Unicode
နောက်တစ်နေ့မနက်စောစောတွင် လင်းကွေ့ကျီးသည် မွေးရပ်မြေဆီသို့ ဘတ်စ်ကားဖြင့် ပြန်လေပြီ။ သူမ ပြန်မသွားရင် စုချီယွဲ့က သူမအား အာမခံစာတစ်စောင်ရေးခိုင်းလိုက်သည် - သူ့နာမည်နဲ့ တခြားသူတွေဆီက ပိုက်ဆံယူခွင့်မပေးကြောင်း၊ သူ့အတွက် ဘာမှသဘောတူခွင့်မရှိကြောင်း...
စုချီယွဲ့ အာမခံစာတစ်စောင်ရခဲ့ပြီးနောက် လင်းကွေ့ကျီးကို ထွက်သွားခွင့်ပေးလိုက်၏။
လင်းကွေ့ကျီးထွက်သွားပြီးနောက် စုချီယွဲ့လည်း ထန်ယဲ့၏တိုက်ခန်းကို အစအဆုံး သန့်ရှင်းရေးလုပ်လိုက်ကာ ထန်ယဲ့ဆီသို့ WeChatမက်ဆေ့ချ် ပို့လိုက်၏။
[ပျော်ပျော်ကြီး သိမ်းဆည်းလို့ပြီးပါပြီ ထန်လောင်ရှီးရေ [ပန်းကြဲ][ပန်းကြဲ][ပန်းကြဲ]]
ထန်ယဲ့ ဇာတ်ကားတစ်ကား ရိုက်ကူးပြီးခါစဖြစ်၏။ ဤဇာတ်ကားကို ရိုက်ကူးရန် ငါးလနီးပါး အချိန်ယူခဲ့ရသည်။ တစ်ဆင်းန်ပြီး နောက်တစ်ဆင်းန် ရိုက်ကူးနေရင်းကြားထဲမှ သူ့၏ယခင်ရိုက်ကူးထားသောရုပ်ရှင်အတွက် ပရိုမိုးရှင်းဆင်းရသလို ရသစုံရှိုးကိုပါ ရိုက်ကူးခဲ့ရသေးသည်။ အရမ်းပင်ပန်းလွန်းလှသည်...
သူ ထုပ်ပိုးသိမ်းဆည်းပြီး လေဆိပ်သို့ သွားနေသည့်လမ်းတွင် စုချီယွဲ့ဆီမှ မက်ဆေ့ချ်ကို လက်ခံရရှိခဲ့ခြင်းပင်။
ထန်ယဲ့ : [ကျေးဇူးပါကွာ]
စုချီယွဲ့ : [ထန်လောင်ရှီး ကျွန်တော်တို့ အခုကစပြီး လုပ်ဖော်ကိုင်ဖက်တွေဖြစ်တော့မှာဗျ။ ဟယ်ချောင်းက ကျွန်တော့်ရဲ့ လက်ရှိအေးဂျင့်လေ၊ နောက်ကျ ကျွန်တော် သူနဲ့အတူတူ လေဆိပ်ကိုသွားဖြစ်မယ်နော်]
ထန်ယဲ့ လွန်စွာအံ့အားသင့်သွားရလျက်။
[မင်းက ဟိုင်နမီဒီယာနဲ့ စာချုပ်လက်မှတ်ထိုးပြီးသွားပြီလို့ ပြောတာလား]
စုချီယွဲ့ : [ဟုတ်၊ မနေ့က ဂရုရဲ့ ဒုဥက္ကဌထန် နဲ့တွေ့လိုက်ရတယ်။ သူက တကယ့်ကို လူကောင်းပဲဗျ၊ ကျွန်တော်လည်း သူပြောတာတွေကို ငြင်းဆန်ဖို့ ရှက်သွားလို့ပါ]
ထန်ယဲ့ အနည်းငယ်မနာလိုဖြစ်သွားရ၏။ ဘာလို့ ထန်ယန့်ချန်က လူကောင်းလို့ မင်းပြောနေရတာလဲကွာ? ကိုယ်ကရော မကောင်းလို့လား?
သည့်အပြင် ထန်ယန့်ချန်က သူ့တည်ရှိနေကြောင်း ဘာလို့အသည်းအသန်လူလုံးထွက်ပြနေရတာလဲကွ!
