【Volume 1 : ဆင်းရဲခြင်းနတ်ဘုရားလေး ၁၇】
Chapter 17
စူးချုံသည် သူ့နှုတ်ခမ်းကို တွန့်ကွေးပြီး လေးလေးနက်နက် တုံ့ပြန်သည်။ "အဲဒါက ဝိညာဉ်မဟုတ်ဘူး၊ မင်းပဲ"
"ဒါကလေတိုက်တာပဲ" လင်ဖုသည် ရှေ့တန်းကို အရှက်မဲ့စွာ ပုတ်ပြီး "ကောင်းကောင်းနေ ပြဿနာမရှာနဲ့၊ အိမ်ပြန်ရအောင်"
စူးချုံသည် မတ်တတ်ရပ်နေဆဲဖြစ်ပြီး စိုးရိမ်စွာ မေးသည်။ "အခုလေးတင် မင်းမြင်လိုက်လား"
"ဘာလဲ" လင်ဖုသည် ရိုးသားသောအကြည့်ဖြင့် တည်ငြိမ်စွာ ခေါင်းခါလိုက်သည်။ "ကိုယ်ဘာမှမမြင်ပါဘူး"
ရိုးအသော ဆင်းရဲခြင်းနတ်ဘုရားလေးသည် ယုံကြည်ကာ သင်ပြင်းချပြီး ရှေ့တန်းတွင် ထိုင်နေသည်။
လင်ဖုသည် လှည့်၍ အိမ်ကို စက်ဘီးစီးခဲ့သည်။ ခဏတာစီးပြီးနောက် သူသည် ရုတ်တရက် အနည်းငယ် ကိုင်းညွတ်ကာ စူးချုံ၏နားရွက်နားကပ်ကို သူ့နှုတ်ခမ်းကပ်ရင်း နူးညံ့စွာ ရယ်မောပြီး ပြောသည်။ "ဘေဘီ၊ မင်းအိမ်ပြန်ပြီး ကိုယ်နဲ့အတူ ကုတင်အသစ်ကို စမ်းကြည့်ချင်လား"
"အမ်… မဟုတ်… ဒါက…" ဆင်းရဲခြင်းနတ်ဘုရားလေးသည် အလွန်စိတ်ရှုပ်သွားကာ ရှေ့တန်းပေါ်တွင် ထိုင်နေသောကြောင့် ပုန်းစရာနေရာမရှိဘဲ သူ့ဘေးနားက လက်မောင်းများသည် သူ့ကိုတင်းကျပ်စွာ ချုပ်နှောင်ထား၏။ စူးချုံသည် မျက်နှာနီနီဖြင့် ခေါင်းယမ်းရုံမှလွဲ၍ ရွေးချယ်စရာမရှိဘဲ ရှင်းပြရန် အချိန်အတော်ကြာ စကားထစ်နေပြီး စကားတစ်ခွန်းကို ပြီးဆုံးအောင် မပြောနိုင်ပေ။
သူ့အသွင်အပြင်လေးကိုမြင်တော့ လင်ဖုသည် သူသေလောက်အောင် ထိတ်လန့်ကြောက်ရွံ့သွားမှာကို စိုးရိမ်သောကြောင့် သူ့အိမ်လှေကားထစ်များဆီသို့ အမြန်နင်းလိုက်ပြီး စူးချုံ၏ခေါင်းကိုပုတ်ကာ ဘာမှမဖြစ်ခဲ့သလို သွက်လက်သောလေသံဖြင့် ပြောသည်။ "ကိုယ်တို့ အိမ်ရောက်ပြီ၊ ရှောင်ကျန်းက တံခါးမှာ စောင့်နေလောက်တယ်"
"ဒါဆို ငါအပေါ်တက်ပြီး သူ့အတွက် တံခါးအရင်သွားဖွင့်လိုက်မယ်" စူးချုံသည် သူ့အသက်ဘေးအန္တရာယ်မှ လွတ်မြောက်သွားသလို စက်ဘီးတန်းကနေ ခုန်ချပြီး နောက်ပြန်မလှည်ဘဲ ပြေးတက်သွားသည်။
လင်ဖုသည် စက်ဘီးကို သော့ခတ်ရင်း စိတ်အခြေအနေကောင်းကောင်းဖြင့် ပြုံးပြီး လိုက်လာသည်။
