Chapter : 27 ( မီး မိန်းကလေး [2] )
အရာအားလုံးကို ပြီးစီးသောအခါ မွန်းတည့်ခါနီးပြီဖြစ်၏။ သူသည် သူ့ကိုယ်သူနှင့် ငှက်သိုက်ကဲ့သို့ ရှုပ်ထွေးနေသော ဆံပင်များကို ကုတင်ပေါ်မှ ဆွဲထုတ်ကာ သန့်စင်ခန်းသို့ သွားရန် ပြင်ဆင်နေစဉ် ဖုန်းတွင် သူငယ်ချင်းလုပ်ရန် တောင်းဆိုမှုတစ်ခု ရရှိခဲ့သည်။
ထို ID ကို 'King of Chicken' ဟု ခေါ်ဆိုထားသော်လည်းကောင်း၊ ထို ID တွင် ဆိုက်ဘေးရီးယားကျားပုံ ရှိနေသော်လည်းကောင်း ဟိုင်ရိက ဤလူသည် ဆံပင်ဝါ ဖြစ်ကြောင်း လျှို့ဝှက်ဆန်းကြယ်စွာ အတိအကျ သိရှိခဲ့သည်။
ဟိုင်ရိသည် သူငယ်ချင်းလုပ်ရန် တောင်းဆိုမှုကို လက်ခံလိုက်သည်။ တခြားတစ်ဖက်မှ သိသိသာသာ တုံ့ပြန်မှု မရှိပေ။ သူ သွားတိုက်ပြီးနောက် တခြားတစ်ဖက်မှ မက်ဆေ့ချ်တစ်ခုကို တွေ့လိုက်ရသည်။
[ ဟိုင်ကော မင်္ဂလာပါ ]
ဟိုင်ရိ : ...
ဟိုင်ရိ : [ ငါ့နာမည်က ဟိုင် မဟုတ်ဘူး ]
[ ရိကော ]
ဟိုင်ရိ : [ ကောပဲ ခေါ်လို့မရဘူးလား ]
[ ကျွန်တော်က လျိုယိဖန် {သွားဖြဲလျက်} ]
သူ မှန်နေခဲ့သည်။ ထိုသူသည် ဆံပင်ဝါ၏ နာမည်ပင် ဖြစ်၏။ ဟိုင်ရိ မတုံ့ပြန်နိုင်မီတွင်ပင် ထိုသူက ဆက်ပြောလိုက်သည်။
[ ယန်ကောက ဒီနေ့ နေ့လည် ခင်ဗျားကိုလာခေါ်ပြီး ဂိမ်းကစားဖို့ တောင်းဆိုခိုင်းလိုက်တယ် ]
ဟိုင်ရိက ထူးဆန်းစွာ မေးလိုက်သည်။
[ ငါ့ကို တောင်းဆိုတာလား ]
ဆံပင်ဝါ : [ ကျေးဇူးပြုပြီး ]
ဟိုင်ရိ စကားမပြောနိုင်ဖြစ်သွားသည်။
[ ငါ အဲ့လိုသဘောပြောတာ မဟုတ်ဘူး ]
စဉ်းစားပြီးနောက် ဟိုင်ရိက
[ ရှန့်ချန့်ယန်က မင်းကို ဘာလို့လွှတ်တာလဲ သူကကော ]
သူ့မက်ဆေ့ချ်သည် အတော်လေးကြာသည်အထိ အကြောင်းပြန်ကြားခြင်း မရှိခဲ့ပေ။ ဟိုင်ရိသည် သူ တစ်ခုခုမှားယွင်းစွာ ပြောမိသည်ဟုပင် ထင်မှတ်ခဲ့ပြီး ရှန့်ချန့်ယန်အကြောင်း မေးတော့မည်လုပ်စဉ် ဆံပင်ဝါ က ပြန်ဖြေလိုက်သည်။ ထိုအဖြေတွင် ရှန့်ချန့်ယန်၏ ဓာတ်ပုံပါရှိ၏။ ရှန့်ချန့်ယန်သည် အနက်ရောင် ဘေ့စ်ဘော ရှပ်အင်္ကျီ၊ ဂျင်းဘောင်းဘီနှင့် AJ ဖိနပ်တို့ကို ဝတ်ဆင်ထားသည်။ သူသည် စင်မြင့်ပေါ်တွင် ရပ်လျက် သီချင်းဆိုနေပုံရ၏။
ဆံပင်ဝါ : [ ဒါက မနက်က သူ့ဖျော်ဖြေပွဲ၊ သူ စင်ပေါ်မှာ ဖျော်ဖြေနေတာ၊ ကော ]
သူ၏ ပြောစကားတိုင်းတွင် 'ကော' ဟူသော စကားလုံးကို ထည့်ပြောခြင်းကြောင့် ဟိုင်ရိသည် သူ တကယ်ပင် သူ့ကို လာရောက်တောင်းဆိုနေသည်ဟု ခံစားရသည်။
ဟိုင်ရိ : [ အိုကေ၊ လိပ်စာပို့လိုက် ]
ဆံပင်ဝါ : [ ? ]
[ လျှောက်မပြောနဲ့နော် ]
ဆံပင်ဝါ : [ ကော၊ ကျွန်တော် လာကြိုပါ့မယ်.. ဘယ်လိုယာဉ်နဲ့ လိုက်ချင်လဲ ]
[ ဆိုင်ကယ်၊ ကား၊ စကူတာ ဒါမှမဟုတ် စက်ဘီးလား ]
ဟိုင်ရိ : ...
