Ch 19
Viewers 4k

🧶 Chapter 19

 

 

 

ရှန်ချူးချူးတစ်ယောက် ထိုစကားကြားလိုက်ရချိန်မှာတော့ ရုတ်တရက်ဆိုသလိုလန့်သွားရသည်။ နှာတစ်ချက်ရှုံ့ရင်း ကမန်းကတန်းကိုယ်ကိုလှည့်ကာ အသံလာရာသို့ကြည့်လိုက်သည်။ ထို့ပြင်အခန်းထဲ သူ့အပြင်တခြားတစ်ယောက်ရှိနေလိမ့်မည်ဟု သူ   မထင်ထားခဲ့ပေ။

 

ထိုင်ခုံပေါ် ခပ်ချောချောလူတစ်ယောက်ထိုင်နေကာမျက်မှောင်များကြုတ်နေခဲ့သည်။ သူ့ပါးများ မဆို သလောက်ရဲနေပြီး ကြည့်ရသည်မှာ အနည်းငယ်စိတ်မရှည်ဖြစ်နေပုံရသည်။ ရံဖန်ရံခါဆိုသလို သူ့မျက်ခုံးများ လက်နှင့်နှိပ်နယ်နေသေးသည်။ ထိုစိတ် ရှုပ်နေပုံရည့်မျက်နှာပေးနှင့်ပင် အတော်လေးကြည့်ကောင်းသည်ဟုဆိုရမည်။

 

''ရှင်...ရှင် ဘယ်သူလဲ ? ဘာလို့ ဒီမှာရှိနေတာလဲ ? ''  

 

ရှန်ချူးချူးတစ်ယောက် ထိတ်လန့်နေသော်ငြား ကမန်းကတန်းမေးလိုက်သည်။

 

ဟန်ရှင်းယန် တစ်ယောက်ထိုစကားကြားလိုက်ရချိန်  လှုပ်ရှား‌နေသည့် သူ့လက်များရပ်တန့်သွားပြီး သူမကိုမယုံကြည်နိုင်စွာကြည့်လိုက်မိသည်။ သူ တကယ်ပဲ သူ့ကိုမေ့သွားတာများလား !! မနေ့ညက သူပဲ အဲ့ ဒီလောက်တတ်ကြွနေပြီးတော့များ !.....

 

သို့သော် မျက်ရည်စတွေစွန်းထင်းနေပြီး လှပသော ရှန်ချူးချူး၏မျက်နှာရဲရဲလေးကို ကြည့်ပြီး‌တစ်ခဏအတွင်း သူ့နှလုံးသားနူးညံသွားရသည်။ နူးညံ့မှုနဲ့အတူ သူ့အသံသည် ခါတိုင်းထက်ငြင်သာလို့နေ သည်။ 

 

''ကိုယ်က ဟန်ရှီးယန်... ဒါက ကိုယ့် အခန်း''

 

ရှန်ချူးချူး မျက်လုံးအနည်းငယ် ပြူးကျယ်သွားပြီး သူမ ရှေ့ကယောကျာ်းကိုစိုက်ကြည့်နေမိသည်။

 

''ဒါ ရှင့်အခန်းလား? ဒါဆို အမှုဆောင်ချန်ကရော ? ''

 

ရှန်ချူးချူးတစ်ယောက် ထိုနာမည်ကိုပြောမိတဲ့အချိန်မှာပင် မျက်မှောင်အလိုလိုကြုံ့မိပြီး စိတ်ထဲမသက်မသာခံစားလိုက်ရသည်။

 

''မဟုတ်သေးပါဘူး... မနေ့ညက တစ်ကယ်ပဲ ဘာတွေဖြစ်ခဲ့တာပါလိမ့် ''....!!

