Chapter : 20 ( ညီမလေးက အရုပ်ကလေးကို သယ်ထားတယ် [17] )
Viewers 3k

Chapter : 20 ( ညီမ‌လေးက အရုပ်ကလေးကို သယ်ထားတယ် [17] )


ခဏအကြာတွင် လူတိုင်း ဆက်လက်တိတ်ဆိတ်နေကြဆဲ ဖြစ်သည်။ ခဏစောင့်ပြီးနောက် ဟိုင်ရိသည် မျက်နှာပြောင်တိုက်ပြီး မေးလိုက်ခြင်းမှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။


"အဲဒီညက ခင်ဗျားမြင်ခဲ့တဲ့ သရဲက သေဆုံးသူကို သတ်ခဲ့မယ်ဆိုတာ တွေးကြည့်ဖူးလား"


ရွှယ်ချွမ်း : "ဒါဆို ဘာလို့ ကျွန်မကို အပြစ်တင်နေတာလဲ"


"ဒါက ကျွန်မနဲ့ ဘယ်လို ပတ်သက်နေတာလဲ"


ဟိုင်ရိသည် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။


"ဘာလို့လဲဆိုတော့... ခင်ဗျားက အဲဒီတုန်းက သူနဲ့ ဆက်သွယ်ခဲ့တဲ့ တစ်ဦးတည်းသောသူဖြစ်နေတာကြောင့်ဆိုရင်ကော"


ရွှယ်ချွမ်းသည် အားအင်မရှိစွာ ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။


"ကျွန်မ မဟုတ်ဘူး၊ ဗိုလ်ချုပ်ထွက်သွားပြီးနောက်ပိုင်း ကျွန်မရဲ့အချိန်ဇယားက လုံးဝရှင်းနေတယ်"


ရှန့်ချန့်ယန်သည် အနည်းငယ်နောင်တရသော လေသံဖြင့် ပြောလိုက်သည်။


"အခြားနည်းလမ်းမရှိတော့ဘူး၊ မဲပေးကြမလား"


သေဆုံးသူသည် ထိုအချိန်တွင် နောက်ဆုံးတွင် လှုပ်ရှားလာ၏။ ဟိုင်ရိသည် သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ အစားအစာရယူရန် အချိန်တန်ပြီဖြစ်သည်။


ဟိုင်ရိ စဉ်းစားမိသော်လည်း လက်ရှိအခြေအနေကို မည်သို့ကိုင်တွယ်ရမည်ကို မသိသေးသောကြောင့် တိတ်ဆိတ်နေခြင်းကိုသာ ရွေးချယ်နိုင်ခဲ့၏။


မည်သို့ပင်ဆိုစေကာမူ ဤနေရာတွင် ရှုံးနိမ့်ခြင်းသည် ဘဝ၏ အဆုံးသတ်မဟုတ်ပေ။


ဆန့်ကျင်ဘက်အားဖြင့်၊ ၎င်းသည် ဘဝသစ်တစ်ခု၏ အစဖြစ်သည်။ အခြားသူများကို စွန့်လွှတ်ခဲ့သူများ ခံစားခဲ့ရသော စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးသည် တကယ်တမ်းတွင် ကြီးမားလှသည်မဟုတ်ပေ။


ဟိုင်ရိ လက်ထောင်လိုက်သည်။


"ကျွန်တော် မဲပေးလို့ရပြီ"


ဖျင်ကျယ့်သည် ထိုအပေါ်တွင် စဉ်းစားနေ၏။ သူ၏ အကြည့်သည် ရွှယ်ချွမ်းအပေါ် ကျရောက်သွားသည်။ တစ်ခုခု ပြောချင်နေသကဲ့သို့ပင်။ သို့သော် ချန်ဇယ်က စိတ်မရှည်စွာ ပြောလိုက်သည်။


"မဲပေးကြစို့"


ရွှယ်ချွမ်းသည် သူတို့တစ်ဦးချင်းစီကို တစ်လှည့်စီ ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများသည် ရုတ်တရက် ဟိုင်ရိအပေါ် ရောက်လာ၏။


"ရှင်က ရှန့်ချန့်ယန်ရဲ့ အပေါင်းအဖော်လား"


