(11)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ခုနှစ်စင်ကြယ်နန်းတော်


Chapter (11)

ခုနစ်စင်ကြယ် ခေါင်းတလား


အရိပ်ကို အနီးကပ် ကြည့်လိုက်တော့ အရိပ်က ခေါင်းကို ငုံ့ထားသလိုပင်။ သူထလာတဲ့အခါ သူ့ပုခုံးထက် ပိုကျယ်လာရာ ကြောက်လန့်မှုမျိုးက စကားလုံးတွေနဲ့ ထုတ်ဖော်မပြနိုင်လောက်အောင်ကို ခံစားခဲ့ရကာ ဝူရှဲ့တစ်ယောက် ဦးရေပြားတွေပါ ထုံကျင်လာခဲ့သည်။


"သရဲရှိတယ်!"


လူတိုင်းက သူ့ကို လှည့်ကြည့်လာသည်။ သူ အော်သံကို မရပ်နိုင်ဘဲ အရိပ်ကို ညွှန်ပြပြီး ခေါင်းကို လှည့်လိုက်သည်။ တစ်ချိန်တည်းမှာပဲ အရိပ်ပိုင်ရှင်ကို မြင်လိုက်ရ​လေသည်။ ခေါင်းကြီးကြီးရှိတဲ့ မကောင်းဆိုးဝါး တစ်ကောင်ပဲ။  


ထူးဆန်းတဲ့ လက်နက်ကို သူ့လက်ထဲတွင် ကိုင်ဆောင်ထားကာ အမှောင်ရိပ်အတွင်း ပုံပျက်နေသော ဦးခေါင်းကြီးကို တွေးကြည့်ရုံဖြင့် ဘယ်သူမဆို ကြောက်လန့်သွားမှာ သေချာပေသည်။


မျက်နှာသေက သူ့မိုင်းတွင်းမီးခွက်ကို ကောက်ကိုင်လိုက်ပြီး မီးကို ထွန်းလိုက်တာနဲ့ ထိုမ​ကောင်းဆိုးဝါးရဲ့ မျက်နှာအစစ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်။ သူဟာ ခေါင်းပေါ်မှာ မြေအိုးကြီး တစ်လုံးကို စောင်းထားတဲ့ လူတစ်ယောက် ထားသလိုမျိုးပင်။


ဝူရှဲ့ရဲ့ အကြောက်လွန်ကဲမှုက ချက်ချင်းဆိုသလို ဒေါသကြီးသူ ဖြစ်သွားသည်။ လတ်စသတ်တော့ လူတစ်ယောက် ဖြစ်နေတာပဲ။ ထိုလူက သူ့ခေါင်းပေါ်မှာ မြေအိုးကြီး တစ်လုံးစောင်းလျက် လက်ထဲမှာ ဓာတ်မီးတစ်လက်နဲ့ ကိုင်ထားသည်။ အပေါက်ကနေ သူခိုးမျက်လုံးနဲ့ ကြည့်နေပုံက အလွန်မုန်းစရာ ကောင်းလှသည်။


အခြေအနေက ခဏတာ အဆင်မပြေ ဖြစ်သွားသည်။ ဒီလူဟာ ရန်သူလား မိတ်​ဆွေလား မသိ​တော့ဘူး။ တစ်ချိန်တည်းမှာပဲ ဒီလူကို ကြောက်လန့်သွားမိပြန်သည်။ သူမတုံ့ပြန်ခင်မှာ ဖန့်ကျစ် ရုတ်တရက် ကျိန်ဆဲလိုက်သည်။


"ချီးပဲ.... မင်းကို ပစ်သတ်ပစ်မယ်"


ပြောပြီး သူ့သေနတ်ကို ဆွဲထုတ်လိုက်သည်။ တစ်ဖက် ကောင်လေးက သူတို့ကို မြင်လိုက်တာနဲ့ ချက်ချင်းပဲ။


"အို ဘုရားရေ....." 


