Chapter : 29 ( မီး မိန်းကလေး [4] )
ဟိုင်ရိ : "လိုင်းသုံးနေတာလေ"
ဟိုင်ရိ သူ့ဖုန်းကို သိမ်းလိုက်သည်။ ရှန့်ချန့်ယန်၏ ပခုံးနှစ်ဖက်ပေါ် လက်နှစ်ဖက်တင်ပြီး အားယူကာ ထလိုက်၏။
"ကောင်းတာလေးတွေသွားစားရအောင်!"
ရှန့်ချန့်ယန်သည် ဟိုင်ရိနှင့် ထိတွေ့မှုကို တစ်ခါမျှ မခုခံခဲ့ဖူးပါ။
သူ သူ့ကားသော့ကို ရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ပေ။ ဆံပင်ဝါက ကားကို မောင်းသွားခဲ့ခြင်းဖြစ်မည်။ သူတို့နှစ်ဦးထွက်ခါနီး ဆံပင်ဝါ ဝင်လာ၏။ ဟိုင်ရိက မေးလိုက်သည်။
ဟိုင်ရိ : "ဘာလုပ်နေတာလဲ"
"ဆေးလိပ်သောက်နေတာ"
ဆံပင်ဝါက ပြောသည်။
"ဒိတ်လုပ်နေရင်း"
ဟိုင်ရိက အံ့သြစွာဖြင့် ပြောလိုက်သည်။
"မင်းမှာ ရည်းစားရှိတာလား"
ရှန့်ချန့်ယန်က ပေါ့ပေါ့ပါးပါး ဝင်ပြောလိုက်သည်။
"အနေဝေးတဲ့ ဆက်ဆံရေး"
"သူတို့က တာဝန်တစ်ခုလုပ်ရင်း တွေ့ခဲ့ကြတာ၊ အံ့သြစရာကောင်းတယ်မလား ဘာမဆို ဖြစ်နိုင်တယ်"
ဟိုင်ရိ : "ဟုတ်တယ်၊ အံ့သြစရာပဲ"
ဆံပင်ဝါ : "ီးပဲ! ခင်ဗျားတို့နှစ်ယောက်လုံး ထွက်သွားကြ!"
ဆံပင်ဝါက စတီယာရင်ကို ကိုင်ကာ သူတို့သုံးယောက်သား လမ်းတစ်လျှောက် မိုင်လေးဆယ်မျှ မောင်းနှင်လာခဲ့ပြီး ဆိုင်တိုင်းကို ကြည့်နေခဲ့ကြသည်။ တစ်ခဏတာမျှ ဟိုင်ရိက ဆိုင်တစ်ဆိုင်သည် လုံလောက်စွာ ဈေးမကြီးသေးဟု ခံစားရပြီး နောက်တစ်ခဏတွင် တန်းစီရတာ ကြာလွန်း၍ ဆိုင်ကို မထီမဲ့မြင်ပြု၏။
လမ်းတစ်လျှောက်လုံး လျှောက်သွားပြီးနောက်တွင်ပင် ဟိုင်ရိသည် သင့်တော်သော အရာကို မတွေ့သေးပေ။ ဆံပင်ဝါ အန်တော့မလို ဖြစ်နေသည်။
ဆံပင်ဝါ : "Haidilao မှာပဲ စားလို့မရဘူးလား၊ ယန်ကော၊ ဒီအခြေအနေကို ခင်ဗျား မစီမံတော့ဘူးလား"
ရှန့်ချန့်ယန်က ကားနောက်ခန်းတွင် ထိုင်နေပြီး လက်တစ်ဖက်ကို ကားပြတင်းပေါက်ပေါ် တင်ထား၏။ သူ၏ အာရုံစိုက်မှုက သူ့ဖုန်းပေါ်တွင် ရှိနေသောကြောင့် မကြည့်ဘဲပင် ပြန်ဖြေလိုက်သည်။
ရှန့်ချန့်ယန် : "ဘာကို စီမံရမှာလဲ"
ဟိုင်ရိ : ''သူတို့ ဘာရောင်းတာလဲ၊ Shumai လား၊ မစားရတာ တော်တော်ကြာပြီ"
ရှန့်ချန့်ယန်က ဆံပင်ဝါကို ပြောလိုက်သည်။
"ကားရပ်၊ ဆင်းပြီး သွားဝယ်"
ဆံပင်ဝါ : ?
