(12)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ခုနှစ်စင်ကြယ်နန်းတော်


Chapter (12)

တံခါး



သူတို့ကို ကြောက်သွားတဲ့ ကောင်လေးရဲ့ အိတ်ထဲမှာ ရိုးရှင်းတဲ့ မြေပုံတွေလို ဆွဲထားတဲ့ စာရွက်တွေ အများကြီး ပါနေတာကို သတိရမိသွားသည်။ အဲဒါတွေထဲမှာ သဲလွန်စတွေ ရှိကောင်းရှိလိမ့်မည်။ 


အရှေ့ဘက်မှာ ခုနစ်စင်ကြယ် ခေါင်းတလားလို့ သံသယဖြစ်ဖွယ် အခေါင်းတလားနဲ့ အနောက်မှာက မျက်နှာသေတောင် ဒူးထောက်ရတဲ့ ဘာမှန်းမသိတဲ့ မကောင်းဆိုးဝါးကလည်း ရှိသေးသည်။ လောလောဆယ် ဒီနေရာဟာ အလုံခြုံဆုံး နေရာပဲ ဖြစ်သည်။ 


မြေပြင်ပေါ် ထိုင်ချလိုက်ပြီး စာရွက်တွေကို ဖြန့်လိုက်သည်။ ပြီးနောက် သူတို့ကို လှန်လှောကြည့်လိုက်ရာ ဒီဂူထဲမ၀င်ခင်ကမှ ဒီဇိုင်းဆွဲထားတာလို့ ပြောလို့ ရသည်။ အထူးသဖြင့် သွေးအလောင်းကောင်ရဲ့ ပုံစံနဲ့ပတ်သက်တဲ့ ယူဆချက်တွေကို အောက်မှာ ရေးထားတာ အများကြီး ရှိသည်။


ဝူရှဲ့ တစ်ချက် ကြည့်ရုံဖြင့် နားမလည်နိုင်ပေ။ စာရေးထားတာတွေက အရမ်းကို ရှုပ်ထွေးလှသည်။ စဉ့်ထိပ်နဲ့တူတဲ့ စကားလုံး အနည်းငယ်သာ တွေ့ရသေး၏။ သွေးအလောင်းသင်္ချိုင်းရဲ့ ယန္တရားကို ချိုးဖျက်ဖို့ အများကြီး စဉ်းစားခဲ့ကြပုံရလေသည်။ 


ဒါပေမဲ့ အဆုံးမှာ အကောင်အထည် ဖော်မလားတော့ မသိရပါဘူး။ နောက်တစ်ခုက သစ်ပင်တစ်ပင်ပုံပင်။ တစ္ဆေခြေသည်းတွေနဲ့ ကုတ်ဆွဲထားတဲ့ သစ်ပင်နဲ့ တူသည်။ 


စာရွက်တွေကို ပြန်လှန်ကြည့်တော့ နောက်ဆုံးတော့ အဓိပ္ပာယ်ရှိတဲ့ အရာတစ်ခုကို တွေ့လိုက်ရသည်။ အဲဒါက သင်္ချိုင်းဂူတစ်ခုရဲ့ ငှက်မျက်လုံးမြေပုံ၊ ရေအောက်ဂူသင်္ချိုင်း တို့ကို စာရွက်ပေါ်မှာ ရေးဆွဲထားတာ အလွန်ရှင်းပေ၏။ သို့သော် ခုနှစ်စင်ကြယ် ဂူသင်္ချိုင်းပုံကိုတော့ မဆွဲထားချေ။


နောက်ပြီး သူတို့ ဆင်းလာတဲ့ သင်္ချိုင်းကိုလည်း အမှတ်သားထားတဲ့ အတွက် အဲဒီလူတွေ မရောက်ဖူးသေးပုံရသည်။ ဝူရှဲ့ သူထွက်လာခဲ့တဲ့ တွင်းပေါက်ဘက်ကို ကြည့်လိုက်သည်။ တကယ်လို့ သူ တခြားအ​ပေါက်ကို ရွေးရင်ရော။


ဝူရှဲ့ ဒီဂူသင်္ချိုင်းရဲ့ မြေပုံပါစာရွက်ကို တစ်ချက် ကြည့်လိုက်သည်။ သူထွက်လာခဲ့သလို အပေါ်တစ်ပေါက်ရဲ့ ဘေးမှာ "ပြိုကျ" ဆိုတဲ့ စကားလုံးကို ရေးထားလေ၏။


ဆိုလိုရင်းသဘောက ရှင်းနေပြီမို့ သူခိုးဂူပေါက်ကို ဖြတ်ပြီး မြေမျက်နှာပြင်ပေါ် ပြန်တက်ချင်တဲ့ သူ့ဆန္ဒလည်း ကွဲအက်သွားတော့သည်။ ပြန်ကြည့်လိုက်တော့ ဒီမြေပုံရဲ့ အထူးခြားဆုံးအချက်က သူရပ်နေတဲ့နေရာရဲ့ ဘယ်ဘက်ခြမ်းမှာ ဘယ်လမ်းနဲ့မှ မချိတ်ဆက်ထားတဲ့ ဂူတစ်ခုရှိပြီး ဒီသင်္ချိုင်းလမ်းကြောင်းကို အစက်အပြောက် မျဥ်းတွေနဲ့ ဆက်သွယ်ထားလေသည်။ 


