သိသာထင်ရှားတဲ့ ကွဲအက်ရာ ရှိလေသည်။ ဝူရှဲ ဓာတ်မီးအလင်းရောင်ကို သုံးပြီး အဲဒီပေါ်ကို ထိုးကြည့်လိုက်တဲ့အခါ တစ်စုံတစ်ခုကို မြင်လိုက်ရသည်။ ၎င်းမှာ ခေါင်းနှစ်လုံးမြွေနှင့် တူသော စိတ္တဇပုံစံ ရုပ်ပုံတစ်ခုဖြစ်ကာ ထို​အဘိုးအို ပြောဖူးခဲ့သော “ရှစ့်မျိုးနွယ်” နှင့် သက်ဆိုင်သညိ် တစ်ခုခု ဖြစ်ပုံရသည်။

"ဒါမင်းကို ငါပြော​ပြထားတဲ့ ကြေးကိုင်းပဲ... ငါ့ဝမ်းကွဲက ဒါကို တိတ်တဆိတ် ဖွက်ထားခဲ့မယ်လို့ မမျှော်လင့်ထားဘူး"

ဝူရှဲ မျက်မှောင် ကြုတ်လိုက်မိသည်။ ဒီလူတွေဟာ သင်္ချိုင်းဓားပြလောကရဲ့ အရည်အချင်း အနိမ့်ဆုံးအုပ်စုလို့ ဆိုနိုင်သလို သူတို့က အကြီးဆုံးအုပ်စုဆိုလည်း ဟုတ်လေသည်။ ဒေါ်လာထောင်ဂဏန်းနဲ့ ထူးခြားတဲ့ ရတနာတစ်ခုကို ဖျက်ဆီးပစ်လိုက်တာများ သာမာန်ကိစ္စ တစ်ခုလိုပဲ။

လောင်းယန်သည် သူတူးနိုင်သလောက် ဆက်လက် တူးဖော်နေသော်လည်း အချိန်အတော်ကြာ တူးပြီးနောက်တွင် ဘာတစ်ခုမျှ ထပ်မံမပေါ်တော့ဘဲ မြေဆီလွှာကို ပြန်လည်ဖြည့်တင်းရန်သာ စတင်လိုက်ရတော့သည်။

ဝူရှဲတို့ သစ်ကိုင်းကို အဝတ်နဲ့ ထုပ်ပြီး နောက်ပြန်လှည့်လာခဲ့သည်။ တခြားသူတွေက တနေကုန် အလုပ်ထားပြီးလို့ အိပ်ပျော်နေပေမယ့် သူတို့ကတော့ အိပ်လို့ မရတော့ချေ။ လောင်းယန်က သူ့ဘေးမှာ ထိုင်လျက် မီးပုံကို တုတ်နဲ့ ထိုးနေသည်။

လောင်းယန်ရဲ့ မျက်နှာက တင်းမာပြီး စိုးရိမ်နေပြန်တာကို မြင်လိုက်ရတော့ ဝူရှဲလည်း မနေနိုင်တော့ဘဲ ထုတ်မေးလိုက်တော့သည်။

"ဒီရက်ပိုင်းမှာ မင်းပျော်သလို ဝမ်းနည်းနေသလိုနဲ့... မင်းမှာ ဖုံးကွယ်ထားစရာ တစ်ခုခုရှိလို့လား? မင်းမှာ လိပ်ခေါင်းရှိလို့လား?"

လောင်းယန်က စီးကရက်ကို မီးညှိပြီး

"ဟူး... အဲ့လောက် ရိုးရှင်းနေရင် ဘယ်လောက် ကောင်းမလဲ? တစ်ခုခု မှားနေတယ်လို့ ခံစားနေရတာတောင် အဖြေရှာလို့ မရဘူး"

ဝူရှဲ ဘာမှ မပြောဘဲ သူပြောတာကိုပဲ နားထောင်နေလိုက်သည်။

“အဓိကကတော့ ငါ့ဝမ်းကွဲအကြောင်းပဲ.... သူနဲ့ငါ တောင်ပေါ်ကို တက်သွားတဲ့အချိန်တုန်းက သူအားလုံး ပုံမှန်အတိုင်းပါပဲ... ဒါပေမယ့် ဒီအကိုင်းအခက်ကို တွေ့တော့ သူ့အမူအရာတွေ စပြီး ပြောင်းလဲသွားတယ်လို့ ခံစားရတယ်... ပထမတော့ ငါ့ဝမ်းကွဲက ရုတ်​တရက်​ ဒါကိုတွေ့ပြီး နည်းနည်း​တော့ စိတ်​လှုပ်​ရှားလာနေလို့ အာရုံကြောတွေ အားနည်းလာတယ်လို့ပဲ ထင်နေတာ... နောက်မှ တဖြည်းဖြည်းနဲ့ သူ ပုံမှန်​မဟုတ်​တဲ့ပုံ​ ပေါက်​လာတာကို တွေ့လိုက်​ရတာ..."

