(11)
Viewers 5k

Chapter (11)

အင်အားကို နှစ်ပိုင်းခွဲ 



နေ့ခင်းဘက်တွင် လီကျင်လုံသည် ဟုန်ကျွင့်ကို ခြံဝန်းထဲမှ အပြင်သို့ ခေါ်ဆောင်လာလေသည်။


မော့ရစ်ကန်းသည့် နေရောင်အောက်က ပက်လက်ကုထားထိုင်ပေါ်တွင် လဲလျောင်းနေပြီး ပါးစပ်ထဲတွင် မြက်ပင်တစ်ပင်ကို ကိုက်လျက် ခြေထောက်များကို ကွေးထားကာ မျက်လုံးများကိုတော့ မှိတ်ထားလေသည်။ ချိုးယုံစစ်ကတော့ စာအုပ်တစ်အုပ်ကို ထိုင်ဖတ်နေ၏။ အားထိုက်က သူ့လက်ထဲမှ စောင်းကို တီးခတ်နေသည်။ 


"အားလုံးထ! အလုပ်ရှိတယ်" 


လီကျင်လုံက ဆိုလိုက်သည်။ 


"အနောက်ဈေးကို သွားပြီး ဝိညာဥ်ထွက်ပန်း လို့ခေါ်တဲ့ ဆေးကိုရှာရမယ်..."


"အဲဒါကဘာလဲ" အားလုံးက ဝိုင်းမေးကြသည်။ 


"ဝိညာဉ်ထွက်ပန်းက အနောက်တိုင်းဒေသက ပေါက်ဖွားလာတဲ့ ထူးဆန်းတဲ့ ပန်းတစ်ပွင့်ပဲ... ဝတ်မှုန်ကူးချိန်မှာ ဝတ်မှုန်တွေထွက်လာတယ် အနံ့ခံပြီးရင် လူတွေက နှာချေပြီး ဖြစ်ပျက်ခဲ့တာတွေကို မေ့သွားနိုင်တယ်" 


လီကျင်လုံက ရှင်းပြပါ၏။ 


"အနာဂတ်မှာ နတ်ဆိုးနှင်ဌာနက အလုပ်လုပ်ရင်း ကြီးကြီးသေးသေး လူတွေအတွက် ရုန်းရင်းဆန်ခတ် ဖြစ်သွားနိုင်တယ်... ဒါကြောင့် ကြိုတင် ပြင်ဆင်ထားရမယ်...." 


ချိုးယုံစစ်၊ မော့ရစ်ကန်းနဲ့ အားထိုက်တို့က လီကျင်လုံအား သံသယရှိသော အမူအရာများဖြင့် ကြည့်နေကြသည်။


“မဟုတ်ရင် ဘယ်လိုလုပ်မလဲ” အားထိုက်က မေးသည်။


"မဖြစ်နိုင်ပါဘူး" ချိုးယုံစစ်ကလည်း ပြောသည်။


"မရှိရင် မင်းတို့ မတွေ့မချင်း စောင့်လိုက်... ဒါက အမိန့်တစ်ခုပဲ စျေးဆစ်စရာ မလိုဘူး... အခုသွားကြတော့"


"ခေါင်းဆောင် ဒီသတင်းကို ဘယ်ကကြားလိုက်တာလဲ?"


ထိုစဥ် ဟုန်ကျွင့်သည် လီကျင်လုံနောက်မှ အားနည်းသော လက်ကို မြှောက်လိုက်ရာ အားလုံးလည်း ခေတ္တမျှ အားကိုးရာမဲ့ ဖြစ်သွားကြသည်။ လီကျင်လုံ နောက်သို့ လှည့်ကြည့်လိုက်သည်နှင့် ဟုန်ကျွင့် ချက်ချင်း လက်ကို ချလိုက်သည်။


