Chapter : 32 ( မီး မိန်းကလေး [7] )
Viewers 3k

Chapter : 32 ( မီး မိန်းကလေး [7] )


ယနေ့ ရှန့်ချန့်ယန်သည် အနက်ရောင် ဟူဒီ၊ ချောင်နေသော အနက်ရောင် အစင်းကျား လေ့ကျင့်ခန်းဘောင်းဘီတို၊ နှင့် ခြေကျင်းဝတ်ထိ မြင့်သော sneaker များ ဝတ်ဆင်ထားသည်။

သူသည် ဆိုဖာပေါ်တွင် တစ်ဖက်ခြေကို တစ်ဖက်ခြေပေါ်တင်ကာ ကလေးတစ်ယောက်လို ဆော့ကစားနေသည့်အလား သူ၏ဖုန်းနှင့် အလုပ်ရှုပ်နေ၏။

သူ၏ဖုန်းသည် မနေ့ကလို အရူးအမူး တုန်ခါနေခြင်း မရှိတော့ဘဲ အတော်လေး စိတ်ပြေလက်ပျောက်ပုံ ရသည်။

ဟိုင်ရိ ပန်းကန်ဆေးပြီးသောအခါ အပြင်ထွက်လာပြီး ရှန့်ချန့်ယန်ကို ဆိုဖာပေါ်တွင် ခေါင်းအုံးတစ်လုံး ဖက်လျက် ဖိနပ်များကိုပင် ချွတ်ထားပြီး သူ၏ဂိမ်းနှင့် အလုပ်များနေသည်ကို တွေ့ရ၏။

အနည်းငယ် စကားမပြောနိုင်ဖြစ်သွားသော ဟိုင်ရိသည် သူ့အတွက် ဖိနပ်တစ်ရံကို တူးထုတ်လိုက်သည်။

''မင်း မနေ့ကကိစ္စတွေ ပြီးပြီလား''

''အင်း''

ရှန့်ချန့်ယန်သည် မျက်ခွံပင်မလှန်ဘဲ ပေါ့ပေါ့ပါးပါး သဘောတူညီကြောင်း အသံပြုလိုက်၏။

ဟိုင်ရိ : ''ဘိုးဘိုး၊ ခင်ဗျားရဲ့ မြင့်မြတ်တဲ့ ခြေထောက်တွေကို မြှောက်ပြီး ဖိနပ်စီးပေးနိုင်မလား''

ရှန့်ချန့်ယန်သည် သူ၏ခြေထောက်များကို ဆိုဖာပေါ်သို့ တိုက်ရိုက်ပစ်တင်လိုက်သည်။ သူ့ကို ဂရုမစိုက်ပေ။

''ဘာစားကြမလဲ''

ဟိုင်ရိသည် အခန်းထဲရှိ ရှုပ်ပွနေသော အဝတ်အစားများကို ခဏတာ ရှင်းလင်းလိုက်သည်။ မနေ့က ပြန်လာပြီးနောက် ချက်ချင်း အိပ်ရာဝင်ခဲ့သဖြင့် အခန်းသည် အနည်းငယ် ရှုပ်ပွနေ၏။ ရှန့်ချန့်ယန်က ဘာမှ မပြောသော်လည်း သူ့အတွက် အတော်လေး ရှက်စရာကောင်းသဖြင့် သူသည် ပစ္စည်းများကို သိမ်းဆည်းရန် အချိန်အနည်းငယ် သုံးစွဲခဲ့သည်။ ထိုမေးခွန်းကို ကြားသောအခါ ပြန်ဖြေလိုက်၏။

''မသေချာဘူး၊ အပြင်စာ မှာစားမလား"

ရှန့်ချန့်ယန် : ''ဘာဖြစ်ဖြစ် ကောင်းတယ်''

ဟိုင်ရိ : ''ဘာဖြစ်ဖြစ် ဆိုတာ ဘာကိုဆိုလိုလဲ ပြောပြပါဦး''

ရှန့်ချန့်ယန် : ''မသိဘူး လို့ ဆိုလိုတာ၊ အဲတော့ ကျွန်တော့်အတွက် ဘာဖြစ်ဖြစ် ကောင်းတယ်''