"မင်းဆိုလိုတာက မင်းရဲ့ဝမ်းကွဲ ရူးသွားတာက ဒီအရာနဲ့ ပတ်သတ်​နေတယ်လို့လား?"

လောင်းယန်က ခေါင်းညိတ်ပြီး

"ကြည့်... သူက ဒီအရာကို တိတ်တိတ်လေး ယူလာပြီး တိတ်တိတ်လေး ပြန်မြှုပ်ထားလိုက်တာ... သူဘာများ ဖြစ်ချင်နေတာလဲ?"

ကြေးကိုင်းအခက်နဲ့ ကစားနေတဲ့ လောင်းယန်ကို ကြည့်ပြီး ရုတ်တရက် ဒီအရာကို တစ်နေရာရာမှာ မြင်ဖူးသလို ခံစားလိုက်ရသည်။ ပါမောက္ခဝမ် ပေးခဲ့တဲ့ အချက်အလက်တွေကို အမြန်ထုတ်ပြီး နှိုင်းယှဉ်ကြည့်ဖို့ ဓါတ်ပုံတစ်ပုံကို ထုတ်ယူလိုက်တော့ ၁၈၄၅ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး သောစ်မတ် အမည်ရှိ သာသနာပြုအဖွဲ့သည် ဟူနန်အနောက်ပိုင်းရှိ လှိုဏ်ဂူတစ်ခုရှိ ကျောက်ပန်းချီများမှ ကူးယူထားသည့် အရာမှာ ထို​သစ်ပင်တစ်ပင်နှင့် ဆင်တူနေတာကို တွေ့ရလေ၏။ ထိုပန်းချီကားအောက်တွင် သောမတ်စ်က ဒေသခံများ၏ "မြင့်မြတ်သော နတ်သစ်ပင်" ဖြစ်ကြောင်း မှတ်သားထားသည်။ နောက်ပိုင်းတွင် ဤမှတ်စုသည် ပါမောက္ခဝမ်ရဲ့ လက်ထဲသို့ ကျရောက်လာခဲ့သည်။ ဖော်ပြချက်အပေါ် အခြေခံ၍ ဤမြင့်မြတ်သော နတ်သစ်ပင်သည် ရှစ်တိုင်းပြည်၏ ယဉ်ကျေးမှုဆိုင်ရာ တန်ဆာပလာများထဲမှ တစ်ခုဖြစ်ကြောင်း ပါမောက္ခဝမ်က ယုံကြည်ခဲ့သည်။

ကြေးကိုင်း အကိုင်းအခက်တွေကို နှိုင်းယှဉ်ကြည့်တော့ ဒီအကိုင်းက သစ်ပင်ရဲ့ အကိုင်းအဖျားလောက်ပဲ ရှိတာကို တွေ့ရလေ၏။ ဒီအချိုးအရ ကြေးပင်တစ်ပင်လုံးဟာ အမြင့်မီတာ ၇၀ ဒါမှမဟုတ် ၈၀လောက် ရှိနိုင်သည်။ တကယ်လို့ သစ်ပင်တစ်ခုလုံးကို တူးဖော်နိုင်ခဲ့မယ် ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေဖို့ လုံလောက်နေပြီ။

ဝူရှဲ လောင်းယန်ရဲ့ လက်မောင်းကို လက်သီးနဲ့ထိုးပြီး သိပ်အများ​ကြီး တွေးမနေဖို့ ပြောလိုက်သည်။ ဒီကြေးသစ်ကိုင်းမှာသာ ပြဿနာ ရှိနေရင် လောင်းယန်သူလည်း သူ့အစ်ကို လောင်ပြောင်းလို့ ဖြစ်သွားလောက်ပြီ။