ချန်းအန်မြို့၏ ဆောင်းဦးရာသီ နေ့လည်ခင်းတွင် လီကျင်လုံနှင့် ဟုန်ကျွင့်တို့သည် လမ်းမပေါ်တွင် လမ်းလျှောက်နေကြပြီး အခြားလုပ်ဖော်ကိုင်ဖက် သုံးဦးတို့ ဒုက္ခရောက်နေမလား ထပ်ခါတလဲလဲ တွေးနေမိသည်။ အကြာကြီး ရှာဖွေပြီးနောက် ထိုထူးဆန်းသော ပန်းကို မတွေ့ပါက ပြန်လာသောအခါ မိမိမှာ ပြဿနာရှာသည့်အတွက် ဆူပူကြိမ်းမောင်း ခံရနိုင်ကြောင်း ဟုန်ကျွင့်တစ်ယောက် လျှောက်တွေးနေမိသည်။ 


"ခေါင်းဆောင်... ငါတို့မတွေ့ရင် ဘယ်လိုလုပ်မလဲ"


"ခေါင်းဆောင်...တကယ်တော့လေ ဝိညာဥ်ထွက်ပန်းက တကယ် အသုံးဝင်လားတော့ မသိဘူးရယ်..."


"ခေါင်းဆောင် မင်းဘာလို့ စကားမပြောတာလဲ"


လီကျင်လုံ: "..."


"ဟင်? ခေါင်းဆောင် ဒါက ဘာလဲ"


ထိုအချိန်တွင် ထန်မင်းဆက် မြို့ဈေးလမ်းပေါ်၌ ဆူညံပွက်လောရိုက်နေပြီး ဟုန်ကျွင့်မှာ လူတွေကြားမှာ လမ်းပျောက်မှာ ကြောက်သဖြင့် လီကျင်လုံရဲ့ လက်ကိုဆွဲဖို့ လက်တစ်ဖက် ဆန့်ထုတ်လိုက်သည်။ ထိုအချိန်တွင် လီကျင်လုံမှာ အတော်လေး စိတ်မသက်မသာ ဖြစ်နေသလို ခံစားရပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ဟုန်ကျွင့်လည်း အလွန်ရှက်ရွံ့သွားခဲ့သည်။


"ခုန်ဟုန်ကျွင့်!" လီကျင်လုံ အော်လိုက်သည်။ 


"လမ်းပေါ်မှာ ဟိုဆွဲဒီဆွဲ မလုပ်နဲ့!" (TN - နောက်ကျရင် သူကချည်းဆွဲမှာ)


ဟုန်ကျွင့်သည် လေးငါးနှစ်သား အရွယ် ယောင်ကျင်းနန်းတော်မှာ နေ့တိုင်းနေ့တိုင်း ချုံမင်ရဲ့လက်ကိုဆွဲပြီး နောက်လိုက်တစ်ယောက်လို တစ်ကောက်ကောက် လိုက်ဆွဲလေ့ရှိကာ အကျင့်လည်း ပါနေပြီ။ အခုအချိန်မှာတော့ သူ လီကျင်လုံဆီက အဆူခံလိုက်ရလေသည်။ 


လီကျင်လုံသည် လမ်းကြားများထဲသို့ ဝင်လိုက်၊ ထွက်လိုက်နှင့် နောက်ဆုံးတွင် အိမ်တံခါး တစ်ခုဆီသို့ ရောက်လာခဲ့သည်။ တံခါးခေါက်ပြီးနောက်တွင် အမျိုးသမီးတစ်ဦး၏ အသံတစ်သံ ထွက်လာ၏။ လီကျင်လုံလည်း သူ့နာမည်ကို ပြောကာ တံခါးခုံကို ကျော်တက်၍ ဝင်သွားခဲ့သည်။ ထိုအချိန်တွင် ကလေးကို ပွေ့ချီထားသည့် အမျိုးသမီးက ရပ်ပြီး ဧည့်သည်ကို လှမ်းကြည့်လာ၏။ 


ဟုန်ကျွင့်: "ချန်ကျစ်အန်း အိမ်မှာရှိလား" 


(TN - donghua ထဲမှာ ချန်ရှီယိလို့ ပြောထားပါတယ်၊ ဒီထဲမှာတော့ ချန်ကျစ်အန်းပါတဲ့ ချန်ကလွဲရင် အနောက်နှစ်လုံးက စာလုံးရော အသံထွက်ရော အတူဘူးရယ်)


"ချန်ကျစ်အန်း သေသွားတာကြာပြီ..."