လင်ဖုတက်လာသောအခါတွင် ကုတင်ကို အိမ်ထဲသို့ ရွှေ့လိုက်ပြီး ပရိဘောဂဆိုင်မှ စေလွှတ်သော အလုပ်သမား နှစ်ဦးသည် ကုတင်ဘေးတွင် တပ်ဆင်နေကြသည်။
ရှောင်ကျန်းက အလုပ်ကို သေသေချာချာ ကြီးကြပ်နေခဲ့သည်: …
ဟားဟား အရင်ကုတင်က တကယ်ကို ပျက်စီးသွားတာပဲ…
ငါတို့မစ္စတာလင်က အရမ်းသန်မာတာပဲ။
စူးချုံသည် အခန်းထောင့်ရှိ ကုလားထိုင်တစ်ခုပေါ်တွင် တစ်ယောက်တည်း ထိုင်နေပြီး ကုလားထိုင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူ့ဒူးများပေါ်တွင် ဘီစကွတ်ဘူးအဝိုင်းကို တင်ထားရင် လူနှစ်ဦး အလုပ်လုပ်နေတာကို စိုက်ကြည့်နေသည်။
"အဲဒါ ကိုယ့်ကိုငှားဦး" လင်ဖုသည် ကိုင်းညွတ်ကာ စူးချုံဆီမှ ဘူးကိုယူပြီး အတွင်းရှိ ပစ္စည်းလေးများကို သူ့လက်ချောင်းများဖြင့် ဂရုတစိုက် ဆုပ်ကိုင်လိုက်သည်။ မနေ့ညက သူအလွန်ထိတ်လန့်သွား၍ အနီးကပ်ကြည့်ရန် အချိန်မရှိခဲ့ပေ။ အထဲက အရုပ်အများစုသည် လင်ဖု ငယ်ငယ်တုန်းက အရွယ်ရောက်လာသောအခါ စွန့်ပစ်ခဲ့သောအရာများဖြစ်သည်။ သို့သော် ယခုအခါ သူပြန်အမှတ်ရပြီး သူသဘောကျသည်ဖြစ်စေ မကျဖြစ်စေ အရေးမကြီးတော့ပါ။ ၎င်းက ကလေးဘဝအမှတ်တရများ ပြည့်နေပါသည်။
လင်ဖုသည် အရုပ်ဓားငယ်တစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး သူ့လက်ထဲတွင် ချိန်တွယ်လိုက်ရာ သူ့မျက်လုံးများက တောက်ပနေသည်။
"ငါမင်းနောက်ကို တိတ်တိတ်လေး လိုက်ခဲ့တာ၊ မင်းမလိုချင်တာကြောင့် ငါ ဒီအရုပ်တွေကို အမှိုက်ပုံထဲကနေ ကောက်ခဲ့တာ…" စူးချုံသည် သူ့လက်သီးများကို တင်းတင်းကျပ်ကျပ်ဆုပ်ထားပြီး အားပျော့သောအသံဖြင့် ပြောသည်။ "မင်းငါ့ကိုစိတ်မဆိုးဘူးမလား"
"ဘယ်လိုလုပ်စိတ်ဆိုးရမှာလဲ" လင်ဖုသည် စူးချုံ၏ဆံပင်ကို ဖယ်ရင်း သူ့နဖူးကို နမ်းပြီး ညင်သာစွာ ပြောသည်။ "မင်းကိုယ့်ကိုသိတာ ဘယ်လောက်ကြာပြီလဲ၊ ကိုယ့်ကိုပြောပါ"
"ငါမင်းကို ပထမဆုံးတွေ့တာက…" စူးချုံသည် ပြတင်းပေါက်အပြင်ကို မော့ကြည့်ရင်း သူ့မျက်လုံးများမှာ ကောင်းကင်ပြာနှင့် တိမ်တိုက်အရိပ်များ စီးဆင်းနေပြီး သူ့နှုတ်ခမ်းထောင့်များက ပို၍ကျယ်လာသည်။ "အဲဒီနှစ်က မင်းအသက်ငါးနှစ်ပဲရှိသေးတယ်"