[ ဘယ်ဟာမှ မကောင်းဘူးလား ]
[ ရဟတ်ယာဉ်ကတော့ ငှားထားလိုက်ပြီ {ငိုလျက်} ဒါပေမယ့် ခင်ဗျား တကယ်စီးချင်တယ်ဆိုရင် ပြန်သွားယူလိုက်မယ် ]
ဟိုင်ရိက ခပ်သွက်သွက်ပင်
[ မလိုဘူး! မလိုဘူး၊ ဘာမဆို အဆင်ပြေတယ်၊ ငါ ချေးမများဘူး! ]
ရှန့်ချန့်ယန်မှာ တကယ်ကို ပိုက်ဆံ ဘယ်လောက်များ ရှိနေတာလဲ။ ဟိုင်ရိ ရူးမတတ်ပင် ဖြစ်သွားသည်။ သူ့တွင် ပိုက်ဆံအများကြီးရှိလျက်နှင့် သူ့ကို နှစ်ထောင်သာ ပေးခဲ့ပြီး သူ့ကို ပြန်ပေးခိုင်းနေသေး၏။
ဆံပင်ဝါ : [ အိုကေ၊ အစ်ကိုကြီး.. နေ့လည်ကျမှ တွေ့မယ် ]
ဟိုင်ရိသည် ငှက်သိုက်ကဲ့သို့ ရှုပ်ပွနေသော ဆံပင်များနှင့်အတူ ထိုင်နေရင်း သူ အိပ်မက်မက်နေသည်ဟုပင် ခံစားနေရသည်။ ရဟတ်ယာဉ်ဟူသော အတွေးသည် သူ့နားထင်များကို ဖိနှိပ်နေပြီး သူ့ခေါင်းနာသည်အထိ တဒုတ်ဒုတ်ခုန်နေ၏။
သူသည် သူ့ခြေရင်းရှိ အဝတ်အိတ်ကို မွှေနှောက်ကာ အဖြူရောင် ဟူဒီနှင့် ဘောင်းဘီနှင့် တစ်ဆက်တည်း ဖြစ်သော အနက်ရောင် ကြိုးသိုင်းရင်ခံ ဝတ်စုံတို့ကို ရွေးချယ်လိုက်သည်။ ရှန့်ချန့်ယန်က သူ့အတွက် ရှူးဖိနပ်တစ်ရံပင် ရွေးပေးထားခဲ့၏။ ရှန့်ချန့်ယန်သည် အလွန်အရပ်ရှည်ပြီး သူ့အဖွဲ့တွင် အရှည်ဆုံးဖြစ်သည်။ ဟိုင်ရိသည်လည်း အရပ် ပုသည့်အထဲ မပါပေ။
သူ့အရပ်သည် မျိုးရိုးဗီဇဆိုင်ရာ ပြဿနာတစ်ခုသက်သက်ဖြစ်ပြီး ယနေ့တိုင် တစ်ကိုယ်တည်းဖြစ်ရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုလည်းဖြစ်သည်။ သို့သော် ယခုမူ ၎င်းသည် သူ့အတွက် အားသာချက်တစ်ခုဖြစ်၏။ ရှန့်ချန့်ယန်၏ အဝတ်အစားများက သူနှင့် ကွက်တိတော်နေခဲ့သည်။
ဖြစ်နိုင်သည်မှာ အရပ်ရှည်သော ယောက်ျားလေးများသည် ကိုယ်ကို မတ်မတ်မရပ်တတ်သော အကျင့်ဆိုးရှိသောကြောင့် ရှန့်ချန့်ယန်သည် အနည်းငယ် ကိုယ်ကုန်းနေတတ်၏။ သို့သော် အဝတ်အစားဝတ်ဆင်ထားသောအခါ သူသည် ကမ္ဘာ့အစဉ်အလာများကို မထီမဲ့မြင်ပြုတတ်သော အေးဆေးသော အရှိန်အဝါကို ပေးသည်။
ဆန့်ကျင်ဘက်အားဖြင့် ဟိုင်ရိတွင် ပခုံးကျယ်များ၊ ခြေထောက်ရှည်များရှိပြီး အလွန်မတ်မတ်ရပ်တတ်သည်။ ရှန့်ချန့်ယန်၏ အဝတ်အစားများကို ဝတ်ဆင်သောအခါ သူသည် လုံးဝကွဲပြားခြားနားသော အငွေ့အသက်ကို ပေး၏။
ဟိုင်ရိ အောက်ထပ်ဆင်းလာသောအခါ ဆံပင်ဝါပင် ခဏတာ မျက်မှောင်ကြုတ်သွားခဲ့သည်။
ထို့နောက် သူသည် ပျော်ရွှင်စွာ လှည့်လာပြီး ဟိုင်ရိကို နှုတ်ဆက်သည်။
"ဟိုင်ကော"
ဘာမှမတတ်နိုင်သော ဟိုင်ရိသည် သူ့ကို အခေါ်အဝေါ်ပြင်ပေးရန်ပင် စိတ်မပါတော့ပေ။
