Ch 1
Viewers 751

💓 Chapter 1




ကျွန်မမှာ မှော်ဆန်တဲ့စွမ်းရည်တစ်ခုရှိတယ်၊ ကျွန်မ စွန့်ပစ်ခဲ့တဲ့ အမျိုးသားမှန်သမျှ အချစ်ရူးတစ်ယောက်ဖြစ်သွားပြီး ရူးသွပ်နေတဲ့လူလိုမျိုး နောက်ကလိုက်ရှာကျတော့တာပဲ။


သုံးနှစ်ကြာပျောက်ကွယ်နေပြီးနောက်၊ ကျွန်မ အပျော်တမ်း မိဘပညာပေးအကြောင်းရိုက်ကူးသည့် အွန်လိုင်းရုပ်သံအစီ အစဉ်တစ်ခုသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။


စောင့်ကြည့်ခန်းထဲ ကျွန်မသည် Screen ပေါ်မှ ခြေမကိုင်မိလက်မကိုင်မိဖြစ်‌နေသော ဖခင်ဖြစ်သူအား စိုက်ကြည့်ရင်း မျက်ခုံးများတွန့်ချိုးသွားရသည်။


"လုံးဝကို မှားယွင်းနေတယ်" ကျွန်မ မအော်မိဘဲမနေနိုင်ခဲ့ပေ။


 "ပထမဆုံး ရေကိုလောင်းထည့်ပြီးမှ နို့မှုန့်ထည့်သင့်တယ်၊ ပြီးတော့ အပေါ်အောက် အဲဒီလိုလှုပ်တာက ကလေးကိုလေထိုးစေလိမ့်မယ်"


မိဘပညာပေး အယူအဆအမှားကို ကျွန်မ ထောက်ပြမိသည်မှာ ဤအကြိမ်ဖြင့်ဆိုလျှင် သုံးကြိမ်မြောက်ရှိပြီဖြစ်သည်။


အစီအစဉ်တင်ဆက်သူ၏ မျက်လုံးများအရောင်တောက်သွားပြီး သူသည် ကျွန်မအား စူးစမ်းစွာကြည့်ရှုလာခဲ့သည်။ 


"ချန်ချန်၊ မင်း မိဘအုပ်ထိန်းမှုနဲ့ပတ်သက်ပြီး အရမ်းသိတာပဲ၊ ဘယ်သူ ကလေးရထားတာများရှိလဲ ?"


"မရှိပါဘူး" 


ကျွန်မ တည်ငြိမ်စွာခေါင်းခါလိုက်သည်။ 


"အသက်နှစ်နှစ်နီးပါးရှိတဲ့ သားတစ်ယောက် ကျွန်မမှာ ရှိနေလို့ပါ"


အစီအစဉ်တင်ဆက်သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး၊ သူ ခဏတာ စပ်စုမိခြင်းအားနောင်တရနေပုံပင်။ ထိပ်တန်းမင်း သမီးဟောင်းတစ်ဦးသည် Come Back ပြန်လည်စတင်သည့် ပွဲဦးထွက်၌ အသက်နှစ်နှစ်အရွယ် သားတစ်ယောက်ရှိကြောင်း ထုတ်ဖော်ခဲ့သည်။ ကျွမ်းကျင်သော အစီအစဉ်တင်ဆက်သူတစ်ဦးပင်လျှင် ဤအခြေအနေမျိုးအား ကိုင်တွယ်ဖြေရှင်းရန် ရုန်းကန်ရမည်ဖြစ်သည်။


သူသည် အကြောင်းအရာပြောင်းလဲရန် ကြိုးစားရင်း တုံ့ဆိုင်းစွာအခြေအနေကို ပြေလည်အောင်လုပ်ဆောင်ခဲ့သည်။