"မဟုတ်ဘူး"


ဟိုင်ရိသည် သူ့ကော်လံကို ပြင်လိုက်သည်။ 


"ကျွန်တော်သာဆိုရင် အသုံးဝင်တဲ့ အပေါင်းအဖော်ကို ရွေးသင့်တယ်၊ မဟုတ်လား ဒီပွဲမှာ ကျွန်တော်က တစ်ခုတောင် အသုံးဝင်ခဲ့လို့လား"


ဟိုင်ရိ ကိုယ်တိုင်က အပေါင်းအဖော်က မည်သူဖြစ်သည်အား သေချာမသိသေးပေ။ သူက အစကတော့ သေချာခဲ့သော်လည်း ရှန့်ချန့်ယန်၏ ဒီနေ့ထွက်ဆိုချက်များကြောင့် သူပါ စိတ်ရှုပ်ထွေးသွားခဲ့သည်။ ရှန့်ချန့်ယန်က လူသတ်သမား ဟုတ်မဟုတ်တောင် မသေချာတော့ပေ။ ရှန့်ချန့်ယန်ရဲ့ ကစားပုံက ကျွမ်းကျင်ပြီး ပညာရှင်ကစားသမားတစ်ဦးလိုပင်ဖြစ်၏။


ရွှယ်ချွမ်းက ဖျင်ကျယ့်ကို ပြောလိုက်သည်။


"ကျွန်မကို ယုံပါ၊ ကျွန်မနဲ့အတူ ရှန့်ချန့်ယန်ကို မဲပေးလိုက်ပါ သူက သေချာပေါက် လူသတ်သမားပဲ၊ ဒါဆို ရှင်အိမ်ပြန်လို့ရပြီလေ"


သို့သော် ဖျင်ကျယ့်၏ မျက်ခုံးများ တွန့်ကြေနေပြီး သူ၏ အပြုံးက ယဉ်ကျေး၏။ သူမ၏ စကားများကို အလေးအနက်ထားပုံ မရပေ။


ချန်ဇယ်၏ နှလုံးသားသည် ဤနေရာတွင် မရှိတော့ပေ။ ဟိုင်ရိက သူမသည် ရှန့်ချန့်ယန်နောက် လိုက်ပြီး ရွှယ်ချွမ်းကို မဲပေးလိမ့်မည်ဟု ခံစားရသည်။ သူမ အနိုင်ရချင်သည်ဆိုလျှင် ထိုသို့ဖြစ်၏။ သူမ အနိုင်ရချင်ပြီး ရှန့်ချန့်ယန်ကို ဖယ်ရှားချင်ပါက ရှန့်ချန့်ယန်ကို မဲပေးနိုင်သည်။


ဟိုင်ရိ၏ နှလုံးသားသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသော်လည်း သူ့အတွက် မဲဆွယ်စည်းရုံးရေးဆင်းခြင်းသည် မကောင်းပေ။ သေချာစွာ စဉ်းစားပြီးနောက် သူသည် ဖျင်ကျယ့်သည် ရှန့်ချန့်ယန်ကို မဲပေးမည်မဟုတ်ဟု ခံစားနေရဆဲဖြစ်သည်။ ထိုသို့ဆိုလျှင် သူတို့သည် မဲအချိုးအစား ၂:၃ ကို ဆက်လက် အာမခံနိုင်မည်ဖြစ်၏။


သေဆုံးသူသည် အစားအစာပန်းကန်များဖြင့် လျှောက်လာသည်။ ဟိုင်ရိက ကြေညာလိုက်၏။


"မဲပေးကြစို့"


သေဆုံးသူသည် ထိုစကားများကို ကြားရသောအခါ ဝမ်းသာအားရ ရယ်ပြီး အခန်းတစ်ခန်းလုံးကို ရူးသွပ်စွာ ပြေးလွှားနေသည်။ ဖုန်းများပေါ်တွင် ဝက်ဘ်စာမျက်နှာတစ်ခု ပေါ်လာပြီး ကလေးသီချင်းသည် အသံကျယ်ကျယ်ဖြင့် ထွက်ပေါ်လာ၏။