ဟိုင်ရိသည် စိတ်မပါ့တပါဖြင့် ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။ Kuaishou ကို ဖွင့်ပြီး ရှန့်ချန့်ယန်ကို လျစ်လျူရှုကာ ဗီဒီယိုများ ရွှေ့ကြည့်နေတော့၏။

ထိုလူနှစ်ယောက်သည် ဖုန်းများကို ကိုင်ကာ ဆိုဖာ၏ ဘေးနှစ်ဖက်စလုံးကို နေရာယူထားကြသည်။

ရှန့်ချန့်ယန်ဘက်သည် တိတ်ဆိတ်နေချိန်တွင် ဟိုင်ရိဘက်သည် ဆူညံသံများနှင့် ပြည့်နှက်နေသည်။

ပုံစံတစ်ခုပင် ရှိသေး၏။ ဗီဒီယိုများ ခဏတာ ရွှေ့ကြည့်ပြီးနောက် ဟိုင်ရိသည် အနည်းငယ် ပင်ပန်းလာပြီး ထို့ကြောင့် Atlantis of Jewel မှ ထွက်ပေါ်လာသော အသံသည် ပိုကျယ်လာ၏။

ခဏတာ ကစားပြီးနောက်၊ Level တစ်ခုကို မကျော်နိုင်သဖြင့် သူသည် လုံးဝ ဒေါသထွက်လာပြီး နောက်တစ်ကြိမ် ဗီဒီယိုများ ရွှေ့ကြည့်ပြန်သည်။

''လူငယ်တွေက ဘယ်သွားသွား ခွန်အားဂိုဏ်းကပဲ'' ဟူသော စကားရပ်သည် ထွက်ပေါ်လာပြီးနောက် Streamer တစ်ဦး၏ ''ညီအစ်ကိုတို့၊ ငါမှန်တယ်မဟုတ်လား!'' ဟူသော အော်သံ ထွက်ပေါ်လာ၏။

ရှန့်ချန့်ယန်သည် သူ၏မိုက်ကို ပိတ်ထားကာ ဂိမ်းကစားနေသည်။ မလွဲမသွေ ဆက်သွယ်ရန် လိုအပ်လာသောအခါ ရှန့်ချန့်ယန်သည် သူ၏မိုက်ကို ဖွင့်လိုက်ပြီး ချက်ချင်းပင် ပြောလိုက်၏။

''၂၈၅ ဘက်ခြမ်းမှာ ၉၈K ရှိတယ်''

ထို့နောက် ဤအံ့အားသင့်ဖွယ် အော်သံသည် နောက်ခံမှ ပဲ့တင်ထပ်လာသည်။

သူ၏အသင်းဖော်မှာ အလန့်တကြားဖြစ်သွားသည်။

''ယန်ကော၊ မင်းဘယ်မှာလဲ''

''သူငယ်ချင်းအိမ်မှာ''

ရှန့်ချန့်ယန်က ပြန်ဖြေ၏။

ဟိုင်ရိ နားစွင့်လိုက်၏။ သူသည် လိမ္မာပါးနပ်စွာ၊ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် အသံအတိုးအကျယ်ကို လျှော့ချလိုက်သည်။

အသင်းဖော် : ''မင်းသူငယ်ချင်းက အရသာ အတော်လေး ကောင်းတာပဲ''

ရှန့်ချန့်ယန်သည် မိုက်ကို ပိတ်ထားပြီး ဟိုင်ရိသည် အခြားဘက်မှ အသံများသာ ထုတ်နိုင်တော့သည်။ ရှန့်ချန့်ယန်သည် ခေါင်းအုံးကို ရင်ခွင်ပိုက်ကာ နှုတ်ခမ်းဆူလျက် ဂိမ်းကို ဆက်ကစားနေ၏။

ဟိုင်ရိသည် နောက်တစ်ကြိမ် စိတ်ပျံ့လွင့်သွား၏။ သောက်ကျိုးနဲ၊ ရှန့်ချန့်ယန်သည် တကယ်ကို ထူးခြားဆန်းပြားစွာ ချောမောလှသည်။ မျက်စိကျသွားသော ဟိုင်ရိက မေးလိုက်၏။

''ရေသောက်မလား''

ရှန့်ချန့်ယန်က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်သည်။

ဟိုင်ရိသည် ရေတစ်ခွက် ငှဲ့ရန် စိတ်အားထက်သန်စွာ သွားသည်။ ချောမောသောလူတစ်ယောက်အား ဝန်ဆောင်မှုပေးရခြင်းသည် ကြည်နူးစရာ၊ လှပသော ကိစ္စပင်ဖြစ်၏။