လီကျင်လုံ သူ့သွားတွေကို အံကြိတ်ပြီး ဟုန်ကျွင့်ကို လှမ်းဆွဲလိုက်ကာ။ 


"ပေါက်ကရတွေ မပြောနဲ့" 


ခြံဝင်းကြီးက ပျက်စီးနေပြီး ပိုင်ရှင်ကလည်း အရမ်းဆင်းရဲတာကို တွေ့လိုက်ရတော့ ဟုန်ကျွင့် ထိတ်လန့်တုန်လှုပ်သွားကာ မြန်မြန်လေး မေးကြည့်လိုက်သည်။ 


"သူ့မြေး ဒါမှမဟုတ် မြစ်များရှိလား မင်းဘယ်သူလဲ" 


အမျိုးသမီးက ခဏလောက် စဉ်းစားပြီးနောက် ပြောလာပါ၏။ 


“အထဲဝင်​ပြီး ပြောလှည့်ပါ” 


မှိန်ဖျော့ဖျော့ အမှောင်ခန်းလေးထဲတွင် အမျိုးသမီးသည် လက်နှစ်ဖက်ဖြင့် ချီထားသော ကလေးငယ်လေးကို နို့တိုက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ ငိုနေသည့် ကလေးလေးမှာ တစ်နှစ်ခွဲပင် မပြည့်သေးချေ။ ဟုန်ကျွင့်မှာ ကလေးငယ်လေးက ချစ်ဖို့ကောင်းတာကြောင့် သူနဲ့ဆော့ကစားဖို့ လက်ချောင်းများကို ဆန့်ထုတ်လိုက်သည်။


လီကျင်လုံသည် အမျိုးသမီးနှင့် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောနေခဲ့ကာ ထို​ကဗျာဆရာကြီး ချန်ကျစ်အန်းသည် လွန်ခဲ့သော ၅၁နှစ်ခန့်က သြဇာကြီးသော ၀ူစန်းစစ်၏ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ထောင်ထဲတွင် မတရားစွာ သေဆုံးသွားခဲ့ကြောင်း သိရှိခဲ့ရသည်။ ကံကောင်း ထောက်မစွာ သူ့တွင် တစ်ဦးတည်းသော သားတစ်ဦး ကျန်ရစ်ခဲ့သည်။


နှစ်များစွာ ကြာလာသည်နှင့်အမျှ ချန်မိသားစုသည် မျိုးဆက် တစ်ခုပြီးတစ်ခု မချမ်းသာတော့ပေ။ လွန်ခဲ့သည့် နှစ်အနည်းငယ်က ချန်မိသားစု၏ တစ်ဦးတည်းသော သားမှာ ​တော်ဝင်စာမေးပွဲကို နှစ်အတော်ကြာအောင် မအောင်မြင်ခဲ့သဖြင့် နောက်ဆုံးတော့ သွမ့်ရှစ် အမည်ရှိ အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ခဲ့သည်။ ကျော်ကြားမှု ရရှိရန်အတွက် နှစ်အတော်ကြာ ကြိုးကြိုးစားစား ပညာသင်ကြားပြီးနောက် လေဒဏ် မိုးဒဏ်တွေကြောင့် အအေးမိပြီးနောက် ကုသမှု မခံယူခဲ့ရာမှ ကွယ်လွန်သွားခဲ့လေသည်။ 


"မြို့ပြင်မှာ မြှုပ်နှံထားပါတယ်... ကွယ်လွန်သူ ခင်ပွန်းသည်ကို ဒီကနှစ်ယောက်က သိလို့လား... မနက်ဖြန် တွေ့ဖို့ ခေါ်သွား​ပေးရမလား" 


သွမ့်ရှစ်က မေးလိုက်သည်။ 


ဟုန်ကျွင့်၏ နှလုံးသားလေးခမျာ အေးစက်သော ချိုင့်ဝှမ်း အောက်ခြေအထိ နစ်မြုပ်သွားခဲ့လေသည်။ နှလုံးမီးအိမ် ပြန်ပေးပြီးလျှင် သူသည် ချန်မိသားစုနှင့် မိတ်ဖွဲ့နိုင်ပြီး အမှန်တရားကို ရှာဖွေနိုင်ပြီ။ သို့သော် ဤကလေးသာ နှလုံးမီးအိမ်ကို အမွေဆက်ခံရလျှင်ပင် နေ့ချင်းညချင်း ကြီးပြင်းလာဖို့ ဆိုတာ မဖြစ်နိုင်ဘူးလေ။ 


"မေးလို့ပြီးပြီလား... မေးပြီးရင် ပြန်မယ်!"