~ ညီမလေးက အရုပ်ကလေးကို သယ်ပြီး ~


~ ချယ်ရီပန်းတွေကြည့်ဖို့ ပန်းခြံကို သွားခဲ့တယ် ~


~ အရုပ်ကလေးက ငိုပြီး သူ့မေမေကို ခေါ်နေတယ် ~


~ သစ်ပင်ပေါ်က ငှက်ကလေးတွေက ရယ်နေကြတယ် ~


( TN - မေ့သွားရင် ပြန်နားထောင်လို့ရအောင် link လေး ထည့်ပေးထားပါတယ် < https://youtu.be/lXIr9i6sfOI?si=cL8k6LEhLiq0TRPd > )


ဟိုင်ရိသည် ရုတ်တရက် သတိရလိုက်သည်မှာ ရှန့်ချန့်ယန်၏ ဖုန်းဘက်ထရီကုန်နေပြီး မဲပေးခြင်းအားလုံး သူတို့၏ ဖုန်းများပေါ်တွင် ပြုလုပ်ရမည်ဖြစ်သည်။ ဟိုင်ရိသည် ရှန့်ချန့်ယန်ကို ထိုအကြောင်းမေးရန် ပြင်ဆင်နေစဉ် ရှန့်ချန့်ယန်က ပြောလိုက်၏။


"ကျွန်တော်မဲမပေးတော့ဘူး"


ဟိုင်ရိ : ?


ရှန့်ချန့်ယန်က သူ့ကိုယ်သူ ထပ်ခါတလဲလဲ ပြောလိုက်သည်။


"ကျွန်တော် မဲမပေးဘူး"


ဟိုင်ရိ : ??


ဟိုင်ရိ ထရပ်လိုက်သည်။


"မင်းအတွက် အားသွင်းကြိုးသွားယူပေးမယ်..."


သူ စကားမဆုံးခင်မှာပင် ရှန့်ချန့်ယန်က သူ့ကို ပြန်ဆွဲချလိုက်ပြီး နားနားကပ်ကာ ပြောလိုက်၏။ 


"ခင်ဗျားဘာသာ မဲပေး၊ ကျွန်တော့်အကြောင်း စိတ်မပူနဲ့"


ဟိုင်ရိက ကျိန်ဆဲလိုက်သည်။


"မင်း ဘယ်လိုသောက်ကျိုးနည်းတွေ စဉ်းစားနေတာလဲ"


ရှန့်ချန့်ယန်က ပြုံးပြီး ခေါင်းညိတ်လိုက်၏။


သူတို့က မဲမပေးကြသေးသောကြောင့် သူဘာမှ မပြောနိုင်တော့ပေ။ တခြားသူတွေရဲ့ အာရုံစိုက်မှုအား မလိုလားသဖြင့် ဟိုင်ရိက သည်းခံရုံကလွဲ၍ အခြားရွေးချယ်စရာ မရှိတော့။ ဤသို့ဆိုရင် သူတို့ မဲတစ်မဲ ထပ်လျော့သွားပြီဖြစ်၏။


ရှန့်ချန့်ယန်သည် ဘက်ထရီကုန်နေသော သူ့ဖုန်းကို အောက်ချလိုက်ပြီး နှစ်ချက်လှုပ်လိုက်သည်။ ဟိုင်ရိက ရွှယ်ချွမ်းကို မဲပေးခဲ့သည်ကို မြင်သောအခါ သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာ၏။


ခဏအကြာတွင် သေဆုံးသူသည် အခန်းအလယ်တွင် ရုတ်တရက် ရပ်တန့်သွားသည်။ ကလေးသီချင်းသံကြားကတည်းက သူမသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ပြောလိုက်၏။


"ဂိမ်းပြီးသွားပြီ...လူသတ်သမား လွတ်မြောက်သွားပြီ"


"ကစားသမား ရွှယ်ချွမ်းကို မဲသုံးမဲနဲ့ ထုတ်ပစ်လိုက်ပြီ... ရှန့်ချန့်ယန် လွတ်မြောက်သွားပြီ"


ဖျင်ကျယ့်နှင့် ချန်ဇယ် နှစ်ယောက်လုံး ရွှယ်ချွမ်းကို မဲပေးခဲ့ကြသည်။


ရှန့်ချန့်ယန်က တကယ့်လူသတ်သမားပဲ!


