ကျန်းစစ်ယန်က နေရခက်သလို ပြုံးလိုက်ပြီး စကားစပြောင်းလိုက်တယ်။
“မင်း ရေမချိုးတော့ဘူးလား”
“စုန့်ရန်ဟယ်က ခင်ဗျားကို အဲ့လိုသင်ပေးခဲ့တာလား။”
ကျန်းစစ်ယန်က ငြင်းဆိုခြင်းမရှိပါဘူး။
ငါ မယုံနိုင်စွာနဲ့ ခေါင်းခါလိုက်တယ်။
“ဒါဆို သူ(မ)က နှစ်ဖက်ကနေ ကစားနေတာပေါ့”
ကျန်းစစ်ယန်က မျက်ခုံးပင့်လိုက်တယ်။
“ဘာလဲ”
“သူက ခင်ဗျားကို ကျွန်တော့်နောက် ဘယ်လိုလိုက်ရမလဲဆိုတာကို သင်ပေးခဲ့ရုံတင်မဟုတ်ဘူး ဒီနေ့မွန်းလွဲပိုင်းက ကော်ဖီဆိုင်မှာ ကျွန်တော်တို့ကို ဘယ်လိုအခြေအနေမျိုးရောက်နေလဲဆိုတာ ရှင်းပြနေတာ”
ကျန်းစစ်ယန်က “ဪ” ဆိုပြီး လျစ်လျူရှုတဲ့ဟန်နဲ့ တုံ့ပြန်လိုက်ပြီး အံ့ဩဟန် မပြပါဘူး။
စကားဝိုင်းက ပြီးသွားပြီး ငါတို့နှစ်ယောက် ထူးဆန်းစွာ တိတ်ဆိတ်သွားခဲ့တယ်။
ငါတို့နှစ်ယောက်လုံးက ငါတို့ရဲ့ ဆက်ဆံရေးအသစ်ကို မလိုက်လျောနိုင်သေးပုံပေါ်ပြီး မသက်မသာနဲ့ ထိုင်နေခဲ့ကြပါတယ်။
ငါ့လက်တွေက မသိစိတ်ကနေ တင်းကျပ်နေခဲ့တယ်။
ငါတို့ အခုစုံတွဲတွေဖြစ်သွားပြီ မဟုတ်လား။ စုံတွဲတွေ ဘာလုပ်ကြရမှာလဲ။
“ဘယ်လိုလဲ… ကျွန်တော်တို့ နမ်းကြမလား”
ကျန်းစစ်ယန်က ငါ့ဘက်ကို လှည့်ကြည့်ပြီး လန့်သွားတယ်။
ငါ့နှလုံးသားက အသည်းအသန်ခုန်နေခဲ့တယ်။
“ဒါက စုံတွဲတွေ လုပ်တဲ့အရာ မဟုတ်ဘူးလား”
“မဟုတ်… မဟုတ်ဘူးလား”
ပတ်ဝန်းကျင်တစ်ခုလုံးက စိတ်အနှောင့်အယှက်ဖြစ်ပြီး ရှက်ရွံ့တဲ့ တင်းမာမှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။
"ဟုတ်တယ်"
ကျန်းစစ်ယန်က ခေါင်းညိတ်လိုက်တယ်။
“ငါ ထင်တာလည်း အဲ့လိုပဲ”
ငါလည်း ခေါင်းညိတ်လိုက်တယ်။
“...ဟုတ်တယ်”
ဟုတ်တယ်၊ ဘာဟုတ်တာလဲ။ ငါတို့ နမ်းကြမှာလား မနမ်းကြဘူးလား။
“ဒါဆိုရင်”
ငါ သူ့ကို တစ်ချက်ကြည့်လိုက်တယ်။
ကျန်းစစ်ယန်က သုံးစက္ကန့်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ပြောလိုက်တယ်။
“မင်း ရေမချိုးတော့ဘူးလား”
ရေချိုးတာက နမ်းတာနဲ့ ဘာဆိုင်လို့လဲ။
ငါ ရူးတော့မလိုပါပဲ။
ငါ မျက်လုံးပိတ်လိုက်ပြီး မတ်တပ်ရပ်လိုက်ရင်း ပြောလိုက်တယ်။
“ကျွန်တော် ရေသွားချိုးတော့မယ်”
~~~