Chapter 23
Viewers 2k

【Volume 1 : ဆင်းရဲခြင်းနတ်ဘုရားလေး အချပ်ပို】


Chapter 23 (သူငယ်တန်း) 


နောင်နှစ်ပေါင်းများစွာကြာသော်


တည်နေရာကတော့ နေကြာပန်းလေးသူငယ်တန်းကျောင်းဖြစ်သည်။


ကလေးများအတွက် အားလပ်ချိန်ဖြစ်၏။


သူငယ်တန်း စီနီယာအတန်းမှ ကလေးများက ပျော်ရွှင်စွာ ဆော့ကစားနေကြသည်။ စီနီယာအတန်းသို့ ရောက်ရှိလာသော လင်ရှောင်ဖုသည် အသက်ငါးနှစ်ရှိသော နတ်ဘုရားလေး စူးရှောက်ချုံနှင့် ဒန်းလွှဲရင်း ကစားနေခဲ့သည်။


နိုက်ဟယ်တံတားကိုဖြတ်သောအခါ သူသည် ဟင်းချိုရည်ကို မသောက်ခဲ့သောကြောင့် လင်ရှောင်ဖုသည် သူ၏အရင်ဘဝက မှတ်ဉာဏ်အားလုံးကို မှတ်မိနေဆဲဖြစ်သည်။


နှပ်ချေးတွဲလဲ ကလေးများဖြင့် နေ့တိုင်းနေရတာ သူတကယ်ပင်ပန်းလာသည်။


သို့သော် ဉာဏ်ကြီးရှင်ကလေးတစ်ယောက်က ပို၍ပင်ပန်းစေမည်ဖြစ်သောကြောင့် လင်ရှောင်ဖုသည် ကလေးတစ်ယောက်လိုဟန်ဆောင်ရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။ သူရံဖန်ရံခါဖော်ပြသည့် ရင့်ကျက်တည်ငြိမ်သောအမူအရာကို ဖုံးကွယ်ရန်အတွက် လင်ရှောင်ဖုလည်း အလွန်စဉ်းစားပြီး ရံဖန်ရံခါ တုံးအသလို ပြုမူလေသည်။


စူးရှောင်ချုံသည် ဒန်းပေါ်တွင် ထိုင်နေပြီး လင်ရှောင်ဖုက သူ့နောက်တွင် ရပ်နေသည်။ စူးရှောင်ချုံကို လွှဲပေးတိုင်း လင်ရှောင်ဖုသည် စူးရှောင်ချုံ၏ဒန်းကို မြင့်မြင့်လွှဲပေးသည်။


စူးရှောင်ချုံသည် ယိမ်းယိုင်နေပြီး သူ့ပါးစပ်ထဲမှ ကုန်သွားသော ချိုချဉ်ကို ထုတ်လိုက်သည်။


ဒါကိုမြင်တော့ လင်ရှောင်ဖုသည် စူးရှောင်ချုံ၏လက်မှ ချိုချဉ်တုတ်ကို လက်တစ်ဖက်ဖြင့်ယူပြီး တခြားတစ်ဖက်ဖြင့် သူ့ပခုံးပေါ်က ဝက်ဝံလွယ်အိတ်ကို ဖွင့်လိုက်သည်။ လွယ်အိတ်က အရသာမျိုးစုံရှိသော ချိုချဉ်များဖြင့် ပြည့်နေသည်။ လင်ရှောင်ဖုက ကလေးအသံဖြင့် မေးလိုက်သည်။ "မင်း ဘာအရသာစားချင်သလဲ ဘေဘီ။"


စူးရှောင်ချုံက ကလေးအသံဖြင့် ပြန်ဖြေသည်။ "စတော်ဘယ်ရီ။"


လင်ရှောင်ဖုသည် စတော်ဘယ်ချိုချဉ်ကို ယူပြီး အခွံကိုခွာ၍ စူးရှောင်ချုံ၏ပါးစပ်ထဲကို ထည့်လိုက်သည်။ ယခင်ဘဝကလိုပင် သူက ချစ်ခင်စွာ ပြောလေသည်။ "ဘေဘီ အာ…"