ဆံပင်ဝါသည် ကားကို မောင်းလာခဲ့ပြီး ကားအပြင်ဘက်တွင် စီးကရက်ကို ပါးစပ်ဖြင့် ကိုက်ထားကာ စောင့်ဆိုင်းနေခဲ့၏။ ဟိုင်ရိ ရောက်လာသည်ကို မြင်သောအခါ သူသည် စီးကရက်ကို အလျင်အမြန် တစ်ဖွာဖွာပြီး ကားထဲသို့ ဝင်ထိုင်လိုက်သည်။
စီးကရက်ကို ကားပြတင်းပေါက်တွင် ငြှိမ်းသတ်ရန် ရည်ရွယ်ခဲ့သော်လည်း ဟိုင်ရိက ပြောလာ၏။
"တစ်ခု ပေးစမ်းပါဦး"
ဆံပင်ဝါ သည် ခဏတာ ရပ်တန့်သွားပြီးနောက် စီးကရက်ရှာရန် အလျင်အမြန် စမ်းလိုက်သည်။ သူသည် သူ့ရင်ဘတ်ကို စမ်းကြည့်ကာ ဘောင်းဘီအိတ်ကပ်များကို စမ်းကြည့်၏။ နောက်ဆုံးတွင် ဟိုင်ရိက ကားပြတင်းပေါက်မှ စီးကရက်ဘူးတစ်ဘူးကို လက်ခံရလိုက်သည်။ အတွင်းမှ မီးခြစ်ကို ထုတ်ယူကာ အကျင့်ဖြစ်ကာ အလွယ်တကူဖြင့် စီးကရက်ကို မီးညှိလိုက်၏။
ဆံပင်ဝါ ဘာမှမပြောပေ။ သူသည် ကားကို စတင်မောင်းနှင်ပြီး ကွေ့လိုက်သည်။ ဟိုင်ရိသည် စီးကရက်ကို သူ့လက်ချောင်းထိပ်များကြားတွင် ကိုင်ထားပြီး ပြတင်းပေါက်မှ ပြာများကို ခါချကာ မျက်လုံးမှေးစင်းရင်း မီးခိုးများကို မှုတ်ထုတ်လိုက်၏။
ခဏတာ တိတ်ဆိတ်သွားသည်။ ဆံပင်ဝါ က ပြုံးပြီး
"ကော၊ ကျွန်တော် မပြောနိုင်ဘူး"
ဟိုင်ရိ သူ့ကို ဂရုမစိုက်ပေ။ အချိန်အကြာကြီးကြာပြီးနောက် သူသည် စီးကရက်ပြာကို ခါချလိုက်ပြီးနောက် မေးလိုက်သည်။
"ဘာကို မပြောနိုင်တာလဲ"
ဆံပင်ဝါ : "ခင်ဗျားက တကယ်ကို အတော်လေး မိုက်တယ်"
ဟိုင်ရိ ရယ်မောလိုက်သည်။
"မင်းရဲ့ ယန်ကောက မင်းကို ဒီလိုဖြစ်အောင် တိတိကျကျ ဘာတွေပြောထားတာလဲ"
ဆံပင်ဝါ : "သိပ်တော့ မရှိပါဘူး၊ ခင်ဗျားနဲ့ သင့်တင့်ပြီး ယဉ်ယဥ်ကျေးကျေး ပြောဆိုဆက်ဆံဖို့ပဲ၊ အဓိကကတော့ လူတွေနဲ့ ကောင်းကောင်း ဘယ်လို ပြောဆိုဆက်ဆံရမလဲ မသိဘူးလေ၊ ကျွန်တော်က ယဉ်ကျေးမှုမရှိဘူးလား"
ဟိုင်ရိ : "ရပါတယ်၊ တကယ် အဆင်ပြေပါတယ်"
ဆံပင်ဝါ : "ဒါဆို အဆင်ပြေပါတယ်"
''ကျွန်တော် တကယ်ကို ဇာတ်လိုက်ယောက်ျားလေးအဖြစ် ဆက်ကစားချင်စိတ် မရှိတော့ဘူး၊ သူ့ဘေးနားမှာဆို ကျွန်တော်က သောက်ကျိုးနည်းလူပုလေးလို ဖြစ်နေတာ"
ဟိုင်ရိ : "ငါလည်း သူ့လောက် မရှည်ပါဘူး"
ဆံပင်ဝါ : "နည်းနည်းလေး ကွာတာဆိုရင် အဆင်ပြေပါတယ်၊ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ခင်ဗျားတို့က မျိုးစိတ်ချင်းတူနေဦးမှာ၊ ကျွန်တော်တို့နှစ်ယောက်ဆိုရင်တော့ လုံးဝ မျိုးစိတ်နှစ်မျိုးလို ကွဲပြားနေတာ"
"သေးငယ်တဲ့ ပြဿနာလေးပါပဲ"
ဟိုင်ရိက စီးကရက်ဘူးကို ပစ်ချလိုက်သည်။ သူသည် ဘူးထဲမှ နောက်ထပ်စီးကရက်တစ်လိပ်ကို ထုတ်ယူကာ မီးညှိပြီး တစ်ဖွာလိုက်၏။
"မင်း အသက်ဘယ်လောက်လဲ"
ဆံပင်ဝါ : "၁၇"
ဟိုင်ရိ : ...