 

ရှန်ချူးချူးတစ်ယောက် ပြီးခဲ့တဲ့ညက ဖြစ်ခဲ့တာတွေနဲ့ပက်သက်ပြီး မှတ်ဥာဏ်တစ်စွန်းတစ်စမျှ ရှိမနေခဲ့ပေ။ သူ ခပ်ရေးရေးမှတ်မိသည်မှာ အမှုဆောင်ချန် သူမအား အခန်းထဲမှတွဲထုတ်လာပြီးနောက် စင်္ကြန်လမ်းမှာ လူတစ်ယောက်နှင့်ဆုံခဲ့သော်လည်း ထိုလူ သူမအားကယ်ဆယ်ခဲ့ပုံမပေါ်ပေ။ ထို့နောက်သူမ ဘာမှမမှတ်မိတော့ချေ။ သူ စဥ်းစားရသလောက်စဥ်းစားရင်း ပုံဖော်မိလိုက်သည်။ သူမ ဓာတ်လှေခါးထဲဝင်ခဲ့တယ်၊ လူတစ်ယောက်ကကသူမ ကို သယ်ခဲ့တယ်။ ပြီးတော့ အပြင်က သည်းသည်းမဲမဲရွာနဲတဲ့ မိုးကြောင့် တစ်ကိုယ်လုံး မိုးရေတွေရွှဲကုန်တယ်

 

ရှန်ချူးချူး သူ့မျက်နှာကိုကြည့်လိုက်သည်။ နေပါဦး...သည်လူက သူ စင်္ကြန်လမ်းမှာတွေ့ခဲ့ သူနဲ့တူသလိုပဲ...

 

ဟန်ရှင်းယန်တစ်ယောက် á€žá€€á€şá€•ဟင်းဥသဏခဝရင်း မေးလိုက်သည်။ "မင်း ဘာတွေမှတ်မိသေးလဲ ?"

 

သူ နောက်ဆုံးမှတ်မိလိုက်တဲ့ပုံရိပ်က သူထွက်သွားခဲ့တာမဟုတ်ဘူးလား ? ဒါပေမယ့် အဆုံးသတ်မှာ သူ ကယ်ခဲ့တယ်တဲ့လား ? ရှန်ချူးချူးတစ်ယောက် ခေါင်းတွေရှုပ်ကာ လူက မူးနောက်နောက်ဖြစ်လာ တော့သည်။

 

"ဒါဆို ရှင် ကျမကို ကယ်ခဲ့တာပေါ့လေ ?" ရှန်ချူးချူး သိချင်ဇောနှင့်မေးလိုက်သည်။

 

 

ဟန်ရှင်းယန် စိတ်ထဲ မကြည်မလင်ဖြစ်သလိုခံစားလိုက်ရသည်။ ပြန်မဖြေခင် သေချာစဥ်းစားရင်း ပြောလိုက်သည်။

 

 

"အင်း၊ မင်း အမှုဆောင်ချန်နဲ့ ဓာတ်လှေခါးက မထွက်ခင် ကိုယ် မင်းကိုကယ်လိုက်တာ"

 

 

"အဲ့တော့ ရှင် ကျမကိုကယ်ခဲ့တာပေါ့.. ပြီးတော့ ရှင်ဘာလို့ ကျမကို ဒီတိုင်းမထားခဲ့တာလဲ ?"

 

 

ရှန်ချူးချူး မည်သို့ပင်ကြိုစားပါစေ နောက်ဆုံး စိတ်မထိန်းနိုင်ပဲ မေးလိုက်တော့သည်။ တကယ်ဆို ခုလိုမျိုး အစဆွဲထုတ်မမေးသင့်ဘဲ ကျေးဇူးတင်နေသင့်တာကို သိနေပေမယ့်လို့ပေါ့..

 

''ဟုတ်တယ် ကိုယ် မင်းကိုကယ်ခဲ့တယ် ပြီးတော့ ဒီတိုင်းမထားခဲ့ဘူး''

 

 

ဟန်ရှင်းယန်တစ်ယောက် ရှန်ချူးချူး၏အမေးကို စက်ရုပ်ကဲ့သို့ အေးစက်စက်ပြန်ဖြေခဲ့သည်။

 

"ဒါနဲ့ ရှင်ဘာလို့ ကျမကိုကယ်ပြီး ဒီအတိုင်းမထားခဲ့ရတာလဲ ? ပြီးတော့ ဘာတွေဆက်ဖြစ်ကြသေးလဲဟင် ?"

