Chapter 22
Viewers 2k

【Volume 1 : ဆင်းရဲခြင်းနတ်ဘုရားလေး ၂၂】


Chapter 22


စူးချုံ၏အိမ်တွင် ပိုးမွှားထိန်းချုပ်ရေး ကျွမ်းကျင်သူများသည် ညတွင်းချင်း ပိုးမွှားကာကွယ်ခြင်းနှင့် ပိုးသတ်ခြင်းလုပ်ငန်းကို လုပ်ဆောင်ခဲ့သည်။ တစ်စုံတစ်ရာ အမှားအယွင်းမရှိပါက ဤနေရာရှိ ပိုးမွှား အမျိုးအစားအားလုံးသည် အနာဂတ်တွင် မျိုးသုဉ်းသွားမည်ဖြစ်သည်။ ထို့နောက်တွင် လင်ဖုသည် စူးချုံ၏အိမ်ငယ်လေးအား ကောင်းစွာပြုစုစောင့်ရှောက်ပြီး မဝယ်ရသေးသည့်ပစ္စည်းအားလုံးကို ပြီးမြောက်အောင် နောက်ထပ်နှစ်ရက်နေခဲ့သည်။ ရိုးရှင်းပြီး အံဝင်ခွင်ကျ နံရံတွင် နောက်ခံပုံများ ကပ်ထားကာ ကုလားကာအသစ်များ အစားထိုးပြီး ကော်ဇောများ ခင်းထားသည်... ၎င်းတို့အားလုံးသည် စျေးပေါသည့်အရာများဖြစ်သော်လည်း တချို့သော အလှဆင်မှုများပြီးနောက် မူလက ရိုးရှင်းသောအခန်းသည် ရုတ်တရက် နွေးထွေးပြီး သက်တောင့်သက်သာ ဖြစ်လာသည်။ 


ဤသည်မှာ လူနှစ်ဦး၏ ပေါင်းသင်းနေထိုင်မှုဘဝ တရားဝင်စတင်ပုံဖြစ်သည်။


လင်ဖုသည် သူနှင့် စူးချုံ၏ဆက်ဆံရေးကို အပြင်လူများရှေ့တွင် ထုတ်ဖော်ပြောဆိုရန် ဘယ်သောအခါမှ တွန့်ဆုတ်မနေပေ။ နှစ်ယောက်သားက အလွန်အမင်း ချစ်ခင်ကြင်နာကြသည်။ တခြားသူများအတွက် အဆင်ပြေသော်လည်း လင်ဖု၏ကိုယ်ရေးကိုယ်တာလက်ထောက်ဖြစ်သူ ရှောင်ကျန်းသည် နေ့စဉ်နှင့်အမျှ ခွေးစာသုံးပေါင်လောက်စားရပြီး အလုပ်မလုပ်နိုင်လောက်အောင် နှိပ်စက်ခံခဲ့ရသည်။


နေ့လယ်စာစားချိန်အတွင်း ဥက္ကဋ္ဌ၏ရုံးခန်းတွင် လင်ဖုနှင့် စူးချုံတို့ရှေ့မှာ ထုပ်ပိုးထားသောဘူးများက နေရာယူနေသည်။ အခန်းသည် အမွှေးရနံ့ဖြင့် ပြည့်နှက်နေပြီး နှစ်ယောက်သား နေ့လယ်စာစားနေမှန်း သိသာပါသည်။


လင်ဖုသည် ဒိန်ခဲအုပ်ထားသော ပုစွန်ထုပ်တစ်ပိုင်းကို ယူပြီး ချစ်ခင်စွာ ပြောလိုက်သည်။ "ကလေး အာ…"


စူးချုံသည် သူ့ပါးစပ်ကို နာခံစွာဖွင့်ပြီး အစာကျွေးတာကို စောင့်နေသည်။ "အာ…"


လင်ဖုသည် သူ့ကို ပုစွန်ထုပ်အသား ကျွေးပြီး သူ့မျက်လုံးများက ရေညှစ်ထုတ်နိုင်လောက်အောင် နူးညံ့သိမ်မွေ့နေသည်။ "များများစား၊ မင်း ဒီမနက် ပင်ပန်းသွားပြီ။"