ဟိုင်ရိသည် ရေခွက်ကို ဘေးစားပွဲပေါ် တင်လိုက်သည်။ ခဏကြာ တွေးပြီးနောက် သူက ရေခွက်ကို ကောက်ယူကာ ရှန့်ချန့်ယန်အား ပေးလိုက်၏။ ရှန့်ချန့်ယန်သည် ယူမသောက်ဘဲ သူ့မေးစေ့ကိုသာ မြှောက်လိုက်သည်။ ကူကယ်ရာမဲ့ ဟိုင်ရိသည် ရေခွက်ကို သူ့ပါးစပ်နားသို့သာ ယူလာပြီး တိုက်ကျွေးရ၏။

''သခင်လေး၊ အပူချိန်က သင့်တော်ရဲ့လား''

ရှန့်ချန့်ယန်က မှတ်ချက်ပေးရန် ငြင်းဆန်လိုက်သည်။

ဟိုင်ရိ : ''မင်း ထပ်သောက်ချင်သေးလား''

ရှန့်ချန့်ယန်က ပေါ့ပေါ့ဆဆ ပြောလိုက်သည်။

''မလိုဘူး''

ဟိုင်ရိသည် ဒေါသအမူအရာ မပြဘဲ ခွက်ကိုချကာ ဆိုဖာပေါ်သို့ ပြန်လှဲချလိုက်ပြီး Kuaishou ကို ဆက်လက်ကြည့်ရှုနေ၏။

ရှန့်ချန့်ယန်၏ အသင်းဖော်တစ်ဦး၏ အသံသည် သူ၏ဖုန်းမှ ထွက်ပေါ်လာသည်။

''ယန်ကော၊ ဒါ ဘယ်လောက် ကောင်းတဲ့ ဝန်ဆောင်မှုလဲ''

ဟိုင်ရိသည် တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်သည်။ 

ယနေ့ King Kong Barbie သည် လည်ပင်းဟိုက်နေသော ချီဖောင်ဝတ်စုံ၊ သူ၏ ကြီးမားသော ဦးခေါင်းတွင် ကျပ်သော ဆံပင်တု၊ နှင့် မျက်လုံးအစင်းနက်များကို သူ၏ခေါင်းနောက်ဘက်အထိ ဆွဲထား၏။

တိုက်ရိုက်ထုတ်လွှင့်မှုသို့ ဝင်သည်နှင့် King Kong Barbie သည် အော်လိုက်သည်။

''တိမ်တိုက်ကို ထိုးဖောက်သော မြှားများအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်!!!!!!!''

ထိုအာမေဋိတ် အမှတ်အသားများသည် ကောင်းကင်ကို ထိုးဖောက်ရန်ပင် လုံလောက်၏။

ရှန့်ချန့်ယန်သည် သူ့ဖုန်းကို ပစ်ချလိုက်ပြီး ဟိုင်ရိကို ကြည့်လိုက်သည်။

ဟိုင်ရိသည် ခဏကြာမှ ရှန့်ချန့်ယန်ဘက်သို့ လှည့်ကြည့်လိုက်၏။ သူသည် ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

''ဘာလဲ''

ရှန့်ချန့်ယန် : ''ခင်ဗျားမှာ နားကြပ်မရှိဘူးလား''

''ငါ့မှာ အိမ်ရှိတယ်၊ ဘာလို့ နားကြပ်တပ်ရမှာလဲ''

ဟိုင်ရိက မေးလိုက်၏။

''မင်း စိတ်အနှောင့်အယှက် ဖြစ်နေတာလား''

ရှန့်ချန့်ယန်က သူ့ကို ခြေထောက်နှင့် ကန်လိုက်သည်။

''တစ်ခု ရှာလိုက်''

အခြားရွေးချယ်စရာ မရှိသဖြင့် ဟိုင်ရိသည် ဆိုဖာပေါ်မှနေ၍ ကြမ်းပြင်ပေါ်ရှိ အဝတ်အစားများဆီသို့ လက်လှမ်းလိုက်ပြီး နားကြပ်တစ်စုံကို ရှာတွေ့ခဲ့၏။ သူသည် ထိုနားကြပ်ကို ချထားရန် ပြင်နေစဉ် ရှန့်ချန့်ယန်က လက်တစ်ဖက်ကို ဆန့်တန်းလိုက်ပြီး နားကြပ်ကို သူ့အား ပေးရန် အချက်ပြလိုက်သည်။