အံ့အားသင့်စွာဖြင့် ဟိုင်ရိသည် လှည့်ပြီး ရှန့်ချန့်ယန်ကို တစ်ချက်ကြည့်လိုက်သည်။ သို့သော် သူသည် အတော်လေး တည်ငြိမ်နေပြီး သူ့မျက်နှာတွင် အပြုံးတစ်ချက်ပင် မရှိပေ။ မဲမပေးမီကထက်ပင် ပို၍ ဂရုမစိုက်သော ပုံပေါ်နေ၏။


ရွှယ်ချွမ်းသည် စားပွဲကို အားပြုကာ မတ်တပ်ရပ်လိုက်သည်။ သူမသည် ရှန့်ချန့်ယန်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏မျက်နှာတွင် မျက်ရည်စီးကြောင်းများ ပေါ်လာ၏။


"ရှင်ပဲဆိုတာ ကျွန်မအစကတည်းက သိခဲ့ပေမယ့် ရှင့်ကို မကျော်ဖြတ်နိုင်ခဲ့ဘူး"


"ဂိမ်းတွေကစားတဲ့အခါ ရှုံးတဲ့နေ့ဆိုတာ အမြဲရှိနေမှာပါပဲ"


နားလည်သဘောပေါက်ပုံရသော ရွှယ်ချွမ်းက မျက်ရည်စက်လက်ဖြင့် ပြုံးလိုက်ပြီး စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို မြှောက်လိုက်သည်။ 


"ဒီလောင်းကြေးကို လက်ခံပြီးပြီဆိုတော့ အရှုံးကို လက်ခံရမှာပေါ့၊ ဒါက အောင်ပွဲခံခြင်းပဲ"


ရှန့်ချန့်ယန်သည်လည်း သူ၏ခွက်ကို မြှောက်လိုက်ပြီး ထုံးတမ်းစဉ်လာအတိုင်း စားပွဲပေါ်သို့ ညင်သာစွာ ခေါက်လိုက်၏။


ရွှယ်ချွမ်းက ပြောလိုက်သည်။


"တကယ့်လူသတ်သမားအတွက် အောင်ပွဲခံခြင်း၊ ဒီ ရက်စက်တဲ့ဘဝအတွက် အောင်ပွဲခံခြင်း"


ထို့နောက် သူမသည် ခေါင်းကို မော့လိုက်ပြီး သောက်လိုက်သည်။ မျက်ရည်များကို သုတ်ရင်း သေဆုံးသူ တစ်ခုခု မလုပ်ဆောင်ခင် ထွက်သွား၏။


ရှန့်ချန့်ယန်သည် အချိန်အတော်ကြာ တိတ်ဆိတ်နေသည်။ သူလည်း လက်ဖက်ရည်ကို တစ်ကျိုက်တည်း မော့ချလိုက်၏။


ဟိုင်ရိသည် သူ့မျက်နှာအမူအရာကို ချောင်းကြည့်လိုက်သည်။ သူ လွတ်မြောက်သွားသည်ကို ပျော်ရွှင်ပုံ မပေါ်ပေ။


ခဏတာတော့ တိတ်ဆိတ်သွားသည်။ ရွှယ်ချွမ်းနှင့် သေဆုံးသူ နှစ်ဦးစလုံး ထွက်သွားကြပြီ။ သူတို့အားလုံး ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာ အတိအကျ သိကြ၏။


ဖျင်ကျယ့်သည် ခဏအကြာတွင် တိတ်ဆိတ်မှုကို ဖြိုခွဲကာ ပြုံးလျက် ပြောလိုက်သည်။


"မင်း ဘယ်လို လွတ်မြောက်ခဲ့တာလဲ"


ရှန့်ချန့်ယန်သည် သူ့ကိုယ်သူ ရယ်မောလိုက်ပြီး ခေါင်းခါလိုက်၏။


"ချန်ဇယ်က ကျွန်တော့်ရဲ့ အပေါင်းအဖော်ပဲ"


ဖျင်ကျယ့်နှင့် ဟိုင်ရိ : ?


