ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ဒေါသပင်လယ်၌ မြုပ်နေသောသဲ
Chapter (15)
ဖက်တီး
ဝူရှဲ အနည်းငယ် အံ့သြသွားသော်လည်း ဖြစ်နိုင်ချေကို ခန့်မှန်းထားပြီးသား ဖြစ်သည်။ ဘုရင်လုရှန် နန်းတော်မှ ထွက်လာသော လူများထဲတွင် တခွေက သေဆုံးသွားပြီး သူ့ဦးလေးသုံးကလည်း ပျောက်ဆုံးနေပြီ။ ဖန့်ကျစ်မှာ သတိမေ့မြောနေဆဲ ဖြစ်သလို မျက်နှာသေကလည်း သေလားရှင်လား မသိရသေးပေ။
ဒါကြောင့် သူနဲ့ ဖက်တီး နှစ်ယောက်တည်းသာ ကျန်တော့သည်။ ဤအဖွဲ့အစည်းဟာ သေချာပေါက် လက်နှစ်ဘက်ကို ပြင်ဆင်ထားမှာပဲ ဖြစ်သည်။ သူတို့၏ ပထမ ရွေးချယ်မှုမှာ ဖက်တီးဖြစ်နိုင်ပြီး သူကတော့ အစားထိုး ဖြစ်နိုင်သည်ဟု ခန့်မှန်းရသည်။
ဆိပ်ကမ်းကို ရောက်တဲ့အခါ သင်္ဘောက အရှိန်မလျော့သေးပေ။ ဖက်တီးမှာ မတွေ့ရတာ ရက်အတော်ကြာတော့ ကိုယ်အလေးချိန် တက်လာပေမယ့် သူ့အရည်အချင်းက ကောင်းနေတုန်းပဲ။ တစ်ချိန်တည်းမှာပင် သင်္ဘော မရပ်မီ ရှေ့သို့ အကြိမ်အနည်းငယ် ပြေးလာခဲ့သည်။ သူက ဝူရှဲကို တွေ့တော့ ဝမ်းသာအားရ ရယ်မောရင်း
"ရဲဘော်လေး မင်းလည်း ဒီကို ရောက်နေပြီပဲ ငါတို့ရဲ့ အလှလေး အားနင်က မင်းကို တော်တော် လေးစားသွားပုံရတယ်"
မိန်းကလေးက သူ့ကို တုံ့ဆိုင်းစွာ ပြုံးပြသည်။သူတို့က တစ်ယောက်နဲ့ တစ်ယောက် အရမ်း ရင်းနှီးနေပုံပါပဲ။ ဒီဖက်တီးရဲ့ အကဲဖြတ်မှုက အမြဲတမ်း ရောထွေးပြီး ရယ်စရာ ကောင်းနေရာ သူရောက်လာတာကို ပျော်ရမလား ဝမ်းနည်းရမလားပင် မသိတော့ပေ။ ဘုရင်လုရဲ့ နန်းတော်မှာတုန်းက သူ့ခမျာ အကြိမ်ပေါင်းများစွာ အသတ်ခံရလုနီးပါး ဖြစ်ခဲ့ပြီး ရုတ်တရက် ခေါင်းကိုက်လာသလိုပင် ခံစားလာရသည်။
သူက သူ့ခရီးဆောင်အိတ်ကို ကုန်းပတ်ပေါ် ပစ်ချလိုက်ပြီး ဝူရှဲတို့နဲ့ တစ်ဖက်မှာ ထိုင်ရင်း ပြောလိုက်သည်။
"မင်းတို့ ဒီလမ်းတစ်လျှောက်လုံး ငါ့ကို အမြန်လာခိုင်းနေတာ ဘာလို့ သိပ်လောနေရတာလဲ? ဟမ်... စကားမစပ် အဲဒီနေရာကို တွေ့ပြီလား"
အားနင် လို့ အမည်ရတဲ့ မိန်းကလေးက ခေါင်းခါလိုက်ပြီး
"နောက်ဆုံးအမှတ် တစ်ခုပဲ ကျန်တော့တယ်... တခြားနေရာမှာ ဘာမှမတွေ့ရင် အဲဒီနေရာမှာပဲ ဖြစ်နိုင်တယ်"
ထိုအခါ ဖက်တီးကလည်း ပြောလာ၏။
"ဖက်တီးငါက နဂါးအမှတ်ကို ဘယ်လို ရှာရမလဲ မသိသလို ရှာလည်း မရှာတတ်ဘူးနော်... မင်းတို့ လှိုဏ်ဂူနေရာ ရှာတွေ့ထားရင် ငါ့ကို ပြောပြပေး ငါဆင်းသွားမယ်... မတွေ့ရင်တော့ ငါ့ကို အပြစ်မတင်နဲ့နော်... ငါပိုက်ဆံယူထားပြီးပြီ... ဒါ ဒီလောကရဲ့ စည်းမျဉ်းပဲ... မင်းတို့ တောင်ပိုင်းသားတွေ ဒီထဲကိုဝင်တဲ့အခါ ဓလေ့ထုံးတမ်းတွေ အကြောင်းတော့ မေးထားရမယ်မလား?"
