Ch 16
Viewers 4k

🧶 Chapter 16   

 

 

ရှင်းမျန့်နောက်ဆုံးစကားပြောသောအခါ ဝမ်ရှန်ရှန် ၏အမူ အရာမှာပိုအရုပ်ဆိုးလာသည်။ သူမသည် သူ့စကားများကိုမယုံနိုင်ဖြစ်ပြီး သူနှင့်တွေ့ဆုံရန်ပိုမိုကောင်းမွန်အောင် မပြင်ဆင်နိုင်ခဲ့သည့်အတွက် နောင်တရမိသည်။

 

 

လီယွီထောင်၏ကျော်ကြားမှုမြင့်တက်လာမှုကြောင့် သူမ၏ခပ်မိုက်မိုက်မန်‌နေဂျာပုံရိပ် ဆုံးရှုံးသွားခြင်းလည်းဖြစ်နိုင်သည်။

 

 

ယနေ့ ရှင်းမျန့်၏ဆိုးရွားသောအသွင်အပြင်သည် သူမအားဂရုမစိုက်ဘဲ သူ၏ယခင်ရက်စက်တတ်မှုကိုမေ့လျော့သွားစေသည်။

 

 

ထိုအချိန်တွင်၊ အင်အားသည် ရှင်မျန့်၏လက်ထဲသို့ တစ်ဖန်ရောက်ရှိသွားခဲ့သည်။ သူမ၏ရည်ရွယ်ချက် သည် ပြဿနာဖြေရှင်းရန် ရှင်းမျန့်ထံမှအကူအညီရယူဖို့ဖြစ်သောကြောင့် ရှက်စရာကောင်းသောအခေုအနေဖြစ်နေသော်ငြား သူ မထွက်သွားနိုင်‌ချေ။  ရှင်းမျန့် သဘောတူလာအောင်လုပ်ရပေမည်။

 

 

ရှန်းချူးချူးသည် သူ၏စီမံခန့်ခွဲမှုအောက်တွင် ရှိနေဆဲဖြစ်သောကြောင့် သူ မပါဘဲဆုံးဖြတ်ရန်မဖြစ်နိုင်ပေ။ ထို့ပြင်၊ ရှန်းချူးချူးကိုရှာရန် အစပျိုးခဲ့လျှင်ပင်၊ သူမ၏ ကျော်ကြားသောခက်ထန်သောစိတ်မျိုးဖြင့် ရှန်းချူးချူး သူမအားအသိအမှတ်ပြုမည်မဟုတ်သောကြောင့် အလုပ်မဖြစ်ပေ။ ထို့ ကြောင့် ရှင်းမျန့်မှတဆင့် ဖိအားပေးရုံသာတတ်နိုင် သည်။

 

 

ထိုအခွင့်အရေးသည် လီယွီထောင်အတွက် အရမ်းအရေးကြီးပြီး ဒီအခွင့်အရေးကိုသာလက်လွတ်သွားခဲ့ပါကနောက်ဘယ်အချိန်မှ ပြန်လာ်ရောက်ရှိလာနိုင်မည်ကို သူ မသိခဲ့ချေ။ နောက်ဆုံးတွင်၊ ထိုအခွင့်အ လမ်းကို လမ်းဖွင့်ပေးနိုင်သူမှာ အမှုဆောင်ချန်တစ်ယောက်သာရှိသောကြောင့် သူမ လွယ်လွယ်နှင့် လက်မလျှော့ချင်ခဲ့ပေ။

 

 

သူမစိတ်ထဲတွင် အရာအားလုံးကိုကျော်ဖြတ်ပြီးနောက်မတ်မတ်ထိုင်ကာ "ဟုတ်ပါတယ် မျန့်ကောကိုတောင်းဆိုချင်တာရှိတယ်" ဟု လေးလေးစားစားပြောလာခဲ့သည်။

 

