ချူးကျင်းချန်းက သူ့မေးစေ့ကိုထောက်လိုက်ပြီး တည်ငြိမ်နေသည်။
လူတိုင်း၏အကြည့်ကို တွေ့လိုက်ရသဖြင့် သူ့နှုတ်ခမ်းက ကွေးသွားသည်။ "မင်းတို့အားလုံး တစ်ခုခုကိုမျှော်လင့်နေတဲ့ပုံပဲ။"
သူတို့စိတ်ကူးယဉ်ထားသည့်ဒေါသထွက်နေသည့်အရိပ်အယောင် မတွေ့ရပေ။
အားလုံးက ရှက်ရွံ့စွာ အကြည့်လွှဲလိုက်ကြသည်။
တတိယသခင်လေးဒေါသထွက်မည်ဟု သူတို့ထင်ခဲ့ကြသော်လည်း ယခုအခါတွင် မျှော်လင့်ထားသည့်စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲများပင် သူ့တွင်မရှိပုံပေါ်သည်။
"စိတ်မဆိုးမိဘူးလား တတိယသခင်လေး"ရှီဝန်ဖေးက မကျေမနပ်ဖြစ်ကာ မေးသည်။
ရှီရန်က ဒီလိုမျိုးလုပ်ခဲ့တာကို တတိယသခင်လေးက ဘာမှမပြောင်းလဲသေးဘူး။
ချစ်လွန်းနေတာလား ဒါမှမဟုတ် ဂရုမစိုက်တာလား။
သေချာတာတစ်ခုက ငါလိုချင်တာက ဒုတိယတစ်ချက်ပဲ။
"ကျွန်တော် စိတ်ဆိုးရမှာလား?" ချူးကျင်းချန်းက ရှီရန်ကိုကြည့်ရင်းမေးသည်။
ရှီရန်အမြန်ပြုံးလိုက်သည်။ "ဘာလို့ စိတ်ဆိုးရမှာလဲ။ညစ်ပတ်တဲ့လူတွေဆီမှာ အရာအားလုံးက ညစ်ပတ်တဲ့ပုံပေါ်နေမှာပေါ့"
"မင်းဘာကိုဆိုလိုတာလဲ။ ငါ မင်းအကြောင်းကိုအမှားပြောနေတယ်လို့ပြောဖို့ကြိုးစားနေတာလား။" ကျုံးယူဖန်က စိတ်မချမ်းသာစွာဖြင့် မျက်လုံးများကိုကျဥ်းမြောင်းလိုက်သည်။
"ကျွန်မတို့ကိုဘယ်နေရာမှာတွေ့တာလဲ။ပြီး တော့ ရှင် ကျွန်မကို ကျူးလီနဲ့တွေ့တုန်းက ကျွန်မတို့ဘာလုပ်နေတာလဲ။ အဲဒါကို ရှင် ဘာလို့ အသေးစိတ်မပြောတာလဲ။" ရှီရန်က မေးသည်။
သူမနှင့်ကျူးလီတို့သည် တစ်ယောက်နှင့်တစ်ယောက်သိကြသည်ကို သူမ မငြင်းချင်ပေ။
ဤခန္ဓာကိုယ်မူလပိုင်ရှင်၏အမှတ်တရများထဲတွင် ကျူးလီသည် သူမ အလွန်ခက်ခဲခဲ့သောအချိန်တစ်လျှောက် သူမနှင့်အမှန်တကယ် အတူရှိနေပေးသည်။
ကျူးလီ၏အဆင့်အတန်းနှင့်မသက်ဆိုင်ပေ။ သူမ၏နှလုံးသားထဲတွင် ကျူးလီသည် သူမ၏ သူငယ်ချင်းသာဖြစ်သည်။
"Jade Hunter မှာအလုပ်လုပ်နေတဲ့သူတစ်ယောက်ကို Jade Hunter မှာတွေ့သင့်တယ်ဟုတ်တယ်မလား။ VIP ဖောက်သည်တွေသာ ထိပ်တန်းပြည့်တန်ဆာကိုရွေးချယ်ဖို့ အရည်အချင်းပြည့်မီတယ် မဟုတ်လား" ယွီဇစ်ကျန်းမှန်းဆလိုက်သည်။
