62 : စစ်ဆေးမှု ရလဒ်
အထူးဧည့်သည် ဆေးကုသခန်းတွင် ချူရှောင်အား ဆေးရုံမှ
ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ချန်မျိုးနွယ်မှ ကြိုဆိုခဲ့သည်။
လင်းဖန်အား ဆေးကုသခန်းထဲသို့ ပို့ပြီးသည်နှင့် သူသည်
ချူရှောင်၏ “ထွက်သွား” ဟူသော အမိန့်ကို မစောင့်ဘဲ တံခါးပေါက်မှ သတိရှိရှိ ထွက်သွားခဲ့သည်။
“ရှောင်… မစ္စတာရှောင် ကြွပါခင်ဗျ” ဟု ချူရှောင်အား
မျက်နှာချင်းဆိုင် ပြောသောအခါ ညွှန်ကြားရေးမှူးချန်သည် အလွန်တရာ ထိန်းချုပ်ထားဟန် ပေါ်သည်။
သူသည် ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိချိန်တွင် အံ့အားသင့်ခဲ့ရုံသာမက
ချူရှောင်ကို လူကိုယ်တိုင် တွေ့မြင်လိုက်ရသောအခါ လွန်စွာ ကြောက်လန့်သွားခဲ့သည်။
သူ့မှာ ဘာရွေးစရာ ရှိတော့မှာလဲ? မစ္စတာရှောင်က သူ့ဆေးရုံရဲ့
အဓိက ဌာနကြီးတွေရဲ့ ရင်းနှီးမြှုပ်နှံသူလည်း ဖြစ်သလို သူ့ရဲ့ အထက်အရာရှိလည်း ဖြစ်နေတာကိုး။
ငွေမလိုအပ်သော အရာမရှိပေ။ သူက လက်ထောက် ညွှန်ကြားရေးမှူး
ဆိုပေမဲ့ သူ့ရဲ့ ဝင်ငွေနည်းနည်းလေးနဲ့ သူ့ချစ်သူတွေရဲ့ သုံးစွဲမှုတွေကို ဘယ်လို လုံလောက်အောင်
လုပ်နိုင်မှာလဲ? ချူရှောင်သည် သူ့ကို ငွေပိုပေးနိုင်သည်။ ဟုတ်ပါတယ်လေ၊ သူသည် သူ့အတွက်
အလုပ်လုပ်လိုစိတ် ရှိသည်။
ထို့ပြင် သူလုပ်ဆောင်နေသော စီမံကိန်းအနည်းငယ်သည်
ချူရှောင်၏ ရန်ပုံငွေဖြင့် တည်ထောင်ထားခြင်းဖြစ်ပြီး ထိုအရာများသည် စားပွဲပေါ်သို့
တင်ပြ၍ မရသော သုတေသနများ ဖြစ်သည်။
ပုံမှန်ဆိုရင် ဒီလို အရေးမပါတဲ့လူတွေနဲ့အတူ ပေါ်မလာတတ်တဲ့
မစ္စတာရှောင်က ဘာကြောင့် ဒီအချိန်မှာ ဒီရောက်နေတာလဲ?
ထို့ကြောင့် ခဏမျှ တုံ့ဆိုင်းပြီးနောက် ညွှန်ကြားရေးမှူးချန်သည်
ချူရှောင်အား ဆေးကုသခန်းထဲသို့ ဖိတ်ခေါ်ခဲ့သည်။
သွေးဖောက်ခြင်း၊ စစ်ဆေးခြင်းနှင့် ဓာတ်မှန်ရိုက်ခြင်းတို့ကို
သူကိုယ်တိုင် လုပ်ဆောင်ခဲ့သည်။
တစ်နာရီခန့်ကြာပြီးနောက်…
“ရလဒ်တွေကို တိုက်ရိုက်ပြော” ဟု ချူရှောင်က တုန်လှုပ်နေသော
ဌာနမှူးချန်ကို အေးစက်စွာ ကြည့်ရင်း ပြောလိုက်သည်။
“အာ… ဟုတ်ကဲ့…” တုန်ယင်ပြီးနောက် ညွှန်ကြားရေးမှူးချန်သည်
နောက်ဆုံးတွင် သူ၏ အသံကို ပြန်လည်ရရှိခဲ့သည်။
“မစ္စတာရှောင်၊ ခင်ဗျားရဲ့ စစ်ဆေးမှု ရလဒ်တွေက နည်းနည်း
ရှုပ်ထွေးပါတယ်။ ဆေးက အနည်းငယ် ပြဿနာရှိပုံရတယ်... ရောဂါပိုး တစ်မျိုးတော့ အတည်ပြုနိုင်ပါတယ်။
ဒါပေမဲ့ အဲဒီ ရောဂါပိုးနဲ့ ပတ်သက်ပြီးတော့…” ခဏရပ်ပြီးနောက် ညွှန်ကြားရေးမှူးချန်က
“အားနည်းသလို ခံစားရတာအပြင် တခြား ဘာရောဂါလက္ခဏာတွေများ ခင်ဗျားမှာ ရှိသေးလဲ မသိဘူး?”