ဟိုင်ရိ အသက်ရှူပင်ကြပ်မတတ် ဖြစ်သွား၏။ သူသည် ဆံပင်ဝါကို တစ်ချက်ကြည့်လိုက်သည်။ စကားလုံးတိုင်းတွင် 'ကော' ကို ထည့်ပြောတတ်သော ဤလူငယ်တစ်ယောက် ဖြစ်လိမ့်မည်ဟု မည်သူထင်မိမည်နည်း။
ဆံပင်ဝါ က ပြုံးစိစိလုပ်ပြီး ပြော၏။
"ကျွန်တော် အသက်ကြီးတဲ့ပုံပေါ်တယ်မလား"
ဟိုင်ရိ : "မင်း အဆင်ပြေပါတယ်"
ဆံပင်ဝါ : "ဒီနှစ်မွေးနေ့ပြီးရင်မှ ကျွန်တော် ဆယ့်ခုနစ်နှစ် ပြည့်မှာ၊ ယန်ကောက ကျွန်တော့်ထက် နှစ်နှစ်ပိုကြီးတယ်၊ ကော၊ ယန်ကောနဲ့ ဘယ်လိုသိသွားတာလဲ၊ ကျွန်တော် သူ့ကို ပထမဆုံး သိတုန်းက သူက အရမ်းကို ခပ်တည်တည်ပဲ"
ဟိုင်ရိ စိတ်ထဲက ရေရွတ်လိုက်သည်။
"ချစ်ခြင်းမေတ္တာနဲ့ ရွေ့လျားခဲ့တာပေါ့"
ကျောက်တုံးပင် ဟိုင်ရိကြောင့် ရွေ့လျားနိုင်သည်ဆိုလျှင် ကောင်စုတ်တစ်ယောက်အကြောင်း ပြောစရာပင်မလိုတော့ပေ။
ဟိုင်ရိ : "ဒါက ငါ့ရဲ့ ထင်ကြေးပဲ"
ဆံပင်ဝါ ရယ်မောလိုက်သည်။
"ခင်ဗျားတို့နှစ်ယောက်လုံးက ချောတဲ့ ကောင်လေးတွေပဲ"
ဟိုင်ရိသည် မှတ်ချက်ပေးခြင်းမှ ရှောင်ကြဉ်လိုက်သည်။ ဤအချိန်တွင် နှိမ့်ချဟန်ဆောင်ခြင်းသည် မည်သို့ပင်ဖြစ်စေ အတုအယောင်ဖြစ်နေမည်ဖြစ်၏။
ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ဆံပင်ဝါက ကားထဲမှ သီချင်းကို ဖွင့်လိုက်သည်။
"ဒါကို အရင်နားထောင်ကြည့်ပါဦး၊ သူ ဒီနေ့လည်မှာ ဒါကို သီချင်းဆိုနေလိမ့်မယ်"
အစပိုင်းကို နားထောင်ပြီးနောက် ဟိုင်ရိ၏ မျက်နှာအမူအရာ ပြောင်းလဲသွား၏။
"ငါ ဒါကို အရင်က ကြားဖူးတယ်"
ဆံပင်ဝါအံ့ဩသွားသည်။
"တကယ်လား"
ဟိုင်ရိသည် အစပိုင်း၏ စည်းချက်အတိုင်း တိကျစွာ လက်ခုပ်တီးလိုက်ရင်း သီချင်းဆိုလိုက်၏။
~ ငါ အရမ်းငယ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ခဲ့တုန်းက ငါတို့အိမ် မီးလောင်ခဲ့တယ် ~
ဆံပင်ဝါသည် သံစဉ်ကို ပြုံးလိုက်သည်။
"ယန်ကောက ဒီသီချင်းကို အရမ်းသဘောကျတာ"
ခဏတာ စဉ်းစားပြီးနောက် ဟိုင်ရိသည် စီးကရက်ကို တစ်ဖွာလိုက်သည်။
"ငါကောပဲ"
ထိုသီချင်းသည် <Is That All There Is> ဖြစ်သည်။ ဟိုင်ရိသည် ဤသိပ်မကျော်ကြားသော သီချင်းကို အကြိမ်များစွာ နားထောင်ခဲ့ပြီး၊ မသင်ယူဘဲပင် သီဆိုနိုင်သည်အထိ ဖြစ်ခဲ့၏။
ဆံပင်ဝါ : "ဒါကြောင့် ယန်ကောက ခင်ဗျားကို ဒီလောက် သဘောကျတာပေါ့"