စူးရှောင်ချုံကလည်း သူ့ပါးစပ်ကို နာခံစွာဖွင့်ပြီး ယခင်ဘဝကလို အစာကျွေးတာကို စောင့်မျှော်နေခဲ့သည်။ "အာ…"


လင်ရှောင်ဖုသည် သူ၏ပျောက်ဆုံးနေသော ရှေ့သွားများကို ပြသရင်း ကျေနပ်စွာ ပြုံးကာ စူးရှောင်ချုံ၏ ပါးစပ်ထဲသို့ ချိုချဉ်ကို ကိုယ်တိုင် ထည့်လိုက်ပြီး သူ့ကို လွန်စွာအလိုလိုက်လေသည်။


လင်ရှောင်ဖုသည် ယခင်ဘဝက လင်ရှောင်ဖုနှင့် အလွန်တူသော အလွန်ချောမောသည့် ယောက်ျားလေးဖြစ်သည်။


ကြီးမားပြီး တောက်ပသော အနက်ရောင်မျက်လုံးများ၊ မျက်တောင်ထူထူများ၊ နူးညံ့သိမ်မွေ့သော မျက်နှာငယ်များဖြင့် ကြီးပြင်းလာသောအခါတွင် သူသည် ချောမောသော ယောက်ျားလေး ဖြစ်လာမည်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။


နောက်ဆုံးတော့ ပြန်လည်ဝင်စားခြင်းဌာန၏ ဒါရိုက်တာက ဆင်းရဲခြင်းနတ်ဘုရား၏မိသားစုဝင်ကို ရန်မစဝံ့ပေ။


ဆင်းရဲခြင်းနတ်ဘုရားမိသားစုမှ သမက်ကို အရပ် ၁၈၈ မီတာရှည်သော လူချောလေးဖြစ်အောင် ကောင်းကောင်းပြုစုစောင့်ရှောက်ရမည်ဖြစ်သည်။


အကြောင်းမှာ ယနေ့ခေတ်တွင် လူတို့သည် မြေအောက်ကမ္ဘာကို မယုံသင်္ကာဖြစ်လာပြီး လူနည်းစုသာ စက္ကူပိုက်ဆံများကို မီးရှို့နေကြခြင်းဖြစ်ပြီး အသစ်အသစ်သော လူများက စီမံခန့်ခွဲမှုအခကြေးငွေကို မပေးဆောင်နိုင်သောကြောင့် မြေအောက်ကမ္ဘာသည် ငွေကြေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ ငရဲဘုရင်မှ တရားသူကြီး၊ အဖြူအမဲတစ္ဆေများ၊ ငရဲအိုးထဲတွင် လောင်ကျွမ်းနေသော တစ္ဆေလေးများအထိ သူတို့အားလုံးသည် အလွန်တင်းကျပ်ပြီး စိတ်ဆင်းရဲစွာ နေထိုင်ကြသည်။


ဆင်းရဲခြင်းနတ်ဘုရားကို ထပ်မံအနိုင်ကျင့်ပါက ဒီလိုဘဝမျိုးမှာ မနေနိုင်တော့ပါ…


သို့သော် လင်ရှောင်ဖုသည် ရုပ်ရည်ချောမောသော်လည်း စူးရှောင်ချုံလောက်မချောပါ။


ထို့အပြင် သူက နတ်ဘုရားဖြစ်သည်။ သူ၏ယခင်ဘဝတွင် သူ့အသက်နှစ်ဆယ်ကျော်တုန်းက ဥက္ကဋ္ဌလင်ကို ချက်ချင်း သူဖမ်းစားနိုင်ခဲ့သည်။ ယခုအခါ သူသည် ကလေးအရွယ်ရောက်သွားသောအခါ ပို၍ပင် ချစ်စရာကောင်းလာသည်။ သူက ကြွေရုပ်ကလေးလို လှပပြီး ချစ်ဖို့ကောင်းသည်။ သူ့ကို နေကြာပန်းသူငယ်တန်း၏ ကလေးထိန်းလူသတ်သမားဟု လူသိများသည်။


သေချာပေါက် သူက အသက်တူကလေးများတွင်လည်း အလွန်ရေပန်းစားပါသည်။


အထူးသဖြင့် ယောက်ျားလေးများကြားတွင်ပေါ့...


