၇၅
Viewers 9k

လူတိုင်း ဆွံအသွားသည်။

'ဒီနေ့ ငါတို့ရင်ခုန်သံကို လာကစားနေကြတာလား။'

လူတိုင်း၏အကြည့်များသည် ချူးကျင်းချန်းထံရောက်သွားသည်။

သူ့အပြုံးက ထူးထူးခြားခြားနတ်ဆိုးဆန်​နေပြီးသူ့မျက်လုံးက အေးစက်နေသည်။ သူ ဒေါသထွက်နေသည်ကို မည်သူမဆိုသိနိုင်သည်။

ရှီရန်၌ရည်းစားရှစ်ယောက်ရှိမှန်း သူ သိလိုက်ရသောအခါတောင်မှ တတိယမြောက်သခင်​လေးက ဒေါသမထွက်ခဲ့ပေ။

သို့​သော် ယခုမူ...

[ဒေါသထွက်​နေတဲ့တတိယမြောက်သခင်​လေးက အရမ်းကြောက်စရာကောင်းတယ်]

[မင်း ဘယ်လိုတောင်သတ္တိရှိနေရတာလဲ!!]

[ငါအကြိုက်​ဆုံးစုံတွဲ​က လမ်းခွဲ​တော့မှာလား?? မဖြစ်ရဘူး!!!!]

[တတိယသခင်လေးအတွက် ငါ့နှလုံးသားလေးနာကျင်နေတယ်။မာစတာရန်က အရမ်းလွန်လွန်းတယ်။]

[မာစတာရန်က တဲ့တိုးသမား။ တတိယသခင်လေးက သူမကိုကြိုက်မှန်းတောင် သူမ မသိလောက်ဘူး။]

[တတိယမြောက်သခင်​လေးက ထထွက်သွားတော့မယ် ဟုတ်တယ်မလား??]

[တတိယသခင်​လေးသွားကြရအောင်။ ငါတို့ဒုက္ခမခံချင်ဘူး။]

လူတိုင်း ပြောစရာစကားပျောက်ရှသွားပြီး ယွီဇစ်ကျန်းသာ ပျော်ရွှင်နေပုံရသည်။

ရှီရန်က သူမအတွက်ခက်ခဲအောင်လုပ်ခိုင်းမည်လို့ မူလက သူမ ထင်ခဲ့သော်လည်း တကယ်တမ်းတွင် သူမကိုယခုလိုအခွင့်အရေးပေးသည်။

ယွီဇစ်ကျန်းသည် ချူးကျင်းချန်းကိုရှက်ရွံ့စွာကြည့်ကာ "တတိယသခင်​လေး၊ ကျွန်မ ကပြလို့ရမလား" ဟု ချိုသာစွာမေးသည်။

ချူးကျင်းချန်းက သူ့နောက်က ဆိုဖာကိုမှီပြီး မျက်ခုံးပင့်လိုက်သည်။ "ရပါတယ်။"

ယွီဇစ်ကျန်းအလွန်ပျော်သွားသည်။ သူမ ရှက်ပြီးပျော်နေသည်။ သူမ ယခင်က ကဖူးသောအကမျိုးစုံကို ပြန်စဥ်းစားသည်။

အဆုံးတွင် သူမသည် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းတုံ့ပြန်မှုအများဆုံးရရှိခဲ့သည့်အကကို ရွေးချယ်လိုက်သည်။

မတ်တပ်ထရပ်ပြီး သူမ ဝတ်ထားသောညဝတ်အင်္ကျီက အနက်ရောင် V ဒီဇိုင်းဖြင့်စွဲမက်ဖွယ်ကောင်းသောအ​ပေါ်ပိုင်းအလှကို ပြသနေသည်။

စကတ်သည် ပေါင်လယ်အထိရောက်ရုံသာရှည်၍ သူမ ကခုန်သောအခါ စကတ်စက တိုတက်လာသည်။

သူမ၏မျက်လုံးများသည် ပိုးသားကဲ့သို့ပင်ဖြစ်ကာ သူမ၏လှုပ်ရှားမှုတိုင်းသည် ဆွဲဆောင်မှုရှိသည်။

ချူးကျင်းချန်း၏ချောမောပြီးဆွဲ​ဆောင်မှုရှိသောမျက်နှာကို ကြည့်ရင်း ယွီဇစ်ကျန်း၏မျက်လုံးများသည် တဖြည်းဖြည်းမှုန်ဝါးလာသည်။

