42 : မင်းကံကောင်းလိုက်တာ
ချူရှောင်ကိုယ်တိုင်လည်း မကြာသေးခင်က ဖန်မင်ကို အာရုံစိုက်မိတာ
များလွန်းတယ်ဆိုတာ သိသည်။
ပထမတော့ သူက ဖန်မင်ကို ရှာတွေ့ပြီး မသတ်ခင်မှာ ရှယ်ယာဈေးကွက်ထဲမှာ
အနိုင်ယူချင်ရုံသာ ဖြစ်သည်။
ဒါပေမဲ့ ဖန်မင်ဟာ ပါရမီရှင်တစ်ယောက်ဆိုတာ သူ ဝန်ခံရမည်။
သူ ရှယ်ယာဈေးနှုန်းကို ဘယ်နှစ်ကြိမ်ပဲ နှိမ့်ချခဲ့ပါစေ၊
ဖန်မင်က တခြားကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာတွေကို ဝယ်ယူခြင်း (သို့) ရောင်းချခြင်းဖြင့် သူ့ငွေတွေကို
ပြန်ရအောင် လုပ်နိုင်ခဲ့သည်။ တစ်ခါတုန်းက ဖန်မင်က ၅၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ထားတဲ့
ကုမ္ပဏီတစ်ခုကို သူ ဒေဝါလီခံလိုက်နိုင်ခဲ့ပေမဲ့ နောက်တစ်နေ့မှာ ဖန်မင်က ဈေးနှုန်းနိမ့်နိမ့်နဲ့
မူပိုင်ခွင့်တွေကို ရောင်းချပြီး ပြင်းထန်တဲ့ တန်ပြန်ထိုးစစ်ကို ဆင်နွှဲခဲ့သည်။
ဘယ်သူမှ သူ့ဆန္ဒကို ဆန့်ကျင်ရဲခဲ့တာ မဟုတ်။ ဘယ်သူမှ
သူ့နဲ့ ပြိုင်ဆိုင်ပြီး အပြေးတိုက်ပွဲကို မတိုက်ရဲခဲ့…
သို့သော် ဖန်မင်က လုပ်ခဲ့သည်။
ချူရှောင်ရဲ့ အမြင်မှာတော့ ဖန်မင်ဟာ တကယ့်ကို မိုက်ရိုင်းတဲ့ကောင်ပဲ။
ဖန်မင်ဟာ သေဖို့လမ်း ရှာနေတယ်လို့ သူ ထင်သည်။
ဖန်မင်အကြောင်း တွေးမိတော့ ချူရှောင်ရဲ့ မျက်ခုံးတွေ
ရှုံ့သွားသည်။
တကယ်တော့... ဖန်မင်ကို ရှာမတွေ့သေးပေမဲ့ ချူရှောင်က
ဖန်မင်နဲ့ ပတ်သက်တဲ့ အရာအားလုံးကို အင်တာနက်ကနေ ဖျက်ပစ်နိုင်တယ်လို့ ယုံကြည်ခဲ့သည်။
သို့သော် ဘာအကြောင်းပြချက်မှ မသိရဘဲ သူ အဲဒီလို မလုပ်ခဲ့ပေ။
ဒါ့အစား သူဟာ နေ့တိုင်း နည်းမျိုးစုံနဲ့ ဖန်မင်နဲ့
ယှဉ်ပြိုင်ရတာကို စွဲလမ်းလာခဲ့သည်။
ဒါဟာ ပြိုင်ဆိုင်မှုတစ်ခု ဖြစ်သည်။
ဘယ်အချိန်ကစပြီး သူက ဖန်မင်ကို သူ့ရဲ့ ပြိုင်ဘက်အဖြစ်
သဘောထားခဲ့လဲဆိုတာ သူ မသိတော့။
ဖန်မင်က အရည်အချင်းရှိသလို စိတ်ရှည်သည်းခံနိုင်သူလည်း
ဖြစ်သည်။ ချူရှောင်က သူ့ကို ပြိုင်ဘက်တစ်ယောက်လို ဆက်ဆံတာ အံ့ဩစရာ မဟုတ်ပေ။
အကယ်၍ ဖန်မင်သာ ဘားမှာ သူ့ကို အဲဒီလို မလုပ်ခဲ့ရင်…
ချူရှောင်ရဲ့ မျက်နှာမှာ စိတ်မပါ့တပါး အမူအရာမျိုး
ပေါ်နေသည်။ ဘားမှာ ဖြစ်ခဲ့တဲ့အရာတွေကို သူ ပြန်မှတ်မိနေသည်။
'ဖန်မင် အဲဒီနေ့က အခန်းထဲကို လျှောက်လာတုန်းက တော်တော်လေး
အသာစီးရထားပုံပဲ’
အဲဒီအခန်းက သူ့အခန်းလို့ ဆိုလိုတာလား?
အကယ်၍ အဲဒီလိုဆိုရင် သူ ဘာမှားတာမှ လုပ်ခဲ့တာ မဟုတ်ဘူး။
ဒါပေမဲ့ သူ ဘယ်လိုလုပ်ပြီး ငါ့ကို အဲဒီလို လုပ်ရဲတာလဲ?
