Ch 19
Viewers 11k


Chapter 19

@telegraph • May 7 at 12:41 PM

Chapter 19




ဘားက ကျယ်လွန်းသည်။အရင်ဘဝမှာတုန်းက စိတ်ကြွဆေးထကြွလာတဲ့အတွက် နီးစပ်ရာ အခန်းတစ်ခန်းထဲကို ချူရှောက်ဝင်ရောက်ခဲ့သည်။ အခန်းက ကြုံရာကျပန်းဖြစ်သည်။ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ မိုးသောက်ချိန်ဖြစ်တဲ့အတွက် ဘားမှာ လူအများကြီးရှိမနေပေ။




ပုံမှန်လာရောက်နေကျဧည့်သည်တစ်ချို့ပဲရှိသည်။ ထို့ကြောင့်လည်းလောင်လိ့က ချူရှောက်ကိုတွေ့ဖို့ အချိန်အကြာကြီးမရှာခဲ့ရပေ။ပြီးတော့ ဘာဆက်ဖြစ်လဲ.....




လင်းဖန်ခန့်မှန်းချက်အရ အလှလေးက သူ့ကို ကယ်ခဲ့တဲ့ hero နဲ့ sex လုပ်ဖို့သဘောခဲ့တာပဲဖြစ်မည်။ အစတုန်းက လောင်လိ့နဲ့ချူရှောက်တို့ ဘားမှာဖြစ်ခဲ့ကြတဲ့ကိစ္စကို ဘယ်သူမှမသိကြပေ။ဒါပေမယ့် နောက်ပိုင်းကျ လောင်လိ့က တရားဝင်သားကိုအနိုင်ယူကာ လန်ကလန်ကိုထိန်းချုပ်နိုင်သွားပြီး အဆင့်အတန်းမြင့်သွားသည်။




ထိုအခါ သူ့ပြိုင်ဘက်က barman ဆီကနေ 


သတင်းဝယ်ကာ ချူရှောက်နဲ့လောင်လိ့ကြားက ကိစ္စကို ဖော်ထုတ်ခဲ့သည်။ဒီသတင်းက 


တော်တော်လေးနာမည်ကြီးခဲ့သည်။




ချူရှောက်က ဒီသတင်းပြန့်နှံတာကိုချက်ချင်း တားခဲ့ကာ အရေးယူဆောင်ရွက်ခဲ့သည်။လောင်လိ့နဲ့ချူရှောက်က ပထမဆုံးအကြိမ် sex လုပ်ပြီးပြီးချင်း ချိုမြိန်တဲ့ဆက်ဆံရေးကို မထူထောင်ရသေးပေမယ့် သူတို့ရဲ့အချစ်တွေကတော့ အစပျိုးနေ ကြပြီဖြစ်သည်။အကယ်၍သူတို့သာ ဒီsex ကိစ္စမရှိခဲ့ရင် ချူရှောက်က လောင်လိ့ကိုကြိုက်သွားမှာမဟုတ်သလို ကျန်တဲ့ကိစ္စတွေလည်း ဖြစ်လာခဲ့မှာမဟုတ်ပေ။




အစတုန်းကတော့ လင်းဖန်ကသူတို့ရဲ့ဆက်ဆံရေးကို တားဆီးချင်ရုံဖြစ်သည်။ဒါပေမယ့် ချူရှောက်ကို ကာစီနိုအပြင်ဘက်မှာတွေ့လိုက်ရတဲ့အချိန် သူ့ခေါင်းထဲကိုရုတ်တရက်ထူးဆန်းသည့် အကြံတစ်ခုရောက်လာသည်။ချူရှောက်က အင်အားကြီးကြီး၊ အဆင့်အတန်းမြင့်မြင့်နဲ့ လွှမ်းမိုးချယ်လှယ်လိုတဲ့ အရှိန်အဝါအပြည့်ရှိတဲ့ သူတစ်ယောက်ဖြစ်သည်။




ထို့ကြောင့် လင်းဖန်ကချူရှောက်စိတ်ကြွနေတဲ့အခါ ဘယ်လိုအသွင်အပြင်မျိုးလုပ်မလဲဆိုတာ မြင်ချင်သည်။ ပြည့်တန်ဆာတစ်ယောက်လို နှိမ့်ချပြီးညည်းညူနေ နိုင်သည်။လင်းဖန် အခန်း 1707 ရှေ့ကိုရောက်လာသည်။အခန်းတံခါးက lock မချထားတဲ့အတွက် အခန်းထဲက ညည်းညူသံကိုကြားနေရသည်။ ထိုအသံက တိုးတိုးလေးဖြစ်နေတာကြောင့် သဲသဲကွဲကွဲတော့မကြားရပေ။