တည်နေရာက ပန်းခြံပဲ။
အချိန်က လွန်ခဲ့သော နှစ်ဆယ့်နှစ်နှစ်အကြာက။
သူ့ဘဝတွင် ပထမဆုံးအကြိမ် ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာခဲ့သည့် ဆင်းရဲခြင်းနတ်ဘုရားလေးသည် ပန်းခြံအတွင်းရှိ ခုံတန်းလျားတစ်ခုပေါ်တွင် ထိုင်ကာ သေမျိုးကမ္ဘာရှိ အရာအားလုံးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေသည်။
တစ်စုံတစ်ယောက် ဖြတ်သွားတိုင်း စူးချုံသည် သူ့မျက်နှာကို လေးလေးနက်နက်ဖြင့် မတ်မတ်ထိုင်လိမ့်မည်။ ထိုလူထွက်သွားသည်နှင့် သူက တအံ့တသြဖြင့် ဆက်လက် ကြည့်နေလေသည်။
စူးချုံနှင့် မဝေးသော သဲပုံတွင် ပလပ်စတစ်ပုံးနှင့် ပလပ်စတစ်ဂေါ်ပြားဖြင့် သဲနှင့်အတူ ကစားနေသည့် ကလေးငယ်တစ်ဦးရှိသည်။
ကောင်လေးက အလွန်ကြည့်ကောင်းပြီး မျက်လုံးဝိုင်းဝိုင်းကြီးနှင့် မျက်တောင်လေးများက ယပ်တောင်သေးသေးလေးနှင့်တူပြီး နူးညံ့သော နှာခေါင်းနှင့် ပါးစပ်ရှိသည်။ သူ့အဝတ်အစားများကြောင့်သာ မဟုတ်ပါက သူသည် မိန်းကလေးတစ်ယောက်နီးပါးပင်။ ကောင်လေး၏မိဘများက တခြားခုံမှာထိုင်ပြီး သူဆော့ကစားနေတာကို ကြည့်နေသည်။
ဤကောင်ကလေးသည် စူးချုံ၏တာဝန်ဖြစ်ကာ လင်ဖုငယ်ရွယ်သောပုံစံ သို့မဟုတ် လင်ရှောင်ဖုဖြစ်သည်။
စူးချုံသည် မေးစေ့ကိုကိုင်ပြီး လင်ရှောင်ဖုကြည့်ရင်း သူ့မျက်လုံးတွေက အနည်းငယ် ရှုပ်ထွေးသွားသည်။
ဒီကလေးကို တစ်သက်လုံး ဆင်းဆင်းရဲရဲနေရအောင်လုပ်ဖို့ ဘာများအရေးကြီးလို့လဲ… ဆင်းရဲခြင်းနတ်ဘုရားလေးသည် စိတ်ရှုပ်ထွေးစွာ တွေးနေ၏။
စူးချုံက သူ့ကိုစိုက်ကြည့်နေလို့လား မသိသော်လည်း လင်ရှောင်ဖုကလည်း စူးချုံကို ဆက်၍ကြည့်နေသည်။
အတန်ကြာအောင်ကြည့်ပြီးနောက် လင်ရှောင်ဖုသည် သဲပြင်ပေါ်မှ သူ၏အပေါ်ထပ်အဝတ်နှင့် အနက်ရောင်နက်ကတိုင်နှင့် ညစ်ပတ်နေသော ရှပ်အင်္ကျီဖြူဖြင့် ပြေးလာခဲ့သည်။
"ဟင်" စူးချုံသည် သူ့ဆီပြေးလာသော လင်ရှောင်ဖုကိုကြည့်ပြီး သူ့မျက်လုံးများ ပြူးကျယ်သွားသည်။