သို့သော် ဟယ်ချောင်းက ဟိုင်နမီဒီယာ၏ ရွှေတံဆိပ်အေးဂျင့်ဖြစ်ပြီး သူ့အကြောင်းကို သိပ်မသိသော်ငြား ဟယ်ချောင်း၏ စွမ်းဆောင်ရည်ဟာ အလွန်ကောင်းမွန်ကြောင်း သူသိပေသည်။
စုချီယွဲ့: [ထန်လောင်ရှီး ကျွန်တော်တို့ နောက်မှ စန်းယမှာ တွေ့ကြမယ်နော်]
လေယာဉ်မှာ တည်ငြိမ်စွာ ဆင်းသက်လာလေပြီ။ စုချီယွဲ့လည်း လေယာဉ်ပေါ်မှ ဆင်းလိုက်သည်နှင့် ထူးခြားသော ပင်လယ်ကြီး၏ ရနံ့ဖျော့ဖျော့လေးကို ရှုရှိုက်လိုက်ရ၏။ တစ်ခုတည်းသော သည်းမခံနိုင်စရာသည်ကား အရမ်းပူလွန်း၍ပင်။
ပရိုဂရမ်အဖွဲ့က ဘယ်လိုဦးနှောက်နဲ့များ ဒီအစီအစဉ်ကိုဆွဲလိုက်တာလဲတော့ သူမသိဘူး။ ဒီလိုနွေရာသီကြီးမှာ စန်းယကို သွားရတယ်လို့... ဒီလောက်ပူတာကိုကွာ...
ဤတစ်ကြိမ်တွင် စုချီယွဲ့က ဟယ်ချောင်းနှင့်အတူ လာသောကြောင့် အစီအစဉ်အဖွဲ့မှ ဝန်ထမ်းများလည်း လေဆိပ်မှာ စောင့်ဆိုင်းနေခဲ့ကြသည်မှာ ကြာလှချေပြီ။ သူတို့ လေဆိပ်မှ ထွက်လာလာချင်း တိုက်ရိုက်ထုတ်လွှင့်မှု စတင်နှင့်ပြီးဖြစ်၏။
[ဝါး ဟား ဟား... နောက်ဆုံးတော့ ငါစောင့်မျှော်နေတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအသစ်လေး... ကွန်မန့်တွေ လာပြီနော်!]
[စုချီယွဲ့ရဲ့ ဘေးက ဘယ်သူတုန်း? ဧည့်သည်အသစ်လား? ဒါဆို ငါ့ထန်ကော မလာတော့ဘူးလား?]
[ထန်ယဲ့က စုချီယွဲ့ရဲ့ အကျင့်မကောင်းတဲ့ သဘောသဘာဝကို သိသွားလို့ ရှိုးက နုတ်ထွက်ဖို့ ရွေးချယ်ခဲ့တာဖြစ်မယ်]
[ဒါက ဧည့်သည်အသစ်ဆိုရင် သူက ဘယ်သူတုန်း? အရမ်းချော၊ အရမ်းခန့်ပြီးတော့ အရပ်ရှည်လိုက်တာနော်]
[ဝူး ဝူး ဝူး ငါ့ရဲ့သနားစရာကောကော... နောက်ဆုံးတော့ မှားယွင်းစွာပေးဆပ်ခဲ့ရပြီ]
စုချီယွဲ့ လေဆိပ်မှ ထွက်လာပြီး ရှိုးအဖွဲ့၏ ကားပေါ်တက်တော့မည့်ဆဲဆဲ၊ ဖန်းပိုင်ဆီမှ WeChat မက်ဆေ့ချ်ကို လက်ခံရရှိလိုက်၏။
"ဘော့စ်က မကြာခင် ရောက်တော့မယ်။ မင်း သူ့ကို စောင့်လို့ရတယ်နော်၊ သူလည်း အရမ်းပျော်သွားလိမ့်မယ်"
စုချီယွဲ့ : [ကောင်းပါပြီ~]
ထို့နောက် အရိပ်ရသည့်နေရာတစ်နေရာကို ရှာလိုက်ပြီး ဟယ်ချောင်းအား ပြောလိုက်၏။
"မသွားခင် ခဏလောက်စောင့်ရအောင်"
ဟယ်ချောင်းက အပြင်ဘက်မှ နေလုံးကြီးကို ကြည့်လိုက်ပြီး
"ဘာလို့လဲ? ဟိုတယ်သွားပြီး လေအေးပေးစက်နဲ့ နေရတာ မကောင်းဘူးလား?"