"ဒါပေမဲ့ ငါက မင်းအနားမှာနေရုံကလွဲလို့ ဘာမှမလုပ်တာ။" စူးချုံသည် လင်ဖု၏လက်ချောင်းများကို ကိုင်ရင်း အသံတိုးတိုးပြောသည်။


"မင်းဘာမှမလုပ်ဘူးလို့ ဘာလို့ပြောရတာလဲ။" လင်ဖုသည် စူးချုံ၏နှာခေါင်းကို တုန်အောင်ချစ်နေသောအကြည့်ဖြင့် ညှစ်လိုက်ပြီး "မင်းက ငါ့ရဲ့လာဘ်ကောင်ပဲ။"


လင်ဖု၏ကုမ္ပဏီသည် ဆင်းရဲခြင်းနတ်ဘုရားကို ၎င်း၏လာဘ်ကောင်အဖြစ် အသုံးပြုသည့် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ကုမ္ပဏီဖြစ်ရမည်...


စူးချုံသည် သူ့နှုတ်ခမ်းကိုသပ်ပြီး လင်ဖုကို ချိုမြိန်သောအပြုံးပေးရင်း သူ့မျက်လုံးများက ရေဖြင့်ပြည့်နေသလို ကြည်လင်နေသည်။


လင်ဖုကလည်း ပြုံးပြီး ပြောလိုက်သည်။ "ကိုယ် မင်းကို အရမ်းချစ်တယ်။"


စူးချုံက နူးညံ့စွာ တုံ့ပြန်သည်။ "ငါလည်းပဲ…"


ဥက္ကဋ္ဌရုံးခန်းတံခါးက ဟလျက်ရှိသည်။ စာရွက်စာတမ်းများကိုင်ရင်း တံခါးဝမှာရပ်နေသော ရှောင်ကျန်းသည် နေရာမှာတင် မေ့လဲလုနီးပါး ထိုးနှက်ခံခဲ့ရသည်: "…"


သေစမ်း ငါတောင် ချစ်ချင်လာပြီ။


ထိုအချိန်တွင် တံခါးဝတွင် မတ်တတ်ရပ်ကာ မတိုးသာမဆုတ်သာဖြစ်နေသော ရှောင်ကျန်းကို လင်ဖုကြည့်လိုက်သည်။ နူးညံ့ချိုသာမှုအပြည့်ရှိသော သူ့မျက်နှာက ရုတ်တရက် လေးနက်သွားပြီး သူ့ဟိတ်ဟန်ကို ချက်ချင်းပြန်ရသွားသည်။ "ဘာကိစ္စလဲ။"


ရှောင်ကျန်းသည် သက်ပြင်းချရင်း ပြောလိုက်သည်။ "ဥက္ကဋ္ဌလင်၊ ဒါက နေ့လယ်အစည်းအဝေးအတွက် စာရွက်စာတမ်းပါ။"


လင်ဖုက အထက်တန်းလွှာတစ်ယောက်လို ဖြစ်နေသည်။ "ကောင်းပြီ၊ ငါကြည့်ဖို့ ဒီကိုယူလာခဲ့။"


ရှောင်ကျန်းသည် စာရွက်စာတမ်းများကို တိတ်တဆိတ် ပေးလိုက်ပြီး ရုံးခန်းထဲမှ အမြန်ထွက်သွားခဲ့သည်။


လင်ဖုသည် စာရွက်စာတမ်းများကို လှန်ကြည့်ပြီး တောင်းပန်လေသည်။ "ကလေး၊ ကိုယ် ‌ဒီနေ့နေ့လယ် အစည်းအဝေးရှိပေမဲ့ မနက်ဖြန် တစ်နေကုန် အားတယ်။ ကိုယ်မင်းကို မြင်းပြိုင်ကွင်းဆီ ခေါ်သွားပေးမယ်လေ။"


"ကောင်းပြီ။" စူးချုံက မျက်ခုံးများတွန့်ကွေးအောင် ပြုံးလိုက်သည်။


စူးချုံသည် လင်ဖုအပေါ် ချမှတ်ထားသော ကံကြမ္မာအား ခံစားခဲ့ရသောကြောင့် ဤဘဝတွင် လင်ဖု၏သက်တမ်းမကုန်မချင်း စူးချုံက နတ်စွမ်းအားကြောင့် ဆက်လက်ခံစားနေရမည်ဖြစ်သည်။