"သူမက Jade Hunter ရဲ့ VIP ပဲ" ကျုံးယူဖန်က ရွဲ့စောင်းစွာပြောလိုက်သည်။ "VIP တွေကသာ Jade Hunter ရဲ့ထိပ်တန်းပြည့်တန်ဆာကို ကုန်တိုက်ကို ခေါ်သွားနိုင်ပြီး သူနဲ့အမြဲအချိန်ကုန်ဆုံးနိုင်တယ်။သာမာန်ဖောက်သည်တွေက အဲဒါကိုဘယ်လိုလုပ်နိုင်မလဲ။"
"အဲဒါက ဈေးဝယ်ရုံပဲလေ။ ပြဿနာရှိလို့လား။ ကျွန်တော်က သူတို့ကို အိပ်ရာထဲမှာ ခင်ဗျားဖမ်းမိတယ်လို့ထင်နေတာ" ဟု ကျူယီဖေးက အချိန်ကိုက်ဝင်ပြောလာသည်။
ဤအရာသည် မှန်ကန်သည်ဖြစ်စေ၊မမှန်သည်ဖြစ်စေ သူ့အတွက်အတိတ်ဖြစ်ပုံပေါ်သည်။
သူ ရှီရန်ကို ကြိုက်နေခြင်းဖြစ်ပြီး သူမ၏အတိတ်ကို ကြိုက်နေခြင်းမဟုတ်ပေ။
"မလုံလောက်သေးဘူးလား။ ဘယ်သူက ဈေးဝယ်ထွက်ဖို့ ပြည့်တန်ဆာကိုရှာမှာလဲ" ကျုံးယူဖန်က မနှစ်သက်စွာ ပြောလိုက်သည်။
"ပြည့်တန်ဆာတွေနဲ့အချိန်ဖြုန်းရင် သိက္ခာမရှိတဲ့လူ ဟုတ်လား။ CEO ကျုံးက Charm ကလပ်ကိုသွားတာဆိုတော့ သိက္ခာရှိတဲ့လူလို့ သတ်မှတ်လို့ရသေးရဲ့လား။" ရှီရန်သည် သူမလက်ထဲတွင် ကတ်ကိုကစားနေကာ မော့ကြည့်လိုက်သည်။
Jade Hunter ကဲ့သို့ကျော်ကြားသောအခြားကလပ်ဖြစ်သည့် Charm နိုက်ကလပ်
"ငါက စီးပွားရေးအကြောင်းပြောဖို့သွားတာ" ကျုံးယူဖန်က တိုးညှင်းသောလေသံဖြင့် ပြောသည်။
"ကျွန်မက Jade Hunter ကို သွားရင်တော့ ပြည့်တန်ဆာသွားရှာတယ်။ CEO ကျုံးက Charm နိုက်ကလပ်ကိုသွားတော့ စီးပွားရေးဆွေးနွေးဖို့အတွက်တဲ့။ အရမ်းကိုမျှတနေတဲ့အတွေးအမြင်ပါလား။" ရှီရန်၏သရော်လှောင်ပြောင်မှုမှာ တိုက်ရိုက်ဖြစ်ပြီး သွယ်ဝိုက်မနေပေ။
[ပြည့်တန်ဆာတစ်ယောက်ကို ရှာတွေ့တာတော့ နည်းနည်းလေးတစ်မျိုးဖြစ်ပေမယ့် ...ကျုံးယူဖန်ကကော ဘယ်လောက်သန့်ရှင်းနေလို့လဲ။]
[ကျုံးယူဖန်လို CEO တစ်ယောက်အနေနဲ့ သူ ဒီထက်ပိုညစ်ပတ်နိုင်တယ်။]
[သူက အမျိုးသမီးပြည့်တန်ဆာတွေနဲ့ ပျော်ပါးရတာကိုနှစ်သက်ပြီး သူများတွေကိုဝေဖန်ပိုင်ခွင့်ရှိလို့လား??]
[မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး ရှီရန်၊ ဒီအတိုင်းပြီးသွားပြီလား? ပြည့်တန်ဆာတွေကိုရှာတာက ဘယ်လောက်တောင်ညစ်ပတ်တဲ့လုပ်ရပ်လဲ!]