ရှင်းမျန့်သည် ဝမ်ရှန့်ရှန့်၏မှန်ကန်သောအပြုအမူ ကိုအလွန်ကျေနပ်နေသည်။ အခုခေတ် ဖျော်ဖြေရေးနယ်ပယ်သည်အရမ်းရှုပ်ထွေးနေပြီး သက်ကြီးရွယ်အိုတွေကိုဘယ်လိုလေးစားရမလဲဆိုတာ ဘယ်သူမှ မသိကြချေ။ တွမ်၊ ဒစ်ခ် သို့မဟုတ် ဟယ်ရီ တစ်စုံ တစ်ယောက်သောအခွင့်အာဏာရှိသူတိုင်းသည် သူ့အားခြေရာတိုင်းချင်ကြသည်။ သူသာ အာဏာမရှိပါက ထိုလူများ သူ့အားအနိုင်ကျင့်ဖို့ရာ လွယ်သည်ဟုထင်ကြမည်မဟုတ်ပါလား ?

 

 

“မင်းငါ့ကို လာတောင်းဆိုတာများ အစထဲကရှင်း ရှင်းလင်းလင်း‌ပြောပေါ့၊ မဟုတ်ရင် ငါက မင်းကို ဘယ်လိုကူညီရမှာလဲ"

 

ဝမ်ရှန်ရှန်သည် သူမ၏ဒေါသကိုမျိုသိပ်ပြီး အရာအားလုံးကို ရှင်းမျန့်အားပြန်ရှင်းပြလိုက်သည်။

 

ရှင်းမျန့်ကမျက်မှောင်ကြုတ်ပြီးပြန်ပြောလာသည်။

 

"ဒါဆို မင်း ချူချူကိုလိမ်ဖို့စီစဉ်ထားပေမယ့် သူ့အတွက် အခွင့်အရေးကျ မသေချာဘူးပေါ့လေ ?ပြီးတော့ မင်းငါ့ကို အဲ့လုပ်စေချင်နေတာလား။ လူတွေကို စီးပွားရေးအရအရောင်းအ၀ယ်လုပ်လို့ရတဲ့ ပဒေသရာဇ်လူ့အဖွဲ့အစည်းလို့ နင် ထင်နေတာလား ? ရှန်းချူးချူးသည် ငါ့ အုပ်ချုပ်မှုအောက်မှာ ရှိနေပေမယ့် စီးပွားရေးအတွက် သူ့ကိုဘယ်တော့မှ လှည့်စားမှာမဟုတ်ဘူး။ ငါ့ရဲ့ အုပ်ချုပ်မှုအောက်မှာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံပြီး အခွင့်အရေးယူတဲ့အနုပညာရှင်တွေအများကြီးရှိသလို ငါ မိတ်ဆက်ပေးခဲ့ဖူးပေမယ့်ဆိုပေမယ့် အားလုံးကလိုလို လားလားဆန္ဒရှိကညလို့ချည်းပဲ၊ အဲ့လိုကိစ္စတွေကို ဘယ်တော့မှ အတင်းအကြပ်မလုပ်ခဲ့ဘူး”

 

 

 á€›á€žá€„်မဝန်အသည် သူပြောပြီးသွားသောအခါ ကိုယ်ကျင့် တရားကောင်းမွန်သောအသွင်အပြင်ဖြင့် သူ့ကိုယ်သူတန်ဆာဆင်ကာ "လူတွေအနေနှင့် ငါတို့အားလုံးမှာ မထိသင့်တဲ့ နောက်ဆုံးစည်းဆိုတာရှိတယ်"

 

 

ရှင်းမျန့်၏စကားကြောင့် ဝမ်ရှန်းရှန်၏မျက်နှာနီမြန်းလာသည်။ 

 

"မျန့်ကော ဘယ်လိုပြောလိုက်တာလဲ ? ကျွန်မက ဘယ်လိုလုပ် အဲ့လိုလုပ်နိုင်မှာလဲ ? ရှန်းချူးချူးအ တွက် အခွင့်အရေးတစ်ခုရအောင် မိတ်ဆက်ပေးချင်ရုံပါ အမှုဆောင်ချန်ကဖြင့် သူ့ကို သဘောကျပါ့မလားတောင်မသိတဲ့ဟာကို”

 