ချန်ဇယ်သည် စကားတစ်ခွန်းမှ မပြောဘဲ မျက်ခုံးပင့်လိုက်သည်။


ဟိုင်ရိ၏ ကမ္ဘာကြီးအ‌ပေါ် အမြင်သည် ပြိုလဲသွား၏။


ရှန့်ချန့်ယန် : "ချန်ဇယ်က ကျွန်တော့်အတွက် သက်သေခံခဲ့သမျှက လိမ်တာတွေပဲ၊ ကျွန်တော် ဘယ်တုန်းကမှ မအိပ်ခဲ့ဘူး"


"ဒါဆို ပထမညက..."


ဖျင်ကျယ့် အံ့အားသင့်သွားသည်။


"ဒါဆို ဘာလို့ ပထမညက သူ့ရည်းစားကို သတ်ခဲ့တာလဲ၊ အဲဒါ ဘာဖြစ်တာလဲ"


ရှန့်ချန့်ယန်သည် သူ့မေးစေ့ကို မြှောက်လိုက်၏။


"သူ(မ)ကို မေးလိုက်ပါ၊ ဒါက သူ(မ)ရဲ့ အကြံပဲ"


ဟိုင်ရိ၏ လက်ရှိခံစားချက်များမှာ... ဖော်ပြ၍မရနိုင်ပေ။ စကားတစ်လုံးတည်းဖြင့်ဆိုရလျှင် - မယုံနိုင်စရာပဲ။


သူတို့ ဒီလိုမျိုးတောင် ကစားလို့ရလား...


ချန်ဇယ်က ဂရုမစိုက်စွာ ပြောလိုက်သည်။


"ဒါက သရုပ်ဆောင်မှုပါပဲ အချစ်တို့... သူနဲ့အတူနေပြီး ရက်အနည်းငယ်အတွင်း သူ့ကို သတ်ပစ်ဖို့ ငါစဉ်းစားခဲ့တယ်.. ငါကောင်းတဲ့သူတစ်ယောက်ရဲ့ နေရာမှာ မြဲမြဲ ထိုင်နိုင်ရင်... လူသတ်သမားအတွက် သက်သေခံနိုင်လိမ့်မယ်... လက်တွေ့က မင်းတို့ တကယ် မယုံသင်္ကာ မဖြစ်ခဲ့ဘူးဆိုတာ သက်သေပြလိုက်တာပဲလေ"


ဟိုင်ရိသည် ချစ်သူများ၏ လမ်းစဉ်သည် အခြားသူများကို လွတ်မြောက်ရန် လမ်းမရှိစေကြောင်း အခုအချိန်တွင် အပြည့်အဝ နားလည်သွားပြီဖြစ်သည်။ ဤလမ်းစဉ်သည် အမှန်တကယ်ပင် တုနှိုင်းမရပေ။


ရှန့်ချန့်ယန်သည် အစားအစာထဲသို့ စတင်တူးဆွနေပြီ ဖြစ်ပြီး ဟိုင်ရိ၏ နှလုံးသားတစ်လျှောက် မြင်းတစ်သောင်းပြေးလွှားနေသကဲ့သို့ ခံစားရစေသည်။


ဟိုင်ရိ : "မင်း ဘယ်လို လုပ်ခဲ့တာလဲ"


ရှန့်ချန့်ယန်က သူ့ကို အားပေးလိုက်၏။


"အရင်စား၊ ကားက ခဏနေရင် လာခေါ်လိမ့်မယ်၊ စားပြီးရင် ရှင်းပြမယ်"


ဟိုင်ရိသည် မျက်နှာကို လက်နှင့်အုပ်လိုက်သည်။


"ငါ လက်လျှော့လိုက်ပါပြီ"


"ဒါက သူ(မ)ရဲ့ အကြံပဲ"


ရှန့်ချန့်ယန်က ထိုမိန်းကလေးကို တစ်ချက်ကြည့်လိုက်သည်။


"ကျွန်တော်တစ်ယောက်တည်း ကစားနေရင် ဒီလိုပုံစံနဲ့ ကစားမှာမဟုတ်ဘူး"


