Chapter 2
Viewers 811

တကယ်တော့ ငါလည်း ဒီအခြေအနေကို လျှော့တွက်မိသလို ဖြစ်နေခဲ့တယ်။


ညတောင် မရောက်သေးဘဲ ငါ ဒုက္ခရောက်နေခဲ့ပြီ။


ငါ့နှာခေါင်း ပူလာပြီး တစ်ခုခုက ပြင်းထန်စွာ ပန်းထွက်လာတယ်။


ငလူး!


ငါတို့အားလုံးက ညီအစ်ကိုတွေပါပဲ၊ ဘာလို့ တစ်ချက်ကြည့်ရုံနဲ့ ငါက နှာခေါင်းသွေးလျှံလာရတာလဲ


မယုံနိုင်စွာနဲ့ ငါ့ နှာခေါင်းကို ဖိထားပြီး စားပွဲပေါ်က တစ်သျှူးလိပ်ဆီကို ကော့ပျံနေတဲ့ ငါးတစ်ကောင်လို ပြေးသွားလိုက်တယ်။


ငါ ကုလားထိုင်ခြေထောက်ကို ခပ်ပြင်းပြင်း တိုက်မိပေမယ့် အသံမထွက်ဘဲ နာကျင်မှုကို အောင့်အီးထားလိုက်တယ်။


ငါ ရူးမတတ်ဖြစ်နေပြီး တစ်သျှူးကို ဆွဲယူလိုက်တယ်။


ပိုစိုးရိမ်လေ၊ ပိုဆိုးလေ ဖြစ်လာခဲ့တယ်။


အဲဒါကြောင့် ငါ ကြည့်နေရင်းနဲ့ တစ်သျှူးလိပ်ရဲ့ တစ်ဖက်စွန်းက ငါ့လက်ထဲမှာ ကျန်နေပြီး ကျန်တစ်ဖက်စွန်းက ရှဲ့ချီရဲ့ ခြေရင်းကို လွင့်သွားတာ မြင်လိုက်ရတယ်။


ဒီခွေးကောင်က အမြန် အဝတ်အစားဝတ်လိုက်ပြီး ခြေရင်းက တစ်သျှူးကို ကြည့်လိုက်တယ်။


ပြီးတော့ လေထဲမှာ တွဲလွဲကျနေတဲ့ တစ်သျှူးစကို ထပ်ကြည့်လာတယ်။


ထူးဆန်းတဲ့ တိတ်ဆိတ်မှုတစ်ခုက လွှမ်းခြုံသွားတယ်။


နောက်တစ်စက္ကန့်မှာ သူက သူ့သူငယ်ချင်း ချန်ယွိကို ဖုန်းခေါ်လိုက်တယ်။


သူက တွေဝေနေတာမရှိဘဲ တန်းပြောလိုက်တော့တယ်။


"မင်းဆီမှာ ခဏတည်းလို့ရမလား"


"ငါ့အိမ်မှာ သရဲရှိနေတယ်"


"ငါ ဒီမှာ ဆက်မနေနိုင်တော့ဘူး"


~~~