ရှင်းမျန့်၏လျစ်လျူရှုသောအမူအရာကိုမြင်သော အခါ ဝမ်ရှန်ရှန်မနေနိုင်ဘဲ "မျန့်ကော၊ ရှန်းချူးချူးရှင့်ကို စော်ကားထားတာမဟုတ်ဘူးလား။ ရှင်လက် ရှိကျပ်တည်းနေရတာတွေက ရှန်းချူးချူးကြောင့် မဟုတ်ဘူးလား? ရှင် သူ့ကို နည်းနည်းလေးအပြစ်မပေးချင်ဘူးလား"

 

ထိုစကားကိုကြားသောအခါ ရှင်းမျန့်၏မျက်လုံးများပြောင်းလဲသွားသည်။

 

သူ တစ်ချိန်လုံး ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနေခဲ့သည်။ ဝမ်ရှန်ရှန်ပြောတာမှန်ပြီး ရှန်းချူးချူး သူ့အားစော်ကားခဲ့တာအမှန်ပင်။  သေချာတာပေါ့ သူ့ရဲ့ ပခုံးကုထုံးအတွက် ကလဲ့စားချေဖို့ လုံလောက်သော်လည်း ဒီအခွင့်အရေးက‌နေတဆင့် သူ့ကိုအမှားတွေကနေ သင်ခန်းစာယူခွင့်ပေးဖို့က မဖြစ်နိုင်တာ‌တော့မဟုတ်ဘူး...

 

 

ရှင်းမျန့်သည် ဝမ်ရှန်ရှန်အကြောင်းကောင်းကောင်းနားလည်သည်။ ထိုညစာစားပွဲသို့ အမှုဆောင်ချန်တက်ရောက်မည်မဟုတ်ကြောင်း သူ သိသော်လည်း သူ သဘောတူလိုက်သည်နှင့်တစ်ပြိုင်နက် ဝမ်ရှန့်  ရှန့်တံခါးအပြင် ခြေတစ်လှမ်းချပြီး အမှုဆောင်ချန်ထံ ရှန်းချူးချူးတတ်ရောက်မည်ဖြစ်‌ကြောင်း အသိ ပေးရန်ဖုန်းခေါ်ပေလိမ့်မည်။

 

ပြီးနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့      ရှင်းမျန့်တကယ်မသိချေ။

 

"ထောင်ထောင်ရဲ့ MV အသစ်အတွက် မိန်းကလေးသရုပ်ဆောင်ကို ငါ့ အောက်ကအသစ်တစ်ယောက်ပေးမယ်၊ ဒါပေမယ့်ရှန်းချူးချူးလို့တော့ ငါသေချာ ပေါက်ကတိမပေးနိုင်ဘူး။ နောက်ဆုံးတစ်ခေါက်က  သူ ငါ့ အကြံပြုချက်တွေကိုငြင်းခဲ့တယ်လေ”

 

လီယွီထောင်၏အသံသည် သူ့သရုပ်ဆောင်မှုထက် ပိုအားကောင်းသောကြောင့် ဝမ်ရှန်ရှန်သည် သူ့ရဲ့ MV အသစ်အတွက် ပိုကောင်းတဲ့မင်းသမီးတစ်လက်ရှာချင်သည်။ ရှင်မျန့်၏ လက်အောက်ငယ် သားတစ်ဦးထံ ထိုနေရာကိုပေးလိုက်ပါက အားလုံးအချည်းနှီးဖြစ်သွားပေလိမ့်မည်။

 

 

"ငါ လိုချင်တဲ့ အခြေအနေကို သဘောမတူရင် အခု ထွက်သွားလို့ရတယ်။"

 

 

ရှင်းမျန့်သည် ဝမ်ရှန်းရှန်ကို စဉ်းစားရန်အချိန်မပေးခဲ့သဖြင့် သူမအားပိုစိုးရိမ်ခဲ့သည်။

 

 

မျှော်လင့်ထားသည့်အတိုင်းပင် ဝမ်ရှန်ရှန်သည် ရှင်းမျန့်၏သဘောထားကိုမြင်ပြီးနောက် "ကောင်းပြီ၊သဘောတူတယ်။ ဒါပေမယ့် ရှင့်ဘက်ကအတတ်နိုင်ဆုံး ရှန်းချူးချူးလာအောင်အကောင်းဆုံးကြိုး စားပါ။ မဟုတ်ရင် ဒီ MV ရဲ့မိန်းကလေးဇာတ် ကောင်က…”