အားနင်မှာ ခေါင်းကိုက်လာသလို ခံစားလိုက်ရတာကြောင့် သက်ပြင်းချလိုက်ပြီး
"ရှင်မလုပ်နိုင်မှန်း ကျွန်မ သိပါတယ်... အားလုံး စီစဉ်ပြီးသွားပြီ... သီးခြားနေရာ ချထားမှုအတွက် မစ္စတာဝူက တာဝန်ယူမှာပါ"
ဝူရှဲ အတော်လေး စိတ်အေးလက်အေး ဖြစ်နေပေမယ့် ရုတ်တရက် သူ့မှာ တာဝန်ရှိတယ်လို့ ကြားလိုက်ရတဲ့အခါ အတော်လေး စိတ်ရှုပ်သွားတော့သည်။ သူက ဂေါ်ပြားတောင် မကိုင်ဖူးဘူးလေ။ သို့နှင့် ဝူရှဲ အမြန်ပြောလိုက်သည်။
"ငါ့မှာ တာဝန်ရှိတယ်? ပင်လယ်ရေအောက် ဂူသင်္ချိုင်းက ဘယ်မှာရှိလဲ ဆိုတာ မင်းတို့ မသိဘူးလား?"
သူမက
"ကျွန်မတို့ အကြမ်းဖျဉ်း တည်နေရာကို ခန့်မှန်းထားတယ်.... ဂူသင်္ချိုင်းကို ရှာနိုင်ရင် အကောင်းဆုံးပဲ တကယ်လို့ ရှာမတွေ့ရင် မြေအောက်နန်းတော်ရဲ့ ပုံသဏ္ဌာန်ကို ရှာဖွေပြီး ဆုံးဖြတ်ဖို့ ရှင့်ကို အားကိုးရမှာပေါ့.... ကျွန်မတို့မှာ ဂူသင်္ချိုင်းဖောက် အတွေ့အကြုံအစား စာရွက် အဟောင်းတွေနဲ့ အချက်အလက်တချို့ပဲ ရှိတယ်... ရှင့်ရဲ့ ဦးလေးသုံးက အရမ်း လိမ္မာပါးနပ်တယ်... အဲဒါတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကျွန်မတို့ဆီမှာ မချန်ထားခဲ့ဘူး"
ဝူရှဲ ကျောပြင်မှာ ချွေးတွေ ရွှဲရွှဲစိုလို့လာသည်။ ဒီညတော့ အိပ်စရာ မလိုတော့ဘူး ထင်ပါရဲ့။ အဲဒီတုန်းက အဘိုးက သူ့ကို သင်ပေးခဲ့တာတွေကို သေသေချာချာ ပြန်စဥ်းစားထားရတော့မယ်။ မဟုတ်ရင် အဲဒီနေရာကို ရောက်တာနဲ့ သူချက်ချင်း ရူးသွားလိမ့်မယ်။
ဂေါ်ပြားချတဲ့အခါ ဘာပြဿနာမှ မရှိပါဘူး။ ပင်လယ်ကြမ်းပြင်မှာ အားနည်းချက်တွေ အမှားအယွင်းတွေ ရှိတာက ပင်လယ်ရေကြောင့်လို့ ပြောလို့ရသည်။ သူက မြေအောက် ဂူသင်္ချိုင်းထဲ ဝင်ဖူးပေမယ့် ပင်လယ်ဆရာတော့ မဟုတ်ဘူး။
ဒါပေမဲ့ မြေအောက်နန်းတော် တစ်ခုကို စီစဉ်ဖို့ကလည်း သူ့အတွက် ခက်ခဲလွန်းပါ၏။ ကံကောင်းထောက်မစွာပဲ အဲဒါတွေကို မလေ့ကျင့်ရသေးပေမယ့် သီအိုရီအရတော့ သူ့မှာ အတွေ့အကြုံ နည်းနည်းတော့ ရှိနေတုန်းပါပဲ။
ဒီအကြောင်းကို ခဏလောက် တွေးပြီးတဲ့အခါ အစောက အာရုံကြောတွေ တင်းကြပ်သွားတဲ့ ဝေဒနာက တော်တော် ငြိမ်ကျသွားခဲ့သည်။ ဒီရေအောက်နန်းတော်က ထူးဆန်းတဲ့ မှတ်ချက်အချို့ ရှိနိုင်၏။