ရှန့်ချန့်ယန်က ခြေချိတ်ထိုင်လိုက်သည်။ သူ Weibo ကဲ့သို့သော အရာတစ်ခုကို ကြည့်နေပုံရ၏။ ပျင်းရိစွာဖြင့် ဆံပင်ဝါကို မေးလိုက်သည်။
"ဂျက်လေယာဉ်ကို ဘယ်သူ့ကို ငှားလိုက်တာလဲ၊ ဘာလို့ ပြန်မယူတာလဲ၊ သူ့ကို တခြားခရိုင်တစ်ခုမှာ လိုက်ပြရအောင်လေ"
သူ ရွဲ့နေသည်ကို သိသောအခါ ဟိုင်ရိက ရွှင်ပျစွာ ပြန်ဖြေလိုက်၏။
"ကောင်းသားပဲ၊ ငါလည်း တစ်ခါမှ မစီးဖူးသေးဘူး"
ဆံပင်ဝါသည် စကားမပြောနိုင်အောင် ဖြစ်သွားသည်။
"ခင်ဗျားတို့ တကယ်ပြောနေတာလား အစ်ကိုတို့ရာ... အခု ည ၇ နာရီ ထိုးတော့မယ်လေ"
ရှန့်ချန့်ယန်က လေးလေးနက်နက် ပြောလိုက်သည်။
"ဟိုင်ကော ပြောတာ မင်းမကြားဘူးလား"
ဆံပင်ဝါသည် တွေတွေလေး ကြည့်နေ၏။
"ဒါဆို ကျွန်တော်က Shumai ဝယ်ရဦးမှာလား"
"ဒါပေါ့"
ရှန့်ချန့်ယန်က ပြောသည်။
"ဟိုင်ကော စားချင်တယ်လို့ ပြောတာ မင်းမကြားဘူးလား"
ဆံပင်ဝါက ဟိုင်ရိကို တစ်ချက်ကြည့်လိုက်ပြီးမှ ရှန့်ချန့်ယန်ကို ကြည့်လိုက်၏။
အကျိုးအကြောင်းမသိဖြစ်ကာ ကားတံခါးကို တကယ်ဖွင့်ပြီး ဆင်းတော့မည်ဖြစ်သည်။ မည်သူကမှ သူ့ကို ရပ်တန့်ရန် အစီအစဉ်မရှိသည်ကို မြင်သောအခါ ကားပေါ်မှ မဆင်းမီ နောက်သို့ တစ်ချက်ပြန်ကြည့်လိုက်သည်။
ရှန့်ချန့်ယန်သည် ဟိုင်ရိက မေးသောအခါ သူ့ဖုန်းနှင့် ကစားနေဆဲပင်။
ဟိုင်ရိ : "ဒီနေရာမှာ အားလုံးရှိတယ်...Haidilao၊ ကြက်သားအနှစ်ဝါကြော်၊ Zhang Liang မာလာစွပ်ပြုတ်... အရမ်းပြည့်စုံတယ်၊ တကယ့်ကမ္ဘာနဲ့ အတူတူပဲ"
"အင်း"
ရှန့်ချန့်ယန်က စိတ်မပါတပါဖြင့် အသံ ပြုလိုက်၏။
"ဈေးပေါလို့ ခင်ဗျား အထင်သေးတာ မဟုတ်လား"
"ဟုတ်တယ်"
ဟိုင်ရိ၏ အကြည့်က ဟိုဘက်ဒီဘက် ရောက်သွားသည်။
"ဘာကို အကြံပြုချင်တာရှိလဲ"
ရှန့်ချန့်ယန် : "ဘာလို့ ဒီလောက် စိတ်လောနေတာလဲ ခင်ဗျား ဂျက်လေယာဉ်ပေါ် မထိုင်ချင်ဘူးလား"
"တကယ်စီးရမှာလား"
ဟိုင်ရိက မေးလိုက်သည်။