နောက်တစက္ကန့်တွင် သူမသည် သတ္တိစုစည်းပြီး ချူးကျင်းချန်းဆီသို့ ဖြည်းညှင်းစွာချဉ်းကပ်လာရင်း ခါးကိုလှုပ်ယမ်း​နေလိုက်သည်။

သူမ၏ခန္ဓာကိုယ်ကို တက်တက်ကြွကြွလှုပ်ယမ်းရင်း ချူးကျင်းချန်း၏မျက်လုံးများကို ရဲဝံ့စွာ ကြည့်နေသည်။

ချူးကျင်းချန်းသည် ရှီရန်ကို စောင်းကြည့်လိုက်ပြီး သူမ စိတ်အားထက်သန်နေသည်ကို တွေ့လိုက်ရသည်။

သူ့နှုတ်ခမ်းမှအပြုံးသည် ပျောက်ကွယ်သွားသည်။ သူ၏နက်မှောင်သောမျက်လုံးများသည် ရေကန်များကဲ့သို့ မည်းမှောင်လာပြီး သူ့ပတ်ဝန်းကျင်ရှိလေထုသည် တစထက်တစသိပ်သည်းလာသည်။

အစက ယွီဇစ်ကျန်းသည် ချူးကျင်းချန်းကို ဆွဲဆောင်ရန်ကြံရွယ်ခဲ့သည်။

သို့သော် ချူးကျင်းချန်း၏အကြည့်အောက်တွင် သူမ၏လှုပ်ရှားမှုများသည် ပိုပို၍ပျာယာခတ်လာသည်။

သူ့မျက်နှာက နဂိုအတိုင်းဖြစ်​နေ​သော်လည်း  သူမက အရှင်လက်လက်အစားခံ​နေရသလို ခံစားရသည်။

ချူးကျင်းချန်း၏နှုတ်ခမ်းတွင် အေးစက်သောအပြုံးတစ်ခု ပေါ်လာသည်။

ယွီဇစ်ကျန်းသည် ကြောက်လန့်လွန်း၍ သူမတစ်ကိုယ်လုံးတုန်သွားကာ ခြေဖဝါးအောက်က လှုပ်ရှားမှုကို သူမ သတိမထားမိဘဲ သူမ၏ဘယ်ခြေကိုညာခြေဖြင့် တက်နင်းမိသွားသည်။

"ဘမ်း-"

သူမ ကြမ်းပြင်ပေါ်လဲကျသွားသည်။ ကော်ဇောက ရှိ​နေသော်လည်း သူမ၏ဒူးဆစ်၌ပွန်းသွားသည်။

သူမ လဲကျသွား​သောကြောင့် သူမ၏ရင်ဘတ်ကပေါ်​နေပြီး သူမနဲ့ဆန့်ကျင်ဘက်၌ရှိ​နေ​သောကင်မရာက ရိုက်ကူးနေသည်။

"အား"

ယွီဇစ်ကျန်းအော်ဟစ်ပြီး ရင်ဘတ်ကိုအမြန်ဖုံးလိုက်သည်။

သူမသည် ချူးကျင်းချန်းကို မသိစိတ်ကြောင့်ကြည့်လိုက်သည်။

တတိယမြောက်သခင်​လေးက ငါနဲ့ ဆန့်ကျင်ဘက်မှာရှိနေတာကြောင့် သူလည်း မြင်လိုက်မှာမဟုတ်လား။

သူမသည် စိတ်ကိုညှို့ယူနိုင်​သောအနက်ရောင်မျက်လုံးများကိုကြည့်ကာ သူတို့ထံ အလိုအလျောက် ဆွဲဆောင်ခံလိုက်ရသည်။

သို့​သော် ဆွဲဆောင်မှုရှိသောနှုတ်ခမ်းပေါ်က လှောင်ပြောင်နေ​သောအပြုံးကို သူမ သတိပြုမိလိုက်သောအခါ သူမ ကြက်သီးထသွားသည်။

ချက်ချင်းပင် သူမသည် ဟာသတစ်ခုလို ခံစားလိုက်ရသည်။

[တကယ်ကြောက်စရာကောင်းတယ်။]

[ယွီဇစ်ကျန်း- နောက်ဆုံးတော့ ငါတစ်ယောက်တည်းပဲ အရာအားလုံးကို ပခုံးပေါ်ထမ်းခဲ့ရတယ်။]