အော်ဟစ်ပြီး အမြန် ရှောင်ထွက်တော့သည်။ သူတို့ လာခဲ့တဲ့ စင်္ကြံထဲကို တိုက်ရိုက် ထွက်ပြေးသွားသည်။ အရင်တုန်းက ဖန့်ကျစ်က တကယ်ကို အားမနာလဲ သေနတ်ကို မြှောက်ပြီး ပစ်ချလိုက်တဲ့အခါ အဲဒီလူရဲ့ ဦးခေါင်းပေါ်က မြေအိုးကို ထိမှန်သွားလေသည်။ 


“မင်း သေလမ်းကို ရှာနေတာလား? မင်း ပြန်လာတဲ့အခါ ဒီအဘိုးက မင်းကို ဘယ်လို ဆက်ဆံမလဲဆိုတာ ကြည့်ရသေးတာပေါ့” 


သူပြောပြီးနောက် တစ်ဖက်လူရဲ့ ခြေထောက်တွေက ရုတ်တရက် အမှောင်ထဲမှာပဲ ပျောက်သွားတော့သည်။ မျက်နှာသေက တစ်ချက် ကြည့်လိုက်ပြီး 


"သူ့ကို အဲဒီဂူဆီ သွားခွင့်ပြုလို့ မဖြစ်ဘူး.... ဒီခေါင်းတလားကို ထိရင် အကုန် သေလိမ့်မယ်!" 


မျက်နှာသေသည် သူ့အိတ်ထဲက ရွှေနက်ရှေးဓားရှည်ကို ဆွဲထုတ်လိုက်သာ်။ မိုင်းတွင်းမီးခွက်ကို ကိုင်မနေဘဲ ခြေလှမ်း အနည်းငယ်မျှ လှမ်းလိုက်ရုံဖြင့် အမှောင်ထဲသို့ လိုက်သွားခဲ့သည်။


ဖန့်ကျစ် သူ့နောက်ကို ပြေးလိုက်သွားချင်ပေမယ့် ဦးလေးသုံးက သူ့ကို ဖမ်းဆွဲပြီး 


"မင်းသူ့ကို မကူညီနိုင်ဘူး.... သူဘယ်က ထွက်လာလဲဆိုတာ သိရအောင် နောက်ထပ် အခန်း၂ခန်းကို သွားကြည့်လိုက်"


ဝူရှဲ့ ညာဘက် အခန်းနားကို အမြန် လျှောက်ကြည့်လိုက်တော့ ကျောက်နံရံကနေ တိုက်ရိုက်တူးထားတဲ့ အပေါက်တစ်ခုကို တွေ့လိုက်ရသည်။ ထောင့်မှာ ဖယောင်းတိုင် တစ်တိုင်ရှိနေကာ ဖယောင်းတိုင်မီးက မီးစိမ်းဖျော့ဖျော့ တောက်နေ၏။ 


အစောက ကောင်လေးက ရွှေတူးသမားပဲ။ မြေကြီးပေါ်မှာ အိတ်တစ်လုံး တွေ့ရလေသည်။ သူကဒီ​နေရာမှာ ထားခဲ့ပုံရ၏။ ဖွင့်ကြည့်လိုက်တော့ ကိရိယာတချို့၊ ဘက်ထရီ အနည်းငယ်နဲ့ ရှေးဟောင်းသင်္ချိုင်း ပုံကြမ်းကို တွေ့လိုက်ရသည်။ 


အမိုက်စားပဲ! 


မြေပုံက အကြမ်းစား ဆန်ပေမယ့် အတွင်းက လေးထောင့်ဟာ ခေါင်းတလား ခုနစ်ခုကို ကိုယ်စားပြုတယ် ဆိုတာကို ဝူရှဲ့ ပြောနိုင်လေသည်။ ပုံကြမ်းရဲ့ နံဘေးမှာ ရေးထားတဲ့ စာလုံးတွေ အများကြီးပါပြီး မတူညီတဲ့ မှတ်စုတွေကိုလည်း တွေ့ရသည်။ သူတို့ ဆွေးနွေးတဲ့ အခါမှာ လူတော်တော်များများ ချရေးခဲ့ကြပုံရ၏။ 


ဒီပုံကြမ်းဘေးမှာ မေးခွန်း အမှတ်အသားကြီး တစ်ခုရေးပြီး ခုနစ်စင်​ကြယ် ခေါင်းတလား ဟူသာ့် စကားလုံး အနည်းငယ်ကို ရေးသားထားလေသည်။