 

ဟန်ရှင်းယန် မျက်ခုံးနှစ်ခုကြား á€á€•်တင်းတင်းဖိရင်း အနှီမျက်နှာရဲရဲလေးအား တစ်ချက်ကြည့်လိုက်သည်။ ရှန်ချူးချူးအားကြည့်ရသည်မှာ သူမစိတ်များရှင်းလင်းပုံမရသေမှန်းသိသာနေသည်။

 

 

''ရှန်ချူးချူး အခု မင်းစိတ်တွေ ကြည်လင်နေရဲ့လား ? အခု ကိုယ်ပြောနေတာကိုရော မင်း နားလည်ရဲ့လား ?''

 

ရှန်ချူးချူး ခဏလောက်ကြက်သေသေသွားသော် လည်း ခေါင်းငြိမ့်ပြလိုက်သည်။

 

"ဒါပေါ့ ကျမ နားလည်ပါတယ် ကျမ ခေါင်းထဲမှာ ဆေးရဲ့ဘေးထွက်ဆိုးကျိုး တစ်ချို့ရှိနိုင်သေးပေ   မယ့်လည်း ကျမ သတိကောင်းကောင်းရှိပါတယ်"

 

ဟန်ရှင်းယန် ထိုစကားကြားပြီးနောက် သူမအား အမှန်ပြင်ပေးမနေတော့ပဲ ရှင်းပြလိုက်သည်။

 

 

"ကောင်းပြီ....မနေ့ကဖြစ်ခဲ့တာကို ကိုယ် ပြောပြမယ်..ကိုယ် ဓာတ်လှေခါးကထွက်လာတော့ မင်းကို အမှုဆောင်ချန် တွဲထားတာတွေ့လိုက်ရတယ်.... ပြီးတော့ ကိုယ် မင်းကိုခေါ်ပြီးဓာတ်လှေခါးထဲကနေ ဒီထိသယ်လာခဲ့တာပဲ....နောက်တော့....."

 

ထို့နောက်ဖြစ်ပျက်ခဲ့သည်များကို တွေးမိပြီး‌နောက် သူ ခေတ္တမျှနှုတ်ဆိတ်သွားရသည်။ နောက်ဆုံး သူ့ မသိစိတ်မှ ဖုံးကွယ်ပြောလိုက်မိသည်။

 

''မင်း ဆေးခတ်ခံထားရတာကိုတွေ့လို့ ကိုယ် မင်းကို ရေချိုးခန်းထဲခေါ်ပြီး ရေအေးနဲ့ဖျန်းပေးခဲ့တာ မင်းငြိမ်သွားတော့မှ အမျိုးသမီးဝန်ထမ်းတစ်ယောက် ခေါ်ပြီးအဝတ်ကူလဲခိုင်းလိုက်တာ အဲ့ဒါပဲ"

 

 

 

 

ရှန်ချူးချူးတစ်ယောက် ဟန်ရှင်းယန် သူ့အားတစ် ခုခုဖုံးကွယ်ထားသည်ဟု ခံစားမိပေသော်လည်း ဂရုစိုက်မနေတော့ချေ။ á€Ąá€™á€žá€Żá€†á€ąá€Źá€„်ခဝန်ထလမသဖဝက်ဆဎးခဟင်းမခလရတဏသည်နသငအ်တင် သူမ ဘဝတော်တော်လေးကောင်းနေပြီဖြစ်သည်။ ယခု သူ မူးနောက်နောက်ဖြစ်နေသေးသော်လည်း သူမ ရှေ့မှလူအားတကယ်ကျေးဇူးတင်မိသည်။

 

သူ့ မျက်နှာထက်အပြုံးတစ်စတွဲခိုရင်း ဟန်ရှင်းယန်ကိုကြည့်ကာပြောလိုက်သည်။

 

 

''ကျေးဇူးတင်ပါတယ်''

 

 

ဟန်ရှင်းယန်တစ်ယောက် သူမရဲ့အပြုံးကိုမြင်လိုက်တဲ့တခဏမှာတင် နောက်ကျိနေသည့်ခေါင်းများကြည်လင်လာသလို ခံစားချက်လည်းပိုကောင်းလာခဲ့သည်။

 

 

"ကိစ္စမရှိဘူး"

 

 

သူ့ခံစားချက်ပိုကောင်းလာသော်လည်း ဟန်ရှင်းယန်၏မျက်နှာထက် မည်သည့်ခံစားချက်မှမပြဘဲ ခပ်တင်းတင်းပြောလာသည်။

 

"ဒါပေမယ့် ကြည့်ရတာ ဆေးအရှိန်ကြောင့်တော့မဖြစ်နိုင်ဘူး...အဖျားရှိနေတာပဲဖြစ်မယ်....စိတ်မရှိပါနဲ့...ကိုယ် မင်းကိုရေလောင်းလိုက်တာ အရမ်းကြာသွားတဲ့ပုံပဲ..."