[ငါ့မှာသာ ပိုက်ဆံရှိရင် ငါလည်းတစ်ယောက်ရှာမိမှာပဲ။ ပျော်ရွှင်မှုက အရာအားလုံးပဲ။]
"မင်း ခေါင်းစဉ်ပြောင်းစရာမလိုဘူး။ ငါ မင်းကို အထုပ်ဖြေတာ မဟုတ်သလို ဟိုတုန်းက မင်းကို လက်စားချေခဲ့တာလည်းမဟုတ်ဘူး။ အခုလည်း ငါ ဂရုမစိုက်ဘူး" လို့ ကျုံးယူဖန်က ရက်ရောစွာ ပြောသည်။
"ရှင်က ကျွန်မရဲ့ညီမနဲ့တောင် ပတ်သက်နေပြီ။ ရှင့်မှာ ကျွန်မအပေါ် လက်စားချေဖို့သတ္တိက ဘာလို့ရှိနေဦးမှာလဲ" ရှီရန်က ပြတ်ပြတ်သားသားပြောသည်။
လူတိုင်း ဆွံအသွားသည်။
[ဒီမမက ရဲတင်းလိုက်တာ။]
[သာမန်လူတစ်ယောက်က သူ့စေ့စပ်ထားသူဖောက်ပြန်နေတာကို သိလိုက်ရတဲ့အခါ သူ့ဒေါသကိုအမှန်တကယ်မျိုချနိုင်မလား။]
[ချစ်သည်ဖြစ်စေ၊မချစ်သည်ဖြစ်စေ ယောက်ျားတွေက မိန်းမက ဖောက်ပြန်နေတာကို လက်မခံနိုင်ဘူးလား။]
[အဲဒါက ပွဲမှာ ငါကြားနိုင်တဲ့အရာလား။]
[ဂိမ်းက ရုတ်တရက်မှုခင်းမြင်ကွင်းတစ်ခု ဖြစ်လာတယ်။ ငါတော့ ကြိုက်တယ်!]
[သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်အထုပ်ဖြေနေကြပြီ။]
[မဟုတ်ဘူး၊ရှီရန်ပြောသမျှကို မင်းတို့ယုံနေတာလား။ တခြားအလွှဲအပြောင်းတွေထပ်ဖြစ်မဖြစ် ဘယ်သူသိနိုင်မှာလဲ။]
"မင်း ဘာအကြောင်းကို ပြောနေတာလဲ?!"
"မမ ဘယ်...ဘယ်လိုတောင်ပြောရက်ရတာလဲ!"
ကျုံးယူဖန်နဲ့ရှီဝန်ဖေး တယောက်ပြီးတယောက် စကားပြောလာသည်။ တစ်ယောက်က ဒေါသထွက်ပြီး တစ်ယောက်က ရှက်နေသည်။ သူတို့ အမှားလုပ်ထားပုံ ပေါ်နေသည်။
ရှီဝန်ဖေးက ရှီရန်ကိုကြည့်ရင်း မျက်ရည်ဝဲလာသည်။ "မမ ဘာလို့ ညီမကို ချောက်ချနေရတာလဲ။ ညီမ ဘာအမှားလုပ်မိလို့လဲ။ညီမအပေါ်ကို ဘာလို့ဒီလိုလုပ်ရက်ရတာလဲ။"
ကျုံးယူဖန်က သဘာဝကျကျပြောသည်။ "ဝန်ဖေးနဲ့ငါက အပြစ်ကင်းတယ်။ ငါတို့ရဲ့ ဆက်ဆံရေးက ပုံမှန်ပဲ။ မင်းညီမကို မကြိုက်ရင်တောင် သူမကို ဘာလို့ ဆွဲထည့်နေရတာလဲ။"
"အပြစ်ကင်းတယ်?" ချူးကျင်းချန်းရုတ်တရက် မေးလိုက်သည်။
သူ့နှုတ်ခမ်းမှာ အပြုံးတစ်ခုပေါ်လာသည်။ "မနေ့က CEO ကျုံးနဲ့ သူ့ခယ်မလောင်းတို့ခြံဝင်းထဲမှာ နမ်းနေတာကို ကျွန်တော်တွေ့လိုက်ရတယ်။ အဲဒါကို ကျွန်တော်ကမှားမြင်မိတာလား။"
[တတိယသခင်လေးရဲ့ပေါက်ကွဲစေနိုင်တဲ့စကား]
[နမ်းတယ်??? ဒီနှစ်ယောက်က အရမ်းကိုအရှက်မရှိဗြောင်ကျနေပါလား??]