တံတားရောက်တဲ့အခါ လှေက သဘာဝအတိုင်း ဖြောင့်ဖြောင့်ပဲ သွားလိမ့်မယ်တဲ့။ ဒါပေမယ့် အချိန်ကျလာတဲ့ အခါမှာတော့ အဆင်ပြေမနေပါဘူး။ ဒါကြောင့် မြေအောက်နန်းတော်နဲ့ ပတ်သက်ပြီး နည်းနည်းလေး ထူးထူးခြားခြား ကြုံရာကျပန်း မှတ်ချက်တွေ ပေးရတော့မည်။
ထိုအခိုက် ဖက်တီးက ဝူရှဲကိုကြည့်ကာ
"ဒါဆို ကောင်းတယ်... အားလုံး စီစဥ်ထားပြီးသားကိုး.... ဒါပေမဲ့ ရှီးရှားကိုလာဖို့က ရှားပါတယ် ငါတို့ရဲ့ ခွန်အားကို မြှင့်တင်ဖို့ ဒီည ကောင်းကောင်း စားထားရမယ်... ဒီပွဲအတွက် ကာယခွန်အား ဖြည့်ကြတာပေါ့"
ပြောပြီးနောက် သင်္ဘောပေါ်က သူဌေးကို ရှာပြီး သင်္ဘောပေါ်မှာ ပင်လယ်စာတွေ ရှိလားလို့ မေးတော့သည်။
အားနင်ဟာ စားချင်စိတ် သိပ်မရှိပုံပေါ်ပြီး ဘေးနားမှာ ဒီအတိုင်းထိုင်ကာ စကားမပြောတော့ပေ။ ဝူရှဲကတော့ ဗိုက်ဆာနေပါပြီ။ တကယ်တော့ ပင်လယ်စာတွေ ရှိနေတာကို ကြားတာနဲ့ ပါးစပ်က သွားရည်တွေ ကျနေပြီဖြစ်သည်။
ရှီးရှားမှာ ကမာရယ်၊ မြင်းကျောငါးနဲ့ ပင်လယ်သတ္တဝါတွေ အများအပြား ရှိသည်။ ရှီးရှားမှာရှိတဲ့ ပင်လယ်ဟာ ရေတစ်ဝက် ငါးတစ်ဝက် လို့ ဆိုကြတဲ့အတွက် တံငါလှေတွေက ဘာမှ မဖမ်းမိဘဲ ပြန်လာနိုင်တာ ရှားပါးပေသည်။ ခရီးသွားရာသီတွင် ရှီးရှား၌ ငါးဖမ်းခြင်းက အလွန်စိတ်ဝင်စားစရာ ကောင်းသည်။
ဖက်တီးက သောက်စရာပါ ယူလာခဲ့သေးသည်။ သင်္ဘောသူဌေးက အနည်းငယ် မလိုလားသော်လည်း ငါးဖမ်းသေတ္တာထဲမှ မာကျောင်းငါးတစ်ကောင်ကို ထုတ်ကာ စားပွဲထိုးအား ပေးကာ ပြောလေသည်။
"ငါးခေါင်းပေါင်းအိုး ယူခဲ့"
(TN - ကိုယ်လည်း ငါးနာမည်ကို သေချာမသိလို့ အသံထွက်ပဲ ရေးလိုက်ပါတယ်။ အောက်မှာ ပုံလေးပါတယ်။ မြောက်အတ္တလန်တိတ်ဘက်မှာ တွေ့ရတဲ့ ငါးသလောက် အမျိုးအစားလို့ ပြောတာပဲ။ )
ဖက်တီးက အခုနက ဘာဖြစ်သွားမှန်း မသိသေးဘဲ သင်္ဘောသူဌေးရဲ့ ငိုတော့မယ့် မျက်နှာကို မြင်တော့ အရမ်း စိတ်မချမ်းသာသလို ဖြစ်သွားတော့သည်။
“မင်းကို ငါ ပိုက်ဆံမပေးချင်ဘူးလို့ ထင်နေတာလား? ဒါမှမဟုတ် ငါမင်းဆီက လုယက်သလိုမျိုးများ ဖြစ်နေလို့လား?”