 

ရှန်ချူးချူး တကယ် စိတ်မရှိချေ။ သူမ အမှုဆောင်ချန်ထံမှ ဖျက်ဆီးခြင်းမခံရသဖြင့် ကျန်တာအားလုံး အရေးမပါပေ။ သူ ဟန်ရှင်းရန်ခေါင်းပေါ်က ပန်းရောင်းအသဲပုံလေးကိုကြည့်ပြီး မိန်းမောစွာပြောလိုက်သည်။

 

 

"ကျမ ရှင့်ဇနီးလောင်းဘယ်သူလဲဆိုတာ သိနိုင်တယ်...ရှင် သိချင်လား...ဒီလိုနည်းနဲ့ ရှင့်ကို ကျမ ကျေးဇူးပြန်ဆပ်လို့ရတာပေါ့..."

 

 

ဟန်ရှင်းယန်လျှောက်လာကာ ရှန်ချူးချူးအားခေါင်းအုံးပေါ်လှဲခိုင်းလိုက်ပြီး စောင်ခြုံပေးရင်းပြောလာသည်။

 

"မလိုပါဘူး...မင်း လှဲနေလိုက်...ကိုယ် ဆရာ၀န်ခေါ်လိုက်မယ်"

 

ရှန်ချူးချူး ဟန်ရှင်းယန်လက်ကိုလှမ်း‌ဆွဲရင်း

 

 

"ရှင် တစ်ကယ်မသိချင်ဘူးလား.... လူတော်တော်များများဆို သိချင်နေကြတာကို.... " ဟုပြောလိုက်သည်။

 

ဟန်ရှင်းယန်ကတော့ ပြတ်သားစွာပင် " ဟင့်အင်း"

 

ရှန်ချူးချူး အနည်းငယ် စိတ်ပျက်သွားကာပြန်ပြောလိုက်သည်။

 

 

"အိုကေလေ ရှင် မသိချင်တော့လည်း....ဒါနဲ့ ကြည့်ရတာ ကျမ တကယ်အဖျားရှိနေတာထင်တယ်... ကျမအထင် ရှင် လည်းဖျားနေတယ်...ဆရာ၀န်လာရင် ဆေးနှစ်စုံစာယူလာခိုင်းလိုက်တာ ကောင်းလိမ့်မယ်...အိုး... ပြီးတော့ ကျမ အဖျားမြန်မြန်ပျောက်ဖို့ IV လိုလိမ့်မယ်... သောက်ဆေးတွေက သိပ်ထိရောက်မှာမဟုတ်ဘူး... "

 

TL-note: Intravenous therapy (IV) ဆိုတာ သွေးကြောထဲတိုက်ရိုက်သွင်းရတဲ့ဆေးရည်ဖြစ်ပြီး ပုံမှန်အားဖြင့် ပိုက်နှင့်ဆေးသွင်းခြင်းပင်။

 

ဟန်ရှင်းယန် တုံ့ကနဲဖြစ်ပြီးနောက် တုန့်ပြန်လိုက်သည်။

 

"အိုး..အိုကေလေ"

 

အတွင်းရေးမှူး၀မ်နှင့် ဆရာ၀န် အမြန်ရောက်လာခဲ့သည်။ ရှန်ချူးချူးသည် အဖျား 39.5°C ရှိနေပြီး ဟန်ရှင်းယန်ကတော့ 39.7°C တောင်ရှိနေခဲ့သည်။ ရလဒ်အနေနှင့် နှစ်ယောက်စလုံး IV ချိတ်လိုက်ရသည်။ သူတို့ မလိုလားရင်တောင်မှပေါ့...

 

 

ဆရာ၀န်သည် ဆေးနှစ်စုံဖောက်ကာပြင်ဆင်ရင်း တီးတိုးရေရွတ်နေခဲ့သည်။

 

 

"ဘယ်လိုဖြစ်ပြီး သာမိုမီတာပါလောင်သွားအောင် မလုပ်လိုက်ကြတာလဲ ?"