[သနားစရာလေး။ ဒါပေမယ့် ယွီဇစ်ကျန်းက တကယ်ကိုကောက်​ကြောင်းလှတယ်လို့ ပြောရမယ်။]

[တတိယမြောက်သခင်​လေးက အမှန်တကယ်ငတည်ငြိမ်အောင်​နေနိုင်တယ်။ ကျေးဇူးပြုပြီးမာစတာရန်ကိုအောင်မြင်ကြောင်းလက်မလေးထောင်ပြပေးလိုက်။]

[ယွီဇစ်ကျန်းက တတိယမြောက်သခင်​လေးကိုကြိုက်လား?? အ​သေအချာပဲ။ အရမ်းသိသာလွန်းတယ်။]

[ဒါက တတိယမြောက်သခင်​လေးဒေါသထွက်တာကို ပထမဆုံးမြင်ဖူးတာပဲ။ ဖန်သားပြင်ကနေတစ်ဆင့်ကြည့်ရ​တာ​​တောင် ငါကြောက်တယ်။]

[ကျေးဇူးပြုပြီး ထပ်မလုပ်ပါနဲ့!]

ချူးကျင်းချန်း၏အမူအရာအား လူတိုင်း တုန်လှုပ်ခြောက်ခြားစွာဖြင့်သတိပြုမိသဖြင့် ကျယ်လောင်စွာအသက်ရှူဝံ့သူမရှိပေ။

ဒါရိုက်တာပင်လျှင် ဤရိုက်ကူးရေးကို အဆုံးသတ်သင့်သလားဟုတောင်တွေးမိလာသည်။

တတိယမြောက်သခင်​လေးကိုဒေါသထွက်​အောင် သူ မလုပ်သင့်ပေ။

လူတိုင်းအတွေးကိုယ်စီတွေးနေပြီး အိပ်ရာဝင်သင့်နေပြီလားဟု​တွေး​နေကြသည်

သို့သော် ချူးကျင်းချန်းသည် သူ့ခံစားချက်များကိုထိန်းထားပြီး သူ့နှုတ်ခမ်းတွင်ရင်းနှီးသောအပြုံးတစ်ခု ပေါ်လာသည်။ "နောက်တခေါက်"

ကျောက်စိမ်းနှင့်တူသောလက်ချောင်းများက စားပွဲပေါ်ရှိကတ်များကို ကောက်ကိုင်လိုက်သည်။ သူက နှေးကွေးစွားဖြင့် ကတ်ကိုချိုးသည်။

လူတိုင်း တုန်လှုပ်နေဆဲဖြစ်သည်။

ချူးကျင်းချန်းကတ်များကို ဝေပေးပြီးနောက်

ယခုတစ်ကြိမ်တွင် အသေးငယ်ဆုံးကတ်ကိုရရှိသူမှာ ရှီရန်ဖြစ်သည်။ ဘုရင်မှာချူးကျင်းချန်းဖြစ်သည်။

"အမှန်တရား" ရှီရန်က တည်ငြိမ်စွာပြောသည်။

ချူးကျင်းချန်း၏ပင်ကိုယ်စရိုက်ကို သူမကောင်းကောင်းသိသည်။ အသေးငယ်ဆုံးသောမကျေနပ်ချက်အတွက် လက်စားချေရန်ပင် သူလုပ်​ပေမည်။

ချူးကျင်းချန်းအဘယ်ကြောင့် ဒေါသထွက်သည်ကို သူမ မသိသော်လည်း

သို့​သော် ယခု သူမ လုပ်နိုင်သည့်အရာက သူ့ဒေါသကို ကြံကြံခံရမည်။

[သူလာပြီ!! သူ ကလဲ့စားချေတော့မယ်။]

[တတိယသခင်​လေးက မာစတာရန်ကိုမေးမယ့်အရာကို ငါစောင့်မျှော်နေပြီ။]

[တတိယသခင်​လေးက ဒေါသအရမ်းထွက်နေပြီ။ ဒီတခေါက် မာစတာရန်ကိုလွယ်လွယ်နဲ့အလွှတ်ပေးမှာမဟုတ်ဘူး။]

[အဲဒါက နောက်ထပ်ပူ​လောင်စေနိုင်တဲ့မေးခွန်းတစ်ခုဖြစ်မယ်လို့ခံစားရတယ်။]

[မာစတာရန်​တော့ ဒုက္ခရောက်က်သွားမယ်လို့ခံစားရတယ်။]