သူ သေသင့်တယ်!
Damnit! သူ ငါ့ကို ယောက်ျားပြည့်တန်ဆာတစ်ယောက်လို့
ထင်နေတာလား?
အဲဒီအတွေးကြောင့် ချူရှောင် အသက်ရှူမဝဖြစ်သွားပြီး
သူ့မျက်နှာဟာ ဒေါသကြောင့် ချက်ချင်း မှောင်မည်းသွားသည်။
လင်ထျန်းချန်က ချူရှောင်ရဲ့ အာရုံကို ဖမ်းစားဖို့အတွက်
ခပ်တိုးတိုး ချောင်းဟန့်ပြီး "သူဌေး... သူ သူ့ရှယ်ယာတွေ ရောင်းနေတယ်"
'သူဌေးက အရင်ကဆိုရင် ဘယ်လောက်ပဲ ခံစားချက်ပြင်းထန်နေပါစေ
မျက်နှာကို တည်တည်ငြိမ်ငြိမ် ထားတတ်တာပဲ ဒါပေမဲ့ ဖန်မင် ပေါ်လာပြီးကတည်းက သူဌေးရဲ့
ပြင်းထန်တဲ့ စိတ်အပြောင်းအလဲတွေကို ခံစားနေရတယ်' လို့ လင်ထျန်းချန်က သူ့ဘာသာသူ တွေးနေသည်။
ဒီစကားကို ကြားတော့ ချူရှောင်က သူ့အတွေးတွေကို ချက်ချင်း
ဖယ်ထုတ်ပြီး မျက်နှာပြင်ပေါ်ကို အာရုံစိုက်လိုက်သည်။
"သူ သူ့ရှယ်ယာတွေရဲ့ တစ်ဝက်ကို ရောင်းလိုက်ပြီလား?"
နောက်ဆုံးပေါ် အချက်အလက်တွေက မျက်နှာပြင်ပေါ်မှာ
ပေါ်လာသည်။ ချူရှောင် မျက်ခုံးပင့်လိုက်သည်။
ဖန်မင်ရဲ့ ရှယ်ယာဈေးနှုန်းတွေ တက်နေပေမဲ့ သူက သူ့ရှယ်ယာတွေရဲ့
တစ်ဝက်ကို ရောင်းလိုက်တာကို ဆိုလိုတာက သူ အမြတ်ရဖို့ အခက်အခဲတွေ့နေလို့ ဖြစ်နိုင်တယ်။
သူဟာ စက်မှုလုပ်ငန်းရဲ့ ကျွမ်းကျင်သူတစ်ယောက်ပဲ။
အဲဒီလို ဆုံးဖြတ်ချက်မျိုး ချဖို့ သူ့မှာ ဘာအကြောင်းပြချက်မှ မရှိဘူး... သူ လုပ်ချင်လို့
မဟုတ်ရင်ပေါ့။
"ဒါက သူ အရှုံးပေးတဲ့ အလံဖြူကို ပြလိုက်တာလို့
ဆိုလိုတာလား"
လင်ထျန်းချန်က "ဟုတ်တယ်လို့ ကျွန်တော် ထင်တယ်"
သူဌေးနဲ့ ဖန်မင်တို့ အွန်လိုင်းမှာ အကြိမ်ပေါင်းများစွာ
ယှဉ်ပြိုင်ခဲ့ကြပြီးပြီ။ သူတို့က ဖန်မင်ကို အနီးကပ် စောင့်ကြည့်နေကြတယ်။ တစ်ဖက်မှာလည်း
ဖန်မင်က သူတို့ကို ပစ်မှတ်ထားနေတယ်ဆိုတာ သိလောက်တယ်။
ဖန်မင် လုပ်ခဲ့တာဟာ လက်နက်ချတဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်တယ်။
"ဒါဆို သူဌေး ဘာဆက်လုပ်မှာလဲ အကယ်၍ သူတို့က
အပူတပြင်း လိုက်နေတုန်းမှာ အနိုင်ရခဲ့ရင် ဖန်မင်ကို ကြီးမားတဲ့ ငွေကြေးဆုံးရှုံးမှုတွေ
ဖြစ်ပေါ်စေနိုင်တယ်"
"ခင်ဗျားတို့ ဟွာရှာ ဘူမိဗေဒ စစ်တမ်းကုမ္ပဏီမှာ
ကျွန်တော်တို့ ပိုင်တဲ့ ရှယ်ယာတွေကို ရောင်းပြီးပြီလား"
"ဟင့်အင်း မရောင်းရသေးဘူး"
"အခုတော့ ရောင်းစရာ မလိုတော့ဘူး"
ချူရှောင်က မျက်နှာပြင်ကို စိုက်ကြည့်ပြီး ပြုံးလိုက်သည်။
"ဒီနေ့ မင်းကို လွှတ်ပေးဖို့ ငါ ဆုံးဖြတ်လိုက်ပြီ
မင်းကံကောင်းလိုက်တာ”