Chapter 14
Viewers 2k

ငါ နဖူးကို ပွတ်သပ်လိုက်ပြီး ခေါင်းနည်းနည်းမူးနေသလို ခံစားရတယ်။


ဖယ်ရိုမုန်းမညီမျှမှုကြောင့် ငါ့ရဲ့အပူချိန်က မြင့်တက်လာတယ်။ ရက်အတော်ကြာတဲ့အထိ ငါ့ကို အိမ်မှာ ဖုရန်ဆိုတဲ့ သောက်သုံးမကျတဲ့ကောင်က ဖိထားပြီး ပတ်ချာလည် လှည့်ပတ်နေခဲ့တယ်။


ပူးပေါင်းဆောင်ရွက်မှု အရေးကြီးတဲ့ကိစ္စတွေ မရှိခဲ့ဘူးဆိုရင် သူ ငါ့ကို ဘယ်တော့ လွှတ်ပေးမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။


အစည်းအဝေး ပြီးတာနဲ့ လင်းဇီယွီက ငါ့ရဲ့ရုံးခန်းထဲကို ဝင်လာတယ်။


"ငါ့ကို လာတွေ့တာလား"


လင်းဇီယွီက ခေါင်းညိတ်တယ်။ သူ့အမူအရာက တည်ငြိမ်နေတယ်။ 


"မင်းနဲ့ ဖုရန်..."


ငါက စိတ်မသက်မသာနဲ့ အကြည့်လွှဲလိုက်ပြီး 


"ငါ မင်းကို အရင်က ပြောခဲ့ပြီးသား၊ ငါ လိင်ကွဲပြားပြီးတဲ့အခါမှာ အဆိပ်ငွေ့နဲ့ တိုက်ခိုက်ခံခဲ့ရတယ်၊ အဲဒီနောက်မှာ ငါ့ခန္ဓာကိုယ်မှာ ပြဿနာတွေဖြစ်လာခဲ့တယ်၊ ငါ့ ဖယ်ရိုမုန်းတွေက မတည်ငြိမ်တော့ဘူး၊ ဖုရန်က... အဲဒီအချိန်က ငါ့ကို ကူညီခဲ့တယ်"


"သူလည်း လိုက်ဖက်တဲ့ Omega တစ်ယောက် လိုအပ်နေတာပဲဆိုတော့ ငါတို့နှစ်ယောက် အတူတူနေခဲ့ကြတာ"


လင်းဇီယွီက ငါ့စားပွဲရှေ့မှာ ရပ်နေပြီး ငါ့စကားတွေကို စဉ်းစားနေတယ်။ ခဏကြာတော့ သူက သူ့အင်္ကျီကနေ လက်ဆောင်ပုံးတစ်ခုကို ထုတ်ပြီး ငါ့ရှေ့မှာ ထားလိုက်တယ်။


"ကျိုအန်း၊ ဒါက ငါတို့ အရင်က ရွေးခဲ့တဲ့ ချစ်သူစုံတွဲနာရီပဲ၊ ငါ ရွှီနင်ကို မပေးခဲ့ဘူး"


"မင်း Alpha တစ်ယောက် လိုအပ်နေရင် ငါက..."


ငါ မျက်မှောင်ကြုတ်ပြီး သူ့စကားကို လက်နဲ့ တားလိုက်တယ်။


"အားယွီ၊ ငါ့ကို ဖယ်ရိုမုန်းတွေ ထိန်းညှိပေးဖို့ Alpha တစ်ယောက် လိုအပ်တယ်၊ ဒါပေမဲ့ ငါ ဘယ်သူ့ရဲ့သနားခြင်းမှ မလိုအပ်ဘူး၊ ဒါမှမဟုတ် တစ်ယောက်ယောက်က ငါ့ကို မဖြစ်မနေ လိုက်လျောနေတာကို မလိုချင်ဘူး"


ငါ လင်းဇီယွီကို အလေးအနက်ကြည့်ပြီး နာရီကို သူ့ဆီ ပြန်တွန်းပေးလိုက်တယ်။


"ငါက မင်းရဲ့ပထမဦးစားပေးမဟုတ်ဘူးဆိုရင် ငါက စစ်မှန်တဲ့ထိ‌တွေ့ဆက်ဆံမှုတစ်ခုကိုပဲ ရွေးချယ်မယ်"


လင်းဇီယွီက စိတ်ပျက်နေတဲ့ပုံနဲ့ ငါ့လက်ကို ဆွဲကိုင်လိုက်တယ်။


"ကျိုအန်း၊ ငါပြောချင်တာ အဲဒါမဟုတ်ဘူး!"


"ဖုရန်... သူ့မှာ ရှန်ရုံရှိတယ်၊ မြို့တော်မှာရှိတဲ့လူတိုင်း အဲဒါကို သိကြတယ်၊ မင်းက နာကျင်ရလိမ့်မယ်"


ငါက သူ့ကို အေးစက်စက်ကြည့်ပြီး ငါ့လက်ကို ပြန်ဆွဲလိုက်တယ်။ ပြီးတော့ ငါ့ရဲ့အကြည့်က သူ့နောက်မှာ ရပ်နေတဲ့ ဖုရန်ဆီ ရောက်သွားတယ်။


"အဲဒီတော့ မင်းတို့နှစ်ယောက်ထဲက ဘယ်သူ့ကိုမှ ငါ မရွေးဘူး!"



~~~