[တတိယသခင်​လေးက မာစတာရန်​ကို ပိုကောင်းကောင်းဆက်ဆံနိုင်မယ်လို့ မျှော်လင့်တယ်။ ကျေးဇူးပြုပြီး တစ်ယောက်ကို တစ်ယောက် နာကျင်​အောင်မလုပ်ကြပါနဲ့။]

"မေးခွန်းတွေအများကြီးမေးလို့မရဘူးနော်" ကျူယီ​ဖေးကလည်း ချူးကျင်းချန်းက လက်စားချေမည်လို့ ယုံကြည်ပြီး သူ့ကို သတိပေးသည်။

ချူးကျင်းချန်းသည် ကျူယီ​ဖေးကိုတစ်ချက်ကြည့်လိုက်သည်။

လူတိုင်း၏စိတ်မသက်မသာဖြစ်​နေ​သောအကြည့်များအောက်တွင် စကားပြောနေစဉ် သူ၏ပါးလွှာသောနှုတ်ခမ်းက လှောင်ရယ်​နေသည်။ "ဘာလို့ သူမကို ကျွန်​​တော့်အတွက် ကပြခွင့်ပြုရတာလဲ"

လူတိုင်း: "?"

ရှီရန်: ???

[ဖူး ဟားဟား၊ အဲဒီစိတ်ဆိုးတဲ့လေသံကြီးနဲ့??]

[ဒီမေးခွန်းကို ငါတကယ်ရယ်မိ​နေပြီ။ ဒီထက်ပိုပြီးကောင်းတဲ့​မေးခွန်းမ​မေးနိုင်ဘူးလား။]

[တတိယသခင်လေးက လက်စားချေမယ်လို့ တွေးခဲ့ပြီး ဘာမှမဟုတ်မှန်း ငါ ဂုဏ်ယူပြီးပြောတယ်။]

[ဒီလိုတိုက်ရိုက်​မေးတာက မိသားစုမျက်နှာကို ပျက်​စေတာပဲ]

[မာစတာရန်အံ့သြသွားတယ် ဟားဟားဟား]

[တတိယသခင်​လေးက အရမ်းချစ်စရာကောင်းတယ်။ ငါ သူ့ကိုအရမ်းချစ်တယ်!!!]

ချူးကျင်းချန်းတွေးနေသည့်အရာကို မသိသောကြောင့်ရှီရန်၏မျက်လုံးထောင့်က အနည်းငယ် လှုပ်သွားသော်လည်း"ပျော်စရာကောင်းတယ်လို့ထင်လို့။ အဲဒါက ရှိုးပွဲအတွက်ကြောင့်ပဲလေ" ဟု အမှန်အတိုင်း ပြောလိုက်သည်။

"တကယ်ပျော်ဖို့ကောင်းတယ်။ ရန်ရန်က သေချာအကြံ​ပေးနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်တယ်" ကျူယီ​ဖေးက ထပ်ပြောသည်။

အစပိုင်းတွင် ရန်ရန်က တတိယသခင်​လေးကို ကြိုက်နေမည်ကို သူကြောက်မိသည်။

ယခုကြည့်ရသည်မှာ တတိယသခင်​လေးကသူမ၏နှလုံးသားကိုရယူနိုင်ရန်ဝေးနေပုံရသည်။

ဒါက ငါ့အခွင့်အရေးက မြင့်နေသေးတယ်လို့ ဆိုလိုတာပဲ။

ကျူယီ​ဖေးသည် ရွှင်မြူးစွာပြုံးကာ သူပျော်​နေသည်ကို လုံးဝဖုံးကွယ်မထားပေ။

ထိုစကားကိုကြားပြီးနောက် ချူးကျင်းချန်းသည် သူ့ကိုကြည့်ကာအဓိပ္ပါယ်ရှိစွာပြုံးလိုက်သည်။

[ချီး ငါတို့ရဲ့ကလေးလေးယီ​ဖေးကို စိတ်ထဲ သူမှတ်သွားပြီဟေ့!!]