စောင့်ကြည့်ခန်းထဲတွင် တခြားဧည့်သည်များ၏ မျက်နှာအမူ အရာများ အမျိုးမျိုးကွဲပြားနေသော်လည်း၊ ကျွန်မဘေးတွင် ထိုင်နေသည့်၊ လျှို့ဝှက်လက်ထပ်ထားပြီး ကလေးရှိနေသည်ဟု ကောလာဟလထွက်နေသည့် နာမည်ကြီးမင်းသားမှာမူမနာလိုစိတ်ဖြင့် မျက်နှာစိမ်းဖန့်နေခဲ့သည်။


အစီအစဉ်ပြီးဆုံးပြီး နောက်တစ်ရက်တွင် ကျွန်မ ကလေးရှိကြောင်းဝန်ခံသည့် ဗီဒီယိုအတိုလေး ပေါက်ကြားသွားသည်။ ထိုညတွင်၊ Hot Search ပေါက်ကွဲသွားပြီး၊ ကျွန်မနှင့်သက် ဆိုင်သော အကြောင်းအရာများက ထိပ်ဆုံးရောက်ရှိခဲ့သည်။ 


#လီချန်ချန် ကလေး# ဟူသော ခေါင်းစဉ်မှာ အချိန်အတော်ကြာ ထိပ်ဆုံးတွင် ရပ်တည်နေခဲ့ပြီး၊ ကလေး၏ဖခင်မှာမည်သူဖြစ်မည်ကို ခန့်မှန်းချက်များက တစ်နိုင်ငံလုံးအငြင်းပွားဖွယ် ရာဖြစ်လာခဲ့သည်။


ထိုညက ကျွန်မ၏ဖုန်းမှာ ပေါက်ကွဲလုနီးပါးဖြစ်ခဲ့ရသည်။


ပထမဆုံးဖုန်းခေါ်ဆိုလာသူမှာ ကျွန်မ၏ မန်နေဂျာကူးကျီပင်။ သူမ ကျွန်မကိုသတ်ချင်နေလောက်မည်ဟု ကျွန်မ ခန့်မှန်းနိုင် သည်။


"လီချန်ချန်! နင် ဘယ်လိုဖြစ်နေတာလဲ! နင် ပြန်လာတာနဲ့ ငါ့အတွက် ပြဿနာတွေ အကြီးအကျယ်ရှာပေးနေပြီ! နောက်မှ ကြေညာဖို့ သဘောတူထားတာ မဟုတ်ဘူးလား ?!" 


ကူးကျီ၏အသံသည် ဖုန်း Screen ကိုပင် ဖြိုခွဲလုနီးပါးဖြစ်ခဲ့သည်။


သူမသည် ကလေးရှိကြောင်းသိထားသော်လည်း၊ ယခုအချိန်အတွက် အများပြည်သူထံမထုတ်ဖော်ရန် ယခင် သဘောတူညီခဲ့ကြသည်။


ထို့နောက် မီဒီယာအသီးသီးမှ မေးမြန်းမှုများတသီတတန်းကြီး ဝင်လာသော်လည်း ကျွန်မ လျစ်လျူရှုခဲ့သည်။


အဆုံးတွင်မှ ကျွန်မ၏နာမည်ကျော်ကြယ်ပွင့်ချစ်သူဟောင်းနှင့် ချမ်းသာသောခင်ပွန်းဟောင်းတို့မှ အသီးသီး ဖုန်းခေါ်ဆိုခဲ့ကြသည်။


"ကလေးက ရန်ချီရဲ့ကလေးလား ? မင်းတို့ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကွာရှင်းခဲ့တာမဟုတ်ဘူးလား ?" ဟူ၍ မေးလာသူမှာ နာမည်ကျော်ကြယ်ပွင့်ချစ်သူဟောင်း ရွှီကျားယိဖြစ်သည်။ သူ ရည်ညွှန်းသော ရန်ချီမှာ ကျွန်မ၏ စူပါစတားခင်ပွန်းဟောင်းပင်။


"နင် ငါ့ရဲ့ ကိုယ်ပိုင်ဘဝကိုအရမ်းဂရုစိုက်တာပဲ... ဘာပဲဖြစ်ဖြစ် ကလေးက နင်နဲ့မဆိုင်ဘူး" ဟု ကျွန်မပြောပြီး ဖုန်းချလိုက်သည်။