[သူတို့တကယ်တွဲနေတာလား? ဒါဆို ငါ့မာစတာရန်ကဖောက်ပြန်တာ မဟုတ်ဘူးပေါ့]
[ကိစ္စအပြည့်အစုံကို ငါမသိတဲ့အတွက် မှတ်ချက်မပေးဘူး။]
[တတိယသခင်လေး: ငါကဒီမှာရှိနေတာ။ ငါ့မိန်းမကို ဘယ်သူမှအနိုင်ကျင့်လို့မရဘူး။]
"တတိယသခင်လေး မှားမြင်တာပါ" ရှီဝန်ဖေးနှုတ်ခမ်းကို ကိုက်လိုက်သည်။ သူမ၏အမူအရာက ပျက်နေသော်လည်း ကင်မရာကြောင့် ထိန်းထားရန်အတတ်နိုင်ဆုံး ကြိုးစားသည်။
သူမသည် ယခုအချိန်တွင် ရှီရန်၏ဘက်၌တတိယသခင်လေးကရပ်တည်ပေးမည်ဟုမမျှော်လင့်ထားပေ။
"ဖြစ်နိုင်တာက" ချူးကျင်းချန်းက အဓိပ္ပါယ်ရှိစွာပြောသည်။
"ဒီမေးခွန်းက ပြီးသွားသင့်ပြီ မဟုတ်လား။ ကျွန်တော်တို့ နောက်တစ်ပွဲဆော့သင့်ပြီ" ကိစ္စက ရှင်းရခက်လာသဖြင့် ပိုင်ကျင်းထျန်ဝင်ကူညီကာပြောသည်။
ယွီဇစ်ကျန်းက ချက်ချင်းပင် သဘောတူသည်။"မှန်တာပေါ့။ နောက်တခေါက်ကစားပါမယ်"
ရှီဝန်ဖေးနှင့်အခြားသူများအတွက် အခြေအနေက ပိုဆိုးလာသည်။ တတိယမြောက်သခင်လေးလည်း ရှီရန်ဘက်တွင် ရှိနေသည်။ ဤအတိုင်းဆက်သွားပါက ရှီရန်က သူမနာမည်ဆိုးကိုတောင် ရှင်းလင်းနိုင်သည်။
'နောက်တစ်ပွဲဆော့လို့ဘယ်ရမလဲ!'
"ကျူးလီကိုကြိုက်တယ်လို့တောင် မင်း မပြောရသေးဘူး။ လိမ်ခဲ့တာဆိုရင် လိပ်တစ်ကောင်လို တွားသွားရလိမ့်မယ်။" ချူးကျင်းချန်းက ရှီရန်ဘက်လှည့်ပြီး ပြောသည်။
အခန်းထဲကလူတွေအားလုံး အေးခဲသွားသည်။
ရှီရန်ဘက်မှာ တတိယသခင်လေးရှိနေတာမဟုတ်ဘူးလား။ အခုဘာလို့ ဒီလိုမျိုးပုံစံ ပြောင်းသွားရတာလဲ။
[တတိယသခင်လေးက ဒေါသထွက်နေပုံရတယ်။]
[ကိုယ်ကြိုက်တဲ့ကောင်မလေးက ပြည့်တန်ဆာနဲ့အချိန်ကုန်ဆုံးတာကိုသိတဲ့ယောက်ျားတိုင်း က ဒေါသထွက်လိမ့်မယ်။]
[ရှီရန်က ဒါကို သူမကိုယ်တိုင်လိုက်ပြောထားတာ။]
[တတိယသခင်လေးက ရှီရန် ကိုယ်တိုင်ကြိုက်တဲ့သူရှိတာမဟုတ်ဘူးလို့ ကိုယ်တိုင်ကိုယ်ကျ ငြင်းဆိုချင်တာကို ကြားချင်နေတာလို့ ငါလိုမျိုး ထင်နေတဲ့သူရှိကြလား။]
[အပေါ်ကမှတ်ချက်၊ +1]
[တတိယသခင်လေးက မာစတာရန်ကိုယ်တိုင်က မကြိုက်ဘူးလို့ပြောတာကို ကြားချင်နေရုံပဲ။]
[အဲဒါက လှည့်ကွက်တစ်ခုပဲ။ နင်တို့တွေသာ မထောက်ပြရင် အဲဒါကို ငါ တွေးမိမှာမဟုတ်ဘူး။]
ရှီရန်သည် ချူးကျင်းချန်း၏အကြည့်ကိုတွေ့ပြီး သူ့မျက်လုံးထဲက အပြုံးရိပ်သန်းနေသည်ကိုတွေ့လိုက်ရ၍ သူမအကြည့်ကိုပြန်ရုတ်သိမ်းလိုက်သည်။
"ကျူးလီက ကျွန်မရဲ့သူငယ်ချင်း။ Jade Hunter ပြည့်တန်ဆာတစ်ယောက်ဖြစ်တာက သူ့အလုပ်ပဲလေ။ တခြားဘာအဓိပ္ပာယ်မှမရှိဘူး။ သူတို့ခန္ဓာကိုယ်ကသန့်ရှင်းပါတယ်လို့ပြောတဲ့သူတွေထက် အဆပေါင်းမရေမတွက်နိုင်အောင် သူက သန့်ရှင်းတယ်။"
ရှီရန်၏အေးစက်သောအကြည့်များသည် ယွီဇစ်ကျန်း၊ ကျုံးယူဖန်နှင့်ရှီဝန်ဖေးတို့ပေါ်ကို ဖြတ်သန်းသွားသည်။ သူတို့သုံးယောက်အတွက် ထိုစကားလုံးတိုင်းကို ရည်ရွယ်ပြောသည်မှာ ရှင်းလင်းသည်။
"နောက်တစ်ပွဲ" ချူးကျင်းချန်းက သူလိုချင်သည့်အဖြေကိုရသောအခါ ပြုံးလိုက်သည်။
[သူငယ်ချင်းတွေမို့ မင်းက ပျော်နေတာလား?? မင်းမှာ မာနမရှိဘူးလား။ မင်းက ပေါကြွယ်ဝတဲ့ဒုတိယမျိုးဆက်အမွေဆက်ခံသူလေ!!]