 

 

"ငါ ပြောတာကို မင်း နားမလည်ဘူးထင်တယ်"

 

 

ဝမ်ရှန်ရှန်သည် ရှင်းမျန့်၏အမူအရာကိုရှုံ့မဲ့စွာကြည့်နေသော်လည်း စည်းကမ်းများကိုလက်ခံရုံမှအပ ဘာမှမတတ်နိုင်ပေ။ သူမကိုယ် သူမထိန်းကာ

 

 

“ကောင်းပြီ၊ ရှန်းချူးချူးတက်ရောက်သည်ဖြစ်စေ မတက်ရောက်သည်ဖြစ်စေ ထောင်ထောင်ရဲ့MV မှာ မိန်းကလေးဇာတ်ကောင်နေရာပေးမယ်။"

 

ရှင်းမျန့်သည် ထိုစကားကိုကြားသောအခါကျေနပ်စွာပြုံးလိုက်သည်။ အသေးစိတ်အချက်အလက်တွေကိုအပြီးသတ်ပြီးသည်နှင့် ရှင်းမျန့်က သူ့ဖုန်းကိုကောက်ကိုင်လိုက်ပြီး နံပါတ်တစ်ခုကိုနှိပ်လိုက်သည်။

 

တစ်ဖက်တွင်၊ ရှန်းချူးချူးသည် ဖောက်သည်တစ်ဦးအားကယ်တင်ခဲ့ပြီး အိမ်ထောင်ရေးကိုကြည့်ရှုစဉ်တွင် မျှော်လင့်ချက်အပြည့်ရှိခဲ့သည်။ သူထံ စုစုပေါင်းအတွေ့အကြုံရမှတ် 10 ရရှိခဲ့သည်။ ဖုန်းမြည်လာသောအခါတွင် အခွင့်အရေးတန်ဖိုးကို သူမ ကြည့်တော့မည်ဖြစ်သည်။

 

သူ့အား တစ်လတစ်ခါစစ်ဆေးဖို့ပင် စိတ်မ၀င်စားသည့်ဖုန်းခေါ်ဆိုသူအားကြည့်လိုက်ပြီး စိတ်ထဲမျှော် လင့်ချက်ရေးရေးခံစားလိုက်ရသည်။ ဒါ... နောက် ထပ်အခွင့်အလမ်းသစ်များလား ? နောက်ဆုံးတစ်ခေါက်ကဖြစ်ခဲ့သလိုမျိုး... သူ တစ်စုံတစ်ယောက်အားကူညီပြီးနောက် ရှင်းမျန့်ထံမှဖုန်းဝင်လာခဲ့သည်။

 

နောက်ဆုံးတွေ့ဆုံမှုမှသည် Han Group မှယွမ်ငါးသိန်းရရှိခဲ့ပြီး Follower ထောင်ပေါင်းများစွာရရှိခဲ့သည်။ နစ်နာမှုအတွေ့ကြုံရရှိခဲ့ပေမယ့် ရရှိလာသည့်အကျိုး‌ကျေးဇူးယှဉ်ကြည့်ပါကဆန့်ကျင် ဘက်အားဖြင့် လုံးဝထိုက်တန်သည်ပင်။

 

ရှန်းချူးချူး တခဏမျှတုံ့ဆိုင်းသွားပြီးနောက်  နောက်ဆုံးတွင်ပြန်ဖြေလိုက်သည်။

 

"ချူးချူး၊ မင်း အခွင့်အရေးတစ်ခု မစမ်းကြည့်ချင်ဘူးလား ? ထုတ်လုပ်သူတစ်ယောက်က သူ့ရုပ်ရှင်ထဲကဇာတ်ကောင်တစ်ခုကို မင်းနဲ့အရမ်းသင့်တော်တယ်လို့ထင်နေတယ်။”

 