ဟုန်ကျွင့် ဒီအကြောင်းကို တွေးနေပေမယ့် အဆုံးမှာတော့ သူဘာမှ မသိလိုက်ရပေ။ ချန်မိသားစုထဲမှာ အမြဲကောင်းနေတဲ့သူတွေ ရှိနေဆဲမို့ ညလင်းပုလဲအချို့ကို ရေတွက်ပြီး သွမ့်ရှစ်လက်ထဲ ပေးလိုက်သည်။ 


"မင်းတို့ ဘဝကို ကောင်းကောင်း ရှင်သန်ကြပါ... တစ်ခုခုဖြစ်ရင် ကျင်းချောင်လမ်းက နတ်ဆိုးနှင်ဌာနမှာ ကျွန်တော့်ကို လာရှာလှည့်...."


သွမ့်ရှစ်သည် ပုလဲ၏ အဖိုးတန်မှုကို မြင်သောအခါ ကမန်းကတန်း ​ပြန်​ပေးလိုက်သော်လည်း ဟုန်ကျွင့်က ထပ်ခါတလဲလဲ အခိုင်အမာ ပြောနေတာကြောင့် သူမ လက်ခံလိုက်ရသည်။ လီကျင်လုံ အလွန်အံ့အားသင့်သွားပြီး ဟုန်ကျွင့်ကို လှည့်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။


"ခင်ပွန်းဖြစ်သူနဲ့ သိလို့​လား" သွမ့်ရှစ်က ကျေးဇူးတင်စွာဖြင့် မေးသည်။


"မသိပါဘူး" ဟုန်ကျွင့် ရိုးရိုးသားသားပဲ ပြောသည်။


သူတို့နှစ်ယောက်လုံးဟာ အလွန်ထူးဆန်းတဲ့အမူအရာတွေ ရှိ​​​နေကြပြီး လီကျင်လုံမှာလည်း ဟုန်ကျွင့် သူဘာလုပ်ချင်​​နေလဲ မသိတာကြောင့် သူ့လက်အောက် ငယ်သားကို ကူညီပေးဖို့သာ တတ်နိုင်ခဲ့သည်။ 


"ကျွန်​တော့်ညီလေးက သူ့ဘဝတစ်လျှောက်လုံး ကဗျာဖတ်တာကို အကြိုက်ဆုံးပဲ... အထူးသဖြင့် ချန်ကျစ်အန်းရဲ့ စိတ်ကို အရမ်းသဘောကျတယ်လေ..."


"အာ....." 


အမျိုးသမီးသွမ့်က နားလည်ကြောင်း ခေါင်းညိတ်ရင်း ဒီလူငယ်လေးဟာ ကဗျာဖတ်တဲ့ အကျင့်ရှိပြီး ချန်ကျစ်အန်း အတွက် ဒီကိုလာဖို့ မျှော်လင့်ထားတာကြောင့် ချန်မိသားစုရဲ့ ဘိုးဘေးတွေကို သူငယ်ချင်းဟောင်းတွေ အဖြစ် မှတ်ယူခဲ့တာ ထင်ရှားပေသည်။ 


ဟုန်ကျွင့် သက်ပြင်းချရင်း မျက်မှောင်လည်း ကြုတ်ကာ တက်လိုက်ဆင်းလိုက် လျှောက်လာရင်း လီကျင်လုံ နောက်သို့ လိုက်သွားခဲ့လေသည်။


“သွားကြရအောင်" 


ဟုန်ကျွင့် လီကျင်လုံ အနောက်တွင် ရပ်လိုက်၏။ လီကျင်လုံ၊ ကလေး နှင့် အမျိုးသမီး တို့သည် မျဉ်းဖြောင့်အတိုင်း တန်းစီနေကြသည်ကို မြင်လိုက်ရသည်နှင့် ရုတ်တရက် လီကျင်လုံ ခန္ဓာကိုယ်မှ နှလုံးမီးအိမ်ကို လှုပ်ခါနိုင်မလား ဟူသည့် အတွေးတစ်ခု ဝင်လာခဲ့​လေသည်။


"ခန္ဓာကိုယ်နဲ့ အရိုးတွေ အားလုံးထဲက ဝိညာဉ်အစစ်တွေ ပေါ်လာစေ!"