စုချီယွဲ့ : "ကျွန်တော် ထန်ယဲ့ကို စောင့်ချင်လို့။ သူ လေယာဉ်ပေါ်ကဆင်းဆင်းချင်း ပထမဆုံးတွေ့ရမယ့်သူက ကျွန်တော်ဖြစ်ချင်လို့!"
ဟယ်ချောင်း : ... "မင်းပြောတော့ CP hypeမလုပ်ချင်ဘူးဆို?"
(CP hype = CPစန်းတင်တာပါနော်)
စုချီယွဲ့ : "ထန်ယဲ့ကိုထည့်မတွက်ပါဘူးနော်"
ဟယ်ချောင်း : ... စံနှုန်းနှစ်ခုပေါ့ ကောင်းသားပဲ!
[ဟား ဟား ဟား ငါ ဘယ်လိုဟာသမျိုးကြားလိုက်ရတာပါလိမ့်၊ စုချီယွဲ့ပြောတော့ သူ CP hypeမလုပ်ဘူးဆို?]
[အား အား အား ဒါဆို ကောကောက ဒီရှိုးမှာ ဆက်ပါဦးမှာပေါ့နော် ဟုတ်တယ်မလား ဟုတ်တယ်မလား!!!]
[ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ထန်ယဲ့နဲ့အတူတူရှိနေတာက CP hypeနေတာမှမဟုတ်ဘဲ။ CPအစစ်အမှန်ပဲလေ၊ ဒီCPအစစ်ကို ငါထောက်ခံတယ်လို့!]
[ဒီလိုပူပြင်းတဲ့နေ့မျိုးမှာ စုချီယွဲ့က သူ့ကောကောကို အပြင်မှာ စောင့်နေတာပေါ့လေ? ရုတ်တရက်ကြီး ငါ နည်းနည်းလေးheartထိသွားသလိုပဲနော်]
[ဘာheartထိရမှာလဲ? သူ့ဘေးက ကိုယ်လူချောကို နင် မမြင်ဘူးလားဟဲ့? သူက တကယ်ပဲ လှေနံနှစ်ဖက်နင်းနေတာ သိသာနေပြီ!]
ပရိသတ်များက တိုက်ရိုက်ထုတ်လွှင့်မှုအခန၌ လွတ်လပ်စွာပြောဆိုနေကြ၏။ စုချီယွဲ့က VIPထွက်ပေါက်ကို ကြည့်နေကာ ထန်ယဲ့ကိုစောင့်မျှော်နေရင်း ဟယ်ချောင်းကိုလည်း ပြောလိုက်ပါသေးသည်။
"ကားဆီအရင်သွားလိုက်လေ။ ကားထဲမှာ လေအေးပေးစက်ရှိတယ်"
ဟယ်ချောင်းက ခရီးဆောင်အိတ်ကိုယူကာ ကင်မရာရှေ့မှ ပျောက်ကွယ်သွားတော့သည်။
ထန်ယဲ့၏ လေယာဉ်လည်း နောက်ဆုံးတွင် ဆိုက်ရောက်လာချေပြီ။ တိုက်ရိုက်ထုတ်လွှင့်မှုဖွင့်ထားသည့်အတွက် ထန်ပရိသတ်များက သူ့ကို လာကြိုခဲ့ကြသည်။ အရှုပ်အထွေးများစွာဖြစ်မည်ကို ရှောင်ရှားရန်အလို့ငှာ ထန်ယဲ့က ပရိသတ်များနှင့် တွေ့ဆုံကာ ဆိုင်းထိုးဓာတ်ပုံများကိုပေးရန် ဖန်းပိုင်အား ပြောထားခဲ့ပြီးနောက် သူလည်း VIPထွက်ပေါက်မှ ထွက်လာခဲ့၏။
သူထွက်လာသည်နှင့် စုချီယွဲ့က ထီးကိုင်ထားပြီး သူ့ဆီ အပြုံးလေးတစ်ပွင့်နှင့် ပြေးလာနေသည်ကို တွေ့လိုက်ရလေပြီ။
ထန်ယဲ့ နေကာမျက်မှန်ကို ချွတ်လိုက်ကာ ပြေးလာနေသူလေးကို စောင့်ဆိုင်းရန် ရပ်တန့်လိုက်သည်။
ထန်ယဲ့ကို ရက်အနည်းငယ်ကြာ မတွေ့ခဲ့ရပြီးနောက်တွင် သူဟာ ပိုမိုချောမောလာပြီး စွဲမက်ဖွယ်ကောင်းလာပုံရသည်ဟု စုချီယွဲ့ တွေ့ရှိလိုက်ရ၏။ အနာဂတ်မှာ ဒီလိုလူမျိုးနဲ့ အတူတူရှိနေမယ့် ဘယ်သူမဆို ထိုသူဟာ သူ့အရင်ဘဝက နဂါးငွေ့တန်းကို ကယ်တင်ခဲ့သူပဲ ဖြစ်ရမယ်။ (အဲဒါရှင်လေးပါပဲနော် 🤭)
စုချီယွဲ့ သူ့ဆီ ပြေးလာကာ ထီးဆောင်းပေးလိုက်၍ ထီးအရိပ်ဟာ ထန်ယဲ့ဆီသို့ ဖြန့်ကျက်သွားလျက်။ နှစ်ယောက်သား မျက်နှာချင်းဆိုင် ရပ်နေကြပြီး မြင်ကွင်းဟာ အလွန့်အလွန်လှပနေသည်။
ထန်ယဲ့ ထီးကိုယူလိုက်ပြီး
"မင်း ဘာလို့ ဟိုတယ်ကိုမသွားတာလဲ?"