စိုးရိမ်စိတ်တွေက မထိန်းနိုင်ဘဲ ပေါ်လာခဲ့သည်။ ခုနှစ်စင်ကြယ် လျှို့ဝှက်ဆန်းကြယ် ခေါင်းတလားကို တစ်နေရာရာမှာ မြင်ဖူးနေသလိုပင်။ အဲဒါကို တွေးမိတာနဲ့ သူ့အဘိုးရဲ့ မှတ်စုစာအုပ်ထဲမှာ အဘိုးပြောခဲ့တဲ့ ခုနစ်စင်ကြယ် လျှို့ဝှက်ဆန်းကြယ်တဲ့ ခေါင်းတလား အကြောင်းကို သတိရမိသွားတော့သည်။ 


တကယ်တော့ မှတ်သားထားတာ သိပ်မရှိပေ။ ခေါင်းတလားတွေထဲမှာ ထူးဆန်းတဲ့ ထောင်ချောက်တချို့ ရှိလေသည်။ အတိုချုပ်ပြောရရင် မှားဖွင့်မိရင် လျှို့ဝှက်ဆန်းကြယ်တဲ့ ခေါင်းတလားထဲက ထောင်ချောက်တွေ ပေါ်လာလိမ့်မယ်။ အလွန်လည်း အန္တရာယ်များတယ်။ 


မတိုင်မီက နိုင်ငံခြားသား အလောင်းကို စဥ်းစားကြည့်လိုက်တော့ ခေါင်းတလားတိုင်းမှာ ရတနာတွေ ရှိနေတယ်လို့ ထင်နေပေမယ့် တစ်စုံတစ်ခုက လှည့်ဖြားပြီး အခေါင်းထဲကို ဆွဲသွင်းခံလိုက်ရတာ ဖြစ်နိုင်သည်။


သူ့အဖော်က သူ အသတ်ခံရတာကို မြင်လိုက်ရတဲ့အခါ ထိတ်လန့် တုန်လှုပ်သွားကာ သင်္ချိုင်းရဲ့ စင်္ကြံမှာ နောက်ထပ် အပေါက်တူးပြီး အမြန် ထွက်ပြေး လွတ်မြောက်သွားခဲ့တာ ဖြစ်လိမ့်မည်။


ဒါကို ခွဲခြမ်းစိတ်ဖြာပြီး ကျိုးကြောင်းဆီလျော်တယ်လို့ ခံစားရတာကြောင့် ဒီမြေပုံကို ယူပြီးတော့ ဦးလေးသုံးကို ပြောပြချင်လာသည်။ အပြင်ကို ထွက်လာပြီးတာနဲ့ မိုင်းတွင်းမီးခွက်တစ်ချောင်းပဲ ကျန်တော့တာကို တွေ့လိုက်ရလေသည်။ 


အလောင်း ရေလိုဏ်ဂူမှာတုန်းကလို အရာအားလုံးက တိတ်ဆိတ်နေ၏။ ဦးလေးသုံး၊ တခွေနဲ့ တခြားသူတွေ ပျောက်နေသည်။ တခြားအခန်းတွေ သွားပြီး ကြည့်လိုက်တော့လည်း သူတို့ကို မတွေ့ရတာကြောင့် မိုင်းတွင်းမီးခွက်ကို ကောက်ကိုင်လိုက်ပြီး အော်လိုက်တော့သည်။


"ဦးလေး ၃!!" 


ယုတ္တိနည်းအရ ပြောရရင် သူတို့က သူကို တစ်ယောက်တည်း ထားခဲ့ပြီး အရင်ထွက်သွားမှာ မဟုတ်ဘူး။ သူတို့တစ်ခုခု ဖြစ်သွားပြီလို့ အရင်ဆုံး သံသယ ဖြစ်မိပေမယ့် အခုနကလည်း တိုက်ခိုက်သံတွေ မကြားရချေ။


ဖန့်ကျစ်ရဲ့ ကျွမ်းကျင်မှုအရ သူတို့ တွေ့ကြုံရတဲ့ မကောင်းဆိုးဝါးက ဘယ်လိုပဲ ဖြစ်နေပါစေ သနားစရာ ကောင်းလောက်အောင် အော်ဟစ်နိုင်စွမ်း ရှိသေးလေသည်။ 


ဒါပေမဲ့ သူခေါ်လိုက်တဲ့ ပဲ့တင်သံကလွဲရင် ဘယ်သူမှ သူ့ကို ​ပြန်မဖြေဘူး။ ဒီအမှောင်သင်္ချိုင်းမှာ ခေါင်းတလား ခုနစ်ခုနဲ့ ဘာမှန်း မသိတဲ့ အလောင်းကောင်က သူ့​​ကို ပြဿနာရှာလာရင် ဘယ်လိုလုပ်ရမလဲ။