ဟု မေးလိုက်သည်။
ညွှန်ကြားရေးမှူးချန်၏ မေးခွန်းကို ကြားသောအခါ ချူရှောင်၏
မျက်နှာသည် တောင့်တင်းသွားပြီး သူ၏ အေးစက်သော အကြည့်သည် သူ့ကို ဖြတ်သွားသည်။
“ဆေးနဲ့ ကုသလို့ ရမရပဲ ပြော တခြားဟာတွေ ခင်ဗျား သိဖို့
မလိုဘူး”
“အွန်း… အိုကေ… ကောင်းပြီလေ၊ ဂလိုင်ကိုဂျင် ပုံမှန်မဟုတ်ဘဲ
ပြိုကွဲသွားတာကို ရပ်တန့်ဖို့ ဆေးကို သုံးနိုင်ပါတယ်။ ဒီနည်းနဲ့ ခင်ဗျားရဲ့ ခွန်အားကို
အပြည့်အဝ ပြန်မရနိုင်ပေမဲ့ ခင်ဗျားက အရမ်း သန်မာနေတော့ သူတို့ ပျက်စီးသွားတဲ့ ရောဂါပိုးတွေကို
ဖယ်ရှားဖို့ နည်းလမ်း မရှိဘူး။ သူတို့ရဲ့ သက်တမ်း စေ့သွားပြီး သဘာဝအတိုင်း ပျက်စီးသွားဖို့ပဲ
စောင့်ရမှာ”
ထိုသို့ ပြောပြီးနောက် ညွှန်ကြားရေးမှူးချန်သည် ချူရှောင်၏
ဖိအားအောက်တွင် ချွေးများ စီးကျလာပြီး နောက်ကျောတစ်ခုလုံး ချွေးရွှဲနေသည်။
ရဲ့ ဖိအားအောက်မှာ ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေကို
အဆုံးထိ ပြောနိုင်ဖို့ သူ ဘယ်လောက် စိတ်ဓာတ်နဲ့ သတ္တိကို စိုက်ထုတ်ခဲ့ရလဲဆိုတာ ဘုရားပဲ
သိလိမ့်မယ်!
“ဘယ်လောက်ကြာမှာလဲ” ဟု ချူရှောင်က နှစ်မိနစ်ခန့်
တိတ်ဆိတ်နေပြီးနောက် မေးလိုက်သည်။
“အင်း... လေ့လာတွေ့ရှိချက်အရတော့... တစ်လလောက် ဒါမှမဟုတ်
နှစ်လလောက် ကြာနိုင်ပါတယ်…” ဟု ညွှန်ကြားရေးမှူးချန်က ပြောသည်။ ဒုတိယညွှန်ကြားရေးမှူးကို
သူ အမိန့်နာခံခဲ့ရသည့်အချိန်ထက် ယခုအချိန်တွင် သူ၏ စိတ်ဖိစီးမှုသည် ပို၍ပင် ပြင်းထန်နေသည်။
ညွှန်ကြားရေးမှူးချန် ခံစားနေရတဲ့အချိန်မှာပင်…
လင်းဖန်သည် စင်္ကြံတွင် စောင့်ဆိုင်းနေရင်း ငြီးငွေ့နေသည်။
စစ်ဆေးမှုရလဒ် မည်သို့ဖြစ်မည်ကို သူသိသည်။ သို့သော်
ထိုအကြောင်းကြောင့်ပင် သူသည် ပျင်းရိနေခြင်းဖြစ်သည်။
ထိုအချိန်တွင် ရင်းနှီးသော အသံတစ်ခု ကြားလိုက်ရသည်။
“လင်းဖန်?” ကုဇီမင်သည် ဖြတ်သွားရင်း ခြေလှမ်းအနည်းငယ်
လျှောက်လာခဲ့သည်။ စင်္ကြံရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေသော လူငယ်သည် လင်းဖန်ဖြစ်ကြောင်း
အတည်ပြုပြီးနောက် သူသည် လှမ်းခေါ်လိုက်သည်။
“ဟင်? အစ်ကို ဇီမင်?”