သို့သော် လင်ရှောင်ဖုက စူးရှောင်ချုံကို မျက်စိဒေါက်ထောက်ကြည့်ထားသည်။ ကောင်ကလေးတစ်ယောက်ယောက်သည် စူးရှောင်ချုံနှင့်စကားလိုပါက လင်ရှောင်ဖု၏ ခွင့်ပြုချက်ကို တောင်းရမည်။ သို့သော် လင်ရှောင်ဖုသည် ဘယ်တော့မှ သဘောမတူဘဲ အတန်းထဲက ဘယ်သူမှ စူးရှောင်ချုံကို မထိရဲကြပေ။


ထိုအချိန်တွင် မနေ့က စီနီယာအတန်းကို ပြောင်းလာသော ကောင်ကလေးသည် သူ့လက်ထဲတွင် ယိမ်းနွှဲ့နေသော ဒုဓလီပန်းဖြင့် ပြေးလာပြီး စူးရှောင်ချုံကို ရှက်ကိုးရှက်ကန်းဖြင့် လက်ဆောင်ပေးလေသည်။ "စူးရှောင်ချုံ၊ ဒါက မင်းအတွက်ပါ။"


လင်ရှောင်ဖု မည်မျှအစွမ်းထက်သည်ကို သူ မသိသေးတာ သေချာသည်...


လင်ရှောင်ဖု: "…"


ဘာလဲဟ။ ဒီခွေးကောင်က ငါ့ရှေ့မှာ ငါ့မိန်းမကို ပရော်ပရည်လာလုပ်နေတာလား။


ထို့ကြောင့် စူးရှောင်ချုံ ဘာမှပြန်မပြောမီ လင်ရှောင်ဖုသည် လျှောက်သွားပြီး ဘာရှင်းပြချက်မှ မရှိဘဲ ဒုဓလီပန်းကို ကောင်လေးလေး၏လက်မှ ထုတ်ယူကာ မှုတ်ထုတ်လိုက်သည်။


ဒုဓလီပန်းမျိုးစေ့များသည် လေဖြင့် လွင့်ထွက်သွားကြသည်။


ကောင်ကလေးက စိတ်တိုသွားသည်။ "ငါ စူးရှောင်ချုံကိုပေးတာ။"


လင်ရှောင်ဖုသည် စူးရှောင်ချုံကို ဒန်းပေါ်မှဆွဲချကာ နံရံဆီသို့ ခေါ်သွားပြီး စူးရှောင်ချုံကို သူ၏လက်ဖောင်းဖောင်းများဖြင့် နံရံဆီတွန်းကပ်လိုက်သည်။ သူ၏တခြားလက်ဖောင်းဖောင်းဖြင့် စူးရှောင်ချုံ၏ပါးသေးသေးလေးကို သူ့အားကြည့်ရန် ပြုလုပ်ပြီး စူးရှောင်ချုံ၏နှုတ်ခမ်းကို ကိုက်လိုက်သည်။


ကောင်ကလေး၏ဘဝအပေါ် ရှုမြင်ပုံမှာ မကြုံစဖူး ကြီးမားသောသက်ရောက်မှုကို ရုတ်တရက် ခံစားခဲ့ရသည်။


လင်ရှောင်ဖုသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ကလေးဆန်ဆန်အသံဖြင့် ခြိမ်းခြောက်လေသည်။ "ဒါက ငါ့လူပဲ။ မင်း သူ့ကို ထပ်ပြီးချဉ်းကပ်ရဲရင် ငါမင်းကို ပြန်ပေးဆပ်ခိုင်းမယ်။"