ဤသင်္ချိုင်းသည် အခြားနေရာ တစ်ခုတွင် ရှိပုံရသည်။ ဝူရှဲ့ မနေနိုင်ဘဲ သူ့အနောက်က နံရံကို ထိလိုက်မိသည်။ နံရံကို ဂရုတစိုက်ကြည့်ရင်း အဖိုးရဲ့ မှတ်စုထဲက ကျောက်တံခါးတွေရဲ့ တည်ဆောက်ပုံကို ပြန်သတိရသွား၏။ 


ယေဘူယျအားဖြင့် ပြောရလျှင် ဤယန္တရားများကို နှစ်ပေါင်းထောင်ချီ၍ မပျက်စီးနိုင်စေရန် ကျောက်ခဲနှင့် ပြဒါးကို အသုံးပြုရမည် ဖြစ်ပါသည်။ ထို့နောက် ယန္တရား ခလုတ်သည် ပြားချပ်ချပ်ပုံစံ ဖြစ်ရမည်။ 


လျှို့ဝှက်တံခါး တစ်ချပ် ဖြစ်လျှင် ရွေ့လျားနိုင်သော အပိုင်းတစ်ခုရှိရမည်။ သို့သော် ဤအပိုင်းသည် အလွန် သတိပြုရခက်သော နေရာတွင် ရှိနေမှာ သေချာပေါက် တွေးနေရန်ပင် မလိုအပ်ချေ။ 


ဒီအချက်ကို တွေ့လိုက်မိချိန် ကျောက်နံရံနဲ့ ကြမ်းပြင်ကို ငုံ့ကြည့်လိုက်တော့ သံသယဖြစ်စရာ ကောင်းလောက်အောင် ဆက်စပ်နေတဲ့ လေးထောင့်ပုံစံ ကျောက်ပြားချပ် တစ်ချပ် ရှိနေတာကို တွေ့လိုက်ရသည်။ နှိပ်လိုက်ပေမယ့် တုံ့ပြန်မှု မရှိပေချေ။ လျော့ရဲသွားလို့ ပြန်နှိပ်လိုက်ပေမယ့် တုံ့ပြန်မှု မရှိသေးတဲ့အတွက် ဝူရှဲ့ စိတ်ပေါက်ကာ ထရပ်ပြီး ကန်ထုတ်လိုက်ရာကနေ အသံတစ်သံ ထွက်လာခဲ့သည်။ 


အဲဒီအချိန်မှာ သာမန်နိုင်ငံခြား ရုပ်ရှင်တွေထဲကလို နံရံက လှန်ပြီး နောက်တံခါးကို သွားရလား ဒါမှမဟုတ် နံရံတံခါးက အလိုလို ပွင့်သွားပြီး သူ့ကို ဆွဲခေါ်သွားမလားလို့ တွေးလိုက်မိချိန် သူ့ခြေဖဝါးအောက်က ကြမ်းပြင်က ရုတ်တရက် ဗလာကြီး ဖြစ်သွားတော့သည်။


ဝူရှဲ့ လုံးဝ မပြင်ဆင်ထားတဲ့ အတွက် တိုက်ရိုက်ပဲ ပြုတ်ကျသွားတော့သည်။ ဒီလို ဒီဇိုင်းမျိုးကို လျှို့ဝှက်တံခါးလို့ ဘယ်လိုလုပ် ခေါ်နိုင်တော့မလဲ။ အဲဒါက ထောင်ချောက်ဆိုတာ သိသာနေပြီလေ။ 


မကောင်း​တော့ဘူးလို့ တိတ်တိတ်လေး အော်လိုက်မိသည်။ အောက်ခြေမှာ ဘာရှိ​နေမှန်းက မသိဘူး။ အရိုးကိုပါ ထုတ်ပစ်နိုင်တဲ့ စတီးဓားတချို့လည်း ဖြစ်နိုင်တယ်။


အဲဒါကို တွေးလို့ မဆုံးခင်မှာပဲ ဝူရှဲ့တစ်ယောက် ကြမ်းပြင်ပေါ် ပြုတ်ကျသွား၏။ မသေသွားလို့ တော်သေးတယ်လို့ တွေးတော့မယ့် အခိုက်မှာ သူကိုင်ထားတဲ့ မိုင်းတွင်းမီးအိမ်က မြေပြင်ကို ဖိခတ်ကာ ချက်ချင်းပင် အမှောင်ကျသွားလေသည်။


ဒီလိုအခြေအနေမျိုးမှာ ဒီမိုင်းတွင်းမီးအိမ်က သူ့ဘဝလိုပဲ အရမ်း အရေးကြီးနေပြီ။ အလင်းရောင် မရှိရင် အလင်းရင်းမြစ် လုံးဝမရှိတဲ့ ဒီရှေးဟောင်း ဂူသင်္ချိုင်းထဲမှာ သူ့ဘဝ လုံးဝ အဆုံးသတ်သွားလိမ့်မည်။


သူ အမြန်ပြေးသွားပြီး မိုင်းတွင်းမီးအိမ်ကို ထိဖို့ကြိုးစားလိုက်သည်။ မိုင်းတွင်းမီးအိမ်ရဲ့ တည်နေရာက သူ့ရဲ့ ဘယ်ဘက်မှာ ရှိနေကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိနေတာကြောင့် ပေါ့ပေါ့ပါးပါး ​ကောက်ကိုင်လိုက်စဥ် ရုတ်တရက် အေးစက်နေတဲ့ လက်တစ်ဖက်ကို သွားထိမိလေသည်။





ဘာသာပြန် - မူရင်းကိုက တိုပါတယ်