[ငါ ဒီစုံတွဲကို အသိအမှတ်မပြုချင်ပေမယ့် အဓိကဇာတ်ကောင်က ငါ့ခေါင်းကိုလာလာစားနေတယ်။]
[မာစတာရန်ပြောတာ မှန်တယ်။ ထိပ်တန်းပြည့်တန်ဆာဖြစ်တာက ဘာများမှားနေလို့လဲ။ အသက်မွေးဝမ်းကြောင်းအတွက်သာမဟုတ်ရင် ဘယ်သူက လုပ်ချင်မှာလဲ။]
[ညစ်ပတ်တဲ့လူတွေက အရာရာကို ညစ်ပတ်တယ်လို့ မြင်တယ်]
[သူက ရုပ်ပိုင်းဆိုင်ရာမှာညစ်ပတ်နေပြီ။ စိတ်အတွင်းပိုင်းမှာပါ ညစ်ပတ်နေတယ်လို့မဆိုလိုဘူး။]
[တတိယသခင်လေးက အမှန်တကယ်ပဲ ပြည့်တန်ဆာတစ်ယောက်ကိုမနာလိုဖြစ်နေတာ။ ငါ မယုံကြည်နိုင်ဘူး။]
ပွဲက ဒုတိယအကျော့ကို ရောက်သွားသည်။ ဤတစ်ခါတွင်ယွီဇစ်ကျန်းက ကတ်များကို ထပ်ပြီးချိုးလိုက်သည်။
ရှီရန်သည် သူမလက်ထဲတွင်ရှိသောကတ်ကိုမြင်သောအခါ ယွီဇစ်ကျန်းကို အဓိပ္ပါယ်ပါစွာကြည့်လိုက်သည်။
ထို့နောက်သူမ၏ကတ်ကိုလူသိရှင်ကြားသိအောင်ပြလိုက်သည်။
"ရှီရန်ကတ်ကအနည်းဆုံး ဖြစ်ပြန်ပြီ" ယွီဇစ်ကျန်းအံ့သြသွားဟန်ဖြင့် ပြောလိုက်သည်။
သူမ ကတ်ကို ဖွင့်လိုက်သည်။ "ကျွန်မက တစ္ဆေကတ်ရတာဆိုတော့ ကျွန်မ ဘုရင်ဖြစ်လှည့်ရောက်ပြီ"
"မေးချင်တာသာမေးလိုက်" ရှီရန်က ဂရုမစိုက်ဘဲပြောကာ သူမ၏ကတ်ကို ရှေ့သို့တွန်းကာ အနောက်ရှိဆိုဖာကို မှီလိုက်သည်။
"အိန်း" ယွီဇစ်ကျန်းက ခက်ခက်ခဲခဲစဉ်းစားနေပုံပေါ်သည်။
သို့သော်လည်း အမှန်တကယ်တွင် ဤဂိမ်းမစခင်ကတည်းက ရှီရန်ကို မေးရန်ရည်ရွယ်ထားသောမေးခွန်းပေါင်းများစွာကို သူမ တွေးထားပြီးသားဖြစ်သည်။
"ရပြီ" ယွီဇစ်ကျန်းလက်ခုပ်တီးသည်။
သူမက ရှီရန်ကို စိတ်လှုပ်ရှားစွာကြည့်ကာ "ရည်းစားဘယ်နှစ်ယောက်ထားဖူးလဲ" လို့မေးသည်။