 

ဆေးသွင်းပြီးခနမှာပင် ရှန်ချူးချူးတစ်ယောက် အိပ်မောကျသွားခဲ့သည်။ ဟန်ရှင်းယန်သည် မူလကအတွင်းအရေးမှူး၀မ်အား ကိစ္စတစ်ချို့ကိုင်တွယ်ရန်ပြောချင်ခဲ့သော်လည်း နည်းနည်းလောက်သာပြောပြီးနောက် သူပါ အိပ်ပျော်သွားတော့သည်။

 

 

 á€Ąá€á€˝á€„်းရ္းမသူး၀မ် ချက်ချင်းဆိုသလိုဧည့်ကြို ကောင်တာကိုဖုန်းဆက်ပြီး လုံး၀အသုံးမပြုရသေးသည့် စောင်အသစ်တစ်ထည်ယူလာဖို့ပြောလိုက်သည်။

 

ထို့နောက် အတွင်းရေးမှူး၀မ်နဲ့ လက်ထောက်ဆရာ ၀န်တို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ၎င်းတို့နှစ်ယောက်ကြား ဘာတွေဖြစ်ခဲ့မှန်း လူတိုင်းသိချင် နေကြသော်လည်း မည်သူမှမမေးရဲတာအမှန်ပင်။

 

ပထမဆေးအိတ်သည် ခပ်မြန်မြန်ကုန်သွားခဲ့ကာ လက်ထောက်ဆရာ၀န်မှ ချက်ချင်းဆေးအိတ်အ သစ်ပြောင်းချိတ်ပေးခဲ့သည်။ သည်လိုနဲ့တတိယဆေးအိတ်ကုန်သွားတော့မှသာ လက်ထောက်ဆရာ ၀န်ခမျာသက်ပြင်းချနိုင်ကာ နှစ်ယောက်စလုံးကို အပ်ဖြုတ်ပေးလိုက်တော့သည်။

 

နောက်ဆုံးတော့မွန်းတည့်ချိန်လောက်မှာ ဟန်ရှင်းယန်နိုးလာခဲ့သည်။ သူ အတွင်းရေးမှူး၀မ်အားစကားတီးတိုးပြောနေခဲ့ပြီးရလဒ်အနေနှင့် ရှန်ချူးချူး မျက်လုံးတွေပွင့်လာတော့သည်။ သိပ်မရှင်း လင်းတာတစ်ခုက သူမ ဘာသာနိုးလာတာလား ? သူတို့ကြောင့်နိုးသွားတာလား ဆိုတာပါပင်...

 

သူမ ပထမဆုံးပြောလ်ုက်တဲ့စကားက။

 

 

"ကျမ ဗိုက်ဆာတယ်... ကျမ ဟော့ပေါ့စားချင်တယ်...ကျမကိုတစ်ပွဲလောက်၀ယ်ပေးကြပါ...ကျမနောက်မှ ပိုက်ဆံပြန်ပေးပါ့မယ်... စိတ်မပူပါနဲ့...ကျမမှာ ပိုက်ဆံရှိပါတယ်"

 

ဟန်ရှင်းယန်နှင့် အတွင်းရေးမှူး၀မ်တို့ သူမအား တပြိုင်တည်းကြည့်လိုက်မိသည်။

 

ဟန်ရှင်းယန်တစ်ယောက် အေးစက်သွားပြီးသဘော မတူစွာဖြင့်ပြောလိုက်သည်။

 

"အခုမှ နေကောင်းခါစကို ဟော့ပေါ့စားဖို့မသင့် တော်ဘူး...ပေါ့ပေါ့ပါးပါးစားတာအကောင်းဆုံးပဲ..."