"အစားအစာတွေကို ဂရုမစိုက်ဘဲ စားလို့ရတယ်"
ဟိုင်ရိက ပေါ့ပေါ့ပါးပါးပင် မီးခိုးကွင်းတစ်ခုကို မှုတ်ထုတ်လိုက်သည်။
"ဒါပေမယ့် စကားလုံးတွေကိုတော့ ဂရုမစိုက်ဘဲ ပြောလို့မရဘူး"
"ကျွန်တော် တကယ်ပြောတာပါ"
ဆံပင်ဝါက သူ့စကား၏ အဓိပ္ပာယ်ကို နားမလည်ဘဲ ပြောလိုက်သည်။
"ဒီပြဇာတ်ရုံကို ကျွန်တော်တို့နှစ်ယောက်ပဲ အမြဲစီမံခန့်ခွဲခဲ့တာ။ ပြီးတော့ ကျွန်တော်တို့ တစ်ခါမှ အနုပညာရှင်အသစ်တွေ ခေါ်ခဲ့တာမရှိဘူး၊ ခင်ဗျားက ပထမဆုံး ဖြစ်လိမ့်မယ်"
ဟိုင်ရိ : "ဒါက ငါ သူ့ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီလို့လေ ငါက ချောတဲ့မျက်နှာလေးရှိလို့ပေါ့"
"ငါတို့ မရောက်သေးဘူးလား"
ဟိုင်ရိက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဤနေရာသည် မမျှော်လင့်ဘဲ အတော်လေးကျယ်ဝန်းပြီး ဒုတိယအထက်တန်းစား မြို့တစ်မြို့ထက်ပင် ပိုကြီးပုံရ၏။
"ရောက်ပါပြီ"
ဆံပင်ဝါက ကွေ့လိုက်ပြီး ကားကို လမ်းကြားတစ်ခုထဲသို့ မောင်းဝင်ကာ ခြံဝင်းတစ်ခုထဲသို့ တိုက်ရိုက်ဝင်သွားသည်။ သူတို့နှစ်ဦး ကားပေါ်မှ ဆင်းပြီးနောက် ဆံပင်ဝါက ကြေညာလိုက်၏။
"ကော၊ ကြိုဆိုပါတယ်"
ဟိုင်ရိ ကားပေါ်က ဆင်းလိုက်သည်။ ကျယ်ဝန်းသော ခြံဝန်းကြီးကို ပေကျင်းမြို့ဟောင်းမှ ခြံဝန်းများ၏ ပုံစံအတိုင်း ပြုပြင်မွမ်းမံထားသည်။ မှိန်ပျပျ မီးရောင်ခြယ်ထားသော ဖန်ခန်းများအတွင်းမှ အနည်းငယ်သာ မြင်နိုင်၏။
ဆံပင်ဝါက သူ့ကို ဦးဆောင်ခေါ်သွားသည်။ လှေကားထစ်များ အောက်သို့ ဆင်းသွားပြီးနောက် ဧရာမစင်မြင့်ဆီသို့ တောက်လျှောက်ဖြန့်ခင်းထားသော ကော်ဇောနီတစ်ခုကို တွေ့ရ၏။ ဘေးနှစ်ဖက်တွင် ပရိသတ်နေရာများ ရှိသည်။ လူတစ်ယောက်မှ မရှိပေ။
လှုပ်ရှားမှုအချို့ကို ကြားလိုက်ရသကဲ့သို့ ရှန့်ချန့်ယန်သည် စင်မြင့်ကန့်လန့်ကာများ၏ နောက်ဘက်မှ ထွက်လာသည်။ သူသည် ဟိုင်ရိ၏ ဝတ်စားဆင်ယင်မှုကို မြင်သောအခါ သူ့အပေါ် မျက်စိဖြင့် တစ်ချက်ဝှေ့ကြည့်လိုက်၏။
"ခင်ဗျားရောက်လာပြီလား"
ဟိုင်ရိ : "မင်းတို့နှစ်ယောက် ဒါကို စီစဉ်ခဲ့တာလား"
ဟိုင်ရိသည် စင်မြင့်ပေါ်သို့ တက်သွားရာ အနည်းငယ် မှင်သက်နေသည်။ ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ၎င်းသည် ရှေးခေတ် ရုပ်ရှင်ရုံဟောင်းများကို အလွန်တူနေသည်ဟု ခံစားရ၏။