ဟိုင်ရိသည် တုံ့ဆိုင်းနေပြီး လက်ဟန်ပြ လှုပ်ရှားလိုက်၏။

''မင်းလိုချင်တာလား''

ရှန့်ချန့်ယန်က သူ့ဆီမှ ဆွဲယူပြီး ကိုယ်တိုင် အသုံးပြုလိုက်သည်။

ဟိုင်ရိ : ....

ဘုရားရေ၊ ဒီကမ္ဘာမှာ နေနဲ့တူတဲ့လူ ဒီထက်ပိုမရှိနိုင်ဘူး။

ထူးခြားဆန်းပြားစွာ ချောမော ဆွဲဆောင်မှုရှိသူ။

King Kong Barbie သည် တိမ်တိုက်ထိုးဖောက်သော မြှားများအတွက် ကျေးဇူးတင်စကား ပြောရင်း အော်ဟစ်နေဆဲပင်။ နောက်ခံ DJ သီချင်းသံသည် မယုံနိုင်လောက်အောင် ကျယ်လောင်စွာ ဖွင့်ထားသည်။ ရှန့်ချန့်ယန်၏ အသင်းဖော်က တစ်ခုခု ပြောလိုက်ပြီး ရှန့်ချန့်ယန်က နားကြပ်ထဲသို့ ပြောလိုက်၏။

''ပါးစပ်ပိတ်ထား''

ဟိုင်ရိသည် စိတ်ပျံ့လွင့်သွား၏။ သူသည် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေစဉ် သူ၏အတွေးများ လွင့်မျောနေသည်။ ရှန့်ချန့်ယန် ဘာပြောနေလဲ နားထောင်ရန် သူ၏နားများကို စိုက်ထူလိုက်သော်လည်း ထိုစကားတစ်ခွန်း ပြောပြီးနောက် သူသည် တိတ်ဆိတ်သွား၏။

ဟိုင်ရိသည် သူ၏ဖုန်းနှင့် ခဏတာ ဆော့ကစားနေသည်။ သူ၏စိတ်သည် ထိုအထဲတွင် မရှိတော့သဖြင့် သူသည် WeChat ကို ကျပန်း ဖွင့်လိုက်၏။

သူသည် ရှန့်ချန့်ယန်၏ WeChat ကို အမှတ်အသားပြုထားသော မှတ်ချက်သည် သေးငယ်သော နေတစ်လုံး ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူ့အမည်တွင် နေ ဟူသော စကားလုံး ပါဝင်သောကြောင့်ဖြစ်သည်။ 

သို့သော် တွေးတောပြီးနောက် သူသည် နေဘေးတွင် ပန်းရောင်ပန်းတစ်ပွင့်ကို ထပ်ထည့်လိုက်၏။

အသေးငယ်ဆုံး အရာကို လုပ်ဆောင်ခြင်းက သူ့ကို တိတ်တိတ်လေး ဝမ်းမြောက်စေသည်။ ၎င်းသည် ဆက်ဆံရေးတစ်ခုတွင် ရှိနေခြင်း၏ ကောင်းကျိုး ဖြစ်သည်။ ဟိုင်ရိသည် ဤနေနှင့်ပန်းကို ကြည့်ရင်း အတော်လေး ပျော်ရွှင်နေ၏။ သူ၏ဖုန်း မြည်လာသောအခါ အားလုံးက နွေးထွေးလာသည်။ သူသည် သူငယ်ချင်းလုပ်ရန် တောင်းဆိုချက် အသစ်တစ်ခု ရရှိခဲ့ပြီး ၎င်း၏ ပြသမှုပုံစံသည် ကြွက်သားကြီးကြီး လူတစ်ယောက် ဖြစ်၏။

ဟိုင်ရိ : ....