ဤအချက်ကို စိတ်ထဲတွင် တွေးတောရင်း သူ၏ဆင်းရဲခြင်းနတ်ဘုရားလေးကို နေ့တိုင်း ပျော်ရွှင်စွာ နေထိုင်နိုင်စေရန်အတွက် စူးချုံပါဝင်နိုင်သော မြင်းစီးခြင်း၊ ရေကူးခြင်း၊ အနုပညာပြပွဲများ၊ ဖျော်ဖြေပွဲများ၊ တင်းနစ်ပြိုင်ပွဲများ၊ ငါးမျှားခြင်းစသည်ဖြင့် ဖျော်ဖြေရေးလှုပ်ရှားမှုအမျိုးမျိုးကို လင်ဖုတွေးတောခဲ့သည်… ထို့အပြင် တစ်နေ့နေ့မှာ အိမ်တွင် ကြွက်တစ်ကောင်ရှိမည်ကို စိုးရိမ်နေသော လင်ဖုသည် 'ကိုယ် အိမ်မှာမရှိရင် မင်းအထီးကျန်နေလိမ့်မယ်' ဆိုသောခေါင်းစဉ်ဖြင့် စူးချုံအတွက် အလွန်ကြည့်ကောင်းသော Ragdoll ကြောင်တစ်ကောင်ကို ဝယ်ခဲ့သည်။ ဤ Ragdoll ကြောင်ကို ဖုကွေးအာဟု အမည်ပေးထားပြီး အစားအသောက်နှင့် ပတ်သက်၍ အလွန်ချေးများကာ ကြွက်တွေ ဖမ်းနိုင်မည့်ပုံမပေါ်သော်လည်း လင်ဖုအတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုတချို့ကို ခံစားခဲ့ရသည်။


လင်ဖုသည် စားပွဲခုံပေါ်ကို ကိုင်းညွှတ်ပြီး စာရွက်စာတမ်းများကို အချိန်အတော်ကြာ ကြည့်လိုက်သည်။ သူသည် ဥက္ကဋ္ဌကုလားထိုင်နောက်ကိုမှီကာ အညောင်းဆန့်လိုက်သည်။ ထို့နောက် သူသည် မတ်တတ်ရပ်ပြီး စူးချုံကို မျက်စိမှိတ်ပြရင်း အဓိပ္ပါယ်ပါပါပြောလိုက်သည်။ "ကလေး၊ ကိုယ် တစ်မနက်လုံး အလုပ်များနေပြီး နေ့လယ်ခင်းမှာ အစည်းအဝေးရှိတယ်။ အရမ်းပင်ပန်းတာပဲ။"


"အမ်… မင်းရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်။" စူးချုံက ခေါင်းညိတ်ပြသည်။


"ဒါဆို..." လင်ဖုသည် ရှေ့ကို ငုံ့ကိုင်းပြီး စူးချုံ၏နှုတ်ခမ်းကို အမြန်နမ်းလိုက်သည်။ "မင်းယောက်ျားကို ဆုချသင့်တယ်မလား။"


စူးချုံသည် ရှက်ရွံ့စွာ ခေါင်းငုံ့ရင်း ပလပ်စတစ်ကုလားထိုင်မှ မတ်တတ်ထရပ်ပြီး တံခါးကိုသော့ခတ်လိုက်သည်။ သော့ခတ်ပြီးနောက် သူသည် လင်ဖုဘေးတွင် ရပ်နေပြီး ခပ်တိုးတိုး မေးလိုက်သည်။ "ဘယ်နေရာမှာလဲ…"


လင်ဖုသည် မတ်တတ်ရပ်ပြီး သူ့ဥက္ကဋ္ဌထိုင်ခုံကို ပုတ်ပြသည်။ "ဒီမှာ"


အရည်အသွေးမြင့် သားရေထိုင်ခုံများ၊ မာကျောသောသစ်သားလက်တန်းများနှင့် ထိုင်ခုံနောက်ဘက်ရှိ နှိပ်နယ်နိုင်သည့် လုပ်ဆောင်ချက်၊ လဲလျောင်းခြင်း သို့မဟုတ် မတ်မတ်ထိုင်ခြင်းပြုလုပ်နိုင်ကာ... ဤကဲ့သို့သော ဥက္ကဋ္ဌထိုင်ခုံက အနည်းငယ်စျေးကြီးသေးသည်။


