Chapter 46
Viewers 2k

【Volume 2 : လက်ထောက်လေး ၂၃】


Chapter 46


"ငိုလိုက်ပါ" ကျန်းယွီချွမ်းသည် မျက်ရည်များရွှဲနေသော ကျန်းကျင်ယန်၏မျက်နှာကို ဆုပ်ကိုင်လိုက်ပြီး နဖူးကနေ မေးစေ့အထိ ဖြည်းညှင်းစွာ နမ်းလိုက်ကာ သူ့လှုပ်ရှားမှုများက လွှင့်ပျံနေသော ငှက်မွှေးလေးလို ညင်သာနေသည်။ "ကိုယ့်ရှေ့မှာ မင်းရဲ့ခံစားချက်တွေကို ထိန်းချုပ်စရာမလိုတော့ဘူး။"


ကျန်းကျင်ယန်သည် ခုတင်ဘေးရှိ စားပွဲပေါ်မှ စက္ကူဘူးကို တည်ငြိမ်စွာ လှမ်းယူကာ တစ်ရှူးနှစ်ခုကို ဆွဲထုတ်ပြီး မျက်ရည်များကို သုတ်ကာ နှာခေါင်းညစ်လိုက်သည်။


ဤအရာအားလုံးသည် သူ့အသိစိတ်၏ အတိုင်းအတာထက်ကျော်လွန်ပြီး တစ်ချိန်တည်းမှာပင် တုန်လှုပ်ချောက်ချားသွားသည်။ သူ့ရင်ဘတ်ထဲတွင် ချိုသက်သက်အရာများဖြင့် ပြည့်နေသလိုခံစားရပြီး သူ့မျက်လုံးများမှ မျက်ရည်များ အဆက်မပြတ် စီးကျလာသည်။


ကျန်းယွီချွမ်းသည် ကျန်းကျင်ယန်၏နှုတ်ခမ်းထောင့်ကို လက်ညှိုးဖြင့် အနည်းငယ် မြင့်တက်လိုက်ကာ ပြောသည်။ "မင်းပြုံးတဲ့ပုံစံကို ကိုယ်သဘောကျတယ်။ နောက်နောင် မင်း မျက်နှာတည်တည်နေစရာမလိုတော့ဘူး။"


"အင်း..." ကျန်းကျင်ယန်သည် နောက်ဆုံးတွင် အနည်းငယ်ငြိမ်သက်သွားပြီး နှာခေါင်းရှုံ့ကာ သူ့မျက်လုံးများ အနည်းငယ်မှုန်မှိုင်းနေခဲ့သည်။


ဒါပေမဲ့ ကျွန်တော် အေးစက်ပြီး တသီးတခြားဖြစ်တဲ့ပုံစံက ပိုကြည့်ကောင်းတယ်ထင်တာပဲ။ ရေခဲဘုရင်ပေါ့။


"မင်းက ဘယ်လိုပုံစံဖြစ်ဖြစ် ကြည့်လို့ကောင်းပါတယ်။" ကျန်းယွီချွမ်းသည် သူ့လက်ကို မြှောက်လိုက်ပြီး သူ၏နီရဲနေသော နှာသီးဖျားကို ညင်သာစွာ ပွတ်သပ်လိုက်သည်။


ဘာလို့လဲဆိုတော့…


ကိုယ် မင်းကို အရမ်းခိုက်သွားလို့လေ။


သူ၏ကြည်လင်ပြတ်သားပြီး ဝေးလံသောအသံက သူ၏ပုံမှန်အသံထက်တောင် အေးစက်နေသော်လည်း ကျန်းကျင်ယန်၏နားရွက်များကို လုံးဝနီရဲသွားသည်အထိ ပူလောင်စေခဲ့သည်။


ကျန်းယွီချွမ်း၏ နက်မှောင်သော မျက်လုံးများက အနည်းငယ် ကွေးသွားကာ ပြုံးလျက် ပြောသည်။ "နောက်နောင်မှာ မင်း အသံကျယ်ကျယ် မပြောနိုင်ရင် စိတ်ထဲမှာပဲ ပြောလိုက်ပါ"