"လွန်လွန်ကျွံကျွံ ဖြုန်းတီးတာနဲ့ ပျက်စီးတာတွေ မလုပ်သင့်ဘူး"
ရှန့်ချန့်ယန်က မော့ကြည့်ပြီး ရိုးသားစွာ ပြောလိုက်၏။
"ဟိုင်ကော၊ မင်းပျော်တယ်ဆိုရင် ဘာမဆိုဖြစ်နိုင်ပါတယ်"
ဟိုင်ရိ : "...ဒါလောက်ဆို ရပါပြီ"
ရှန့်ချန့်ယန်သည် ခဏတာ ပျော်ရွှင်သွား၏။
ရှန့်ချန့်ယန် : "ရစ်မနေနဲ့တော့၊ ဟော့ပေါ့သွားစားရအောင်"
ဟိုင်ရိ ခေါင်းညိတ်လိုက်ရုံသာ တတ်နိုင်သည်။ သူ့နှလုံးသားထဲတွင် တကယ်ကို နောင်တတစ်စိတ်တစ်ပိုင်း ရှိနေသည်။
ဆံပင်ဝါက အော်ဟစ်ကြေညာလိုက်၏။ လက်တစ်ဖက်က သူ့ဖုန်းကို ကိုင်ထားပြီး ကျန်တစ်ဖက်က shumai အိတ်တစ်အိတ်ကို သယ်ထားသည်။
"ပြန်ပို့လိုက်! ကျွန်တော်တို့ အခု သုံးတော့မှာ! ဒီတစ်စက္ကန့်အတွင်း ပြန်ပို့လိုက်!"
ဖုန်းထဲရှိ တစ်ဖက်လူက တစ်စုံတစ်ခု ပြောလိုက်ဟန်တူသည်။
"ဘ-ဘာလို့ ကျွန်တော် ဒီလောက် အလျင်လိုနေရတာလဲဟုတ်လား၊ ကျွန်တော် ထမင်းစားတော့မယ်! ဟုတ်တယ်၊ ကျွန်တော် ဂျက်လေယာဉ်စီးပြီး ထမင်းစားတော့မှာ၊ အဲတာ ခင်ဗျား ဘာပြဿနာရှိလို့လဲ"
ဆံပင်ဝါသည် သူ့ဖုန်းကို ပခုံးနှင့် ခေါင်းကြားညှပ်လိုက်သည်။ ကားတံခါးကို ဖွင့်ကာ စကားပြောနေရင်း ထိုင်လိုက်၏။
"ငါ ဆယ်မိနစ်အချိန်ပေးမယ်၊ အခု ပြန်ပို့လိုက်"
ဆံပင်ဝါ ဖုန်းချလိုက်ပြီး နောက်လှည့်ကာ ရှန့်ချန့်ယန်ကို ပြုံးပြလိုက်သည်။
"မကြာခင် ရောက်လာလိမ့်မယ်"
"မလိုဘူး"
ရှန့်ချန့်ယန် သူ့ဖုန်းကို ငုံ့ကြည့်လိုက်၏။
"Haidilao ကို သွားရအောင်"
ဆံပင်ဝါ : ?
ဆံပင်ဝါက ရှန့်ချန့်ယန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့အကြည့်ကို ဟိုင်ရိဆီ ပြောင်းလိုက်သည်။ သူ တွေတွေလေး ကြည့်နေ၏။
ဆံပင်ဝါ : "ပျော်ကြမယ့်ကိစ္စကကော"
( TN : ဂျက်လေယာဉ်စီးမယ့်ကိစ္စကို ပြောတာပါ )
ဟိုင်ရိ : "Haidilao မကောင်းဘူးလား"
ဟိုင်ရိလည်း သူ့ဖုန်းကို ထုတ်လိုက်သည်။
"အဲလောက် ချေးများမနေနဲ့။"
ဆံပင်ဝါ : ...