ဟိုင်ရိ၏ မျက်နှာအမူအရာသည် ကောင်းကင်မှ ငရဲသို့ ကျဆင်းသွားသည်။ သူသည် မျက်မှောင်ကြုတ်ကာ အခြားတစ်ဖက်ကို add သင့် မ add သင့် တွေးတောမိ၏။ မကြာမီပင် အခြားတစ်ယောက်က သူ့ဆီသို့ မက်ဆေ့ခ်ျ ပို့လိုက်သည်။

[ မင်း အိမ်မှာလား ]

ဟိုင်ရိ ပြန်မဖြေခင် ဘဲလ်တီးသံ မြည်လာ၏။

ဟိုင်ရိ၏ နှလုံးသား ထိတ်လန့်သွားသည်။

တကယ် မဟုတ်လောက်ပါဘူး။

ရှန့်ချန့်ယန်သည် သူ၏ခေါင်းကို ငုံ့ထားပြီး ဂိမ်းကစားရာတွင် နစ်မြုပ်နေသည်။ ဘဲလ်တီးသံကို မကြားရသကဲ့သို့ပင်။ ဟိုင်ရိ သူ့ကို စောင်းငဲ့ကြည့်လိုက်သည်။ ဘဲလ်တီးသံသည် အကြိမ်ကြိမ် မြည်နေ၏။

ဟိုင်ရိသည် ဤလူသည် မယုံနိုင်လောက်အောင် ရိုင်းစိုင်းပြီး တံခါးကို မိုက်မိုက်ရိုင်းရိုင်း ဖွင့်ပစ်လိုက်သည်ဟု ခံစားရသည်။

ဆံပင်ဝါသည် အပြင်တွင် လက်ထဲတွင် အိတ်ကြီးနှစ်လုံး ကိုင်ဆောင်ထားပြီး ခါးကို ကွေးညွတ်ကာ ဦးညွတ်နေ၏။ 

''မင်္ဂလာပါ၊ မှာထားတဲ့ အပြင်စာ ရောက်ပါပြီ၊ ကောင်းမွန်တဲ့ ပြန်လည်သုံးသပ်ချက်လေး ပေးပါဦး''

ဟိုင်ရိ၏ သည်းမခံနိုင်သော မျက်နှာအမူအရာသည် ချက်ချင်းပင် အပြုံးအဖြစ် ပြောင်းလဲသွားသည်။

အပြင်စာကို လက်ခံယူရင်း သူက အထိုက်အလျောက် ပြန်ဖြေလိုက်သည်။

''ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်၊ သွားတော့မယ်''

ဆံပင်ဝါ : !

သူက တံခါးကို မြန်မြန်ဆန်ဆန် ဖိထားပြီး ဟိုင်ရိ ပိတ်မရအောင် တားဆီးလိုက်၏။ သူက မီးခိုးငွေ့တစ်စလို အခန်းထဲကို ချောကနဲ ဝင်လာပြီး သူ့ဖိနပ်တွေကို ကန်ချကာ ဆိုဖာထဲကို မှီချလိုက်သည်။

"အရှက်မရှိလိုက်တာ!"

ဟိုင်ရိက သူ့ကို ခြေထောက်နှင့် ကန်လိုက်ရာ သူက ရှောင်လိုက်ပြီး ဟိုင်ရိ ထိုင်ရန် နေရာပေးလိုက်၏။

ဆံပင်ဝါက ရှန့်ချန့်ယန် ဂိမ်းကစားသည်ကို မျှော်လင့်တကြီး မျက်လုံးများဖြင့် ကြည့်နေသည်။

''နောက်ပွဲ ကျွန်တော့်ကို ထည့်ပေးဦး''

ရှန့်ချန့်ယန်: ''ဒါ နောက်ဆုံးပွဲပဲ''

ဆံပင်ဝါ : ''အိုက်ယားးး''

ရှန့်ချန့်ယန် : ''ဒီည ငါ ကစားမှာ၊ မင်းကို ခေါ်လိုက်မယ်''

ဟိုင်ရိ မျက်နှာသေနှင့် စိုက်ကြည့်နေသည်။

''မင်း နေ့လယ်ပိုင်းမှာ လုပ်စရာမရှိဘူးလား''

''ရှိတယ်''

ဆံပင်ဝါက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

''လုပ်စရာရှိရင် ဘာဖြစ်လဲ၊ ကျွန်တော် ညကျ ခင်ဗျားကို စောင့်နေမယ်၊ နှစ်ယောက်တူတူ ကစားကြမယ်"