စုချီယွဲ့ ခေါင်းလေးအနည်းငယ်မော့လျက်
"ခင်ဗျားကို စောင့်နေတာလေ"
"ကိုယ့်ကိုသတိရနေလား?"
စုချီယွဲ့ သူ့လက်ချောင်းများကို ရေတွက်ရင်း
"တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတဲ့ တစ်ရက်တာဟာ ဆောင်းဦးသုံးပေါက်လိုပဲတဲ့၊ ခင်ဗျားပြောကြည့်၊ ကျွန်တော်တို့ မတွေ့ရတာ ဘယ်နှစ်နှစ်ရှိပြီလဲလို့?"
ထန်ယဲ့ သူ့ကို အပြုံးလေးနှင့် ကြည့်နေပြီး
"အင်း၊ ဒါဆို ကိုယ်တို့ အတိတ်ကို ကောင်းကောင်းစားမြုံပြန်ကြတာပေါ့ကွာ"
[ငါ့CPက တူညီတဲ့ကားထဲမှာ ထိုင်နေကြပြီ!]
[စုချီယွဲ့က အဲဒီအရပ်မြင့်မြင့်ကိုလူချောကို စွန့်ပစ်လိုက်တာလား? သူ့ရဲ့ စိတ်ဓာတ်ကိုကြည့်ပါဦး...]
[ငါတို့ရဲ့ *စုရှင်းထန်က ကြားလူတွေမရှိပါဘူးနော်၊ ဘယ်တတိယလူမှ နှောင့်ယှက်ခွင့်မပြုဘူးဟေ့!]
(*CP name)
ပရိုဂရမ်အဖွဲ့သည် ဤတစ်ကြိမ်တွင် မိသားစုပုံစံဟိုတယ်ကို စီစဉ်ပေးထားခဲ့သည်။ အခန်းရွေးချယ်ရန် ဂိမ်း၊ တာဝန်များ လုပ်ဆောင်ရန်မလိုအပ်ဘဲ ဧည့်သည်အဖွဲ့လေးဖွဲ့လုံးကို တန်းတူညီတူ ဆက်ဆံခဲ့သည်။
ဤတစ်ကြိမ်တွင် အဖွဲ့တစ်ခုစီမှ ဧည့်သည်တိုင်း လွတ်လပ်စွာ လျှောက်သွားနိုင်ကြပြီး ပရိုဂရမ်အဖွဲ့က မည်သည့်အတားအဆီးမျှ မသတ်မှတ်ထားပေ။ မိမိသွားမည့်နေရာကို ကြိုတင်ပြီး အကြောင်းကြားရန် တောင်းဆိုထားရုံတင်။
ပြီးခဲ့သည့်အခေါက်က ထန်ယဲ့ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကြောင့် ယခုတစ်ခေါက် လုံခြုံရေးအစီအမံများ အလွန်ကောင်းမွန်ပြီး ဧည့်သည်အုပ်စုတစ်စုစီတိုင်းမှာ လုံခြုံရေးဝန်ထမ်းလုံလုံလောက်လောက် ခန့်ထားခဲ့သည်။
သူတို့ရှာဖွေနေသော မိသားစုပုံစံဟိုတယ်သည်ကား အလွန်အဆင့်မြင့်သောအသိုက်အဝန်းတွင်ရှိပြီး အဆင့်တိုင်းတွင် ကတ်များတပ်ဆင်ထားသောကြောင့် ဤနေရာ၏ ပိုင်ရှင်မဟုတ်ပါက ဝင်ရောက်ရန်မဖြစ်နိုင်ပေ။
ပြီးခဲ့သည့်ရှိုးနှင့် မတူသည်မှာ ပေါ်ပျူလာစတား ဟယ်ဝမ်ကျောင်းကဲ့သို့သော ဧည့်သည်တချို့က နုတ်ထွက်ရန် ရွေးချယ်ခဲ့လေသည်။
သူ ဤကဲ့သို့သောDating variety showမျိုးမှာ ပါဝင်လာကြောင်း စုချီယွဲ့ သိလိုက်ချိန်က အလွန်အံ့အားသင့်ခဲ့ရပါသေးသည်။ သူတို့လို အနုပညာရှင်တွေက ပရိသတ်တွေအပေါ် မှီခိုအားထားရတာလေ၊ အထူးသဖြင့် girlfriend fanတွေကိုပေါ့။ ဒါ့ကြောင့် သူတို့ရဲ့အလုပ်ကို မဆုံးရှုံးချင်ရင် ချစ်လို့မရသေးဘူး...