သူက တကယ့် ပရော်ဖက်ရှင်နယ် ပညာရှင် မဟုတ်ဘူးဆိုတာ ရုတ်တရက် သတိရသွားတော့သည်။ သင်္ချိုင်းအတွင်းမှာ တစ်ယောက်တည်း ရှိနေရတဲ့ ခံစားချက်က သူ့ကို သေလောက်အောင် ကြောက်လန့်လာစေသည်။ 


တယောက်ယောက်က ချက်ချင်း ပြန်ဖြေမယ်လို့ မျှော်လင့်ထားပေမယ့် တစ်လောကလုံးက တိတ်တိတ်ဆိတ်ဆိတ်ပဲ ရှိနေ၏။ အဲဒီအချိန်မှာပဲ သူ့လက်ထဲက မိုင်းတွင်းမီးအိမ်မှာ သေသွားတော့မလို တဖြည်းဖြည်း မှိန်ကျသွားလေသည်။ ရုတ်တရက် အေးစက်နေတဲ့ ချွေးတွေ ထွက်လာပြီး စိတ်တွေလည်း ရှုပ်လာသည်။


ဒီလောက် တိတ်ဆိတ်နေရင် ဖြည်းဖြည်းချင်း ငြိမ်သက်သွားနိုင်ပေမယ့် ကံမကောင်းစွာပဲ တစ်ယောက်ယောက်က ခလုတ်နှိပ်လိုက် သလိုမျိုး ခေါင်းတလား ၇ခုဟာ တစ်ပြိုင်တည်း အောက်သို့ နိမ့်ဆင်းသွားလေသည်။


ဝူရှဲ့ မူးဝေလာပြီး နှလုံးခုန်သံတွေက လည်ချောင်းထဲ ခုန်ပေါက် ထွက်သွားတော့မယ့် အတိုင်းပင်။ ရုတ်တရက် တစ်ခုခု မှိန်သွားပြန်တာ၏။ နံရံနားကို လှည့်ကြည့်လိုက်တော့ အခန်းထဲက ဖယောင်းတိုင်က ငြိမ်းသွားတာကို တွေ့လိုက်ရသည်။


မင်းတို့ဆီက ဘာတစ်ခုမှ မယူထားမိပါဘူး။ မီးခွက်ကို ဘာလို့ မှုတ်ပစ့လိုက်တာလဲ?


ဝူရှဲ့ ခေါင်းတလားဘက်ကို ပြန်ကြည့်လိုက်တော့ ပွင့်နေတဲ့ ခေါင်းတလားထဲက အလောင်းကြီးဟာ တကယ်ကြီး ထထိုင်နေတာကို တွေ့လိုက်ရတော့သည်။ အလောင်းနှစ်လောင်း အတူတူ ထိုင်နေသကဲ့သို့ နိုင်ငံခြားသား၏ အလောင်းအောက်တွင် မူလအလောင်းက ရှိနေ၏။


မကြည့်ဝံ့တော့ပေ။ မျက်လုံးတွေကို မှိတ်ထားရင်း တုန်တုန်ယင်ယင် ခြေထောက်တွေနဲ့ နံရံကို သတိထားပြီး ကပ်သွားကာ အနီးနားက အခန်းထဲ လျစ်ကနဲ ဝင်လာခဲ့သည်။


အဘိုးက သတ္တိလေ့ကျင့်ခြင်းရဲ့ လျှို့ဝှက်ချက်ကို မှတ်စုထဲမှာ ရေးထားခဲ့သည်။ မမြင်ချင်ရင် တစ်ခါမှ မ​မြင်ခဲ့ဖူးသလို ဟန်ဆောင်လို့ရသည်။ ဒီအချက်ကို စဥ်းစားမိလို့ မဟုတ်ရင် အဲဒီနေရာမှာ ထိုင်နေတဲ့ အသက်တစ်ထောင် အလောင်း​ကောင်ကို ကြည့်နေရချိန် ဒီလိုမျိုး ထွက်ပြေးလာနိုင်ခဲ့မှာ မဟုတ်ဘူး။ ပြဿနာကို အလုံးစုံ တွေးတောနိုင်ရမာ်။ 