ငါးအိုးတည်ပြီးတဲ့ အချိန်မှာတော့ အနံ့ခံလိုက်ရုံနဲ့ကို ဝူရှဲရဲ့ဆန္ဒတွေဟာ ချက်ချင်း စားချင်စိတ်အဖြစ် ပြောင်းလဲသွားပါတော့သည်။ အရင်က မြို့ထဲမှာရှိတုန်း ဒီလိုအစားတွေက ဒီလောက် စားချင်စရာ ကောင်းမယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။
ဖက်တီးရဲ့ လောဘတကြီး မျက်လုံးတွေက အိုးကို စူးစူးစိုက်စိုက် ကြည့်နေကာ အိုးထဲက ဟင်းရည်တွေ မပွက်ခင်မှာပဲ ငါးအသား တစ်ပိုင်းကို ကောက်ယူ၍ တစ်ခါတည်း စားပစ်လိုက်သည်။ သူ့ခမျာ ပူပူနွေးနွေး မျက်ရည်များပင် စီးကျလာတော့မလို ဖြစ်နေ၏။
ဒီအိုးက အစွမ်း ထက်လွန်းလို့လား ဒါမှမဟုတ် သူတို့ပဲ ဗိုက်ဆာလို့လား မသိ အသစ်ရောက်လာတဲ့ လူတွေအားလုံးတောင် စုလာကြပြီး အောက်ထပ်မှာ အိပ်နေတဲ့ ထိပ်ပြောင်ကျန်းကတောင် ပြေးတက်လာရင်း အနံ့ခံကာ ပြောလိုက်သည်။
"ရှီးရှားရဲ့ အစားအစာက ကောင်းတယ်ဟေ့! ငါးဟင်းချက်ရုံနဲ့ ငါတို့တစ်သက်လုံး စားမကုန်နိုင်တော့ဘူး"
ဖက်တီးက သူ့အား ဆွဲထုတ်ကာ မညှာမတာ ပြောလေ၏။
“မြှောက်ပင့်တာတွေ ချော့မော့တာတွေ လျှော့! ငါ့အိုးထဲကို မင်းတံတွေးတွေ မဝင်သွားစေနဲ့... ရွံစရာကြီး”
ထိပ်ပြောင်ကျန်းက ဖက်တီးကို တစ်ခါမှ မမြင်ဖူးကြောင်း သိလိုက်ရသဖြင့် အလျင်စလို လက်ဆွဲ နှုတ်ဆက်ကာ
"ဟေး မင်းက ထူးဆန်းတဲ့ မျက်နှာနဲ့ပါလား? ဘယ်လိုခေါ်ရမလဲ?"