ဆံပင်ဝါသည် စက္ကန့်သုံးဆယ်တိတိ ငြိမ်သက်သွားသည်။ ထို့နောက် သူ့ဖုန်းကို တစ်ခါထပ်ဖွင့်ပြီး နံပါတ်တစ်ခုကို ခေါ်ဆိုကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။
"ပါးစပ်ပိတ်ထား၊ ဘာမှမမေးနဲ့ ခင်ဗျား ပို့စရာမလိုတော့ဘူး"
ဟိုင်ရိ ရယ်မောခြင်းကို မထိန်းနိုင်တော့ပေ။
ရှန့်ချန့်ယန်လည်း ရွှင်မြူးသောအသံကို ထုတ်လိုက်သည်။
ဆံပင်ဝါ : "ငလူး၊ ကျွန်တော် သောက်ကျိုးနည်းမေးစရာမလိုဘူးလို့ ပြောပြီးပြီပဲ၊ ကျွန်တော်မစားချင်တော့ဘူးလို့ မဖြစ်ရဘူးလား"
ဟိုင်ရိ ရယ်မောလိုက်သည်။ ဆံပင်ဝါ ဒေါသထွက်လာ၏။
ဆံပင်ဝါ : "ပါးစပ်ပိတ်!"
ဆံပင်ဝါသည် သူတို့နှစ်ယောက်ကို စကားလုံးများဖြင့် ပက်ဖျန်းလိုက်သည်။
"(သူကများ)ကျွန်တော့်ကို လာစမ်းနေသေးတယ်၊ ပြီးတော့ ခင်ဗျားတို့နှစ်ယောက်က သောက်ကျိုးနည်း ရယ်နေတုန်းပဲ! ရော့ ခင်ဗျားတို့ shumai၊ စား"
ဟိုင်ရိက ၎င်းတို့ကို လက်ခံလိုက်သည်။ သူ တစ်ခုကို ထုတ်ယူလိုက်ပြီး အတွင်းထဲတွင် ကောက်ညှင်းဆန်များ ပြည့်နေသည်ကို တွေ့ရှိသောအခါ ခဏတာမျှ စကားမပြောနိုင်ဖြစ်သွား၏။ စိတ်အားထက်သန်မှု အနည်းငယ်ဖြင့် အိတ်ကို မူရင်းအတိုင်း ဆံပင်ဝါအား ပေးလိုက်သည်။
ဟိုင်ရိ : "မင်းပဲ စားလိုက်တော့"
ဆံပင်ဝါ : ?
"ကျွန်တော့်စိတ်အခြေအနေကို လာမစနေနဲ့တော့"
ဆံပင်ဝါက သတိပေးလိုက်သည်။
"စား"
ဟိုင်ရိ : "ငါတို့ မွန်ဂိုလူမျိုးတွေက ငါတို့ရဲ့ shumai ကို ဝက်သားနှပ်နဲ့ ထည့်ပြီး လုပ်တာ၊ ဒါက တောင်ပိုင်းသားတွေရဲ့ အစားအစာ၊ ငါ မစားနိုင်ဘူး"
ဆံပင်ဝါက သံသယအနည်းငယ်ဖြင့် တစ်ခုကို ကောက်ယူပြီး သူ့ပါးစပ်ထဲသို့ ထည့်လိုက်၏။ သူက တိုးတိုးလေး ပြောလိုက်သည်။
ဆံပင်ဝါ : "အရမ်း အရသာရှိတယ်"
ရှန့်ချန့်ယန်က နောက်ကနေ လက်တစ်ဖက်ကို ဆန့်တန်းလိုက်သည်။
"ငါ စမ်းကြည့်ဦးမယ်"
ဆံပင်ဝါက ၎င်းတို့ကို သူ့အား ပေးလိုက်သည်။ ရှန့်ချန့်ယန်က shumai တစ်လုံးကို ယူပြီး တစ်ကိုက်ကိုက်လိုက်၏။ သူက သူ့ဖုန်းနဲ့ ဆက်ကစားနေပြီး တုံ့ပြန်မှုအနည်းငယ်သာ ပြသသည်။
ဆံပင်ဝါနှင့် ဟိုင်ရိတို့သည် သူ၏ အကဲဖြတ်မှုကို စိတ်မရှည်စွာ စောင့်ဆိုင်းနေကြ၏။