သူစကားပြောပြီးတာနဲ့ ဟုန်ကျွင့်ဟာ သူ့ရဲ့အ​ရောင် ငါးရောင်ရှိတဲ့ နတ်အလင်းရောင်ကို ထုတ်လွှတ်ကာ လီကျင်လုံရဲ့ကျောပေါ်မှာ အလင်းတံဆိပ်တစ်ခု တင်လိုက်လေသည်။ 


တခဏချင်းမှာပဲ ရောင်စုံအလင်းတန်း ငါးရောင်က လီကျင်လုံရဲ့ ကိုယ်ခန္ဓာကို ကျယ်လောင်တဲ့ အသံနဲ့အတူ ဖုံးအုပ်သွားလေသည်။ ငါးရောင်ခြယ် အလင်းရောင်က လီကျင်လုံရဲ့ လမ်းကြောင်းကို လွှမ်းခြုံသွားပြီး သူ့တစ်ကိုယ်လုံးမှာ အလင်းရောင်တွေ ဖြာထွက်သွားသည်။ အလင်းရောင်ကြောင့် သူ့ရုပ်ကို ကြည့်လို့မရအောင် ဖြစ်လာ၏။


သွမ့်ရှစ် လန့်သွားပြီး ကလေးငယ်ကို ပွေ့ဖက်လိုက်သည်။


"ခေါင်း ခေါင်း ခေါင်း ခေါင်းဆောင်လီ... ရှင့်တစ်ကိုယ်လုံး တောက်ပြောင်နေတာပဲ... အရမ်း တောက်ပနေတယ်--!"


လီကျင်လုံနဲ့ သွမ့်ရှစ်တို့ အာရုံပြန်မပေါ်မီတွင် ဟုန်ကျွင့်သည် လီကျင်လုံခန္ဓာကိုယ်ကို အလင်းငါးရောင်ဖြင့် အမြန်ရှာဖွေခဲ့သည်။ နှလုံးလမ်းကြောင်းသည် ဗလာဖြစ်နေကာ နှလုံးမီးအိမ်ကို မခံစားနိုင်ပေ။ 


တခဏချင်းမှာပဲ လီကျင်လုံဟာ ​​သူ့ရင်ဘတ်ထဲမှ စွမ်းအင်နဲ့ သွေးတွေ တဟုန်ထိုး တက်လာတာကို ခံစားလိုက်ရပြီး သူ့ရဲ့ဝိညာဉ်သုံးပါးနဲ့ အသက်ခုနစ်ချောင်းဟာ တပြိုင်နက်တည်း ခန္ဓာကိုယ်ထဲက လှုပ်ခါလုနီးပါး ဖြစ်သွားပြီး သူသောက်လိုက်တဲ့ ရေက အထိန်းအကွပ်မဲ့စွာ တဟုန်ထိုး ပန်းထွက်လာ၏။ ထိုစဥ် ကလေးက ရုတ်တရက် ကျယ်လောင်စွာ အော်ငိုလေတော့သည်။ 


တစ်နာရီ ကြာပြီနောက် နတ်ဆိုးနင်ဌာန၌။


"မင်း ဘာလုပ်တာလဲ!"


လီကျင်လုံ ဟုန်ကျွင့်အား အော်လေတော့သည်။


"မင်းရဲ့လစာကို တစ်လခွဲလောက် နုတ်ယူမယ်!"


ဟုန်ကျွင့်က ကမန်းကတန်း ပြန်ပြောသည်။ 


"ကိစ္စမရှိပါဘူး တစ်လပဲ နုတ်ပါလားဟင်... စိတ်အေးအေးထားပါ...စိတ်အေးအေးထားပါ..."