"ကောင်းပြီ" ကျန်းကျင်ယန်သည် ကျန်းယွီချွမ်းကို ပထမဆုံးတွေ့သည့်နေ့လိုပဲ အသက်ပြင်းပြင်းရှူပြီး သူ့မျက်နှာကို ဂရုတစိုက်ပွတ်သပ်ပြီး အနီးကပ်ကြည့်လိုက်သည်။ "…ဒါဆို ကျွန်တော် ၁၁အရွယ်က ခင်ဗျားကို တွေ့ခဲ့တာပေါ့။"


ကျန်းယွီချွမ်းက ခေါင်းညိတ်သည်။ "ဟုတ်တယ်။"


"ကျွန်တော် အခု ၂၃နှစ်ရှိပြီ" ကျန်းကျင်ယန်သည် ကျန်းယွီချွမ်း၏ မျက်နှာကို ညစ်ကာ မေးလိုက်သည်။ "ဒါဆို ခင်ဗျား ဒီနှစ်တွေမှာ ဘာလုပ်နေတာလဲ"


နှစ်တွေအကြာကြီး single ဖြစ်ရလို့ ခွေးစာတွေ ဘယ်လောက်စားခဲ့ရသလဲဆိုတာ ခင်ဗျားသိလား။ ဟမ်…


ကျန်းယွီချွမ်းသည် ကျန်းကျင်ယန်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သက်ပြင်းချကာ ပြောသည်။ "အဲဒီအချိန်တုန်းက ဒီခန္ဓာကိုယ်က အရမ်းအားနည်းနေသေးတယ်လေ။ ကိုယ် အချိန်အတော်ကြာအောင် အားဖြည့်ခဲ့ရတယ်၊ ဆေးရုံက ဆင်းပြီးတဲ့နောက်မှာ ကိုယ် မင်းကို လိုက်ရှာခဲ့တယ်၊ ဒါပေမဲ့... အဲဒီမှာ မင်းမရှိတော့ဘူး"


သူ့မှတ်ဉာဏ်ထဲတွင် ကောင်လေးသည် ပိုက်ဆံသွားယူရန် သူ့အား အိမ်ပြန်ပွေ့သွားသည့်အတွက် ကျန်းယွီချွမ်း ထိုနေရာကို မှတ်မိနေသေးသည်။


၎င်းသည် လူနေအဆောက်အအုံဟောင်းတစ်ခုဖြစ်ပြီး စင်္ကြံ၏အဖြူရောင်နံရံများကို ရှုပ်ပွသောပုံ၊စာများဖြင့် ဖုံးအုပ်ထားပြီး ကျန်းကျင်ယန်အိမ်၏ မှောင်မိုက်သောလုံခြုံရေးတံခါးကို အနီရောင်တောက်တောက်ဖြင့် ဖုံးအုပ်ထားသည်။


"အကြွေးဆိုတာ ယူပြီးရငိ ပြန်ဆပ်ရတယ်"


"ယူတဲ့အကြွေးကို ပြန်မဆပ်ရင် တစ်မိသားစုလုံး သေပါစေ"


အိမ်တွင် ဘယ်သူမှမရှိပေ။


"မင်းတို့အကြွေးရှင်တွေဆီက ရှောင်ဖို့ ပြောင်းသွားတာလို့ တခြားသူတွေဆီက ကိုယ်ကြားခဲ့တယ်။ နောက်တော့ ကိုယ် အဲဒီကို အကြိမ်ကြိမ် သွားခဲ့တယ်။ အိမ်ကို လူငှားအသစ်တွေ ပြောင်းသွားတာတောင် ကိုယ် အားတိုင်း သွားကြည့်နေဆဲပဲ။ ကိုယ် မင်းကို တွေ့တဲ့လမ်းကြားလည်းရှိတယ် ဒါပေမဲ့…" ကျန်းယွီချွမ်းက သူ့ကို စိုက်ကြည့်နေသည်။