“မင်း ဒီဆေးရုံမှာ ဘာလာလုပ်နေတာလဲ? ဟိုကောင်လေးတွေ
လက်ချက်နဲ့ ကျောင်းမှာ အနိုင်ကျင့်ခံလိုက်ရတာလား?” ဟု ကုဇီမင်က စိုးရိမ်တကြီး မေးလိုက်သည်။
နောက်ဆုံးတွင် ဆေးရုံသည် ရုပ်ရှင်ရုံမဟုတ်ပေ။ ဒီလိုနေရာမျိုးကို လာဖို့ ကောင်းတဲ့အရာ
မဟုတ်ဘူး။
“မဟုတ်ပါဘူး... ကျွန်တော်... အွန်း... သူငယ်ချင်းတစ်ယောက်နဲ့
လိုက်လာတာ…” ဟု လင်းဖန်က ရှင်းပြသည်။
သူငယ်ချင်းတစ်ယောက်… ထိုစကားသည် သူ့ပါးစပ်မှ ထွက်လာသောအခါ
အလွန်ထူးဆန်းနေသည်။
“မင်း ရန်မဖြစ်တော့ဘူးဆိုတော့ ကောင်းပါတယ်လေ”
ကုဇီမင်သည် သက်ပြင်းချလိုက်သော်လည်း လင်ဖန်ကို အံ့သြတကြီး
ကြည့်လိုက်သည်။
“လအနည်းငယ်အတွင်းမှာ မင်း တော်တော် ပြောင်းလဲသွားတာပဲ။
အခု မင်းကို မြင်တော့ ငါ မမှတ်မိလုနီးပါး ဖြစ်သွားတယ်” ဟု ကုဇီမင်က လင်းဖန်ကို အပေါ်အောက်
ကြည့်ကာ ပြုံးပြီး ပြောလိုက်သည်။
သူသည် အမှန်တကယ်ပင် ချဲ့ကားပြောနေခြင်း မဟုတ်ပေ။
သူတို့ လင်ဖန်ကို နောက်ဆုံးတွေ့ခဲ့တာ လွန်ခဲ့တဲ့
လအနည်းငယ်ကပင်။ အဲဒီ့အချိန်တုန်းက ဒီကောင်လေးသည် ပိန်ပိန်ပါးပါးနှင့် ရောင်ရမ်းနေသော
မျက်နှာဖြင့် သူအား ရိုက်နှက်ခံထားရပုံရသည်
သနားစရာကောင်းလိုက်တာ…
ရက်အနည်းငယ်အတွင်းမ လင်းဖန်ဟာ အရပ်ပိုရှည်လာပြီး
ပိုသန်မာလာမည်ဟု သူ မထင်ခဲ့။ သူ ဝတ်ထားသော အဝတ်အစားများသည် သန့်ရှင်းသပ်ရပ်နေကယ သူ၏
မျက်နှာ၌ ယုံကြည်မှုအပြည့်ရှိနေသော အပြုံးတစ်ခုနှင့် ယခု အတော်တော် ချောမောနေသည်။
ကုဇီမင်သည် အံ့အားသင့်သွားသော်လည်း လင်းဖန်အတွက်
သူ ဝမ်းသာခဲ့သည်။
နောက်ဆုံး၌ သူသည် သူ့၏ အိမ်နီးချင်းဟောင်းရဲ့ ကလေးအကြောင်းကို
စိုးရိမ်နေဆဲပင်။ လင်းဖန်ရဲ့ မိသားစု အဆင်မပြေဘူးဆိုသည်ကိုလည်း သူကောင်းကောင်ကြီးသိသည်။
သူ၏အမေ အိမ်၌ မရှိသောအခါ ဒီကောင်လေးကို အစားအသောက်များ ပေးလေ့ရှိသော်လည်း နောက်ပိုင်းတွင်
သူ ပြောင်းရွှေ့သွားသည်။
“ဒါနဲ့ မင်းအမေ ဘယ်မှာလဲ” ဟု ကုဇီမင်က ထိုအကြောင်းကို
တွေးရင်း ရုတ်တရက် မေးလိုက်သည်။
“ကျွန်တော့်အမေက နောက်အိမ်ထောင်ပြုသွားပြီ” ဟု လင်းဖန်က
ပြောသည်။ သူသည် သူ၏အတိတ်ဘဝတွင် ထိုပြဿနာကို ဝမ်းနည်းနေနိုင်သော်လည်း ယခုတော့ သူသည်
ထိုအရာကို လုံးဝ ဂရုမစိုက်တော့ပေ။
“ဒါဆို မင်း တစ်ယောက်တည်း နေနေတာလား” ဟု ကုဇီမင်က
အနည်းငယ် အံ့အားသင့်သွားသည်။
“အွန်း… ဒါပေမဲ့ အမေက လတိုင်း ကျွန်တော့်ကို ထောက်ပံ့ကြေး
ပို့ပေးတယ်” ဟု လင်းဖန်က ဖြေလိုက်သည်။
သူ့အမေက လအနည်းငယ်ကြာအောင် သူ့ကို ဘယ်တုန်းကမှ ငွေမပေးခဲ့သော်လည်း
ထိုငွေပေးငွေယူမှုများသည် တစ်မိနစ်လျှင် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသည်ဟု သူ
မပြောနိုင်ခဲ့ပေ။
“ဒါဆို မင်း အခုထိ အရင်နေရာမှာပဲ နေသေးတာပေါ့?”
