(15)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ခုနှစ်စင်ကြယ်နန်းတော်


Chapter (15)

ဖီး!



ဖက်တီးသည် ကျည်ဆန် တစ်တောင့်တည်းသာ ရှိ​တော့သော သေနတ်တိုကို မြှောက်လိုက်ပြီး မျက်နှာသေထံသို့ ငါတို့ တိုက်တော့မှာလား ဆိုတဲ့ သဘောနဲ့ လက်ဟန်ပြလိုက်သည်။ မျက်နှာသေက သူ့လက်ကို ဝှေ့ယမ်းပြီး သဘောမတူဘဲ သူ့ရဲ့နမူနာကို လိုက်နာပြီး နှာခေါင်းကို အုပ်ခိုင်းထားလိုက်သည်။ 


သူက ဖန့်ကျစ်ရဲ့ နှာခေါင်းကို လက်တစ်ဖက်နဲ့ အုပ်ထားပြီး မိုင်းတွင်းမီးခွက်ကို နောက်တစ်ဖက်နဲ့ ပိတ်လိုက်သည်။


ချက်ချင်းပင် သူတို့​နေရာသည် ပကတိအမှောင်ထဲသို့ ကျရောက်သွားပြီး ပတ်ဝန်းကျင်တွင် တစ်ခုတည်းသော အသံမှာ သူတို့ရဲ့ နှလုံးခုန်သံတွေ မြန်​နေခြင်းပင် ဖြစ်သည်။ ဒီအချိန် အတောအတွင်းမှာတော့ အဲ​​ဒီအသံကို အမည်မသိ အသံကို အာရုံစူးစိုက်ထားနိုင်ပြီး နီးကပ်လာတဲ့အခါ လေထဲမှာ အလွန်ထူးဆန်းတဲ့ ညှီနံ့တစ်ခု ထွက်ပေါ်လာ၏။


ဝူရှဲ့ အသက်ရှုကြပ်လုမတတ် ကြောက်ရွံ့ ထိတ်လန့်သွားသည်။ အသံက ပိုကြည်လင်လာတာနဲ့အမျှ သေဖို့စောင့်နေရတဲ့ ကြိုးပေး အကျဉ်းသားလိုတောင် ခံစားလိုက်ရသည်။ ရုတ်တရက် ကြောင်တက်တက်နဲ့ ဖြစ်သွားချိန် အသံ မကြားရတော့တာကို သိလိုက်သည်။ သူ့နှလုံးက အင်မတန် တုန်ရီနေ၏။ 


သူတို့ကို ရှာတွေ့သွားတာများလား?


၅ မိနစ်ကနေ ၆ မိနစ်လောက် ကြာသွားတော့ အလွန်ကြောက်စရာ ကောင်းပြီး ပြတ်သားတဲ့ "ဂတ်ရှ် ဂတ်ရှ်" ဆိုတဲ့ အသံဟာ သူတို့ပတ်ဝန်းကျင်မှာ ရုတ်တရက် ပေါ်လာခဲ့သည်။ ဝူရှဲ့ လန့်ဖြတ်သွား၏။ 


ဘုရားရေ အဲဒီအသံက သူ့နားရွက်နားနားကနေ ကပ်လုနီးပါးပဲ။ သူ့ ဦးရေပြား ရုတ်တရက် ပေါက်ကွဲထွက်တော့မလို ဖြစ်လာတာကြောင့် ပါးစပ်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ပိတ်ထားလိုက်သည်။ 


ဒီမိနစ် အနည်းငယ်က တကယ်ကို ရင်နင့်စရာ ကောင်းချေ၏။ သူ့စိတ်တွေ ဗလာကျင်း ဖြစ်သွားသည်။ နောက်ဆုံးမှာ သေမှာလား ဒါမှမဟုတ် အသက်ရှင်နေဦးမလား မသိဘူး။ စက္ကန့် ၃၀ လောက်ကြာတော့ အသံက အဝေးကို ရွေ့သွားတော့သည်။


ဝူရှဲ့တစ်ယောက် စိတ်ထဲမှာ သက်ပြင်းချလိုက်မိသည်။ နောက်ဆုံးတော့ အသက်ဆက်ရှင်ဖို့ အခွင့်အရေး ရသွားပြီ။ ရုတ်တရက် 'ပူး....' ဆိုတဲ့ အသံတစ်သံ ထွက်လာခဲ့သည်။ ဒီအချိန်မှာ ဘယ်လူယုတ်မာက အီးပေါက်လိုက်လဲ မသိချေ။