ဟိုင်ရိသည် ရှုပ်ထွေးနေ၏။


"မင်း ဘယ်လိုကစားမှာလဲ၊ ဘယ်သူမှ မင်းကို အချိန်ဇယားဖုံးကွယ်ဖို့ မကူညီရင် မင်း ဘယ်လိုဖြေရှင်းဖို့ ရည်ရွယ်ထားတာလဲ"


ရှန့်ချန့်ယန်သည် စဉ်းစားလိုက်သော်လည်း ဘာမှမပြောပေ။


ဟိုင်ရိသည် ရုတ်တရက် တစ်ခုခု မှားနေသည်ဟု မရေမရာ ခံစားလိုက်ရသည်။ ဟိုင်ရိ၏ ကစားပုံက အဆင့်မြင့်သော်လည်း သူ၏တိုးတက်မှုသည် ကဏ္ဍအားလုံးတွင် ဆိုးရွားနေ၏။


သူ(ရှန့်ချန့်ယန်) အတိအကျ ဘာလုပ်ချင်ခဲ့တာလဲ...


ဟိုင်ရိ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။


"မင်း... ပြန်သွားချင်နေတာလား"


"စား"


ရှန့်ချန့်ယန်က အမိန့်ပေးလိုက်၏။


"မဟုတ်ရင် ကားထပ်မူးလိမ့်မယ် ခင်ဗျား ကိုယ့်ကိုယ်ကို မသိဘူးလား"


ဟိုင်ရိသည် သူ့ပုန်ကန်တတ်သော သားသည် မြူ၊ မိုး၊ လေတို့နှင့် တူညီစွာ ထိုးထွင်းသိမြင်ရန် ခက်ခဲသည်ဟု ခံစားရသည်။ ဤကလေးသည် မှားယွင်းသောလမ်းကို မှားယွင်းစွာ လျှောက်လှမ်းမည်ကို စိုးရိမ်ခြင်းသည် ဟိုင်ရိ၏ ဘဝတွင် အမြဲရှိနေ၏။


ဟိုင်ရိသည် ဗိုက်တစ်ခွင်လုံး၌စိုးရိမ်ပူပန်မှုပြည့်နေစဉ် ချန်ဇယ် ရောက်လာပြီး ရှန့်ချန့်ယန်ရှေ့တွင် ခြေချိတ်ထိုင်လိုက်သည်။ ထို့နောက် ပြုံးရင်း


"ငါ သရုပ်ဆောင်တာ ဘယ်လိုလဲ"


ရှန့်ချန့်ယန်သည် သူ့မျက်နှာကို စွပ်ပြုတ်ထဲသို့ နှစ်လိုက်ပြီး သူမကို လက်မထောင်ပြလိုက်သည်။


ချန်ဇယ်သည် သူမ၏ လက်ဖက်ရည်ခွက်ပေါ်သို့ လက်တင်လိုက်ပြီး သူမ၏မေးစေ့ကို အခြားလက်တစ်ဖက်ပေါ်တင်ထား၏။


"တကယ်တော့ မင်းအကြောင်း ကြားဖူးတယ်"


ရှန့်ချန့်ယန်သည် သူမတွင် ပြောစရာရှိလျှင် အမြန်ပြောရန် ညွှန်ပြကာ မျက်လုံးများကို မြှောက်လိုက်သည်။


ရှန့်ချန့်ယန်သည် သူမတွင် ပြောစရာရှိလျှင် အမြန်ပြောရန် ညွှန်ပြကာ မျက်လုံးများကို မြှောက်လိုက်သည်။


ချန်ဇယ် : "မင်းက အမှတ်တွေ အလုံအလောက်ရပြီး သေဖို့လျှောက်လွှာက မအောင်မြင်တဲ့ အဲနာမည်ကြီးမလား"


ဟိုင်ရိ : ?


ရှန့်ချန့်ယန်သည် သူ့ပါးစပ်ကို သုတ်လိုက်သည်။ သူသည် ယဉ်ကျေးစွာနှင့် လှလှပပ မေးလိုက်၏။


"အဲဒါက ခင်ဗျားကိစ္စလား"


🌟🌟🌟