ထိုသူများကို နောက်ဆုံးတွင် ကိုင်တွယ်ဖြေရှင်းပြီးသော်လည်း ဟိုတယ်သို့ ပြန်ရောက်သည်နှင့် ဖုန်းဆက်ခဲ့သော နာမည်ကျော် ချစ်သူဟောင်းထံမှ စင်္ကြန်တွင် ပိတ်ဆို့ထားခြင်းကိုခံလိုက်ရသည်။


"လီချန်ချန်" 


ရွှီကျားယိသည် ကျွန်မ၏လမ်းကို ပိတ်ဆို့ရန်လက်တစ်ဖက်ဖြင့် နံရံကိုထောက်ထားသည်။ 


"ငါ ဒီဘေးခန်းမှာ အစီအစဉ်ရိုက်နေတာ မင်း မေ့သွားပြီလား?"


"ငါက ဘယ်လိုလုပ်မေ့ရမှာလဲ ?" 


ကျွန်မ ရင်ဘတ်ပေါ် လက်ပိုက်လိုက်ပြီး အကြည့်များထဲအမူ အရာကင်းမဲ့နေသည်။


 "ကျွန်မ လုံးဝ မသိသလို စိတ်လဲမဝင်စားဘူး"


"မင်း..." 


ရွှီကျားယိသည် ကျွန်မ၏လက်မောင်းကိုဆုပ်ကိုင်ပြီး သူ့အ ခန်းထဲသို့ အတင်းဆွဲခေါ်သွားခဲ့သည်။ 


"ပြော၊ ဘယ်သူ့ ကလေးလဲ ?"


"ရှင်နဲ့တော့ လုံးဝမဆိုင်ဘူး" 


ကျွန်မသည် သူ့လက်ကိုပုတ်ထုတ်လိုက်ပြီး မကျေမနပ်ဖြင့်ပြောလိုက်သည်။ 


"ဒီလို အရေးကြီးတဲ့အချိန်မှာ ငါ့ကို အခန်းထဲ အတင်းဆွဲခေါ်တာသာ ကင်မရာမိသွားရင် ဘယ်လိုမှရှင်းပြလို့ရတော့မှာ မဟုတ်တော့ဘူး"


"ငါ ဂရုမစိုက်ဘူး" ရွှီကျားယိသည် အသက်ပြင်းပြင်းရှူသွင်းပြီး တစ်လှမ်းတိုးလာသည်။ 


"ငါနဲ့ မဆိုင်ဘူးဆိုတာ ငါ သိပါတယ်၊ အဲ့ဒါ ဘယ်သူ့ကလေးလဲ ?"



ငါ ဂရုစိုက်တယ်၊ ငါ့ကလေးအဖေလို့ လူတွေ နင့်ကိုအထင်မှားတာကို မလိုချင်ဘူး၊ သူ့အဖေက ဘယ်သူလဲဆိုတာကိုလည်း နင့်ကို ငါ ရှင်းပြစရာမလိုဘူး" 


ကျွန်မသည် သူ့ကို တွန်းထုတ်လိုက်ပြီး လှည့်ထွက်ကာ ကျွန်မ အခန်းဆီသို့ တန်းတန်းမတ်မတ်ပြန်သွားခဲ့သည်။


ကျွန်မ အခန်းထဲတွင်ထိုင်ပြီး သိပ်မကြာခင်မှာပင် ကျွန်မ လက် ထောက်ရှောင်ယွဲ့ မှာ ဖုန်းကိုင်လျက် ထိတ်လန့်တကြားပြေးဝင်လာခဲ့သည်။


"ချန်ချန်ကျဲ၊ သတင်းခေါင်းစဉ်တွေကို ကြည့်လိုက်ပါဦး"


[ထိပ်တန်းစတားရွှီကျားယိ၊ လီချန်ချန်နှင့် ဟိုတယ်၌ တစ်ညတာအတူရှိနေ၊ ဒုတိယကလေးယူဖို့ စီစဉ်နေတာလား ?]