ဖက်တီးသည် အလွန် ဒဲ့တိုးဆန်သော ယောက်ျားဖြစ်ပြီး ဝူရှဲကိုကြည့်ကာ အားနင်ဘက်လည်း လှည့်မေးလိုက်သည်။
“ဒီထိပ်ပြောင်က ဘယ်သူလဲ”
ဒါကိုကြားတော့ ထိပ်ပြောင်ကျန်းရဲ့ မျက်နှာက မည်းမှောင်သွားပြီး
"မင်း ငါ့ကို လူကြီးမင်းကျန်း ဒါမှမဟုတ် ပရော်ဖက်ဆာကျန်း လို့ ခေါ်လို့ရတယ်"
ဖက်တီးက သူ့ကို လျစ်လျူရှုလိုက်သည်။ အားနင်လည်း လေထုက မမှန်တာကို မြင်တော့ ဝင်ပြောလာ၏။
“ကျွန်မ ရှင်တို့ကို မိတ်ဆက်ပေးဖို့ မေ့သွားတယ်... ဒီဖက်က ကျွန်မတို့ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ပရော်ဖက်ဆာကျန်းပယ”
ဖက်တီးဟာ တစ်ဖက်လူက တကယ် ပါမောက္ခတစ်ယောက် ဖြစ်တယ်ဆိုတာ ကြားလိုက်ရတဲ့အခါ အရမ်းကြီး ဂုဏ်ယူဝံ့ကြွား မနေတော့ဘဲ ထိပ်ပြောင်ကျန်း နဲ့ လက်ဆွဲနှုတ်ဆက်ပြီး
"အိုး... တောင်းပန်ပါတယ် ခင်ဗျား တကယ်ကို ယဥ်ကျေးမှု ပါမောက္ခဖြစ်နေမယ်လို့ မသိလိုက်ဘူး....ကျုပ်က သိပ်သဘောထား မကောင်းတဲ့သူ ဆိုတော့လေ... မျိုးရိုးနာမည်က ဝမ် ပါ.... ဟားဟား ကြမ်းတမ်းတဲ့ကောင်ပေါ့ အစောက စကားကို အလေးအနက် မထားပါနဲ့"
ထိုစကားကို ကြားပြီးနောက် ထိပ်ပြောင်ကျန်းက အတင်းပြုံးပြပြီး
"ပညာတတ်သူနဲ လူကြမ်း နှစ်ယောက်စလုံးက လူသားတွေပါပဲ... ပညာတတ်သူတွေကလည်း လူကြမ်းတွေ မဟုတ်ကြလို့လား? သူတို့က မတူညီတဲ့ အလုပ်ကြမ်းတွေ လုပ်နေကြတာပါ"
ဖက်တီးကတော့ သူပြောနေတာတွေကို နားမလည်တဲ့ အတွက် တောင်းပန်တဲ့ အကြည့်နဲ့ ကြည့်လိုက်သည်။ သို့သော် ထိပ်ပြောင်ကျန်းက အကောင်းနဲ့ အဆိုးကို နားမလည်ဘဲ ဆက်မေးလေ၏။
“ဒါဆို မစ္စတာဝမ်က ဘယ်လိုအလုပ်မျိုး လုပ်လဲ?”
ဖက်တီးပ ခဏတာ အံ့အားသင့်သွားသည်။ ဒီအတိုင်း ပြောပစ်လိုက်ဖို့ အဆင်မပြေဟု ခံစားရသော်လည်း ယဉ်ကျေးသော လူများရှေ့တွင် အလွန် ကြမ်းကြမ်းတမ်းတမ်း မပြုမူနိုင်သောကြောင့် သူက ပြောလိုက်သည်။
"အင်း.... လူပြိန်းသဘောအရ ကျုပ်က မြေအောက် အလုပ်သမား တစ်ယောက်ပါပဲ"
ထိပ်ပြောင်ကျန်းက ထိုစကားကို ကြားသောအခါ အံ့သြတုန်လှုပ်စွာ မခံမရပ်နိုင် ဖြစ်လာပြီး
"လတ်စသတ်တော့ ပြည်သူ့ကာကွယ်ရေး စစ်သား တစ်ယောက် ဖြစ်နေတာကိုး မရိုမသေလုပ်မိပါပြီ"
ဒါကိုကြားတော့ ဝူရှဲ အကျယ်ကြီး အော်မရယ်မိအောင် ကြိုးစားလိုက်ရသည်။ ထိပ်ပြောင်ကျန်းက စကားအရမ်း ကြွယ်တဲ့သူပဲလေ။ ဖက်တီးက သူရယ်နေတာကို မြင်တော့ ပြင်းပြင်းထန်ထန် စိုက်ကြည့်လာပြီး
"အဲဒါ ပြောမနေပါနဲ့ လာ... နှစ်ခွက်လောက် အရင်ချလိုက်ရအောင်"
ပြောပြီးနောက် တခြားသူတို့၏ တူများကို ဖက်တီးမှ လှုပ်ရှားခွင့် ပေးလိုက်သည်။ ဝူရှဲလည်း သူတို့ကို လျစ်လျူရှုပြီး သူ့ရဲ့တူနှစ်ချောင်းနဲ့ အစားကိုသာ ကောက်ယူပြီး စားလိုက်တော့သည်။
ဖက်တီးက ပါးစပ်ထဲ နည်းနည်း ထည့်စားပြီးနောက် အရမ်း ကျေနပ်သွားသည်။ ထို့နောက် သူက အရက်သောက်ချင်ကြောင်း ပြောလာရာ အားနင်က ပြောလိုက်သည်။
"တံငါသည်တွေက ဘယ်လိုလုပ် အရက်သယ်လာမှာလဲ?"