ရှန့်ချန့်ယန်သည် ဖန်သားပြင်ကို စိတ်ဝင်တစား စိုက်ကြည့်နေစဉ် သူ၏လက်ချောင်းများက ဖန်သားပြင်ပေါ်တွင် ပျံသန်းနေသည်။ သူ၏ပြန်ကြားချက်တွင် နှောင့်နှေးမှုမရှိပေ။

''ဟုတ်ပါပြီ''

ဟိုင်ရိသည် ရှက်ရွံ့စွာ ရေသွားယူသည်။ နောက်ကျောမှ ဆံပင်ဝါက ရှန့်ချန့်ယန်အား လမ်းညွှန်မှုများ ပေးနေသည်ကို ကြားရ၏။

ရှန့်ချန့်ယန်ကလည်း စကားနှစ်ခွန်းဖြင့် ပေါ့ပေါ့ပါးပါး တုံ့ပြန်သည်။ ဟိုင်ရိက ၎င်းကို အတော်လေး စိတ်ဝင်စားစရာကောင်းသည်ဟု ယူဆ၏။

ဤလူနှစ်ယောက်ကို ရင်ဆိုင်ရသောအခါ သာမန်လူတစ်ဦးက ဆံပင်ဝါသည် ရှန့်ချန့်ယန်ကို သည်းခံပြီး လိုက်လျောညီထွေဖြစ်အောင် လုပ်နေသည်ဟု ထင်မြင်ပေမည်။ သို့သော် သူတို့နှစ်ဦး ရှန့်ချန့်ယန်နှင့် နှစ်ရက်ကြာ ပေါင်းသင်းခဲ့ပါက သူသည် သူငယ်ချင်းများကို အလွန်ကောင်းမွန်စွာ ဆက်ဆံကြောင်း သိရှိပေလိမ့်မည်။ 

ဆံပင်ဝါ၏ ကားကိုပင် ရှန့်ချန့်ယန်က ဝယ်ပေးခဲ့၏။ သူ့ကိုယ်သူ မောင်းတာ ရှားပါးပြီး အပြင်သွားရန် လိုအပ်သည့်အခါမှသာ ဆံပင်ဝါကို လာခေါ်ခိုင်းသည်။ သူ အပြင်ထွက်စရာ မရှိသည့်အခါမျိုးတွင် ဆံပင်ဝါကို သူလုပ်စရာရှိသည့် ကိစ္စများတွင် အဖော်ပြုခိုင်းပေ၏။

ဟိုင်ရိသည် ရေဆူရန် စောင့်ဆိုင်းနေစဉ် ၎င်းကို တွေးတောနေသည်။ ရှန့်ချန့်ယန်သည် သူ၏အသင်းသားများကိုလည်း ထိုနည်းအတိုင်း ဆက်ဆံခဲ့ပေမည်ဖြစ်၏။ သူသည် မာနကြီးသော ကလေးမဟုတ်ပေ။ သူ၏ မိတ်ကပ်ပညာရှင်၊ မန်နေဂျာနှင့် သူ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော လူမရေမတွက်နိုင်သော လူများအားလုံးက ဤကလေးသည် သတိရှိပြီး ယဉ်ကျေးသည်ဟု ချီးမွမ်းခဲ့ကြသည်။

ရှန့်ချန့်ယန်၏ တစ်ခုတည်းသော အားနည်းချက်မှာ သူ၏ကောင်းမြတ်မှုကို ရှာဖွေတွေ့ရှိရန် လိုအပ်ခြင်း ဖြစ်သည်။ အပေါ်ယံအားဖြင့် သူသည် ပေါင်းသင်းရလွယ်သူ တစ်ယောက်မဟုတ်ပေ။ လူများစွာအတွက် ပထမဆုံး အထင်အမြင်မှာ အပြင်းထန်ဆုံးဖြစ်ပြီး rapper တစ်ယောက်သည် စိတ်တိုလွယ်သည်ဟူသော သူတို့၏ ယုံကြည်မှုကို ခိုင်မာစေသည်။

ဟိုင်ရိ ရေငှဲ့လိုက်ရင်း ပြောလိုက်သည်။

''တော်ပြီ၊ ဆော့တာ ရပ်တော့၊ စားချိန်ရောက်ပြီ''

ရှန့်ချန့်ယန် : ''လာပြ''