အကြောင်းအရင်းမရှိတဲ့ကိစ္စတစ်ချို့ကြောင့် ချူရှောက်ရဲ့ညည်းညူသံက လင်းဖန်နှလုံးသားကို ကလိလိဖြစ်စေသည်။သူတံခါးကို တွန်းဖွင့်ကာ အထဲသို့ဝင်လာရင်း တံခါးကိုလည်း lock ချလိုက်သည်။ သူ့လှုပ်ရှားမှုတွေက မြန်ဆန်ကာချောမွေ့သည်။




"ဘယ်သူလဲ"




ချူရှောက် ကစိတ်ကြွဆေးဒဏ်ကြောင့် မသက်မသာဖြစ်နေပေမယ့်သူ့မှာ သတိအပြည့်ရှိသေးသည်။




"မင်းကငါ့ကိုမေးခွန်းထုတ်ပိုင်ခွင့်ရှိလို့လား... မင်းကဘယ်သူမို့လို့လဲ"




လင်းဖန်က ပြုံးလိုက်သည်။အခန်းထဲမှာ နည်းနည်းမှောင်နေပေမယ့် အလိုရမ္မက်ကြောင့် စိတ်အားထက်သန်နေတဲ့ ချူရှောက်ရဲ့ခန္ဓာကိုယ်ကို တွေ့လိုက်ရသည်။




'ကြည့်ရတာ ဆေးကကောင်းကောင်းအလုပ်လုပ်ပုံပဲ' သူတွေးလိုက်မိသည်။




"ဒီကနေထွက်သွားစမ်း!"




ချူရှောက် အော်ထုတ်လိုက်သည်။သူ့မျက်လုံးတွေက လူသတ်ချင်စိတ်အပြည့်ဖြင့် ကြည့်နေသည်။ သူ ဝိုင်ကိုသောက်လိုက်ပြီးကတည်းက တစ်ခုခုမှား နေကြောင်း သတိပြုမိသည်။ဒါပေမယ့် သူ့ ကိုယ်ပိုင်အခန်းထဲကို ပြန်ဖို့က နောက်ကျသွားပြီ။




သူ့ကိုထိတဲ့ဘယ်သူ့ကိုမဆို သတ်ပစ်မည်ဟု


သူကျိန်ဆိုသည်။လင်းဖန်က ချူရှောက်မျက်ဝန်းတွေထဲက လူသတ်ချင်စိတ်ကိုမြင်သည်။ဒါပေမယ့် ထောင်ထဲမှာလူသတ်သမားတွေနဲ့အတူ ဆယ်နှစ်ကြာ ကုန်ဆုံးခဲ့တဲ့သူ့အတွက်ကတော့ ကြောက်ရွံခြင်းမရှိဘဲ တည်ငြိမ်နေသည်။




"ဒီကနေထွက်သွားရမယ်။ဟမ့်!မင်းကဘယ်သူမို့လို့ ငါ့ကိုထွက်သွားခိုင်းနေရတာလဲ"




ထိုစကားပြောရင်း လင်းဖန်ကဆိုဖာပေါ်မှာ 


လှဲနေသော ချူရှောက်နားသို့ရောက်လာသည်။ ချူရှောက်ကလည်း လင်းဖန်အနားကပ်လာတဲ့အတွက် တောင့်သွားသည်။ဒါပေမယ့် သူကစိတ်ကြွဆေးဒဏ်ကြောင့် အားမရှိသလိုဖြစ်နေကာ လှုပ်ရှားလို့မရပေ။ဒီလိုမှမဟုတ်ရင် ရိုင်းစိုင်းတဲ့ကောင်စုတ်လေးကိုပစ်သတ်မိလိမ့်မည်။




'သေစမ်း!ဘယ်လိုဆေးမျိုးကို ဝိုင်ထဲထည့်ထားရတာတုန်း!'




"ကြည့်ရတာ အကူအညီလိုနေတယ်ထင်တယ်။ နိုင်ငံသားကောင်းတစ်ယောက်အနေနဲ့ ငါကူညီပေးနိုင်ပါတယ်"




"မသေချင်ရင် ထွက်သွားစမ်း!"




လင်းဖန်အတွက် 'သေတယ်' ဆိုတဲ့စကားလုံးက တားမြစ်ထားတဲ့အရာဖြစ်သည်။ထိုစကားကြားပြီး လင်းဖန်မျက်နှာ ချက်ချင်းပြောင်းလဲသွားသည်။ သူက အံကြိတ်ကာပြောလိုက်သည်။




"ဟမ့်!ငါသေသင့်တယ် ၊ ရှင်သင့်တယ် ဆိုတာကို ဆုံးဖြတ်ရအောင် မင်းကိုမင်းဘယ်သူထင်နေလဲ"




လင်းဖန်က ချူရှောက်မေးစေ့ကိုညစ်ကာ ကြည့်လိုက်သည်။ဒါပေမယ့် လင်းဖန်မမျှော်လင့်ထားတာကချူရှောက်ရဲ့ပြိုင်ဘက်ကင်းအလှတရားကြားထဲ သူနစ်မြုပ်သွားမယ်ဆိုတာကိုပေါ့။




__




48 views • Wrong layout?