ရှန့်ချန့်ယန် : "ဟုတ်တယ်"
ဟိုင်ရိသည် လက်ဖဝါးများကို ဖြန့်ထုတ်လိုက်ပြီး မေးလိုက်သည်။
"ငါ့ကို ဘာလုပ်စေချင်တာလဲ"
ရှန့်ချန့်ယန် : "ခင်ဗျား ဘာမှလုပ်စရာမလိုသေးဘူး၊ ထမင်းစားပြီးပြီလား''
ဟိုင်ရိ မြေပြင်ပေါ်သို့ ပစ်လဲလိုက်၏။
"စားပြီးပြီ"
ရှန့်ချန့်ယန်သည် သူ့ဖုန်းကို ထုတ်ကာ သီချင်းတစ်ပုဒ်ကို အသံကျယ်ကျယ်ဖွင့်လိုက်သည်။ ထိုသီချင်းသည် သူတို့ ကားစီးလာစဉ်က ဖွင့်ခဲ့သော <Is That All There Is> ပင် ဖြစ်၏။ သူသည် ဟိုင်ရိ ဘေးတွင် ဝင်ထိုင်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော်တို့ ဒီသီချင်းနဲ့ ဖျော်ဖြေကြမယ်"
သီချင်းနိဒါန်း စတင်ဖွင့်၏။ ဟိုင်ရိက သံစဉ်နှင့်အညီ မေးလိုက်သည်။
"ငါ့အတွက် စာသားတွေ မပါဘူးလား၊ အားလုံး မင်းအတွက်ပဲလား"
"တိတ်"
ရှန့်ချန့်ယန်သည် သူ့နှုတ်ခမ်းဖျားတွင် လက်ချောင်းတစ်ချောင်းကို တင်လိုက်ပြီး ခပ်တည်တည်မျက်နှာဖြင့် စည်းချက်အတိုင်း လက်ခုပ်တီးလိုက်၏။ ဟိုင်ရိသည် မသိစိတ်ကနေ သူ့ပါးစပ်ကို ပိတ်လိုက်ပြီးနောက် ရှန့်ချန့်ယန်၏ နက်ရှိုင်းသောအသံဖြင့် စာသားများကို အစကနေ စတင်ရွတ်ဆိုသည်ကို ကြားလိုက်ရ၏။
~ ငါ အရမ်းငယ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ခဲ့တုန်းက ငါတို့အိမ် မီးလောင်ခဲ့တယ် ~
~ ငါ့အဖေက ငါ့ကို ပွေ့ချီပြီး မီးလောင်နေတဲ့ အဆောက်အအုံထဲကနေ ကတ္တရာလမ်းပေါ်ကို ပြေးထွက်လာတုန်းက သူ့မျက်နှာပေါ်က ပုံစံကို ဘယ်တော့မှ မမေ့ဘူး ~
ဟိုင်ရိသည် ရုတ်တရက် သူ့ကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ ဤစာသားများသည် မည်မျှဖိအားရှိသည်ဟု တွေးမိသောအခါ သူ စိတ်လှုပ်ရှားသွား၏။ ထိုကဲ့သို့ ရှုပ်ထွေးမှုများစွာ ကြွယ်ဝသော အနုပညာဆန်ဆန် လှပသည့်အသံကို သူ တစ်ခါမျှ နားမထောင်ဖူးပေ။
ရှန့်ချန့်ယန် ခေါင်းငုံ့လိုက်သည်။ သူ၏မြင့်မားသော နှာတံ၏ အသာစီးရမှုသည် ထောင့်ချိုးပြောင်းလဲမှုကြောင့် ပို၍ပင် ထင်ပေါ်လာ၏။ သူသည် စာသားများကို ကြည့်လိုက်စဉ် သူ့၏တိုတောင်းသော မျက်တောင်များ မှေးကျသွားသည်။
~ အရာအားလုံး ပြီးဆုံးသွားတော့ ငါ ကိုယ့်ဘာသာကိုယ် ပြောလိုက်တယ်၊ ဒါတွေအကုန် မီးတွေလား ဒါတွေအကုန်လား ~
ဟိုင်ရိ : ...