သူ သေခါနီး လဲလျောင်းနေခဲ့သော ဒုတ္တာပြာဘေးတွင် ဘယ်သူထားခဲ့မှန်းမသိသည့် ရေအိုးကြီးတစ်အိုးရှိနေသည်။ ရေနှင်းပန်းများက ရေမျက်နှာပြင်ပေါ်မှာ ပေါလောမျောနေပြီး ရေအိုးအောက်ခြေတွင် မျက်နှာမထင်ရှားသော ရုပ်တုတစ်ခုရှိသည်။ ၎င်းက မည်သို့နတ်ဘုရားမျိုးလဲ သူမသိချေ။ တစ်ဆင့်နှင့် ငါးဆင့်ဒင်္ဂါးများက ရုပ်တုပတ်ပတ်လည်တွင် ပြန့်ကျဲနေသည်။


ဖြတ်သွားဖြတ်လာလူများသည် ပစ္စည်းများကို ပေါ့ပေါ့တန်တန် ပစ်ချပြီး ကြုံသလို ဆန္ဒတစ်ခု ပြုလုပ်ကြသည်။


မိသားစုကြီးပွားချမ်းသာပါစေ၊ ပညာရေးအောင်မြင်ပါစေ၊ မိသားစုကျန်းမာချမ်းသာကြပါစေ...


အထက်တန်းကျောင်းဝတ်စုံဝတ်ထားသည့် ကောင်လေးသည် ကျောင်းဆင်းပြီးချိန်တိုင်း လက်ပိုက်လျက် အေးစက်စက်မျက်နှာနှင့် သည်ကို အမြဲတမ်း လာတတ်သည်။ သူထွက်သွားတော့မည်ဆိုလျှင် လူများလုပ်သလို အတုယူပြီး အကြွေစေ့တစ်စေ့ထုတ်ကာ အိုးထဲကို ပစ်ထည့်လိုက်သည်။


ကျွန်တော် သူ့ကို ထပ်တွေ့ချင်တယ်…


တံစက်မြိတ်ထောင့်မှ မိုးရေစက်များသည် ရေကန်ထဲသို့ ကျဆင်းလာကာ နွေဦးရောက်ပြီး ဆောင်းဦးရာသီကုန်ဆုံးသွားခဲ့ကာ ရေနှင်းပန်းများ ညှိုးနွမ်းသွားခဲ့သော်လည်း ကောင်ကလေးသည် နောက်တစ်ကြိမ် ပေါ်မလာတော့ပေ။


"…ကျွန်တော် မှတ်မိပြီ" ကျန်းကျင်ယန်၏ မျက်လုံးများတွင် ရှုပ်ထွေးမှုများ ခဏတာပေါ်လာပြီး လက်သီးကို တင်းတင်းဆုပ်ကာ ဒေါသတကြီး ပြောလိုက်သည်။ "အဲဒီအချိန်တုန်းက ကျွန်တော့်အဖေ လောင်းကစားအကြွေးတွေတင်လို့ ကျွန်တော်တို့ သားအမိသုံးယောက်ကို ထားခဲ့ပြီး ထွက်ပြေးသွားတာ။"


နောက်ပိုင်းတွင် မုဆိုးမနှင့် သူမ၏ကလေးများသည် အကြွေးတောင်းရန် ရောက်လာသော လူဆိုးများ၏ နှောင့်ယှက်မှုကို ခံခဲ့ရသောကြောင့် သူတို့၏ပစ္စည်းများအားလုံးကို ယူကာ တစ်ညလုံး တခြားမြို့များသို့ ရထားဖြင့် သွားခဲ့ကြသည်။


ထိုအချိန်တွင် ကျန်းယွီချွမ်းသည် ဆေးရုံတွင် သူ၏ဒဏ်ရာမှပြန်လည်ကောင်းမွန်လာဆဲဖြစ်သည်။