လင်ရှောင်ဖုသည် သူ့လက်များဖြင့် ခုံတန်းလျားပေါ် သူ့ကိုယ်သူတင်ကာ စူးချုံဘေးတွင် ပေါ့ပေါ့ပါးပါးထိုင်ပြီး ခပ်ပြတ်ပြတ် ခေါ်လိုက်သည်။ "မင်္ဂလာပါ ဦးလေး"
စူးချုံသည် အသက်နှစ်ဆယ်ကျော်ခန့်သာရှိသေးသည့် သူ့မျက်နှာကို ထိလိုက်ကာ မကျေမနပ်ဖြင့် အမှန်ပြင်လေသည်။ "ငါ့ကို သာ့ကောကော လို့ခေါ်"(အစ်ကိုကြီး)
လင်ရှောင်ဖုသည် မျက်လုံးကိုလိမ့်ပြီး တုံ့ပြန်ခဲ့သည်။ "ရှောင်ကောကော"(အစ်ကိုလေး)
စူးချုံက ပို၍ပျော်သွားသည်။ "လိမ္မာတယ်"
လင်ရှောင်ဖုသည် သူ့ပခုံးပေါ်ရှိ ဝက်ဝံအိတ်ကိုဖွင့်လိုက်ပြီး အတွင်းဘက်တွင် ချိုချဉ်နှစ်ခုနှင့် ရေဘူးအသေးလေးပါဝင်သည်။ လင်ရှောင်ဖုသည် ချိုချဉ်ကိုထုတ်ကာ တစ်ခုကို စူးချုံဆီပေးပြီး တစ်ခုကို သူ့အတွက်သူယူကာ သူ့မျက်လုံးကြီးများက တောက်ပနေသည်။ "ရှောင်ကောကော ချိုချဉ်စားပါဦး"
"အမ် ရပါပြီ မင်းပဲစားပါ" စူးချုံသည် သူ့လက်ကို အလျင်စလို ဝှေ့ယမ်းလိုက်သည်။ သူသည် ကမ္ဘာမြေအစားအသောက်ကို ယခင်က မစားဖူးချေ။
"ရပါတယ်" လင်ရှောင်ဖုသည် သူ့လက်ကလေးဖြင့် စူးချုံ၏လက်ထဲသို့ ချိုချဉ်ကို အတင်းထည့်ကာ ပြုံးပြရင်း သူ၏ပျောက်နေသောရှေ့သွားကို ထုတ်ဖော်ပြပြီး ကလေးအသံဖြင့် ပြောသည်။ "ရှောင်ကောကော၊ ခင်ဗျားအရမ်းချောတာပဲ"
"...ကျေးဇူးပါ" စူးချုံသည် ချိုချဉ်ကို ယူကာ အခွံကိုခွာပြီး သူ့ပါးစပ်ထဲ ထည့်လိုက်သည်။ "အရမ်းချိုတာပဲ"
လူတွေက ငါ့ကို ချိုချဉ်ကျွေးပေမယ့် ငါက သူတို့ကို ဆင်းရဲအောင်လုပ်မှာ… ဆင်းရဲခြင်းနတ်ဘုရားလေးသည် သူ့ပါးစပ်ထဲက ချိုချဉ်ကို ကိုင်ထားရင်း အပြစ်ရှိစွာ တွေးလိုက်သည်။
လင်ရှောင်ဖုသည် စူးချုံကို ခဏလောက် စိုက်ကြည့်ပြီးနောက် သူ့ပါးစပ်ထဲက ချိုချဉ်နှင့်အတူ ရုတ်တရက် ခုံတန်းမှ ခုန်ဆင်းကာ လက်တစ်ဖက်ကို စူးချုံ၏ဒူးပေါ်တင်ပြီး တခြားတစ်ဖက်ကို သူ့ခါးတွင်ထောက်ထားကာ သူ့ညာခြေကို မတ်မတ်ရပ်ထားရင်း သူ့ဘယ်ခြေကို သူ့ညာခြေတွင် ရစ်ပတ်ထားပြီး သူ့ခြေချောင်းများက မြေပြင်ကိုထိနေသည်။ သူသည် စူးချုံကို အလွန်တည်ကြည်သောအမူအရာဖြင့် ကြည့်ပြီး ပြောလိုက်သည်။ "ရှောင်ကောကော၊ ကျွန်တော်ကြီးလာတဲ့အခါ ကျွန်တော်တို့ လက်ထပ်လို့ရမလား"