“အွန်း…”
“ဒါဆို…”
“အို…အစ်ကို ဇီမင်” ဟု လင်းဖန်က သူ့နာရီကို ကြည့်ပြီး
ဂူဇီမင်၏ စကားကို ရုတ်တရက် ဖြတ်လိုက်သည်။
“ကျွန်တော့် သူငယ်ချင်း ပြီးလောက်ပြီထင်တယ်။ ကျွန်တော်
သွားကြည့်လိုက်ဦးမယ်။ နောက်မှ ခင်ဗျားနဲ့ စကားပြောတော့မယ်နော်”
“အေးပါကွာ၊ ဒါပေမဲ့ နောက်တစ်ခါ ဆေးရုံမှာ မင်းကို
ထပ်ပြီး မတွေ့ချင်တော့ဘူးနော်။” ဟု လင်းဖန် လှည့်ထွက်သွားသောအခါ ကုဇီမင်က ပြုံးပြီး
ပြောလိုက်သည်။ သူ၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှု အနည်းငယ် ပေါ်နေသည်။
ယခင်က သူသည် လင်းဖန်ကို သနားခဲ့သော်လည်း ယခုတော့…
သူသည် သူ့ကို နှလုံးသားအောက်ခြေမှ နှစ်သက်လာခဲ့သည်။
…
တစ်ဖက်တွင်…
တိုက်ဆိုင်စွာပင် လင်းဖန်သည် ချူရှောင် အခက်အခဲဖြင့်
ထွက်လာသော ဆေးကုသခန်း၏ တံခါးဝသို့ ရောက်ရှိခဲ့သည်။
ချူရှောင်သည် လင်းဖန်ကို မြင်သောအခါ သူ မဝန်ခံချင်သော်လည်း
သူ၏ နှလုံးသားထဲတွင် မည်သို့သော မဖော်ပြနိုင်သော နွေးထွေးမှုမျိုး စီးဆင်းနေသည် မသိပေ။
သို့သော် သူ၏ မျက်နှာသည် ယခင်ကကဲ့သို့ အေးစက်နေဆဲဖြစ်သည်။
“ဘာပြောသင့်လဲ၊ ဘာမပြောသင့်လဲဆိုတာ ခင်ဗျား သေချာ
သိသင့်တယ်လို့ ကျွန်တော် ထင်တယ်” ဟု ချူရှောင်က အေးစက်စွာ ပြောလိုက်သည်။
ထိုစကားများသည် နောက်ကွယ်မှ ကြောက်လန့်တုန်လှုပ်နေသော
ညွှန်ကြားရေးမှူးချန်ကို ရည်ညွှန်းနေသည်မှာ ထင်ရှားသည်။
“အား... ကျွန်တော် သိပါတယ်၊ ကျွန်တော် သိပါတယ်။ စိတ်မပူပါနဲ့
မစ္စတာရှောင် ဒီက အချက်အလက်အားလုံးကို ကျွန်တော် ဖျက်ဆီးလိုက်ပါ့မယ်။ စောင့်ကြည့်စက်တွေအတွက်လည်း
ကျွန်တော် ချက်ချင်း စီစဉ်လိုက်ပါ့မယ်” ဟု ညွှန်ကြားရေးမှူးချန်က ကတိပေးသည်။
နောက်ဆုံးတွင် သူသည် မစ္စတာရှောင်ကဲ့သို့သော အင်အားကြီးသူများနှင့်
နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သော လည်ဝယ်သော သက်ကြီးရွယ်အိုတစ်ဦးဖြစ်သည်။ သူသည် ထိုကဲ့သို့သော
ကျွမ်းကျင်မှုအဆင့်ကို ပိုင်ဆိုင်ထားဆဲဖြစ်သည်။
သို့သော် ထိုလူ၏ ချိုသာယဉ်ကျေးသော အသွင်အပြင်ကို
ကြည့်ရင်း တံခါးဝရှိ လင်းဖန်သည် ပြုံးလိုက်သည်။
“သွားကြစို့” ဟု ချူရှောင်က လင်းဖန်ကို စိုက်ကြည့်ပြီး
တိုတိုတုတ်တုတ် ပြောလိုက်သည်။
တစ်ဖက်တွင် လင်းဖန်သည် ညွှန်ကြားရေးမှူးချန်ထံမှ
ဆေးထုပ်ကို ယူလိုက်သည်။ ထို့နောက် ချူရှောင်သည် လင်းဖန်ကို ကူညီလိုသည်ဖြစ်စေ၊ မကူညီလိုသည်ဖြစ်စေ