"မင်းငါ့ကို ဘယ်လို နှိုးဆော်လိုက်တာလဲ... ငါ့ကို ပြဇာတ်ကသလို ဆက်ဆံနေတာလား?"


လီကျင်လုံမှာ ဒေါသတွေကြောင့် တဆက်ဆက် တုန်နေလေသည်။ 


"ဒါက မယုံနိုင်စရာ ကောင်းလွန်းတော့ ငါပြောလိုက်ရင်လည်း မင်းငါ့ကို မယုံမှာကြောက်လို့"


လီကျင်လုံ လှည့်ထွက်သွားတော့ ဟုန်ကျွင့် တစ်ဖက်လူရဲ့ အင်္ကျီစကို လှမ်းဆွဲလိုက်လေသည်။ 


"နံရံကို မျက်နှာမူပြီး ရပ်နေ! ငါ မင်းကို အပြစ်ပေးမယ်... ညစာစားတဲ့အချိန်အထိ အဲ့မှာပဲ ရပ်နေ!"


"မင်းဘာပြဿနာ ထပ်ရှာလာပြန်ပြီလဲ" 


ငါးကြင်းနတ်ဆိုးက ရေကန်ထဲက တက်လာပြီး မေးလေ၏။ 


"တစ်ယောက်ယောက်ကတော့ မင်းကို အပြစ်ပေးပြန်ပြီ!"


ဟုန်ကျွင့်သည် ငါးကြင်းနတ်ဆိုးကို သွားများ ကိုက်ကာ မကျေနပ်ကြောင်း ထုတ်ဖော်ပြသလိုက်သည်။ သို့သော်လည်း လီကျင်လုံ ထွက်သွားပြီး မကြာမီမှာပင် ခြံဝန်းဆီသို့ ပြန်​ရောက်လညခဲ့သည်။


"ဘယ်လို မယုံနိုင်စရာလဲ" 


လီကျင်လုံ ဟုန်ကျွင့်ရှေ့မှာ ရပ်လိုက်သည်။ 


"မင်းနောက်ပြောင်တာမျိုး မဟုတ်သရွေ့ မင်းကို အပြစ်ပေးမှာ မဟုတ်ဘူး.. ဆိုတော့ သေချာပြောပြ!"


ဒါကို မြင်လိုက်တာနဲ့ ဟုန်ကျွင့်လည်း သူ့မှာ ရွေးချယ်စရာ မရှိတော့ကြောင်း သိလိုက်ရတာကြောင့် လီကျင်လုံနဲ့ သူ့ရဲ့ ရန်ပွဲအကြောင်း အားလုံးကို ပြောပြလိုက်ရလေသည်။ ချန်ကျစ်အန်းရဲ့ သားမြေးများထံ မီးအိမ် ပြန်ပေးရမည့် ကိစ္စကိုလည်း သူအစောက မဆင်မခြင် လုပ်လိုက်ရတဲ့ ရှင်းပြချက်တစ်ခုအဖြစ် မှတ်ယူနိုင်တယ် မဟုတ်လား။ 


အချိန်အတော် ကြာသွားတဲ့အထိ လီကျင်လုံက စကားတစ်ခွန်းမှ မပြောလာရာ ဟုန်ကျွင့်လည်း အနည်းငယ် စိတ်ဓာတ်ကျသွားတော့သည်။ 


"ချင်းရှူံ ဒီမှာရှိနေရင် အရမ်းကောင်းမှာပဲ"


"ဒါဆို ဆိုလိုတာက နှလုံးမီးအိမ်က မတော်တဆ ငါ့ခန္ဓာကိုယ်ထဲကို ဝင်သွားတာလား?"