ရှန့်ချန့်ယန်သည် ဟိုင်ရိ၏ အကြည့်ကို ဖမ်းမိသောအခါ ခဏတာ မှင်သက်သွား၏။ သူသည် သူ့လက်ချောင်းများကို တီးလိုက်ကာ မေးလိုက်သည်။
"ဘာဖြစ်တာလဲ"
"ဘာကိုလဲ"
ရှန့်ချန့်ယန်၏ မမျှော်လင့်ဘဲ ပြေပြစ်မှုရှိပြီး နှစ်လိုဖွယ်ကောင်းသော အသံက သူ့ကို လုံးဝ ဖမ်းစားလိုက်သည်။
"ဘာညွှန်ကြားချက်တွေ ပေးစရာရှိလို့လဲ၊ ပါရမီရှင်လေး"
ရှန့်ချန့်ယန် : "တစ်ပိုင်းလောက် ဆိုနိုင်မလား"
ဟိုင်ရိသည် ချက်ချင်းပင် ဖိအားအချို့ ခံစားလိုက်ရသည်။ သူ တစ်ခုခုပြောရန်ပင် မကြိုးစားမီ ဆံပင်ဝါက ဝင်ရောက်ပြောကြားလိုက်၏။
"သူ ဆိုနိုင်ပါတယ်၊ ဟုတ်တယ်မလား ဟိုင်ကော"
ဟိုင်ကောမှာ လက်ခံရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ပေ။
"နည်းနည်းပဲ၊ စာသားတွေကြည့်ရအောင်"
ရှန့်ချန့်ယန်က သူ့ဖုန်းကို သူ့ကို ပေးလိုက်သည်။ ဟိုင်ရိသည် စာသားများပေါ်တွင် မျက်လုံးစွဲလျက် ခပ်ဖွဖွချောင်းဆိုးလိုက်ပြီး
~ ဒါပဲဆိုရင် ငါ့သူငယ်ချင်းတွေ၊ ကခုန်ကြရအောင်၊ အရက်တွေ ထုတ်ပြီး ပျော်ကြရအောင် ~
ဆံပင်ဝါ က ဝမ်းမြောက်ဝမ်းသာဖြင့်
"မဆိုးဘူး၊ ယန်ကော တော်တော်ကောင်းတယ် မလား"
အနည်းငယ် စိုးရိမ်စိတ်ဝင်နေသော ဟိုင်ရိသည် သူ အမြဲတမ်း ဖျော်ဖြေနိုင်သလောက် မကောင်းမွန်ဟု ခံစားရသည်။ သို့သော် ရှန့်ချန့်ယန်သည် သူ့လက်များကို အိတ်ကပ်ထဲထည့်ကာ ရပ်နေပြီးသားဖြစ်၏။
"အံ့မခန်းပဲ"
ဟိုင်ရိသည် မိမိကိုယ်ကိုယုံကြည်မှု သိသိသာသာ နည်းပါးနေသောကြောင့် မေးလိုက်၏။
"တကယ်လား"
"တကယ်"
ရှန့်ချန့်ယန်သည် သူ့ကို ငုံ့ကြည့်လိုက်သည်။
"ကျွန်တော် ခင်ဗျားကို အထင်သေးမိတာပဲ"
ဟိုင်ရိသည် မီးရောင်များကို မျက်နှာမူထားသောကြောင့် မျက်လုံးများကို ကောင်းစွာ ဖွင့်မထားနိုင်ပေ။
"ငါ မင်းကို ပြောပြီးသားပဲ ငါ အပိုင်းအားလုံးကို လုပ်နိုင်တယ်''
ရှန့်ချန့်ယန်၏ အဖြေမှာ ထုံးစံအတိုင်းပင်။
"ဒါဆို ကျွန်တော်က အဲဒီစွမ်းရည်အပိုင်းမှာ ဘယ်အပိုင်းကို ရောက်နေလဲ"
သို့သော် ဤတစ်ကြိမ်တွင် ဟိုင်ရိ၏ အဖြေက ကွဲပြားသည်။ သူသည် ခပ်တည်တည်ဖြင့် ပြောလိုက်၏။
"တိတိ မင်း ဘယ်နေရာမှာမှ မရှိဘူး"
ရှန့်ချန့်ယန်သည် သူ့ကို စကားတစ်ခွန်းမှ မပြောဘဲ ကြည့်နေသည်။
ဟိုင်ရိလည်း သူ့ကို ပြန်ကြည့်နေ၏။
ဆံပင်ဝါသည် သူတို့နှစ်ဦးလုံးကို စိုက်ကြည့်နေသည်။ သူသည် ရှန့်ချန့်ယန်ကို တစ်ချက်ကြည့်လိုက်ပြီး ဟိုင်ရိကို ကြည့်လိုက်ပြီးနောက် ရှုပ်ထွေးစွာ မေးလိုက်၏။
"မင်းတို့ ဘာတွေပြောနေတာလဲ"
"ဘာမှမဟုတ်ဘူး"
ဟိုင်ရိသည် ထရပ်လိုက်ပြီး ယဉ်ကျေးစွာပင်
"စကြရအောင်"