နှစ်အနည်းငယ်ကြာပြီးနောက် ကျန်းကျင်ယန်၏မိခင်သည် နောက်အိမ်ထောင်ပြုပြီး သူမ၏ဒုတိယခင်ပွန်းဖြစ်သူနှင့်အတူ သူမ၏မူလမြို့သို့ ပြန်လာခဲ့သည်။ ကျန်းကျင်ယန်သည် နှစ်နှစ်ကြာ အထက်တန်းကျောင်းကို ပြန်လည်တက်ရောက်ပြီးနောက် တခြားမြို့တွင် တက္ကသိုလ်သွားတက်ခဲ့သည်။ ဘွဲ့ရပြီးနောက် သူသည် သူ့ဇာတိမြို့ကို ပြန်လာသော်လည်း ငယ်စဉ်က ငှားနေခဲ့သောအိမ်နှင့် ကျောင်းသို့သွားရာလမ်းတွင် နေ့တိုင်းဖြတ်သွားနေသောလမ်းကြားသည် သူ့အတွက် နွေးထွေးသောအမှတ်တရများ မချန်ထားခဲ့သောကြောင့် သူ ဘယ်တော့မှ ပြန်မသွားတော့ပေ။


"ခင်ဗျားလိုမျိုး ကျွန်တော်လည်း အားတဲ့အချိန်တိုင်း ပြန်သွားကြည့်ခဲ့ရင်" ကျန်းကျင်ယန်သည် အနည်းငယ် နောင်တရစွာ သက်ပြင်းချလိုက်သည်။ "ကျွန်တော်တို့ နှစ်တွေအစောကြီး သိလာနိုင်တယ်"


ကျန်းယွီချွမ်းသည် ခေါင်းယမ်းလိုက်ပြီး သူ့မျက်လုံးများက ချစ်ခင်မှုပြည့်နေသည်။ "မင်းကိုပြန်တွေ့ရတာနဲ့တင် ကိုယ်ကျေနပ်ပါပြီ။ အဲဒီနေ့က ကိုယ့်ကိုတွေ့ဖို့ လင်ဖုက မစ္စတာစူးကို ခေါ်လာတဲ့အချိန် မင်း နောက်ကနေ လိုက်လာတယ်လေ။ မင်းစိတ်ထဲမှာ စကားပြောလိုက်တာနဲ့ ကိုယ်သိလိုက်ပေမဲ့… အဲဒီချိန်တုန်းက မင်းကြောက်သွားမှာစိုးလို့ ကိုယ် အကျယ်ကြီး မပြောခဲ့တာ"


ကျန်းကျင်ယန်သည် ကျန်းယွီချွမ်းကို ပထမဆုံးတွေ့သောအခါ သူ့ကိုယ်သူ ပထမဆုံးတွေးခဲ့သောစကားများကို ချက်ချင်းပြန်သတိရလာသည်။


ကျန်းယွီချွမ်းသည် အဓိပ္ပါယ်ရှိရှိ ထပ်ခါတလဲလဲ ရယ်မောကာ ချင့်ချိန်သောလေသံဖြင့် "အဲဒီအချိန်က မင်းစိတ်ထဲမှာ ပြောတဲ့စကားက… ‘ပထမအမျိုးသားဇာတ်လိုက်(လင်ဖု)နဲ့ သဟဇာတမဖြစ်တဲ့ ဒဏ္ဍာရီလာ ဒုတိယအမျိုးသားဇာတ်လိုက်(ကျန်းယွီချွမ်း)ကတော့ ပေါ်လာပြီ။ နောက်ကျရင် မစ္စတာကျန်းက ငါတို့ရဲ့အဖြူရောင်ပန်းလေးကို အလိုအလျောက် စွဲလမ်းပြီး သူ့ကို ရူးသွပ်စွာ ချစ်မိသွားလိမ့်မယ်။’"


"…ခင်ဗျား စကားတစ်လုံးချင်းစီ ထပ်ပြောနေစရာမလိုဘူး။" ကျန်းကျင်ယန်သည် ရှက်လွန်း၍ ခုတင်အောက်ကို ဆင်းချင်လာသည်။


