မမျှော်လင့်ဘဲ ငါ ကိုယ်ပျောက်ဝတ်ရုံ တစ်ထည် ရလိုက်တယ်။
အိမ်ခြေရာမဲ့ဖြစ်နေတဲ့ ငါက အဲဒီဝတ်ရုံကို ဝတ်လိုက်ပြီး ငါ့ရဲ့ပြိုင်ဘက်အိမ်ထဲကို ခိုးဝင်လိုက်တယ်။
တံခါးဖွင့်ဖွင့်ချင်း ငါ ပထမဆုံး မြင်လိုက်ရတာက ရေချိုးခန်းကနေ ထွက်လာတဲ့ အငွေ့တထောင်းထောင်း ထနေတဲ့ ရှဲ့ချီ ပဲ။
"သေစမ်း!"
ငါ ဘာမြင်လိုက်တာလဲ။
ဒီခွေးကောင်ရဲ့ ခန္ဓာကိုယ်က ငါ စိတ်ကူးထားတာထက်တောင် ပိုမိုက်နေပါလား။
ငါ စကားပြောလိုက်တာနဲ့ ဆံပင်သုတ်နေတဲ့ ရှဲ့ချီလည်း ကိုင်ထားတဲ့ မျက်နှာသုတ်ပဝါကို မထိန်းနိုင်တော့ဘဲ လွှတ်ချလိုက်တယ်။
သူက လေထဲကို စတင်ဆဲဆိုတော့တာပဲ။
"ဘယ်ခွေးကောင်က ဒီအသံကို လုပ်လိုက်တာလဲ!"
ငါ့ မျက်လုံးမှိတ်လိုက်ပြီး ထောင့်တစ်နေရာမှာ ပုန်းလိုက်တယ်။
အသက်တောင် မရှူရဲဘူး…
ငါ့စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိတယ်။
သွားပြီ၊ အဆုံးသတ်ပြီ။
ငါ ရှဲ့ချီရဲ့ ကိုယ်လုံးတီးကို မြင်လိုက်ရပြီ။
ဒီညတော့ ငါ့မျက်စိ စွံတော့မှာ သေချာတယ်။
( တရုတ်မှာက တစ်ယောက်ယောက်ရဲ့ ကိုယ်လုံးတီးကို မြင်ရင် မျက်စိ စွံတယ်ဆိုပြီး အယူရှိတာပါ )
~~~