 

ရှန်ချူးချူးတစ်ယောက် ပြတ်သားစွာပြန်ပြောလိုက်သည်။

 

"ဟင့်အင်း...ကျမ ဟော့ပေါ့ပဲစားမယ် ကျမ တစ်ကယ်အဲ့ဒါစားချင်တာ "

 

ဟန်ရှင်းယန်တစ်ယောက် သူ့မျက်ခုံးတွေကြားနှိပ် နယ်ရင်း ထိုအကြံကိုငြင်းပယ်လိုခဲ့သည်။ သို့သော် ရှန်ချူးချူးကြုံထားရသည့် ခါးသီးစရာကိစ္စများကိုပြန်တွေးမိပြီး စိတ်မသက်မသာဖြစ်စွာသက်ပြင်းချလိုက်သည်။ ထို့နောက် အတွင်းရေးမှူး၀မ်အား

 

"ဟော့ပေါ့ဘဲ စားကြတာပေါ့"

 

 

 

 

အတွင်းရေးမှူး၀မ်တစ်ယောက် အံ့အားသင့်စွာတုံ့ ပြန်လိုက်သည်။

 

 

"သူဌေးကော စားမလို့လား ?"

 

 

ဟန်ရှင်းယန် ခေါင်းငြိမ့်လာပြီး " အင်း"

 

"... အိုး ...ကောင်းပြီ.. ကျွန်တော် ခုပဲ သွားမှာလိုက်မယ်"

 

ချမ်းသာသူများအတွက် အော်ဒါမှာပါက ကြာသည့်အမြန်နှုန်းမှာ တကယ့်ပင်မြန်ဆန်လွန်းလှသည်။ နာရီ၀က်အတွင်းမှာပင် ထမင်းစားခန်းထဲ ဟော့ပေါ့ စားဖို့အဆင်သင့်ဖြစ်နေခဲ့ပြီဖြစ်သည်။ ထိုအချိန်    ရှန်းချူးချူး ကိုယ်လက်သန့်စင်ပြီးထွက်လာခဲ့သည်။

 

ရှန်ချူးချူးတစ်ယောက် နှောင့်နှေးမနေဘဲ ဟန်ရှင်းယန်အား စားပွဲမှာအတူစားဖို့ လှမ်းခေါ်လိုက်သည်။ မျှော်လင့်ထူးသလိုပင် ပူပူစပ်စပ်အရသာသည်စားချင်စိတ်အားမြှင့်တက်စေပြီး ခံစားရကောင်းစေသည်။

 

စားပြီးသည်နဗင့် ရှန်ချူးချူးတစ်ယောက် ဆိုဖာပေါ်ထိုင်ရင်း သူမ ပုံရိပ်ကိုပင်ဂရုစိုက်မနေဘဲလေ ချဉ်တက်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဟန်ရှင်းယောက်သည် သူမ၏အဆိုးဝါးဆုံးပုံစံကိုပင်မြင်ထားပြီးဖြစ်ရာ ဒီထက်ပိုပြီးဂရုစိုက်မနေတော့ချေ။

 

အခန်းတွင်းအပူချိန်ဟည် အကောင်းဆုံးဖြစ်နေပြီး ငြိမ်သက်နေသည်။ ထိုအချိန် ရှန်ချူးချူးပြောလိုက်သည်။

 

 

"အဲဒီနေ့က... ကျမ ကားတိုက်မိမလိုဖြစ်တော့ ကားထဲမှာ ရှင် ရှိနေခဲ့တာလား ?"

 

 

အတွင်းရေးမှူး၀မ်ကိုတွေ့လိုက်သည့်ခဏမှာ သူမခန့်မှန်းမိပြီးသားပင်။

 

". အင်း... အဲဒါကိုယ်ပါ...အဲ့ဒီနေ့က ကိစ္စအတွက်တောင်းပန်ပါတယ်"

 

ဟန်ရှင်းယန် သေချာတောင်းပန်လိုက်သည်။

 

 

"မလိုပါဘူးရှင်...ကျမက ဒီတိုင်းမေးကြည့်တာ... ကျမ အမှားလဲမကင်းဘူး၊ ကျမ စက္ကန့်အနည်းငယ် လောက်နဲ့မစွန့်စားခဲ့သင့်ဘူး..ပိုက်ဆံတစ်သောင်းကို နောက်မှ ကျမ ပြန်ပေးပါ့မယ်"

 

ဟန်ရှင်းယန် ခံစားချက်မဲ့စွာပြန်ပြောခဲ့သည်။

 

 

"ပြန်ပေးဖို့ မလိုဘူး "

 