သေချာတာပေါ့၊ သူ့တည်ရှိမှုအတွက် တစ်ပိုင်းလောက် မျက်နှာပြပြီးတာနဲ့ ထွက်သွားခဲ့တာပဲ...
စုချီယွဲ့ နှင့် ထန်ယဲ့တို့က မြေအောက်ကားပါကင်မှာ ကားရပ်လိုက်သည်။ နှစ်ယောက်သား ကားပေါ်မှဆင်းပြီးနောက် ဟယ်ချောင်းလည်း နောက်ကနေ လိုက်ဆင်းလာခဲ့၏။ သူ ထန်ယဲ့ကို နှုတ်ဆက်ပြီး နောက်မှ ခရီးဆောင်အိတ်ကို စုချီယွဲ့အား ပေးကာ ထွက်သွားခဲ့သည်။
ဟယ်ချောင်းသည် သူတို့အနီးနားရှိ ဟိုတယ်တစ်ခုမှာ တည်းခိုမည်ဟု မတိုင်ခင်က သဘောတူထားပြီးဖြစ်သည်။ စုချီယွဲ့ တစ်ခုခုဖြစ်ပါက သူ့ကို အချိန်မရွေး ဆက်သွယ်နိုင်လေ၏။
နှစ်ယောက်သား ဓာတ်လှေကားဆီသို့ လျှောက်သွားပြီး ဓာတ်လှေကားတံခါးပွင့်လာရန် ခဏစောင့်နေခဲ့ရသည်။ မမျှော်လင့်စွာပင် ကျန်းဇီဖင်း လျှောက်ထွက်လာခဲ့သည်။
ရန်သူများဟာ လမ်းကျဥ်းလေးမှာ တွေ့ဆုံတတ်သည်ဆိုသော ဆိုရိုးစကားအတိုင်းပင်။ သူတို့ဆုံကြသည်နှင့် မကြည်မဖြူဖြစ်တတ်ကြသည်။ ကျန်းဇီဖင်းက စုချီယွဲ့ကို တွေ့လိုက်ရသည့်အခါ ချက်ခြင်းပင် ရွှင်ပြလန်းဆန်းလာလေပြီ။
ထန်ယဲ့ သူတို့နှစ်ဦးကြားတွင် ဝင်ရပ်လိုက်ကာ ကျန်းဇီဖင်းကို ကြည့်၍ ပြောလိုက်၏။
"မင်း သူ့ကိုကြိုက်ရင် ရဲရဲရင့်ရင့် လိုက်လေ။ ဒါပေမယ့် မင်းမှာ အောင်မြင်နိုင်ခြေမရှိဘူးဆိုတာကိုတော့ ယုံရမယ်"
ကျန်းဇီဖင်း သူ့လက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်ပြီး
"မဟုတ်ဘူး မဟုတ်ဘူးနော် ထန်လောင်ရှီး၊ ကျွန်တော် သူ့ကို မကြိုက်ပါဘူး"
ထန်ယဲ့က စုချီယွဲ့ကို ဆွဲလိုက်ပြီး သူ့ပခုံးပေါ် လက်တင်ကာ ပိုင်စိုးပိုင်နင်းကြေညာလိုက်သည်။
"မင်းမကြိုက်ဘူးဆိုတော့လည်း အေးဆေးပေါ့... သူက... ငါ့အပိုင်ပဲ"
(Translator be like : အားးးးးးးးး 😻😻)
xxx