ရှန်းချူးချူးနားထောင်ပြီးနောက် အနည်းငယ်သံသ ယဖြစ်မိသည်။ နောက်ဆုံးအကြိမ် အငြင်းအခုံဖြစ်ပြီးနောက် သူမနှင့် ရှင်းမျန့်ကြား ယခုအချိန်တွင် ဘာမျှမရှိဟုခံစားမိသောကြောင့် သူ့ အတွက်အခွင့် အရေးကောင်းများကို ဘယ်လိုမှချန်ထားမည်မဟုတ်ပေ။ ရှန်းချူးချူး သူ့စိတ်ထဲသံသယများနှင့် ဗြောင်ကျကျမေးလိုက်သည်။

 

"မျန့်ကော၊ ဘာလို့ ကျွန်မလဲ ??"

 

 

ရှင်းမျန့် ဝမ်ရှန်ရှန်ကို တစ်ချက်ကြည့်လိုက်ပြီး

 

 

"ထုတ်လုပ်သူက Han Group ကြော်ငြာကိုမြင်ပြီး မင်းပုံရိပ်ကမဆိုးတော့ မင်းနဲ့လိုက်ဖက်တယ်လို့ထင်ပြီးအကြံရသွားတာပဲ။ အဲ့ရုပ်ရှင်မှာ လီယွီထောင်ပါတော့ သူ့မန်နေဂျာကမင်းအကြောင်းစကားကောင်း နည်းနည်းပြောဖြစ်ခဲ့တယ်လေ”

 

ရှန်းချူးချူးသည် အကြောင်းပြချက်ကို နားထောင်ပြီးခဏကြာသည်အထိစကားမပြောလာချေ။ ထုတ် လုပ်သူ ကြော်ငြာမှာတွေ့တာကိုနည်းနည်းယုံသည်။ မကြာသေးမီက သူမသည် Weibo တွင် ကြော်ငြာ သို့မဟုတ် ရုပ်ရှင်ထုတ်လုပ်ရေးများမှမက်ဆေ့ချ်များစွာလက်ခံရရှိခဲ့သည်။ သို့သော်လည်း ၎င်းတို့ သည် သူ မကြားဖူးသောအဖွဲ့များ သို့မဟုတ် သူကိုယ်တိုင်လက်မခံဝံ့သော အလွန်သေးငယ်သည့် ကုမ္ပဏီငယ်လေးများသာဖြစ်သည်။

 

သို့သော် လီယွီထောင်ရဲ့မန်နေဂျာမှ သူမအားအကြံ ပြုခဲ့သည်ဟုဆိုရာ... ဒါကို အနည်းငယ်သံသယဝင်မိခဲ့သည်။ ထိုနေ့က သူမအား လုံးဝဂရုမစိုက်သည့် လီယွီထောင်မန်နေဂျာ၏သဘောထားကို ရှင်းရှင်း လင်းလင်းသတိရသွားသည်။ ဘယ်လိုလုပ် စိတ်ပြောင်းသွားတာလဲ ? သူတို့က ကုမ္ပဏီတစ်ခုတည်းကမို့လို့လား ??

 

 

ရှန်းချူးချူး စကားမပြောသည်ကို ရှင်းမျန့်မြင်ပြီး “ဒီနေ့ ည 7 နာရီ Yuehua Hotel ငါးထပ်မြှောက်က လီလီခန်းမမှာ ညစာစားပွဲရှိတယ်။ စိတ်ဝင်စားရင် သွားကြည့်လို့ရတယ်။ လီယွီထောင်နဲ့ သူ့မန်နေဂျာ လည်းရှိနေမှာ၊ မင်း စိတ်မဝင်စားရင်မသွားနဲ့ ငါက တော့ သိပ်စိတ်မ၀င်စားဘူး"

 

 

ရှင်းမျန့် ပြောပြီးသည်နှင့် ဖုန်းတန်းချလိုက်သည်။

 