မိုင်းတွင်းမီးခွက်ကို ထောင့်မှာ ထားလိုက်ပြီး အပြင်ဘက်ကို အလင်း မကျအောင် ကြိုးစားပြီးတော့ ဟိုဖက်တီးရဲ့ အိတ်ထဲမှာ ဘာတွေကျန်နေသေးလဲ သိဖို့အတွက် ထုတ်ကြည့်လိုက်သည်။ ဘီစကွတ်နှင့် မြေပုံလို စာရွက်တစ်ရွက်။ စာရွက်ပေါ်တွင် အကြောင်းအရာ များစွာနှင့် ရုပ်ပုံများကို ထူထပ်စွာ ရေးထားသောကြောင့် သူ့​နောက်တွင် အရေးကြီးသော လူများ ရှိနေပုံရသည်။ 


အပြင်မှာ အလင်းရောင်မရှိလို့ မည်းမှောင်နေတော့ အလောင်းက ဘာလုပ်နေမှန်း မသိရချေ။ ထထိုင်နေလား၊ လဲလျောင်းနေလား၊ ဝမ်းဗိုက်ကြွက်သားတွေ ပေါ်လာအောင် လေ့ကျင့်ခန်းတွေ လုပ်နေတာလားတောင် မသိတော့ပေ။ ကြောက်လွန်းလို့ ဘယ်လို ကျော်ဖြတ်ရမှန်း မသိဘဲ ဖြစ်နေ၏။ 


အဲဒီအချိန်မှာ သင်္ချိုင်းဂူထဲကို လေအေးအေးတစ်ချက် တိုက်ခတ်လာခဲ့သည်။ ချက်ချင်းပင် ဝူရှဲ့ အကြံတစ်ခု ရသွား၏။ တွင်းတူးထားတဲ့ ဒီအပေါက်က အပြင်ဘက်ကို ဦးတည်ရမယ်။ ဒါမှမဟုတ် တခြားနေရာတွေကို ရောက်သွားလိမ့်မယ်။ ဒီမှာထက်တော့ ပိုကောင်းတာပေါ့။


ဦးလေးသုံး ပြန်လာပြီး မြင်အောင် အပေါက်အဝမှာ အမှတ်အသားတစ်ခု ရေးထွင်းထားလိုက်သည်။ ထို့နောက် ဖက်တီးရဲ့အိတ်ကို ကျောပေါ်တင်ပြီး အထဲကို ဝင်သွားလိုက်တော့သည်။ 


တွားသွားဝင်ရင်းနဲ့ ငယ်ငယ်က အဘိုးပြောခဲ့တဲ့ စကားတွေကို ပြန်စဥ်းစားမိလာသည်။ 


'ရှေးဟောင်းစက်ဝိုင်းနဲ့ ရင်ပြင်အနီး၊ ချီလင်တောင်နဲ့ ဟန့်ဖော့၊ တိမ်ကိုးနက် အမ် မဟုတ်ပါဘူး'


ဝူရှဲ့ ခေါင်းခါလိုက်သည်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သူ့စိတ်ထဲမှာ တကယ်ကို နည်းနည်းလေးပဲ ရှိ​နေခဲ့တာကို တွေ့လိုက်လေသည်။


ဥမင်လိုဏ်ခေါင်းကို ကြည့်လိုက်တော့ အဝိုင်းပုံသဏ္ဌာန်လည်း မဟုတ် စတုရန်းပုံလည်း မဟုတ်ဘဲ ဘယ်အချိန် ဘယ်ကာလက တူးထားမှန်း မသိချေ။ အုတ်ဂူကို ခေါက်မိလိုက်တဲ့အခါ စက်ယန္တရားနဲ့ ထိမိသွားနိုင်သည်။ ဒီလမ်းကို ဖောက်ခဲ့တာက သခင်တစ်ယောက် ဆိုရင်တောင် အနည်းဆုံးတော့ ဆူညံနေမှာပဲ။ 


ဒါပေမဲ့ သူတို့ဝင်လာချိန်မှာတော့ အဲ့လိုဖောက်ထွင်းနေတဲ့ အသံကို သတိမထားမိဘူးဆိုတော့ ဒီအပေါက်က ကြာ​နေပြီဟု ဆိုရမည်။ တစ်နည်းဆိုရသော် ဤတွင်းကို အခြားလူတစ်စုက ဟိုးရှေးရှေးကတည်းက တူးခဲ့ဖူးနိုင်သည်။  