သို့သော်လည်း အလွန်စိတ်လှုပ်ရှားနေသော ဥက္ကဋ္ဌလင်က ၎င်းကို လုံးဝသတိမထားမိပေ။ စူးချုံသည် ကုလားထိုင်ပေါ်တွင် ကိုယ်လုံးတီး လဲလျောင်းရင်း သူ၏ပိန်ပါးပါးခြေထောက်ဖြူဖြူနှစ်ချောင်းကို လက်တန်းနှစ်ဖက်တွင် ကျယ်ကျယ်ကာထားကာ သူ့အောက်က လှပသောရှုခင်းကို ရှုမြင်ခြင်းအကြောင်းသာ သူတွေးနေခဲ့သည်။ သူ့ကြောင့် မျက်ရည်ကျသည်အထိ အနိုင်ကျင့်ခံခဲ့ရသည်မှာ သိသာထင်ရှားသော်လည်း ရုံးအပြင်ဘက်ရှိလူများ ကြားမည်ကိုစိုးရိမ်သောကြောင့် သူဘာမျှမပြောရဲချေ။ သူသည် ရှက်ရွံ့စွာ သူ့နှုတ်ခမ်းသာ ကိုက်ထားနိုင်ခဲ့သည်…


"မင်းရဲ့ ဘောင်းဘီကို ချွတ်လိုက် ကလေး" လင်ဖု၏တစ်ကိုယ်လုံး စိတ်လှုပ်ရှားနေပြီး သူ့လည်စည်းကို ဆွဲဖြုတ်ရင်း လည်စလုတ်က လူးလိမ့်နေကာ သူ့မျက်လုံးများ ပူလောင်နေသည်။ "ပြီးရင် အဲဒီပေါ်မှာ လဲအိပ်လိုက်။"


ထို့နောက် လင်ဖုပြောသည့်အတိုင်း စူးချုံသည် နာခံစွာ လဲလျောင်းပြီး ဥက္ကဋ္ဌလင်ကို သူအလိုရှိတိုင်း လုပ်ခွင့်ပေးလိုက်သည်။


ပြီးနောက် စူးချုံသည် သူ့အဝတ်အစားကို ရှက်ကိုးရှက်ကန်းဝတ်ကာ ဆံပင်ကိုပြန်ပြင်ပြီး ဖုကွေးအာကြောင်ကို အစာကျွေးရန် အိမ်ပြန်သွားခဲ့သည်။


ဖုကွေးအားသည် အလွန်အစားမက်ပြီး ပြည့်ဖြိုးကာ ဖုကွေးအားဆိုသောနာမည်က ၎င်းနှင့်လိုက်ဖက်ပါသည်…


သူ့စိတ်ထဲရှိ ညစ်ညမ်းသော မြင်ကွင်းကို ပြီးပြည့်စုံစွာ အကောင်အထည်ဖော်နိုင်လိုက်သည်။ လင်ဖုသည် စူးချုံ၏နောက်ကျောကို ကျေနပ်စွာ နမ်းလိုက်ပြီး ဥက္ကဋ္ဌကုလားထိုင်ပေါ်တွင် သက်သောင့်သက်သာရှိစွာ ပြန်လဲအိပ်လိုက်သည်။


တုန်ခါနေသောအသံနှင့်အတူ တစ်နာရီလုံးလုံး ဆင်းရဲခြင်းနတ်ဘုရားလေး လဲလျောင်းနေခဲ့သော ဥက္ကဋ္ဌကုလားထိုင်သည် ခန်းမှန်း၍မရသောအရှိန်ဖြင့် လျင်မြန်စွာ အိုဟောင်းလာခဲ့သည်။ ဤအခိုက်အတန့်တွင် ၎င်း၏သက်တမ်းက အဆုံးသတ်ကို ရောက်သွားပြီဖြစ်သည်။ ကုလားထိုင်နောက်ကျောက လုံးဝပျက်စီးကာ လဲလျောင်းနေသော သနားစရာ ဥက္ကဋ္ဌလင်သည် နောက်သို့ လှန်ကျသွား၏။


ဘုတ်—


"အား…"


TK Team Chapter 22