သူသည် လင်းဖန်ကို သူ့ဘေးသို့ ဆွဲခေါ်ကာ ထောက်ကူပေးလိုက်သည်။
လင်းဖန်ကို သတိပေးသည့်အကြည့်ဖြင့် ကြည့်ပြီးနောက်
ချူရှောင်သည် ထိုအချိန်တွင် လင်းဖန်ကို လွှတ်မထားရန် နောက်ဆုံးတွင် ဆုံးဖြတ်လိုက်သည်။
လင်းဖန်သည် ညွှန်ကြားရေးမှူးချန်အား ထိုဆေးများအကြောင်းကို
စိတ်အားထက်သန်စွာ မေးမြန်းသည်ကို ကြားပြီးနောက် ချူရှောင်၏ မျက်နှာပေါ်ရှိ အေးစက်သော
အမူအရာသည် အနည်းငယ် ပျော့ပျောင်းသွားသည်။
သူတို့နှစ်ဦး ထွက်သွားသည်ကို ကြည့်ရင်း ညွှန်ကြားရေးမှူးချန်သည်
သက်ပြင်းချလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် စူးစမ်းလိုသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
ဟိုကောင်လေးက မစ္စတာရှောင်ရဲ့ လက်အောက်ငယ်သား အသစ်များလား?
တော်တော် ငယ်သေးပုံရတယ်…
ဒါ့အပြင်…
သူတို့နှစ်ဦးကြားက ဆက်ဆံရေးက နည်းနည်းများ… ပိုလွန်းနေသလားလို့?
…
“ဆရာဝန် ဘာပြောသွားလဲ?” ဟု ကားပေါ်ရောက်သောအခါ လင်းဖန်က
ရုတ်တရက် တိတ်ဆိတ်မှုကို ဖျက်လိုက်ပြီး မေးလိုက်သည်။
ချောင်းဆိုးရင်း သူသည် ဆေး၏ အာနိသင်ကိုသာ စိုးရိမ်နေပြီး
ချူရှောင်အကြောင်းကို လုံးဝ ဂရုမစိုက်ပေ။
အွန်း… ဒါပါပဲ
“?” လင်းဖန်၏ ရုတ်တရက် မေးခွန်းကို ကြားသောအခါ ချူရှောင်သည်
အံ့အားသင့်သွားသည်။
“နည်းနည်း ရှုပ်တယ်။ အဲဒီလို ဆေးအမျိုးအစားရဲ့ အာနိသင်က
တစ်လလောက် ခံမယ်…” ဟု ချူရှောင်က မသိစိတ်ဖြင့် လင်းဖန်အား ရောဂါအကြောင်း ပြောပြလိုက်သည်။
အမှန်တကယ်ဆိုလျှင် သူသည် အခြားသူများအား ရောဂါအကြောင်း
ပြောပြလျှင် အတော်လေး အန္တရာယ်များလိမ့်မည်။ အထူးသဖြင့် ထိုကဲ့သို့သော ပိုးမွှားလေးများသည်
သူ့ကို သေစေလိုသော ဆန္ဒရှိသူများဖြစ်ပြီး သူတို့သည် ထိုကဲ့သို့သော အခွင့်အရေးကို ဘယ်သောအခါမျှ
လက်လွှတ်မည်မဟုတ်ပေ။
သို့သော် ထိုကောင်လေးသည် အန္တရာယ်ကင်းပုံရသောကြောင့်
သို့မဟုတ် လင်းဖန်၏ စိုးရိမ်ပူပန်မှုသည် အလွန်အမှန်ကန်သောကြောင့် ဖြစ်နိုင်သည်။
ချူရှောင်သည် ထိုကဲ့သို့သော ကလေးဆိုးလေးကို ပြောလိုက်သည်မှာ…
လင်းဖန်၏ နှလုံးသားထဲတွင် စိတ်အနှောင့်အယှက်ဖြစ်သလို
ခံစားလိုက်ရသောအခါ “ဒါဆို…”
“ခင်ဗျားကို ခင်ဗျားအိမ် ဒါမှမဟုတ် မိသားစု... ဒါမှမဟုတ်
သူငယ်ချင်းတွေဆီ ပြန်ပို့ပေးစေချင်တာလား?”