အချိန်အတော်ကြာအောင် တွားသွားပြီးနောက်မှာ လမ်းခွတစ်ခု ပေါ်လာသည်။ အပေါက်နှစ်ခုကို မတူညီတဲ့ နည်းလမ်းတွေနဲ့ တူးထားတာကို တွေ့တော့ လူအုပ်စုနှစ်စုက တူးခဲ့တာ ဖြစ်လိမ့်မည်။ ဦးလေးသုံးတွေ့အောင် သူရွေးတဲ့ အပေါက်ကို အမှတ်အသားပြုပြီး ဆက်သွားသည်။


ဒီအချိန်မှာတော့ လေကောင်းလေသန့်နဲ့ တောက်ပတဲ့လကို တောင့်တမိနေပြီ။ ဒီလို တွင်းထဲမှာ ရှိနေချိန် ခေါင်းညိတ်ပြီး မီးတောက်နေတဲ့ နေရာကို တွေ့လိုက်ရရင် အကောင်းဆုံးပဲ။ အစားအသောက်စားပြီး ကောင်းကောင်း အိပ်မယ်။ နောက်ပြီး ဦးလေးသုံးနဲ့ တခြားသူတွေကို ရှာပြီး အိမ်ပြန်ကြမယ်။ 


ဝူရှဲ့ အရူးလို ဆဲဆိုလိုက်သည်။ သူတကယ် စိတ်ကုန်နေပြီ။ တချို့ကျတော့ လူဖြူတချို့နဲ့ တွေ့ရဖို့ တစ်သက်လုံး ရုန်းကန်နေရတယ်။ သူ ဂူဖောက်ဖူးတာ ဒါပထမဆုံး အကြိမ်ပဲ သူသွားခဲ့တဲ့ နေရာတိုင်းမှာ ကျုံးကျီတွေ ရှိနေလွန်းလို့ အသက်တောင် မရှူရဲတော့ဘူး။ သူ့အပေါ်မှာ မှီထားတဲ့လူက အမျိုးသမီးဖြစ်ပြီး သူမက သူ့ပခုံးပေါ် မှီထားနိုင်ရင် အကောင်းဆုံးပဲ ဖြစ်မယ်ထင်တယ်။


အဲဒါကို တွေးကြည့်တော့ စိတ်တွေ လှုပ်ရှားလာပြီး လှုပ်ရှားမှုတွေက အရှိန်ပြင်းလာကာ မကြာခင်မှာ သူရှေ့မှာ မီးအလင်းရောင် ပေါ်လာတာကို တွေ့လိုက်ရတော့ ဝမ်းသာသွားသည်။ အသက်ပြင်းပြင်းရှူပြီး ခုန်ထွက်လိုက်ပြီးနောက် တုန်လှုပ် ခြောက်ခြားသွားတော့သည်။


မျှော်လင့်ချက်ကြီးလေ စိတ်ပျက်ရလေပါလား။ နောက်ထပ် သင်္ချိုင်းဂူ တစ်ခုက သူရှေ့မှာ ပေါ်လာခဲ့ခြင်းပဲ ဖြစ်သည်။ သူဒီကို စရောက်တုန်းက သင်္ချိုင်း လမ်းကြောင်းနဲ့ အရမ်းဆင်တူသော်လည်း ဒီသင်္ချိုင်းက အရမ်းရှုပ်ထွေးနေပုံပေါက်​နေသည်။


ကျိန်ဆဲပြီး မိုင်းတွင်းမီးခွက်ကို လှည့်ပတ်ကြည့်ရင်း မနေနိုင်ဘဲ သေသေချာချာ ကြည့်လိုက်တော့မှ သူ့ကိုယ်သူ လုံးဝ တုံးအသွားသလို ခံစားလိုက်ရတော့သည်။ 


ဒီတွင်းပေါက်က သူဝင်သွားခဲ့တဲ့ ကြွက်တွင်းပေါက်ကြီး မဟုတ်ဘူးလား? ဒီအပေါက်က ဟိုဘက်အခန်းနဲ့ ဒီဘက်အခန်းကို ချိတ်ဆက်ထားတာလား။ တစ်စုံတစ်ယောက်က ဒီအပေါက်ကို လွတ်မြောက်ချင်လို့ တူးထားတယ်လို့ ထင်နေတာလေ!


ဝူရှဲ့ တကယ် စိတ်ရှုပ်နေပြီ။ ဒီတွင်းတူးသူရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာတောင် မစဥ်းစားတတ်တော့ပေ။