စူးချုံသည် သူကြီးလာသောအခါ ဤကလေးသည် ကြောက်စရာကောင်းမည်ဟု တွေးတောကာ ထိတ်လန့်သွားပြီး သူ့ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်သည်။ "မရဘူး မရဘူး"
လင်ရှောင်ဖုသည် စိတ်ပျက်စွာ လှည့်ထွက်သွားပြီး သဲပုံထဲတွင် ထိုင်ကာ သူ့ဘာသာသူ ဆော့ကစားနေသည်။
စူးချုံသည် တောင်းပန်ဟန်ဖြင့် အသွင်အပြင်လေးကို ကြည့်လိုက်သည်။ ထွက်သွားချိန်ရောက်ပြီဟု သူတွေးနေချိန်မှာ လင်ရှောင်ဖုသည် ရုတ်တရက် သူ့လက်ထဲတွင် တစ်စုံတစ်ခုကို ကိုင်ဆောင်ထားပြီး စူးချုံဆီသို့ လျင်မြန်စွာ ပြေးလာသည်။
"ရှောင်ကောကော လက်ဖြန့်ပါ" လင်ရှောင်ဖုက ထူးဆန်းစွာ ပြောလာသည်။
စူးချုံသည် ကြောင်တက်တက်ဖြင့် သူ့လက်ဖဝါးကို ဖွင့်လိုက်သည်။
လင်ရှောင်ဖုက စူးချုံ၏ လက်ဖဝါးထဲသို့ တစ်စုံတစ်ခုကို ထည့်လိုက်သည်။ ၎င်းသည် အသည်းနှလုံးပုံသဏ္ဌာန်ရှိ ပန်းရောင်ပုံစံခွက်ဖြစ်သည်။ လင်ရှောင်ဖုသည် ၎င်းကို ပုံဖော်ထားပြီး ပုံစံခွက်ကို အလျင်အမြန် ဖယ်လိုက်သည်။ စူးချုံ၏လက်ဖဝါးထဲတွင် ကျန်ခဲ့တာက သဲနှင့်ပြုလုပ်ထားသော အသည်းနှလုံးဖြစ်သည်။ သဲသည် စိုနေသောကြောင့် ၎င်းသည် ပုံသဏ္ဌာန်အတိုင်းကျန်နေပြီး မပျက်စီးသွားပေ။
"ဒါက..." စူးချုံက အံ့အားသင့်သွားသည်။
"အချစ်သင်္ကေတလေ" လင်ရှောင်ဖုသည် ပျောက်နေသော သူ့ရှေ့သွားများကို ထုတ်ဖော်ရင်း တောက်ပစွာ ပြုံးပြသည်။
စူးချုံသည် 'အာ' ဟု တိုးတိုးလေးပြောရင်း ဘာပြန်ပြောရမှန်းမသိတော့ပေ။
"သဲက ပွလို့ ဆီးနည်းနည်းထည့်လိုက်တာ" လင်ရှောင်ဖုက လေးလေးနက်နက် ပြောခဲ့သည်။
စူးချုံ၏လက်က ရုတ်တရက် တုန်ခါသွားသည်။
"ကျွန်တော်စတာပါ" လင်ရှောင်ဖုက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့ဝက်ဝံအိတ်ထဲက ရေသန့်ဘူးအလွတ်ကို ဆွဲထုတ်ကာ ခါပြသည်။ "ကျွန်တော် ရေနဲ့ ရောလိုက်တာ၊ ရှောင်ကောကော၊ ခင်ဗျားက ဘာလို့အရမ်းချစ်စရာကောင်းနေရတာလဲ"
စူးချုံ: "…"
သွားမရှိသော ငါးနှစ်အရွယ်ကလေးငယ်ကြောင့် ကြီးမြတ်သော နတ်ဘုရားက ပြင်းပြင်းထန်ထန် ရန်စခံခဲ့ရသည်။
TK Team Chapter 17