သူ ဖုန်းကို အကြာကြီး စိုက်ကြည့်နေပြီးနောက် ရှန့်ချန့်ယန်က မော့ကြည့်လိုက်ပြီး လူနှစ်ဦးက သူ့ကို ရူးသွပ်သူများကဲ့သို့ စိုက်ကြည့်နေသည်ကို သတိပြုမိလိုက်သည်။
ရှန့်ချန့်ယန် : "ဪ၊ အဆင်ပြေတယ် ကားမောင်း"
ဆံပင်ဝါက နောက်လှည့်ပြီး ကားကို စတင်လိုက်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
"ခင်ဗျားတို့နှစ်ယောက် ကျွန်တော့်ကို လာနောက်နေတာပဲ ဖြစ်ရမယ်"
ဟိုင်ရိက ချစ်ခင်သော အပြုံးဖြင့် ပြောလိုက်သည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ဟိုင်ရိသည် ငယ်စဉ်ကတည်းက အတော်လေး ပြောင်မြောက်သော ဘဝကို ဖြတ်သန်းခဲ့သည်။
သူ့မိသားစုက ချမ်းသာပြီး သူ့အစ်မကြီးနှင့် မိခင်နှစ်ဦးလုံးက သူ့ကို အတော်လေး ချစ်ခင်ကြသည်။ ထို့ကြောင့် သူသည် အစားအသောက် သို့မဟုတ် အဝတ်အထည်များ မရှိခြင်း ဘယ်တော့မှ မဖြစ်ခဲ့ပေ။
ရလဒ်အနေဖြင့် သူသည် အရသာနှင့် ပတ်သက်၍ အနည်းငယ် ရွေးချယ်တတ်၏။ အရာအားလုံးကို ရိုးရိုးရှင်းရှင်း မစားပေ။ သူသည် ပင်လယ်စာ ငါးညှီနံ့ နံသည်၊ အမဲသားနှင့် သိုးသား ဆိုးရွားစွာ အနံ့နံသည်ဟု ယူဆပြီး ဝက်သား shumai ကိုသာ စားသည်။ ချိုသော ဟင်းလျာများကို သူ လုံးဝ မနှစ်သက်ပါ။ သူတို့ ဟော့ပေါ့စားနေစဉ်တွင် သူက မီနူးကို ဖွင့်ပြီး ကျန်နှစ်ဦးအား ယဉ်ကျေးစွာ မေးလိုက်သည်။
"တစ်ယောက်ချင်းစီ မှာကြမလား"
ရှန့်ချန့်ယန်က ခြေချိတ်ထိုင်လိုက်ပြီး ဆံပင်ဝါအား နောက်ထပ် မီနူးတစ်ခုကို ပေါ့ပေါ့ပါးပါး ကမ်းပေးလိုက်၏။
ရှန့်ချန့်ယန် : "မင်း ကြိုက်တာ မှာလိုက်၊ ငါ ဘာမဆို အဆင်ပြေတယ်"
ဆံပင်ဝါက မေးလိုက်သည်။
"အူဆိုရင်ကော"
"ရတယ်"
ရှန့်ချန့်ယန်တွင် သဘောထားများစွာ မရှိခဲ့ပေ။
ဟိုင်ရိ : "မင်းတို့ စားလို့ရတယ်၊ ငါ ကိုယ်တွင်းကလီစာတွေ မစားဘူး"
ဆံပင်ဝါက '1ပွဲ' ဟုသာ ရေးနိုင်ခဲ့သည်။
ဆံပင်ဝါ : "ဘဲအူကော"
ရှန့်ချန့်ယန် : "ရတယ်"
ဟိုင်ရိ : "ဘဲအူတွေက ကိုယ်တွင်းကလီစာတွေ မဟုတ်ဘူးလား"
ဆံပင်ဝါက စိတ်မရှည်စွာ မေးလိုက်သည်။
"ဒါဆို ခင်ဗျား ဝက်ဦးနှောက်လည်း မစားဘူးလား"
ဟိုင်ရိသည် အံ့အားသင့်သွားသည်။
"မင်းတို့ ဝက်ဦးနှောက်တောင် စားကြတာလား"
ရှန့်ချန့်ယန် : "ကျွန်တော် မစားဘူး"