ဘုရားရေ… ငါတို့ကံကြမ္မာပြန်လည်ဆုံဆည်းမှုက တကယ်တော့ ဒီလိုပုံစံပါလား။


"အချိန်တိုင်း ရှာဖွေဖို့ မစွန့်လွှတ်ရတဲ့ အကြောင်းရင်းက ကိုယ့်ရဲ့ကျေးဇူးကို ပြန်ဆပ်ချင်တဲ့ ဆန္ဒကြောင့်ပါ။ မင်းအတွက် တစ်ခုခုလုပ်ပေးချင်တယ်၊ မင်းကို ပိုက်ဆံ၊ အဆင့်အတန်းနဲ့ မင်းလိုချင်တာမှန်သမျှ ပေးချင်တယ်။ ဒါပေမဲ့ နောက်ဆုံး မင်းကိုတွေ့တဲ့အခါ ငါခံစားလိုက်ရတာက…" ကျန်းယွီချွမ်းသည် ပူလောင်အောင်နီရဲနေသော ကျန်းကျင်ယန်၏မျက်နှာကို ဆုပ်ကိုင်ထားပြီး သူ့မျက်လုံးများသည် စာအုပ်ထဲကလိုပင် “ပျော်ရွှင်မှု”ဖြင့် တောက်ပနေသည်။ "ဘယ်အရာမှ မလုံလောက်ဘူးဆိုတာပဲ။ မင်းဆီ ကိုယ့်ကိုယ်ကိုယ် ပေးအပ်ချင်မိတယ်။"


ကျန်းကျင်ယန်၏နှလုံးသားက အဆက်မပြတ်လှုပ်ခတ်နေသည်။


"မင်းက အရမ်းချစ်စရာကောင်းတာပဲ။" ကျန်းယွီချွမ်းသည် ကျန်းကျင်ယန်၏စကားများကို ကျီစယ်သောအပြုံးဖြင့် ထပ်ခါပြောလိုက်သည်။ "ကိုယ် မင်းကြောင့် မခံနိုင်လောက်အောင် ဆွဲဆောင်ခံရပြီး အရူးအမူးချစ်မိသွားခဲ့တယ်။"


ကျန်းကျင်ယန်သည် စိတ်ပျက်လက်ပျက် သူ့မျက်နှာကို ကာထားသည်: "…"


လွှမ်းမိုးခြင်းစီအီးအိုတစ်ဦးဆီကနေ ဒီဂန္တဝင်စာကြောင်းကို သူ့ဆီပြောတော့ အရမ်း‌ရှက်စရာကောင်းတာပဲ။


သူ၏ကျီစယ်သောအရသာကို အပြည့်အဝ ကျေနပ်နေသည့် ကျန်းယွီချွမ်းသည် ကျန်းကျင်ယန်၏ဆံပင်များကို ပွတ်သပ်ပြီး ပြောလိုက်သည်။ "ဒါနဲ့ မကြာသေးခင်က လင်ဖုကို အားလပ်ရက်အပန်းဖြေဖို့ ဖိတ်ခေါ်ခဲ့ပြီး အကျိုးခံစားခွင့်အနေနဲ့ ကုမ္ပဏီက သူ့လက်ထောက်နဲ့ ထူးချွန်တဲ့ ဝန်ထမ်းတွေကို ခေါ်လာဖို့ တိုက်တွန်းခဲ့တယ်... နောက်ပိုင်းမှာ မင်းဒီဝတ္ထုကို သဘောကျပြီး အဲဒီဇာတ်ကွက်တွေကို မင်းဆီမှာဖြစ်လိမ့်မယ်လို့ မကြာခဏ စိတ်ကူးလေ့ရှိကြောင်း ကိုယ်တွေ့ရှိခဲ့တယ်…" ကျန်းယွီချွမ်းသည် သူ့လေသံကို အလေးပေးကာ ဖြည်းညှင်းစွာပြောသည်။ "ဒါကြောင့် ဒီဇာတ်ကွက်တွေကို မင်းဆီတကယ်ဖြစ်အောင် ကိုယ်ဖန်တီးခဲ့တာ။"