[ကလေးလေးကို ဘုရားသခင် ကောင်းချီးပေးပါစေ]

[ကလေးလေး မေမေ မင်းကို ဆက်မကူညီနိုင်တော့ဘူး။ ကောင်းကင်မှာ တတိယသခင်လေးချူးမရှိပါ​စေနဲ့လို့ပဲ မေ​မေ မျှော်လင့်နိုင်တယ်။]

ဤတစ်ကြိမ်တွင် ချူးကျင်းချန်းသည် ကတ်များကို ဝေသူဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်း အသေးဆုံးကတ်မှာ ကျူယီ​ဖေးဖြစ်ပြီး ဘုရင်မှာချူးကျင်းချန်းဖြစ်သည်။

"အမှန်တရားလား ခိုင်းတဲ့အတိုင်းလုပ်ရဲလား?" ချူးကျင်းချန်းက ခပ်ဖျော့ဖျော့ပြုံးကာ မေးလိုက်သည်။

"ခိုင်းတာလုပ်ရဲတယ်" ကျူယီ​ဖေးက မတွန့်ဆုတ်ပေ။

[ငါ့ကလေးက အရမ်းအပြီး ချစ်စရာ​ကောင်းလွန်းတယ်။]

[နင်သာ တတိယသခင်​​လေးနဲ့မာစတာရန်ကို အနိုင်ယူနိုင်ရင် ငါ ချီးစားပြမယ်။]

[ငါတို့ကလေးက အရမ်းအပြီးချစ်စရာ​ကောင်းလွန်းတယ်။]

"ဒါဆို သူ ဂါဝန်ဝတ်ပြီးပြေးတာကို ကြည့်လိုက်ကြရအောင်"  ချူးကျင်းချန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဘာ?!" ကျူယီ​ဖေးမယုံကြည်နိုင်ဖြစ်သွားသည်။

သို့သော် သူ မငြင်းဆန်နိုင်ပေ။ နောက်ဆုံးတွင် ရှက်ကိုးရှက်ကန်းဖြင့် အဖြူရောင်ဂါဝန်ကို လဲဝတ်ကာ ထွက်လာသည်။

ဂါဝန်သည် တင်းကြပ်သောကိုယ်ကျပ်ဒီဇိုင်းပုံစံရှိသော်လည်း ကျူယီ​ဖေးသည် သပ်ရပ်လှပပြီးသွယ်လျသောကိုယ်ကြောင့် သူနှင့်အံ့အားသင့်စရာကောင်းအောင်လိုက်ဖက်​နေသည်။

သို့သော်လည်း ရန်ရန်က လှမ်းကြည့်လာ​သောအခါ ကျူယီ​ဖေးက နံရံကိုရုတ်တရက်မှီလိုက်ပြီး ကျယ်​လောင်စွာအော်လိုက်သည်။ "ရန်ရန်၊ ကျေးဇူးပြုပြီး ကျွန်​တော်ကိုမကြည့်ပါနဲ့။ "

၎င်းကိုမြင်၍ လူတိုင်းက ရယ်မောလိုက်ကြသည်။

မှတ်ချက်များမှာလည်း "ဟားဟားဟား" နှင့် ပြည့်နေသည်။

ချူးကျင်းချန်းတစ်​ယောက်တည်းကသာ ရေး​ရေး​လေးပြုံးနေသည်။

ဒါရိုက်တာသည် ဤမြင်ကွင်းကို သတိပြုမိပြီး ဂိမ်းကို အဆုံးသတ်ရန်ဆုံးဖြတ်ခဲ့သည်။

အားလုံးက ကိုယ့်အခန်းကို ပြန်သွားကြသည်။

ရှီရန်သည် နာရီဝက်ခန့်အပြင်၌ပြေးပြီး​နောက်ကမ်းခြေတဲသို့ ပြန်ရောက်လာသည်။

သူမ ချူးကျင်းချန်းအခန်းကိုဖြတ်သွားသောအခါ တံခါးရုတ်တရက်ပွင့်လာသည်။

နောက်တစက္ကန့်တွင် သူမလက်ကောက်ဝတ်ကို ပြင်းပြင်းထန်ထန်ဆုပ်ကိုင်ထားသလို ခံစားလိုက်ရပြီး ရှေ့ကို အဆွဲခံလိုက်ရသည်။

သူမကို အခန်းထဲသို့ဆွဲခေါ်သွားသည်။

"ဘန်း-"

တံခါးပိတ်သွားသည်။

ရှီရန် တံခါးပေါ်၌အဖိခံထားရပြီး သူမရှေ့ရှိရင်ဘတ်တစ်ခုက နွေး​ထွေးမှုကိုထုတ်လွှတ်နေသည်။

အေးစက်သောအသံသည် သူမခေါင်းပေါ်၌ တက်လာသည်။ "ရှိုးပွဲ​ကြောင့်တဲ့လား။ ပျော်စရာကောင်းခဲ့ရဲ့လား။"