ရှန့်ချန့်ယန်က ဆံပင်ဝါကို လက်ညှိုးထိုးပြသည်။
"သူက စားတယ်"
ဆံပင်ဝါ : "ခင်ဗျား တကယ်တော့ အကောင်းစားအမဲသားနဲ့ သိုးသားကို စားတာ မလား"
ဟိုင်ရိ : "တောင်းပန်ပါတယ်ကွာ၊ ငါ ဝက်သားစားမယ်၊ ငါ တစ်ယောက်ချင်းစီမှာဖို့ ပြောပြီးပြီပဲ၊ ဘာလို့ ငါ့ကို ဆက်မေးနေတာလဲ"
ဆံပင်ဝါ : "ခင်ဗျား ဘယ်လို သောက်ကျိုးနည်း ဟော့ပေါ့ကြီးကို စားနေတာလဲ"
ဟိုင်ရိသည် တွေတွေလေး ကြည့်နေသည်။ သူ ရှန့်ချန့်ယန်ကို တုံ့ဆိုင်းစွာ မေးလိုက်၏။
ဟိုင်ရိ : "အဲ... သူက စီချွမ်က မဟုတ်ဘူး မလား"
ရှန့်ချန့်ယန် : "မဟုတ်ဘူး"
ရှန့်ချန့်ယန်က အခုလေးတင် စကားပြောနေပုံရပြီး သူ့ဖုန်းကို နောက်ဆုံးတော့ ချလိုက်ပြီဖြစ်၏။ သူက တစ်ခါသုံးတူများကို ခွဲလိုက်ပြီး ရေနွေးအိုးကို ယူကာ ကြွေပန်းကန်များကို အပူပေးလိုက်သည်။
ဟိုင်ရိ သက်ပြင်းချလိုက်သည်နှင့် တစ်ပြိုင်နက် ရှန့်ချန့်ယန် ဆက်ပြောသည်ကို သူ ကြားလိုက်ရသည်။
ရှန့်ချန့်ယန် : "သူက ချုံချင်က"
ဟိုင်ရိက သူ့တူများကို စားပွဲပေါ် ရိုက်လိုက်ပြီး ပြောလိုက်သည်။
"ဒါဆို ငါ ပြောပြမယ်၊ ငါက Inner Mongolia က၊ မင်းနဲ့ ရန်ဖြစ်တာကို မကြောက်ဘူး၊ လောင်ဇီ က ဒီနေ့ အရသာခွဲထားတဲ့ ဟော့ပေါ့ကို စားချင်တယ်၊ ဘာကန့်ကွက်စရာရှိလဲ"
( TN : အိုးအလယ်မှာ အတားနဲ့ အစပ်နဲ့ အချိုခွဲထားတဲ့ ဟော့ပေါ့မျိုးပါ၊ ဆံပင်ဝါလေးက အစပ်အရမ်းစားကြတဲ့ ချုံချင်ကလူပါ ဒီတော့ သူက အစပ်စားပေမယ့် ဟိုင်ရိက မွန်ဂိုလူမျိုးဖြစ်ပြီး အစပ်မစားနိုင်ပါဘူး၊ ဒါကြောင့် ဟော့ပေါ့အိုးကို အချိုအစပ် အရသာပြီး စားမယ်လို့ ပြောတာပါ )
ဆံပင်ဝါက ထွက်သွားတော့မလို ထရပ်လိုက်၏။
"ကျွန်တော် သွားတော့မယ်"
ရှန့်ချန့်ယန်က သူ့ကို ဆွဲလိုက်သည်။
ရှန့်ချန့်ယန် : "စိတ်လျှော့၊ စိတ်လျှော့"
ဆံပင်ဝါ : "ဒါကို ကျွန်တော် မခံနိုင်ဘူး၊ ကော"
ရှန့်ချန့်ယန် ရူးမတတ်ရယ်မောလိုက်၏။
ရှန့်ချန့်ယန် : "သည်းခံလိုက်၊ ငါ့မျက်နှာကို ထောက်ပါဦး"
ဆံပင်ဝါက ခက်ခက်ခဲခဲ ပြန်ထိုင်လိုက်သည်။ မီနူးကို စားပွဲပေါ်သို့ ပစ်ချလိုက်ပြီး ဝိတ်တာကို အော်ပြောလိုက်သည်။
ဆံပင်ဝါ : "စားပွဲထိုး! ငါတို့ မှာတော့မယ်! သောက်ကျိုးနည်းလို မှာမယ်!"