ရှန့်ချန့်ယန်သည် ကန့်လန့်ကာများကို ဘေးသို့တွန်းဖယ်လိုက်သောအခါ နောက်ကွယ်တွင် အနက်ရောင် ဗလာနေရာတစ်ခုကို တွေ့လိုက်ရသည်။ စားပွဲ၊ ကုလားထိုင် အနည်းငယ်နှင့် စက္ကူဖြူများစွာကို ၎င်းတို့ပေါ်တွင် တင်ထား၏။
ရှန့်ချန့်ယန် : " ကျွန်တော်တို့ရဲ့ စာသားတွေကို ဒီမှာ လေ့ကျင့်မယ်၊ ဒီပြဇာတ်ကို <မီး> လို့ ခေါ်တယ်"
ဆံပင်ဝါ : " တရုတ်လိုဆိုရင်တော့ <မီးမိန်းကလေး> "
"ဒီပြဇာတ်ကို ငါတစ်ခါမှ မကြားဖူးဘူး"
ဟိုင်ရိက ပေါ့ပေါ့ပါးပါးပင် ကြည့်ရှုရန် ဆင်းသွားသည်။
စားပွဲပေါ်တွင် တေးဂီတဆိုင်ရာ မှတ်တမ်းအနည်းငယ် ပျံ့ကျဲနေ၏။ ဟိုင်ရိသည် စာရွက်များကို ချထားပြီး သူတို့ကို ကြည့်လိုက်သည်။
"ဘယ်သူရေးထားတာလဲ"
၎င်းသည် သဘာဝကျပြီး ရိုးရှင်းသော မေးခွန်းတစ်ခုဖြစ်ပြီး သူ ရုတ်တရက် မေးလိုက်သော အရာတစ်ခုဖြစ်သည်။ သို့တိုင် ဟိုင်ရိသည် ဆံပင်ဝါ၏ အကြည့်တွင် ပြောင်းလဲမှုတစ်ခုနှင့် သူ၏မျက်နှာအမူအရာတွင် စိုးရိမ်စိတ်တစ်ခု ရုတ်တရက် သတိပြုမိလိုက်၏။
သို့သော် ရှန့်ချန့်ယန်သည် မည်သည့်တုံ့ပြန်မှုကိုမျှ မပြပေ။ သူသည် စားပွဲတွင် ထိုင်နေပြီး သူ့ဖုန်းကို ကြည့်ရင်း ပေါ့ပေါ့ပါးပါးပင် ....
"ဒါက အရေးမကြီးဘူး"
ဟိုင်ရိ : ?
ဆံပင်ဝါ: "ခင်ဗျား လုပ်တော့မှာလား''
"ငါ မလုပ်ဘူးလို့ ဘယ်တုန်းကမှ မပြောဖူးဘူး"
ဟိုင်ရိက သူ့ကို စိုက်ကြည့်လိုက်သည်။ ဆံပင်ဝါ၏ အပြုအမူကို နားမလည်နိုင်ဖြစ်နေသည်။
"ဘာလို့ ရုတ်တရက် စိုးရိမ်နေတာလဲ"
ရှန့်ချန့်ယန် : "သူ့ကို ဂရုမစိုက်နဲ့"
ဟိုင်ရိက ဂရုမစိုက်စွာပင် ပြောလိုက်၏။
"အိုကေ"
ရှန့်ချန့်ယန်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။
"ဒါက ခင်ဗျားအတွက် ဆိုးကျိုးမဖြစ်ဘူး၊ အကျိုးရှိလိမ့်မယ်"
ဟိုင်ရိသည် တကယ်ပင် ဂရုမစိုက်ပေ။
ဆံပင်ဝါ အဘယ်ကြောင့် စိုးရိမ်နေကာ သူတို့ နှစ်ယောက်တည်း ဘာကြောင့် ရှိနေပြီး ရှန့်ချန့်ယန်၏ စကားများသည် အဘယ်အကြောင်းကြောင့် ကတိတစ်ခုနှင့်တူနေကြောင်းနှင့် ဤကတိ၏ အဓိပ္ပာယ်ကိုလည်း သူ ဂရုမစိုက်ပေ။
ဟိုင်ရိသည် ရိုးရှင်းစွာ ဂရုမစိုက်ပေ။
အလုပ်မရှိခြင်းက သူ့ကို ပျင်းရိစေသည်။
သွားစရာလမ်းနှစ်လမ်းသာ ရှိ၏။
ကျန်ရစ်သူဖြစ်ခြင်း သို့မဟုတ် သေဆုံးခြင်း။
လူ့အသက်သည် ဤအဆင့်သို့ ရောက်ရှိလာသောအခါ ဆုံးရှုံးစရာ ဘာမှမရှိတော့ပေ။ ရှန့်ချန့်ယန်က သူ့ကို လိုအပ်သောကြောင့် သူ ပြန်အကူအညီပေးမည်။
သူ့ကိုယ်သူ စိုးရိမ်စရာ သိပ်မရှိတော့ပေ။
ဟိုင်ရိက ပေါ့ပေါ့ပါးပါးပင်
"မင်း ဆိုလိုတာ ငါ နားမလည်ဘူး၊ ဒါဆို စကြရအောင်"
🌟🌟🌟