ဖက်တီးက မယုံသဖြင့် အခန်းထဲကို ပြေးသွားလိုက်သည်။ ခဏကြာတော့ ဝိုင်ပုလင်း တစ်လုံးနဲ့ ထွက်လာရာ သင်္ဘောသူဌေးက တုန်လှုပ်ခြောက်ခြားသွားတော့သည်။ ဒါက နဂါးဘုရင်အတွက်လို့ ပြောပြီး သူယူလာခဲ့တဲ့ ဝိုင်တွေပဲ။
ဖက်တီးက ဒေါသတကြီးနဲ့
"ခင်ဗျား ဘာလို့ ဒီလောက် အပိုစကားတွေ ပြောနေတာလဲ? ဒီဝိုင်ဆိုးဆိုးကိုသာ သောက်လိုက်ရင် ခင်ဗျားရဲ့သင်္ဘောကို နဂါးဘုရင်က သေချာပေါက် မှောက်ပစ်လိမ့်မယ်"
ပြောပြီး သူ့အိတ်ထဲက အရက်ပုလင်းကို ထုတ်ပြီး သင်္ဘောသူဌေးဆီ ပစ်ပေးလိုက်သည်။
"ဒီမှာ နဂါးဘုရင်ကို အရသာတစ်မျိုး ပြောင်းတိုက်ကြည့်လိုက်.... အဲဒါကို နန်ပေရိုးရာအရက်လို့ ခေါ်တယ်.... ခင်ဗျား မြင်တယ်မလား? ဒါက ကြယ်နီတံဆိပ် အရက်... အွန်း ပစ္စည်းကောင်းပဲ... ငလူးတဲ့မှ ခင်ဗျား အကောင်းအဆိုး မသိသလို မလုပ်နေစမ်းပါနဲ့"
သင်္ဘောသူဌေးက တစ်ဖက်မှာ နေပြီး ဘာလုပ်ရမှန်း မသိတော့ပေ။ ဖက်တီးက သူပြောတဲ့အတိုင်း တံဆိပ်ကို ဆုတ်ဖြဲပြီး ဝူရှဲတို့အတွက်ပါ လောင်းထည့်ပေးလာသည်။ ဝိုင်က အရမ်းကောင်းပါ၏။ လီမြောင်မြို့နယ်မှာ နာမည်ကြီးတဲ့ အုန်းဝိုင်အမျိုးအစားပင်။ ဝူရှဲတို့ တစ်ခွက်လောက် တစ်ကိုက်စား လုပ်နေရာ တိမ်တွေ ကင်းစင်ပြီး လမင်း သူတို့ခေါင်းပေါ် ရောက်တဲ့အထိ မရပ်ကြသေးပေ။
ဖက်တီးက ဝိုင်ကို နောက်ဆုံး တခွက်သောက်လိုက်ပြီး အဆီတွေနဲ့ သူ့ပေါင်ကို ရိုက်ကာ အညောင်းပြေ အညာပြော မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် ပြန်ထိုင်ရင်း ဆိုလိုက်သည်။
"အားလုံးစားပြီးပြီ ဆိုတော့ ကြီးလေးတဲ့ ကိစ္စတွေကို ပြောရမယ့် အချိန်ရောက်ပြီ"