ဟိုင်ရိ : "ပထမဆုံး ဝိုင်ဖြူ နှစ်ပုလင်းနဲ့ စရအောင်"
ရှန့်ချန့်ယန်နှင့် ဆံပင်ဝါ : ...
ဟိုင်ရိ : "Caoyuan ဝိုင်ဖြူ ရှိလား"
( TN : Inner Mongolia အရက်တစ်မျိုးပါ )
စားပွဲထိုးသည် အံ့အားသင့်သွား၏။
ဝိတ်တာ : "ဘာကြီး"
ဟိုင်ရိက နောက်တစ်ခုကို ရွေးလိုက်သည်။
ဟိုင်ရိ : "ဖြူတာ ဘာရှိလဲ"
"Jiang Xiao Bai?"
( TN : (白) - Bái - အဖြူ )
စားပွဲထိုးက မဖြေမီ တွန့်ဆုတ်နေသည်။
ဟိုင်ရိ : "ငါးလုံး၊ စားပွဲပေါ် တင်ပေးပါ"
ရှန့်ချန့်ယန်သည် သူ့နဖူးကို အုပ်ထားသည်။ ဤအရာနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ခြင်း မပြုလိုတော့ပေ။ ဟိုင်ရိက သူဖြည့်ထားသော မီနူး ကို စားပွဲထိုးအား ပေးလိုက်ပြီး ပြောလိုက်သည်။
"ကန်စွန်းဥနဲ့ ကန်စွန်းရွက် ဖယ်ပေးပါ၊ အလုပ်ရှုပ်စေမိလို့ တောင်းပန်ပါတယ်"
ဆံပင်ဝါ : "ခင်ဗျား ဒီမှာ တကယ် ဘာစားဖို့ လာတာလဲ"
ရှုပ်ထွေးနေသော ဟိုင်ရိက ပြန်ဖြေလိုက်သည်။
ဟိုင်ရိ : "မင်းရဲ့ အစွန်းအထင်းတွေ များတဲ့ အဲအရာတွေကို မင်းရဲ့ ကိုယ်ပိုင်အိုးထဲမှာပဲ နှစ်ပြီးစား၊ အရသာက အရမ်း ပြင်းတယ်"
ဆံပင်ဝါ :
"ကျွန်တော် ခင်ဗျားနဲ့ ထပ်ပြီး ဟော့ပေါ့စားရင် ခင်ဗျား ကျွန်တော့်အဖေ ဖြစ်သွားမယ်"
ဟိုင်ရိ : "မလုပ်ပါနဲ့၊ မလုပ်ပါနဲ့"
"ငါ ကောအဖြစ်နဲ့ပဲ အဆင်ပြေတယ်၊ နယ်နိမိတ်ကျော်တာကို တစ်ခါမှ မတွေးဖူးဘူး"
ရှန့်ချန့်ယန်သည် ရယ်မောရင်း ဒူးများပင် ကွေးနေသည်။ စားပွဲထိုးလည်း ရယ်လိုက်၏။
စားပွဲထိုး: "ကောင်းပါပြီ၊ ဒါတွေပဲနော်"
ဟိုင်ရိ: "ဘိုင့်ဘိုင်"
🌟🌟🌟