ရှင်းမျန့်သည် စကားပြောရာတွင် အလွန်ကျွမ်းကျင်နေခဲ့သည်။ အမှန်တရားလား အလိမ်လား ထုတ် ဖော်နိုင်စွမ်းမရှိသည်အထိ အောင်အောင်မြင်မြင်  ပြောဆိုနိုင်သည့်အဆင့်တစ်ခုသို့ ရောက်ရှိနေခဲ့သည်။ ထို့ပြင်၊ သူသည် ရှန်းချူးချူး၏နောက်ဆုံးဆုံးဖြတ်ချက်အတွက် ဝမ်ရှန်ရှန်၏အကြံပြုချက်ဟု ထပ်လောင်းပြောဆိုခဲ့သေးသည်။ သို့ဖြစ်ရာ တစ်စုံ တစ်ခုဖြစ်ပျက်လာပါက သူနှင့်သက်ဆိုင်မည်မဟုတ်ချေ။

 

 

ဝမ်ရှန်ရှန်သည် ရှင်းမျန့်၏စကားကိုမကျေမနပ်ဖြစ်ကာ သူ့အားဒေါသတကြီးကြည့်ပြီး "မျန့်ကော ရှင်ဘယ်လိုပြောလိုက်တာလဲ ?  ရှန်းချူးချူး မသွားတော့ရင်ဘယ်လိုလုပ်မလဲ ? ‌ဖုန်းချခါနီးမှာအဲ့စကား တွေမပြောသင့်ဘူးလေ”

 

"ငါက မင်းထက် ရှန်းချူးချူးကိုပိုနားလည်တယ်" ပြီး‌နောက် တံခါးကိုညွှန်ပြပြီး “မင်း အခုထွက်သွားလို့ရပြီ၊ တံခါးပိတ်ပေးဖို့ မမေ့နဲ့ဦး ငါတို့ကြားကကတိကိုမမေ့နဲ့။"

 

ဝမ်ရှန်းရှန်၏အမူအရာသည် သူ့စကားကြားမှ အနည်းငယ်ပိုကောင်းမွန်လာသည်။ သူ့အား ကျေး ဇူးတင်စကားဆိုပြီးထွက်သွားခဲ့သည်။

 

ရှင်းမျန့် ပြောထားသလိုပင် ရှန်းချူးချူးအားသွားဖို့ ရာ ပြင်းပြင်းထန်ထန်အကြံပြုခဲ့မည်ဆိုလျှင် သူမ တစ်ခုခုသံသယဖြစ်မည်မှာသေချာသည်။ ထို့ ကြောင့် ရှင်းမျန့်၏ဂရုမစိုက်သောသဘောထား သည် ၎င်းအတွက် စစ်မှန်မှုအချို့ရှိနိုင်သည်ဟု သူမအားခံစားရစေခဲ့သည်။

 

ထို့ပြင် ကုမ္ပဏီမှအခြားလူများရှိပါက အရမ်းဆိုး မည်မဟုတ်ပေ။

 

သူ သွားကြည့်သင့်လား ? သူ နားမလည်နိုင်ဟုခံစားနေရသော်လည်း အခြား ရှုထောင့်တစ်ခုရှိနေသေးသည်၊ စနစ်မှဆုသည် လိမ်ညာခြင်းမဟုတ်ချေ။

 

ထို့ပြင် သူမထံ ယနေ့ညမည်သည့်အစီအစဉ်မှမရှိပေ။ သို့ဖြစ်ရာ အဆင်မပြေပါက ထထွက်လာရုံသာ၊ သို့သော် သူ မတက်ပါက လီယွီထောင်အား စော်ကားသလိုဖြစ်ကာ ကုမ္ပဏီရှိသူမ၏နေရာမှာပိုခက်ခဲလာမည်ဖြစ်သည်။

 

 

ဤအတွေးဖြင့် ရှန်းချူးချူးသည် အမှန်တရားကို ရှာဖွေရန် ယနေ့ညခုနစ်နာရီတွင် သွားရန်ဆုံးဖြတ်လိုက်သည်။ တကယ်ဟုတ်ပါက သူမ ရုပ်ရှင်လော ကထဲဝင်ရောက်နိုင်မည်ဖြစ်သည်။ သူမ၏ သရုပ် ဆောင်မှုစွမ်းရည်မှာ သုံးဆယ်ခန့်သာရှိသော်လည်း အရင်နဲ့ယှဉ်ပါက ပိုကောင်းသည်ဟုဆိုရပေမည်။