"...မထူးဆန်းပါဘူး" ကျန်းကျင်ယန်သည် ခဏတာ အံ့အားသင့်သွားကာ ကျန်းယွီချွမ်း၏ရင်ခွင်ထဲတွင် သူ့မျက်နှာကိုမြုပ်ရင်း သူ့မျက်လုံးများ နီရဲနေပြီး သူ၏အေးစက်ပြီး နူးညံ့သော အသက်ရှုသံများက သူ့ကို ဝန်းရံထားလေသည်။


အိပ်မက်အားလုံးက အမှန်တကယ်ဖြစ်လာတာ တိုက်ဆိုင်မှုမဟုတ်ဘူးပဲ။


နှစ်ရှည်လများအတွင်း ကံကြမ္မာ၏ မျဉ်းကွေးသည် ရှုပ်ထွေးပြီး ပြန့်ကျဲနေပုံရသော်လည်း သူတို့သည် သူတို့၏ကိုယ်ပိုင်လမ်းကြောင်းအတိုင်း ဆုံးဖြတ်ခံရသာ်။ အတွေးတစ်ခုတည်းဖြင့် သူတို့ကို ချည်မျှင်အဖြစ်သို့ ရောယှက်သွားစေသည်။


"ကိုယ်တို့ နှစ်တွေအများကြီး အလဟဿဖြစ်ခဲ့လို့ ဘယ်တော့မှ ထပ်ပြီးမခွဲတော့ဘူး။" ကျန်းယွီချွမ်းသည် ခေါင်းငုံ့ပြီး ကျန်းကျင်ယန်၏ ဆံပင်များကို နမ်းလိုက်သည်။


"...ကောင်းပြီ" ကျန်းကျင်ယန်သည် အားတက်သရော ခေါင်းညိတ်လိုက်ပြီး သည်နှစ်တွေအတွင်းမှာ တစ်ယောက်ကိုတစ်ယောက် ထပ်မတွေ့ခဲ့ရသည့်အတွက် ဝမ်းနည်းနေသေးသည်။


နှစ်တွေအများကြီး single ဖြစ်ရတာ ဘယ်လောက်ဝမ်းနည်းစရာကောင်းလိုက်သလဲ။


ငါ သင့်တော်တဲ့ ရည်းစားတစ်ယောက်ကို မရှာနိုင်ခဲ့လို့ အသက် ၂၀ ကျော်အရွယ်မှာ ငါ့ဘေးနားက အတွဲတွေ ချစ်ပြနေတာကိုပဲ ကြည့်ခဲ့ရတယ်။ ငါ့ရဲ့ပထမအနမ်းကို အခုမှ ပေးလိုက်ရတယ်။


အဲဒီလိုခံစားရတဲ့အခါ ငါ လုပ်နိုင်တာက နာမည်ကြီးအမျိုးသားတွေကိုမှန်းပြီး အာသာဖြေရတာပဲ။ ငါက နှာဘူးလုံးလုံးဖြစ်နေပြီ။


ငါ့ရဲ့လိင်မှုဘဝကို ပြန်ပေးစမ်း။



ရုတ်တရက် ကျန်းယွီချွမ်း၏အရောင်အဝါက မှုန်မှိုင်းလာသည်: "…"


ကျန်းကျင်ယန်: "…"


အား… ငါ ဘာလို့ ထပ်ပြီးညည်းနေရတာလဲ။ ဒါပေမဲ့ အကျင့်ဟောင်းတွေက တကယ်ကို ဖျက်ရခက်တာပဲ။


"ခင်ဗျား အခု ဘာမှမကြားလိုက်ဘူး။" ကျန်းကျင်ယန်သည် ကျန်းယွီချွမ်း၏ နားရွက်ကို အမြန်ပိတ်လိုက်သည်။


ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကျန်းယွီချွမ်းက အေးစက်စွာပြောသည်။ "အရမ်းနောက်ကျသွားပြီ၊ ဘယ်နာမည်ကြီးအမျိုးသားလဲ။"