ရှန်ချူးချူး စိတ်လိုလက်ရလက်ခံလိုက်သည်။

 

 

".အိုး...အိုကေလေ "

 

ကိစ္စတစ်ခုအား သုံးကြိမ်ထက်ပိုပြီးမပြောသင့်ဘူးမဟုတ်ပါလား ? သူမ ဘက်က သုံးကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့သော်လည်း တစ်ဖက်ကမလိုချင်ဘူးဆိုမှတော့မေ့လိုက်ရုံပေါ့။

 

ဟန်ရှင်းယန်တစ်ယောက် ရှန်ချူးချူးက ယခုလို လွယ်လွယ်ကူကူလက်ခံလိုက်တာမျိုးနှင့် နေသားမကျပေ။ သူ ရှန်ချူးချူးတစ်ယောက် စကားဆက်မပြောချင်တော့တာကိုတွေ့သဖြင့် မနေ့ညကကိစ္စကို တွေးမိသွားသည်။ ထို့နောက် သူ မနေနိုင်ဘဲမေးလိုက်မိသည်။

 

 

"မင်း ဒီကိစ္စကို ဘယ်လိုလုပ်မှာလဲ ?"

 

သူဘာဆိုတာကို တိတိကျကျမညွှန်းဆိုခဲ့သော် လည်း ရှန်ချူးချူးတစ်ယောက် ဟန်ရှင်းယန် မနေ့ညကကိစ္စကို ရည်ညွှန်းမှန်းတပ်အပ်သိလိုက်သည်။ ထိုအကြောင်းတွေးမိလိုက်သည်နှင့် သူမပုံစံမှာအနည်းငယ်အေးစက်သွားသည်။

 

 

"တစ်ယေက်မှအလွတ်ပေးမှာမဟုတ်ဘူး...သူတို့တစ်ယောက်ချင်းစီကို ကျမ ပြန်လက်စားချေမှာ"

 

ဟန်ရှင်းယန် ရှန်ချူးချူးအကြောင်းကို စုံစမ်းပြီးနောက်မှာ သူမထံမည်သည့် နောက်ခံမှရှိမနေမှန်း သိထားခဲ့သည်။ သူမ လက်စားချေမည့် အကြောင်းပြောတာကြားရသဖြင့် သူအနည်းငယ်အေးခဲသွားမိသည်။ အတွင်းရေးမှူး၀မ်မှ ဖြစ်ရပ်နှင့်စပ်လျဉ်းပြီး တင်ပြပြီးသားဖြစ်ရာ သက်သေခိုင်လုံသည့် အမှု ဆောင်ချန်မဆိုနှင့် မိန်ကျာ့ Entertainment ၏ နာမည်ကြီးမန်‌နေဂျာအား ရင်ဆိုင်ဖို့ရာ သူမအတွက် လွယ်မည်မထင်။

 

သူသည် ဘယ်တုန်းကမှ ကြင်နာတတ်တဲ့သူတစ်ဦးမဟုတ်ခဲ့ပေ။ သို့သော် မနေ့ညက သူမ ပုံစံနှင့် ယခုလက်ရှိ သူမကိုကြည့်ရင်း ၎င်းတို့ သူမအပေါ်မတရားတာတစ်ချို့လုပ်ထားမှန်းခံစားမိသည်။ ထို့အပြင် ထိုကိစ္စကိုကိုင်တွယ်ဖို့ သူ့အတွက်‌‌တော့အား ထုတ်မှုအနည်းအကျဉ်းသာလိုအပ်သည်။

 

"မင်း အကူအညီလိုရင် ကိုယ့်ကိုပြောလို့ရတယ် "

 

 

အဲဒါကိုကြားတော့ ရှန်ချူးချူး ခေါင်းကိုလှည့်လာပြီး ဟန်ရှင်းယန်အားသေချာစိုက်ကြည့်လိုက်သည်။ တစ်ခဏနေတော့ သူမ ပြောလာသည်။

 

 

"ဒီမနက်က ကျမ ကြားမိတာ ရှင် ကျမကိုတာ၀န်ယူမယ်လို့ ပြောလိုက်သလားလို့...မနေ့ညက ကျမတို့ နှစ်ယောက်ကြားတစ်ခုခုဖြစ်ခဲ့သေးလို့လား ??"