လင်းဖန် ထိုသို့ပြောသောအခါ သူ၏ မျက်လုံးထဲတွင် စူးစမ်းလိုသော
အလင်းရောင်တစ်ခု ဖြတ်ခနဲ ပေါ်လာသည်။ ကံမကောင်းစွာဖြင့် ချူရှောင်သည် ထိုအချိန်တွင်
အတော်လေး ရုန်းကန်နေရသောကြောင့် ထိုစူးစမ်းမှုကို သတိမထားမိခဲ့ပေ…
လင်းဖန်၏ စကားများကို ကြားသောအခါ ချူရှောင်သည် ရုတ်တရက်
မျက်မှောင်ကြုတ်လိုက်သည်။
“ဘာလဲ? မင်း ငါ မင်းအိမ်ကို ဖျက်ဆီးမှာ ဒါမှမဟုတ်
မင်းရဲ့ အဝတ်စုတ်တွေကို လုယူမှာ ကြောက်နေတာလား? ဒါမှမဟုတ် ငါ မင်းကို ပေးဖို့ ကျန်နေတဲ့
ပိုက်ဆံနည်းနည်းလေးတောင် ပြန်မဆပ်နိုင်ဘူးလို့ ထင်နေတာလား?” ဟု ချူရှောင်က သွားကြိတ်ကာ
မေးလိုက်သည်။
သူသည် ထိုကဲ့သို့သော ပျက်စီးနေသော နေရာတွင်ပင် သူ
ဆက်လက် အသက်ရှင်လိုသည်ဟု ပြောလိမ့်မည်။ မင်း သူ့ကို သတ်ရင်တောင်မှ။
သို့သော် လက်ရှိအခြေအနေတွင် ပြန်သွားရန် အချိန်ကောင်း
မဟုတ်ပေ…
အထူးသဖြင့် သူတို့ သူ့ကို ပြန်ပေးဆွဲခဲ့တဲ့ လူတွေရဲ့
အကြောင်းကို သူ အခုထိ ရှင်းရှင်းလင်းလင်း မသိသေးဘူး။ သူတို့ ဘာလိုချင်တယ်ဆိုတာကိုလည်း
မသိသေးဘူး။
ချူရှောင် တွေးနေစဉ် လင်းဖန်၏ နှုတ်ခမ်းသည် အနည်းငယ်
ကွေးသွားသည်။
ချူရှောင်၏ လေသံသည် သိပ်မဖော်ရွေသော်လည်း သူသည် ချူရှောင်၏
အတွင်းစိတ်ဆန္ဒကို ကျေနပ်နေသည်။
သို့သော်…
အမှန်တကယ်ဆိုလျှင် ချူရှောင် ပြန်လိုလျှင်ပင် သူ
လွှတ်ပေးမည် မဟုတ်ပေ။
ထိုစကားနှင့် ပတ်သက်၍ သူသည် အပေါ်ယံသဘောလောက်သာ ပြောနေခြင်း
ဖြစ်သည်…
“မင်း နာမည်က လင်ဖန်လို့ ပြောခဲ့တယ်နော်?” ဟု ချူရှောင်က
ရုတ်တရက် မေးလိုက်သည်။
“အွန်း…”
“အွန်း… လင်းဖန်၊ ဟုတ်တယ်မလား…”
ထိုကောင်လေးသည် အနည်းငယ် ဆူညံပြီး ငွေကို တပ်မက်သော်လည်း
မဆိုးပေ…