သတင်းမှာ အလွန်လျင်မြန်ပြီးခေါင်းစဉ်ကလည်း အံ့ဩစရာကောင်းလောက်အောင် ကောင်းကောင်းရေးထားသည်။


"ဒေါက်၊ ဒေါက်... ဒေါက်၊ ဒေါက်!" 


နောက်တစ်စက္ကန့်တွင် တံခါးခေါက်သံက ပိုမိုပြင်းထန်လာခဲ့သည်။


ရွှီကျားယိ သတင်းကို အခုလောက်ကြီးမြန်မြန်မြင်သွားပြီလား ?? 


ကျွန်မ တံခါးဖွင့်လိုက်ရာ မျက်ဆံများပင်ကျုံ့ဝင်သွားရသည်။


"ရှင်က ဘာလို့ ဒီရောက်နေတာလဲ ?" 


တံခါးဝတွင် ရပ်နေသူမှာ ကျွန်မ၏ ချမ်းသာသောခင်ပွန်းဟောင်း ရန်ချီပင်ဖြစ်တော့သည်။


"ကိုယ့်ကိုတွေ့တော့ အံ့ဩသွားတာလား ?" 


ရန်ချီသည် သူ့နောက်သို့လှမ်းကြည့်လိုက်ပြီး သူ့ လက်ထောက်အား ထောင့်ချိုးတွင် ပုန်းနေသောသတင်းထောက်များကို ချက်ချင်းဖယ်ရှားခိုင်းလိုက်သည်။


ကျွန်မ ခင်ပွန်းဟောင်း၏အရည်အချင်းများကို နည်းနည်းတော့ သတိထားလိုက်မိသည်။


သူသည် ယခုအခါ အချစ်ရူးတစ်ယောက်ဖြစ်နေပြီး ကျွန်မတစ်ဦးတည်းကိုသာ စွဲလမ်းနေသည်ဟု ကျွန်မ မသိခဲ့ပါက၊ သူ့အား မြင်သည်နှင့် ထွက်ပြေးမိလိမ့်မည်။


ရှောင်ယွဲ့သည် ထိုအခြေအနေအားသတိပြုမိသဖြင့် တံခါး ပိတ်ပြီးနောက်ဆုတ်သွားသည်။


ဒီကောင်မလေး...ကြည့်ရတာနောက်ထပ် လက်ထောက်အသစ် ရှာရတော့မယ့်ပုံပဲ။


"ငါတို့ ကွာရှင်းခဲ့တာသုံးနှစ်ရှိပြီ၊ မင်းရဲ့သားက နှစ်နှစ်... " 


ရန်ချီ ကျွန်မဆီသို့ တစ်လှမ်းချင်းချဉ်းကပ်လာခဲ့သည်။


ကျွန်မ နောက်သို့ဆုတ်ရင်း ထောင့်ချိုးတွင် ပိတ်မိသွားပြီး လွတ်လမ်းမရှိတော့ပေ။


"မင်း ဘာမှရှင်းပြစရာမရှိဘူးလား ?" 


ရန်ချီသည် ကျွန်မရှေ့တွင် နံရံတစ်ခုလိုရပ်နေပြီး ထွက်ပြေးနိုင်သော လမ်းအားလုံးကိုပိတ်ဆို့ထားသည်။


ရန်ချီ၏ခြေရာခံမရသော အနေအထားမျာ လူအများမြင်တွေ့ရခြင်းမျိုးရှားသည်။ ကျွန်မတို့ကွာရှင်းပြီး သုံးနှစ်အကြာမှသာ သူ့ မျက်နှာကို ကျွန်မ ပထမဆုံးအကြိမ်တိုက်ရိုက်ကြည့်ရတာပဲ— မဟုတ်ဘူး၊ အပေါ်ကိုမော့ကြည့်တာ