"ကျွန်တော်မေ့သွားပြီ" ကျန်းကျင်ယန်သည် သူ့လက်ကို ပြင်းထန်စွာဝှေ့ယမ်းလိုက်ပြီး ကျန်းယွီချွမ်းနှင့်မတွေ့ခင်က သူ့မှာရှိခဲ့သော လိင်ပိုင်းဆိုင်ရာစိတ်ကူးယဉ်ပုံရိပ်က မရည်ရွယ်ဘဲ ပေါ်လာသည်။


ယောက်ျားပီသပြီး ကြမ်းတမ်းတဲ့လမ်းကြောင်းကို လျှောက်လှမ်းနေတဲ့ နာမည်ကြီးအမျိုးသားတစ်ယောက်ပေါ့။


သည်ကိစ္စကို ထုတ်ဖော်လာသောအခါ ကျန်းကျင်ယန်သည် သူ့ဗီရိုထဲတွင် တိတ်တိတ်လေးဖွက်ထားသော အလွန်ရှင်းလင်းသောဓာတ်ပုံအယ်လ်ဘမ်နှင့် ထိုနာမည်ကြီးအမျိုးသား၏ ပိုစတာများကို မှတ်မိနေခဲ့သည်။


သူ၏ရေကူးဘောင်းဘီဝတ်ထားသော ဗိုက်ကြွက်သားရှစ်မြောင်း၊ ရေစက်လေးများနှင့် တောက်ပနေသော ကြေးဝါရောင်အသားအရေ၊ ယောက်ျားပီသသော မျက်နှာထားနှင့် ရိုက်ကူးထားသော သူ၏ဓာတ်ပုံတစ်ပုံ…


အား… အား… တော်တော့။ ငါ့ဦးနှောက်ရေ… မင်း မှတ်မိနေအောင်လုပ်နေတာတွေ အခုချက်ချင်းရပ်ဖို့ ငါအမိန့်ပေးတယ်။


ဒါပေမဲ့ မှတ်ဉာဏ်တွေကို ထုတ်ဖော်လိုက်တာနဲ့ ပြန်ရုပ်သိမ်းဖို့ အရမ်းခက်တယ်…


ကျန်းယွီချွမ်း၏မျက်နှာသည် မည်းမှောင်လာပြီး "မင်း အိပ်ရာမဝင်ခင် ညတိုင်း အဲဒီဓာတ်ပုံအယ်လ်ဘမ်ကို ကြည်လား"


ကျန်းကျင်ယန်သည် ရုတ်တရက် သူ့ကိုယ်သူ သတိလစ်အောင် လက်သီးနှင့်ထိုးချင်လာသည်: "…"


"မင်းက သူ့ပို့စတာကိုတောင် နမ်းလိုက်သေးတယ်ပေါ့" ကျန်းယွီချွမ်းက မျက်ခုံးပင့်လိုက်သည်။


"ကျွန်တော် ဓာတ်ပုံအယ်လ်ဘမ်ကို လွှင့်ပစ်လိုက်ပြီးပြီ" ကျန်းကျင်ယန်က မျက်နှာနီရဲရဲဖြင့် ရှင်းပြခဲ့သည်။ "ကျွန်တော် သူ့ကို မကြိုက်တာကြာပြီ၊ ပိုစတာတွေကို စက္ကူအမှိုက်အဖြစ် ရောင်းလိုက်ပြီးပြီ"


ပြောပြီးနောက် ကျန်းကျင်ယန်၏ဦးနှောက်သည် ပိုင်ရှင်၏ဆန္ဒကို ဆန့်ကျင်ပြီး နောက်ထပ်မှတ်ဉာဏ်တစ်ခုကို ပြန်အမှတ်ရပြန်သည်။


ငါက ယောက်ျားပီသတဲ့ နာမည်ကြီးအမျိုးသားရဲ့ ဓာတ်ပုံအယ်လ်ဘမ်နဲ့ ပို့စတာတွေကို စက္ကူစုတ်အဖြစ် ရောင်းချခဲ့ရတဲ့ အကြောင်းရင်းက ငါ တခြားကိုယ်ကျင့်သိက္ခာရှိတဲ့ ရေခဲတမျှအေးစက်တဲ့ နာမည်ကြီးအမျိုးသားတစ်ယောက်ကို စွဲလမ်းသွားလို့ပဲ။