ကောင်ကလေး၏မျက်လုံးများက နီရဲလာပြီး အော်လိုက်သည်။ "မင်းတို့နှစ်ယောက်က ချစ်နေတာပဲ။ ငါ ဆရာမကို သွားတိုင်မယ်။"


လင်ရှောင်ဖုသည် လွှမ်းမိုးသောအကြည့်ဖြင့် သူ့ကို လက်မောင်းထဲတွင် ပွေ့ဖက်ထားရင်း "အိုး။ မင်း သူနဲ့ မဒိတ်ချင်ဘူးလား။"


ကောင်ကလေးက ရှက်သွေးဖြာပြီး စကားထစ်သွားသည်။ "ငါ… ငါ…"


‌လင်ရှောင်ဖုသည် အေးစက်စက် သရော်ပြီး ကလေးအသံဖြင့် ပြောလိုက်သည်။ "ဟီးဟီး၊ ကောင်စုတ်လေး၊ မင်းက အတော်လေးအရွယ်နဲ့မလိုက်တာပဲ။"


ကောင်ကလေးသည် နှုတ်ခမ်းဆူပြီး ငိုကာ ထွက်ပြေးသွားသည်။


ဘယ်သူက အရွယ်နဲ့မလိုက်တာလဲ။ 


သူ အလွန်စိတ်လှုပ်ရှားနေတာကြောင့် ဖြစ်နိုင်ပြီး ကောင်ကလေးသည် လှေကားနှစ်ထစ်တက်ပြီးတိုင်း တစ်ကြိမ်ပြုတ်ကျလေသည်။ စီနီယာအတန်း၏ ဆရာမဆီ သူပြေးသွားသောအခါ ခုနစ်ကြိမ်ဆက်တိုက် မြေပြင်ပေါ်ပြုတ်ကျခဲ့ပြီး ကြေကွဲစရာကောင်းသော အောင်မြင်မှုဖြစ်ခဲ့သည်။


စူးရှောင်ချုံသည် လင်ရှောင်ဖု၏ အင်္ကျီကို ဆွဲလိုက်ပြီး ပြောလေသည်။ "သူက ကလေးပဲရှိသေးတာကို။ နောက်တစ်ခါ အရမ်းမကြမ်းပါနဲ့။"


"ကိုယ်ဂရုမစိုက်ဘူး။" လင်ရှောင်ဖုသည် သူ့မျက်လုံးများကို ကျဉ်းမြောင်းပြီး ကလေးအသံဖြင့် ပြောသည်။ "မင်းက ကိုယ့်တစ်ယောက်တည်းအပိုင်ပဲ။ ဘယ်သူမှ မင်းအကြောင်းတွေးပိုင်ခွင့်မရှိဘူး။"


လင်ရှောင်ဖု၏ကလေးဆန်မှုက သိသာနေသော်လည်း ဉက္ကဋ္ဌကဲ့သို့ လွှမ်းမိုးခြင်းသဘောထားပုံစံဖမ်းနေတာကို သဘောကျစွာကြည့်ရင်း စူးရှောင်ချုံသည် ရယ်ကာ ခေါင်းညိတ်လိုက်သည်။ "အင်း၊ ငါနားလည်ပါတယ်။"


လင်ရှောင်ဖုသည် သူ့နှုတ်ခမ်းကိုမြှောက်ကာ ပေါင်မုန့်နှင့်တူသော သူ့မျက်နှာကို စူးရှောင်ချုံ၏မျက်နှာနားကပ်လိုက်ပြီး ကလေးအသံဖြင့် အသံတိုးတိုးမေးလေသည်။ "အခုလေးတင် မင်းဘယ်လို ခံစားလိုက်ရလဲ။"


စူးရှောင်ချုံက ကြောင်တက်တက် မေးလိုက်သည်။ "ဘာကိုခံစားရမှာလဲ။"

 

"…ကိုယ်မင်းကို နမ်းလိုက်တုန်းက မင်းတစ်ကိုယ်လုံး ဓာတ်လိုက်သလို မခံစားရဘူးလား။" လင်ရှောင်ဖုက စိတ်ပျက်လက်ပျက် ကြည့်လိုက်သည်။