 

***

 

ရှန်းချူးချူးသည် ညနေ ၆ နာရီထိုးပြီးနောက်တွင်  သင့်လျော်သောအဝတ်စားလဲပြုပြီး‌နောက် ထွက်ခွာသွားခဲ့သည်။ Yuehua Hotel သို့ ရောက်သည့်အ ချိန်ထိဆယ်မိနစ်သာရှိသေးသည်။

 

 

ရှန်းချူးချူးသည် လီလီခန်းမအဝင်ပေါက်ဆီသို့ လျှောက်သွားကာ တံခါးခေါက်လိုက်ပြီးနောက် ဝင်လိုက်သည်။

 

 

ရှန်းချူးချူးကိုမြင်သောအခါ ဝမ်ရှန်ရှန်အလွန်စိတ် သက်သာရာရသွားသည်။

 

ရှန်းချူးချူးသည် အကျွမ်းတဝင်ရှိသော လူနှစ်ယောက်အားကြည့်ရှုလိုက်ပြီးနောက် သူတို့အနားရှိ လူစိမ်းများကြည့်ကာ အနည်းငယ်ပိုသက်တောင့်သက်သာရှိလာသည်။ သူမကိုပြုံးပြနေသောကြောင့် လီယွီထောင်အား အနည်းငယ်ကြာအောင်ကြည့်လိုက်သည်။ ရလဒ်အနေနဲ့ သူ့ဦးခေါင်းထက်က အသဲပုံမှာပြောင်းလဲသွားသည်ကို သတိထားမိလိုက်သည်။ သူ စူးစမ်းချင်စိတ်ဖြင့် ဆက်ကြည့်ချင်သော် လည်း ထိုအခိုက်အတန့်တွင် ဝမ်ရှန်ရှန်က

 

"ဝမ်ကော ဒါက ကျွန်မတို့ကုမ္ပဏီက ရှန်းချူးချူး"

 

ဝမ်ကော ပြုံးပြီးပြောလာတယ်။ "ကောင်းပြီ၊ သူ့ပုံကြည့်ရတာမဆိုးပါဘူး၊ မင်းတို့ကုမ္ပဏီက အသစ် တွေအကုန်အလုံးအရမ်းအဆင်ပြေကြပါတယ်။ အစေခံမိန်းကလေးနေရာမှာ သရုပ်ဆောင်ဖို့ဆိုနှမြောစရာပဲ။ သရုပ်ဆောင်တာကောင်းလား ? ကောင်းရင်တော့ ဇာတ်ဝင်ခန်းတွေထပ်ထည့်လို့ရမှာ သေချာတယ်။”

 

ဝမ်ရှန်ရှန်က ရှန်းချူးချူးအားတစ်ချက်ကြည့်လိုက်ပြီး "ချူးချူး၊ မင်း ဝမ်ကောနဲ့တစ်ခွက်လောက်သောက်သင့်တယ်" ဟု ပြောလာခဲ့သည်။

 

ရှန်းချူးချူးအရက်မသောက်သော်လည်း ရှင်းမျန့် နှင့်တက်ရောက်ခဲ့သည့် ပါတီအနည်းငယ်မှ အချို့သောအချိုရည်များအား သောက်ပေးရမည်ကို သူမသိထားသည်။ သူ အမြန်ထရပ်ပြီး ဝမ်ကောနှင့် ခွက်ချင်းတေ့ကာသောက်လိုက်သည်။

 

စကားစမြည်ပြောဆိုနေကြသော်လည်း ရုတ်တရက် အပြင်မှအခြားလူတစ်ယောက်ဝင်လာခဲ့သည်။

 

ဝမ်ရှန်းရှန် စိတ်အားထက်သန်စွာ သွားနှုတ်ဆက်  နေသည်ကိုကြည့်လိုက်ပြီ ရှန်းချူးချူးမျက်လုံးများကိုကျဉ်းမြောင်းလိုက်ကာ ရုတ်တရက်ဆိုသလို ယနေ့ညသည် သူမ စိတ်ကူးထားသလောက် မရိုးရှင်းနိုင်ဟုခံစားလိုက်ရသည်။