အသံက ရုတ်တရက် ပျောက်ကွယ်သွားသလို တချိန်တည်းမှာဘဲ မိုင်းတွင်းမီးအိမ်ရဲ့ အလင်းရောင်က တောက်ပလာခဲ့သည်။ ဝူရှဲ့ သူ့နှာတံဖျားလေးနဲ့ ကပ်လုနီးပါး ထူးဆန်းတဲ့ မျက်နှာကြီးကို ချက်ချင်း တွေ့လိုက်ရတော့သည်။


မျက်စံ မရှိတော့တဲ့ မျက်လုံးနှစ်လုံးက သူ့မျက်လုံးထဲကို တိုက်ရိုက် စိုက်ကြည့်နေ၏။ ဝူရှဲ့ အလွန် ထိတ်လန့်သွားပြီး ခြေလှမ်းပေါင်းများစွာ နောက်ပြန် ဆုတ်သွားခဲ့သည်။ ထိုအချိန်တွင် မျက်နှာသေရဲ့ အသံက ထွက်ပေါ်လာ၏။


"ပြေး!"  


ဖက်တီးက ယုတ်မာပုံ ပေါက်ပေမယ့် တကယ်ကို လိုက်လျောညီထွေ ရှိလွန်းလှသည်။ သူက လူးလဲထကာ ဖန့်ကျစ်ကို ကောက်ပိုးရင်း ထွက်ပြေးသွားခဲ့သည်။ ဝူရှဲ့လည်း သူ့နောက်ကို လိုက်သွားပြီး အော်မေးလိုက်သည်။ 


“စောစောက မင်း ပေါက်လိုက်တာလား”


ဖက်တီး မျက်နှာက နီရဲသွား၏။


"မင်းရဲ့ဘယ်မျက်လုံးက ငါပေါက်တယ်လို့ မြင်တာလဲ?"


ဝူရှဲ့ တကယ်ကို စိတ်ဆိုးသွားကာ။


"မင်းက တကယ့် ဘေးဆိုးကြီးပါလားဟ"


ပြောလိုက်ပြီးသော် သူ့ရှေ့က ဖက်တီးဆီက စူးစူးဝါးဝါး အော်သံကို ရုတ်တရက် ကြားလိုက်ရလေသည်။


ဝူရှဲ့ လန့်ဖျပ်သွားပြီး သူ့ကို တစ်ခုခု မေးတော့မယ့်အခိုက် သူ့ခြေထောက် အောက်ကလည်း ခြေဗလာကျင်းကြီး ဖြစ်သွားတာကြောင့် ထအော်လိုက်တော့သည်။ အခုမှ မိုင်းတွင်းမီးခွက်ကို မယူမိတာ သတိရသွား၏။


နည်းနည်း လှည့်ကြည့်လိုက်တော့ ဘာမှမမြင်ရတော့ချေ။ အဲဒီအချိန်မှာ ခြေဖဝါးအောက်က လမ်းဟာ ရုတ်တရက် မရှိတော့သလိုပဲ အောက်ကို မမြင်နိုင်တော့သလို ဘယ်လောက်နက်လဲပင် မသိတော့ဘဲ အဆုံးမဲ့ ချောက်ထဲကို ​ပြုတ်ကျသွားသလိုပင် ခံစားလိုက်ရသည်။


ဒါပေမဲ့ အဲဒီခံစားချက်ကို သူ့တင်ပါးမှာ ကြီးမားတဲ့ နာကျင်မှုတစ်ခုက မြန်မြန်ဆန်ဆန် အစားထိုးသွားခဲ့သည်။ သူ တုန်လှုပ်နေချိန်မှာ ရုတ်တရက် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဖက်တီးက ဝံပုလွေမျက်လုံး ဓာတ်မီးကို ဖွင့်လိုက်လေသည်။


ဦးလှည့်ကြည့်လိုက်တော့ ဒီကျောက်အခန်း တစ်ခန်းဖြစ်နေတာကို မြင်လိုက်ရသည်။ ဒါက သူတို့ ဖုတ်ကောင်တွေကို တိုက်ခိုက်ခဲ့ဖူးတဲ့ အခန်းနဲ့ အလွန်ရိုးရှင်းပြီး အလွန်ဆင်တူပေမယ့် အရွယ်အစား ကွဲပြားတာကြောင့် လုံးဝ တူညီတာတော့ မဟုတ်ဘူး ဆိုတာ သေချာလေ၏။ အဲဲဒီအချိန်မှာ ဖက်တီးက အရမ်း စိတ်လှုပ်ရှားနေပြီး 


"ငါတို့တော့ ကျဉ်းမြောင်းတဲ့ လမ်းမှာ တကယ်ရန်သူတွေ ဖြစ်နေတာပဲ... ဒီဘက်မှာ ပိုးကောင်တွေ ထပ်ရှိနေဦးမလား မသိဘူး?"