"အင်း အင်း" စူးရှောင်ချုံက ကမန်းကတန်း လိမ်လိုက်သည်။


လင်ရှောင်ဖုသည် စူးရှောင်ချုံ၏ ခါးတစ်ဝိုက်တွင် သူ၏ခပ်ဖောင်းဖောင်း လက်ကလေးများကို တင်ကာ ထပ်နမ်းလိုက်ပြီး စူးရှောင်ချုံ၏မျက်နှာက သူ့တံတွေးများ ဖုံးလွှမ်းသွားသည်။


နမ်းပြီးနောက် လင်ရှောင်ဖုသည် အလိုဆန္ဒကို မကျေနပ်သည့်ပုံစံဖြင့် ကလေးအသံနှင့်ပြောသည်။ "တွေးကြည့်လိုက်မှ အဲဒါကိုလုပ်ဖို့ ကိုယ် ဆယ်နှစ်လောက်စောင့်ရဦးမှာပဲ။ ငါအရမ်းတောင့်တနေပြီ…"


စူးရှောင်ချုံသည် နောက်ဆုံးတွင် သူ့ကိုယ်သူ မထိန်းနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။


လင်ရှောင်ဖု: "…ကိုယ့်ကိုစောင့်နေ။"


စူးရှောင်ချုံက ပြုံးနေဆဲဖြစ်သည်။


လင်ရှောင်ဖုက လှည့်၍ ထွက်ပြေးသွားခဲ့သည်။


လွန်ခဲ့သောနှစ်ပေါင်းများစွာကဲ့သို့ သူသည် သဲပုံကို ပြေးသွားပြီး ဝက်ဝံလွယ်အိတ်ထဲက ရေဘူးသေးသေးလေးကိုထုတ်ပြီး သဲပုံသေးသေးလေးနှင့် ရောလိုက်သည်။


စူးရှောင်ချုံလည်း ပြေးလာပြီး လင်ရှောင်ဖုနှင့်အတူ သဲကိုပုံဖော်လိုက်သည်။ သူတို့၏ခပ်ဖောင်းဖောင်း အဖြူရောင်လက်လေးများက သဲနှင့်ပြုလုပ်ထားသော အသည်းပုံကို လုပ်နေကြသည်။


"ဒီမှာ။" လင်ရှောင်ဖုသည် အသည်းပုံကို ဂရုတစိုက်ဆုပ်ကိုင်လိုက်ပြီး စူးရှောင်ချုံ၏လက်ထဲကို ထည့်ပေးလိုက်သည်။ သူသည် တောက်ပစွာ ပြုံးကာ သူ့မရှိသောသွားများကို ပြသရင်း "ဒါက ဒီဘဝရဲ့ ကိုယ်တို့အချစ်သ‌င်္ကေတပဲ။"


အရင်ဘဝ၊ ဒီဘဝ၊ နောက်ဘဝ… ကမ္ဘာကြီးမှာ သဲနဲ့ရေတွေမရှိတော့တဲ့အထိပေါ့။


‌စူးရှောင်ချုံသည် အသည်းပုံကို မြတ်နိုးစွာ ဆုပ်ကိုင်ထားပြီး သူ့မျက်နှာသေးသေးဖြင့် ပွတ်သပ်လိုက်သည်။ လင်ရှောင်ဖု၏ကလေးဆန်ဆန်အရိပ်သည် သူ၏တောက်ပသော အနက်ရောင်မျက်လုံးအိမ်များတွင် ထင်ဟပ်နေသည်။


မွေးဖွားလိုက်၊ အိုမင်းလိုက်၊ နားမကျန်းဖြစ်ပြီး သေဆုံးလိုက်ဖြင့်…


နောက်ဘဝများကို ဆက်သွားကြမည်။


❴Volume 1 : ဆင်းရဲခြင်းနတ်ဘုရားလေး ပြီးပါပြီ။❵


TK Team Chapter 23