"ငါလည်း မသေချာဘူး" 


လီကျင်လုံ မျက်နှာ အနည်းငယ် ပျော့သွားသည်ကို မြင်လိုက်ရသဖြင့် ဟုန်ကျွင့် ခပ်သွတ်သွတ်လေး ဆက်ပြောလိုက်သည်။ 


"မင်းမှာ မရှိရင်တော့ရင်တော့ ဒုက္ခရောက်ပြီ... အဆင်မပြေရင် ငါလည်း အိမ်ပြန်နိုင်မှာ မဟုတ်ဘူး....ခေါင်းဆောင် ဒီကိစ္စက သိပ်အရေးကြီးတယ် မင်းနဲ့ငါ့ကြားမှာ ရန်ငြိုးရန်စလည်း မရှိဘူး... ငါလည်းမင်းကို ဘယ်တော့မှ မနှောက်ယှက်ချင်ပါဘူး" 


ငါးကြင်းနတ်ဆိုးက ဝင်ပြောလိုက်သည်။ 


"မမြင်ရတာကျလို့!! ရန်ငြိုးရန်စ မရှိဘူးပေါ့လေ... မင်းနဲ့ ငြိစွန်းနေတဲ့သူတွေမှ အများကြီး!" 


"ဝင်မနှောက်ယှက်နဲ့!"


ဟုန်ကျွင့်နဲ့ လီကျင်လုံတို့ တစ်ချိန်တည်းတွင် ငါးကြင်းနတ်ဆိုးဘက်သို့ လှည့်အော်လိုက်ကြသလို ဟုန်ကျွင့်က ထပ်ပေါင်း ပြောလိုက်သေးသည်။ 


"မင်းရဲ့ရေကူးကန်ကိုပဲ ပြန်သွားစမ်းပါ" 


ငါးကြင်းနတ်ဆိုးလည်း ၎င်း၏အမြီးကို ခါယမ်းကာ ထွက်ပြေးသွားခဲ့သည်။


လီကျင်လုံ: "ဒါကိုအတည်ပြုကြည့်... ငါမင်းနဲ့ ပူးပေါင်း​ပေးမယ်"


"ဒါဆို ငါလုပ်မယ်နော်?"


လီကျင်လုံသည် ဟုန်ကျွင့်ကို အရှေ့ခန်းရှိ စင်္ကြံဆီသို့ ခေါ်ဆောင်သွားပြီး စင်္ကြံတွင် ဘေးချင်းကပ် ထိုင်လိုက်သည်။ ထို့နောက် လီကျင်လုံက သူ့အင်္ကျီကို ကြယ်သီးဖြုတ်ကာ နေရောင်အောက်တွင် သူ၏ ဂျုံရောင် ကြွက်သားများကို ထုတ်ဖော်ပြသလိုက်သည်။


"နည်းနည်း စိတ်လျှော့ပါ" ဟုန်ကျွင့် ဆိုလေ၏။ 


"မဟုတ်ရင် သိပ်အဆင်ပြေမှာ မဟုတ်ဘူး"


ဟုန်ကျွင့် အသက်ပြင်းပြင်း ရှူပြီး သူ့ကိုယ်သူလည်း စိတ်လျှော့ထားလိုက်သည်။ စိတ်ထဲမှ နှလုံးမီးအိမ်ရဲ့ နေရာကို ရှာတွေ့ပါရစေလို့လည်း တွေးနေမိ၏။ ဒါကြောင့် သူက လီကျင်လုံရဲ့ ရင်ဘတ်ပေါ် သူ့လက်ကို ဖိချလိုက်ပြီး သူ့ရဲ့သွေးကြောတွေထဲကို အလင်း​ရောင် ငါးရောင် ထိုးသွင်းလိုက်သည်။ 


လီကျင်လုံ တုန်လှုပ်သွားပြီး သူ့တစ်ကိုယ်လုံးတ စွမ်းအင်နှင့် သွေးများ တဟုန်ထိုး တက်လာတာကို ခံစားလိုက်ရသည်။ ထို့နောက် ချက်ချင်းတွင် နတ်အလင်းရောင် ငါးရောင်ရှိသော စွမ်းအင်သည် သူ့နှလုံးသားထဲသို့ ထိုးသွင်းလိုက်​ပေ၏။


ဟုန်ကျွင့် အာရုံစိုက်နေသည့် အခိုက်အတန့်တွင် အနောက်ကနေ အသံတစ်ခု ထွက်လာခဲ့သည်။ 


"ဝိုး! ခေါင်းဆောင်လီ မင်း ဘာလုပ်နေတာလဲ?"