"အဲဒါမဟုတ်ဘူး။" ကျန်းကျင်ယန်သည် သူ့ခေါင်းကိုထုတ်ပြီး လိမ်လိုက်သည်။ "ကျွန်တော် သူ့ကို နည်းနည်းပဲ သဘောကျတာ… ကျွန်တော် သူ့ခေါင်းအုံးနဲ့ပဲ အိပ်တာမျိုးရှိတယ်။"


တကယ်တော့ ငါ အဲဒါနဲ့ တစ်လလောက်အိပ်ခဲ့တာ။


မိုက်လိုက်တဲ့ ငါ့ဦးနှောက်။ ဦးနှောက်ရေ ရပ်တော့လို့။ မင်းက ပိုပိုပြီး တရားလွန်လာပြီ။


ကျန်းကျင်ယန်သည် အနာဂတ်တွင် ခံစားရမည့် ရှက်ရွံ့မှုအားလုံးကို အသုံးပြုပြီးသွားပြီဟု ခံစားလိုက်ရပြီး ရှက်လွန်းသဖြင့် ထုံကျင်သွားသည်။


အရမ်းကောင်တယ်၊ ဒီကမ္ဘာပေါ်မှာ ငါ့ကို ရှက်ရွံ့စေမဲ့အရာမျိုး မရှိနိုင်တော့ဘူး…


ငါက အရှက်တရားမဲ့တဲ့ ပိရမစ်ထိပ်မှာ ရပ်နေတဲ့လူပဲ။


အရှက်မဲ့ဘုရင်။


ကျန်းယွီချွမ်းက အေးစက်စွာပြောလိုက်သည် "အဲဒီနာမည်ကြီးနှစ်ယောက်စလုံး ကိုယ့်လောက် မချောပါဘူး။"


"သေချာတာပေါ့၊ မင်းက ပိုချောတယ်။" ကျန်းကျင်ယန် ငိုလုမတက်ဖြစ်နေသည်။


ကျန်းယွီချွမ်းသည် သူ့ကို အမူအရာမဲ့စွာ စစ်ဆေးမေးမြန်းခဲ့သည်။ "မင်း သူတို့နဲ့အတူ ဘာလုပ်ဖို့ စိတ်ကူးယဉ်ခဲ့ဖူးလဲ။"


"ဘာမှမလုပ်ပါဘူး။ အများဆုံးမှ ကျွန်တော် လက်ကိုင်ဖို့လောက်ပဲ စိတ်ကူးယဉ်ဖူးတာ။" ကျန်းကျင်ယန်သည် အပြင်းအထန် ငြင်းဆန်နေသော်လည်း သူ့ဦးနှောက်သည် မှတ်ဉာဏ်များကို အပြင်းအထန်ထုတ်ဖော်နေပြီး သူ့ပိုင်ရှင်ကို သစ္စာဖောက်နေသည်။


တစ်မိနစ်လောက်ကြာတော့ ကျန်းယွီချွမ်း၏ မနာလိုစိတ်က အခန်းထဲတွင် ပြည့်လုလုနီးပါးဖြစ်နေသည်။ "ကျန်းကျင်ယန်၊ မင်းတော့ သွားပြီ"


ထို့နောက် တစ်စက္ကန့်တွင် ကျန်းကျင်ယန်သည် ကျန်းယွီချွမ်းကြောင့် ခုတင်ပေါ်ကို ကြမ်းတမ်းစွာ တွန်းချခံရပြီး သူ့မျက်နှာမှ မျက်ရည်များစီးကျလာသည်။


ကျွန်တော် အရမ်းတောင်းပန်ပါတယ် ယောက်ျားရယ်။ ကျွန်တော် မှားသွားပါတယ်။ ကျွန်တော် ထပ်ပြီး ဘယ်သူ့အကြောင်းမှ မ… တွေး… တော့… ပါ… ဘူး… ရပ်ပါတော့… အားးးးးးးးးးး……


TK Team Chapter 46