သူ့မျက်နှာသည် အမြဲတမ်းလို ခန့်ညားဆဲဖြစ်သည်— ထက်ရှသော မျက်ခုံးများ၊ တောက်ပသော မျက်လုံးများနှင့် စနစ်တ ကျပြုပြင်ထားသော နုတ်ခမ်းမွှေးများဖြင့် သူသည် ရင့်ကျက်ကာယောက်ျားပီသသော အငွေ့အသက်ကိုထုတ်လွှတ်နေ သည်။


ကျွန်မ အမျိုးသားများအပေါ်ကောင်းသောမျက်လုံးဖြင့် မမြင်တတ်သော်လည်း ရုပ်ရည်သွင်ပြင်ကိုတော့ ကောင်းကောင်းကြိးသိသည်။


"ကျွန်မ 'ခင်ပွန်းဟောင်း' ကို  ဘာမှရှင်းပြစရာမရှိဘူး!" 


"ခင်ပွန်းဟောင်း" ဟူသော စကားလုံးကိုတစ်လုံးချင်းထုတ်ပြောလိုက်သည်။ ၎င်းသည် သူ့အား စိတ်ထိခိုက်စေမည်ကို သိသော်လည်း၊ ယခုအချိန်တွင် သူ ကျွန်မအ‌ပေါ် ဘာမှမလုပ်နိုင် သည်ကိုလည်း သိထားသည်။


"ခင်ပွန်းဟောင်း" ဟူသော စကားလုံးကြောင့် ရန်ချီမျက်နှာ မည်းမှောင်သွားသည်။


"တကယ်တော့ ကိုယ် ဘာရှင်းပြချက်မလိုပါဘူး၊ မင်းသိတဲ့အတိုင်းပဲ၊ ကလေးက ဘယ်သူဘယ်ဝါဆိုတဲ့ သူ့ရဲ့ဖြစ်တည်မှုကို ကိုယ် အလွယ်တကူသိနိုင်တယ်"


ရန်ချီ ကျွန်မမျက်လုံးများကို တည့်တည့်စိုက်ကြည့်လာသည်။


"ဒါ့အပြင် ကလေးရဲ့ဘယ်သူဘယ်ဝါဆိုတာ ကိုယ့်အတွက် လုံးဝအရေးမကြီးဘူး" 


ရန်ချီ ကျွန်မ၏မေးစေ့ကို အနည်းငယ်အားသုံးပြီး ညှစ်လိုက်သည်။ 


"မင်းသာ ကိုယ်နဲ့ပြန်လက်ထပ်ရင် ဒါ ကိုယ်တို့ရဲ့ကလေးဖြစ် ကြောင်း လူသိရှင်ကြားကြေညာပြီး ကိုယ်တို့ ဘယ်တော့မှမကွာရှင်းခဲ့ဘူးလို့ရှင်းပြလိုက်မယ်"


အချစ်၏သေစေနိုင်လောက်သည့်အစွမ်းမှာ ယခင်က မာနကြီးပြီး ကိုယ့်ကိုယ် ကိုယ် လေးစားမှုရှိခဲ့သော သူဌေးသားတစ်ဦးမှာ ဤမျှအထိ ကိုယ့်ကိုယ် ကိုယ် နှိမ့်ချစေနိုင်မည်ဟုမမျှော် လင့်ခဲ့မိပေ။


သေချာသည်မှာ၊ အချစ်သည် လူကိုနာကျင်စေသည်။


"ရန်ချီ၊ ရှင် အဲ့လောက်ထိ လုပ်စရာမလိုပါဘူး" ကျွန်မ သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။


သူနှင့်ကွာရှင်းခဲ့သော်လည်း ကျွန်မ သူ့ကို မမုန်းပါ။ အဘယ် ကြောင့်ဆိုသော် သူ ကျွန်မကို မချစ်သည်မှလွဲ၍ ကျန်အရာအားလုံး အဖက်ဖက်ကဖြည်းဆည်းပေးခဲ့သောကြောင့်ပင်။