တလီတရားရုံးမှ တာဝန်ရှိသူတစ်ဦးနှင့် အစိုးရဝန်ထမ်း တစ်ဦးသည် လီကျင်လုံ၏ အပေါ်ပိုင်း အဝတ်ဗလာနဲ့ပုံကြောင့် ကြောင်အနေကြလေသည်။ လီကျင်လုံ၏ရှေ့တွင် ထိုင်နေသည့် လူငယ်တစ်ဦးကလည်း လက်ကိုဆန့်ကာ လီကျင်လုံ၏ ရင်ဘတ်ကြွက်သားများကို ဆုပ်ကိုင်ထားလေသည်။


ဟုန်ကျွင့် ချက်ချင်း ရပ်သွားသော်လည်း နောက်ဆုံး အခိုက်အတန့်တွင် သူခံစားလိုက်ရပါ၏။ လီကျင်လုံ၏ နှလုံးသားထဲတွင် အိပ်ပျော်နေသော မျိုးစေ့ကဲ့သို့ အလွန်အားနည်းသော ခွန်အားတစ်ခု ရှိနေသည်။


လီကျင်လုံရဲ့ မျက်နှာမှာ နီရဲနေပြီး။ ဟုန်ကျွင့်ရဲ့ နောက်ကျောကို အကာအကွယ်ပေးရင်း သူ့အမူအရာမှာ ဒေါသနှင့် ရှက်ကိုးရှက်ကန်း ပြည့်နေသော်လည်း ဒေါသမထွက်ရဲပေ။ နှိမ့်ချခြင်း၊ သည်းမခံခြင်းများ မပြုနိုင်ဘဲ ဖြစ်နေသည်။ 


"အမတ်မင်းဟွမ်ကိုး.... ကျေးဇူးပြုပြီး အထဲကို ကြွပြီး.. လက်ဖက်ရည်သောက်ပါဦး"


ဟုန်ကျွင့် ​ပျော်​သွားသည်​။ သူ တွေ့ပြီ။ သူရှာတွေ့ပြီ။ သူတို့ တွေ့ကြုံရတဲ့ ဒုက္ခက နောက်ဆုံးတော့ ပြေလည်သွားနိုင်ပြီ။ သူ ခြံဝင်းထဲမှာ ခုန်ပေါက်နေစဥ် လီကျင်လုံက ဒေါသတကြီးနဲ့ လှည့်အော်လာ၏။ 


"ခုန်ဟုန်ကျွင့်!"


ဟုန်ကျွင့်လည်း လီကျင်လုံ၏ လက်သီးဆုပ်များအတိုင်း အတုယူကာ အလုပ်များနေသော တလီတရားရုံးက အမ​တ်မင်းဟွမ်ရုံကို နှုတ်ဆက်လိုက်လေသည်။  


"မလိုပါဘူး" ဟွမ်ရုံက လက်ဝေးယမ်းလိုက်သည်။ 


"ဒါက တလီတရားရုံးကနေ မင်းကိုပေးတဲ့ အမှုကိစ္စပဲ.... အင်း အမတ်ယန်က တလီတရားရုံးက ရှေ့တိုးဖို့ မလိုအပ်တဲ့ အမှုတွေကို မင်းဆီ တစ်စောင်ရေးပို့လိုက်မယ်တဲ့... အခု မင်းရဲ့ နတ်ဆိုးနှင်ဌာနကို ထူထောင်ပြီးပြီ... ဘုရင်မင်းမြတ်နဲ့ အမတ်ယန်က မင်းအပေါ် အရမ်းအကောင်းမြင်တယ်...လုံ့လရှိရမယ် တိုင်းပြည်အတွက် အမှုကိစ္စတွေကို ကိုင်တွယ်မယ်”


လီကျင်လုံ ခေါင်းညိတ်ပြလိုက်သည်။ ဟွမ်ရုံနဲ့ လျန်ဟောက်တို့နှစ်ယောက် ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ရယ်မောသံတွေက နံရံအပြင်ဘက်ကနေ ထွက်လာလေ၏။


"လီကျင်လုံက အစိုးရရုံးမှာ နေ့ခင်းကြောင်တောင် နွားနို့ တိုက်နေတယ်တဲ့ဟေ့.... ဟားဟားဟား..."


လီကျင်လုံ: "..."