သူ၏ အခြားတစ်ဖက်ရှိ အသင်းဖော်သည် ဆက်ကစားလိုပုံရသည်။ ရှန့်ချန့်ယန်က နားကြပ်ထဲသို့ ပြောလိုက်သည်။

''နေ့လယ်ပိုင်းမှာ ငါ လုပ်စရာရှိတယ်၊ စားရမယ်၊ ဒီမှာ ရပ်တော့မယ်''

အခြားတစ်ဖက်မှ လူက တစ်ခုခု ပြောလိုက်၏။

ရှန့်ချန့်ယန်: ''မင်းတို့ ညကျ ကစားလိုက်ကြ၊ ငါက ‌ရှောင်ဖန်နဲ့ ကစားလိုက်မယ်''

နားကြပ်များကို တပ်ထားဆဲဖြစ်ပြီး သူက အပြင်စာဘူးများကို ဆွဲဖြဲရန် သွားသည်။ ထို့နောက် ဆံပင်ဝါကို ပြောလိုက်၏။

''လျိုယိဖန်၊ ကော်,ကော*(အစ်ကိုကော်)တို့နဲ့အတူ ကစားချင်လား''

ဆံပင်ဝါသည် ချက်ချင်းပင် ခေါင်းကို အရူးအမူး ခါယမ်းကာ နှုတ်မှ ရေရွတ်လိုက်သည်။

"မကစားဘူး!"

ရှန့်ချန့်ယန်က အခြားတစ်ဖက်ရှိ လူအား ပြောလိုက်၏။

''မင်းတို့ နေ့တိုင်း အဓိပ္ပာယ်မရှိတာတွေပဲ ပြောနေကြတာပဲ၊ သူ မင်းတို့နဲ့ ကစားဖို့ အရမ်း ပျင်းနေပြီ၊ ဒီမှာ ရပ်တော့မယ်၊ စားချိန်ရောက်ပြီ''

နောက်တစ်ခဏတွင် သူ ထွက်သွားသည်။ သူ့လက်ထဲမှ တူများကို ဖြဲလိုက်ပြီး ဆံပင်ဝါဝယ်ထားသော ကဏန်းဥခေါက်ဆွဲများကို ရောမွှေကာ ဟိုင်ရိကို လှမ်းပေးလိုက်ရာ ဟိုင်ရိက ယူလိုက်၏။

ဟိုင်ရိ : ?

ရှန့်ချန့်ယန်သည် အခြားဘူးတစ်ဘူးကို ဖွင့်ကာ သူ့ဘာသူ ရောမွှေပြီး စားတော့သည်။

ဟိုင်ရိ : !

ဆံပင်ဝါက သူ့ခေါက်ဆွဲပမာဏကို ရောမွှေလိုက်သည်။

''မင်း ကော်ကောနဲ့ ဘယ်လိုပြန်ပါလာတာလဲ''

''သူတို့ ငါ့ကို ခေါ်တယ်''

ရှန့်ချန့်ယန်က စားရင်းပြောလိုက်၏။

''သူတို့ ငါ့အကူအညီနဲ့ အလုပ်တစ်ခု ပြီးစီးချင်ပုံရတယ်၊ သူတို့ ငါ့ကို ရှာလာပြီဆိုတော့ ငါ ဘာရွေးချယ်စရာ ရှိသေးလဲ''

ဟိုင်ရိသည် ရှန့်ချန့်ယန်က သူ့အတွက် ရောမွှေပေးထားသော ခေါက်ဆွဲပန်းကန်ကို မြင့်မြတ်သော မင်းမိန့်တော်အလား ကိုင်ထားသည်။

ရှန့်ချန့်ယန်သည် ပိုမိုစေ့စပ်သူများထဲမှ တစ်ဦးဖြစ်ပြီး ဟိုင်ရိက ၎င်းကို လွှတ်မချနိုင်မည်ကို စိုးရိမ်ပုံရ၏။ ထို့ကြောင့် သူ့အတွက် ခေါက်ဆွဲရောမွှေပေးခြင်း ဖြစ်သည်။ သို့သော်လည်း ဟိုင်ရိသည် ဆောင်းရာသီတွင် ရေနွေးနှင့် ရေချိုးလိုက်သကဲ့သို့ နွေဦးလေ တိုက်ခတ်လိုက်သည်ဟု ခံစားရ၏။ မျက်ရည်များ ရွာကျလာသည်။

🌟🌟🌟