ဝူရှဲ့မှာ မျက်နှာသေ ရှိနေရင် အနည်းဆုံးတော့ ပိုးကောင်တွေအတွက် စိတ်ပူစရာ မလိုဘူးလို့ ထင်ခဲ့တာ။ ပြန်ကြည့်လိုက်တော့ ထိုလူက မရှိချေ။ သူ သူတို့နဲ့ လမ်းလွဲသွားတာလား? 


ဝူရှဲ့ အဲဒါကို အမြန်ပြန်သတိရပြီး အခုလေးတင် ပရမ်းပတာ ဖြစ်နေတဲ့ အချိန်မှာ မျက်နှာသေ သူ့နောက်ကို လိုက်လာခဲ့လား ဆိုတာကို ဂရုမစိုက်မိမှန်း သိလိုက်ရသည်။ တွေးကြည့်တော့ အဲဒီမကောင်းဆိုးဝါးက ဘာကောင်ကြီးမှန်း မသိပေမယ့် ၎င်းက ငါတို့ကို ဘယ်လိုလုပ် ထွက်ပြေး လွတ်မြောက်ခွင့် ပေးနိုင်မှာလဲ?


သေချာပေါက် မျက်နှာသေက သူတို့အတွက် နောက်ကနေ ပိတ်ဆို့ထားတာ ဖြစ်ရမယ်။ အန္တရာယ်ရှိသလား မရှိဘူးလား ဆိုတာတောင် သူတကယ် မသိတော့ဘူး။


ဒီအကြောင်းတွေကို သူပိုတွေးလေလေ တစ်ခုခုဆိုးရွားနေသလို ခံစားလာရလေပဲ။ သူဒီလိုဆက်လုပ်နေရင် အနှေးနဲ့အမြန် ဆိုသလို သေသွားလိမ့်မယ်။ သူစဥ်းစားနေခိုက် ဖက်တီးက ဆိုလာ၏။


"စကားမစပ် ငါမင်းကို မေးစရာရှိတယ်....မင်းတို့လည်း တစ္ဆေတံဆိပ်တုံးကို လာရှာတာလား?"


ဒါကိုကြားတော့ ဝူရှဲ့ နားမလည် နိုင်လောက်အောင် စိတ်ရှုပ်ထွေးသွားသည်။


"အဲဒါက တကယ် ရှိနိုင်လို့လား?"


ဖက်တီးက ဂရုတစိုက် နားထောင်ပြီး သူ့နောက်ကို လိုက်နေတာ ဘာမှမရှိဘူး ဆိုတာကို သတိထား ကြည့်ပြီးမှ တိုးတိုးလေး ပြောလာ၏။


"ဘာလဲ? မင်းတို့ ဘာမှမသိ​ကြဘူးလား? ဘာမှမသိဘဲ ဒီသင်္ချိုင်းထဲကို ဆင်းလာရဲတယ်ပေါ့... ဒါဆို မင်း ဒီဘုရင်လုရှန်က ဘာလုပ်ခဲ့လဲ သိလား?" 


အဲဒါကို ကြားလိုက်တာနဲ့ သူ့ပါးစပ်ထဲက တစ်ခုခုကို ထုတ်ပြောလိုက်တော့သည်။


"သူက မင်းသားလေးတစ်ပါးပဲ မဟုတ်ဘူးလား? သူက ယင်တပ်တွေကို တိုက်ခိုက်ဖို့ သုံးတယ်လို့ ကြားတယ်"


"ဖီး!"


ဖက်တီးက သူ့အား အလွန်မထီမဲ့မြင်ပြုသော အကြည့်တစ်ချက် ပေးလာသည်။


"မင်းကိုပြောပြမယ်.... ဒီဘုရင်လုရှန်က စစ်ပွဲကိုတိုက်ဖို့ ယင်တပ်သားတွေကို ချေးငှားနေတာက တကယ်တော့ လိမ်ညာမှုကြီး တစ်ခုပဲ.... ဒီရှေးဟောင်း ဂူသင်္ချိုင်းထဲမှာ ဝှက်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိတယ်... ငါမပြောရင် မင်းမှန်းဆမိမှာတောင် မဟုတ်ဘူး"